7-july Statement By Ta Ka Ta

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 7-july Statement By Ta Ka Ta as PDF for free.

More details

  • Words: 215
  • Pages: 1
၇-ဇူလိုင် တိုက်ပွေဲ ခ်ါသံ ဗိုလ်နေ၀င်းစစ်အုပ်စုက တိုင်းပြည်ရဲ့အာဏာကို သိမ်းယူပြီးပြီးချင်း ၇-ဇူလိုင် ကျောင်းတွင်း လူသတ်ပွဲနှင့် ကျောင်းသားသမဂ္ဂအ ဆောက်အဦကို မိုက်မိုက်ရိုင်းရိုင်း မိုင်းခွဲဖျက်ဆီးပြီး စစ်အာဏာရှင်ရဲ့အစွယ်ကို ပွဥဲီးထွက် ထုတ်ပြခဲ့တာ (၄၇)နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ (၄၇)နှစ် ပြည်သ့ွားတဲ့ ဒီနေ့ကာလမှာလည်း လက်ရှိစစ်အုပ်စုဟာ သူတို့အာဏာ တည်မြဲရေးအတွက် လူသတ်ပွေဲ မြာက်များစွာကို ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်မြဲစေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အဓမ္မအတည်ပြုခဲ့ပြီး ၂၀၁၀ ရွေး ကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ဖိနှိပ်မှု နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ကျောင်းသားထုတစ်ရပ်လုံးကို စိမ်ခေါ်နေပြီဖြစ်တယ်။ ဒီနေ့ ကာလ တိုင်းပြည်အခြေအနေဟာလည်း ဘယ်ခေတ်အခါမနဲ့မှ မတူအောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ဘက်ပေါင်းစုံမှာ ပျက်စီးယို ယွင်းနေတာကို ငါတို့ကိုယ်တိုင် ခံစားသိမြင်နေကြရပြီဖြစ်တယ်။ စစ်အာဏာရှင်စနစ် ဆက်လက်တည်ရှိနေသရွေ့ ၇-ဇူလိုင်လို လူသတ်ပွေဲ တွ ဆက်ဖြစ်နေပါဦးမည်။ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပေါင်းများစွာ မတရား ဖမ်းဆီးချုပ်နှောင်ခံနေရဦးမည်။ ဒီလို လူသတ်ပွေဲ တွ၊ မတရားမှုတွေ နောင် အနာဂတ်မှာ ဆက်မပေါ်ပေါက်ဖို့၊ ဒီမိုကရေစီ အခွင့်အရေးတွေပြည်ဝ့  ပြီး ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့အတွက် ဆိုယင် စစ်အာဏာာရှင်စနစ်ကို လုံးဝ ဖျက်သိမ်းပစ်နိုင်ဖို့လိုပါတယ်။ ငါတို့ကျောင်းသားထုရဲ့ အမျိုးသားလှုပ်ရှားမှု အဆက်ဆက်မှာ ထားရှိခဲ့တဲ့ တိုက်ပ၀ွဲ င် ခွပ်ဒေါင်းစိတ်ဓါတ်နဲ့ သမိုင်းအစဉ်အလာ တွေကိုတော့ ဘယ်စစ်အုပ်စုကမှ ဖျက်ဆီးလို့မရဘူး၊ ရိုက်ချိုးလို့လည်း မရဘူးဆိုတာကိုလည်း ငါတို့ တကသ အနေနဲ့ အခိုင်အမာ ယုံကြည် ထားတယ်။ ဒီတိုက်ပ၀ွဲ င်စိတ်ဓါတ်နဲ့အတူ ဆုံးရှုံးနေတဲ့ ကျောင်းသားထုအခွင့်အရေးများ ရယူပိုင်ဆိုင်နိုင်ဖို့၊ ကျောင်းသားသမဂ္ဂများ ရှင်သန်လှုပ် ရှားနိုင်ဖို့၊ အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စစ်ဖိနပ်အောက်မှ လွတ်မြောက်နိုင်ဖို့အတွက် ယနေ့ ငါတို့ကျောင်းသားလူငယ်ထု တရပ်လုံးရဲ့ ပခုံးထက်မှာ သမိုင်းပေးတာဝန်တွေ ကျရောက်နေပြီဖြစ်တယ်။ ဒီအတွက် ကျောင်းသားထု ညီညွတ်ရေးနဲ့ ကျောင်းသားသမဂ္ဂများ ပြန်လည် ဖွဲ့စည်းနိုင်ဖို့ကို ငါတို့ မဆုတ်မနစ် အားထုတ်ကြဖို့ တိုက်တွန်းလိုက်တယ်။ စစ်အုပ်စုရဲ့ မတရားတဲ့ ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖေါ်ဆောင်သွားဖို့ ဒီကနေ့ အခြေအနေအရပ်ရပ်က ငါတို့ကို တောင်းဆိုနေပြီဖြစ်တဲ့အတွက် ငါတို့ ကျောင်းသားထုညီညွတ်မှုဖြင့် တိုက်ပ၀ွဲ င် ကြဖို့ကိုလည်း တပ်လှန့်လိုက်တယ်။ ဒါကြောင့် ဒီနေ့ ၇-ဇူလိုင်နေ့မှာ ငါတို့ တကသ အနေဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပ၀ွဲ င်ယင်း ကျဆုံးသွားခဲ့ကြတဲ့ နောင်တော် သူရေဲ ကာင်းအပေါင်းတို့အား ဦးညွတ်အလေးပြုလျှက် ငါတို့ပခုံးထက် ကျရောက်နေတဲ့ သမိုင်းပေးတာဝန်များကို ကျောင်းသားလူ ငယ်ထု တရပ်လုံးနဲ့အတူလက်တွဲကာ စစ်အုပ်စုကို ရည်မှန်းချက် ပန်းတိုင်အရောက် တိုက်ပ၀ွဲ င်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ “ ၇-ဇူလိုင် အရေးတော်ပုံ စိတ်ဓါတ်ကို အခိုင်အမာ ကိုင်စွဲတိုက်ပ၀ွဲ င်ကြ” “ ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမည်” “ စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်”

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တကသ) ၂၀၀၉ ခုနှစ် ဇူလိုင်လ (၇)ရက်။

Related Documents

Ta Ta
August 2019 56
Ta
November 2019 49
Ta
June 2020 19
Ta
May 2020 34
Ta
June 2020 29