Abma (bago) Re Founding Announcemant 2009 August

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Abma (bago) Re Founding Announcemant 2009 August as PDF for free.

More details

  • Words: 140
  • Pages: 1
မြန်မာနိုငင်ံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး All Burma Monk Alliance သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ အဖွဲ့ခွဲ (၃) ဝေါမြို့နယ် ၊ ပဲခူးတိုင်း ၁။ ဦးခေမာစာရ ၂။ ဦးသာဂရ ၃။ ဦးသီလ၀ံသ ၄။ အရှင် မေတ္တာစာရ ၅။ အရှင် ဘီဝံသခတ္တ ၆။ ဆရာလေး ဒေါ်ဥာဏသီရိ ၇။ ဆရာလေး ဒေါ်ဥာဏဆန္ဒ တို့မှ ဦးဣဿရိယ၊ ဦးဝေပုလ၊္လ ဦးနန္ဒစရိယ တို့၏ အဆုံးအမများကိုခံယူပြီး သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲအမှတ(် ၃) ပဲခူးတိုင်း ကိုအသစ် တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ ယခုတိုးချဲ့ဖွဲ့စည်းလိုက်သောသံဃာ့ခေါင်းဆောင်များမှဦးဆောင်ကာတတိယအကြိမ်သံဃာ့သပိတ်ကို အောင်မြင်စွာဆောင်ရွက်သွားပါမည်။ လာမည့်စက်တင်ဘာနှစ်ပတ်လည် ၂၀ ရက်နေ့မှ စတင်ကာ (နအဖ) စစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော ကြေငြာချက်ကို သံဃာတပ်ပေါင်းစု အဖွဲ့ခွဲများမှ ဖတ်ကြားကာ သတင်းဌာနများသို့ ပေးပို့၍၎င်း၊ ဌာနဆိုင်ရာအသီးသီးသို့လိပ်မူတပ်၍၎င်း ပေးပို့ရမည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ချမှတ်ထားသော ၀ိနည်းဥပဒေတော်နှင့်အညီဆောင်ရွက်ထားသော သံဃာ့အားလုံးစုပေါင်းညီညွတ်မှု အထိမ်းအမှတ်သံဃာသပိတ်ကို အားလုံးပါဝင်ဆင်နွဲကြရန်သံဃာတော်များအားလုံးတွင် တာဝန်ကိုယ်စီရှိကြပါသည်။ မိမိတို့ကျရာတာဝန်ကိုမပျက်မကွက်လိုက်နာဆောင်ရွက်ကြပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်။သံဃာတော်များအားလုံးသဘောတူ ဆောင်ရွက်ထားသောသံဃာကိစ္စကိုမလိုက်နာပဲဆန့်ကျင်ကာနအဖစစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းသောသံဃာတော်များကို သံဃာထုတစ်ရပ်လုံးမှ ဘွဲ့အမည်………မိဘအမည်……….ကျောင်းတိုက်အမည်……………..မြို့ရွာအမည်များထုတ်ပြန်ကာ ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ် လိုက်ကြောင်းနှင့် ပြည်သူလူတစ်ရပ်လုံးမှ ယခုထုတ်ပြန်ထားသော သံဃာအား ပစ္စည်းလေးပါးလှူဒါန်းခြင်း လုံးဝမပြုရန် တရားဝင်စာရွက်များ ထုတ်ဝေကာ မြန်မာတစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေမည်ဖြစ်ပါသည်။ အင်တာနက်ဝက်ဆိုက်များ၊ ဘလော့များ တွင်ဆက်တိုက်ဖေါ်ထုတ်ကြေငြာမည်။ R F A ,V O A, B B C ,D V B စသည့် သတင်းဌာနများ သို့လည်းပေးပို့ကာကြေငြာသွားမည်ဖြစ်ပါသည်။ E Mail ပေါင်းများစွာမှလည်းဖြန့်ဝေဖေါ်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခု ဆောင်ရွက်မည့်သပိတ်သည် အောင်မြင်သည်အထိလုံးဝအရှုံးမပေးပဲဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် သာသနာတော်အတွက်အလွန်အရေးကြီးပါသည်။ မိမိတို့အောင်မြင်အောင်မဆောင်ရွက်နငိုပါက မြတ်စွာဘုရားသာသနာတော်သည် စစ်မိစ္ဆာများ၏အောက်တွင် သူတို့လုပ်ချင်သလိုလုပ် အနုငိကျင့်တာမှန်သမျှခေါင်းငုံခံ သံဃာတော်တွေကို သတ်ချင်သတ် နှိပ်စက်ချင်သလိုနှိပ်စက် ထောင်ချချင်သလိုထောင်ချ သူတို့ပြုသမျှခံရသည့်ဘ၀ဖြင့် သာသနာတော်နိဂုံးချုပ် ပျောက်ကွယ်သွား နိုင်ပါသည်။ မြတ်စွာဘုရားရှင်၏ သာသနာတော် မပျောက်ကွယ်ရန် သံဃာထုတစ်ရပ်လုံးနှင့် ပြည်ထုလူထုအားလုံးမှာ တာဝန်ကိုယ်စီရှိကြပါသည်။ လူထုတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါရန် အားလုံးကိုအသိပေး နှိုးဆော်တိုက်တွန်းပါသည်။

မြန်မာနုငိငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနငှ့် သံဃသာမဂ္ဂီအဖွဲ့

Related Documents