Background History Of South Africa

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Background History Of South Africa as PDF for free.

More details

  • Words: 2,145
  • Pages: 18
“တောင်အာဖရိကနောက်ခံသမိုင်းကြောင်း” Background History of South Africa တောင်အာဖရိကကိုလိုနီအစပိုင်းနှင့်

ဒတ်ရှ်အရှေ့အန္ဒိယကုမ္ပဏီ (၁၆၅၂ ခုနှစ်မှ ၁၇၉၅ ခုနှစ်) အင်္ဂလိပ်ကိုလိုနီ (၁၇၉၅ ခုနှစ်မှ ၁၉၆၁ ခုနှစ်) (အေအင်စီအကြောင်းကိုမသွားခင် တောင်အာဖရိကရဲ့နောက်ခံသမိုင်းကြောင်းကို အ

နည်းငယ်သိထားရန်လိုအပ်လှပါသည်။ သို့မှသာလျှင် အသားအရောင်ခွဲခြားဆက်ဆံသော မူ ၀ါဒပေါ်လာရပုံဇစ်မြစ်ကိုခြေရာခံ၍ရပါလိမ့်မည်)

တောင်အာဖရိကကို ပထမဦးစွာရောက်ခဲ့သောဥရောပတိုက်သားလူဖြူများမှာ Dutch

East India Company ဒတ်ရှ်အရှေ့အိန္ဒိယကုမဏီမှ ဂွတ်ဟုတ်အငူ Cape of Good Hope ကိုစတင်တွေ့ရှိပြီး၊ အခြေချနေထိုင်ကြရာမှ အစပြုခဲ့သည်။ စတင်အခြေချနေထိုင်သူအများစု

မှာ ယနေ့ နယ်သာလင်နိုင်ငံသား ဒတ်ရှ်လူမျိုးအများစုဖြစ်ကြပြီး၊ ဂျာမန်လူမျိုးနှင့်ပြင်သစ်လူမျိုး ဘာသာရေးဒုက္ခသည်များအပြင်

အနာက်ဂျာမန်စကားကိုသုံးနှုန်းပြောဆိုကြသော

Frisian

Islands ကျွန်းမှာနေထိုင်ကြသည့် Frisians လူမျိုးများဖြစ်ကြသည်၊ တောင်အာဖရိကကို (၁၆ ၅၂ ခုနှစ်မှ ၁၇၉၅ ခုနှစ်)အထိ ဒတ်ရှ်အရှေ့အိန္ဒိယကုမ္ပဏီမှ ကိုလိုနီပြုခဲ့ပြီး၊ ၁၇၉၅ ခုနှစ်တွင်

အင်္ဂလိပ်တို့မှ အသာတကြည်သိမ်းပိုက်နိုင်၍၊ ကိုလိုနီဆက်လက်ပြုခဲ့သည်။ အင်္ဂလိပ်တို့၏ကို လိုနီလက်ထက်တွင် Scandinavians, Portuguese, Greeks, Italian, Spanish, Polish,

Scots, English, Irish အစရှိသော လူမျိုးအချို့ ပါထပ်မံဝင်ရောက်လာကြသည်။ ၁၈၀၇ ခုနှစ် အင်္ဂလိပ်တို့၏ ကိုလိုနီအုပ်ချုပ်ရေးအရာရှိ Stellenbosch လက်ထက်တွင် ၎င်းတို့အား တောင်

အာဖရိကဒေသမှ ဖယ်ရှားပေးရန်တောင်းဆိုရာတွင် Hendrik Biebouw ဆိုသူမှာ မိမိတို့ သည်အာဖရိက မှာမွေးဖွါးကြီးပြင်းလာသူ Afrikaner တစ်ယောက်ဖြစ်သည့်အတွက် ဤဒေသ မှမဖယ်ရှားပေးနိုင်ကြောင်းကို ခုခံပြောဆိုရာမှာ တောင်အာဖရိကမွေးဖွားကြီးပြင်းလာကြသည့်

ဥရောပနွယ်ဘွားများသည် ၎င်းတို့ကို Afrikaner အဖြစ်ဖေါ်ဝေါ် သုံးစွဲလာခဲ့ကြသည်။ ဒါပေမဲ့ Afrikaans-speakers of frontier Boer အာဖရိကန်စကားကိုပြောဆိုကြပြီး ဘိုးရားဒေသမှာ နေထိုင်ကြတဲ့ ဥရောပနွယ်ဘွားတွေကတော့ သူတို့ကိုသူတို့ Boere ဘိုးရား (ဒတ်ရှ်လို လယ် သမားလို့ အဓိပါယ်ရသည်) ဟုခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ အသားအရောင်ခွဲခြားရေး ဆန့်

ကျင်သူ anti-apartheid activists တွေက တောင်အာဖရိကလူဖြူရဲအဖွဲ့ဝင်တွေကို Boere တွေအဖြစ်ရည်ညွန်းခဲ့ကြပြီး၊ ကြွေးကျော်သံ Slogan ကိုပင် "Kill the Boer, kill the farmer." ဟူ၍ ကြွေးကျော်ခဲ့ကြသည်။

Various Afrikaner migrations Afrikaner များရွှေ့ပြောင်းကြခြင်း။ အင်္ဂလိပ်ကိုလိုနီများကြီးစိုးလာသောအခါ Afrikaner များက အင်္ဂလိပ်ရန်မှကင်းလွတ်

ရာဆိုသလို တောင်တန်းနှင့်ဝေးလံခက်ခဲသည့် နယ်စပ်ဒေသဘက်သို့ ပြောင်းရွှေ့လာခဲ့ကြ

သည်။ Great Trek လို့လူသိများခဲ့သော ရေကြည်ရာမျက်နုရာ ရွှေ့ပြောင်းအခြေချမှုကနေ ၎င်း တို့အား Trek ဟုခေါ်ဝေါ်လာကြရာမှ အာဖရိကလူမျိုးနွယ်စု

Trekboers ကိုပေါ်ပေါက်လာ

စေခဲ့သည်။ ထိုသူရွှေ့ပြောင်းခဲ့ကြရာတွင် အုပ်စုကြီး နှစ်အုပ်စုအဖြစ်ကွဲသွားကြကာ တစ်စုကို

Trekboers လို့ခေါ်ဆိုကြပြီး၊ အခြားတစ်စုကိုတော့ Cape Dutch တွေလို့ အင်္ဂလိပ်ကိုလိုနီ များက ခေါ်ခဲ့ကြသည်။ ရွှေ့ပြောင်းခဲ့ရာလမ်းတစ်လျှောက်လုံးတွင် ဒေသခံအာဖရိကလူမျိုးစု

နွယ်များ၊ အင်းဒီးယန်းများနှင့် တွေ့ဆုံတိုက်ခိုက်ခဲ့ရပြီး၊ နောက်ဆုံးသူတို့ Natal ဒေသတွင် အခြေစိုက်နေထိုင်မည်ဟုဆုံးဖြတ်ရပ်တန့်ခဲ့ကြသည်။ ထိုဒေသသည်(ဇူးလူး)တို့၏ခေါင်းဆောင် Dingane ၏ အုပ်စိုးရာဒေသဖြစ်သဖြင့် ဇူးလူးများနဲ့တွေ့ဆုံတိုက်ပွဲများ အကြီးအကျယ်ဖြစ်ခဲ့

တော့သည်၊ ၁၈၃၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆)ရက်နေ့မှာ Dingane ဦးဆောင်တဲ့ ဇူးလူးများက

တဲထိုးနေထိုင်နေကြသည့် Trekboers များကို ၀င်ရောက်တိုက်ခိုက်ပြီး၊ မိန်းမနှင့်ကလေးများ မကျန်သတ်ဖြတ်ခဲ့ကြသည်အတွက် ၄င်းတို့ကိုတုန့်ပြန်နိုင်ရန်အတွက် Afrikaner တိုက်ခိုက် ရေးတပ်များကိုစတင်ဖွဲ့စည်းကာ လက်နက်ကိရိယာများကိုဖြည့်ဆည်းခဲ့ကြသည်။ ၁၈၃၈ ခုနှစ်၊

ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် (၅၀၀)ခန့်ရှိသော Afrikaner တပ်နှင့်(၁၀၀၀၀)ခန့်အင်အားရှိ

သော ဇူးလူးတို့ Ncome River အနီးတွင်ဖြစ်ပွါးခဲ့သောတိုက်ပွဲတွင် ဇူးလူးတို့(၃၀၀၀)နီးပါးမျှ ကျဆုံးကာ အကြီးအကျယ်ရူံးနိမ့်ခဲ့ရာမှစပြီး၊ ၄င်းတို့၏ရွှေ့ပြောင်းအခြေချမှုက ပိုမို၍အခြေခိုင်

လာခဲ့သည်၊ဇူးလူးများကိုအောင်နိုင်ခဲ့ပြီးနောက် ဇူးလူးခေါင်းဆောင်များနှင့် စီးပွါးရေးစာချုပ်များ ကို ချုပ်ဆိုနိုင်ခဲ့သည့်အပြင် Orange Free State, South African Republic(Transvaal) နှင့် Natalia Republic နက်တယ်လီးယားအုပ်ချုပ်ရေးဒေသကိုပါ ထူထောင်နိုင်ခဲ့ကြသည်။ ကိုလိုနီများနယ်မြေချဲ့ထွင်လာခြင်းနှင့်ဘိုးဝါးစစ်ပွဲ၊ (၁၈၈၀-၁၈၈၁)----(၁၈၉၉-၁၉၀၂) အစပထမပိုင်းတွင် အင်္ဂလိပ်ကိုလိုနီများက Afrikaner များ၏ရွှေ့ပြောင်းမှုကို တားဆီး ပိတ်ပင်မှုများလုံးဝမလုပ်ဘဲ နေခဲ့သည်။ Cape ခရိုင်အတွင်း Afrikaner များနည်းသွားသည့်

အခါ် ၄င်းတို့၏အုပ်ချုပ်ရေးကို အနှောက်အယှက်ကင်းကင်းနဲ့ လုပ်နိုင်သည့်အတွက်ဖြစ်သည်။ ကိုလိုနီများက ၎င်းတို့၏အုပ်ချုပ်ရေးနယ်မြေကို တစ်ဖြေးဖြေး ချဲ့ထွင်လာရင်းမှ Natal အုပ်ချုပ်

ရေးဒေသနဲ့ကပ်လျှက်ရှိနေသော Transvaal ဒေသသို့ပင်ရောက်ရှိလာခဲ့သည်။ Transvaal ခ

ရိုင်နယ်စပ်ဒေသနဲ့ကပ်လျှက်ရှိနေသော Kimberley အနီးရှိမိုင်းတွင်းများမှာ စိန်ရွှေများထွက်ရှိ

လာသည်ကိုသိလာရသောအခါ အာဖရိကန်နာ တို့၏ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသကိုပါ မျက်စေ့ ကျလာပြီး ၄င်းတို့၏ ကိုလိုနီအုပ်ချုပ်ရေးအောက်သို့ သွတ်သွင်းရန် စတင်ကြိုးစားလာတော့ သည်။ အာဖရိကန်နာတို့သည် တစ်ဖက်တွင် တစ်ဖြေးဖြေး အင်အားပြန်လည်ကြီးမားလာသည့်

ဇူးလူးတို့၏ရန်ကိုကြောက်နေရသလို၊ အခြားတစ်ဖက်တွင်လည်း ကိုလိုနီတို့၏ရန်ကိုပါ ရှောင် ရှားရန်ကြိုးစားနေရသည်။

အင်္ဂလိပ်ကိုလိုနီများသည် အာဖရိကတွင် အုပ်ချုပ်ရေးအသီးသီးစိုက်ထူနေကြသော အခြား

သောကိုလိုနီများနဲ့ အပြိုင်အဆိုင် နယ်မြေချဲ့ထွင်မှုများလုပ်နေကြသည်။ ပေါ်တူကီကိုလိုနီများ က အာဖရိကနောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသ၊ ဂျာမန်ကိုလိုနီများက ယနေ့ Namibia ခေါ်သည့်

ဒေသ၊ ပြင်သစ်တို့က အနောက်အာဖရိကဒေသရှိ West and Equatorial Africa, and Madagascar ဒေသ၊ ဘယ်လဂျီယံတို့က ယနေ့ကွန်ဂိုနိုင်ငံတို့တွင် အသီးသီးအုပ်ချုပ်နေကြ သည်။ ထို့ကြောင့် အင်္ဂလိပ်ကိုလိုနီများက ရွှေနှင့်စိန်ထွက်ရှိရာဒေသများကို အမြန်ဆုံးအုပ်ချုပ်

ရေးချရန်ကြိုး စားလာရာမှာ Afrikaner တို့နှင့်ထိပ်တိုက်တွေ့လာရပြီး Boer War စစ်ပွဲနှစ် ကြိမ်ဖြစ်ခဲ့ရသည်။

(Boer guerrillas during the Second Boer War.) ပထမဘိုးဝါးစစ်ပွဲသည် ၁၈၈၀ ခု၊ ဒီဇင်ဘာ(၁၆)ရက်မှ ၁၈၈၁ ခု မတ်လ(၂၃)ရက်နေ့ အထိဖြစ်ခဲ့ရပြီး၊ Afrikaner တို့ကအသာစီးရခဲ့သည့်အတွက် အင်္ဂံလိပ်ကိုလိုနီများက စစ်ပြေ

ငြိမ်းရေးစာချုပ်ချုပ်ကာ Transvaal ဒေသကို ဗြိတိသျှအင်ပါယာ၏ အစောင့်အရှောက်ခံ ကိုယ် ပိုင်အုပ်ချုပ်ရေးဒေသအဖြင့်သတ်မှတ်ပေးခဲ့သည်။ သို့သော် ၁၈၈၆ ခုနှစ်တွင် ရွှေအများအပြား

ထွက်ရှိသည့်နေရာတစ်ခုကို ထပ်မံတွေ့ရှိလာရသောအခါ ကိုလိုနီတို့အတွက် ထိုဒေသကိုရယူ ဘို့တဖန်စဉ်းစားလာကြပြန်ရာမှ ဒုတိယအကြိမ်ဘိုးဝါးစစ်ပွဲ ဖြစ်လာရန်အစပြုလာခဲ့ပြန်သည်။

ဒုတိယဘိုးဝါးစစ်ပွဲသည် ၁၈၉၉ ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့မှ ၁၉၀၂ ခုနှစ် မတ်လ

(၃၁)ရက်ထိ သုံးနှစ်နီးပါးဖြစ်ခဲ့သည်။အစပထမပိုင်းတွင် ကိုလိုနီများကအရေးနိမ့်နေခဲ့ပြီး၊ အင်

အားများထပ်မံတိုးချဲ့ပြီး တိုက်ခိုက်ခဲ့ရာမှ ၁၉၉၀ ခုနှစ်လောက်တွင် Transvaal ဒေသကိုပြန် လည်ထိမ်းချုပ်နိုင်ခဲ့သည်။ ဘိုးဝါး(သို့)အာဖရိကန်နာတို့က ပျောက်ကြားတိုက်ပွဲများဖြင့် ဆက်

လက်တိုက်ခိုက်ဒုက္ခပေးနေဆဲဖြင့်၍ ကိုလိုနီတို့က scorched earth policy မြေလှန်စနစ် ကိုကျင့်သုံးပြီး၊ ဘိုးဝါးတို့၏လယ်ယာမြေတို့ကိုဖျက်ဆီးပြစ်လိုက်ကာ အရပ်သားများကိုစုစည်း၍

concentration camps ထဲသို့သွင်းကာ ဘိုးဝါးတို့ကို လုံးဝအညံ့ခံရန်လုပ်လာရာမှ ဘိုးဝါး အရပ်သားထောင် ပေါင်းများစွာ(၁၅ ရာခိုင်နှုန်းမျှသော ဘိုးဝါးလူဦးရေ) ရောဂါဘယမျိုးစုံဖြင့် သေကျေခဲ့ကြရသည်။ ၁၉၀၂ ခုနှစ်တွင် စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ဘိုးဝါးတို့အား

ကန့်သတ်ထားသော အုပ်ချုပ်ရေးကိုပေးထားရန်အတွက် ရည်ရွယ်ထားရာမှ Union of South Africa ကို စတင်တည်ထောင်ခဲ့ကြရန်ုဖြစ်လာခဲ့သည်။

(Boers at concentration camps) Union of South Africa - တောင်အာဖရိကယူနီယံပေါ်ပေါက်လာခြင်း၊(၁၉၁၀) အင်္ဂလိပ်ကိုလိုနီများက ၄င်းတို့ထိန်းချုပ်အုပ်စိုးရာ Cape, Natal, Transvaal and the

Orange Free State ဒေသလေးခုကိုအခြေခံပြီး၊ ဗြိတိသျှအင်ပါယာအောက်သို့ တောင် အာဖရိကကို dominion အတွင်းသို့ သွတ်သွင်းပြီး အုပ်ချုပ်ရေးကိုသစ်ကိုအစပြုခဲ့ရာမှ ၁၉၁၀

ခုနှစ် မေလ(၃၁)ရက်နေ့တွင် Union of South Africa ကို စတင်ဖြစ်ပေါ်လာခဲ့သည်။ အင်္ဂလိပ်ကိုလိုနီနယ်မြေများဖြစ်ကြသည့် ကနေဒါနိုင်ငံနှင့်သြစတေးလျနိုင်ငံတို့မှာကဲ့သို့ ဖယ်ဒ ရယ်ကိုအခြေခံသော အုပ်ချုပ်ရေးမျိုးမဟုတ်ဘဲ Unitary States ကိုအခြေခံသောအုပ်ချုပ်ရေး မျိုးဖြစ်ပြီး၊ ပါလီမန်နှစ်ရပ်ကိုထားရှိသည်။ ထို့အပြင် ကနေဒါနိုင်ငံနှင့်သြစတေးလျနိုင်ငံမှာကဲ့သို့

ဘုရင်၊ဘုရင်မများမထားရှိဘဲ အင်္ဂလန်ပြည့်ရှင်ဘုရင်မှနေပြီး Governor-General အဖြစ်ထား ရှိ၍ ၀န်ကြီးချုပ်တစ်ဦးကိုခန့်ထားကာ အုပ်ချုပ်စေသောစနစ်ဖြစ်သည်။ အာဖရိကန်တို့၏ ဗိုလ်

ချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သူ Boer-General Louis Botha ဆိုသူက ပထမဦးဆုံးသော ၀န်ကြီး ချုပ်ဖြစ်လာခဲ့ပြီး၊ တောင်အာဖရိကရှိ Afrikaans များနှင့် အင်္ဂလိပ်လူမျိုး၊ လာရောက်ခြေချ

နေထိုင်သူများကိုပါ ကိုယ်စားပြုအုပ်ချုပ်ခွင့်ရခဲ့သည်။ Dutch ဒတ်ရှ်နှင့်အင်္ဂလိပ်စကားကို တ ရားဝင်ရုံးသုံးစကားဖြစ်ခဲ့ပြီး ၁၉၂၆ ခုနှစ်သို့ရောက်သောအခါအင်္ဂလိပ်စကား Afrikaans စကား ဖြင့်အစားထိုးခဲ့သည့်အတွက် ဒတ်ရှ်နှင့် Afrikaans စကားသည် ရုံးသုံးဖြစ်လာခဲ့သည်။ ၁၉၁၄

ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွါးလာသောအခါ တောင်အာဖရိကယူနီယံမှ ဂျာမန်တို့၏ ကိုလိုနီ ဒေသဖြစ်သည့် South-West Africa ယနေ့တွင် Namibia နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ခဲ့ ကြပြီး ယူနီယံရဲ့ပဉ္စမမြောက်အုပ်ချုပ်ရေးဒေသဖြစ်လာခဲ့သည်။

Boer-General Louis Botha - First Prime Minister, Union of South Africa (ဘိုဝါးဗိုလ်ချုပ်ကြီး လူးဝစ်ဘိုသာ-ပထမဦးဆုံးသော တောင်အာဖရိကယူနီယံဝန်ကြီးချုပ်) အေအင်စီအစ ပစ်စလေဆာမီးက

အနှိမ်ခံဘ၀နဲ့မျိုးချစ်စိတ်ရှင်သန်လာခြင်း။ ပစ်စလေဆာမီးဟာ ၁၉၁၀ ခုနှစ်တွင် ပညာသင်ကြားပြီးဆုံးသဖြင့် တောင်အာဖရိက ကိုပြန်လာပြီး Johannesburg တွင် အချေချနေထိုင်သည်။ တောင်အာဖရိကလူမဲများရဲ့ နေ

ထိုင်လုပ်ကိုင်စားသောက်နေထိုင်ရမှုအဆင့်များက သူ့ကိုလွန်စွာတုန်လှုပ်စေခဲ့ပါသည်။ အထူး သဖြင့် မြောက်ပိုင်းဒေသမှာဖြစ်ပျက်နေသော အခြေအနေများက သူ့စိတ်ကိုလွန်စွာမှထိခိုက်

စေခဲ့ပြီး၊ သူ့ကိုနိုင်ငံရေးလောကထဲအမြန်ဆုံးဝင်ရောက်ရန် တွန်းအားပေးခဲ့ပါသည်။ တရားရုံး တော်တွင်လည်း သူရဲ့ချေပပြေဆိုချက်များကို တရားသူကြီးများမှ အရေးတယူစဉ်းစားခြင်းမရှိ

ဘဲ အမြဲတန်းလိုလိုပယ်ချခံနေရသည်။ လမ်းမပေါ်တွင်လည်း ရဲများ၏မကြာခဏစစ်ဆေးမေး မြန်းခြင်းကိုခံရလေ့ရှိပြီး တစ်ခါတစ်ရံ ပလက်ဖေါင်းပေါ်မှပင်လျှောက်ခွင့်မရဘဲ လမ်းမပေါ်တွင်

ကားများကိုရှောင်ကာတိမ်းကာဖြင့် လမ်းလျှောက်သွားခဲ့ရသည်။ ရထားစီးလျှင်လည်း ဘယ်

သောအခါမျှ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းများမှတောင် စီးနင်းလိုက်ပါခွင့်မရရှိခဲ့ဘဲ ကြက်၊၀က်တိရိစာန်များကိုသယ်ဆောင်သော ထရပ်ကားကဲ့သို့သော မော်တော်ယာဉ်ဖြင့်သာ ခရီးသွားလာရသည့်အထိ အဖိနှိပ်ခံခဲ့ရသည်။

ထိုကဲ့သို့နိုင်ငံရပ်ခြားတွင်ပညာသင်ကြားပြီးပြန်လာသော ရှေ့နေများအထဲမှ ဇူးလူးမျိုးဖြစ်သည့်

ပစ်စလေဆာမီး၏ ရင်ထဲမှာ တရားမမျှတမှုများနဲ့ အရှက်တစ်ကွဲအကျိုးနည်းဖြစ်အောင် ဖိနှိပ် ခံနေရခြင်းများကိုခံစားနားလည်သိရှိပြီး အာဖရိလူမဲမျိုးနွယ်စုများ ပန်လည်ညီညွတ်အောင်လုပ်

မှရမည်ဟူသော သဓိဌာန်ကပိုမိုပြီးခိုင်မြဲလာခဲ့သည်။ သူ၏ ပေါ်ပေါက်လာသောမျိုးချစ်စိတ်နဲ့ အတူ အာဖရိကနွယ်ဖွားအားလုံး တစ်လုံးတစ်စည်းတည်းညီညွတ်မှသာ အောင်ပွဲခံနိုင်မည်ကို လည်း ကောင်းမွန်စွာသဘောပေါက်ခဲ့သည်။

မျိုးနွယ်စုများညီညွတ်ရေးကို စတင်အကောင်အထည်ဖေါ်။ ပညာသင်နေစဉ်ကာလက ပစ်စလေဆာမီးစိတ်ကူးထဲတွင် သူ့မျိုးနွယ်ဇူးလူးလူမျိုးလွတ် မြောက်ရေးနှင့်ဇူးလူးနိုင်ငံ ပြန်လည်ပေါ်ပေါက်လာရေးမျှသာရှိခဲ့သော်လည်း၊ တစ်ကယ်တန်း

တောင်အာဖရိရှိ မိမိတို့နဲ့မျိုးနွယ်စုဆင်တူသူ အားလုံးအဖိနှိပ်ခံနေရသည်ကို မျက်မြင်တွေ့ကြုံ လိုက်ရသောအခါ

သူ၏မူလရည်မှန်းချက်ထက်ပိုသော

နိုင်ငံရေးအသိတရားများကိုရရှိကာ

အခြားမျိုးစုအားလုံး မိမိတို့ဇူးလူးလူမျိုးများနဲ့လက်တွဲပြီးတိုက်ပွဲဝင်ကာ အင်အားရှိသော အာဖ ရိကနိုင်ငံတော်ထူထောင်ရေးကို

ဦးတည်ချက်ပြောင်းလဲခဲ့ပါသည်။

သူ၏လုပ်ဖေါ်ကိုင်ဘက်

ရှေ့နေများနဲ့ တိုင်ပင်သော်အခါတွင်လည်း၊ အားလုံးကပင် လိုလိုလားလားနဲ့ထောက်ခံအား ပေးခဲ့ကြသဖြင့် ပစ်စလေဆာမီးက ဒေသတွင်းရှိ မျိုးနွယ်စုခေါင်းဆောင်များနှင့် လူသိထင်ရှား

သောသူများကို ဖိတ်ခေါ်ပြီး ၁၉၁၂ ခုနှစ်၊ ဇန်နာဝါရီ(၈) ရက်နေ့တွင် Bloemfontein မြို့မှာ ညီ လာခံခေါ်ယူပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ၄င်းညီလာခံကြီးသို့ တဦးနဲ့တဦး မတွေ့ဘူး၊ မမြင်ဘူးကြသည့်

မျိုးနွယ်စုခေါင်းဆောင်များ

တက်ရောက်လာကြသလို

တစ်ဦးနဲ့တစ်ဦး

လုံးဝမသိကြသေးကြသော ပညာတတ် အာဖရိကခေါင်းဆောင်များလည်း စုံစုံညီညီနဲ့တက်

ရောက်လာကြပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရလဒ်အားဖြင့် နောက်တစ်ချိန်တွင် African National Congress ဖြစ်လာမည့် South African Natives National Congress (SANNC) ကို အာဖရိကို ကိုလိုနီပြုရန်ရောက်လာခဲ့သောလူဖြူများက Union Of Africa ကို ၁၉၁၀ ခုနှစ်တွင်တည်ထောင်ခဲ့အပြီး၊ နှစ်နှစ် ကြာပြီးမှ စတင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကယူနီယံတွင် ဖိနှိပ်မှုအစ။

Afrikaans

များ

နိုင်ငံရေးတန်ခိုးကြီးထွားလာခြင်းနှင့်အတူ

တောင်အာဖရိကယူနီယံကို တည်ထောင်ပြီးနောက် အင်္ဂလိပ်ကိုလိုနီတို့က အာဖရိကန် တို့ကို home-rule ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ပေးထားခဲ့သည်။ ထိုစဉ်အခါက အနီးအနားဒေသ များဖြစ်ကြသော

Lesotho,

Botswana,

Swaziland,

Zambia,

Zimbabwe

ဒေသ

နိုင်ငံတွေမှာ အင်္ဂလိပ်ကိုလိုနီတို့က တိုက်ရိုက်အုပ်ချုပ်လျှက်ရှိသည်။၁၉၁၃ခုနှစ်မှာ တောင်အာ ဖရိကယူနီယံ၏ပါလီမန်မှနေ၍ Natives' Land Act ကိုအတည်ပြုခဲ့ပြီး ဌာနေတိုင်းရင်းသား

များကို ခွဲခြားကာဖိနှိပ်အုပ်ချုပ်လာသည်မှစတင်၍ အသားအရောင်ခွဲခြားဆက်ဆံရေးကို စတင် လုပ်ဆောင်လာခဲ့သည်။

၁၉၂၃ ခုနှစ်တွင် Pass Laws ကိုပါလီမန်မှာအတည်ပြုခဲ့သဖြင့် လူမဲတိုင်းရင်းသားများမှာ ၎င်း တို့ကိုသတ်မှတ်ပေးထားသည့် ဒေသတွင်သာနေပြီး အခြားမည့်သည့်ဒေသသို့သွားသွား သွား လေရာတွင် Passbook ကို ကိုင်ကာသွားရသည့် ခွဲခြားဆက်ဆံရေးဖြစ်သည်။ အသားအရောင်ခွဲခြားရေးကိုအစပေါ်စေခဲ့သည် National Party ပေါ်ပေါက်လာခြင်း၊(၁၉၁၄) National Party အာဖရိကန်ဘာသာစကားဖြင့် Nasionale Party ကို ၁၉၁၄ ခုနှစ်တွင်

Bloemfontein မြို့မှာ Afrikaner nationalists များကစတင်ဖွဲ့စည်းခဲ့ကြသည်။ bicameral

parliament ပါလီမန်နှစ်ရပ်ကိုအခြေခံသောအုပ်ချုပ်ရေးအရ ၁၉၂၄ ခုနှစ်တွင် ပထမဦးစွာ အာဏာကိုရရှိခဲ့ပြီး၊ J.B.M. Hertzog ဆိုသူက ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၁၉၃၀ ခု၊ Hertzog အစိုးရလက်ထက်မှာ

လူဖြူအမျိုးသမီးများကိုသာမဲပေးခွင့်ပေးခဲ့ပြီး

လူမဲနှင့်အခြားသောအ

သွေးအရောင်ရှိသောသူများ၏မဲပေးခွင့်ကို ဥပဒေပြုကာထိန်းချုပ်ခဲ့သည်။ ထိုလုပ်ရပ်ကို ပါလီ မန်အစိုးရမှနေပြီး

ဥပဒေပြုအာဏာကိုအသုံးချလျှက်

အသားအရောင်ခွဲခြားအုပ်ချုပ်ရေးကို

အစပြုခဲ့သည်။ ၁၉၃၄ ခုနှစ်မှာ ပါတီတစ်ခုဖြစ်တဲ့ South African Party ပေါင်းစည်း၍ Herenigde Nasionale Party (Reunited National Party) ဖြစ်လာကာ ၁၉၄၈ ခုနှစ်တွင် အပြိုင်အဆိုင်ဖြစ်သည့် United Party အနိုင်ရရှိပြီး၊ ၁၉၉၄ ခုနှစ်အထိ အာဏာကိုဆုတ်ကိုင်

သွားခဲ့ပြီး အသားအရောင်ခွဲခြားအုပ်ချုပ်ရေးစနစ် Apartheid ကိုတောက်လျှောက်ကျင့်သုံး သွားသော

Afrikaans

များကြီးစိုးသည့်အစိုးရဖြစ်သည်။

၁၉၆၀

ခုနှစ်

အောက်တိုဘာလ(၅)ရက်နေ့တွင် ကျင်းပခဲ့သော လူထုဆန္ခခံယူပွဲ အရ Union of South Africa ကို Republic Of South Africa အဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

Jan Christiaan Smuts

Prime Minister of South Africa (1943- 1948) South African Communist Party (SACP) တောင်အာဖရိကကွန်မြူနစ်ပါတီ ပေါ်ပေါက်လာ ခြင်း။(၁၉၂၁) တောင်အာဖရိကကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး၊ Communist

Party of South Africa လို့ခေါ်ခဲ့ကြပြီး Willam H. Andrews ဆိုသူက ဥက္ကဋ္ဌဖြစ်ခဲ့သည်။

၁၉၂၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော Rand Rebellion လူဖြူမိုင်းအလုပ်သမားများ၏ အကြီးအ

ကျယ်ဆန္ဒပြပွဲစ၍ထင်ပေါ်လာခဲ့သည်။ လူဖြူမိုင်းအလုပ်သမားများစုမှာ Supervisor များဖြစ် ကြပြီး၊ အသားအရောင်ခွဲခြားမှုကို မနှစ်မျို့၊လက်မခံသူအများစုက ကွန်မြူနစ်ပါတီနဲ့လက်တွဲ

ကာ "Workers of the world, unite and fight for a white South Africa!" ဆောင်ပုဒ်ကို ကိုင်ဆွဲ၍တိုက်ပွဲဝင်ခဲ့သော်လည်း၊ လူမဲအလုပ်သမားများမှ လိုက်ပါလာခြင်းမရှိသည့်အတွက်

အောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၂၈ ခုနှစ်တွင် ကွန်မြူနစ်ပါတီက ၄င်းတို့၏ပါတီအသွင်သဏ္ဍန်ကိုပါ ပြောင်းလည်းခဲ့ပြီး၊ လူမဲအဖွဲ့ဝင်အများစုနဲ့အားဖြည့်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ကွန်မြူနစ်ပါတီ နှင့်အာဖရိကနေရှင်နယ်ကွန်ဂရက်တို့ပူးပေါင်းပြီး African Mine Workers' Strike မိုင်းအလုပ်

သမားများသပိတ်ကနေပြီး အထွေထွေသပိတ်ဖြစ်အောင် စွမ်းဆောင်ခဲ့ကြသည်။ ၁၉၅၀ခုနှစ်

တွင် ကွန်မြူနစ်ပါတီမှ Apartheid Laws ကို တရားမ၀င်ကြောင်းကြေငြာခဲ့ပြီး မြေအောက် ပါတီအဖြစ်ရောက်ရှိခဲ့သည်။ ၁၉၂၃ ခုနှစ်တွင်ပါတီကို South African Communist Party (SACP)

လို့ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

ကွန်မြူနစ်ပါတီဟာ

၁၉၄၈

ခုနှစ်တက်လာခဲ့တဲ့

National Party ၏အဓိကပြစ်မှတ် ဖြစ်လာခဲ့သည်၊Suppression of Communism Act ကိုထုတ်ပြီးကွန်မြူနစ်ပါတီကိုချေမှုန်းရန်ကြိုးစားခဲ့ကြသည်။

ကွန်မြူနစ်ပါတီသည် ပါတီတွင်းရှိလူမဲအဖွဲ့ဝင်များကို ANC ထဲသို့ဝင်ပြီး ခေါင်းဆောင်နေရာ

များရရှိအောင်စွမ်း ဆောင်ကြဘို့တိုက်တွန်းကြသည်။ လူဖြူများက Congress of Democrats ကိုဖွဲ့စည်းကြဘို့စီစဉ်ခဲ့ကြသည်။ ပြီးနောက် ကွန်ဂရက်များကိုပူးပေါင်းကာ Congress Alliance

ကိုဖွဲ့စည်းကာ တော်လှန်ရေး၏အုတ်မြစ်ဖြစ်လာမည့် freedom charter ကို ကောင်အထည် ဖေါ်နိုင်ခဲ့သည်။ Pan Africanist Congress ပေါ်ပေါက်လာခြင်း၊(၁၉၅၉-ခုနှစ်) ၁၉၅၉ခုနှစ်အတွင်းမှာ Africanists လို့လူသိများတဲ့သစ်တန်းလူမဲခေါင်းဆောင်ငယ်များ

က လက်ရှိအေအင်စီ၏လှုပ်ရှားမှုများကို အားရကျေနပ်မှုမရှိသဖြင့် လူဖြူအစိုးရကို ယခု ထက်ပိုပြီး တိုက်ခိုက်ဆန့်ကျင်နိုင်မည့် နည်းလမ်းများကို တိုးတက်တောင်းဆိုလာကြသည့်

အပြင် Freedom Chapter ကိုပါ ပျက်ရယ်ပြုလာခဲ့ကြပြီး Pan Africanist Congress ကိုဖွဲ့စည်းခဲ့ကြသည်။ လက်ရှိအေအင်စီခေါင်းဆောင်ပိုင်းက သူ့တို့ရဲ့လုပ်ရပ်ကို ဆန္ဒစောသည် ဟုယူဆသလို

ခေါင်းဆောင်ပိုင်းတွေကိုပါ

စိမ်ခေါ်နေပြီဟု

ယူဆခဲ့ကြသည့်အတွက်

အေအင်စီအတွင်းသို့ ဒေသခံတိုင်းရင်းသား အင်းဒီးယန်းပါတီငယ်များ၊ လူဖြူများနဲ့ အခြား သောအသွေးအရောင်ရှိသည့် အားယူခဲ့ရသည်။

Pan

အားပျော့သွားခဲ့သည်။

ပါတီငယ်များကိုပါ

Africanist

Congress

သည်

အေအင်စီအတွင်းသို့သွတ်သွင်းပြီး ဖွဲ့စည်းပြီးတစ်နှစ်ခန့်

အကြာမှာ

Sharpeville Massacre ရှပ်ဝီလီးသွေးထွက်သံယိုအရေးအခင်း။ (၁၉၆၀-ခုနှစ်) ၁၉၆၀ ခုနှစ် မတ်လ(၂၁) ရက်နေ့တွင် ဆန္ဒပြလူမဲများကို တောင်အာဖရိကလူဖြူရဲများက သေနတ်ဖြင့်ပြစ်ပြီး

အကြမ်းဖက်နှိမ်နှင်းခဲ့မှုကြောင့်

မိန်းမများနှင့်ကလေးများအပါအ၀င်

လူပေါင်း (၆၉) ဦးသေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ကြသည်။ ထိုအဖြစ်အပျက်ကြောင့်

တစ်နိုင်ငံလုံးမဲလူမဲထောင်ပေါင်းများစွာတို့ မြို့ရွာအသီးသီးတို့တွင် ပြင်းပြင်းထန်ထန် အုံကြွ လာသည့်အတွက် ၁၉၆၀ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေ အနေကြေငြာပြီး

လူပေါင်းတစ်သောင်းရှစ်ထောင်ကျော်ကို

ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တဆက်တည်းမှာပင် ANC နှင့် Pan Africanist Congress တို့ကိုပါ မတရားသင်းအဖြစ်

ကြေငြာသတ်မှတ်ခဲ့သည့်အတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် တစ်လျှောက်လုံး တိုက်

ပွဲဝင်လာခဲ့သောအဖွဲ့များကို လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ တွန်းပို့ပေးလိုက်သလို ဖြစ်လာ

ခဲ့သည်။ အေအင်စီက MK လက်နက်ကိုင်ပြောက်ကြားအဖွဲ့ကို ဖွဲ့စည်းခဲ့သလို PAC ကလည်း POGO လက်နက်ကိုင်ပြောက်ကြားအဖွဲ့ကို ဖွဲ့စည်းဖြစ်လာခဲ့သည်။

ထိုအရေးအခင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီး ၁၉၆၁ ခုနှစ် ဧပြီလ (၁) ရက် နေ့တွင်

Resolution

Commonwealth

134

of

မန်ဒဲလားကလည်း

ကိုထုတ်ပြန်အရေးယူခဲ့သလို

Nations

၁၉၉၆

အဖြစ်မှလည်း

ခုနှစ်တွင်

အင်္ဂလိပ်တို့၏

အင်ပါယာ

ထုတ်ပယ်ခံခဲ့ရသည်အထိဖြစ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ

ဥပဒေကို

လက်မှတ်ရေးထိုးရန်

နေရာဒေသကို Sharpeville ကိုရွေးချယ်ခဲ့သည်။ Umkhonto we Sizwe ('Spear of the Nation')(MK) ပေါ်ပေါက်လာခြင်း။ (၁၉၆၁-ခုနှစ်) အေအင်စီအတွင်းမှာ လူငယ်ပိုင်းခေါင်းဆောင်များဟာ တစ်နေ့နေ့မှာ အေအင်စီကို

လူဖြူအစိုးရနေပြီး မတရားသင်းအဖြင့် လုံးဝကြေငြာလိမ့်ဟု ယုံကြည်နေကြသလို အကြမ်း မဖက်သောနည်းလမ်းတစ်ခုတည်းဖြင့် ကြသည်။

ထို့ကြောင့်

ဝေါ်တာစီဆူလူး

Walter

အောင်ပွဲခံနိုင်လိမ့်မည်

မဟုတ်ဟု

လူငယ်လူလတ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် Sisulu

တို့က

တောင်အာဖရိကွန်မြူနစ်ပါတီနဲ့

ယုံကြည်ထား

မန်ဒဲလားနဲ့ ပူးပေါင်းပြီး

လက်နက်ကိုင် ပျောက်ကြားအဖွဲ့ ဖွဲ့စည်းခဲ့ရာမှ ၁၉၆၁ ခုနှစ်မှာ MK ပေါ်ပေါက်လာခဲ့ရသည်။ Umkhonto we Sizwe သည် Spear of the Nation လို့အဓိပါယ်ရပြီး အတိုကောက်အားဖြင့်

MK လို့ခေါ်ဝေါ်ခဲ့ကြသည်။ ပထမဦးဆုံး Economic Bombing campaigns ကို စတင်ခဲ့ ပြီးမကြာခင်မှာ ခေါင်းဆောင်ပိုင်းများအဖမ်းဆီးခဲ့ရပြီး အားပျော့ခဲ့ရသည်။ မန်ဒဲလားက (၁၇) လ ထွက်ပြေးတိမ်းရှောင်နေစဉ် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေမှ မန်ဒဲလား ပုန်းအောင်းနေရာကို

တောင်အာဖရိကလူဖြူအစိုးရထံ

သတင်းပေးခဲ့သဖြင့်

၁၉၆၂

ခုနှစ်

သြဂုတ်လ (၅)ရက်နေ့မှာ အဖမ်းဆီးခံခဲ့ရသည်။ အခြားသော MK ခေါင်းဆောင်နှစ်ဦးဖြစ်ကြတဲ့ နာမည်ကျော်စာရေးဆရာ Arthur Goldreich နှင့် Walter Sisulu တို့လည်း ၁၉၆၃ ခုနှစ်၊

ဇူလိုင်လ (၁၁) ရက်နေ့မှာ ဆက်လက်အဖမ်းခံခဲ့ကြရသည်။ ကျန်ရှိသော MK အဖွဲ့ဝင်များဟာ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကွန်မြူနစ်ပါတီက

MK

အဖွဲ့ကို

လက်နက်နှင့်

ငွေကြေးများကို အကူပေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ် ဆောင်ရွက်ခဲ့ကြ သည်။ တချိန်တည်းမှာဘဲ ကွန်မြူနစ်ပါတီဝင်တွေဟာ အေအင်စီရဲ့ အရေးပါအရာရောက်

သောနေရာတွေကို ရလာခဲ့ကြသည်။ ၁၉၇၆ ခုနှစ် Soweto Uprising ဆိုဝီတို လူထု အုံကြွမှု ကြီးကို ဦးဆောင်နိုင်ခဲ့ပြီး အေအင်စီနှင့် ကွန်မြူနစ်ပါတီ၏ဆက်ဆံရေးက ပိုမိုခိုင်မာလာခဲ့

သည်။ မန်ဒဲလားနဲ့ Johannesburg မြို့မှာ အလုပ်လုပ်ရင်းခင်မင်ခဲ့ကြတဲ့ ကွန်မြူနစ်ပါတီဝင် Joe Slovo က MK အဖွဲ့မှာ Chief of Staff စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည်။ Joe Slovo ဟာ

Lithuania နိုင်ငံမှာမွေးဖွားခဲ့တဲ့ဂျူးလူမျိုးဖြစ်ပြီး ဇီယွန်ဝါဒ Zionist ကိုလည်း အကြီးအကျယ် ဆန့်ကျင်သူဖြစ်သည်။

MK အဖွဲ့၏ခေါင်းဆောင်များဖြစ်ခဲ့ကြသော Walter Sisulu, Joe Slovo, Oliver Tambo Church Street Bombing (၁၉၈၃) အေအင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် MK ၏ တောင်အာဖရိကလူဖြူအစိုးရကို တန်ပြန်တိုက်ခိုက်မှုများထဲတွင် ၁၉၈၃ ခုနှစ် မေလ(၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော Church

Street Bombing သည်အကြီးမားဆုံးသောတိုက် ခိုက်မှုဖြစ်သည်။ လူပေါင်း(၁၉)ဦး သေဆုံး ခဲ့ရပြီး၊ ၂၀၀ ကျော်ဒဏ်ရာရခဲ့သည်၊ ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် အေအင်စီအဖွဲ့ဝင်များ

နှင့်ထောက်ခံသူများနေထိုင်ရာ Lesotho လီဆိုသိုနိုင်ငံနယ်စပ်ဒေသအား တောင်အာဖရိက လေတပ်မှဗုံးကြဲတိုက်ခိုက်မှုကြောင့် အေအင်စီအဖွဲ့ဝင်အများစုနှင့် ထောက်ခံသူများ သေကြေ ဒဏ်ရာရခဲ့သည့်အပြင် MK စစ်ဦးချုပ်ဂျိုးစလိုဗို Joe Slovo ၏ဇနီးဖြစ်သူ Ruth First အား

လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းတို့အပေါ် တောင်အာဖရိကလေတပ်ဋ္ဌာနချုပ်ကို တုန့်ပြန်တိုက်ခိုက် ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း၊ ရည်ရွယ်ထားသောနေရာ ရည်ရွယ်ထားသောအချိန်တွင်

မဟုတ်ဘဲပေါက်ကွဲခဲ့သဖြင့် လေတပ်တပ်ဖွဲ့ဝင်(ရ)ဦးကျဆုံးခဲ့ရပြီး၊ ရုံးဝန်ထမ်းများအပါအ၀င်

လေတပ်တပ်ဖွဲ့ဝင်(၈၄)ဦး ထိခိုက်ဒဏ်ရာရကျဆုံးမှုရှိခဲ့သည်။ အများစုမှာဝန်ထမ်းများနှင့် အ ရပ်သားများ ဖြစ်ခဲ့သည်၊ ထိုတိုက်ခိုက်မှုကို၁၉၇၉ ခုနှစ်တွင် အေအင်စီဥက္ကဋ္ဌဖြစ်လာသည့် အိုလီဗာတန်ဘို Oliver Tambo ၏ခွင့်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့သော MK ရဲ့အဖွဲ့ရဲ့အထူးတိုက်ခိုက်

ရေးတပ်စုတစ်ခုဖြစ်ပြီး၊ အဘူဘေကာအစ်လ်မေး Aboobaker Ismail ဆိုသူကခေါင်းဆောင် ဖြစ်သည်။

တောင်အာဖရိကငြိမ်းချမ်းရေးအတွက်

ရည်ရွယ်ဖွဲ့စည်းခဲ့သော

အမှန်တရားနှင့်ပြန်လည်ရင်

ကြားစေ့ရေးကော်မရှင် Truth And Reconciliation commission မှ အများအပြားကန့်ကွက် နေသည့်ကြားမှ အဘူဘေကာအစ်လ်မေးကို ၁၉၉၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်။

Ruth First Congress of South African Trade Unions (COSATU)

တောင်အာဖရိကအလုပ်သမားသမဂ္ဂပေါ်ပေါက်လာခြင်း(၁၉၈၅) အပြိုင်အဆိုင်ဖြစ်နေကြသည့် အလုပ်သမားသမဂ္ဂကြီးသုံးခုအောက်ရှိ သမဂ္ဂပေါင်း ၂၁ ခုကို စုစည်းကာ ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဖွဲ့ဖွဲ့ခြင်းတွင်အဖွဲ့ဝင်စုစုပေါင်း ငါးသိန်းကျော်ရှိသည်။အေအင်စီ၊တောင်အာဖရိကကွန်မြူနစ်ပါတီတို့နှင့်ပူးပေါင်းကာTripartite

Alliance ကိုဖွဲ့စည်းခဲ့ရာတွင်ပါဝင်ခဲ့ပြီး တောင်အာဖရိအစိုးရကို ဆန့်ကျင်ခဲ့သော ဆန္ဒပြပွဲများ

တွင် အဓိကအခန်းကဏ္ဏမှပါဝင်ခဲ့သည်။ COSATU ခေါင်းတောင်တစ်ဦးဖြစ်သူ Cyril Ramap hosa မှာ Boipatong massacre ဘိုင်ယိုပတုန်း သွေးထွက်သံယိုအရေးအခင်းဖြစ်ခဲ့ပြီး

တွေ့ဆုံ ဆွေးနွေးပွဲ ပျက်လုလုဖြစ်နေချိန်တွင် အမျိုးသားပါတီဝင်တစ်ဦးဖြစ်သူ Roelf Meyer နှင့်အတူလက်တွဲပြီး ဆွေးနွေးပွဲကိုပြန်လည်အသက်ဝင်လာအောင် စွမ်းဆောင်ခဲ့သူတစ်ဦးဖြစ် သည်။

အသားအရောင်ခွဲခြားရေးကိုအဆုံးသတ်စေမည့် ငြိမ်းချမ်းရေးခြေလှမ်းများ။(၁၉၈၅-၁၉၉၃) ပထမဦးဆုံး

အေအင်စီခေါင်းဆောင်များနှင့်

တောင်အာဖရိကအစိုးရ၀န်ထမ်းခေါင်း

ဆောင်ပိုင်းတို့ တွေ့ဆုံမှုကို တောင်အာဖရိကထောက်လှမ်းအဖွဲ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်

သည်။ တောင်အာဖရိကထောက်လှမ်းအဖွဲ့ တာဝန်ခံဖြစ်သူ Dr. Niel Barnard နှင့် လက် ထောက်တာဝန်ခံ Mr. Mike Louw တို့ကစတင်ပြီး၊ အကျဉ်းကျနေသည့် နယ်လ်ဆင်မန်ဒဲ

လားနဲ့ ငြိမ်းချမ်းရေးအခြေခံမူများကို အပြန်အလှန်လေးစားမှုကိုအခြေခံပြီး၊ တိတ်တဆိတ် ဆွေးနွေးရန်စီစဉ်ခဲ့ကြသည်။

ပထမဦးစွာ

နယ်လ်ဆင်မန်ဒယ်လားကို

အကျဉ်းချထားရာ

Robben ကနေပိုမိုကောင်းမွန်စွာနေနိုင်တဲ့ Pollsmoor အကျဉ်းထောင်ကိုပြောင်းရွေ့ခဲ့ပြီးမှ

စတင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နယ်လ်ဆင်မန်ဒယ်လား Dr. Niel Barnard နဲ့ တိတ်တ

ဆိတ်ဆွေးနွေးရာကနေရရှိလာတဲ့အခြေခံ သဘောတူချက်ကနေ သမတ P.W. Botha လက်

ထက်တွင်ဝန်ကြီးချုပ်ဖြစ်နေသူ Kobie Coetsee နှင့် နယ်လ်ဆင်မန်ဒဲလားတို့၏ ပထမဦး ဆုံးသောအပြုသဘောတွေ့ဆုံဆွေးနွေးမှုကို ၁၉၈၅ ခုနှစ် နိုဝင်ဘာလမှာ စတင်နိုင်ခဲ့သည်။

Kobie Coetsee က နယ်လ်ဆင်မန်ဒယ်လား ဆေးကုသမှုခံယူနေရသည့် ဆေးရုံသို့ပင်လိုက်

လာပြီး၊ မကြာမကြာတွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း လျှို့ဝှက်အဖြစ်သာထားရှိခဲ့ကြသည်။ ထိုကဲ့သို့ လေးနှစ်နီးပါးမျှ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေးအသီးအပွင့်များကိုမြင်လာ

ရသောအခါ တောင်အာဖရိကထောက်လှမ်းရေးအဖွဲ့မှ အဓိကတွေ့ဆုံသူနေရာကနေဖယ်ပေး ပြီး၊ ငြိမ်းချမ်းရေးကိုအဓိကအကောင်ဖေါ်သည့်နေရာမှာ အဓိက အထောက်အကူပြုပေးမည့် အင်အားစုအဖြစ်ရပ်တည်ကာ အစိုးရအဖွဲ့မှလက်တွေ့လုပ်ငန်းစဉ်များ စတင်အကောင်အထည် ဖေါ်ခဲ့သည်။ ပထမဦးဆုံးသောလုပ်ရပ်မှာ ၎င်းတို့နှစ်ဦးနှစ်ဘက်ရရှိထားသော သဘောတူညီ ချက်ကို

လူထူသဘောထားအား

လက်တွေ့စမ်းသပ်ရာမှာစတင်ခဲ့ကြသည်။

ပထမဦးစွာ

Senegal နိုင်ငံ Daker ဒေသမှာရှိအေအင်စီခေါင်းဆောင်များနှင့် အဆက်အဆံရှိသည့် တောင်

အာဖရိကမှာပင် မွေးဖွားကြီးပြင်းလာကြသည့် Afrikaner လူဖြူနွယ်ဖွားအာဖရိကန် ခေါင်း ဆောင်များအကြားတွင် စတင်စမ်းသပ်ခဲ့ကြရာ တော်တော်လေး အဆင်ပြေသည်ကိုတွေ့ခဲ့ရ သဖြင့် ရှေ့ခြေလှမ်းများလှမ်းရန်စတင်ခဲ့ကြသည်။ ပထမဦးဆုံးအနေနဲ့

နိုင်ငံရေးတိုးတက်မှုအဖြစ်တွေ့လာရသည်မှာ

၁၉၉၀

ခုနှစ်တွင်ဖြစ်ပြီး၊

မတရားသင်းအနေဖြင့်ကြေငြာထားခဲ့သော အေအင်စီနှင့်တကွ အခြားသောနိုင်ငံရေးပါတီ အ သင်းအဖွဲ့များကို မတရားသင်းကြေငြာထားရာမှ ရုပ်သိမ်းပေးခဲ့သည်။ နယ်လ်ဆင်မန်ဒဲလား

ကိုလည်း အကျဉ်းထောင်ကနေပြန်လွှတ်ပေးလိုက်ခြင်းပင်ဖြစ်သည် အေအင်စီအဖွဲ့နှင့် တောင် အာဖရိကအစိုးတို့၏ တရားဝင်တွေ့ဆုံဆွေးနွေးမှုကိုတော့ ၁၉၉၀ ခုနှစ်၊ မေလ(၄) ရက်နေ့မှာ အစိုးရအိမ်တော် Groote Schuur မှာလုပ်ခဲ့ပြီး၊ ရရှိလာကြတဲ့သဘောတူညီချက်ကို Groote Schuur Minute အဖြစ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်၊ နှစ်ဦးနှစ်ဖက်စလုံး နိုင်ငံ

ရေးပြသာနာအ၀၀ကို ငြိမ်းချမ်း သောနည်းဖြင့်ဖြေရှင်းကြမည့်ဟု ကတိက၀တ်ပြုခဲ့ကြသည့် အပြင်နိုင်ငံရေးအကျဉ်းသားများအားလုံး

ပြန်လွှတ်ပေးရေး၊

လွတ်ငြိမ်းချမ်းသာခွင့်စသည့်တို့

ဖြစ်သည်။ ၁၉၉၀ ခုနှစ် သြဂုတ်လ(၆)ရက်နေ့မှာ နောက်ထပ်သဘောတူညီ ချက်များကို ရရှိခဲ့ပြီး Pretoria Minute အဖြစ်လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်အရ အေအင်စီ၏လက်နက်ကိုင်အဖွဲ့ဖြစ်သည့် Umkhonto we Sizwe (သို့) Spear Of Nation (MK) အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ Tutu's role during apartheid ဒက်စမွန်တူးတူး၏အခန်းကဏ္ဏ ဒက်စမွန်တူးတူးဟာ the first black South African Anglican Archbishop of

Cape Town ကိတ်တောင်းဒေသတွင် ပထမဦးဆုံးသော အင်ဂလီကန်ဘုန်းတော်ကြီးတပါး

ဖြစ်သည်။ ၁၉၇၆ ခုနှစ် Soweto Riot အရေးအခင်းဖြစ်ပြီးနောက် တောင်အာဖရိကအစိုးရကို

စီးပွါးရေးပိတ်ပင်ရေးကို ဦးဆောင်တောင်းဆိုခဲ့သူတစ်ဦးဖြစ်သည်။ အမေရိကန် ရော်နယ်ရီဂင် အစိုးရ၏ constructive engagement policy ကို အကြီးအကျယ်ဆန့်ကျင်ခဲ့ပြီး၊ ရီဂင်အစိုးရ

၏လုပ်ဆောင်ချက်ကိုလည်း friendly persuasion ဟုသမုတ်ကာ disinvestment ရင်းနှီး မြှုပ်နှံမှုများပြန်လည်ရုပ်သိမ်းသွားရေးကို အားထုတ်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုလုပ်ဆောင်ချက် ကြောင့် ရင်းနှီးမြှုပ်နှံမှုအများအပြားလျှော့ကျသွားသဖြင့် တောင်အာရိကအလုပ်သမားအများ စုကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။

ဒက်စမွန်တူးတူးကနေပြီး အနည်းဆုံးတော့ မိမိတို့အားလုံးခံစားပေးဆပ်ကြရမယ် At least we would be suffering "with a purpose" ဆိုပြီး လူထုကိုသဘောပေါက်စေခဲ့သည်။ disinvestment ကြောင့် အမေရိကန်နှင့် အင်္ဂလန်တို့မှကုမ္မဏီအများအပြား ထွက်သွားသော

အခါ ငွေကြေးတန်ဘိုးများလည်းကျဆင်းလာပြီး အစိုးရမှ ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက်

လာခဲ့ရသည်၊ ထိုအခြေအနေကိုအခွင့်ကောင်းယူပြီး ဒက်စမွန်တူးတူးက ကိတ်တောင်းမြို့တွင် ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြပွဲကိုဦးဆောင်ခဲ့ရာ လူပေါင်းသုံးသောင်းကျော်ပါဝင်ခဲ့ပြီး နိုင်ငံ ရေးအလှည့်အပြောင်းများလည်းဖြစ်ခဲ့ရသည်။ တောင်အာဖရိကအစိုးရမှ နယ်လ်ဆင်မန်ဒဲလား

ကိုပြန်လွှတ်ပေးခဲ့ရပြီး၊ အသားအရောင်ခွဲခြားအုပ်ချုပ်ရေးမှာလည်း အားပျော့လာကာ ပျက်လု လုအနေအထားကို ရောက်လာခဲ့သည်။

Chris Hani

၁၉၉၃ ခုနှစ်အေပရယ်လ(၁၀)ရက်နေ့တွင် တောင်အာဖရိကကွန်မြူနစ်ပါတီ ခေါင်း ဆောင်လည်းဖြစ် MK အဖွဲ့၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ Chris Hani ကို လူဖြူသေနတ်

သမားတစ်ဦးက လုပ်ကြံသတ်ဖြတ်အပြီး၊ လူဖြူနှင့်လူမဲတို့အကြား အကြီးအကျယ်ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွါးလာသောအခါ ဒက်စမွန်တူးတူးက "We will be free!", "All of us!", "Black and white together!" လို့ကြွေးကျော်ပြီး လူပေါင်းတစ်သိန်းနှစ်သောင်းကျော်အကြား ကြားဝင်ဖြန်ဖြေပေးနိုင်ခဲ့သဖြင့် ကမ္ဘာကျော်လူသိများခဲ့ရသည်။

"We are the rainbow people of God! We are unstoppable! Nobody can stop us on

our march to victory! No one, no guns, nothing! Nothing will stop us, for we are moving to freedom! We are moving to freedom and nobody can stop us! For God

is on our side!" ရုန်းရင်းဆန်ခတ်မှုအတွင်း လူအုပ်ကြီးကိုပြောခဲ့တဲ့သူ့ရဲ့မိတ်ခွန်းက လူထုကို ငြိမ်းချမ်းးရေးရစေခဲ့ကြသည့်အပြင် မန်ဒဲလားက တတိုင်းပြည်လုံးကိုပြောကြားခဲ့သည့် မိန့်ခွန်း များက အကြမ်းတိုက်ခိုက်မှုကိုရပ်တန့်စေခဲ့သည်။

Tonight I am reaching out to every single South African, black and white, from the very depths of my being. A white man, full of prejudice and hate, came to

our country and committed a deed so foul that our whole nation now teeters on the brink of disaster. A white woman, of Afrikaner origin, risked her life so that

we may know, and bring to justice, this assassin. The cold-blooded murder of Chris Hani has sent shock waves throughout the country and the world. ... Now

is the time for all South Africans to stand together against those who, from any quarter, wish to destroy what Chris Hani gave his life for – the freedom of all of us.

ဒက်စမွန်တူးတူးဟာ ငြိမ်းချမ်းရေးသဘောတူညီချက်များရ အပြီးဖွဲ့စည်းသည့် အမှန်တရားနှင့် ပြန်လည်ရင်ကြား စေ့ရေးကော်မရှင် Truth and Reconciliation Commission တွင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။

ဒက်စမွန်တူးတူး

မန်ဒယ်လားနှင့်ကျူးဘားသမ္မတကက်စထရို

ငြိမ်းချမ်းရေးသဘောတူညီချက်နှင့်တွေ့ဆုံဆွေးနွေးပွဲများ။ ၁၉၉၁ ခုနှစ် စက်တင်ဘာလ(၁၄)ရက်တွင် National Peace Accord ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပါတီအဖွဲ့အစည်းပေါင်း(၂၇)ခုနှင့် Homeland အစိုးရ (လူမဲများနှင့် အ ခြားအသွေးအရောင်ရှိသူများကို ထားရှိရာဒေသမှာ လူဖြူတို့၏ဗဟိုအစိုးရ၏အောက်တွင် ဖွဲ့ စည်းပေးသောဒေသဆိုင်ရာအစိုးရဖြစ်သည်) တို့ကလက်မှတ်ထိုးခဲ့ကြပြီး၊ နိုင်ငံရေးဆိုင်ရာအ သေးစိတ်ဆွေးနွေးမှုကို တဆင့်တိုးလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါငြိမ်းချမ်းရေးသဘောတူညီ

ချက်အရ Convention for a Democratic South Africa (CODESA) ညှိနှိုင်းဆွေးနွေးပွဲ မှရရှိခဲ့သော

အချက်အလက်များကိုအခြေခံပြီး

အဖွဲ့ပေါင်း(၁၉)ခုမှ

ဆက်လက်အကောင်အထည်ဖေါ်ခဲ့ရာတွင်

ကိုယ်စားလှယ်များပါဝင်ခဲ့ကြပြီး၊

လုပ်ငန်းအဖွဲ့ငယ်ခွဲကာ

ကဏ္ဍအလိုက် ဆွေးနွေး အကောင်အထည်ဖေါ်ခဲ့ကြသည်။

သက်ဆိုင်ရာ

လူဖြူလက်ယာစွန်းများဖွဲ့စည်းထားသော Conservative Party နှင့် လူမဲလက်ဝဲစွန်းများဖြစ်

ကြသည့် Pan Africanist Congress တို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကန့်ကွက်ခဲ့ကြ သည်၊ ၁၉၉၂ ရွေးကောက်ပွဲတွင် National Party က Conservative ပါတီကိုအရေးနိမ့်ခဲ့ပြီး

နောက် ၀န်ကြီးချုပ် De Klerk မှ လူဖြူများပါသော လူထုဆန္ဒခံယူပွဲကိုကျင်းပပြီး၊ ပြန်လည် ပြုပြင်ရေးနှင့်တွေ့ဆုံဆွေးနွေးရေး

Reform

And

Negotiation

ကိစ္စဆုံးဖြတ်ရန်တောင်း

ဆိုခဲ့ရာ ၆၈ ရာခိုင်နှုန်းကျော်ထောက်ခံမဲပေးခဲ့ကြသဖြင့် တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ကျင်းပနိုင်ခဲ့သည်။

ဒုတိကအကြိမ် Convention for a Democratic South Africa(CODESA II) ကို ၁၉၉၂ ခုနှစ် မေလတွင်ထပ်မံ ကျင်းပနေစဉ် Boipatong massacre ဂျွန်လမှာဇူးလူးများက Boipatong နေထိုင်နေကြသူများကို ၀င်ရောက် တိုက်ခိုက်သော “ဘိုင်ယိုပတုန်း” သွေးထွက်သံယိုအရေး အခင်းဖြစ်ခဲ့ပြီး လူပေါင်း ၄၆ဦး သေဆုံးခဲ့ရကာ ဆွေးနွေးပွဲများလည်းရပ်တန့်သွားခဲ့ရသည်။

မန်ဒ်ဲလားက အဆိုပါအရေးအခင်း၏နောက်ကွယ်တွင် ၀န်ကြီးချုပ် De Klerk ပါဝင်ပတ်သက် မှုရှိနေခဲ့သည်ဟု စွတ်စွဲခဲ့ပြီး အေအင်စီကလည်း ဆွေးနွေးပွဲကနေနောက်ဆုတ်သွားခဲ့သည်။

ထို့အပြင် စက်တင်ဘာလတွင် Bisho massacre ဘစ်ရိုးသွေးထွက်သံယိုအရေးအခင်း ထပ်မံ ဖြစ်ပွါးလာပြီး လူပေါင်း(၂၈)သေဆုံးခဲ့ရသည့်အတွက် နှစ်ဖက်စလုံးမှအခြေအနေကိုထိမ်းသိမ်း နိုင်ရန်အတွက် ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပနိုင်ရန် ပြန်လည်တာဆူခဲ့ကြသည်။

Cyril Ramaphosa

Roelf Meyer

ထို့နောက်အေအင်စီနှင့်အမျိုးသားပါတီတို့၏ဆွေးနွေးပွဲများကိုအကျိုးဆောင်ပေးနေသူနှစ်ဦးမှာ

သူငယ်ချင်းများ ဖြစ်နေကြသည့် အေအင်စီဘက်မှ Cyril Ramaphosa နှင့် အမျိုးသားပါတီ ဘက်မှ Roelf Meyer တို့ဖြစ်ပြီး၊ အောင်မြင်မှုများရခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာခဲ့ကြပြီး

Multiparty Negotiating Forum (MPNF) ပါတီဆုံတွေ့ဆုံဆွေးနွေးရေးဖိုရမ်ကို ၁၉၉၃ ခုနှစ် အေပရယ်လ(၁)ရက်နေ့မှာပြန်လည်ပြုလုပ်နိုင်ခဲ့သည်၊ ၁၉၉၃ ခုနှစ် အေပရယ်(၁၀)ရက်နေ့မှာ တောင်အာဖရိကကွန်မြူနစ်ပါတီခေါင်းဆောင်လည်းဖြင့် အေအင်စီ၏ ၀ါရင့်ခေါင်းဆောင်တဦး

ဖြစ်သူ Chris Hani ကို လက်ယာစွန်းရောက် လူဖြူသေနတ်သမားတစ်ဦးက လုပ်ကြံသတ် ဖြတ်ခဲ့သည့်အတွက် ဆွေးနွေးပွဲပျက်လုနီးပါးဖြစ်နေခဲ့ရာမှာ မန်ဒယ်လားနှင့်ဒက်စမွန်တူးတူး

တို့ကအခြေအနေကို ၀င်ရောက်ထိမ်းသိမ်းပေးနိုင်ခဲ့သဖြင့် ဆွေးနွေးပွဲများကိုဆက်လက် ကျင်း

ပနိုင်ခဲ့သည်၊ ၄င်းအပြင် ဆွေးနွေးပွဲများကျင်းပနေရာ World Trade Center in Kempton Park အဆောက်အဦးဖြစ်သည့် အတွင်းသို့ လက်ယာစွန်းရောက် Afrikaner တဦးက သံချပ် ကာကားမောင်းကာဝင်ရောက်လာပြီး ခန်းမကိုခေတ္တမျှစီးနင်းထားခဲ့သည့်အတွက် အနှောက် အယှက်တော်တော်များများနဲ့ ရင်ဆိုင်တွေ့ခဲ့ကြရသည်။ နောက်ဆုံးတွင်

Multiparty

Negotiating

Forum (MPNF)

မှနေပြီး ယာယီဖွဲ့စည်းပုံ

အခြေခံဥပဒေ Interim Constitution ကိုအတည်ပြုပေးခဲ့ပြီး Transitional Executive

Council မှ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပနိုင်ရန်စီစဉ်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီလ(၂၇) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်၊ အေအင်စီက(၆၂%)၊ အမျိုးသား

ပါတီက(၂၀)မဲရရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးညွန့်ပေါင်းအစိုးရ Government of National Unity ဖွဲ့စည်းခံရာမှာ မန်ဒဲလားမှသမ္မတဖြစ်လာခဲ့ပြီး De Klerk နှင့် Thabo Mbeki တို့က ဒု သမ္မတများဖြစ်လာခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို

ဆံရေးကာလများအတွင်း၌

၁၉၉၅

ခုနှစ်တွင်အတည်ပြုနိုင်ခဲ့ပြီး

ကျူးလွန်ခဲ့သောပြစ်မှုများကိုမူ

အသားအရောင်ခွဲခြားဆက်

Truth

and

Commission ကိုဖွဲ့စည်းကာ ဆက်လက်အရေးယူဆောင်ရွက်ခဲ့ပါသည်။

Reconciliation

Related Documents

Best Of South Africa
June 2020 8
South Africa
June 2020 24
South Africa
August 2019 35
South Africa
June 2020 16
South Africa
June 2020 22