မြန်မာများအတွက် ပညာဒါန အစီအစဉ် စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာများ၏ အရည်အချင်း ပိုမို တိုးတက် မြင့်မားလာစေရန် ရည်သန်၍ အောက်ပါ သင်တန်းများကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း အခမဲ့ သင်ကြားပေးမည် ဖြစ်ပါသည်။ ပို့ချမည့် သင်တန်းများ -
English
-
Engineering Mathematics and Piping Fundamental Knowledge
-
Preparation of Reports / Proper Data Entry and Records
သင်တန်းနေရာ TMC Education Group (Peninsula Plaza အနီး) မှတ်ချက်။
။ သင်တန်းခန်းမ ကို သင်တန်းသားများအား ထပ်မံ ကြေငြာပါမည်။
သင်တန်းကာလ ။
။ ၁၀ - ၁ - ၂၀၁၀ မှ ၁၂ - ၂ - ၂၀၁၀ ထိ (ရက်သတ္တ ၆ ပတ်)
သင်တန်းရက် ။
။ တနင်္ဂနွေ နေ့တိုင်း
သင်တန်းချိန်။
။ နေ့လည် ၂ နာရီ မှ ညနေ ၅ နာရီ ထိ
သင်တန်းဆရာများ English - ဒေါ်ခိုင်ခိုင်အောင် (Oral Examiner Trainer & Coordinator (British Council , Upper Burma.)) Reports / Data Entry / Records - ဦးနေမင်းဟိန်း (လက်ထောက်ကထိက (ငြိမ်း) - ရန်ကုန်စက်မှု တက္ကသိုလ်) Engineering Mathematics - ဦးအေးငြိမ်း (လက်ထောက်ကထိက (ငြိမ်း) - ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်) သင်တန်းတက်ရောက်လိုသူများ ဖုံးနံပါတ် 9098 0057 သို့ မိမိ၏ အမည် FIN No. သို့မဟုတ် Work Permit No. များကို SMS (Message) ပို့ပြီး စာရင်းပေးသွင်းနိုင်ပါသည်။ မှတ်ချက်။
။ ထို ဖုံးနံပါတ်သို့ ဖုံးမခေါ်ပါနှင့်။ Message ပို့ရန်သာ ဖြစ်ပါသည်။
သင်တန်းတစ်ခုလျှင် လူလေးဆယ် လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး Phone Message သို့ ဦးစွာ ၀င်လာသော သူများ အလိုက် ဦးစားပေး တန်းစီကာ နံပါတ် ၄၀ ထက်ကျော်သူများကို သင်တန်း အမှတ်စဉ် (၂) ၊ (၃) စသဖြင့် လက်ခံ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ အသေးစိတ် သိလိုသူများ အောက်ပါ e-mail သို့မဟုတ် ဖုံးနံပါတ် သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ e-mail :
[email protected] ဖုံးနံပါတ် ။ ၁၅-၁၁-၀၉ မတိုင်မီ - ဦးအေးငြိမ်း - ၉၇၃၀၃၀၂၇ ၁၅-၁၁-၀၉ နောက်ပိုင်း - ဦးနေမင်းဟိန်း - ၉၂၇၁ ၂၀၈၀၊ ဦးဌေးဝင်းနိုင် - ၉၃၈၅ ၀၇၇၅၊ ဒေါ်ခိင်ုခိုင်အောင် - ၉၇၇၁ ၅၈၅၇