26032009 News

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 26032009 News as PDF for free.

More details

  • Words: 11,658
  • Pages: 44
www.yeyintnge.com

အီးမေးမှ လွ၍ဲ မည်သည့် ၀ဘ်ဆိုက်ကို မျှကြည့်ရှု ၍မရအောင် ခောတ်နောက်ပြန်ဆွဲ တော့မည်ဟု သတင်းထွက်နေချိန်တငွ် မြန်မာ တယ်လီပို့ က ထပ်မံသတင်းထုတ်ပြန် March 25, 2009 · ၂၅ မတ် ရန်ကုန်၊

၊ယူကွန်

မဆုံးနိုင်သေးသောမြန်မာတယ်လီပို့ ၏ထပ်မံ အသိပေးချက်များ သတင်းအမှောင်ချသည့် စစ်ဆင်ရေး အိပ်စတန်းရှင်းထပ်ဆ၍ွဲ ဧပြီ ၁ ရက် နေ့ မှ အင်တာနက် ကြည့်လို့ ရမည်။ သို့ သော် မသေချာသေး မတ်လ ၂၁ ရက်နေ့ မှ ၂၅ ရက်နေ့ ထိ အင်တာနက် ဆယ်သွယ်မှုနှုန်း နှေးကွေးမည် ဟု မြန်မာတယ်လီပို့ က သတင်းထုတ်ပြန်ပြီး ၎င်းတို့ ၏ သတ်မှတ်ရက် ပြည့်သွားချိန်တင်ွထပ်မံ ၍ထုတ်ပြန်သော ကြေ ငြာချက်တစ်ခုကြောင့် အင်တာနက်သုံးစွဲ သူများကြားတွင် အီးမေးမှ လွ၍ဲ မည် သည့် ၀ဘ်စာမျက်နှာ မှ ကြည့်ရှု ခွင့် မရှိဆိုသော သတင်းတစ်ရပ် ရန်ကုန်တငွ် ထွက်ပေါ်လာခဲ့သည်။ ယခင် ဘဂန်နက် ၀ဘ်စာမျက်နှာကို မြန်မာတယ် ဟု အမည်ပြောင်းထားပြီး၂၀၀၅ ခုနှစ်ကတည်းက အပ်ဒိတ်မလုပ်သော ထိုဝဘ်ဆိုက်တငွ် ထပ်မံထုတ်ပြန်ထားသော ကြေငြာချက်အရ ပေါ်ပေါက်လာသော အခက်အခဲများမှာဧပြီလ ၁ရက် နေ့ အထိ ကြာမြင့်အုံးမည်ဟု ဆိုသည်။ ကနဦး သတင်းကို Freedom News Group တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပြီး အချို့ ကမူ မတ် ၂၇ တော်လှန်ရေး နေ့ ကြောင့် ဟုဆို သလို မြန်မာတယ်လီပို့ ဝန်ထမ်းများက မူ ဒေတာ အ၀င် အထွက်ကို စီစစ် နေသောကြောင့် ဟုဆိုသည်။ မြန်မာ ပြည် ၏ အင်တာနက် မြန်နှုန်းကို ခုနှစ် ဆထိ မြှင့်မည် ဟု ကြေငြာပြီးကာ မှ ယခုကဲ့သို့  ဖြစ်ရခြင်း မှာ ပြင်ဆင်နေသော ရေအောက် ဆက်ကြောင်းတွင် ချို့ ယငွ်းချက်များ ရှိသောကြောင့်ဟု နယ်သာလန် သတင်းစာတစ်စောင် တွင်ဖေါ်ပြထားသည်။ ဧည့်စာရင်းမတိုင်ကြားသူကို ဧည့်စာရင်းစစ်ချိန်တွေ့ ရှိပါက အိုစမာဘင်လာဒင်ကိုပဲ ရှာတွေ့ သလို ရ၀တ ကရေးကြီးခွင်ကျယ်လုပ်နေ March 25, 2009 · ၂၅ မတ် ရန်ကုန်၊

၊ယူကွန်

အင်္ဂလပိပဘ်ာသာ သို့ ပြန်ဆို၍မရသည့် ဧည့်စာရင်း ပြည်သူကို အကြီးအကျယ်ဒုက္ခပေးနေ

“ညဆယ်နာရီ လောက်ဧည့် စာရင်းလာစစ် တယ် နောက်စစ် ဒေသက လာလို့ ဆိုပြီး မူးမူးရူးရူး နဲ့ ည တစ်နာရီ လောက်မှာ ပြန်လာတယ် တံခါးကိုထုလိုက် ကြတာ တ၀ုန်းဝုန်းပဲ တံခါးဖွင့်ပေးတော့ အရက် နံ့ တွေကနံဟောင် နေတာပဲ သူတို့ ကို ပြောတယ် လေ ကျွန်မတို့ က မိန်းခလေးတွေ ချည်းပဲ နေတယ့် အိမ် ဆိုတော့ အိမ်ထဲမှာ ရှာချင်ရင် ကောင်းကောင်းမွန်မွန်ဝင်ရှာပါဆို တာ မရဘူး”ဟု ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်တငွ် မိန်းကလေးများစုပေါင်းငှား နေထိုင်သည့် အိမ်တစ်အိမ် မှ အမျိုးသမီးတစ်ဦးက Freedom News Group သို့ ပြောသည်။ နှစ်စဉ်နှစ်တိုင်း အာဏာကို ချုပ်ကိုင်ထားသော စစ်အစိုးရမှ တပ်မတော်နေ့ ခေါ်တော်လှန်ရေးနေ့ နီးလာပြီဖြစ်သည့် အတွက် ရန်ကုန်တငွ် လုံခြုံရေးအရ ဧည့်စာရင်းစစ်မှုများကို ပို၍ စီစစ်လာသည်။ ရ၀တ ရုံးများတွင် ဧည့်စာရင်းမတိုင်ကြားပါက ထောင်ဒဏ် ၁၅ ရက်ချမှတ်မည် ဟု ကြေညာထား သည်။ “ဆိုးတာ ကတော့ ဗျာ ဧည့်စာရင်း မတိုင်ထားတဲ့ သူတွေ ကို တွေ့ ရင် တရားခံပြေးတွေ့ တာကျနေ တာပဲ လမ်းပေါ်ခေါ်သွားပြီးငုတ်တုတ် ထိုင်ခိုင်းထားတယ် ပြီးရင် အိမ်အသီးသီးက ဧည့်စာရင်း မတိုင် တဲ့ လူတွေ စုပြီး ရ၀တ ရုံးကို ခေါ်သွားတယ် ဒီလူတွေကို ရုံးမှာ ဘာ ဓာတ်ပုံတွေ နဲ့ လည်း တိုက်စစ် ပြီးရင် ဟိန်းလားဟောက်လားနဲ့  စစ်မေး ပြီးရင် အချုပ်ထဲပို့ လိုက်တာ ပဲ ရှော့ မရှိတဲ့ လူက ရဲစခန်းမှ မနက် လိုက် နိုင်ရင် ပြန်လွတ်တယ် ။ ဒါပေမယ့် ငါးသောင်း ကနေ နှစ်သိန်းထိကုန်တယ်” ဟု မြောက်ဥက္ကလာတွင် နေသူ တစ်ဦး က ပြောသည်။ ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက် သူများကို တွေ့ ရှိပါ က ရ၀တ မှ စစ်ဒေသ အလိုကျ အော်ဟစ် ဆူပူ ကြိမ်းမောင်းမှုကိုခံရမည့်ပြင် တစ်ရပ်ကွက် သားချင်းပင် အထာမထားပဲ အိမ်ရှင်ကိုပါ အော်ဟစ် ဆူပူကြိမ်းမောင်းသည့် ဒဏ်ကို လည်း ခံရအုံးမည် ဟု ကြည့်မြင့်တိုင်တင်ွနေသူ တစ်ဦးကပြောသည်။ ဧည့်စာရင်းစစ်သည့် အဖွဲ့ သည် ရဲဆေးတင်သည့် အနေဖြင့် အရက် သောက်လာမှုများရှိပြီး တစ်ဖွဲ့ တငွ် ရဲ ၊စစ်တပ်၊ကြံ့ဖွံ့  နှင့် မီးသတ် အပါအ၀င် လူ ၂၀ ကျော်ပါဝင်သည်။ ရဲစခန်းတွင် မနက်လာ ရောက် မရွေး နိုင်သောသူများကို တရားရုံး သို့ ပို့ ပြီး နေ့ တငွ်းချင်းပင် ထောင်ချကာ အင်းစိန်ထောင်သို့ ပို့ သည်။ ယခုတစ်ပတ် အတွင်းမှာပင် ရန်ကုန် တစ်မြို့လုံးဉ် ဧည့်စာရင်း မတိုင်၍ ထောင်ကျ သူများမှာ နှစ်ရာကျော်ရှိပြီဟု ခန့် မှန်း ခြေသိရသည်။

NEJ / မတ်လ(၂၆) ရက်၊ ၂၀၀၉ အမေရိကန်အရာရှိနှင့် မြန်မာစစ်အစိုးရ ရုတ်တရက်တွေ့ဆုံခြင်းသည် မြန်မာစစ်အစိုးရအပေါ် အမေရိကန် သဘောထား ပြောင်းလဲသွားသည့် သဘောမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဘလိပ်နှင့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အင်္ဂါနေ့က နေပြည်တော်မှာတွေသည့်သတင်းကို စစ်အစိုးရ ဘက်က ထုတ်ပြန်ပြီး မကြာခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ ရန်ကုန-် အမေရိကန်သံရုံးသဘောထား မစ္စတာဘလိပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီပြောင်းလဲရေးနှင့် ဆက်စပ်မှုရှိမရှိ ရန်ကုန-် အမေရိကန်သံရုံးသို့ ခေတ်ပြိုင်က မေးမြန်းရာ “မစ္စတာဘလိပ် မြန်မာနိုင်ငံလာခြင်းဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် (၅) နိုင်ငံ ချစ်ကြည်ရေး ခရီးရဲ့ အစိတ်အပိုင်းအနေနဲ့ လာတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ စပ်လျဉ်းပြီး သဘောအထား အမြင်အမျိုးမျိုးရှိတဲ့သူတွေနဲ့ မစ္စတာဘလိပ်တွေ့ဆုံခ့ပဲါတယ်” ဟု လက်ထောက် လူထုဆက်ဆံရေးအရာရှိ ဒရိတ်ဝိုက်ဆတ်က ဖြေကြားသည်။ မြန်မာအပေါ် အမေရိကန်ပေါ်လစီပြောင်းရေး စဉ်းစားနေဆဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဘလိပ်၏ မြန်မာခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်သဘောထားပြောင်းလဲရေးနှင့် မပတ်သက်ကြောင်း ငြင်းဆိုသည်။ ၎င်းက “ဘလိပ်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်သဘောထား ပြောင်းတဲ့ကိစ္စကို ရောင်ပြန်မဟပ် ပါဘူး။ မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်သုံးသပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောတဲ့ကိစ္စက ခုမှစဉ်းစားဆဲဖြစ်ပါတယ်။ ဘယ်လိုသဘောထားပြောင်းမယ်ဆိုတာ မဆုံးဖြတ်ရသေးခင်ကာလမှာ မြန်မာအာဏာပိုင်တွေနဲ့ အတိုက်အခံကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်အောင် အမေရိကန်က ဆက်ပြီး အားပေးနေမှာပါ” ဟု ပြောသည်။

ပြောသည်။ အန်အယ်လ်ဒီသဘောထား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြားရေးမှူး စတီဖင်ဘလိပ်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦး၊ ပြန်ကြားရေး တာဝန်ခံ (၃) ဦးတို့နှင့် ယမန်နေ့က အန်အယ်လ်ဒီပါတီရုံးချုပ်တငွ် (၁) နာရီခန့်အကြာ

တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ခေတ်ပြိုင်သို့ ပြောသည်။ “သူ့အနေနဲ့ အဖွဲ့ချုပ်က လက်ရှိနိုင်ငံရေးအပေါ် အမြင်တွေကို အချက်အလက်တွေကိုမေးတာပါပဲ။ နောက် သူ့ဘက် ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားခရီးစဉ်မှာ ပြောခဲ့တဲ့ဟာတွေကို ရှင်းပြတယ်။ ရွေးကောက်ပနွဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမေးမြန်းပါတယ်။ ကျနော်တို့ကတော့ လာမယ့်ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို အခြေခံထားတာကို ပြန်ပြီး သုံးသပ်ဖို့ကိုပအဲားသန်တယ်။ နောက် ၂၀၁၀ ရွေးကောက်ပနွဲ့ဲ ပတ်သက်ပြီး ကျနော်တို့ မဆုံးဖြတ်နိုင်သေးဘူးဆိုတာကို ပြောပြတယ်။ သူတို့အနေနဲ့ ဆောက်ရွက်ဖို့ အကြံပြုချက်တွေ လိုချင်ပါတယ်ပြောပါတယ်။ ကျနော်ပြောနိုင်တာကိုပြောမယ်နော်။ ကျနော်ပြောနိုင်တာကတော့ အမေရိကန်ကဆောင်ရွက်ဖို့ဆိုရင် နအဖနဲ့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ဒီလိုအကြံပြုချက် ပေးခဲ့ပါ တယ်၊ မစ္စတာဘလိပ်ဟာ စစ်အစိုးရဆီက ဘာသတင်းစကားမှ ယူမလာသလို ဒေါ်အောင်ဆန်းစုကြည်အကြောင်း လည်း ပြောမသွားပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်။ ဒဏ်ခတ်မှူမအောင်မြင်ဟု အမေရိကန်ယူဆ မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ရန်များသည်ဟု နိုင်ငံတကာ သတင်းများက သုံးသပ်သည်။ သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုပ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။ မြန်မာအရေး မည်သို့ဖြေရှင်းရမလဲဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေး နေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတငွ် ပြောကြားသည်။ သို့သော် စီးပွားရေး ဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည် ဆိုသည် ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။ “မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမယ့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလည်း စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင် ကြိုးစားမှု မှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒု-သမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။

မင်းနိုင်သူ / မတ်လ(၂၆) ရက်၊ ၂၀၀၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဘလိပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မတွေ့ဆုံမီ ပြည်သူ့လွှတ်တော်ကိုယ် စားပြုကော်မတီ (စီအာပီပီ) နှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် (၃) ဦးနှင့်လည်း ရန်ကုန်မြို့တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ စီအာပီပီအကြောင်းတင်ပြ ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သောကိစ္စများ၊ စီအာပီပီ၏ အကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများနှင့် စပ်လျဉ်းသည့် အမေရိကန်သဘောထားနှင့် စီးပွားရေးပိတ်ဆို့မှု အပြောင်းအလဲ ရှိလာပါက တိုင်းရင်းသားအဖွဲ့များ၏ သဘောထားစသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ ဆွေးနွေးပွသဲို့ တက်ရောက်ခဲ့သူ စီအာပီပီ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ဆွေးနွေးပွသဲို့ တက်ရောက်ခဲ့သူ စီအာပီပီ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ပြောသည်။ “စီအာပီပီ ဘယ်လိုဖွဲ့ စည်းတယ်။ စီအာပီပီ ရဲ့ ရည်ရွယ်ချက်ကဘာ။ နောက် ဘယ်လိုလှုပ်ရှားခဲ့တယ်။ အဲဒါတွေကို အကုန်ရှင်းပြတာပေါ့။ နောက် ၂၀၁၀ ရွေးကောက်ပအွဲ ပေါ်မှာ စီအာပီပီရဲ့ သဘောထား၊ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား။ အဲဒါတွေကို ရှင်းပြခဲ့တာ။ စီအာပီပီဟာ ၁၉၉၀ ရွေးကောက်ပမွှဲာ အနိုင်ရတဲ့ပါတီတွေကို စစ်အစိုးရကနေ အာဏာလွှေဲ ပြာင်းမှုမလုပ်တဲ့အတွက် နောက်ဆုံး ၁၉၉၈ မှာ စီအာပီပီကို ဖွဲ့လိုက်ရတဲ့အကြောင်း။ နောက် စီအာပီပီရဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ပေါ်ပေါက်ရေး၊ လွှတ်တော်မပေါ်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်မယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ရပ်တည်လာတဲ့အကြောင်း၊ ခုထိ စီအာပီပီမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီများ၊ ပုဂ္ဂိုလ်များနဲ့ ဆက်လက်လှုပ်ရှားနေတဲ့အကြောင်း အဲဒါတွေကိုရှင်းပြတယ်” ဟု ဦးအေးသာအောင်က ရှင်းလင်းပြောဆိုသည်။ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင် ဦးအေးသာအောင်က “၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားဖို့ဆိုတာ ၂၀၀၈ ခုနှစ်မှာ တဖက်သတ်လုပ်လိုက်တဲ့ ဖွဲ့ စည်းပုံကြောင့် အဲဒီဖွဲ့ စည်းပုံကိုသာ မပြင်ဘူး။ မဆွေးနွေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။ မစဉ်းစားကြဘူးဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအကြောင်း ပြောကြတဲ့အခါမှာ ဘာကြောင့်လက်မခံလည်းလို့မေးတယ်။ အဓိကက အဲဒီဖွဲ့ စည်းပုံဟာ သူတို့ဟာ သူတို့ တဖက်သတ်လုပ်တယ်။ နောက်တခုက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားမယ့်ဖွဲ့ စည်းပုံမဟုတ်ဘူး။ နောက်တခါ တိုင်းရင်းသားတွေ လိုလားတဲ့ Right ကို

ဖော်ဆောင်ပေးမယ့် ဖွဲ့ စည်းပုံမဟုတ်ဘူး။ ပြီးတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ဆင်လို့ မရနိုင်အောင် လုပ်ထားတဲ့ ဖွဲ့ စည်းပုံဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဖွဲ့ စည်းပုံကို လက်မခံဘူးလို့ ရှင်းပြလိုက်တယ်” ဟု စီအာပီပီ နှင့် တိုင်းရင်းသားပါတီများ၏ ဖွဲ့ စည်းပုံနှင့် ရွေးကောက်ပအွဲ ပေါ် ဆွေးနွေးခဲ့မှုများကို ရှင်းပြသည်။ စစ်အစိုးရထိခိုက်သည့် ဒဏ်ခတ်မှုကို စီအာပီပီကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး မစ္စတာစတီဖင်ဘလိပ်ဘက်မှ ဆွေးနွေးခဲ့မှုများ နှင့် စပ်လျဉ်း၍ “သူတို့က sanction နဲ့ ပတ်သက်လို့ ပေါ်လစီနည်းနည်းပြောင်းချင်တယ်လို့ပြောတယ်။ အဓိကက အစိုးရကိုသာ ထိခိုက်စေမယ်။ နောက် အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေကိုသာ ထိခိုက်စေမယ်။ သာမန် ဆင်းရဲသား ပြည်သူတွေကို အကျိုးရှိမယ့် Sanction မျိုးလုပ်ခဲ့မယ်ဆိုရင် အဲဒါကို ဘယ်လိုသဘောထားလဲလို့ မေးတယ်။ ဆိုတော့ အန်ကယ်တို့က ဒီလိုဆိုရင်တော့ လက်ခံနိုင်တယ်လို့ပြောလိုက်တယ်” ဟု ဦးအေးသာအောင် က ပြောသည်။ အဆိုပါတွေ့ဆုံပသွဲို့ စီအာပီပီမှ ဦးအေးသာအောင်နှင့် အတူ ဦးနိုင်ငွေသိမ်း၊ ဦးနိုင်ထွန်းသိမ်းတို့ တက်ရောက်ခဲ့ကြ သော်လည်း ဦးပူကျင့်ရှင်းထန်မှာ ခရီးလွန်နေသဖြင့် မတက်ရောက်ခဲ့ကြောင်း သိရသည်။ “သုံးဦးပဲတက်တယ်ဆိုပေမယ့် တိုင်းရင်းသားပါတီတွေအနေနဲ့က အားလုံးဒီသဘောပဲ။ သဘောတူညီချက်က တသဘောတည်းပဲရှိတယ်။ ဖွဲ့ စည်းပုံကို ပြင်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ဆွေးနွေးရမယ်။ အဲလိုဟာတွေမလုပ်ဘူးဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲကိုမစဉ်းစားဘူး။ အားလုံးအတူတူပ။ဲ ဒီအချက်တွေကို တိုင်းရင်းသားပါတီတွေဘက်က ထုတ်ပြန်ပြီးပြီလေ” ဟု ဦးအေးသာအောင်က ဆိုသည်။

NEJ / မတ်လ(၂၆) ရက်၊ ၂၀၀၉ ရန်ကုန် ရွှေတောင်ကြားလမ်းတွင် နေထိုင်သည့် မဆလခေတ်ဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်မှူးကြီးစိန်ရ၏အိမ် ဖောက်ထငွ်းခံရပြီး ကျပ်ငွေ သိန်းရာပေါင်းများစွာ တန်ကြေးရှိ စိန်ထည်ပစ္စည်းများ ဆုံးရှုံးသွားကြောင်း ဗဟန်း ရဲစခန်းမှ အမည်မဖော်လိုသူ ရဲဝန်ထမ်းတဦးက ပြောသည်။ ၎င်းက “မတ်လ (၂၅) ရက်နေ့ညက ဖောက်ထငွ်းခံရတယ်။ ဒီနေ့မနက် (၂၆) ရက်နေ့ မိုးလင်းမှသိတော့ အိမ်ရှင်က လာတိုင်တော့ စခန်းက သွားပြီး စစ်ဆေးရတယ်။ စစ်ဒေသက အရာရှိကြီးတွေလည်း လာကြတယ်။ အမှုကို အမြန်ဆုံးဖော်ထုတ်ဖို့ စစ်ဒေသက စစ်အရာရှိကြီးက ကျနော်တို့ စခန်းမှူးကို အမိန့်ပေးသွားတယ်” ဟု ပြောသည်။ စစ်ဆေးချက်အရ အဲယားကွန်း တပ်ဆင်ထားသည့်နေရာမှ ဖောက်ထငွ်းဝင်ရောက်လာခြင်းဖြစ်ပြီး အိမ်ရှင်များ၏ တရားဝင် စာရင်းပေးချက်အရ (၄) ရတီ ရှိသည့် စိန်နားကပ်တရံအပါအဝင် အခြား စိန်ထည် (၁၇) မျိုး ခိုးယူခံရ ကြောင်း သိရသည်။ အဆိုပါစာရင်းသည် ရဲစခန်းကို ပေးသည့် စာရင်းသာဖြစ်ပြီး အခြား စာရင်းမပေးသည့် ငွေသား နှင့် ရတနာပစ္စည်းများလည်း ပါဝင်နိုင်ကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။ ယခု စာရင်းအရ ဖောက်ထငွ်းခိုးယူခံရသည့် ပစ္စည်းများ မည်မျှတန်ကြေးရှိနိုင်သလဲ ဆိုပြီး ဗိုလ်ချုပ်ဈေးအတွင်းမှ စိန်အရောင်းဆိုင်တဆိုင်ကို စုံစမ်းရာ ၎င်းတို့ဆိုင်သို့ ယခု နေ့ခင်းပိုင်းကပဲ ရဲမှုခင်းသတင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်စုံစမ်းသွားသည့်အတွက် ခိုးယူခံရသည့် ပစ္စည်း (၁၇) မျိုးစာရင်းကို ၎င်းတို့လည်း ဖတ်ရကြောင်း၊ စိန်နားကပ်တရံတည်းကို ပျမ်းမျှ ကျပ် သိန်း (၂ဝဝ) ဝန်းကျင်ခန့် တန်ကြေးရြှိ ပီး အခြား ရတနာပစ္စည်းများမှာမူ တန်ဖိုးမှန်းဆရန် ခက်ခေဲ ကြာင်း၊

ဖတ်ရကြောင်း၊ စိန်နားကပ်တရံတည်းကို ပျမ်းမျှ ကျပ် သိန်း (၂ဝဝ) ဝန်းကျင်ခန့် တန်ကြေးရှိပြီး အခြား ရတနာပစ္စည်းများမှာမူ တန်ဖိုးမှန်းဆရန် ခက်ခေဲ ကြာင်း၊ ရဲများက အကယ်၍ စာရင်းပါ စိန်ထည်များကို လာရောက်ရောင်းချသူ ရှိပါက ဆိုင်ထဲတငွ်

အချိန်ဆွဲထားပြီး ၎င်းတို့ထံ အမြန် တယ်လီဖုန်းဆက် အကြောင်းကြားရန် မှာကြားထားကြောင်း ပြောသည်။ အဆိုပါ သတင်း ရန်ကုန်မြို့ပေါ်မှ ရတနာကုန်သည်ကြီး တချို့ထံ ပေါက်ကြားသွားရာ ၎င်းတို့က ယခုအခါ ရန်ကုန်တငွ် ရာဇဝတ်မှု ပေါများလာခြင်းသည် မြို့စွန်၊ မြို့ဆင်ခြေဖုံး၊ မြို့လယ် သာမက ယခင် ခေတ်အဆက်ဆက် အေးချမ်းသည်ဟု ယူဆရသည့် ဗဟန်းရွှေတောင်ကြားလမ်းပင် စိတ်မချရသည့်အနေအထား ရောက်နေပြီဖြစ် ကြောင်း ဝေဖန်ကြသည်။ ယခင်အာဏာရှင်ဟောင်း ဦးနေဝင်း အပါအဝင် မဆလခေတ် အာဏာပိုင်များသည် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ဖြစ်အောင် လုပ်ခြဲ့ ကသော်လည်း ၎င်းတို့ တဦးချင်းမှာမူ နိုင်ငံတော်မှ ခိုးယူထားသည့် ဥစ္စာဓနတို့ဖြင့် ကြွယ်ဝချမ်းသာသူများ ဖြစ်ခဲ့ကြသည်။ ကြွယ်ဝချမ်းသာသည့် မဆလခေတ် အရာရှိကြီးအချို့မှာမူ ငွေကြေးအခိုးခံရ၍ ဖြစ်စေ၊ ငွေကြေးမြောက်မြားစွာ လိမ်လည်ခံရ၍ဖြစ်စေ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုကြဘဲ သက်ဆိုင်ရာ အာဏာပိုင်များနှင့်သာ ကြိတ်ပြီး ဖြေရှင်းလေ့ရှိကြောင်း သိရသည်။

NEJ / မတ်လ(၂၆) ရက်၊ ၂၀၀၉ ကမ္ဘာသုံး ငွေကြေးတမျိုးရှာဖွေကြရန် တရုတ်ကတောင်းဆိုလိုက်သည့်အတွက် အမေရိကန်ဒေါ်လာ အကျပ်အ တည်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ငွေကြေးအကျပ်အတည်းနှင့် ပတ်သက်ပြီး ဧပြီလ (၁) ရက်နှင့် (၂) ရက် လန်ဒန်တငွ် ဆွေးနွေးမည့် ဂျီ (၂၀) ထိပ်သီးနိုင်ငံများ အစည်းအဝေးမတိုင်ခင် တရုတ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာငွေကြေးများကို ကိုယ်စားပြုမည့် ကမ္ဘာသုံးငွေကြေးကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ကြီး ထိန်းချုပ်ထားရမည်။ သို့မှသာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်ငွေကြေးတည်ငြိမ်မှု ရမည်ဟု တရုတ်က ထောက်ပြသည်။ အမေရိကန်ဒေါ်လာကို အစားထိုးမည့် ကမ္ဘာသုံး ငွေကြေးစနစ်တမျိုးရှာဖွေကြရန် တရုတ် ဗဟိုဘဏ်ဥက္ကဋ္ဌက တိုက်တွန်ခြင်းဖြစ်သော်လည်း ထိုတောင်းဆိုချက်ကို အမေရိကန်နှင့် အီးယူက ပယ်ချလိုက်သည်။ အမေရိကန်ဒေါ်လာ ဘီလီယံ (၁,၀၀၀) ဖိုးရှိ အမေရိကန်ဒေါ်လာ ငွေကြေးစာချုပ်များကို တရုတ်က ပိုက်မိလျက် သားဖြစ်နေသည့်အတွက် ဒေါ်လာကို စိတ်မချသည့် တရုတ်က ဒေါ်လာစနစ်ကို အစားထိုးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာသည် ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာသုံး ငွေကြေးဖြစ်ခဲ့သည်။ အစိုးရအတော်များများ မိမိတို့နိုင်ငံ၏ အရန်ငွေ အများအပြားကို ဒေါ်လာနှင့် ထားကြသည်။ ရေနံစိမ်းနှင့် အခြားကုန်စည်များကို ဒေါ်လာနှင့်သာ တန်ဖိုးဖြတ်ကြသည်။ ကမ္ဘာတ၀ှမ်း စီးပွားရေးလုပ်ငန်းများကို ဒေါ်လာနှင့်

အရောင်းအ၀ယ်လုပ်ကြသည်။ သို့သော် အမေရိကန်စီးပွားရေးကြောင့် ကမ္ဘာ့နိုင်ငံအများအပြား မည်မျှထိခိုက်နိုင်သနည်းဆိုသည်ကို လက်ရှိ ငွေကြေးစီးပွားကပ်က ဖော်ပြနေသည်။ အမေရိကန်သမ္မတ အိုဘားမားကမူ တရုတ်၏ တောင်းဆိုချက်ကို မလိုအပ်ဟု ယူဆသည်။ “ကမ္ဘာသုံးငွေကြေး တမျိုးလိုအပ်တယ်လို့ ကျနော်မယုံကြည်ပါဘူး။ လောလောဆည် ဒေါ်လာတန်ဖိုးမာနေတာဟာ အမေရိကန် စီးပွားရေးဟာ ကမ္ဘာ့အတည်ငြိမ်ဆုံး နိုင်ငံရေးစနစ်နအဲ တူ အခိုင်မာဆုံးစီးပွားရေးလို့ ရင်းနှီးမြှုပ်နှံသူတွေ သဘောထားနေတဲ့အချက်ကြောင့် ဖြစ်တယ်” ဟု ပြောသည်။

NEJ / မတ်လ(၂၆) ရက်၊ ၂၀၀၉ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများ ယနေ့နေ့လယ်ပိုင်းမှစ၍ ထိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ဝိုင်းကြတော့မည်ဖြစ်ပြီး ၀န်ကြီးချုပ်အာဘီဆစ် မပြုတ်မချင်း ရက်ရှည်ဆန္ဒပြကြမည် ဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင်ပိုင်းက ပြောသည်။ ဆန္ဒပြပွေဲ ခါင်းဆောင်များ၏ပြောဆိုချက်အရ ဆန္ဒပြသူ (၃၀,၀၀၀) ကျော်ရှိမည်ဟု မှန်းထားပြီး ဆန္ဒပြပွဲကို ထိန်းရန်အတွက် သောင်းနှင့်ချီသည့် ရဲများကိုလည်း ချထားမည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် ရှေ့ပြေးဆန္ဒပြသူအဖွဲ့ (၁၅,၀၀၀) ကျော် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ရောက်လာပြီဖြစ်သည်။

ဆန္ဒပြသူများ အဓိကတောင်းဆိုသည့်အချက်မှာ နိုင်ငံခြားရေးဝန်ကြီး ကာဆစ်သည် ပီအေဒီအဖွဲ့ ၀င်ဖြစ်နေသည့် အတွက် ၎င်းအား ရာထူးမှ ထုတ်ပယ်ရန်၊ ပါလီမန်ကို ဖျက်သိမ်းပေးရန်နှင့် ပီအေဒီခေါင်းဆောင်များကို အရေးယူရန် တို့ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ရုံးတ၀ိုက်တငွ် လုံခြုံရေးများ ထူထပ်စွာချထားသည်။ ဆန္ဒပြသူများအား ထိန်းမရပါက အမိနေ့် ပးရန် ၀န်ကြီးချုပ် အာဘီဆစ်က တာဝန်ပေးထားကြောင်း ဒု-၀န်ကြီးချုပ် ဆူထက်က ပြောသည်။ ယနေ့ည (၇) နာရီတငွ် ပြည်ပရောက် တပ်ဆင်က ဆန္ဒပြသူများအား ဗီဒီယိုအဆက်အသွယ်လုပ်ပြီး စကားပြောမည်ဟု သိရသည်။

မတ်လ(၂၆) ရက်၊ ၂၀၀၉

မြန်မာမှုတရပ်ကို ထုတ်ဖော်တင်ပြသည့်အနေဖြင့် ရှေးမြန်မာမင်း များ လက်ထက်အခါက ဘွဲ့ တံဆိပ် အမည်ပေးပုံတို့ကို ယခုပြည်ထောင်စုခေတ်တင်ွပေးသော လွတ်လပ်ရေးဘွဲ့တံဆိပ် များနှင့် နှိုင်းယှဉ်ပြီးလျှင် ဖော်ပြလာခဲ့သည်မှာ ဆောင်းပါး (၂) ပတ်ပင်ရှိသွားပေပြီ။ ယခုအပတ်တင်ွကား ထိုဆောင်းပါးများ၏ နောက် ဆက်တအွဲ နေဖြင့် ယခုခေတ်တိုင်အောင် ခေတ်စားဆဲဖြစ် သော “ဝန်မင်း” ဟူသောဝေါဟာရကို စိစစ်ဝေဖန်၍ တင်ပြလိုပေ သည်။ ဝန်ဟူသည်ကား… ဝန်မင်းဟူသော မြန်မာဘာသာ ဝေါဟာရဖြစ်ပေါ်လာပုံကို ဝေါဟာရလိနတ္တ ဒီပဏီကျမ်းပြုဆရာက ဤသို့ကြံဆ၍တင်ပြခဲ့ ပေသည်။ ပေတဝတ္ထုအဋ္ဌကထာတွင် ရဇ္ဇဘာရုံ၊ ပြည်၏ဝန်ကို၊ အမစ္စေသု၊ အမတ်တို့နှိုက်၊ အာရောပေတွာ၊ တင်ထားခဲ့၍၊ မဝလုဒ္ဒပဒေသေန၊ မုဆိုး၏နည်းဖြင့်၊ သန္နဒ္ဓဓနုကလာပေါ၊ ဝတ်ဆင်အပ်သော ချပ်လေး-မြား-တောင့် ရှိသည်ဖြစ်၍ ခဂ္ဂ၊ ဥန်လျက်ကို၊ ဗန္ဓိတွာ ဖွဲ့၍ဟု ဗရာဏသီမင်းကြီးဟိမဝန္တာသို့ ဝင်သောအခါ မှူးမတ်တို့အား ဝန်ပြု၍ အပ်ထားခဲ့ကြောင်းဆိုသည်။ ၅၅ဝ နိပါတ်၊ ဘလ္လတိယဇာတ် စသည်များမှာလည်း ထိုနည်းတူဆိုသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူခါနီးတွင် သိကြားမင်းအား သီဟိုဠ်ကျွန်းကို စောင့်မကြည့်ရှုရမည်အပ်၍ သိကြားမင်းလည်း ဥပ္ပလပတ္တနတ်သားကို ဝန်ပြု၍စောင့်ရှောက်စေကြောင်းကို မဟာဝန်ကျမ်း။ မဏိကုဏ္ဍလ ဝတ္ထုများတွင်ဆိုသည်။ မြန်မာဘာသာမှာ ဘာရ သဒ္ဒါအနက်ကိုယူ၍ ဝန်မင်း ခေါ်ဝေါ်ကြသည်ဟု ယူသင့်သည်။ အဓိပ္ပာယ်မှာ တိုင်းရေးပြည်မှု တခုခုလစ်ဟင်းယိုယငွ်းလျှင် ထိုအမတ်၏ တာဝန်ဖြစ်သည်ကို အစွဲပြု၍။ ဝ-အက္ခရာ န-သတ်နှင့် ဝန်ဖြစ်သည်။ တာ သဒ္ဒါကားစောင့်ရှောက်ခြင်းအနက်ရသည်ဟူ၍ ဆိုထားပါသည်။ ယခုအခါ ဝန်ကြီးဆိုသူများ တိုင်းပြည်၏ဝန်ကို အသီးသီးခွေဲ ဝ၍ တာဝန်ယူဆောင်ရွက်နေသည်များနှင့် ထပ်မိပေ သည်။ ယင်းသို့လည်း တိုင်းပြည်လူထုက သဘောပိုက်လျက်ရှိကြပေရာ တိုင်းရေး ပြည်မှု တခုခု လစ်ဟင်း ယိုယငွ်း လျှင် ယွင်းယိုသည့်အလျောက် ဆိုင်ရာတာဝန်ခံလူကြီးများမှာ ခေါင်းကြိမ်းလုမတတ် ပြစ်တင်ဝေဖန်ခြင်းကို ခံရတတ်ပေသည်။ ပြည်သူလူထုတကယ် မျက်စိပငွ့်သော

ပြည်ဖြစ်ဘိမူကား။ ထိုဝန်ကြီးမှာ ဝန်ကြီးရာထူးမှ နုတ်ထွက်ပေးရတတ်၍ ပေးနိုင်အောင်လည်း ပြည်သူ့လက်ဝယ် တန်ခိုးအာဏာ ရှိနေကြပေသည်။ စင်စစ်ဝန်ကြီးဆိုသူများမှာ ပြည်သူလူထု၏မဲဆန္ဒဖြင့် အစိုးရအဖွဲ့တငွ် ဝင်ရောက်ပြီးနောက် ပြည်သူ့ကိုယ်စား တိုင်းပြည်တာဝန် ထမ်းဆောင် နေသူ တစ်ယောက်မျှသာဖြစ်၍ တာဝန်ကျေလျှင် ကျေပွန်သည့်အလျောက် ဝန်ကြီးနေရာတွင် တည်မြဲနေနိုင် ပေသည်။ ရှေးပဒေသရာဇ်ခေတ်ကမူကား တိုင်းပြည်လူထုဆန္ဒနှင့် ဟပ်ရသည်မျိုးမဟုတ်ဘ။ဲ မျိုးရိုးဂုဏ်အင်အလိုက် ဘုရင်များ ချီးမြှင့်ရာဖြစ်ကြရ၍ ယင်းဝန်ကြီးများ ဝန်ကြီးဘဝ တည်မြဲမှု မတည်မြဲမှုသည် တိုင်းပြည်တာဝန်ကို ကျေပွန်စွာဆောင်ရွက်မှု မဆောင်ရွက်မှုထက် ဘုရင့်အလိုတော်ကျမှု မကျမှုအပေါ်တွင် တည်နေသည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်ရသည်မှာ သူ၏ကိုယ်စား ပြရသူသည် ပြည်သူလူထုမဟုတ်ဘဲ ဘုရင်ဖြစ်နေသောကြောင့် ပေတည်း။ မည်သို့ပင်ဖြစ်စေကာမူ ဝန်ကြီးဆိုသူသည် ဝန်ဟူသောအမည်ပညတ် ချက်နှင့်အညီ တိုင်းရေးပြည်မှု တို့ကို သူ့ခေတ်နှင့်အညီ တာဝန်ယူဆောင်ရွက်နေရသူများသာ ဖြစ်ကြပေသည်။ အောက်ပါမင်းကြီးစကားမှာ မဃဒေဝလင်္ကာသစ် အမစ္စောဝါဒခန်း ပုဒ်ရေ (၄၇၃) မှ ကောက်နုတ်ချက်ဖြစ်၍ ရှေးပဒေသရာဇ်ခေတ်က ဝန်ဆိုသူများ၏တာဝန်နှင့် ဘုရင့်ပေါ်ကိုယ်စားပြုနေရပုံတို့ကို တင်ပြထားသလို ရှိနေပေသည်။ ယင်းသည်ကား “ရွှေသားစလွယ်၊ ရာကြီးငယ်တိ၊ သုံးသွယ်ခြောက်သယွ်၊ ကိုးသွယ်ဆယ့်နှင့်၊ ဂုဏ်ရည်စစ်၍ သင်းကျစ်ဘွဲ့ မည်၊ ထီးစည်ကျိုင်းချက်၊ ဆောင်အယွက်နှင့်၊ လွှတ်တင်ရုံးတိုင် ရွှေကွန်းပိုင်က၊ နိုင်ငံပြည်ရေး၊ စုရေးငန်းရပ်၊ ငါဝန်အပ်တိုင်း၊ မလပ်ဆော်ဘန်၊ ကိုယ့်တာဝန်ကို၊ မလွန်စေမှု၊ လုံ့လပြု၍ မျှော်ရှုပညာ ဆောင်တက်စွာတည့်၊ လိမ္မာတတ်ပွန်၊ အိုမတ်ဝန်တို့” ဖြစ်ပေသတည်း။ ဝန်အစ “ထိုဝန်ဟူသော မြန်မာဘာသာဝေါဟာရကား မင်းတရားရွှေထီးလက်ထက် သက္ကရာဇ် ၉ဝ၂ ခုတငွ် မုတ္တမမြို့စား ဒေါဗညားကို လုပ်ကြံသည့်ကာလ သမိန်ပရူသင့်အောင် စီရင်လေအမိန့်တော်ရှိ၍ လှေတပ်ကို ဝန်ချုပ်ခံ့တော်မူ လေသည်ဟု ဆိုလေသည်။ ထိုကစ၍ ဝန်ခန့်ရိုးတွင်သည်။ ရာဇဝင်များတွင် သည့်အလျင် ဝန်ဟူသောစကားကို မတွေ့ဖူးချေ။ သည်တငွ် ဝန်အစဟု မှတ်ရမည်” ဟု ဝေါဟာရလိနတ္တ ဒီပဏီဆရာ မိန့်ဆိုထားခဲ့ရာကား “ဝန်အစ မင်းတရာရွှေထီးလက်ထက်က” ဟု အမှတ်အသား ပြုထားသင့်ပေတော့သည်။ ယင်းသို့ မင်းတရားရွှေထီးလက်ထက်တငွ် လှေတပ်ကို ဝန်ချုပ်ခန့်ရာမှစ၍ နောင်အခါတွင် လွှတ်တော်တက်၍ တိုင်းရေးပြည်မှုတာဝန်ကို ထမ်းဆောင်ရသည်အထိ အဆင့်အတန်းမြင့်ခဲ့ပေသည်။ ပုဂံပြည်တငွ် ဇေယသိင်္ခမင်း ဖြစ်သောအခါ နောင်တော်လေးပါးကို ပြည်ထေဲ ရးရာမှုခင်းများ စီရင်စေရန် ခွင့်လွှတခ့် ဖဲူးသည့် ထုံးစံကြောင့် ပေလော မသိရ။ လွှတ်တော်ဝန်ကြီးမှာ (၄) ပါးမျှသာခန့်ထားရိုးဖြစ်၍ ယင်းဝန်ကြီးလေးပါးတည်းနှင့်ပင် တိုင်းရေး ပြည်မှုတို့ကို နိုင်နိုင်နင်းနင်းအုပ်ချုပ်စီမံသွားနိုင်ကြပေသည်။ မင်းတုန်းမင်းလက်ထက်တော်တငွ် လွှတ်တော်ဝန်ကြီးလေးပါးမှာ ပခန်းမင်းကြီး၊ လောင်းရှေမင်းကြီး၊ ခန်းပက်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ ဖြစ်ကြပေသည်။ ထိုမင်းကြီးလေးပါးတို့တင်ွလည်း ပခန်းမင်းကြီးမှာ လေနာရောဂါရှိ၍ လောင်းရှေမင်းကြီးမှာ မြင်ကွန်းအရေးတော်ပုံတငွ် ဓားထိခံရသောကြောင့် မသန်မစွမ်း ရှိနေခြင်းနှင့် ခန်းပတ်မင်းကြီးမှာလည်း နားလေးနေသောကြောင့် ကျန်းမာသန်စွမ်းသော ရေနံချောင်းမင်းကြီး တပါးတည်းနှင့် တိုင်းရေးပြည်မှုတို့ကို ထမ်းဆောင်နိုင်ပါမည်လားဟု စာမစပ်ဘဲ မနေနိုင်သော နိုင်ငံကျော် ဗန်းမော်ဆရာတော်ဘုရားက…

“ပခန်းမှာ (လေ)၊ လောင်းရှေမှာ(ထား)၊ ခန်းပတ်မှာ(နား)။ ။ ရေနံတတိုင်ချင်းနှင့် လင်းပမလား” ဟု စာချိုးပြီးလျှင် နန်းတော်ထဲတငွ် စာပစ်ခဲ့သောဟူ၏။ ဤသည်ဖြင့်လည်း ဝန်ကြီးဆိုသူ တဦး၏တာဝန်သည် မည်မျှကြီးလေး၍ ထိုတာဝန် မကျေပွန်ပါကလည်း အသက်ဦးဆံပိုင်သော ပဒေသရာဇ်ခေတ်က ဖြစ်စေကာမူ တတ်နိုင်သလို ဝေဖန်ခဲ့ ဖူးကြောင်း သာဓကတခုပင် ဖြစ်တော့သည်။ တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည့် တာဝန်ခံ ဝန်ကြီး တဦးသည် တိုင်းပြည်အား သူ့ကြောင့် ဝန်မတက်စေသင့်သည်မှာ ပဒေသရာဇ်ခေတ်ဟောင်းမှာပင်ဖြစ်ဖြစ်၊ ပြည်သူ့ ဒီမိုကရေစီ ခေတ်သစ်မှာပင်ဖြစ်ဖြစ် လက်ခံထားရမည်ဖြစ်ပေသတည်း။ ဝန်ထောက် ဤတွင် ဝန်မင်းဟူသော ဝေါဟာရနှင့်ဆက်သွယ်ပြီး “ဝန်ထောက်” ဟူသော စကားလုံးလည်း အတော်ပင် တွင်ကျယ်ခေတ်စားလျက် ရှိနေပေသည်။ ထိုဝန်ထောက်ဟူသော ဝေါဟာရကို ယခုခေတ်တငွ် အများသူငါ နားလည်နေကြသည်မှာကား ဝန်ကြီးများလက်အောက်က လက်ထောက်အရာရှိဖြစ်၍ ဝန်ကြီးများကို ကူညီရသူ အဖြစ်ဖြင့် သိနားလည်နေကြပေသည်။ ယင်းသဘောအတိုင်း ရှေးခေတ်ဝန်ထောက် ဆိုသူများ၏ တာဝန်ကို အတိအကျ သတ်မှတ်ထားသည်ကို အမိန့်တော်မှတ်တမ်းများတွင် တွေ့ရှိရဖူးလေသည်။ သက္ကရာဇ် ၁၂၁၆ ခု၊ ဝါခေါင်လပြည့်ကျော် (၅) ရက်နေ့ နားခံမင်းထင်ရာဇသီဟသူတငွ် ပြန်သည့် အမိန့်တော်တခု တွင် “ဝန်ထောက်တို့သည် ဝန်တို့မေ့ကျန်သည်ကို ထောက်မလျှောက်ထားစေမည်။ ခန့်တော်မူသည်ဖြစ်လျက် မထောက်မ-မ၊ မလျှောက်ထားသောကြောင့် နိုင်ငံတော်အတွင်း အရပ်ရပ် အမှုထမ်း လူတို့ကို သားတိုးမြေးပွားနှင့် တကွ စာရင်းကောက်၍ ပြည်သူဆင်းရဲသားတို့ ဆင်းရဲပင်ပန်း ရှိကြောင်းကို ကြားသိတော်မူရသည်။ ဝန်ထောက်တို့ ကို နေလှန်းရာဇဝတ်စီရင်” ဟူ၍ ပါရှိသည်ကို ထောက်သော် ဝန်ထောက်ဆိုသူများ၏ တာဝန်မှာ လက်ထောက် အနေမျှသာမဟုတ်ဘဲ ကြီးလေးသော တာဝန်များကိုပင် ထမ်းဆောင်နေသူဟု နားလည်နိုင်ကြပေသည်။ ထိုဝန်ထောက်ဟူသော ဝေါဟာရ၏ အဖွင့်ဋီကာနှင့်တူသော ဝန်ထောက်ခန့်အမိန့်တော်ပြန်တမ်းတစောင်ကို ဖော်ပြလိုပေသေးသည်။ ယင်းဝန်ထောက်ခန့် အမိန့်တော်ပြန်တမ်းဖြစ်၍ စစ်မဖြစ်မီခေတ်က ပုရပိုက်မူမှတဆင့် ကူးယူရရှိသည့်အတိုင်း ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ဝန်ထောက်ခန့်ပြန်တမ်း ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့အသျှင်။ ဆဒ္ဒန်ဆင်မင်းသခင်ဖြူများရှင်၊ လက်နက်စကြာသခင်၊ အသျှင်ဘဝရှင်မင်းတရားကြီး အမိန့်တော်ရှိသည်။ မိုင်းထားမြို့စား မင်းကြီးမင်းလှ မဟာမင်းကျော်ကို ဝန်ထောက် ခန့်တော်မူသည်။ သို့ခန့်တော်မူကြောင်းလည်း မိုင်းထားမြို့စား မင်းကြီး မင်းလှမဟာမင်းကျော်သည် ကျေးဇူးသစ္စာတော်နှစ်ပါးကို စောင့်သိရိုသေစွာ အမှုတော်ကို ဖြောင့်ဖြောင့်ရိုးရိုးကြိုးစားအားထုတ် ထမ်းရွက်မည့်သူ ယုံမှတ်သနားတော်မူသည် ကျွန်တော်မျိုးဖြစ်သောကြောင့် ဝန်တို့ကို ထောက်မ လှုံ့ဆော်စိမ့်မည် ဝန်ထောက်ခန့်တော်မူသည်။ ဝန်ထောက်ဆိုသည့်အလျောက် ငါအရှင်ဧကရာဇ် မင်းမြတ်ဖို့တငွ် ဝန်တို့သည် ပြည်ရေးရွာမှုမှစ၍ ခပ်သိမ်းသော စီရင်ဘွယ်

စီရင်ခင်းအလုံးစုံတို့ကို မလစ်မဟင်းရအောင် ရှေ့နောက်မြော် ထောက်၍ ခန့်ထားစီရင်ရန် အလွန်ကျယ် ဝန်းလှလေသည်။ ထိုသို့ကျယ်ဝန်းလျှင်လည်း ရံဖန်ရံခါမေ့ကျန်သည့်အရာ မေ့ကျန်လေ့ တန်ရာသည်။ ဝန်တို့စီရင်ခန့်ထားသည့် အရာများတွင် မေ့ကျန်သည့်အရာရှိလျှင် သတိရှိသည်အတိုင်း သည်အရာမှာ မည်သို့အစီရင်ခံရာတွင် မည်သို့စီရင်၍ရှသိ ည်။ သည်အချက် မှူးမတ်တို့ ရှိခိုးသံတော်ဦးတင်ရာတွင် အမိန့်တော် ဗျာဒိတ်တော်အတိုင်း စီရင်ပြန်ဆိုမှာထား၍ရှိသည်။ ပြသ၍အစီရင်ခံ၊ လွှတ်တော် ရုံးတော်သည် ကျွန်တော်မျိုး ဆင်းရဲသားတို့၏ ကိုးကွယ်ရာဖြစ်သောကြောင့် တယောက်ကိုတယောက် ညှဉ်းပန်းနှိပ်စက်သည်အမှုမှစ၍ ခပ်သိမ်းသော အမှုအကြောင်းအရာရှိလျှင် လွှတ်တော်မှာ အစီရင်ခံ။ အမှုအရပ်ရပ်နိုင်ငံတော် မြို့ပြကျေးရွာ အနီးအဝေးများက အစီရင်ခံရောက်သည်များမှာလည်း မထွေးမယှက်အစီရင်ခံသင့်သည့်အရာ၊ ရွှေနားတော် မြတ်ကြား ဆက်သငွ်းသင့်သည့်အရာများကို စေ့စေ့ငင ထောက်ရှုမေးမြန်း၍ စစ်ကြောထွက်ဆိုချက်နှင့် စကားအရကို ထောက်၍ လှုံ့ဆော်ရမည်။ မင်းညီမင်းသား မှူးတော်မတ်တော်မှစ၍ အမှုထမ်းကျွန်တော်မျိုး အပေါင်းတို့မှာ အမှုတော်ကို ညည့်နေကြိုးစားအားထုတ် မပြတ်မလပ်ထမ်းရွက်၍ အသနားတော်မခံရ၊ ကြွင်းကျန်သည့် အရာရှိလျှင်လည်း မည်သူမည်သို့ အမှုတော်ကို ထမ်းရွက်ရည်ရှိသည် အချက်များကို ဝန်တို့ကိုပြောကြား၍ အစီရင်အလုံးစုံ စီရင်ဘွယ် စီရင်ခင်းရှိသမျှကို ဓမ္မဝတ်၊ ရာဇဝတ်၊ လောကဝတ်ကို ကျွမ်းသိနားလည်သည်နှင့်အညီ မပြတ်မလပ်လှုံ့ဆော်စီရင်။ ၁၂၄၃ ခုနှောင်းတန်ခူးလဆန်း (၆) ရက်နေ့ သစ္စာတော်ခံသောက်သည်။ (လူထုဂျာနယ် မတ်လ၊ ၁၉၅၄ အမှတ် (၄၇) ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား အင်တာဗျူး ကိုဝိုင်း

ကြာသပတေးနေ့၊ မတ်လ 26 2009 19:35 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ ယနေ့ မြန်မာ့တပ်မတော်သည် တပ်မတော် ဖခင်ကြီးဟု ခေါ်ဝေါ်ဂုဏ်ပြုခြင်း ခံခဲ့ရသူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့်

“ပြည်သူ့အကျိုးပြု၊ ပြည်သူ့အကျိုးဆောင်” တပ်မတော်မဟုတ်ဘဲ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည့် တပ်မတော်သာ ဖြစ်နေကြောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက မဇ္ဈိမကို ယနေ့ ပြောသည်။ တပ်မတော်သည် အနာဂတ်မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် လက်ရှိ တပ်မတော် အကြီးအကဲများ၏ အကြံအစည်ကိုလည်း သူက သဘောမတူကြောင်း ပြောဆိုသည်။ မနက်ဖြန်ကျရောက်မည့် ၂ဝဝ၉ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သဖြင့်၊ ယနေ့ခေတ် လူငယ်လူရယ်ွများ ဖက်ဆစ်တော်လှန်ရေးနေ့ ပေါ်ပေါက်လာပုံကို တစေ့တစောင်း လေ့လာသိရှိနိုင်စေရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောထံ ဆက်သွယ်မေးမြန်းရာတွင် သူက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၇ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူများ ညီညတ်ွစွာ လက်တ၍ွဲ ဖက်ဆစ်ဂျပန်တို့အား စစ်ကြေညာခဲ့သည့် သမိုင်းဝင် နေ့တနေ့ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်ကမူ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ကာ စစ်အင်အားစု ပြရုပ်အဖြစ် ဆင်ယင်ကျင်းပလေ့ရှိခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းနှင့် ပတ်သက်၍လည်းကောင်း၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို မည်သို့သော ရည်ရယ်ွချက်များဖြင့် ထူထောင်ခဲ့သည်ကိုလည်းကောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ပြောဆိုချက်များကို တင်ပြလိုက်ပါသည်။ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ ရက်ကို မတ်လ ၂၇ ရက်နေ့အဖြစ် သတ်မှတ်ရပုံ အဖြစ်အပျက်တွေကို ဒီနေ့ခေတ် လူငယ် လူရွယ်တွေ သိရအောင် ပြန်ပြောပြပေးပါလားခင်ဗျာ။ ဂျပန်ကိုတော်လှန်ဖို့ ဖွဲ့ထားတဲ့ တော်လှန်ရေးကောင်စီက ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ဖို့၊ ရက်သတ်မှတ်ဖို့ တာဝန်ပေးထားလို့ ဗိုလ်ချုပ်က အားလုံး အဆင်သင့်ဖြစ်မယ့် ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်နေ့၊ ည ၇ နာရီကို သတ်မှတ်ထားပါတယ်။ အဲဒီအတောအတွင်းမှာပဲ စစ်ရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တချို့တပ်မှူးတွေက မိမိတို့ရဲ့ အိမ်ထောင်တွေကို ဟိုပို့ ဒီပို့၊ ဟိုရွှေ့ ဒီရွှေ့တွေ လုပ်လာပါတယ်။ ဒီတော့ ရန်ကုန်မြို့နဲ့ ပဲခူးမြို့ လူထုအတွင်းမှာ ဗမာ့တပ်မတော်က ဂျပန်တွေကို တော်လှန်တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းအစအနတွေ ထွက်လာပါတယ်။ အဲဒီသတင်းကို ကျနော်တို့တတွေရတော့ တိုင်း ၄ စစ်ကော်မတီ အစည်းအဝေးကို ချက်ချင်း ခေါ်ယူလိုက်ပါတယ်။ အဲဒီသူတွေကတော့ သခင်ချစ်၊ ဗိုလ်သိန်းတင်၊ ဗိုလ်ဗတင်၊ ဗိုလ်အောင်ရွှေ (ယခု NLD ဥက္ကဋ္ဌ) နဲ့ ကျနော်တို့ ဖြစ်ကြပါတယ်။ အဲဒီ အစည်းအဝေးက တော်လှန်မယ့်ရက် ဧပြီ ၂ ရက်မတိုင်ခင် သတင်းပေါက်ကြားနိုင်တယ်လို့ ယူဆပြီး၊ သတင်းပေါက်ရင် ဂျပန်က လက်ဦးမှုရသွားရင် ဂျပန်တော်လှန်ရေးကြီး တခုလုံး ထိခိုက်သွားမှာကို စိုးရိမ်မိကြပါတယ်။ ဒီလို သတင်းပေါက်ကြားရင် ဂျပန်တွေက ဗမာ့တပ်မတော် စစ်ရေးခေါင်းဆောင်တွေကို ချက်ချင်း ဖမ်းတာ၊ ဗမာတပ်တွေကို လက်နက်ဖြုတ်တာတွေ လုပ်နိုင်ပါတယ်။ ဂျပန်ရဲ့ သေနင်္ဂဗျူဟာ အရန်တပ်ဖွဲ့ဟာလည်း ရန်ကုန်နားက “အင်းတိုင်” မှာ တပ်စွဲထားလို့ ပဋ္ဌမဆုံးခံရမယ့် ဗမာ့တပ်တွေဟာ ရန်ကုန်၊ ပဲခူး တဝိုက်က ကျနော်တို့ တပ်ဖွဲ့ပဲ ဖြစ်ဖို့များပါတယ်။ ဒါကြောင့် တော်လှန်မယ့်ရက်ကို ဧပြီ ၂ ရက်ထက် စောပြီး ဗိုလ်ချုပ်နဲ့ ကျန်တပ်ဖွဲ့ အသီးသီးဆီ သတင်းအစောဆုံး ရောက်နိုင်တဲ့ရက် မတ်လ ၂၇ ရက်၊ ည ၇ နာရီမှာ စတင်ဖို့ ဆုံးဖြတ်ပြီး စစ်တိုင်း အသီးသီးဆီ ဆက်သားတွေ လွှတ်ပြီး ရက်အပြောင်းအရွှေ့ကို အကြောင်းကြားတာမှာ အားလုံး အချိန်မီ ရောက်သွားကြလို့ ဂျပန်တော်လှန်ရေးကြီးကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၊ ည ၇ နာရီမှာ တပြည်လုံးမှာ ကျနော်တို့က လက်ဦးမှု ရှိစွာနဲ့ အောင်မြင်စွာ စတင်ခြဲ့ ကပါတယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၊ ည ၇ နာရီအချိန်မှာ ကျနော်က ပဲခူးမြို့တွင်းက စစ်ရေးပြကွင်းအတွင်းမှာ တပ်အားလုံး တပ်ထွက်ဖို့ တန်းစီစုဝေးစေပြီး အခုအချိန်ကစလို့ ဗမာပြည်သူများနဲ့ ဗမာ့တပ်မတော် တရပ်လုံးက ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ကြပြီလို့ ကျနော်က ကြေညာပြီး ဗိုလ်ချုပ်ရဲ့ ဂျပန်စစ်တပ်အပေါ် စစ်ကြေညာစာတန်းကို ဖတ်ပြပါတယ်။ ပြီးနောက် နဂို ကြိုတင် စီစဉ်ထားတဲ့ နေရာဒေသအသီးသီးကို လူစုခွဲ ချီတက်ကြပါတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို စဖွဲ့ခဲ့တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုရှိပါသလဲခင်ဗျာ။ ၁၃ဝဝ ပြည့် ကျောင်းသားအရေးတော်ပုံကြီးကို နယ်ချဲ့အင်္ဂလိပ်တို့က အကြမ်းဖက် ဖြိုခွဲလိုက်ပြီးနောက် အဲဒီခေတ် ဗမာအမျိုးသားနိုင်ငံရေး ခေါင်းဆောင်များအကြား ဗမာ့လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ခိုက်မှ ရတော့မယ်ဆိုတာ သဘောပေါက်လာကြပါတယ်။ အဲဒီအတွက် ဗမာအမျိုးသား လက်နက်ကိုင်တပ် ထူထောင်ဖို့ ဗိုလ်ချုပ် အပါအဝင် ခေါင်းဆောင်များက စဉ်းစားပြီး၊ နိုင်ငံခြား အကူအညီရှာဖို့ ဗိုလ်ချုပ် ပြည်ပသို့ ထွက်ခဲ့တာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ထူထောင်စဉ်က ထားခဲ့တဲ့ သဘောထား ၄ ရပ်ရှိပါတယ်။ အဲဒါတွေကတော့ -

၁။ နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော် ၂။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော် ၃။ နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်နဲ့ ၄။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးလိုလားတဲ့ တပ်မတော် ဆိုတာတို့ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးရင်လည်း နိုင်ငံကို ကာကွယ်ဖို့အတွက် ခေတ်မီတဲ့ တပ်မတော်တရပ်ကို ထူထောင်နိုင်ဖို့ မျှော်မှန်းခဲ့ပါတယ်။ တိုင်းပြည်တပြည်မှာ တပ်မတော်တရပ်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အရေးကြီးပါသလဲ။ ဘာကြောင့် အရေးကြီးတယ်လို့ ယူဆပါသလဲ ခင်ဗျာ။ တိုင်းပြည်တိုင်းမှာ တပ်မတော်ဟာ ရှိရမှာပါ။ အဲဒီတပ်မတော်ဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တာဝန်ယူရမှာဖြစ်ပြီး ပြည်သူ့အကျိုးကိုလည်း သည်ပိုးဆောင်ရက်ွတဲ့ တပ်မတော်ဖြစ်ရပါမယ်။ အထက်မှာ ပြောထားတဲ့ သဘောထား ၄ ရပ်ဟာ ပြည်သူ့တပ်မတော်တရပ်ရဲ့ ကြန်အင်လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီကနေ့ စစ်အာဏာရှင် အဆက်ဆက်လက် လက်အောက်က တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းတည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ တူပါသလား။ ကွာခြားချက် တစုံတရာ ရှိပါသလားခင်ဗျာ။ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ အခု စစ်အာဏာရှင်စနစ်ကို ကာကွယ်နေတဲ့ တပ်မတော် ဘာကွာခြားသလဲဆိုတာကို တိုတိုနဲ့ ရှင်းရှင်းပြောရရင် ပြည်သူတွေပေါ်မှာ ထားတဲ့ သဘောထားမှာ ကွာခြားတာပါ။ ဗိုလ်ချုပ်ဟာ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က ဗမာပြည်သူတွေ လွတ်မြောက်ပြီး ချမ်းသာကြွယ်ဝအောင် လက်နက်ကိုင် တပ်မတော်ကို တည်ထောင်ခ့တဲာပါ။ ပြည်သူ့အကျိုးပြု၊ ပြည်သူ့အကျိုးဆောင် တပ်မတော်ဖြစ်ရေးကို ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးလည်း ပြိုကွသွဲားတဲ့အောက်မှာ ပြည်တငွ်းစစ်ကြီး ဖြစ်လာပါတယ်။ ဗိုလ်နေဝင်းဟာ ဒါကို အခွင့်ကောင်းယူပြီး တပ်မတော်ကို ပြည်တငွ်းစစ်ထဲ နှစ်မြှုပ်လိုက်ပြီး၊ တပ်ကို တလက်ကိုင် ကြေးစားတပ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပြီးတော့ စစ်အာဏာရှင်စနစ် တည်ထောင်လိုက်ပါတော့တယ်။ သူတို့ကတော့ ပြည်သူကို ရန်သူ သဘောထားပါတယ်။ ကျေးလက်ဒေသတွေ၊ လူမျိုးစုဒေသတွေမှာ ရက်စက်ရုံမက အခု မြို့ပေါ်က လူထုတွေကိုရော အခုနောက်ဆုံး သံဃာတော်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေကို တွေ့နေရပါပြီ။ အဲဒီလို ကွာခြားတာပါ။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတဲ့ အယူအဆအပေါ် ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်းက ပါဝင်မယ်ဆိုတာကို ကျနော် လုံးဝ သဘောမတူပါဘူး။ ဒါဟာ နအဖ စစ်တပ်က တိုင်းပြည်နဲ့ လူထု ဘာပဲဖြစ်နေနေ မိမိတို့ အာဏာ လက်မလွှတ်ရရေးဘဲ စဉ်းစားပြီး၊ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆက်အသက်ဆက်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်။ ကျနော်ဟာ တိုင်းပြည်ကို ဒီလောက် ဒုက္ခပေးနေတဲ့ ဒီစစ်အာဏာရှင်စနစ်ကို နည်းသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့သူပါ။ ဒီစနစ် မကျမဆုံးမချင်း ကျနော် အသက်ရှင်နေသရွေ့ ဆက်တိုက်သွားဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့်ရဲ့ သဘောထားပါ။

၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို့ အီးယူ အင်ဒိုနီးရှား သဘောတူ 26 March 2009 ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဖက်ဆီနို (PieroFassino) ဟာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် ၀ီရယုဒ (Hassan Wirajuda) နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လာမယ့်၂၀၁၀ ရွေးကောက်ပအွဲ ခြေအနေအလားအလာတွေအပေါ် အမြင်သဘောထားတွေ အပြန်အလှန် ဖလှယ်ခ့ပဲါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခငွ့်ရပြီး အများက ယုံကြည်လက်ခံကြဖို့အရေးကြီးတယ်လို့ နှစ်ဖက်စလုံးက လက်ခံဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာဖက်ဆီနိုတို့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး အကြောင်းအတော်များများကို မနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဆွေးနွေးခဲ့ရာမှာ ၂၀၁၀ ရွေးကောက်ပကွဲိစ္စဟာ အဓိကအကြောင်းရပ်တခု ဖြစ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ အခြေအနေအပေါ် အမြင်၊အင်ဒိုနီးရှားဘက်က အမြင်၊ ချဉ်းကပ်မှု စသဖြင့် နှစ်ဖက် အပြန်အလှန် ပြောဆိုဖလှယ်ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူ တာကူး ဖိုင်ဇာရှား(Teuku Faizashar) က ဗီအွိုအေကို ပြောပြပါတယ်။ “အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံပြဿနာတွေကို ဘယ်လိုမြင်တယ်၊ ဘယ်လိုမျိုးချဉ်းကပ်နေတယ် ဆိုတာတွေကို ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံအကြား ဆက်ဆံပြီး ပြောဆိုတာရော၊ အာဆီယံထဲမှာ အများနဲ့ပြောဆိုတာရော၊ ကုလသမဂ္ဂ ခေါင်းစဉ်အောက်မှာ ပြောတာရော ရှိပါတယ်။ မြန်မာနိုင်ငံနဲ့

ပတ်သက်ပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေးကိစ္စ တခုတည်းမှာတင် မဟုတ်ဘဲနဲ့ မြန်မာပြည်သူတွေရဲ့ စီးပွားရေးအကျပ်အတည်း၊ နာဂစ်မုန်တိုင်းနောက်ပိုင်း အခြေအနေ ဒါတွေအားလုံးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။” ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဖက်ဆီနိုဟာ အာဆီယံအတွင်း ထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့တာပါ။ ထိုင်းဟာ မြန်မာ့အိမ်နီးချင်းဖြစ်သလို မြန်မာနိုင်ငံက ပြဿနာတွေနဲ့ တိုက်ရိုက်ကြုံတွေ့နေရတာမို့ သူ့အမြင်ကို သွားရောက်နားထောင်တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးဖြေရှင်းမှုမှာ အာဆီယံထအဲ ရေးပါတဲ့ နိုင်ငံတခုဖြစ်တာမို့ သွားရောက်ခဲ့တာလို့ မစ္စတာဖက်ဆီနိုရဲ့ ပြောခွင့်ရသူမစ္စတာ အူဂို ပါပီ (Mr.Ugo Papi) က ပြောပါတယ်။ “အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံထဲမှာ မြန်မာ့အရေးပြဿနာကို ဖြေရှင်းလိုတဲ့နိုင်ငံဖြစ်သလို အာဆီယံထဲမှာလည်း အကြီးဆုံးနိုင်ငံဖြစ်တာကြောင့် အရေးပါပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အတွေ့အကြုံရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့အရေးကိစ္စကို ဖြေရှင်းဖို့ရာ အာဆီယံထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ စိတ်ဝင်စားစရာပါ။ ဒါကြောင့်လည်းကျနော်တို့ဘက်က အင်ဒိုနီးရှားနဲ့ အခုလို ဆက်ဆံတာပါ။” အခု အာဆီယံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံတငွ်း လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံတငွ်း ဒီမိုကရေစီဖြစ်ထွန်းရေး အခွင့်အလမ်းကောင်းတွေ ဘယ်လောက်ရှိလာနိုင်မလဲ လာရောက်လေ့လာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။မစ္စတာဖက်ဆီနိုအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ စစ်အစိုးရကို ခွင့်ပြုချက်တောင်းခဲ့တယ်လို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ လာမယ့်စစ်အစိုးရရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံမှုရှိတ့ပဲုံစံ ဖြစ်စေချင်တယ်ဆိုတာကို နားလည်မှုရခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူကပြောပါတယ်။ “ဒီရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ရှေ့နှစ်လုပ်မယ့် ရွေးကောက်ပွဲကို အားလုံးပါဝင်နိုင်တဲ့ အခြေအနေ၊ အားလုံးပါဝင်ခငွ့်ရတဲ့ အခြေအနေမျိုးဖြစ်တာ မြင်လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီရွေးကောက်ပွဲမှာ ပါတာမပါတာထက် အားလုံးပါဝင်ခငွ့်ရဖို့က အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ကျနော်တို့ အပြန်အလှန်နားလည်မှုရခဲ့ပါတယ်။ ဒီအတွက် နိုင်ငံတကာရဲ့ ကူညီအားပေးမှုတွေ လိုတယ်ဆိုတာကိုလည်း ပြောဖြစ်ပါတယ်။” အီးယူ ဥရောပသမဂ္ဂအနေနဲ့က တဖက်မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို နောက်တနှစ် အချိန်ထပ်တိုးမတိုး နောက်လမှာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခု အာဆီယံခရီးစဉ်အတွင်းမှာတော့ဒီကိစ္စကို အကျယ့်တ၀င့် ပြောဆိုတာမရှိဘူးလို့ မစ္စတာဖက်ဆီနိုရဲ့ လက်ထောက်က ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဒဏ်ခတ်တဲ့နည်းရော အာဆီယံတွေကျင့်သုံးတဲ့ စစ်အစိုးရနဲ့ ထိစပ်ဖျောင်းဖျတဲ့နည်းရော နှစ်ခုစလုံးအလုပ်မဖြစ်ဘူး၊ မထိရောက်ဘူးဆိုတာ သိသာနေတဲ့အတွက် ဒီထက်ကောင်းမွန်နိုင်မယ့် နည်းလမ်းတွေကို သူတို့ဘက်က အဖြေထုတ်နေတယ်လို့လည်း မစ္စတာဖက်ဆီနိုရဲ့ လက်ထောက် အူဂိုပါပီက ပြောဆိုခဲ့ပါတယ်။ အမေရိကန်သဘောထား အပြောင်းအလဲအပေါ် အတိုက်အခံများ အကောင်းမြင် 26 March 2009 မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ အပြောင်းအလဲတွေဟာ အကောင်းဘက်ကို ဦးတည်လိမ့်မယ် လို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက မျှော်လင့်နေကြပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေတွေကို အကဲခတ်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာစတီဖင် ဘလိတ်ခ် (Stephen Blake) မြန်မာနိုင်ငံကို သွားရောက်ခဲ့အပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ မူဝါဒ တွေနဲ့ ပတ်သက်လို့ သူနဲ့တွေ့ဆုံခဲ့ကြသူတွေက အခုလို တွက်ဆခဲ့ကြတာပါ။ အကြောင်းစုံကို ကိုအောင်လငွ်ဦးက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေတယ်လို့ ပြောဆိုထားပြီး မရှေးမနှောင်းဆိုသလို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး နိုင်ငံထဲ ကိုယ်တိုင်သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ရော အတိုက်အခံ အင်အားစုတွေနဲ့ ပါ တွေ့ဆုံခဲ့တာမို့ အမေရိကန်အစိုးရရဲ့ မူဝါဒရေးရာ အပြောင်းအလဲတွေလုပ်မယ့် အပေါ် သဘောထား တွက်ဆမှုတွေ ထွက်ပေါ်လာတာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်ခ်ရဲ့ ခရီးစဉ်နောက်ဆုံးနေ့မှာ တွေ့ဆုံခဲ့ကြတဲ့ အဓိကအတိုက်အခံ နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အန်န်အယ်လ်ဒီ)၊ နောက် တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဆိုရင်လည်း အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ တွက်ဆကြပါတယ်။ “သူတို့ အပြောင်းအလဲတော့ ရှိမယ်။ သူတို့ပြောနေတဲ့ စကားတွေ၊ နိုင်ငံခြားရေးဝန်ကြီးပြောတဲ့ စကား တွေ၊ မနေ့က မစ္စတာဘလိတ်ခ်ပြောတဲ့ စကားတွေအရဆိုရင် အပြောင်းအလဲရှိမယ်။ အပြောင်းအလဲက ဘယ်အပြောင်းအလဲ ဖြစ်မယ်ဆိုတာကိုတော့ အဆုံးအဖြတ် မပြုရသေးဘူးလို့ပဲ ပြောသွားတယ်။ တိတိ

ကျကျတော့ ကျနော်တို့ မမြင်ဘူး။ သို့သော် ဒီလိုအခြေအနေတွေကို သုံးသပ်ရင်တော့ ကောင်းလာဖို့ မျှော်လင့်နိုင်မယ်လို့ ထင်ပါတယ်။ “မနေ့က တွေ့ဆုံစကားပြောတဲ့နေရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရပ်တည်မှုဟာ Farm ဖြစ်ပါတယ်၊ အပြောင်းအလဲမရှိပါဘူးလို့ ဒီဥစ္စာကို အခြေခံပြီးပြောတယ်။ အဲဒီတော့ တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုရင်လည်း ကျနော်တို့ကကြိုဆိုတယ်။ ဘာဖြစ်လို့လဆဲိုတော့ ဘယ်ကိစ္စမဆို တွေ့ဆုံညှိနှိုင်းဆွေးနွေးတာဟာ အကောင်းဆုံး နည်းလမ်းပဲလို့ ကျနော်တို့ ယုံကြည်လို့ပါ။” အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိနဲ့ တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီလိုပဲ အမေရိကန်အစိုးရရဲ့ မူဝါဒတွေမှာ အပြောင်းအလဲတွေ ဖြစ်လာစရာတွေ မြင်နေ ရပေမယ့် ဒီလို ပြောင်းလဲမှုတွေဟာတော့ ဒီမိုကရေစီရေးအတွက် အထောက်အကူ ဖြစ်မြဲ ဖြစ်နေနိုင်လိမ့်မယ်လို့လည်း မနေ့တုန်းက ရန်ကုန်မြို့မှာပဲ အမေရိကန်အရာရှိနဲ့ တွေ့ဆုံခဲ့သူ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။ “အန်ကယ်တို့ကတော့ လုံးလုံးလျားလျားကြီး ပြောင်းလဲသွားလိမ့်မယ်လို့ မယူဆဘူး။ နည်းပရိယာယ်ပိုင်းမှာတော့ လုပ်ပုံကိုင်ပုံ အပြောင်းအလဲရှိမယ်။ လုံးလုံးလျားလျားကြီး ပြောင်းလဲသွားလိမ့်မယ်လို့တော့ မထင်ဘူး။” အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိတ်ခ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံကို ရောက်နေပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ခရီးစဉ် အဆုံးသတ်နေ့မှာ အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။ ဒီလို တွေ့ဆုံကြတဲ့နေရာမှာ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံရေးအခြေအနေတွေ၊ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေး ယူမှုတွေအပေါ် သဘောထားအမြင်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက သဘောထား မေးမြန်းတာတွေ ရှိခဲ့ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကတော့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု တခုတည်းဟာ ပြဿနာရဲ့ အဖြေမဟုတ်ဘူးလို့ ယူဆထား ကြတာပါ။ “ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ဒီတခုတည်းနဲ့တော့၊ ကျနော်တို့ Sanction ရှိလို့လည်း တခုတည်းနဲ့ မဖြစ်ဘူး။ Sanction ဖျက်လိုက်လို့လည်း ဒီတခုတည်းနဲ့ မပျက်ဘူး၊ ကျနော်တို့ ဒီလိုပဲမြင်တယ်။ ဒါဟာ လုပ်ငန်းစဉ်ထဲက လုပ်ငန်းတမျိုးပဲ၊ အဲလိုပဲ ကျနော်တို့ သဘောပေါက်ပါတယ်။” “စီးပွားရေးပိတ်ဆို့ဖို့အတွက်ကို အန်ကယ်တို့အပါအ၀င် နိုင်ငံရေးပါတီတွေက၊ နိုင်ငံရေး သမားတွေက တောင်းဆိုလို့ ပိတ်ဆို့တယ်လို့ မထင်ပါဘူး။ ဒါဟာ အမေရိကန်ရဲ့ မူဝါဒ တခုအနေနဲ့ ကျင့်သုံးတယ်လို့ပဲ ထင်ပါတယ်။ ဒီအပေါ်မှာတော့ အမေရိကန်ရဲ့ ဆက်လက်ပြီး နိုင်ငံခြားရေးအမြင်ပေါ်မှာ မူတည်ပြီး သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ တော့ အန်ကယ်တို့ မမျှော်မှန်းနိုင်ဘူးပေါ့။” အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးအေးသာအောင် ပြောပြသွားတာ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေ တယ်၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်တယ် ဆိုပြီးတော့ အမေရိကန်ပြည်ထောင်စု၊ အီးယူ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူတာကို ခံနေရတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဆောင်ရွက်မှုတွေဟာ ထိရောက်မှုမရှိဘဲ ဖြစ်နေတယ်၊ ဒီလိုပဲ အစိုးရနဲ့ စေ့စပ်လုပ်ကိုင်နေတာတွေဟာလည်း အလုပ်မဖြစ်တာမို့ ဒီမူဝါဒတွေကို

ပြန်ပြီးသုံးသပ်မယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့လထဲတုန်းက အာရှခရီးစဉ်မှာ ပြောခဲ့တာပါ။ ဒီလိုပဲ ရှေ့လထဲမှာ သတ်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကိုလည်း လျှော့ပေါ့ပေးလိုတယ်၊ ဒီလိုဆုံးဖြတ်ဖို့က လည်း စစ်အစိုးရဘက်က နိုင်ငံရေးတိုးတက်မှုတွေ လုပ်ပြတဲ့အပေါ်မှာ မူတည်လိမ့် မယ်ဆိုပြီး အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယရဲို ဖက်ဆီနို (Piero Fassino) ကလည်း မနေ့တုန်းကပဲ အင်ဒိုနီရှားနိုင်ငံမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါသေးတယ်။ အမေရိကန် အဆိုပြုတဲ့ အာဖဂန်ညီလာခံကို အီရန်တက်မည် 26 March 2009 အမေရိကန်ပြည်ထောင်စုက အဆိုပြုပြီး ကုလသမဂ္ဂက ကမကထပြု ကျင်းပမယ့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ညီလာခံကို တက်မယ့်အကြောင်း အီရန်နိုင်ငံက ပြောပါ တယ်။ နယ်သာလန်နိုင်ငံမှာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်မယ့်အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုပေမယ့် အီရန်နိုင်ငံကို ဘယ်သူ ကိုယ်စားပြု တက်ရောက်မယ်ဆိုတာတော့ မပြောပါဘူး။ အမေရိကန်နိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တက်ရောက်ပါလိမ့်မယ်။ ဒီညီလာခံကို အီရန်နိုင်ငံ တက်ရောက်အောင် ဖိတ်ကြားပေးဖို့ ဟီလာရီ ကလင်တန်ကပဲ အိမ်ရငှ်နိုင်ငံကို အကြောင်းကြားခဲ့တာပါ။ အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေးဖို့ နိုင်ငံပေါင်း ၈၀ ကျော်ကို နယ်သာလန်နိုင်ငံ The Hague မြို့ကို ဖိတ်ကြား ထားတာပါ။ မနှစ်က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ အလားတူ ညီလာခံကို အီရန်နိုငင်ံက မတက်ရောက်ခဲ့ပါဘူး။ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ဒီညီလာခံကို အာဖဂန်နစ္စတန်၊ နယ်သာလန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ စုပေါင်းတာဝန်ယူ ကျင်းပကြမှာ ဖြစ်ပါတယ်။ မက္ကစီကို အမေရိကန် မူးယစ်ဆေးကိစ္စ ဆွေးနွေးမည် 26 March 2009 အမေရိကန် နယ်စပ်တလျှောက် မက္ကဆီကို နိုင်ငအံ တွင်းမှာ တရားဝင် မူးယစ်ဆေးဂိုဏ်းများကြောင့် ဖြစ်ပွားနေတဲ့ ဆူပူမှုတွေ နဲ့ ပတ်သက်ပြီး အမေရိကန် က ပြတ်ပြတ်သားသား တောင်းဆိုသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။ မက္ကဆီကို အစိုးရက အင်အားကြီး မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေကို ဘယ်လို ရင်ဆိုင်မလဲ၊ နယ်စပ်ဒေသ တလျှောက် ဆူပူနေတာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ အဆင့်မြင့် ဆွေးနွေးပွဲ ပြုလုပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မက္ကဆီကို စီးတီးမြို့ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားတာပါ။ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန် က မက္ကဆီကို သမ္မတ ဖလပိတ် ကာဒယ်ရွန် (Felipe Calderon)နဲ့ တွေ့ဆုံတဲ့အခါ ကုန်သွယ်ရေးအပြင် ဒေသတွင်း တခြားကိစ္စရပ်များလည်း ဆွေးနွေးပါလိမ့်မယ်။ မက္ကဆီကို နိုင်ငံက မူးယစ်ဆေး ကိစ္စနဲ့ ပတ်သက်ပြီး နှိမ်နှင်းဖို့ အမေရိကန် နိုင်ငံက အနှစ်၃၀ တောင်းဆိုခ့တဲာ မအောင်မြင်ခဲ့ဘူး။ အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ အမေရိကန် နိုင်ငံက လက်နက်များ မှောင်ခိုသငွ်းမှုက မက္ကဆီကို မှောင်ခိုဂိုဏ်းတွေကို ပိုမို အင်အားကြီး စေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မက္ကဆီကို ကို အသွားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ အမေရိကန်အရာရှိ မြန်မာခရီးစဉ် နိုင်ငံခြားရေးဌာန အတည်ပြု 26 March 2009 အမေရိကန် အစိုးရ ထိပ်တန်း အရာရှိကြီး တဦး ဒီသီတင်းပတ်ထဲ မြန်မာပြည်ကို သွားရောက်စဉ် စစ်အစိုးရနိုင်ငံခြားရေး ၀န်ကြီးနဲ့ရော တခြား ပုဂ္ဂိုလ်များနဲ့ပါ တွေ့ဆုံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက အတည်ပြုလိုက်ပါပြီ။ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှရေးရာ ဌာနမှူး စတီဖင် ဘလိတ် အင်္ဂါနေ့က မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့သလို အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနဲ့ရော တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများက ကိုယ်စားလှယ်များနဲ့ပါ တွေ့ဆုံခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ကြေညာပါတယ်။

စတီဖင်ဘလိတ်(Stephen Blake) မြန်မာ စစ်အစိုးရနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံပေမဲ့ မြန်မာ နိုင်ငံကို ထားရှိတဲ့ အမေရိကန် ရဲ့သဘောထား ကတော့ မပြောင်းလဲပါဘူး။ သမ္မတ ဘားရက်ခ် အိုဘားမား အစိုးရက ၀ါဒသဘောထား ပြန်လည် သုံးသပ် နေပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဘက်ဆီ ပြောင်းလဲရေးကိုသာ ဆက်လက် အားပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံတာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုတာဟာ သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ရောဘတ် ဗလိတ်ကို ညွန်ကြားရေးမှူး စတီဖင် ဘလိတ်နဲ့ လူချင်းမှား ကိုးကား မိတ့အဲ ကြောင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက ရှင်းပြထားပါတယ်။ မြန်မာအပေါ် ဒဏ်ခတ်မှု လျှော့ချရေး ဥရောပ စဉ်းစားဖွယ်ရှိ 26 March 2009 မြန်မာစစ်အစိုးရဘက်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်အောင် လုပ်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ပြဌာန်းထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အီးယူ ဥရောပနိုင်ငံတွေဘက်က လျော့ချလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီးယူ ဥရောပ နိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ် Piero Fassino က ပြောပါတယ်။ မနေ့က အင်ဒိုနီးရှားနိုင်ငံ မှာ သတင်းထောက်တွေကို တွေ့ဆုံရာမှာ Piero Fassino က အီးယူ ဘက်က အရေးယူ ပိတ်ဆို့မှု တွေကို သက်တမ်းတိုးရေးကိစ္စဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးတိုးတက်မှု အခြေအနေပေါ် မူတည်တယ်လို့ ပြောဆို သွားတာဖြစ်ပါတယ်။ ဒီလို မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမယ် မတိုးဘူးဆိုတာကို ဥရောပ နိုင်ငံတွေရဲ့ မူဝါဒကို အဆုံးအဖြတ် ပေးတဲ့ ဥရောပကောင်စီက လာမယ့် ဧပြီလအတွင်းမှာ အခြေအတင် ဆွေးနွေးကြပါလိမ့်မယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး စီးပွားရေးနဲ့ သံတမန်ရေးအရ အရေုးယူဒဏ်ခတ်တာတွေကို ဥရောပနိုင်ငံတွေက ပြဌာန်းထားပါတယ်။ ဒီလို အရေးယူမှုတွေကို နောက်ထပ် တနှစ် သက်တမ်းတိုး မတိုး အီးယူဘက်က ဆုံးဖြတ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဥရောပနိုင်ငံတွေက စစ်အစိုးရကို တိုက်တွန်းနေ ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဘို့နဲ့ ၂၀၁၀ မှာ ကျင်းပမယ့်ဆိုတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပဘို့ တိုက်တွန်းထားတာပါ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘူးဆိုရင် မြန်မာစစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပဟွဲာ လူအများ လက်ခံယုံကြည်နိုင်တဲ့ အနေအထားမှာ ရှိမှာ မဟုတ်ဘူးလို့လည်း အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုထားပါတယ်။ စီးပွားရေး ကယ်ဆယ်မှု အလားအလာ အိုဘားမား အကောင်းမြင် 25 March 2009 အမေရိကန် ပြည်ထောင်စုမှာ လာမယ့်နှစ် ဘတ်ဂျက်ငွေ သန်းပေါင်း ၃သန်း ၆သိန်း သုံးစွဲမယ့် အမေရိကန်ရဲ့ အစီအစဉ်ကို လက်ခံဖို့ အတွက် သမ္မတ အိုဘားမား က အင်္ဂါနေ့ ညမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြည်သူလူထုကို စည်းရုံးခဲ့သလိုပဲ ဗုဒ္ဓဟူးနေ့မှာတော့ ကွန်ဂရက် လွှတ်တော် အမတ်တွေ ထောက်ခံလာအောင် ဒေသ စံတော်ချိန် နေ့လယ်ခင်းမှာ ကွန်ဂရက် လွှတ်တော်မှာ လာရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ရီပတ်ဗလစ်ကန် အမတ်တွေနဲ့ တချို့သော ဒီမိုကရက်အမတ်တွေက သမ္မတရဲ့ သန်းပေါင်း ၃သန်း ၆သိန်း သုံးစွဲမယ့် အစီအစဉ်ဟာ အကြွေးတွေပဲ တင်စေလိမ့်မယ်လို့ ပြောဆိုခဲ့တာကို သမ္မတ အိုဘားမားက သူ့ရဲ့ လိုငွေပြမှု ငွေအားလုံးထဲမှာ သန်းပေါင်း ၁သန်း ၃သိန်းဟာ သမ္မတ ဘုရှ်လက်ထက်ကတည်းက ဆိုးမွေ ကို လက်ခံရယူခဲ့ရတာဆိုတာကို ရီပတ်ဗလစ်ကန် အမတ်တွေ မေ့နေပုံရတယ်လို့ ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ သမ္မတ အိုဘားမား က စီးပွားရေး ပြန်တိုးတက်လာမယ့် အရိပ်လက္ခဏာကို တွေ့နေပြီဆိုတဲ့ အဆိုကို ထောက်ခံမှုပေးမယ့် သတင်း၂ပုဒ်ရှိပါတယ်။ ပထမသတင်းက အမေရိကန်စီးပွားကူးသန်းဝန်ကြီးဌာန က လာတာပါ။ ဈေးကြီးတဲ့ အမေရိကန် စက်ရုံထွက် ပစ္စည်းတွေ မှာယူထားတဲ့ အမှာစာတွေ အနည်းဆုံး နောက်ထပ် ၃နှစ်စာ ရရှိနေပြီး တော့ ဒါဟာ ကာလကြာရှည် အရောင်းထိုင်းပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကျမှ အရောင်း ပြန်တက်လာတာဖြစ်တယ်။ ၃.၄ ရာခိုင်နှုန်း အရောင်း တက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁နှစ်ကျော်အတွင်း အမြင့်ဆုံး ရေရှည်ခံ ကုန်ပစ္စည်း အမှာစာ ရရှိ မှုလည်း ဖြစ်ပါတယ်။ နောက်ထပ် သတင်းကတော့ အိမ်ဝယ်သူတွေကို ငွေချေးတဲ့ ဘဏ်များအသင်းက လာတာပါ။ အိမ်ဝယ်ဖို့ ငွေချေးကြတဲ့ လျှောက်လွှာတွေကို ပြီးခဲ့တဲ့ သတင်းပတ်က ၃၂ရာခိုင်နှုန်း တိုးတက်ရရှိခဲ့တယ်လို့ အသင်းက ဆိုပါတယ်။ အိမ်ဝယ်သူတွေကို ချေးတဲ့ အတိုးနှုန်းကို ပြီးခဲ့တဲ့ သတင်းပတ်က လျှော့ချလိုက်တ့အဲ ခါမှာ အိမ်ပိုင်ရှင်တွေ အိမ်ဝယ်လိုသူတွေများစွာဟာ အိမ်အရောင်းဈေးကွက်ထဲကို မြန်မြန်ဆန်ဆန် ရောက်ရှိလာပါတယ်။ ဦးခွန်ထွန်းဦး၊ ဦးအုန်းသန်း ဖမ်းဆီးမှု ဥပဒေနဲ့မညီ၊ ကုလအဖွဲ့ ထုတ်ပြန် 25 March 2009 မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို တရားလက်လွတ် ဖမ်းဆီး ထောင်ချနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ငန်းအဖွဲ့ တခုက ပြောခဲ့တာနဲ့ ပတ်သက်ပြီး အခုလို မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို စိတ်ပျက်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါ တယ်။

တချိန်တည်းမှာပဲ နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ အက်စ်အန်န်အယ်လ်ဒီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဦးခွန်ထနွ်းဦးနဲ့ သူ့ရဲ့အမှုတွေဲ တွအပါအ၀င် တကိုယ်တော်ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ ဦးအုန်းသန်း တို့ရဲ့ အမှုတွေဟာ မြန်မာနိုင်ငံဥပဒေတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ တရားလက်လွတ်ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဘာကြောင့် သူတို့အမှုတွေ ဟာ ပြည်တငွ်းဥပဒေတွေနဲ့ မကိုက်ညီဘူးလို့ ပြောရတာပါလဲ။ အကြောင်းစုံကို မသင်းသီရိက စုံစမ်းမေးမြန်းပြီး တင်ပြပေး ထားပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ သူ့ရဲ့အမှုတွေဲ တွကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂(၁) နိုင်ငံတော် ပုန်ကန်မှု၊ ဦးအုန်းသန်းကို စွဆဲိုထားတာကတော့ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အမှုတွေနဲ့ အပြစ်ပေးထား တာ ဖြစ်ပါတယ်။ ဒီလို ပုဒ်မ တွေက လက်ရှိ တရားဝင်အစိုးရတရပ်ဖြစ်ပါမှ ချမှတ်စီရင်နိုင်တာမို့ လွေဲ ချာ်နေတဲ့အကြောင်း အဲဒီ ဥပဒေရေးရာအဖွဲ့ ကြီးက ထောက်ပြခဲ့တာဖြစ်တယ်လို့ AHRC ခေါ် အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦးက ပြောပါတယ်။ “တရားစွဆဲိုတဲ့ အဖွဲ့ အစည်းတွေအနေနဲ့ လိုအပ်တဲ့အင်္ဂါရပ်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရ တရပ် ဖြစ်ဖို့ လိုပါတယ်။ လက်ရှိအစိုးရက ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရတရပ် မဟုတ်တဲ့ အတွက် ပြစ်မှုဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြည်တငွ်းဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်တာလည်း ဖြစ်တယ်။ အဲဒီတော့ ဒါတွေကိုလည်း အခု မတရား ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရတာကို စောင့်ကြည့်တဲ့အဖွဲ့ ကနေ ထောက်ပြထားပြီ ဖြစ်တယ်။” ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဥပဒေရေးရာအဖွဲ့ ကြီးက အခုလို ထောက်ပြလိုက်တာဟာ ဘယ်လောက်အထိ လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်တွေအပေါ်မှာ အကျိုးရှိလာနိုင်မလဲ၊ ဒါ့အပြင် လက်ရှိ အခုပုဒ်မတွေနဲ့ အပြစ်ပေးခံ ထားရတဲ့သူတွေကို ဘယ်လောက်အထိ အကျိုးရှိလာမလဲလို့ ဦးမင်းလွင်ဦးကို မေးကြည့်တော့… “၂၀၀၈ ခုနှစ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တော်တော်များများကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေတပ်ပြီး စွဆဲိုပါတယ်။ အဲဒီလိုစဆွဲိုနေတာတွေကို တရားစွဆဲိုနေစဉ်ကာလ တ၀က်မှာပဲ ပြည်ထေဲ ရးဝန်ကြီးဌာနကနေ ဒီအမှုကို စွဆဲိုခငွ့် ရုပ်သိမ်းသွားတာ တွေ့ရှိရပါတယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့ အဖွဲ့ အစည်းကနေပြီးတော့ အချက် အလက်တွေ ပြန်လည်သုံးသပ်ပေးဖို့ လိုပြီဆိုတဲ့ ပို့ထားတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်နေတာကို တွေ့ရှိရပါတယ်။ “ဒါကြောင့် နောက်ပိုင်းမှာတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့သော်လည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ သော်လည်းကောင်း စွပ်စွဲထားတဲ့ စွဆဲိုချက်တွေ၊ တရားစီရင်မှုတွေ မရှိတော့ဘူးဆိုတာကို ကျနော်တို့ တွေ့လာရတယ်။ ဦးအုန်းသန်းကတော့ အဲဒီလို ကြေညာချက် ထွက်ပြီးတဲ့အချိန်မှာမှ သူ့အမှုကို စီရင်ချက်ချပြီးသား ဖြစ်နေတဲ့အတွက် အခုလိုမျိုး အဖွဲ့ ကနေ အထူးပြန်လွှတ်ပေးဖို့ အရေးယူ တောင်းဆိုရတာ ဖြစ်ပါတယ်။” ဒါ့အပြင် ထောက်ပြချက်တွေကိုရော မြန်မာစစ်အစိုးရက လိုက်နာပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ ဦးမင်းလွင်ဦးက … “ချက်ချင်းတော့ လုပ်ဆောင်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ နိုင်ငံတကာကနေ ဖိအားပေးလာ မယ် ဆိုရင် သူတို့အနေနဲ့ မဖြစ်မနေ လိုက်လျောရမယ့် အခြေအနေမှာ ဖြစ်တယ်။ နောက်တခုက ကျနော်တို့အနေနဲ့ ဒီ စစ်အစိုးရကို နိုင်ငံတကာခုံရုံးကို တင်တဲ့အခါ ဒါတွေက ခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်လာမယ်ဆိုတာကို ကျနော် တို့ အနေနဲ့ မှတ်တမ်းမှတ်ရာတွေ ဖြစ်လာနိုင်တယ်။ ဒီဥစ္စာတွေကိုလည်း ပြည်တငွ်းမှာရှိတဲ့ ပြည်သူလူထုတွေ အနေနဲ့က လည်း ဒီအဖွဲ့ အစည်းအသီးသီးကသာ မဟုတ်ဘဲနဲ့ ပြည်သူလူထု တဦးချင်းအလိုက် တိုင်ကြားနိုင်တယ်ဆိုတဲ့ ဥစ္စာတွေကို လည်း ကျနော်တို့ အသိပေး ပြောကြားလိုခြင်း ဖြစ်ပါတယ်။” AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦး ရှင်းပြသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လန်ဒန်အခြေစိုက် The Burma Justice Committee မြန်မာနိုင်ငံ တရားမျှတရေးကော်မတီကလည်း နှစ်ရှည် ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမင်းဇေယျနဲ့ ကိုပြုံးချိုတို့ အမှုတွေဲ တွနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီဥပဒေအဖွဲ့ ကြီးကို တင်ပြထားပါတယ်။ အခု သူတို့ ၄ ဦးရဲ့ အမှုတွေ ဟာလည်း မြန်မာနိုင်ငံ တရားစီရင်ရေး ဥပဒေတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့လည်း ဆုံးဖြတ်ချက်ချထားပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာကလည်း မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ရော နိုင်ငံတကာ ဥပဒေတွေန့ပဲါ ကိုက်ညီခြင်းမရှိဘူးလို့ အဲဒီ ဥပဒေရေးရာအဖွဲ့ ကြီးက ဆုံးဖြတ်ချက် ချထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်းမှာ အဖမ်းခံထားရသူတွေရဲ့ အမှုတွေကိုလည်း ဆက်လက်တင်ပြသွားမယ်လို့ အဲဒီအဖွဲ့ တွေက ဆိုပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ အခု ပူတာအိုထောင်မှာ အဖမ်းခံထားရပြီး အမေရိကန်သံရုံးရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့လို့ ၂၀၀၇ ခုနှစ်ကတည်းက အဖမ်းခံထားရတဲ့ ဦးအုန်းသန်းကတော့ ခန္တီးထောင်မှာ အပြစ်ပေးခံထား ရတာ ဖြစ်ပါတယ်။        ႟ ႟       2009-03-26     %     &

'ႛ  )   '* + ,-    '* )

 ) ႟  . /01& ႛ  ႛ     /2*  3)4

(Photo: AFP)

   &>  &  ႒% +% @.* ) @.   A 01& ႛ   & B*CD   ႒ ႚ  + ,),- , & % & % 3      ႟     . F  34 (Photo: AFP)  / ႟  G    ,D   '* &  '*    &  '*  &,- ႟ %%). D HIJJ @.       ႒  )/ ႛ @ &       3)4

/2  )  -%@.* &  @  & K2 .L ႚ  2009-03-26 &  @  & G &.ႚ&.  & K2  & .L  M %N A/ 'ႛ / ႛ 2  )  -% 3   / 01 & ႛ  ႛ/ H0 &%,/ 0 &%/ &  ႓-ႚ       . ႚ  ႓%  *& P   &  &  'ႛ / ႛ   @     &&.3)4

(Image: RFA) & % & %'ႚ,- (ALD) 3  @.* ႛ /2  )  - % (CRPP)  & .L +%  4 (Image: RFA) % M ' ႛ / ႛ / ႛ 2  )  -%  & .L +%   RFA   / -   3)4 +%  4 4 “&  .L 'ႛ @ &  ) 3)4  ) ႛ   // )   '*  @    A)/ &. /' /*/ / ႛ )4 '3 ႗   ႛ   ,)4 F &႟)  ,*   & 'ႛ

'*  \]%႒%    ႓% *     ,- &. '* %  &    ႛ ,-   ႛ / ,)4 3 A)/ A /'4  )  ႛ * 3  & /3)/ ႛ )4” ႚ  ' +%  P    &  3    '* +% @   'ႛ +% @ 

     / ႛ  &'*3)4 +  /   ႛ JJ ,  ,  

  2009-03-26 " / /3@ '* @ &  ,  ( )   & ႛ  

  ,"  '*3 + 'ႛ JJ ,- ,   ,     / 3)4

(Photo: AFP) / H`& ႛ @a)  ' , '*႓%   +   ' I0 . c & @d  * -   & / H1& ႛ   4  .  +    / . & ,  /ႚe / +%  34 (Photo: AFP) %/% ႟ &.&.,  fC       /2  ႛ   2009-03-26  ႒%  ,+ . @. &. ] , &'* ႟ &.႟   3႟   fC  ႕ ,&.    /2  ႛ ႝ, ႟ &.႟   3႟  Roberto Benigni 3 %/%@  ႟ &.3႟ P fK2  & & 3 'ႚ   '* 100 Autori 'ႚ ႒%  / 01&  ႛ   / 3)4

(Photo: AFP)   @  ႟ &. f @.*   ႟      @.     '** %/% ႟ &.3႟ @.*   &A A'  % HIII @.  / 0H& /*  C,'/  )% @. A   ႚ&  34 (Photo: AFP) @ . &. '* %/%  &&.

'ႛ fC  /&          ႛ  

  &   '*   *  %/% @  &  ႒% %    ႛ '*3)4 %/d&. d. %/%@  ႝ, fK2  &  '* I ႒ )% &. Bernardo Bertolucci, Marco Bellocchio 'ႛ Liliana Cavani  ႛ +%  33)4 ႝ, ႟ &.႟   3႟  Roberto Benigni  ) / &'* ႟ &. Tutto Dante *'  . fC  /&  @  3/d&.  ႛ   '*3)4 Benigni &'* &  '* N, /  fC 

'ႛ /   @. ႓-)/ ႛ &3)P 100 Autori 'ႚ ႒% . %/%႟ &./ 'ႚ  w`` , 3႓% ႓% '*'*/ Rome ႓-ႚ., '*'* 'ႚ &'* +%  ႒   '  . ] @. 3 ,  , &'* fC  C ]-'*

'ႛ 'ႚ &'* &   fC   ႓%   ႛ 'ႚ  f&.  ,-ႚ   -'*3)4

& &  / ), ' *d   &  @. ,-  )&. 2009-03-26  / )  ' ႛ / ႛ  '&'*    &  @. ,- . ' 'ႛ  L 3d / , '* % @. ,-  &.+ ႛ &  %)   ) ,  & G   ,    )/ ႛ &3)4

(Photo: AFP) &   P %)   )P   ႛ   ႓-ႚ ,    +% > c@. ႟) % ) ( )@.* %/   ႛ  x ႓ႛ -ႚ ' *  / ) cy+%  334 (Photo: AFP)  , ,  '* &  %)   )   ႛ   ႓-ႚ / ) ' * ႚ&.'*႓% '*   /   ,   // ႛ   ႛ    '*   RFA  3)4   ႛ   ႓-ႚ  +%   / 3)4  +% 4 4 “&   ' * '/ ,- 3*P    / ႛ '4   / ႛ )4  %.* %  3 'ႛ ႓% %. 3  A 'ႛ  )/P   ႛ P ,  & 'ႚ4  * '% /   , . '% 

 )3*4 %  ,  +3*P D /  Pႛ @.  / '/ ,- '   , )/4”  ),  & G     ' ႛ    / '* /  @. ,- *  C3 z 'ႛ , )   @    3)4

/  ,    '  > { C3 z  '@.*    F 3@d  *  F'ႚ&.&34 (Image: Fort Wayne-Allen County Department of Health) % @. ,- D / ),  & 'ႛ / ႛ   ,      /*&.'*   3)4  J3 z . 'FD &   3 G  *-'* ]  0`` , 3 ႓% , )  .*  L]  3 )/ ႛ & ' ႛ   3)4    & ,  &  ႒% G   &  G  RFA  )     '*&. % D 0``J & '*    @  P 0`` @.   ႓% 'P 3 'ႛ Fz- 3'*  3  . & ,*     & .L ,- 3 +% 

  ႛ 3)4 3 K

 4ႛ 4 “႗  ႓% *  )  '*,  ႓% * ႗  ႛ '%    'ႛ    3*P    'ႛ lead 3'*   ႗  ႛ *-*A  4 '3 &   &.'*'*+ M  /  ႛ ' )4 ႗ & @. @. , ႓%4 @. @. ,'* . /  ႗  %D .   *A  4    3*P    3'*+ MP lead 3'*+ MP mercury 3'* + MP   ႗  ႛ ႟2 A ႛ  ႛ *'* + M ႗  ႛ /  .   *A  4 ႗  ႛ  // ) /&. e '. &.'*+ M D   )4 D    + M'  /*)4”

,> )   @      F 3@d  /  *  F'ႚ&.&34 (Image: Fort Wayne-Allen County Department of Health) % 3 @. ,- . ' 'ႛ   3d 'ႛ / ႛ %)   ).&.'* St. Joseph Community Health Foundation P  ),  & G

'ႛ & ND   &   &C3  ,-& G  ]    ႓%  … /   ' *d 'ႛ / ႛ F  &  *  /.     )/ ႛ RFA   &3)4 &  %)  P %/%@- P %P  D   P  ,%C P  M &  % '*  )  … ' * / ) &D H0``` &.)/ ႛ &3)4

သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန် ၈၈ ကျောင်းသားများ ပြောကြား ကိုဝိုင်း ကြာသပတေးနေ့၊ မတ်လ 26 2009 17:42 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ အနာဂတ်မြန်မာပြည်ကို စုပေါင်းဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရန် ၈၈ မျိုးဆက်

ကျောင်းသားများအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်တငွ်း၊ ပြည်ပမှ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ မိသားစုတို့၏ အလေးအနက် တောင်းဆိုချက်ဖြစ်သော အားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းတရပ် ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ယနေ့ထုတ်

ထုတ်ပြန်ချက် စာအမှတ် ၁/၂ဝဝ၉ (၈၈) တွင် ဖော်ပြထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူတရပ်လုံးက ညီညွတ်စွာ လက်တခွဲ့ြဲ ပီး နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တော်လှန်၍ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အသိမှတ်ပြုရန်မှာ အရေးကြီးကြောင်းလည်း ဆိုထားသည်။ ထို့အပြင် နအဖ စစ်အစိုးရက တဖက်သတ် ပြဋ္ဌာန်းအတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံထားခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစောထွန်းက ပြောသည်။ “အဓိကက အားလုံးစည်းလုံးညီညွတ်မှုပေါ့ဗျာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အရေးကြီးတယ်လေ။ တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် ဒီ တိုင်းပြည်ရဲ့ အသက်ဖြစ်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ) မှာ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒါ မဖြစ်သင့်ဘူး။ ဒါကြောင့် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဒီကွန်စတီကျူးရှင်းကိုလည်း ပြန်သုံးသပ်ဖို့ တောင်းဆိုထားတာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။ ယခုတောင်းဆိုချက်များသည် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုအားလုံး၏ တောင်းဆိုချက်ပင်ဖြစ်၍ နအဖ က လက်ခံဆောင်ရက်ွခြင်း မရှိပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ ပြိုကွဲကာ တိုင်းပြည်၏ အနာဂတ် ပျက်သုန်းရန်သာရှိပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်သို့ ချီတက်ရန်လည်း မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အလေးအနက်ထား၍ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည်သုံးသပ်ရေးအတွက် ကော်မတီဖွဲ့ပေးရန် အန်အယ်ဒီပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများကလည်း စစ်အစိုးရထံ အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုနေသည်။ သို့သော် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသည်သာမက သံဃာတော်များ၊ အန်အယ်ဒီ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်သားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နယ်ထောင်များသို့ ရွှေ့ပြောင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။

မဂ္ဂဇင်းထုတ်ပြီး ရွေးကောက်ပအွဲ တွက် ပြင်ဆင် ဖနိဒါ ကြာသပတေးနေ့၊ မတ်လ 26 2009 17:24 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ မန္တလေးတိုင်း မြင်းခြံမြို့တွင် မြန်မာစစ်အစိုးရ ဝန်ကြီးတဦးနှင့် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) တဦး ဦးဆောင်သည့် မဂ္ဂဇင်းတအုပ်ကို

ပြီးခဲ့သည့်တပတ်မှ စတင်ကာ ထုတ်ဝေလိုက်သည်။ မြင်းခြံမဂ္ဂဇင်း မျက်နှာဖုံး အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်ဆန်းက ၂ဝဝ၈-၂ဝဝ၉ ခုနှစ် မြင်းခြံမြို့နယ်အမည်ရှိ မဂ္ဂဇင်းကို ထုတ်ဝေခြင်းဖြစ်သည်။ စာအုပ်ထဲတငွ် သူတို့၏ ဓာတ်ပုံများ၊ မြင်းခြံမြို့အကြောင်း၊ ဦးအောင်သောင်းမှ မြင်းခြံမြို့တွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်တို့ကို အသားပေး ဖော်ပြထားသည်။ မြင်းခြံမြို့သားဖြစ်သည့် ဦးကျော်ဆန်းသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် ယခုကတည်းက ကြိုပြင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ''မြင်းခြံမှာက ဒီလိုမဂ္ဂဇင်းမျိုးတခါမှ မထုတ်ဖူးဘူးလေ။ ဒါ ရွေးကောက်ပအွဲ နီးမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်တာပဲ။ သူ့တို့ကို မြင်းခြံက လူတွေက သိပ်မသိဘူးလေ။ အခု ဒီမင်္ဂဇင်း ထုတ်တော့ ဦးကျော်ဆန်းဆိုတာ လူသိ များသွားအောင် လုပ်တဲ့ ပုံပ”ဲ ဟု မြို့သားတဦးက ပြောသည်။ နောက်ထပ် ဒေသခံတဦးက “ရွေးကောက်ပအွဲ တွက် ထုတ်တယ်လို့ပဲ ထင်တယ်။ ဦးကျော်ဆန်းက ဒီနယ်မှာ လွှတ်တော်အမတ် ရွေးကောက်ပွဲ ဝင်မှာလေ။ ဦးကျော်ဆန်းဆိုတာက ဘယ်သူမှန်း မသိဘူးလေ။ သူတို့ ဒီနယ်က ထွက်သွားတာ နှစ်ပေါင်းကြာပြီ။ သူ့ကို ဘယ်သူမှန်း ဘာမှန်း မသိဘူး။ ဒီကိုလည်း ဘယ်တော့မှ ပြန်မလာဘူး။ သူက ဒီမဂ္ဂဇင်းကို ဦးဆောင်ထုတ်တာက နာမည်သိလာအောင် ထုတ်တယ်လို့ပဲ ယူဆတယ်” ဟု ပြောသည်။

ရန်ကုန-် မြင်းခြံမြို့နယ်အသင်း ရန်ကုန် နာယကနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ဗဟို) အတွင်းရေးမှူး အမှတ် (၁) စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးအောင်သောင်းနှင့် မြင်းခြံမြို့နယ် ဥက္ကဋ္ဌ ဦးကျော်ဆန်းဟု စာအုပ်ထဲတငွ် ရေးသားဖော်ပြထားသည်။ မဂ္ဂဇင်း ကော်မတီဝင်အဖြစ် ဥက္ကဋ္ဌ ဦးကျော်ဆန်း၊ ဒုဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အတွင်းရေးမှူး ဦးထိန်လင်း၊ တွဘဲ က် အတွင်းရေးမှူး ဝင်းနိုင်အေး၊ စာတည်းမှူးချုပ် ဒုဗိုလ်မှူးကြီး ဦးကျော်ရင် (ငြိမ်း) အပါအဝင် ကော်မတီဝင် ၁၂ ဦးက ဦးစီးထုတ်ဝေသည်ဟု ဆိုထားသည်။ မဂ္ဂဇင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြင်းခြံမြို့ရှိ ငြိမ်းချမ်းရေး စာပေတိုက်၊ ဖေတင် စာအုပ်ဆိုင်နှင့် ကုန်စည်ဒိုင်များတွင် စတင်ရောင်းချနေပြီး ကော်မတီဝင်များကလည်း တအုပ်လျှင် ကျပ် ၂ဝဝဝ ဖြင့် မြို့တွင်း၌ လိုက်လံရောင်းချနေသည်။ ဝန်ကြီး ဦးအောင်သောင်းကလည်း စာအုပ်ထုတ်ရန် စက္ကူတန်ချိန် ၃ တန် (ပိဿာ ၁၇၁၄ ခန့်) လှူခဲ့သည်ဟု မဂ္ဂဇင်း ကော်မတီဝင်များနှင့် နီးစပ်သူတဦးက ဆိုသည်။ မဂ္ဂဇင်းမှာ စာမျက်နှာပေါင်း ၂ဝ၉ မျက်နှာရှိပြီး စာရေးဆရာများသည် မြန်မာစစ်အစိုးရ သတင်းစာတွင် ရေးသားလေ့ရှိသည့် မြင်းခြံ မျိုးထွန်း၏

“မိဘနှစ်ပါးသို့ ပန်ကြားလွှာ” ၊ တက္ကသိုလ်

မြတ်သူ၏ “တသက်မမေ့ရ ဇာတိချက်ကြွေ မွေးရပ်မြေသို့” အမည်ရ

ဆောင်းပါးများလည်း ပါရှိသည်။ “လူတွေက မကျေနပ်ကြဘူး။

အဲလိုဆိုတာက စာအုပ်မှာပါတဲ့ စာရေးဆရာတွေက အစိုးရမှာရေးတဲ့

ဆောင်းပါးရှင်တွေလေ။ မြင်းခြံစာအုပ်

ထုတ်ခြင်းအားဖြင့် သိက္ခာချတဲ့ လူတွေပေါ့ဗျာ။ ကဗျာဆရာ မောင်စွမ်းရည်၊

တင်မိုးတို့ မပါဘဲ၊

တကယ့်မြို့ဂုဏ်ဆောင်တဲ့ လူတွေ မပါဘူးဆိုပြီး၊ အဲဒီ မြတ်သူတို့ကို

တနိုင်ငံလုံးက မုန်းနေတဲ့ လူတွေ

ဆိုပြီးတော့ မကြိုက်ကြဘူးလေ” ဟု ပထမ ဒေသခံက ပြောသည်။ စာရေးဆရာ မြင်းခြံ မျိုးထွန်းသည် ယခင်က သစ်တောဝန်ကြီးဌာနမှ

ဒုဝန်ကြီးဟောင်းဖြစ်သည့် ဗိုလ်မှူး

သိုက်ထွန်း ဖြစ်သည်။ ဦးကျော်ဆန်းသည် ပြီးခဲ့သည့်လက ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ

အရပ်သား ညွှန်ကြားရေးမှူးချုပ် ရာထူးမှ

အငြိမ်းစားယူခဲ့ကာ၊ သမီး ၅ ဦးအနက် သမီးကြီးမှာ စစ်ဗိုလ်တဦးနှင့်

အိမ်ထောက်ကျပြီး၊ သမီး ၂ ဦးမှာလည်း

အင်္ဂလန်တငွ် ကျောင်းတက်နေသည်ဟု ဒုတိယ ဒေသခံက ဆိုသည်။ “သူက ကြံ့ဖွံ့ကလည်း မဟုတ်ဘူး။ တကယ်လို့ သူ ပင်စင်မယူလို့

အလုပ်ဆက်လုပ်လို့ ရသေးတယ်။ ၅ နှစ်

သက်တမ်း ကျန်သေးတာ။ ဒါပေမဲ့ သူ့ကို ဌာနက ထုတ်လိုက်တာ။

ဒီလွှတ်တော်အမတ်လုပ်ဖို့ သူ့ကို

အငြိမ်းစားပေးလိုက်တယ်လို့ ပြောတယ်” ဟု သူက ပြောသည်။ ဝန်ကြီး ဦးအောင်သောင်းမှာမူ ပြီးခဲ့သည်လအတွင်းက မြင်းခြံမြို့နယ် ကျေးရွာများသို့ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာများ လိုက်လံဟောပြောခဲ့သေးသည်။

အမေရိကန် အရာရှိနှင့် တွေ့ဆုံမှုမှ အပြောင်းအလဲ မဖြစ်နိုင်ဟု အန်အယ်ဒီ ပြောကြား ကိုဝိုင်း ကြာသပတေးနေ့၊ မတ်လ 26 2009 17:29 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်နှင့် ယမန်နေ့က တွေ့ဆုံမှုကြောင့်

အပြောင်းအလဲကြီးတခု ဖြစ်ပေါ်လာနိုင်စရာ မရှိဟု အန်အယ်ဒီက ပြောဆိုသည်။ နိုင်ငံရေးဆိုင်ရာ အချက်အလက်များ စုဆောင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မစ္စတာ စတီဖင် ဘလိတ် Stephen Blake နှင့် အန်အယ်ဒီ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပါတီရုံးချုပ်၌ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။ “သူတို့ရဲ့ ပေါ်လစီက မပြောင်းလဲဘူးပေါ့နော်။ သူတို့တောင်းဆိုထားတဲ့ အချက်တွေက ကျနော်တို့ အတိုင်းပဲပေါ့။ သို့သော် ဟယ်လာရီ ကလင်တန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် sanction လုပ်တာလည်း ထိရောက်မှု မရှိဘူး။ engagement လည်း ရတာမဟုတ်ဘူး ဆိုတော့ ဆန်းသစ်တဲ့နည်း တခုခုတော့ စဉ်းစားဖို့လိုတယ်လို့ ဆိုတဲ့ဟာကို ပြောသွားပါတယ်။ ကျနော်တို့က ဘာတွေများ ဖြစ်စေချင်သလဲ၊ ကျနော်တို့ရဲ့ အယူအဆ ဘယ်လိုရှိသလဲ၊ ဒါကို မေးတာပါ။ ဒီခရီးစဉ်ကြောင့် အပြောင်းအလဲ တစုံတရာကြီး ဖြစ်လာဖို့ သေချာနေတယ်လို့ မယူဆနိုင်ပါဘူး” ဟု ပါတီဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးဟံသာမြင့်က မဇ္ဈိမကို ပြောသည်။ ယမန်နေ့က ဆွေးနွေးပဲသွို့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ သခင်စိုးမြင့် စသည့် ဗဟိုအလုပ်အမှုဆောင် ၆ ဦး အပါအဝင် ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ဗဟိုပြန်ကြားရေး ကော်မတီမှ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့သည်။

အခြား ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးလွန်းတင်၊ ဦးအောင်ရွှေနှင့် ဦးလွင်တို့သည် ကျန်းမာရေးအခြေအနေကြောင့် ဆွေးနွေးပွသဲို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။ မစ္စတာဘလိတ်သည် ယခုလ ၂၂ ရက်နေ့က ရောက်ရှိလာပြီး၊ ၂၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နေပြည်တော်၌ တွေ့ဆုံခ့သဲ ည်။ သို့သော် မြန်မာစစ်အစိုးရ သတင်းစာများ၌ “နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့သည်” ဟုသာ ဖော်ပြခဲ့သည်။ အန်အယ်ဒီက သူတို့ ကြေညာထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဖွဲ့စည်းပုံဥပဒေအသစ်ကို ပြန်သုံးသပ်ရေး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပရွဲ လဒ်ကို နအဖ က အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေး စသည့် မူများကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း မစ္စတာဘလိတ်ကို ပြောပြခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည်သုံးသပ်ရေး ကော်မတီတခုဖွဲ့ပေးရန် နအဖ ထံ တရားဝင် တောင်းဆိုထားသည်မှာ ၆ လပြည့်တော့မည် ဖြစ်သော်လည်း ယခုထိ အကြောင်းပြန်ကြားမှု မရသေးကြောင်း ဦးဟံသာမြင့်က ပြောသည်။ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုရှိနေသည်ကို ပြသလိုလျှင် နအဖ အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမည်ဖြစ်ကြောင်းနှင့် ဤသည်မှာလည်း တွေ့ဆုံရေးအတွက် ကြိုတင်ကန့်သတ်ချက် မဟုတ်ဘဲ တိုးတက်မှု လက္ခဏာအတွက် တိုင်းတာချက်တခုသာ ဖြစ်သည်ဟုလည်း သူက ပြောသည်။ အမေရိကန် ကိုယ်စားလှယ်၏ ယခု ခရီးစဉ်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနား ယခင်လက မြန်မာနိုင်ငံခရီးစဉ်အပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မစ္စတာကွင်တားနားက မြန်မာနိုင်ငံတငွ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ တရားစီရင်ရေးကဏ္ဍလည်း ယိုယငွ်းနေကြောင်း ကုလသမဂ္ဂသို့ တင်သငွ်းခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်။ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေပြီး ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပျက်ကွက်နေမှုကြောင့် အမေရိကန်အစိုးရနှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည်။

အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တငွ် တွေ့ဆုံ မုံပီး ကြာသပတေးနေ့၊ မတ်လ 26 2009 12:21 - မြန်မာစံတော်ချိန် နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦး တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများက ယနေ့ ရေးသားသည်။ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိပ် (Stephen Blake) သည် မြန်မာဝန်ကြီး ဦးဉာဏ်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြားအရာရှိများနှင့် ယမန်နေ့ တွေ့ဆုံခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာ၏ ရေးသားချက်အရ သိရခြင်းဖြစ်သည်။ မစ္စတာဘလိပ်နှင့် ဦးဉာဏ်ဝင်းတို့သည် ‘အမေရိကန်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတို့အကြား အပြန်အလှန် ဆက်ဆံရေးများ မြှင့်တင်ရေးအတွက်၎င်း၊ အပြန်အလှန် အကျိုးတူ စီးပွားအတွက်၎င်း’ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သတင်းစာက ဆိုထားသည်။ မစ္စတာဘလိပ်နှင့်အတူ မြို့တော်ဟောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ခံသံမှူး လာရီဒင်းဂါး (Larry Dinger) နှင့် ပထမအတွင်းဝန် ဂျက်နီဖာဟာဟိုင်း (Jennifer Harhigh) တို့ လိုက်ပါခဲ့သည်။ သူသည် မြန်မာနိုင်ငံသို့ နှစ်များစွာအတွင်း ပထမဆုံး သွားရောက်လည်ပတ်သည့် အလယ်အလတ်တန်း အမေရိကန်အရာရှိ ဖြစ်သည်။ အမေရိကန်၏ မူဝါဒများကို ပြန်လည်သုံးသပ် အကဲဖြတ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံက မကြာသေးခင်က အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက် ဤခရီးစဉ်သည် ထူးခြားမှု ရှိနိုင်ကြောင်းနှင့် အကဲခတ်များက ပြောသည်။ ယခင်လက သွားရောက်ခဲ့သော သူမ၏ အာရှခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က သမ္မတအိုဘားမား အစိုးရသည် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်စဉ်းစားနေကြောင်းနှင့် စစ်အစိုးရအပေါ် ချမှတ်ကျင့်သုံးခဲ့သော စီးပွားရေးပိတ်ဆို့မှုများသည် လိုချင်သောရလဒ်ကို မရရှိစေခဲ့ကြောင်း ထင်ရှားစွာ သက်သေပြခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ မစ္စတာဘလိပ်၏ ယခုခရီးစဉ်သည် အမေရိကန်က မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးမဟာဗျူဟာကို တဖြည်းဖြည်း ပြောင်းလဲနေကြောင်း ညွန်ပြနေခြင်းဖြစ်သည်ဟု

ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD-LA) ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။ မြန်မာပြည်၏ လှုပ်လေမြုပ်လေ အခြေအနေအတွက် ချဉ်းကပ်နည်းအသစ်များကို သက်ဆိုင်သူအားလုံးနှင့် တိုင်ပင်ညှိနှိုင်း အကြံဉာဏ်ယူ၍ အမေရိကန်နိုင်ငံက ရှာဖွေနေကြောင်း သူက ပြောသည်။ နေပြည်တော်သို့ အမေရိကန် အလယ်အလတ်တန်း အရာရှိတဦး သွားရောက်သည်ကို သူ သတိထားမိကြောင်းနှင့် အဆိုပါ အရာရှိသည် စစ်အစိုးရထံတငွ် တောင်းဆိုချက်အနည်းငယ် ပြုလုပ်မည်ဟု သူ နားလည်ထားကြောင်း ဆိုသည်။ “ရွေးကောက်ပရွဲ လဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖော်ဖို့အတွက် စစ်အစိုးရက တာဝန်ခံဖို့ လိုတယ်ဆိုတာကို ကျနော်တို့ အမေရိကန်အရာရှိတွေကို အကြံပေးခဲ့ပါတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။ အမေရိကန်သည် မြန်မာအတိုက်အခံများနှင့်လည်း တိုင်ပင်ဆွေးနွေးနေကြောင်း သူက ဆက်ပြောသည်။ ဤအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မြန်မာ့ရေးရာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း ဤခရီးစဉ်သည် အမေရိကန်အနေဖြင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် ချဉ်းကပ်မှုပုံစံအသစ် ပြောင်းလဲနေကြောင်း ညွှန်ပြနေသည်ဟု ပြောသည်။ သို့သော် သူက သတိပေးပြောကြားရာတွင် အမေရိကန်က သူတို့၏ ပိတ်ဆို့မှု မအောင်မြင်ကြောင်း ဝန်ခံခဲ့သော်လည်း မြန်မာ့ရေးရာ မူဝါဒတရပ်လုံးကို လုံးလုံးလျားလျား ပြောင်းလဲပစ်ဖွယ် မရှိဟု ဆိုသည်။ “အမေရိကန်က မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အလားတူ မူဝါဒတွေကိုပဲ ဆက်ထားမှာပဲ။ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် ဒီမိုကရေစီနည်းကျ အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆိုတာမျိုးကတော့ ဆက်ရှိနေမှာပဲ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။ ဘုရှ်အစိုးရလက်ထက် မအောင်မမြင်ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်မှုများအတွက် အိုဘားမား အစိုးရသစ်က ချဉ်းကပ်မှုအသစ်များကို တဖန်ပြန်လည် ကြည့်ရှုရှာဖွေနေပုံရသည်ဟု သူက ပြောသည်။ အမေရိကန်နိုင်ငံသည် မြန်မာစစ်အစိုးရအပေါ် ၁၉၉၇ ခုနှစ်ကတည်းက စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပြုလုပ်ခဲ့သည်။ ယခင်သမ္မတဟောင်း ဂျော့ဘုရှ်လက်ထက်တငွ် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့အပြီး နောက်ထပ် တိုးမြှင့်ပိတ်ဆို့ အရေးယူမှုများကို ၂ဝဝ၈ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည်။ ဒေသတွင်းအကျိုးသက်ရောက်မှု မြန်မာ့ရေးရာ မူဝါဒသစ်သည် မည်သို့မည်ပုံ ရှိမည်ဆိုသည်ကို ဝါရှင်တန်က မည်သည့်အရိပ်အယောင်မျှ မပြသေးသော်လည်း အကဲခတ်များကမူ အမေရိကန်မူဝါဒသည် တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး မူဝါဒများအပေါ်တွင် အဓိကထား ချိန်ဆပြုလုပ်သွားမည်ဟု ယုံကြည်နေကြသည်။ ဦးအောင်နိုင်ဦး၏ အပြောအရ လာမည့်နှစ်များအတွင်း မြန်မာပြည်နှင့် စပ်လျဉ်း၍ အမေရိကန်၏ ချဉ်းကပ်မှု မည်သို့ရှိမည်ဆိုသည်ကို တရုတ်နိုင်ငံက အလွန်သိချင်နေသည်ဟု သိရသည်။ “သူတို့ (ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေ) က တဦးချင်းအနေနဲ့ ကျနော့်ကို မကြာခဏ မေးကြတာရှိတယ်။ အမေရိကန်က အခုဘာလုပ်နေလဲ၊ သူတို့မူဝါဒက ဘယ်လိုရှိမလဲ စသဖြင့် မေးကြတယ်” ဟု သူက ပြောသည်။ တရုတ-် မြန်မာ နယ်စပ်အခြေစိုက် လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇော၏ အပြောအရမူ တရုတ်နိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ "ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖောက်လုပ်ရေး အပါအဝင် စီးပွားရေး သဘောတူညီချက်များနှင့် ယင်း၏ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေး ဖြစ်သည်ဟု ဆိုသည်။ “အမေရိကန်-မြန်မာ ဆက်ဆံရေးကို တရုတ်က မသိကျိုးကျွံ လုပ်နေဖို့ဆိုတာ သူ့အတွက် အတော်ခက်ပါတယ်” ဟု ဦးအောင်ကျော်ဇောက မဇ္ဈိမနှင့် အစောပိုင်းက ပြုလုပ်ခဲ့သော အင်တာဗျူးတခုတငွ် ပြောဆိုခဲ့သည်။ အမေရိကန်၏ မူဝါအပြောင်းအလဲသည် မြန်မာနိုင်ငံအဖို့ တရုတ်ပြည်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မည် ဖြစ်သည့်အတွက် ပီကင်းအဖို့ စိုးရိမ်ပူပန်ဖယ်ွဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ဆိုသည်။ “ဒါပေမဲ့ အိုဘားမားအစိုးရကလည်း တရုတ်နိုင်ငံနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဆက်လုပ်သွားမယ့် သဘောရှိပါတယ်။ တဖက်ကလည်း မြန်မာပြည်က အမေရိကန်နဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်ဆိုရင်တောင် တရုတ်ကို စိတ်အေးချမ်းသာရှိအောင် နှစ်သိမ့်ပြီး ဆက်ဆံရေး ဆက်ထားသွားမှာပါပဲ” ဟု သူက ပြောသည်။ အတိုက်အခံများအပေါ် အကျိုးသက်ရောက်မှု အကယ်၍သာ အမေရိကန်က သူ၏ မူဝါဒများကို အကြီးအကျယ် ပြောင်းလဲလိုက်ပြီး ပိတ်ဆို့မှုများကို ရုပ်သိမ်း၍ စစ်အစိုးရနှင့် ဆက်ဆံလိုက်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာအတိုက်အခံများအဖို့ ခေတ်နောက်ကျ အရေးမပါဘဲ ဖြစ်သွားနိုင်ကြောင်း အကဲခတ်အများအပြားက

စိုးရိမ်ထိတ်လန်ေ့  နကြသည်။ ပိတ်ဆို့မှုမူဝါဒနဲ့ စစ်အစိုးရကို အထီးကျန်အောင် လုပ်ရေးမူဝါဒတွေကိုသာ ဆက်ပြီး ထောက်ခံပြောဆိုဦးမည်ဆိုလျှင် အတိုက်အခံများသည် မဆီမဆိုင် ကင်းကွာသွားနိုင်သည့် အလားအလာများစွာရှိကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ မည်သို့ပင်ဆိုစေ မည်သည့်ပုံစံ၊ မည်သည့်အခြေအနေတွင်မဆို ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံမျိုးကိုမူ ဘေးဖယ်ထား၍ မရနိုင်ကြောင်းနှင့် သူမ၏ ပါဝင်ဆောင်ရွက်မှုသည် ရှေ့သို့လှမ်းတက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြမည် ဖြစ်သည့်အတွက် စစ်တပ်အတွက်ရော၊ အတိုက်အခံအတွက်ပါ အကျိုးရှိနိုင်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။ “သူဟာ ပြယုဂ်တခုပါ။ သူ မပါဘဲနဲ့ ရှေ့တိုးဆောင်ရွက်ဖို့ဆိုတာ ခက်ပါတယ်။ သူ့ပါဝင်မှုဟာ နှစ်ဘက်လုံးအတွက် အကျိုးရှိပါတယ်” ဟု သူက ဆိုသည်။ မြန်မာနိုင်ငံကို ချဉ်းကပ်ရေးအတွက် အိုဘားမားအစိုးရက ပြင်ဆင်ပြောင်းလဲသည် ဆိုစေဦးတော့၊ လက်ရှိမူဝါဒကို အပြောင်းအလဲလုပ်ရေးကိစ္စ အကောင်အထည်ဖော်ရန် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုထောက်ခံမှု လိုအပ်သေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးမှ အစချီသည့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အပြောင်းအလဲများ စတင်၍ အကောင်အထည်ဖော်နေကြောင်း စစ်အစိုးရက သက်သေမပြနိုင်လျှင် ထိုသို့ ကွန်ဂရက်လွှတ်တော်၏ ထောက်ခံအတည်ပြုမှုကို ရရှိရန်မှာ ခက်ခသဲ ည်။ တနင်္လာနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ မတရား ဖမ်းဆီးထိန်းသိမ်းထားခြင်း အလုပ်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းသည် တရားမဝင် ဆိုသည့် ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤအချက်က အမေရိကန်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ဆက်လက်၍ ဖိအားပေးသွားမည်ဆိုသည်ကို ပြဆိုနေကြောင်းဖြင့် ဦးညိုအုန်းမြင့်က အဆုံးသတ်တငွ် ပြောဆိုခဲ့သည်။

မြန်မာနိုငင်ံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ထိုင်းထောက်ခံဟု အဖိဆစ် ပြော ဥဆာ ဖိချိုင်း ဗုဒ္ဓဟူးနေ့၊ မတ်လ 25 2009 21:58 - မြန်မာစံတော်ချိန် ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံးနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ မြန်မာစစ်အစိုးရနှင့် ကုလအပေါ်တွင်သာ တည်မှီကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့်မူ မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး - KNU ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတငွ် ပါဝင်ယှဉ်ပြိုင်စေရန်နှင့် စစ်အစိုးရနှင့် ရင်ကြားစေ့ရေးအတွက် ဖျောင်းဖျပေးပါရန် မြန်မာစစ်အစိုးရ၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ယမန်နေ့က ဤသို့ မှတ်ချက်ပေး ပြောကြားသွားခြင်းဖြစ်သည်။ “ဒီပြဿနာက မြန်မာအစိုးရအပေါ် မူတည်ပါတယ်။ ကုလသမဂ္ဂက ဆွေးနွေးပွဲကို လုပ်ပေးရမှာပါ။ ထိုင်းနိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့ အကူအညီပေးသွားမှာပါ။ ဒါပေမဲ့ တချို့တိုင်းရင်းသား အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းနေထိုင်နေကြလို့ ဒီပြဿနာကို ဖြေရှင်းဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်” ဟု အဖိဆစ်က ပြောကြောင်း ထိုင်းအစိုးရ၏ ဝဘ်ဆိုဒ်စာမျက်နှာတွင် တင်ထားသော သတင်းပေးပို့ချက်အရ သိရသည်။ မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောမတူသော တိုင်းရင်းသားအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သဘောတူခ့သဲ ည်ဟု မိမိကို အကြောင်းကြားခြင်း မရှိသေးကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်ပြောသည်။ “အခုလောလောဆယ်တော့ မြန်မာစစ်အစိုးရဟာ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) အဖွဲ့ထက်စာရင် အဓိကအားဖြင့် ကုလသမဂ္ဂနဲ့ ဆက်ဆံလုပ်ကိုင်နေပါတယ်” ဟု သူက ပြောသည်။ မြန်မာအစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းနှင့် ဒီိမိုကရေစီထွန်းကားရေး ကြိုးပမ်းချက်များကို ထိုင်းအစိုးရက ထောက်ခံပါကြောင်း သူက ပြောသည်။ ထို့ပြင် သူက ဆက်ပြောရာ အာဆီယံ၏ ရပ်တည်ချက် သဘောထားမှာ အလွန်ပင် ရှင်းလင်းကြောင်းနှင့် လာမည့်နှစ်တငွ် ကျင်းပမည့် ရွေးကောက်ပတွဲ ငွ် အဖွဲ့အစည်းအားလုံး ပါဝင်ယှဉ်ပြိုင်သည်ကို မြင်လိုကြောင်း ပြောသွားသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှ ထွက်လာသော အသံ အတော်များများက ၂ဝ၁ဝ ရွေးကောက်ပွဲတငွ် အဖွဲ့အားလုံးကို မျှတစွာ ယှဉ်ပြိုင်ခငွ့်ပေးမည်ဆိုသည်ကိုမူ သံသယဖြစ်ကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော မိမိ၏ ခရီးစဉ်အတွင်း တိုင်းရင်းသားသူပုန်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီ

လမ်းပြမြေပုံတငွ် ပူးပေါင်းပါဝင်ရေးအတွက် KNU ကို ဖျောင်းဖျနားချပေးပါရန် မြန်မာစစ်အစိုးရက မိမိအား အကူအညီတောင်းခဲ့ကြောင်းဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာဆစ်က ထုတ်ဖော်ပြောကြားအပြီး ဤသို့ အဖိဆစ်၏ မှတခ်ျက်ချ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။ မစ္စတာကာဆစ်သည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပဏာမ မိတ်ဆက်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များနှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ်၏ တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုကို ဆောင်ရွက်ခဲ့သည်။ KNU နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့သည် စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ လမ်းပြမြေပုံကို လက်မခံဘဲ ဗဟိုအစိုးရကို ဆက်လက်၍ လက်နက်စကွဲိုင် တိုက်ခိုက်နေသည့် အဓိက လက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့ ဖြစ်သည်။ မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများက သူတို့၏ လမ်းပြမြေပုံတငွ် အပြောင်းအလဲများ မလုပ်ပါက၊ ၂ဝ၁ဝ ရွေးကောက်ပွဲတငွ် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့်ပုံစံဖြင့် ဖိအားပေးမှုမျိုးကိုမဆို အလျှော့ပေး လိုက်လျောမည် မဟုတ်ကြောင်း KNU ၏ ဒုဥက္ကဌ ဒေးဗစ်တာကပေါက အင်္ဂါနေ့က တုံ့ပြန်ပြောကြားခဲ့သည်။ သို့သော် KNU အနေဖြင့် မြန်မာနိုင်ငံတငွ် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါက မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒေးဗစ်တာကပေါက ပြောကြားခဲ့သည်။

ရွှေပြည်တော် မျှော်တိုင်းဝေး ခိုင်ထွန်း ကြာသပတေးနေ့၊ မတ်လ 26 2009 12:33 - မြန်မာစံတော်ချိန်

ဤခေါင်းစဉ်ကား ယခုထွက်ခွာမည့် သင်္ဘောကြီး၏ ခရီးစဉ်ဖြစ်သည်။ သဘောင်္ကြီးကား ငါ့မြင်းငါစိုင်းဟု အမည်တငွ်၏။ မာလိန်မှူးကား သင်္ဘောဆိပ်ကမ်းက မခွာမီ ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင်လျက် သင်္ဘောဦးရှိ ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ၊ စတိုင်ကျကျ ထိုင်လျက် ၀ီစကီကို ကျိုက်၊ စီးကရက်ကို ဖွာရှိုက်လျက်ရှိသည်။ ကမ်းပေါ်တွင်မူ ဂုဏ်သရေရှိ လူကြီးလူကောင်းများ သူ့အုပ်စုနှင့်သူ ရှိနေကြသည်။ သင်္ဘောထွက်ခွာမည့် ခရီးစဉ်ကို မကြိုက်နှစ်သက်သလို ကြိုဆိုဧည့်ခံ နေရာချထားရေးမှာလည်း ညံ့ဖျင်းလှသဖြင့် လိုက်ရကောင်းနိုး၊ နောက်တစီးကို စောင့်ရကောင်းနိုး ဖြစ်နေလေ၏။ ဤနေရာတွင်မူ သဘောင်္တစီးနှင့်တစီး အချိန်ကွာခြားချက်မှာ အနှစ် ၂၀ ခန့် ကြာပေသည်။ ထို့ကြောင့် စောင့်ရဖို့မှာလည်း စိတ်မောစရာကောင်းသလို လိုက်ရဖို့မှာလည်း စိတ်တိုင်းကျစရာ မရှိသည့် ခရီးစဉ် ဖြစ်နေသည်။ မြို့မိမြို့ဖ တချို့က သင်္ဘောပေါ်တက်ဖို့အရေး လူကြီးလူကောင်း ဂုဏ်အင်္ဂါနှင့် လျော်ညီစွာ ဧည့်ခံခင်းကျင်းစေလိုသည်။ ရွှေထီး၊ ရွှေဖိနပ်၊ ရွှေဝေါ၊ ရွှေကုလားထိုင်တို့ဖြင့် သိုက်မြိုက်စွာ တက်လိုသည်။ ဖြစ်နိုင်လျှင် ရွှေကုန်းဘောင်ပါ ထိုးပေးစေလိုသည်။ မာလိန်မှူးမှာမူ ယဉ်ကျေးဖွယ်ရာ မရှိသော မျက်နှာထားဖြင့် တောင်းဆိုချက်မှန်သမျှကို တွင်တင်ွကြီး ပယ်ချလျက် ၀ီစကီကျိုက်မပျက်၊ စီးကရက် ရှိုက်မပျက် ရှိလေသည်။ တဖြည်းဖြည်းနှင့် သင်္ဘောထွက်ခွာရန် ရေတက်ချိန် ရောက်လာပြီး သတ်မှတ်ချိန် ၂၀ နာရီ ၁၀ မိနစ်တငွ် ထွက်ခွာမည့်အကြောင်း စပီကာနှင့် အော်ဟစ်လေသည်။ သူတစု၊ ကိုယ်တစု တောင်ရှည်ပုဆိုးကြီးများနှင့် ခေါင်းပေါင်းစ တထောင်ထောင် မြို့မိမြို့ဖများမှာ တချို့က ခပ်တင်းတင်းပင် တောင်းဆိုတာမရလျှင် နေခဲ့ကြမည်ဆို၏။ တချို့က ခရီးစဉ်ကို မကြိုက်သော်လည်း မာလိန်မှူး၏ ငါ့မြင်းငါစိုင်း သဘောင်္ကြီးကို မနှစ်သက်သော်လည်း နောက်တကြိမ် သင်္ဘောဆိုက်ဖို့ နှစ် ၂၀ မက ကြာကောင်းကြာမည်ဖြစ်ရာ ယခုလက်ရှိ သဘောင်္နှင့် ရောက်သလောက် လိုက်သွားပြီးမှ ကိုယ့်ခရီးကိုယ်ဆက်ဖို့ စီစဉ်ကြလေ၏။ သင်္ဘောကြီးကား ထွက်ခွာကာနီးပြီဖြစ်၍ အချက်ပေးဥဩ ဆွေဲ လသည်။ တချို့လည်း တောင်ရှည်ပုဆိုးမ၍ ကသုတ်ကရက် ပြေးတက်ဖို့ ပြင်ဆင်ကြ၏။ တချို့လည်း လိုက်ရမည်လို၊ နေရစ်ရမည်လို ဝေခွဲမရ။ နောက်လာမည့် သင်္ဘောကို လှမ်းမျှော်ကာကြည့်ရင်း သက်ပြင်းချကြ၏။ သင်္ဘောကပ္ဗတိန် မာလိန်မှူးကြီးကား စုတ်ပ့စွဲာ ပြုံးရင်း သူ့စိတ်ကြိုက် ခရီးစဉ်ကို စဉ်းစားကြည်နူးနေလေ၏။

တစုသော မြို့မိမြို့ဖ တဖွဲ့ကား သားကတဖက်၊ သမီးကတဖက်၊ ယောက္ခမက တဖက်နှင့် အုတ်အုတ်ကျက်ကျက် ဖြစ်လျက် တွန်းတွန်းထိုးထိုး ရှိကြလေ၏။ ယောက္ခမကြီးတို့ကား လူကြီးပီပီ ရသမျှနှင့် တင်းတိမ်ဖို့၊ လူငယ်တို့ကား အပြည့်မှ မရလျှင် တ၀က်နှင့် မကျေနပ်နိုင် ဆို၏။ တချို့ကား ကိုယ့်လူကိုယ့်ဘက်သား၏ အရိပ်အကဲကို အကဲခတ်လျက်ရှိ၏။ ရွှေထီး၊ ရွှေကျိုင်း၊ ရွှေသိုင်း၊ ရွှေဝေါ၊ ရွှေထိုင်ခုံ ပါမှ အခမ်းအနားပါမှဟု တင်းခံရစ်သူတို့က မရမနေ ဇွဲကြီးနေလေ၏။ မာလိန်မှူးကား လှုပ်လီလှုပ်လ့ရှဲိသော ကုန်းဘောင်ကို ထိုးပေး၏။ ညစ်ပတ်ပေရေနေသော နေရာထိုင်ခင်းတို့ဖြင့် ဧည့်ခံ၏။ ထိုင်ချင်ထိုင် မထိုင်ချင်နေ၊ လိုက်ချင်လိုက် မလိုက်ချင်နေ သင်္ဘောကား သတ်မှတ်ချိန်အတိုင်း အတိအကျ ထွက်ခွာမည်ဟု သဘောရနေ၏။ မြို့မိမြို့ဖတို့နောက်မှ အကဲခတ်နေကြသော မြို့ခံလူအုပ်ကြီးကား ကိုယ့်လူကြီးများ ဘယ်သို့ဘယ်ပုံ လှမ်းကြမည်ကို စိတ်စောနေ၏။ ဟန်မှဟန်ပါ့မလား တွေးကြ၏။ ကိုယ့်လူကြီးများ တောင်းဆိုနေကြသော ရွှေထီး၊ ရွှေခမ်းရွှေလမ်းတို့ကား ပေါ်လာမည်မထင်။ သင်္ဘောပေါ်တွင်လည်း ဘယ်တုန်းကမှ မရှိခ့ဘဲူး။ မြို့မိမြို့ဖတို့ကား တွေဝေနေ၏။ မြို့ခံလူအုပ်ကြီးကား ပြူးကြောင်ကြည်ေ့  န၏။ ငါးမရလည်း ရေချိုးပြန်မည့်သူများကား သင်္ဘောပေါ် အလုအယက် တက်ကြ၏။ သင်္ဘောဦးမှ မာလိန်မှူးကြီးကား မည်သူ့ကိုမျှ အရေးစိုက်ဟန် မရှိသော်လည်း ကျေနပ်နှစ်သိမ့်နေပုံ ရလေ၏။ ငါ့မြင်းငါစိုင်း သင်္ဘောကြီးကား ရှေ့တွင် စောင့်မျှော်နေသော လှိုင်းကြားလေကြား၊ မုန်တိုင်းကြား ဇွတ်တိုးသွားမည် ပြင်နေ၏။ ရှေ့တွင်စောင့်မျှော်နေသော ကျောက်ဆောင် ကျောက်တန်းတို့ကို ခေါင်းခံပြီး တိုက်မည့် ပဲ့ကိုင်နှင့် ရေကြောလေကြော နားမလည်သော ခရီးသွားတို့ကား အကြောင့်အကြ ကင်းနေသည်လော။ စိတ်ဖောက်နေသည်လော အမှန်ပြောဆိုရန် ခက်ပေလိမ့်မည်။ လူတချို့ကား သင်္ဘောခရီးစဉ် မှားနေပြီဟု ပြောဆိုနေကြ၏။ သည်ခရီးသည် မိမိတို့လိုရာသို့ မရောက်နိုင်ဟု ကြီးမားလှသော ဉာဏ်ဖြင့် သုံးသပ်ကြလေသည်။ တချို့ကား နောက်သင်္ဘောစောင့်ရင်း အလုပ်မပျက် လုပ်ကိုင်ရင်း ကျွဲကူးရေပါ စခန်းသွားလိုကြ၏။ မြို့ခံလူထုကြီးကား မြို့မိမြို့ဖများကို မှာစရာရှိသည်များ မှာကြားထားပြီဖြစ်၍ ခရီးဘယ်လိုဆက်မည် ဆိုသည်ကို သိလိုကြ၏။ သည်လမ်း၊ သည်စခန်းတွင် ကိုယ်ပိုင်သင်္ဘောလည်း မဆောက်နိုင်၊ မ၀ယ်နိုင်၊ ခရီးကြုံသဘောင်္ကိုလည်း စိတ်တိုင်းမကျ စောင့်ရမည်ကိုလည်း မနှစ်သက်၊ မထွေးနိုင် မမျိုနိုင် ဖြစ်နေလေသည်။ မည်သို့ဆိုစေ ၂၀ နာရီ ၁၀ မိနစ်အတွင်း ထွက်ခွာမည့် ရွှေပြည်တော် မျှော်တိုင်းဝေး သဘောင်္ခရီးစဉ်ကြီးကို မောင်းနှင်တော့မည့် ငါ့မြင်းငါစိုင်း သဘောင်္ကြီးကား ဘယ်လူးညာလူးရင်း လှိုင်းအထပ်ထပ်ထဲ တိုးဝင်သွားပေတော့မည်။

ကြယ်စင်ငြိမ်းချမ်း စိုးနေလင်း ကြာသပတေးနေ့၊ မတ်လ 26 2009 12:29 - မြန်မာစံတော်ချိန်

"ဆရာမသေခင် တိုင်းပြည်ငြိမ်းချမ်းရေး အစစ်အမှန်ကို တွေ့သွားချင်တယ်" (သခင်ကိုယ်တော်မှိုင်း) အဖိုးဟာ တိုင်းပြည်ကိုချစ်ခဲ့တယ် ပြည်သူကိုချစ်ခဲ့တယ် လွတ်လပ်မှုကိုချစ်ခဲ့တယ် ငြိမ်းချမ်းရေးကို ချစ်ခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး အမျိုးသားလွတ်မြောက်ရေး အသက် သွေး ချွေး ဘ၀နဲ့ ရေးခဲ့ရသမိုင်း

ဘ၀နဲ့ ရေးခဲ့ရသမိုင်း မိုင်တိုင်တိုင်းမှာ အဖိုးခြေရာချ အထက်မြဆုံး ကလောင်သွားဟာ သူ့ရဲ့ သံမဏိသား ဓားပဲ။ အဲဒီဓားနဲ့ နယ်ချဲ့ကို ခုတ်၊ ဖက်ဆစ်ကို ခုတ် အမျိုးသားသစ္စာဖောက်တွေကို ခုတ် ထမင်းတလုပ်ကို ထင်းခုတ်တောင် စားရဲသူ သူ့ရဲ့ အဖြူရောင်နှလုံးသားက လူနဲ့ လူချင်း စစ်မခင်းကြရအောင်တား တရားပဲ။ ။ (ဤကဗျာဖြင့် အဖိုးသခင်ကိုယ်တော်မှိုင်း ရဲ့ ၁၂၃ နှစ်မြောက် မွေးနေ့ကို ဦးညွှတ်ဂုဏ်ပြုပါသည်။) ထိုင်း မူးယစ်ဆေးပြဿနာ မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ် THURSDAY, 26 MARCH 2009 18:50 ဧရာဝတီ ထိုင်းနိုင်ငံ၏ မူးယစ်ဆေးပြဿနာ ပြေလည်နိုင်ရေး အတွက် မြန်မာပြည်၏ နိုင်ငံရေး အခြေအနေကို ဦးစွာ ဖြေရှင်းရန် လိုအပ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။ ဦးခွန်ဆာ၏ နောက်လိုက် ၃ ဦးထံမှ သိမ်းဆည်းရမိသော ငွေသား ဘတ် ၄၈ သန်းနှင့် ပစ္စည်းမျိုးစုံ (ဓာတ်ပုံ - APICHIT JINAKUL/Bangkok Post) “နိုင်ငံရေး ပြဿနာကို ဖြေရှင်းပြီးမှ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်မယ်” ဟု ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောပြသည်။ “ထိုင်းနိုင်ငံထဲမှာ သိမ်းဆည်းရုံနဲ့ လုံးဝ ကုန်နိုင်မှာ မဟုတ်ဘူး။ ထိုင်းနိုင်ငံဟာ မူးယစ်ဝါးထုတ်တဲ့ ရင်းမြစ်မဟုတ်ဘူး။ မူးယစ်ဆေးဝါး ဝင်တဲ့ လမ်းကြောင်းတခုပ”ဲ ဟု SSA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ထိုင်းအစိုးရက မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ပတ်သက်သူသုံးဦးကို ဘတ်ငွေ ၁၁၇ သန်း (ဒေါ်လာ ၃.၃သန်း) တန် ပိုင်ဆိုင်မှုများနှင့် အတူ ထိုင်းနိုင်ငံထတဲ ငွ် ဖမ်းဆီးရမိကြောင်း၊ ထိုသုံးဦးမှာ ကွယ်လွန်သူ ဘိန်းဘုရင်ခွန်ဆာ၏ နောက်လိုက်များဖြစ်ကြောင်း ပြီးခ့သဲ ည့် ရက်ပိုင်းအတွင်းက ထုတ်ဖော် ပြောကြားခ့သဲ ည်။ SSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ရာ “ထိုင်းအာဏာပိုင်များသည် မူးယစ်ဆေး ပြဿနာကို ဖြေရှင်းရန် နှစ်ပေါင်းများစွာ ကြိုးစားခ့ေဲ သ်ာလည်း အောင်မြင်ခြင်း မရှိသေးပေ” ဟု ဖော်ပြထားသည်။ SSA (တောင်ပိုင်း) သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုရသေးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်တငွ် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရက SSA (တောင်ပိုင်း) အဖွဲ့သည် မူးယစ်ဆေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း စွပ်စွဲထားသည်။ သို့သော်လည်း SSA (တောင်ပိုင်း)က ၎င်းတို့ အနေဖြင့် မူးယစ်ဆေးဝါး နှင့် ပတ်သက်ခြင်း မရှိဟု ဆိုသည်။ SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ရှမ်းပြည်နယ်တငွ် ဘိန်းစိုက်ပျိုးကြခြင်းမှာ စိုက်ပျိုးရန် လွယ်ကူခြင်း၊ ငွေပေါ်လွယ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“စိုက်တသ့ဲူတွေအတွက် ရောင်းဝယ်ဖို့ ဈေးကွက်ကလည်း မခက်ဘူး။ ကုန်သည်က ခြံအထိတောင် လိုက်ဝယ်တယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကို စိုက်တယ်။ တခြားဟာတွေစိုက်ရင် ဈေးကွက်လည်း မရှိဘူး”ဟု စိုင်းဆိုင်မိဏ်းက ဆိုသည်။ ယခုနှစ်ဘိန်းစိုက်ရာသီတငွ် ဘိန်းခင်း အမြောက်အများကို ဖျက်ဆီးခ့သဲ ည်ဟု ယနေ့ထုတ် သတင်းစာများတွင် မြန်မာစစ်အစိုးရက ထည့်သငွ်း ရေးသားထားသည်။ ယခုလအတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်အတွင်းရှိ မြို့နယ်များတွင် ဘိန်းခင်း စုစုပေါင်း ဧက ၉ဝဝဝ ကျော် ဖျက်ဆီးနိုင်ခသ့ဲ ည်ဟု ဖော်ပြထားသည်။ အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းတော့မလား THURSDAY, 26 MARCH 2009 19:54 ကိုစိုး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့မှု တချို့ကို ပြန်လည် ရုတ်သိမ်းနိုင်ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) သို့ ယမန်နေ့ က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင် အာရှရေးရာ ညွန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်က ယမန်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နှင့် အချိန်၂ နာရီခန့်တွေ့ဆုံဆွေးနွေးစဉ် ဤသို့ အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို ပြောကြားလိုက်ခြင်းဖြစ်သည်ဟု စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် က ပြောသည်။ “စီးပွားရေးပိတ်ဆို့တဲ့ ကိစ္စပေါ့၊ အဲဒါကို သူက နည်းနည်း ပြောင်းချင်တယ်လို့ ပြောတယ်၊ ဘယ်လိုပုံစံ ပြောင်းမလဲ ဆိုရင် အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကို မထိခိုက်အောင် ဘာလုပ်မလဲ၊ သာမန်ပြည်သူတွေကို မထိခိုက် အောင်ပေါ့၊ အဲဒီလို ဆန်ရှင်မျိုးလုပ်ဖို့ သူတို့က ပြောပြတယ်၊ ဘယ်လိုသဘောရလဲလို့ အေးတဲ့အခါမှာ၊ ကောင်း ပါတယ်လို့ ပြောလိုက်တယ်”ဟု ဦးအေးသာအောင်ကပြောသည်။ တချိန်တည်းတွင်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(အန်အယ်လ်ဒီ)နှင့်လည်း ယမန်နေ့က မစ္စတာ ဘလိတ်နှင့် တွေ့ဆုံကြောင်း သိရသည်။ ၎င်းတို့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးတွက် အမေရိကန်အစိုးရအနေနှင့် စစ်အစိုးအရကို ညှိနှိုင်း ပြောကြားရန် အန်အယ်လ်ဒီက မစ္စတာ ဘလိတ်အား တိုက်တွန်းလိုက်ကြောင်း အေပီ သတင်းက ရေးသားထားသည်။ မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း အင်္ဂါနေ့က နေပြည်တော်တငွ် မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု အစိုးရ မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။ မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ယခုကဲ့သို့ အမေရိကန်အဆင်မြင့် အရာရှိနှင့် မြန်မာစစ်အစိုးရ အဖွဲ့ ၀င်တို့ တွေ့ဆုံခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း ပြောဆိုသည်။ “အမေရိကန်နဲ့ မြန်မာပြည်ကိစ္စမှာ ဆက်ဆံရေးတိုးတက်ကောင်း တိုးတက်နိုင်တယ်ဆိုပေမယ့် ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စတွေဟာ အမေရိကန်အစိုးရရဲ့ မြန်မာပြည်အပေါ်မှာထားတဲ့ ပေါ်လစီထဲမှာ အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်နေသေးတဲ့အတွက် ဘယ်လိုမှ ချက်ချင်း ပြေလည်နိုင်တဲ့ အနေအထားတော့ မရှိဘူး”ဟု ဦးအောင်နိုင်ဦးက ပြောသည်။ အမေရိကန် အစိုးရက မြန်မာအစိုးရအပေါ်သို့ စီးပွားရေးအရေးယူပိတ်ဆို့မှု၊ စစ်အစိုးရအဖွဲ့ ၀င်များနှင့်မိသားစုဝင် များကို ပြည်ဝင်ခငွ့်ဗီဇာပိတ်ဆို့မှု၊ ကျောက်မျက်တင်သငွ်းခွင့် ပိတ်ဆို့မှု စသည့် အရေးယူမှုများကို ပြုလုပ်ထား သည်။ အပစ်ရပ်ဒေသတွင် စစ်တပ်များ ခြေကုပ်ယူ THURSDAY, 26 MARCH 2009 18:48 ဧရာဝတီ မြန်မာစစ်အစိုးရက ၎င်း၏တပ်များကို အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အခြေစိုက်ရာ ဒေသများတွင် စဉ်ဆက်မပြတ် စနစ်တကျ တိုးချဲ့လျက် ရှိကြောင်း ဧရာဝတီက ရရှိသည့် မြန်မာ့တပ်မတော်၏ တပ်တည် လျှို့ဝှက်မှတ်တမ်းများအရ သိရသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က မြန်မာ့တပ်မတော်တငွ် တိုင်းစစ်ဌာနချုပ် ၉ ခုနှင့် မြန်မာပြည် အလယ်ပိုင်းရှိ ခြေမြန်တပ်မ ဌာနချုပ် ၈ ခုသာ ရှိသည်။ အာဏာ သိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ယူနိုင်ခဲ့ပြီး ထိုအဖဲ့မျွား အခြေစိုက်သည့် နေရာများတွင် တိုက်ခိုက်ရေး တပ်ရင်း အများအပြားကို တိုးချဲ့ထူထောင်ခသ့ဲ ည်။ ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ (ဒကစ)၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ (စခက) ကို တိုးချဲ့ ဖွဲ့စည်းပြီး အပစ်ရပ် ဒေသများတွင် အခြေချခ့သဲ ည်။ ၁၉၉၂ ခုနှစ်တငွ် တပ်မတော်က ကယားပြည်နယ် ဒေသတွင် နယ်မြေစိုးမိုးရေး၊ ဒေသကွပ်ကေဲ ရးတို့ အတွက် လွို င်ကော် အခြေစိုက် ဒေသကွပ်ကမှဲု စစ်ဌာနချုပ်ကို ဖွဲ့စည်းခ့သဲ ည်။ များမကြာမီ ကချင်လွတ်မြောက်ရေး တပ်မတော်၏ တပ်များကို ထိန်းချုပ်ရန် ကချင်ပြည်နယ်တငွ် ဗန်းမော် ဒကစ ကို ဖွဲ့စည်းခ့သဲ ည်။

လျှို့ဝှက် မှတ်တမ်းများအရ မိုင်းဆတ် ဒကစကို ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာ ဒေသရှိ စစ်အစိုးရ တပ်များအား အထောက်အကူ ပြုနိုင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဒကစသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်းမြန်မာ နယ်စပ်အနီးတွင် တည်ရှိသည်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့ အခြေစိုက်ရာ ဒေသတွင်လည်း လောက်ကိုင် ဒကစ ကို ဖဲ့စွ ည်းထူထောင် ခ့သဲ ည်ဟု အဆိုပါ မှတ်တမ်းအရ သိရသည်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့၏ အမည်မှာ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တငွ် အပစ်အခတ် ရပ်စခဲ သ့ဲ ည်။ ရှမ်းပြည်နယ် အရှေ့ခြမ်းတွင် တည်ထောင်ခေ့ဲ သာ မိုင်းဖြတ် ဒကစမှာ ၁၉၉ဝ တွင် အပစ်ရပ်ခသ့ဲ ည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်ရာဒေသတွင် တည်ရှိသည်။ ဒကစ အကြီးအကဲသည် ခြေလျှင်တပ်မ တခု၏ တပ်မမှူး နှင့် ရာထူး တူညီပြီး အပစ်ရပ် ဒေသများတွင် ခြေမြန်တပ်ရင်း အနည်းဆုံး ၅ ခုကို ကွပ်ကရဲ သည်။ ထို့ကြောင့် ဒကစမှူးသည် အဆိုပါဒေသအတွင်း ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်ပြီး တာဝန်ရှိသည်ဟု ယူဆရသည်။ ၁၉၉၅ ခုနှစ်တငွ် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) အများအပြားကို ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း ကျောက်မေဲ ဒသ၊ ရှမ်းပြည်တောင်ပိုင်း လွို င်လင် နှင့် ဖယ်ခုံဒေသ၊ ကချင်ပြည်နယ် မိုးကောင်းဒေသ၊ ကရင်ပြည်နယ် ကျောက်ကြီး ဒေသတို့တငွ် အခြေစိုက်ခသ့ဲ ည်ဟု တပ်မတော် လျှို့ဝှက်မှတ်တမ်းက ဆိုသည်။ မိုင်းပန် စကခ (ရှမ်းပြည်နယ်)၊ မိုင်းပြင်း စကခ (ရှမ်းပြည်နယ်)၊ ရေး စကခ (မွန်ပြည်နယ်) တို့ကို အဆိုပါဒေသများတွင် စစ်ရေး လှုပ်ရှားမှုများ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တည်ထောင်ခသ့ဲ ည်ဟု သိရသည်။ မြန်မာ့တပ်မတော်ရေးရာ ကျွမ်းကျင်သူ မောင်အောင်မျိုး၏ အဆိုအရ စကခ များသည် ခြေမြန်တပ်မ ဌာနချုပ် (ခမရ) များ နှင့် အဆင့်တူဖြစ်ပြီး တပ်ရင်း ၁ဝ ခု စီ ကွပ်ကဲ အုပ်ချုပ်ကြသည်။ စကခ မှူးများမှာ ဗိုလ်မှူးချုပ်အဆင့် ရှိကြသည်။ ၂ဝဝ၈ ခုနှစ်အထိ ရရှိသော စာရင်းများအရ မြန်မာ့တပ်မတော်တငွ် ဒကစ ၁၃ ခု ၊ ခမရ ၁ဝ ခု နှင့် တိုင်းစစ်ဌာနချုပ် ၁၃ ခု ရှိသည်။ ၎င်းတို့၏အောက်တငွ် ခြေလျှင် နှင့် ခြေမြန်တပ်ရင်း စုစုပေါင်း ၅ဝ၄ ခု ရှိသည်။ တာပေါ်လင်စ နောက်ကွယ်မှာ THURSDAY, 26 MARCH 2009 19:09 အောင်သက်ဝိုင်း ည ၉ နာရီ။ လရောင်ကြောင့် ပတ်ဝန်းကျင်တခုလုံး ထိန်လင်းနေချိန် လပွတ္တာမြို့၊ ၁ရပ်ကွက်၊ ထန်းပင်စု အရပ်ရှိ ရေကန်ကြီးတခု၏ မြေသား ကန်ဘောင်ပေါ် တွင် အမျိုးသမီးငယ် ခြောက်ဦး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေကြသည်။ နာဂစ်ဆိုင်ကလုန်းဒဏ် ခံရပြီးနောက် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးနေသည့် လပွတ္တာမြို့လယ် မြင်ကငွ်း (ဓာတ်ပုံ - Katherine.Neumann) အမျိုးသမီးငယ်များ၏ ဘေးတွင် ယောက်ျားသားတချို့ လှုပ်ရှားမှုမရှိ မတ်တပ်ရပ်နေကြပြီး အမျိုးသမီးများ လမ်းလျှောက်နေသည့် ကန်ဘောင်ဘေးတွင် ဖယောင်းတိုင်မီး ထွန်းညှိထားသော တဲငယ်လေးများနှင့် တာပေါ်လင်စ အပြာရောင်မိုးထားသည့် အသေးစား တဲငယ်လေးတချို့လည်း ရှိနေသည်။ ကန်ဘောင်မြေသား လမ်းအတိုင်း လျှောက်လာသည့် ကျနော့်ကို မြင်တွေ့ ကြသောအခါ အမျိုးသမီးငယ်များနှင့် အမျိုးသားများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ကျနော့်အနားသို့ အမျိုးသား နှစ်ဦး ချဉ်းကပ်လာသည်။ ကျနော်နှင့်အတူ လိုက်ပါလာသော လပွတ္တာမြို့ခံက အမျိုးသားနှစ်ဦးနှင့် တီးတိုးစကား ဆိုကြပြီးနောက် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသမီးငယ်ခြောက်ဦးလုံး ဖယောင်းတိုင်မီး ထိန်လင်းနေသည့် တဲငယ်တခုအတွင်းသို့ ၀င်ရောက် သွားကြသည်။ ထိုအမျိုးသမီးငယ်များမှာ ဖောက်သည် စောင့်မျှော်နေသည့် ပြည့်တန်ဆာ လေးများပင်ဖြစ်သည်။ “တခါပြီးပဲ အတူနေမယ်ဆိုရင် ၃၅၀၀၊ တညလုံးဆိုရင်တော့ ၂၀၀၀၀။ စိတ်တိုင်းကျ ရွေးလို့ရတယ်၊ လာ အကို” ဟုဆိုပြီး လပွတ္တာမြို့ခံက အမျိုးသမီးငယ် ခြောက်ဦးရှိနေသည့် တဲငယ်တခုအတွင်းသို့ ကျနော့်ကို ခေါ်ဆောင် သွားသည်။ တဲငယ်အတွင်းတွင် အမျိုသမီးငယ်ခြောက်ဦးသာ ရှိမည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ် ရှိနေသည့် အမျိုးသမီးစုစုပေါင်းမှာ ၁၀ ဦးဖြစ်ပြီး အမျိုးသမီးငယ် အားလုံးမှာ အသက် ၂၀ နှင့် ၂၅ နှစ်ကြား သာရှိကြဦးပေ မည်။ ဖယောင်းတိင်ုမီးက အမျိုးသမီးငယ်များ၏ မျက်နှာများကို သေချာစွာ မြင်တွေ့နိုင်ရန် မစွမ်းဆောင်နိုင်သော်လည်း သူတို့အားလုံး၏ မျက်နှာတွင် နှုတ်ခမ်းနီ၊ မိတ်ကပ်များနှင့် ထူထူထဲထဲ လိမ်းခြယ်ထားသည်ကို ဖျော့တော့သော မီးရောင်ဖြင့် တွေ့မြင်လိုက်ရသည်။

ကျနော်ရောက်ရှိနေသော နေရာကား လပွတ္တာမြို့၏ပြည့်တန်ဆာတန်း ဟုခေါ်ဆိုရမည့် ၁ ရပ်ကွက် ထန်းပင်စုရပ် ပင်ဖြစ်သည်။ အမျိုးသမီးငယ်များ အနက်မှ အမျိုးသမီးငယ်တဦးကို ကျနော် ရွေးချယ်လိုက်ကာ ငွေ ၃၅၀၀ ပေးချေလိုက်ပြီးနောက် ထိုအမျိုးသမီးငယ်အား တည်းခိုခန်းသို့ လိုက်ရန်ပြောဆိုသောအခါ ပြည့်တန်ဆာ ခေါင်း ဖြစ်ဟန်တူသည့် အမျိုးသားတဦးက ၀င်ရောက်ဟန့်တားသည်။ “တခါပြီးပဲဆိုရင် အပြင်ခေါ်မသွားနဲ့ တဲနောက်မှာ နေရာရှိတယ်။ ဟဲ့ .. ကောင်မလေး .. နင့်အစ်ကို ကို ခေါ်သွားလိုက်” ဟု ပြည့်တန်ဆာခေါင်း အမျိုးသားက ထိုအမျိုးသမီးကို လှမ်း ပြောလိုက်သည်။ အမျိုးသမီးငယ်က တဲအနောက်ဘက်ရှိ ထင်းစည်းအနည်းငယ် စုပုံထားသော အပြာရောင် တာပေါ်လင်စ မိုးထားသည့် အလျား ၆ ပေ၊ အနံ ၃ ပေခန့်ရှိ အသေးစား တဲတခုအတွင်းသို့ ဦးဆောင်ခေါ်ဆောင်သွားသည်။ တဲအတွင်း ထိုင်ချလိုက်သောအခါ အေးစက်သော အထိအတွေ့ ခံစားလိုက်ရပြီး နှီးဖျာကြမ်းကြီး တခု ခင်းထား သည်ကို သိရှိလိုက်ရသည်။ မှောင်မိုက်လှေ သာ တဲအတွင်း တဦးမျက်နှာတဦး ပီပြင်စွာ တွေ့မြင်ရခြင်း မရှိ သော်လည်း ထိုပြည့်တန်ဆာ အမျိုးသမီးငယ်က ရုတ်တရက် ကျနော့် ဂျင်းဘောင်းဘီရှည်ကို ဆွချွဲတ်တော့သည်။ “အာ … ခဏနေဦးဗျ။ ကျနော်က စာရေးပါတယ်။ ကျနော် … စကားပြောချင်လို့ပါ။ တခြားဘာမှ မလုပ်ချင်ပါဘူး။ စကားပဲပြောချင်လို့ပါ” ဟု ပြောဆိုသောအခါမှ သူက ကျနော့် ဘောင်းဘီကို လွှတ်တော့သည်။ ဘောင်းဘီခါးပတ် ပတ်ထား၍သာ တော်တော့သည်။ မဟုတ်လျှင် သူ ဆွချွဲတ်သည့်အားက ခါးပတ်မပါလျှင် ကျနော်၏ ဂျင်းဘောင်းဘီ အလွယ်တကူ ကျွတ်သွားပြီး ရှင်းပြရခက်သော အနေအထား ရောက်နိုင်ပေသည်။ “တနေ့ကို အပင် (လာရောက်ပျော်ပါးသည့် အမျိုးသား) ၂၀ လောက် လက်ခံရတယ်။ အားလုံးက တခါပြီးပဲ။ တခါပြီး ၃၅၀၀ မှာ ခေါင်းက ၂၅၀၀ ယူတယ်။ ကျမက တပင် (တဦး) အတွက် ၁၀၀၀ ပဲရတယ်” ဟု ထို အမျိုးသမီးက ပြောသည်။ သူက မြောင်းမြမှ လပွတ္တာမြို့နယ်သို့ သူငယ်ချင်း ဖြစ်သူ၏ ဆက်သွယ်ပေးမှုဖြင့် လာရောက် အလုပ်လုပ် ကိုင်ခြင်း ဖြစ်ပြီး ယခင်က ခေါင်းရွက်ဗျပ်ထိုး ဟင်းသီးဟင်းရွက် လှည့်လည် ရောင်းချခဲ့ရာမှ စီးပွားရေး မပြေလည်သောကြောင့် ယခုကသဲို့ လိင် ဖျော်ဖြေရေးအလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ပြောပြသည်။ “ကျမ ခပ်ငယ်ငယ်အရွယ်မှာပဲ မိဘတွေဆုံးသွားတယ်။ မွေးစားအမေနဲ့ နှစ်ယောက်တည်း နေတာ။ နှစ်ယောက် တည်း ဆိုပေမယ့် ဟင်းရွက်ရောင်းတာနဲ့ စားဖို့ မလောက်လို့ လပွတ္တာမှာ ကုန်သွားသယ်မယ် ဆိုပြီး ထွက်လာ တာ။ ဒီအလုပ်လုပ်တာ အမေမသိဘူး။ ၁၀ ရက် တခါ မြောင်းမြပြန်တယ်။ ပြီးရင်ပြန်လာတယ်” ဟု သူက ရှင်းပြသည်။ လိင်ဖျော်ဖြေရေး လုပ်ငန်းကို လုပ်ကိုင်နေရသော်လည်း သူ့အနေဖြင့် ခုခံအား ကျဆင်းမှုရောဂါ အကြောင်း အနည်းငယ်သာ သိရှိပြီး ပျော်ပါးသူများက တောင်းဆိုမှသာ ကွန်ဒုံးသုံးဆက်ဆံလေ့ရှိကာ များသောအားဖြင့် ကွန်ဒုံးသုံးလေ့မရှိဟု ဆိုသည်။ ယခု သူ အလုပ်လုပ်နေသော တဲအိမ်ဘေးရှိ တခြား တဲငယ်များမှာလည်း ပြည့်တန်ဆာများဖြင့် လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင်ကြပြီး လပွတ္တာနယ်ခံ ရဲများကို ပြည့်တန်ဆာခေါင်းများက လိုင်းကြေး ပေးထားရသည်ဟု ဆက်လက် ရှင်းပြသည်။ “ဒီမှာ နယ်ခံမဟုတ်တဲ့ အပြင်က လူစိမ်းတွေ လာပျော်ပါးရင် လပွတ္တာမြို့အပိုင်ရဲက အရပ်ဝတ်နဲ့ ၀င်ဖမ်းတဲ့ပုံစံ လုပ်ပြီး ပြည့်တန်ဆာခေါင်းနဲ့ ပေါင်း ငွေညှစ်တယ်။ အဖမ်းခံရတဲ့ လူကလည်း ရှက်တော့ တောင်းသလောက် ပေးတယ်။ ၁ သောင်း၊ ၂ သောင်းလောက်ပေးရတယ်” ဟု ပြောပြသည်။ သူနှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ၁၀ ဦးကျော်ရှိပြီး တချို့မှာ တည်းခိုခန်းများတွင် ညအော်ဒါ လိုက်နေကြ သည်ဟု ဆိုသည်။ သူ့သူငယ်ချင်းများထဲတငွ် နာဂစ် ဒဏ်သင့် ကိုင်းသောင်ကျေးရွာမှ အမျိုးသမီးများ ပါဝင်ပြီး တချို့မှာ ယောက်ျား သေဆုံးသွားသည့် မုဆိုးမများ ဖြစ်ကြကြောင်း သူက ပြောသည်။ “ … မပြီးသေးဘူးလား။ နာရီဝက်ကျော်နေပြီ” ဆိုသည့် ပြည့်တန်ဆာခေါင်း၏ အသံကြောင့် သူက ပြောလက်စ စကားကို ရပ်ပြီး အချိန်စေ့ပြီ ဖြစ်သည့်အတွက် ဆက်လက် စကားမပြောနိုင်တော့ရာ စကား ဆက်ပြောလိုပါက ပြည့်တန်ဆာခေါင်းကို နောက်တကြိမ် ငွေပေးရန် ပြောသည်။ ထိုတဲမှ ထွက်လာပြီးနောက် သူတို့တဲနှင့် လေးအိမ်ကျော် တဲငယ်လေးဆီသို့ ဦးတည်သွားပြီး ထိုတအဲ တွင်းသို့ ကျနော်ဝင်လိုက်သည်။ တဲအတွင်း၌ လင်မယားဖြစ်ဟန်တူသည့် အသက် ၅၀ ကျော် အမျိုးသားကြီးတဦးနှင့် အမျိုးသမီးတဦး ထိုင်နေပြီး ၎င်းတို့၏ဘေးတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ငယ်နှစ်ဦး လဲလျောင်း လျှက် ရှိနေသည်။ အမျိုးသားကြီးက ကျနော့်ကို ထိုင်ရန်နေရာထိုင်ခင်း စီစဉ်ပေးပြီး ဈေးစကားပြောဆိုကာ အမျိုးသမီးငယ်နှစ်ဦး အနက်မှ တဦးကို ရွေးချယ်စေသည်။ ပျော်ပါးရန် ရည်ရွယ်ချက်မရှိသော ကျနော့်အဖို့ စကားပြောကောင်းမည်ဟု ယူဆရသော အမျိုးသမီးငယ် ကိုရွေးချယ်လိုက်သည်။ ထို့နောက် တဲထဲတငွ် ကျနော်နှင့် ပြည့်တန်ဆာ အမျိုးသမီးကိုသာ ချန်ထားခဲ့ပြီး ကျန်လူအားလုံးမှာ တဲရှေ့ ကန်ဘောင်ပေါ်သို့ ထွက်ခွာသွားကြတော့သည်။ အမျိုးသမီးငယ်က တဲအ၀င်အ၀ကို စောင်ပါးတထည်နှင့် ပိတ်လိုက်ပြီး ကျနော့်အနားသို့ တိုးကပ်လာသည်။ သည်တကြိမ်တငွ် ပြည့်တန်ဆာ အမျိုသမီးငယ် တစုံတရာ မလှုပ်ရှားခင်ကပင် ကျနော်က ပထမ တခါတုန်းက ရှင်းပြခဲ့သည့် ပုံစံအတိုင်း ပျော်ပါးရန်ဆန္ဒမရှိဘဲ စာရေးရန် စကားပြောလိုကြောင်း ကြိုတင်ရှင်းပြရတော့သည်။

“ကျမနာမည်က …. ။ ဒီလပွတ္တာမြို့ခံပ။ဲ ဒီအလုပ်လုပ်တာ ၂ နှစ်လောက်ရှိပြီ။ စီးပွားရေးကြောင့် ဒီအလုပ်ကိုလုပ်ဖြစ်တာ” ဟု သူက သူ့အကြောင်းကို ခပ်တိုတိုတုတ်တုတ် ရှင်းပြသည်။ နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်း သူ လိင် ဖျော်ဖြေနေရသူ အများစုတငွ် အဖွဲ့ အစည်းများမှ အမျိုးသားများဖြစ်ပြီး ၎င်းတို့က ကွန်ဒုံးသုံးရန် တောင်းဆိုရာမှ ကွန်ဒုံးကို အသုံးပြုတတ်လာကြောင်း၊ များသောအားဖြင့် သူက ညအော်ဒါလိုက် လေ့ရှိသည် ဟုလည်းဆိုသည်။ ယခင်က လပွတ္တာမြို့ပေါ်တခုလုံးတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူ ၂၀ နှင့် ၃၀ အကြားသာ ရှိသော်လည်း ယခုအခါ မြောင်းမြနှင့် ပုသိမ်တို့မှ လာရောက်ကြသူများနှင့် ပြည့်တန်ဆာ အရေအတွက်များပြားလာသည်ကို သတိထားမိကြောင်း ရှင်းပြသည်။ “အရင်က ဒီအလုပ်လုပ်စားတဲ့သူ ဒီလောက်မရှိဘူး အခု မြောင်းမြ၊ ပုသိမ်နဲ့ တခြားနေရာတွေက လာတာတွေက လာလိုက်၊ ပြန်လိုက်ဆိုတော့ ခန့်မှန်းလို့မရဘူး။ အရေအတွက် များတာတော့ များတယ်” ဟု သူက ဆိုသည်။ လပွတ္တာမြို့ပေါ်တွင် လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်ကြသူ ပြည့်တန်ဆာများမှာ ကွန်ဒုံးအသုံးပြုလေ့ မရှိကြဘဲ ခုခံအားကျဆင်းမှု ရောဂါကူးစက်ပုံကိုလည်း သေချာစွာမသိရှိကြကြောင်း ထိုအမျိုးသမီးငယ်က ပြောသည်။ “အေအိုင်ဒီအက်စ်ရောဂါအကြောင်း သိတယ်။ဘယ်လိုကူးစက်လဲ ဘယ်လိုရောဂါဝင်သလဲ ဆိုတာတွေကို သေသေချာချာ မသိကြဘူး” ဟု သူက ဆိုသည်။ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း မိန်းမသေဆုံးသွားရသည့် မုဆိုးဖိုများလည်း တိုးပွားနေရာ ထိုသို့ မုဆိုးဖိုများ များပြား လာခြင်းကလည်း လပွတ္တာမြို့တွင် ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာစေကြောင်း လပွတာမြို့ခံ စီးပွားရေးသမား တဦးက ပြောသည်။ ယခုလက်ရှိ လပွတ္တာမြို့ပေါ်တွင် ကြီးထွားနေသော ပြည့်တန်ဆာ လုပ်ငန်းအတွက် ခုခံအား ကျဆင်းမှုရောဂါ ပညာပေးရေး လုပ်ငန်းများ လိုအပ်နေပြီး အချိန်မီ မလုပ်ဆောင်နိုင်ပါက ဒုတိယနာဂစ်မုန်တိုင်းကြီးတခု တိုက်ခတ် လာသကဲသို့ ရောဂါကူးစက်မှုကြောင့် သေဆုံးမှုများ ပေါ်လာနိုင်ကြောင်း လပွတ္တာမြို့နယ် အခြေစိုက် နိုင်ငံတကာအဖွဲ့ အစည်းတခုမှ ကျန်းမာရေးဝန်ထမ်းတဦးက သုံးသပ်ပြောသည်။ “ပထမ နာဂစ်မှာ လူတသိန်းကျော်သေတယ်။ ခုခံအားကျဆင်းမှုရောဂါဆိုတဲ့ ဒုတိယနာဂစ်ကြောင့် လူမျိုးနွယ်တခုလုံး သေသွားနိုင်တယ်။ ပြည့်တန်ဆာဆိုတာ ဘယ်လောက်ပဲ အရေးယူယူ ပျောက်ပျက် သွားတာမျိုး မဟုတ်တော့ ပြည့်တန်ဆာတွေကို ပညာပေးလုပ်ငန်းတွေ အများကြီး လုပ်ရမယ်” ဟု အဆိုပါ ကျန်းမာရေး ၀န်ထမ်းက ဆိုသည်။

ရန်ကုန-် နေပြည်တော် အမြန်လမ်းမကြီး ဖွင့်လှစ် ၀င်းမြတ် မတ် ၂၇၊ ၂၀၀၉ ရန်ကုန-်

နေပြည်တော်

အမြန်လမ်းမကြီးကို

မတ်

၂၅

ရက်က

အများပြည်သူအသုံးပြုနိုင်ရန်

စတင်ဖငွ့်လှစ်လိုက်ပြီဖြစ်ကြောင်း

နိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြသည်။ ၄င်းလမ်းမကြီးသည် ရန်ကုန် အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်အထိ ၂၀၂ မိုင် ၁ ဖာလုံရှည်လျားပြီး တစ်ဖက်လျှင် လေးလမ်းသွား ကွန်ကရစ်လမ်းမကြီး ဖြစ်သည်။ အောက်ခံကွန်ကရစ်ထု ခြောက်လက်မနှင့် မျက်နှာပြင်လွှာ ကွန်ကရစ်ထု ၁၂ လက်မ၊ ခံနိုင်ဝန် တန် ၈၀ ရှိသည်ဟု ဆိုသည်။ ရန်ကုန်မှနေပြည်တော်သို့ လမ်းအသုံးပြုခကောက်ခံရေးစခန်း

ယခင်ကရှစ်နာရီခန့်သွားလာရပြီး သုံးခုထည့်သငွ်းထားသည်။

ယခုအခါ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊

လေးနာရီခန့်သာ

ကြာမြင့်မည့်

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း

နှင့်

၎င်းလမ်းမကြီးတွင် ကာကွယ်ရေးဝန်ကြီးဌာန

စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့က တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းဖွင့်ပအွဲ ခမ်းအနားကို လမ်းအသုံးပြုခကောက်ခံရေးစခန်းများရှိရာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံ၊ ပဲခူးတိုင်းဖြူးမြို့အနီး မိုင်တိုင် အမှတ် ၁၁၅/၂ နှင့် နေပြည်တော် စီ-လမ်းဆုံ မိုင်တိုင်အမှတ် (၂၀၂/၁) တို့တငွ် ဖွင့်ပအွဲ ခမ်းအနား များပြုလုပ်ခဲ့ကြသည်။ အမှတ်(၃) လမ်းဆုံဂိတ်တငွ် ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဖြူးမြို့တွင် ဗိုလ်ချုပ်ကိုကို နှင့် နေပြည်တော်တငွ် အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့က ၆၄ နှစ်မြှောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည်ဟု နိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြသည်။ “တိုင်းပြည်နှင့် လူမျိုးကို တခါမျှ တပတ်မရိုက်ခဲ့ …” ရန်ကုန်မြို့ အကျယ်ချုပ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တငွ် ပိုစတာအသစ် ထုတ်ပြန်ဟုဆို မိုးမခ အထောက်တော် (ရန်ကုန်)

မတ် ၂၆၊ ၂၀၀၉ လွန်ခဲ့သည် ရက်သတ္တ ၂ ပတ်ခန့်၊ ကုလအထူးကိုယ်စားလှယ်များ ပြန်သွားအပြီး ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းထိပ်တငွ် ပိုစတာအသစ်တခု ထပ်တိုး ချိတ်ဆွဲထားသည်ဟု ဆိုသည်။ မူလ ပိုစတာဖြစ်သည့် “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ - ဗိုလ်ချုပ်အောင်ဆန်း” ဟူသည်အထက်တငွ် အသစ်စာတန်းတခုကို ထပ်တိုးချိတ်ဆွဲထားခြင်းဖြစ်ပြီး “တိုင်းပြည်နှင့် လူမျိုးကို တခါမျှ တပတ်မရိုက်ခဲ့ …” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် တွဲဖက်ဖော်ပြထားသည်။ ထိုသို့ ခြံဝတွင်စာတန်းများ ချိတ်ဆွဲပါက ဓာတ်ပုံမှတ်တမ်းနှင့်သတင်းများ ပြည်တငွ်း ပြည်ပတွင် ပြန့်နှံ့လေ့ရှိသော်လည်း ယခုစာတန်းကို ထူးထူးခြားခြား မှတ်ချက်ပေးကြခြင်း မရှိသေးဟု သိရသည်။ “အခုနိုင်ငံရေးအကြပ်အတည်းမှာ ဘယ်သူတွေက တပတ်ရိုက်နေကြသလဲဆိုတာ ကာယကံရှင်နဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ အဲဒီအချက်ကို ဒေါ်စုက ထင်ရှားစေလိုတဲ့ သဘောပဲလို့ ထင်ပါတယ်။” ဟု ပြည်တငွ်းက မိုးမခမိတ်ဆွေ ကျောင်းဆရာတဦးက သဘောထားပြောကြားသည်။ ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံက ပြန်ပို့ Reuters သတင်းဌာန မတ် ၂၆၊ ၂၀၀၉ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးကို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်ဟု ယူနန်ပြည်နယ် နယ်စပ်မြို့တမြို့ရှိ ရဲအရာရှိများကို ကိုးကားပြီး China Daily သတင်းစာတွင်

ယမန်နေ့က

ရေးသားထားသည်။

ထိုအမျိုးသမီး



ဦးသည်

အသက်

၂၆

နှစ်အရွယ်ရှိကြပြီး

အငှားမိခင်များအဖြစ်

တရုတ်နိုင်ငံတငွ်

ရောင်းစားခံခရ့ဲ သူများဖြစ်သည်ဟု သိရသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြီးခ့သဲ ည့် ဒီဇင်ဘာတွင် ထွက်ခွာလာခ့ရဲာ Anhui ပြည်နယ်၊ Taihe မြို့ တွင် ဒေါ်လာ ၃၅၀၀ ဖြင့် ရောင်းစားခံခရ့ဲ သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသို့ သွားရောက်ရခြင်းမှာ အလုပ်အကိုင် မက်လုံးများကြောင့် ဖြစ်ပြီး တလလျှင် ဒေါ်လာ ၈၀ ကျော် ရရှိရန် မျှော်မှန်းခ့ေဲ ကြာင်း သိရသည်။ နောက်ဆုံးတွင် အငှားမိခင်များအဖြစ် တဦးလျှင် ဒေါ်လာ ၂၅၀ စီ ရခဲ့ကြသည်ဟု သတင်းစာတွင် ရေးသားထားသည်။ မ ည်သူ့ထံသို့ ရောင်းစားခံရမည်ကို မသိခဲ့ကြဟု ဆိုသည်။ ကလေးမွေးပြီးပါက နေရပ်ရင်းသို့ ပြန်နိုင်သည်ဟုသာ သိထားကြသည်ဟု ဆိုသည်။ ပြီးခ့သဲ ည့်လကလည်း အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာရာ ဇန်န၀ါရီလတွင် မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်လိုက်သည်ဟု သိရသည်။ ရဲအငြိမ်းစား တဦး မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တငွ် ဖမ်းဆီးခံရ 3/25/2009 ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သ၀င်ချောင်းကျေးရွာမှ ရဲအငြိမ်းစား အရာရှိ တဦးအား ပြည်ပ မီဒီယာများနှင့် ဆက်သွယ်မူ ရှိသည့် သံသယဖြင့် မောင်တော စရဖ (စစ်ထောက်လှမ်းရေး)က ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသူမှာ ဦးမြတ်ထွန်းဖြစ်ပြီး နယ်စပ်တငွ် ပုလင်းရောင်းဝယ်ရေးကို လုပ်ကိုင်နေသူ တဦးဖြစ်သည်ဟု သိရသည်။ အမည်မဖေါ်လိုသူ သူ့၏ ဆွေမျိုး တဦးအပြောအရ ဦးမြတ်ထွန်းအား မောင်တောမှ အပြန် ဘူးသီးတောင် ဗျူဟာဂိတ်တငွ် လွန်ခဲ့သော အပတ်က ဖမ်းဆီးပြီး မောင်တော စရဖ ရုံးသို့ ယူဆောင်လာခဲ့ပြီး (၅) ရက်တိုင်တိုင် ပြင်းပြင်း ထန်ထန် ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။ ယမန်နေ့က သူအား တရားရုံးတွင် စရဖတပ်ဖွဲ့ မှ လ၀က အမူတခုဖြစ်သည့် တရားမ၀င် နိုင်ငံခြားသွားရောက်မူနှင့် တရားစွဆဲိုခဲ့သည်ဟု သိရသည်။ ကိုမြတ်ထွန်းအား သွားရောက်တွေ့ဆုံခဲ့သူ တဦးက သူ့အား ဖလောင်းချိတ်မြို့တွင် နေထိုင်သူ သတင်းပေး တဦးမှ သတင်းမှားပေးခဲ့သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ပြောသည်။ သူ၏ အမူနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများကို တိတိကျကျ မသိရသေးသော်လည်း သူ့အား ယခုအခါ မောင်တောရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့တွင် နအဖ စစ်ထောက်လှမ်းရေးမှ ခန့်အပ်ထားသော သတင်းပေး တဦး ရှိနေပြီး သူ၏ သတင်းပေးမူကြောင့် အမေရိကန် နိုင်ငံတငွ် နေထိုင်သူ ခိုင်အောင်ကျော်၏ညီ ဦးသာထွန်းမှာ ပြည်တငွ်းသို့ အလုပ်ဖြင့် ၀င်ရောက်စဉ် မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး ထောင် (၅) နှစ်ချမှတ်ခံခဲ့ရသည်။ ယင်းအပြင် သူနှင့် ဆက်စပ်နေသူ အများအပြားလည်း ရခိုင်ပြည်နယ်တငွ် ဖမ်းဆီးခံခဲ့ရသည်။ ထိုကဲ့သို့ ရန်သူ သတင်းပေးအား ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် တော်လှန်ရေး သမားများမှ ခိုင်ခိုင်မာမာ သိရှိသော်လည်း အရေး တစုံတရာ မယူနိုင်သဖြင့် အဆိုပါ သတင်းပေးမှာ ယခုအခါ လူမြင်ကငွ်းထိ တက်လာပြီး လက်ကိုင်ဖုံးဖြင့် မောင်တော စစ်ထောက်လှမ်ရေးသို့ ပေါ်ပေါ်ထင်ထင်ကြီး

သတင်းပေးနေသည်ဟု မျက်မြင် မြန်မာပြည်သား တဦးက ပြောသည်။

လူထုဆန္ဒပြပွဲကြီးကို ရင်ဆိုင်ဖို့ အစိုးရပြင်ဆင်

Thursday, March 26, 2009

မတ်လ ၂၄၊ ၂၀၀၉ (ဘန်ကောက်ပို့စ်) မတ်လ (၂၆)ရက်နေ့ ကြာသာပတေးနေ့မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကြီးတခုဖြစ်နိုင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဖြစ်လာမယ့်အခြေအနေတွေကို အောင်အောင်မြင်မြင် ဖြေရှင်းဖို့ စီမံချက်တွေ ချမှတ်ပြင်ဆင်နေတယ်လို့ (၂၃) ရက်နေ့က ဒုဝန်ကြီးချုပ် ဆူထက် က ပြောပါတယ်။ အစိုးရအနေနဲ့ကတော့ သည်းခံပေးမယ်။ ဆန္ဒပြသမားတွေကို ဥပဒေနဲ့အညီဖြစ်သ၍တော့ ခွင်ပြုမယ်၊ ဥပေဒေ ချိုးဖောက်တဲ့ လုပ်ရပ် တွေကိုတော့ သည်းခံမှာမဟုတ်ဘူးလို့ အမျိုးသားလုံခြုံရေးကို ကြီးကြပ်နေရတဲ့ ဆူထက် က ပြော ဆိုပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(UDD) ကိုထောက်ခံသူတွေက ဆနမ်လွမ်းကွင်းကနေ အစိုးရ အိမ်တော်ကို ချီတက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာ အိမ်တော်ကို ၀ိုင်းပြီး အဘီဆစ်အစိုးရ မဖြစ်မနေ နှုတ်ထွက်ပေးဖို့ ကြိုးစားမယ်လို့ သူတို့က ပြော ပါတယ်။ ဖုန်းထဲကနေရော၊ လူထုစည်းဝေးပွေဲ တွမှာ ပြောတဲ့ မိန့်ခွန်းတွေမှာပါ တွေ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်ဆင်ရှီနာဝပ်ထရာရဲ့ ရည်ရွယ်ချက်ကတော့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို လုပ်နေတဲ့ ဆန္ဒပြသမားတွေကို အုတ်အော်သောင်းတင်းဖြစ်နေအောင်သာ လုပ် နေတာ ဖြစ်တယ်လို့ ဆူထက်က ပြောပါတယ်။ ဘန်ကောက်ပုလိပ်မင်းကြီး ၀ိုရပ်ဖုန်ချူးပရီးချာ က ဆန္ဒပြတာတွေကို ထိန်းချုပ်တဲ့ တာဝန်ခံဖြစ်မယ်လို့ ဆူထက်က ပြောပါတယ်။ ပုလိပ် တွေအနေနဲ့ စစ်တပ်အကူအညီလိုတယ်လို့ ထင်ရင် စစ်တပ်ကို အကူအညီတောင်းနိုင်တယ်။ ကြာသပတေးနေ့မှာ ပုလိပ်တပ်ဖွဲ့အင်အား ၂၂ ခွဲနဲ့စစ်သား ၆၀၀၀ ကို အစိုးရနဲ့ပြည်သူတွေလုံခြုံရေးအတွက် ဖြန့်ကျက်ချထားမှာ ဖြစ်တယ်လို့ ပုလိပ်ဒုဗိုလ်ချုပ်ကြီး ၀ိုရပ်ဖုန် က ပြော ပါတယ်။ ရှပ်နီဆန္ဒပြသမားတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးအရ စုဝေးနိုင်ခငွ့်ရှိပါတယ်၊ ဒါပေမဲ့ ဥပဒေအတွင်းမှာပဲ ဖြစ်ပြီး အစိုးရဥစ္စာ ပစ္စည်းတွေကို ကျူးကျော် ၀င်ရောက်ဖျက်ဆီးတာ မလုပ်ရပါဘူးလို့ သူကပြောပါတယ်။ ပုလိပ်တွေအနေနဲ့ အခြေအနေတွေကို ထိန်းချုပ် နိုင်မယ်ဆိုတာ သူယုံကြည်တဲ့အကြောင်းနဲ့ လူထုစုဝေးပွဲကြီးကနေ အကြမ်းဖက်မှုကို ပြောင်းမသွားဘူးဆိုတာလည်း မျှော်လင့်တဲ့ အကြောင်း အမျိုးသားပုလိပ်တပ်ဖွဲ့မင်းကြီး ဗိုလ်ချုပ်ပတ်ချာဝရတ် ဝေါင်ဆူဝမ် က ပြောပါတယ်။ ရှပ်နီဆန္ဒပြသမားတွေက သူတို့နိုင်ငံရေး အမြင်ကိုပဲ ထုတ်ဖော်ချင်ကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ တနင်္ဂနွေနေ့က ဗီဒီယိုနဲ့ချိတ်ဆက်ပြီးပြောတဲ့ ထပ်ဆင်ရဲ့ မိန့်ခွန်းဟာ ဥပဒေချိုးဖောက်-မဖောက် ဆိုတာကို ဆုံးဖြတ်ဖို့ ဥပဒေအရာရှိတွေ ကို တာဝန်ပေးထားကြောင်း သူက ထပ်ပြောပြပါတယ်။ ဒီမိန့်ခွန်းထဲမှာ ဘုရင့်အတိုင်ပင်ခံကောင်စီဝင်တွေဖြစ်တဲ့ ဗိုလခ်ျုပ်ကြီး ဆူရာယုဒ် ချူလာနော့တ်နဲ့ ဖွဲ့စည်းပုံတရားရုံး တရားသူကြီး ဂျာရမ်ပက်ဒီထန်နာခူလ်တို့အပါ အရေးကြီးပုဂ္ဂိုလ် ၂ ဦး ကို ကိုးကားပြောဆိုသွားခဲ့တာ ဖြစ်တယ်။

ပြည်ထေဲ ရးဝန်ကြီးကလည်း ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို အဲဒီဒေသတွေက ရှပ်နီအဖွသ့ဲားတွေရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံလိုက်ဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ ပျက်ကွက်သူတွေကို နေရာပြောင်းပစ်နိုင်တယ်လို့ ပြည်ထေဲ ရးဝန်ကြီး ချာဗရတ် က သတိပေးထားပါတယ်။ လာမယ့်အင်္ဂါနေ့ညမှာ ထပ်ဆင်က လမ်ပန်းပြည်နယ်မှာ သူ့ကိုထောက်ခံတဲ့ သူတွေကို ဖုန်းထဲကနေ မိန့်ခွန်းပြောဖို့ စီစဉ်ထားတယ်။ ဒါက စနေ၊ တနင်္ဂနွေတုန်းက ချင်းရိုင်းနဲ့ချင်းမိုင်မှာ သူ့ကိုထောက်ခံတဲ့သူတွေကို ဖုန်းထဲက မိန့်ခွန်းပြောခဲ့အပြီး နောက်ထပ် အစီအစဉ်တခုဖြစ်ပါတယ်။ (၂၃) ရက်နေ့ညနေတုန်းကလည်း လမ်ပန်းအားကစားကွင်းထဲမှာ ထပ်ဆင်ကို ထောက်ခံတဲ့ သူတွေဟာ စုဝေးခဲ့ကြပါသေးတယ်။

မူးယစ်ဆေးသုံးဟု ထင်ခံရသူ သျှမ်းရွာသား ပစ်သတ်ခံရ ကြာသပတေးနေ့၊ 26 မတ်လ 2009 သျှမ်းသံတော်ဆင့် ကချင်ပြည်နယ် မန်စီမြို့နယ် နောင်ကျွှမ်းရွာသား စိုင်းလှဝေအသက် (၃၃) နှစ်သည် မတ်လ (၂ဝ) ရက်နေ့တငွ် ဒေသခံ မူးယစ်ရဲတပ်ဖွဲ့ ၏ သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ အဆိုပါနေ့ နံနက်ပိုင်း (၆) နာရီကျော်ခန့်၌ မူးယစ်ရဲလှည့်ကင်းအဖွဲ့က နမ့်ခမ်းမြို့နယ် နောင်မွန်းကျေးရွာ ဝါးရုံ တောအနီးတွင် စိုင်းလှဝေပါ ရွာသားသုံးဦးအား တွေ့ရှိရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် စိုင်းလှဝေအား ထိမှန်သေ ဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ တူတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။၊ “နမ့်ခမ်းမူးယစ်အဖွဲ့ ကွင်းဆင်းတော့ နောင်မွန်းရွာ ဝါးရုံတောထဲမှာ ဘိန်းစား ၃ ယောက်ပေါ့ အဲလို ထင်ပြီးဝိုင်းခံ လိုက်ရတယ် အဲတော့သူတို့ ၃ ယောက်က ဝါးတောထဲကနေ လယ်ကငွ်းဘက်ကို ထွက်ပြေးသွားတယ် ရဲထဲက တစ် ယောက်က သေနတ်နဲ့ပစ်တော့ စိုင်းလှဝေကိုထိပြီး သေသွားတယ်” လို့ ပြောသည်။ သေဆုံးသွားသူ စိုင်းလှဝေ၏ ရုပ်အလောင်းအား နမ့်ခမ်းမြို့နယ် ဆေးရုံသို့ သယ်ဆောင်သွားကာ ရင်ခွဲစစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် မိဘများထံပြန်လည် လွေဲ ပြာင်း ပေးအပ်ခဲ့ကြောင်းနှင့် နစ်နာကြေး အဖြစ် ကျပ်ငွေ (၃)သိန်း အလျှော်ပေးခဲ့ကြောင်း သူက ပြောသည်။ သေဆုံးသူ၏ မိဘများမှာ အဘ ချင်းခမ်းစွိုက် အိုက်ထွန်းနှင့်အမိ နန်းစွို က်ငင်းလျှံ တို့ဖြစ်ကြပြီး အမိတစ်ဦးတည်း သာ ယခုထိ အသက်ရှိနေထိုင်လျှက်ရှိကြောင်း သိရသည်။ ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည် မန်စီမြို့နယ်တို့သည် နယ်စပ်ခြင်းထိကပ်လျှက်ရှိပြီး မူးယစ် ဆေးရောင်းဝယ် ဖေါက်ကားမှု ထူပြောသောနေရာ လည်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ တာဝန်ရှိ မူးယစ်ရဲတပ်ဖွဲ့ဝင်များက ယခုလို မူးယစ်ဆေးသုံးစွသဲူဟု သံသယဖြစ်ခံရရုံဖြင့် သေနတ်ဖြင့် အသေပစ်သတ် လိုက်သော်လည်း ရောင်းဝယ်ဖေါက်ကားသူများကိုမူ နှိမ်နှင်းခြင်းမရှိဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ နောက်ထပ် ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ သူက ဟုတ်မှန်ကြောင်း အခုလိုပြောသည် “မန်ဝိန်းကြီး ဘက်မှာ ပစ်သတ်ခံရတယ်” ဟု သူကပြောသည် ၊၊ ဟုတ်ပါ့မလားမောင်ကာဠု ကြာသပတေးနေ့၊ 26 မတ်လ 2009 မင်းရန်နိုင် (ဘန်ကောက်) အပိုင်း(၁) သိဒ္ဓတ္ထမင်းသား အတွက် မိဖုရားလောင်းလျာ၊ ယသော်ဓယာမင်းသမီး သင့်တင့်လျောက် ပတ်ကြောင်းလူနဲ့မတူ နတ်ထက်မက သာလွန်ချောမွေ့ ပြစ်မျိုးမှဲ့ မထင်ကောင်းခြင်း ငါးဖြားမကဖွဲ့လို့ မကုန်၊ လှပ ချောမောပုံ တွေကို ခမည်းတော် သုဒ္ဓေါဓနဘုရင်ကြီးအား၊ အမတ်ကာလုဋာယီ လျှောက်တင်သဖြင့် “ဟုတ်ပါ့မလား မောင်ကာဠု” ဆိုတဲ့ ယုံနိုင်ဘွယ်မရှိ၊ သံသယအမြင်ဖြင့် ပြန်ပြောတဲ့စကား အဖြစ်ဖတ်ဖူး ကြားဖူးပါတယ်။ ကျနော်တို့ မြို့ နယ်အဆင့် ဘောလုံးကန်ခဲ့တဲ့ အချိန်က ၁၉၈၁/၈၂ လောက်မှာပါ။ အဲဒီအချိန်တုန်းက ကျနော်တို့ ကိုပြတဲ့နည်းပြက တိုင်းနဲ့ပြည်နယ် လက်ရွေးစင် ဘောလုံးသမား တစ်ယောက်ပါ။ သူခေတ် သူ့အခါအရ ကျနော်တို့ လေ့ကျင့်ရတဲ့ နည်းစံနစ်တွေဟာ ၉၀ ပြည့်လောက်မှာ တော်တော်ကို ပြောင်းသွားခဲ့ပါတယ်။ ဘောလုံးကွင်းလယ်ဒိုင်ရဲ့  ဥပဒေဟာလည်း တစ်နှစ်နဲ့ တစ်နှစ်ကွဲလချွဲက်တွေ အများအပြားရှိလာပါတယ်။ ဥပမာ ဖနောင့်နဲ့ ပေါက်ရင် ဖေါင်း(ပစ်ဒဏ်ဘော) ပေးသလို၊ မပေး တော့တာရှိလာပါတယ်။ အလားတူ ပယ်နယ်တီ ဘောလုံးကို ကန်ရာမှာလည်း ဘောလုံးနဲ့ လူနဲ့တစ်ဖြောင့်တည်း နေပြီး ခြေလှမ်းဘယ်နှစ်လှမ်း အကွာကကန်ရမယ် ဆိုရာကနေ ကြိုက်တဲ့အနေအထားနဲ့ လွတ်လွတ်လပ်လပ် ကန်ခငွ့်တွေဖြစ်လာပါတယ်။ ကျနော်တို့ကို ဘောလုံးနည်းပြ ဆရာကပြောပြဖူးပါတယ်။ ကွင်းလယ်ဒိုင် တစ်ယောက်ဟာ တစ်နာရီခွေဲ ဘာလုံး ကစား ချိန်မှာအနည်းဆုံး ၇ မိုင်အထက်မှာ ပြေးလွှားနေရမယ် ဘောလုံးပြေး သလောက်ဒိုင်လည်း ပြေးလိုက် နေရမယ်။ စည်းကြပ်ဒိုင်တွေရဲ့  အချက်ပြမှုတွေကို မျက်စိလျှင်လျှင် နဲ့ကြည့်ရှုပြီး ကိုယ့်အမြင်နဲ့ ပေါင်းစပ်၊ နောက်ဆုံး သတ်မှတ် ထားတဲ့ ဘောလုံးဥပဒေသတွေနဲ့ ညှိနိုင်းပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်ရမယ်။ ဘက်မလိုက်ရဘူး၊ ဘောလုံးကန်ကြသူ အချင်းချင်း မတော်တဆထိခိုက်မှုကြောင့် အချင်းချင်းပြဿနာမတက် ရုံသာမက၊ ပြင်က ပွဲကြည့် ပရိတ်သတ်တွေ အချင်းချင်းပြဿနာ မဖြစ်အောင်ပါပွကဲို ထိန်းသိမ်းတတ်ဖို့လိုတယ်။ ဒါ့အပြင်ပရိတ်သတ် တွေ နားလည်းအောင် ခြေဟန် လက်ဟန်နဲ့ပြပြီး ဘာကြောင့် ဒါရိုက်ပေးရတယ်။

အင်တာရိုက်ပေးရတယ်၊ လက်ပစ်ဘောပေးရတယ်။ ပြစ်ဒဏ်ဘော ပေးရတယ် အစရှိသဖြင့် သဘောပေါက် စေတဲ့ အမူအယာတွေနဲ့ လုပ်ပြတတ်ရမယ် လို့ဆိုပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ မဆင်ခြင်မှုကြောင့် ဆုံးဖြတ်ချက် တစ်ခုချ မိလို့ တစ်ဘက်အသင်းက မရှုံးသင့်ပရှဲုံး နိမ့်ခဲ့ရင် ဘောလုံးပွဲကနေ ရန်ပအွဲ ဆင့်ကို ရောက်ရှိသွားတတ်တယ်။ တစ်ရွာနဲ့ တစ်ရွာ၊ တစ်သင်းနဲ့ တစ်သင်းလူမှုရေး ကိစ္စရပ်တွေမှာပါများစွာ ထိခိုင်စေနိုင်ပါတယ်။ အပိုင်း(၂) ဘောလုံးကွင်း နိုင်ငံတကာဘောလုံးသမားတွေ ကန်နေတဲ့ အပျံစားကစားကွင်းလား။ ချိုင့်တွေ၊ ဗွက်တွေနဲ့လား၊ မိုးရွာရင် ကန်မရတော့တဲ့ ကွင်းမျိုးလား၊ ကစားတဲ့ အသင်းတွေဟာ အနိုင်အရှုံးကို အဓိကထား တဲ့ပွဲလား၊ ခြေစမ်းပွဲ လား၊ ယှဉ်ပြိုင်မှုကို အဓိကထားတဲ့ ပွဲလား၊ မကြေပွဲလား၊ အစရှိသဖြင့် ပြိုင်ဘက်အသင်းတွေရဲ့ နောက်ကြောင်း ရာဇ၀င်ကအစ၊ ကစားသမားတွေဟာ လူသစ်တွေလား၊ ပွအဲ ထားနဲ့ ကွင်းအထာကို ကြေညက်နေကြသူတွေလား ပွဲကြည့် ပရိတ်သတ်တွေကကော ဘယ်လိုအမျိုးအစားလဲ စသဖြင့် အတွင်းအပြင် အခင်းအကျင်းအားလုံးကို ကွင်းလယ် ဒိုင်တို့ အဖွဲ့ ကဦးစွာ သိထားမှ ပွဲကိုဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ သိနိုင်ပါတယ်။ ဒိုင်လုပ်မယ့်လူတွေက နောက်ကွယ်မှာ ခေါက်ဆွဲစားထားပြီး လစ်ရင်လစ်သလို၊ ပိုင်ရင်ပိုင်သလို တဘက်အသင်း ကိုချိုး နှိမ်နေကြောင်း ကစားသမားတွေ ရိပ်မိလို့ကတော့ အဲဒီပွေဲ ရာ အဲဒီ ဒိုင်လူကြီးပါ အဆိုးဘက်ကို ဦးတည် သွားနိုင်ပါတယ်။ ပြီးတော့ ကွင်းလယ်ဒိုင်လုပ်သူဟာ လက်ရှိပြိုင်ပွဲဝင် ကစားသူတွေထက်၊ နည်းပညာအရပ်ရော၊ သမ္ဘာအရပါရင် ကျက်သူ ဖြစ်ရုံမကဘူး ဘောလုံးသမားတွေက လိုက်နာနိုင်တဲ့ စိတ်ချယုံကြည်တဲ့ သူဖြစ်ပါမှ ၀ီစီမှုတ်သံ ကို လိုက်နာ ကြမယ့် သဘောလည်းရှိပါတယ်။ ဒိုင်က ရပ်ကက်ွအဆင့် သာရှိပြီး ကစားနေတဲ့လူတွေက နိုင်ငံကိုယ်စားပြု ကစား သမားတွေဆိုရင် အဲဒီဘောလုံးပွကဲ သောင်းပြောင်းဖြစ်ဖို့က သေချာပါတယ်။ အပိုင်း(၃) မြန်မာ့နိုင်ငံရေး ကစားကွင်းဟာ ပြေပြစ်ညီညာမှု မရှိတဲ့ အားကစားကွင်းနဲ့ နှိုင်းရင်ဖြစ်နိုင်သလို ရာစုနှစ် ၀က်ကျော် ကြာ တော်လှန်သူနဲ့၊ ခုခံသူ၊ ဘိုတပြန် ကျားတပြန်မျိုးဆက်နဲ့ ချီပြီး ကျားနာခဲခြဲ ပီး အာဏာရှင်တည်မြဲရေး နဲ့တန်း တူရေး ယှဉ်ပြိုင်နေသူတွေကို ၀ါရင့်ကစားသမားနဲ့ ဥပမာပေးရင် လွဲမယ်မထင်ပါဘူး။ ကုလသမဂ္ဂလိုအဖွဲ့ အစည်း ကတောင် လက်မြှောက်ထားရတဲ့ မြန်မာ့နိုင်ငံရေး ဘောလုံးပွဲကို စီးပွားရေးအခွင့်အလမ်းရရှိရေးဆိုတဲ့ ခေါက်ဆွဲ စားပြီး ထိုင်းနိုင်ငံက ဒိုင်ဝင်လုပ်မယ်ဆိုတော့ “ဟုတ်ပါ့မလားမောင်ကာဠု” လို့မေးရမယ်လို့ယူဆပါတယ်။ အိမ်နီးချင်းကောင်း ပီသစွာနဲ့ ပြေလည်ကြပါစေဆိုတဲ့ စေတနာအပြင် မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ အတိမ်အနက်၊ အခင်းအကျင်းတွေကို ရေဆုံး၊ မြေဆုံးသိရှိ နားလည်းပြီးတော့ ရှင်းနိုင်လောက်တဲ့ သြဇာတက္ကမ ထိုင်းမှာရှိ နေရင် တော့၊ သာဓုခေါ်စရာ ဖြစ်လာမှာပေါ့။ အဲသလိုမျိုးမဟုတ်ပ၊ဲ ခလေးတွေ မကစားချင်တော့ရင် ငါ့အိုးခွက် အရုပ်တွေ ပြန်ပေးဆိုသလို၊ ငါတို့ ခိုင်းသလိုလုပ်မှ ငါတို့ ပိုင်နယ်မြေမှာ နေခွင့်ပြုမယ်ဆိုတဲ့ အကြပ်ကိုင် အပေါ် စီးဆန်မှုမျိုး အပေါက်သွားချိုးလို့ရမယ်လို့ ထင်ရင်တော့ အဲဒီဘောလုံးပွဲဟာ ကစားသူတွေရော ပွဲကြည့် ပရိတ်သတ်ပါရှင်းမကျင်း တဲ့ ပြဿတွေနဲ့ အဆုံးသတ်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ဒါပေမယ့်ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပွဲပြီးအောင် ထိန်းကျောင်း နိုင်ရင်တော့ အမောင်ထိုင်းလင်းကို ရွှေလောင်းအပြည့်နဲ့ ဂုဏ်ပြု ရမှာပေါ့လေ။ တဘက်သတ်တွေ့ဆုံ ဆွေးနွေးရေးမလိုလား ဟု SSA ကြေငြာချက်ထုတ်ပြန် ဗုဒ္ဓဟူးနေ့၊ 25 မတ်လ 2009 သျှမ်းသံတော်ဆင့် နအဖ ဗမာစစ်အစိုးရ နှင့်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ဖို့ရန် RCSS/SSA ဘက်မှ အစဉ်တံခါးဖွင့် လက်ကမ်းကြိုဆို သော် လည်း တဘက်သတ်ဆန္ဒဖြင့် ဆွေးနွေးရေးကို မူမလိုလားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA ယနေ့ (၂၅/၃/၀၉) တွင် ကြေငြာချက်ထုတ်ပြန်၏။ RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ် မတ်ခ်ျ ၂၅ ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ ကြေငြာ ချက်အရ အဓိက အကြောင်းအရာ ၄ ချက် ပါဝင်သည်။ (၁) လက်ရှိနိုင်ငံရေးပြဿနာကို မျှတ မှန်ကန်စွာဖြေရှင်း လိုလျှင် ၁၉၄၇ ပင်လုံ သဘောတူညီချက် ဇစ်မြစ်ကိုပြန်ကောက်ရမည်၊ (၂) ပြည်တငွ်း ပြည်ပ နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံ အခြေခံမူကို အားလုံးပါဝင် ဝေဖန် ပြင်ဆင်ခငွ့်ပြုပြီးမှ ရွေးကောက်ပွဲ ကျင်းရမည်။ (၃) ၁၉၉၀ ရွေးကောက်ပွဲတကယ့် အနိုင်ရပါတီများဖြစ်ကြသည့် NLD နှင့် SNLD တို့အားရွေးကောက်ပွဲ ဆိုင်ရာ ပါဝင် ဆွေးနွေးနိုင်သည့် အခွင့်ထူးများပေးရမည်၊ ၎င်းတို့အား ဘေးဖယ်ထားလျှင် အဓိပ္ပါယ်မရှိ၊။ (၄)နိုင်ငံရေး ပြဿနာ မဖြေရှင်းဘဲ မူးယစ်ပြဿနာ ဖြေရှင်း၍မရ၊ မူးယစ်ဆေးဝါးများ သျှမ်းပြည်မှ ထွက်ရှိသောကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခငွ့် အပြည့်အ၀ရရှိမှသာ အောင်မြင်အောင် အားလုံး စုပေါင်းပါဝင်ဖြေရှင်းနိုင်မည်။ RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်က -“ ရွေးကောက်ပွဲကျင်းပါတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတော် အဖြစ်ပြုပြင် ပြောင်းလဲဘို့ စစ်အုပ်စုက ၀ါဒဖြန့်ကြွေးကြော်နေပေမဲ့ ဦးဆောင်လုပ်နေသူတွေရဲ့ လမ်းစဉ်က မမှန်ကန်ဘူး။ တဘက် သတ် မဟုတ်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွေဲ က်ာမရှင်လည်းရှိရမယ်” ဟုဆို၏။ “တွေ့ဆုံဆွေးနွေးရေးက နအဖ စစ်အစိုးရဘက် ယိမ်းယိုင်လိုက်လျောရမယ့် ဆွေးနွေးမှုမျိုးတော့ လက်မခံနိုင်ဘူး။ နှစ်ဘက် စလုံး ရဲ့လိုလားချက်အစစ်အမှန်ကို ဆွေးနွေးညှိနှိုင်း နိုင်ရင် အကောင်းဆုံးဘဲ” - ဟု ဆက်ပြောပြ၏။

သျှမ်းပြည်သည် ဗမာစစ်အစိုးရ၏ ကိုလိုနီနယ်မြေမဟုတ်သည့် မျှတ တန်းတူ လွတ်လပ် စစ်မှန်သော ပြည်ထောင်စု အတွင်းမှ ပြည်ထောင်တခုဖြစ်ကြောင်း၊ သျှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံး သျှမ်းပြည်သားများ ကိုယ်တိုင် ဖြေရှင်းနိုင်သည့်အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင်ဗမာစစ်အစိုးရထိန်းချုပ် ခြယ်လှယ်မှုမရှိဘဲ ဘိန်း အစားထိုးသီးနှံများကို သျှမ်းပြည်သားများလွတ်လပ်စွာ စီမံဆောင်ရွက်စိုက်ပျိုးရောင်းဝယ်ခငွ့် ရှိမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးယွက်စစ်က ပြောဆိုပါသည်။ ရန်ပုံငွေအတွက် DKBA နှင့်ရပ်ကွက်လူကြီး ပူးပေါင်းပြီး ကစားဝိုင်းဖွင့် Wed 25 Mar 2009, မင်းအာသံ မြဝတီမြို့တွင် ဆယ်တန်းစားမေးပွဲ ဖြေပြီးသည်နှင့်တပြိုင်နက် ရပ်ကွက်လူကြီးများနှင့် DKBA တို့မှ ဦးဆောင်ကာ လောင်းကစားဝိုင်းဖွင့်ပြီး ရန်ပုံငွေရှာရန်အတွက် လွန်ခဲ့သော သောကြာနေ့ကစပြီး ဇါတ်ပသွဲ ဘင် (၅) ဇါတ်သငွ်း၍ တစ်လတာ ဖွင့်သွားမည်ဟု အမှတ်(၃) ရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။ ၄င်း၏ပြေပြချက်အရ DKBA နှင့် ရပ်ကွက်လူကြီးစုပေါင်းပြီး ရပ်ကွက်ရန်ပုံငွေအဖြစ် အကြောင်းပြုပြီး လောင်းကစားဝိုင်းများကို လှေဖြင့်နယ်စပ်ကို ကျော်ဖြတ်သည့် ဂိတ်(၅) ဂိတ်တငွ် ဖွင့်နေသည်ဟု ၄င်းက ပြောသည်။ “ညတိုင်းကစားဝိုင်းရှိတယ်၊ လုံခြုံရေးကတော့ DKBA တွေချည်းပဲမဟုတ်ဘူး ရပ်ကွက်လူကြီးတွေပါ ပါနေတယ်၊ ကစားဝိုင်းမှာ ကောက်ရထားတဲ့ ပိုက်ဆံအားလုံးကို သူတို့တယောက်တဝက်ဆီ ဝေမျှနေတယ်” ဟု အမှတ် (၄) ရပ်ကွက် အတွင်းရှိ လူငယ်တဦးက ပြောသည်။ “ဒီလိုမျိုး ကစားဝိုင်းတွေ ဖွင့်နေတဲ့အတွက် သူခိုး၊ ဒမြတွေ များလာတယ်၊ ကျွန်တော်တို့ကတော့ အိပ်တဲ့အချိန်လည်း ကိုယ့်အိမ်က ပစ္စည်းပျောက်မှာကို စိုးရိမ်နေရတယ်၊ ဆိုင်ကယ်လဲ ပျောက်တာတွေ များများလာတယ်၊ ဒီလိုပသွဲ ငွ်းတာ အပေါ်က ခွင့်ပြုချက်လည်း ပါနေတယ်၊ ခယက (ခရိုင်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကော်စီ) ကနေပြီးတော့ အပြည့်ခငွ့်ပြုထားတယ်”ဟု ဒေသခံပြည်သူများက သုံးသပ် ကြသည်။ “ဒီလိုမျိုး ဇါတ်ပသွဲ ဘင်တွေ သွင်းနေတာ နှစ်တိုင်း လုပ်လေ့ရှိတယ်၊ ဒါပေမယ့် ခါတိုင်းနှစ်တွေကတော့ အများဆုံး (၃) နေရာလောက်ပရှဲိတယ်၊ ဒီနှစ်တော့ (၅) နေရာတောင် သွင်းထားတယ်”ဟု ဒေသခံများ က ပြောသည်။ လွန်ခဲ့သောနှစ်သည် DKBAအဖွဲ့ တဖွဲ့ တည်းသာ ဦးဆောင်ပြီး ကစားဝိုင်းဖွင့်ခဲ့သည်။ ၄င်းတို့မှာ ဝါးပိုး တော၊ (၉၉၉)ဂိတ် နှင့် ဖား(၆) ကောင်တို့ဖြစ်ကြသည်။ ယခုနှစ်ဖငွ့်ထားသော (၅) နေရာများမှာ ဝါးပိုး တော၊ (၉၉၉)ဂိတ်၊ ဖား(၆)ကောင်၊ ဟေမာန်ဦးဘုန်းကြီးကျောင်းနှင့် ဓမ္မရန်အောင် ဘုန်းကြီးကျောင်းတို့ ဖြစ်ကြသည်။ ကစားဝိုင်ဖငွ့်ထားသော DKBA များကို မြို့ခံများက မကျေနပ်၍ ပြောချင်နေကြသော်လည်း မပြောရဲ ကြပေ။ “ဒီလိုကစားဝိုင်းဖွင့်တာ ဘယ်သူမှ သဘောမတူဘူး၊ ဒါပေမယ့် သူတို့ကို တားဆီးဖို့တော့ ကိုယ့်မှာက ပြောပိုင်ခငွ့်မရှိဘူး” ဟု ဓမ္မရန်အောင် အနီးအနားရှိ ပြည်သူများက ပြောသည်။ DKBA ဦးဆောင်သည့် ကစားဝိုင်းများသည် မြဝတီနယ်တခွင်သာမက ရန်ပုံငွေအတွက် အကြောင်း ပြကာ စစ်အစိုးရအထံမှ ခွင့်ပြုချက်တောင်းပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ မွန်ရွာများထဲတင်ွလည်း ယနေ့အထိ ဖွင့်လှစ်နေဆဲဖြစ်ကြောင်း သိရသည်။ ကော့နှတ-် ဇာသပြင် ကိုယ်ထူကိုယ်ထ လမ်းဖွင့် Wed 25 Mar 2009, ဟွန်းဟကောင်း မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့နှတ်ကျေးရွာနှင့် ကရင်ပြည်နယ် ဘားအံမြို့ ဇာသပြင်ကျေးရွာသို့ ဆက်သွယ်ထားသော ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းကို ကျေးရွာပြည်သူများနှင့် စေတနာရှင် များ၏ အကူအညီဖြင့် ဖောက်လုပ်ထားပြီး ယနေ့ တပေါင်းလဆုတ် ၁၅ ရက်နေ့တငွ် ဖွင့်လှစ်ခဲ့ သည်။ ဖွင့်ပအွဲ ခမ်းအနားသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် လမ်း ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ထောက်ပံ့ပေးသော အလှူရှင်များ၊ အာဏာပိုင် အဖွဲ့အစည်းများ၊ ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ တက်ရောက်ခဲ့ကြပြီး နံနက် ၈ နာရီအချိန်ခန့်တငွ် ဇာသပြင်လမ်းဘက်ခြမ်းမှ စတင်ဖငွ့်လှစ်ခဲ့ သည်။ ထိုမှတဆင့် (၈း၃၀) ခန့်တငွ် ကော့နှတ်ရွာသို့ ရောက်ရှိလာပြီး လမ်းဖွင့်ပွဲကို ဆက် လက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်ဟု ယင်းလမ်းဖွင့်ပသွဲို့ တက်ရောက်ခ့သဲူ ကော့နှတ်ရွာသား တစ်ဦးက ပြောသည်။ “ကော့နှတ်ဘက်ခြမ်းကတော့ ၈ နာရီခွေဲ ကျာ်ကျော်လောက်မှာ ဖဲကြိုးဖြတ် ဖွင့်ပေးပြီးတော့ ရွာဘုန်းကြီးကျောင်းမှာ ရွာခံတွေနဲ့ စေတနာရှင်ပြည်သူတွေက ၀တ်တွေ၊ တန်ဆောင်းတွေ ပြန်ပြင်ထားတာကို ဂုဏ်ပြုတဲ့အနေနဲ့ ပိဋကတ်တိုက် ၀တ်တန်ဆောင်းရှေ့မှာ အခမ်းအနား တစ်ခုအနေနဲ့ စက်ခလုတ်နှိပ်ပြီးတော့ ဖွင့်ပေးခဲ့တယ်”ဟု ၎င်းက ဆက်ပြောသည်။ “အဲဒီတိုင်းမှူး ရွာထဲမှာရှိနေတဲ့ အချိန်ဆိုရင် ကျွန်တော်တို့ ဒီနားက ရွာတွေအားလုံး ကိုယ့် ရွာကနေပြီးတော့ ရွာအပြင်ဘက်ကို ထွက်သွားလို့ မရဘူး၊ ထွက်လို့ရှိရင် အစောင့်ချထားတဲ့ စစ်သားတွေက တားတယ်၊ ရွာအပြင်မှာ ရှိတဲ့လူတွေလဲ အထဲကို ပြန်ဝင်လာလို့ မရဘူး” ဟု ကော့နှတ်ရွာနှင့် တဆက်တည်း သွယ်တန်းနေသော သံဃာပိုင် ရွာသားတစ်ဦးက ပြောသည်။ ကော့နှတ-် ဇာသပြင်လမ်းသည် အလျား ၄ မိုင် ၂ ဖာလုံနှင့် အနံ ၁၂ ပေ ရှိပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တငွ် စတင်ဖောက်လုပ်ခဲ့ကာ ယနေ့ မတ်လ ၂၅ ရက်နေ့တငွ် ဖွင့်လှစ်ခဲ့ သည်။ ယခင်ကတ္တရာလမ်းမခင်းမှီ အချိန်တငွ် ၀င်းစိန်ဆရာတော်မှ ဦးဆောင်ပြီး လမ်းနှစ် ဖက်ခြမ်းမှ မြေများကိုတူးရာ၌ ထွက်လာသော မြေများကို အလယ်ခေါင်တငွ် ဖို့ထားပြီး ယာယီလမ်းအနေဖြင့် သွားလာခဲ့ကြသည်။

“အရင်တုန်းကဆိုရင် ကျွန်မတို့ မော်လမြိုင်ကို သွားလို့ရှိရင် ပဲ့ချိတ်နဲ့ပဲ သွားလို့ရတယ်၊ ၀င်းစိန် ဆရာတော်က ဒီယာယီလမ်းကို ဖောက်လုပ်ပေးပြီးတဲ့နောက်မှာ တော်တော်လေး အဆင်ပြေ သွားတယ်၊ အလှူရှင် သူဌေးတွေကိုလည်း အများကြီးကျေးဇူးတင်တယ်။ မော်လမြိုင်ကို ကားနဲ့သွားတာနဲ့ ပဲ့ချိတ်န့သွဲားတာက ဈေးချင်းအတူတူပ၊ဲ ပဲ့ချိတ်နဲ့သွားလို့ရှိရင် ခရီးက နာရီဝက်လောက်ပဲ သွားရပေမယ့် မိုးတွင်းကျတော့ အန္တရာယ် အရမ်းများတယ်၊ ကားနဲ့ကျ တော့ ၁ နာရီခွေဲ လာက်သွားရတယ်၊ နွေရောက်ပြီဆိုလို့ ရှိရင်လည်း ရေလမ်းကနေ သွားဖို့က သိပ်အဆင်မပြေဘူး၊ ဘာဖြစ်လို့လဆဲိုတော့ မြစ်က သောင်တွေထနွ်းနေပြီ၊ အဲဒါကြောင့် အခုဒီလမ်းဖွင့် ပြီးရင်တော့ ကုန်းလမ်းခရီးကိုပဲ လူတွေက အားကိုးကြတော့မယ်ထင်တယ်” ဟု ကော့နှတ်ရွာသားတစ်ဦးက ပြောသည်။ ကော့နှတ်ရွာသည် ၁၉ ရာစုတငွ် ကျော်ဇောထင်ရှားခဲ့သော ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ ဧရာဝတီသင်္ဘောကုမ္ပဏီနငှ့် ယှဉ်ပြိုင်ခဲ့သော မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ မွန်ဘုရားဒကာ သူဌေးကြီး ဦးနာအောက် နေထိုင်ခဲ့သော သာသနာ ထွန်းကားပြန့်ပွားရာ ကျေးရွာအဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ ကော့နှတ်ဟူသော ဝေါဟာရမှာ မွန်ဘာသာ "ကံဟနှာတ်" ဟူသော အသံမှ ဖြစ်ပေါ်လာသော အမည်ဖြစ်သည်။ "ကံ" ဟူသောအဓိပ္ပါယ်မှာ ကုန်းမြင့်မြေနေရာကို ဆိုလိုပြီး "ဟနှာတ်" မှာ ပက်ခွံ့ဟူသော အဓိပ္ပါယ်ရသည်။ ကော့နှတ်ရွာ မဖြစ်ပေါ်လာမီ ထိုနေရာကို ရေလွှမ်းမိုးသော အခါ ပက်ခွံ့လာက်ရှိသော ကုန်းမြင့်ကလေးသာ ပေါ်ထွန်းလျှက်ရှိပြီးနောက် ပက်ခွံ့မျှလောက် သာ ရှိသောမြေနှင့် ပတ်ဝန်းကျင်နေရာတွင် ရွာတည်သောအခါ ထိုရွာကို "ကော့နှတ်" ဟူ၍ ခေါ်တွင်ခ့သဲ ည်ဟု ဦးနာအောက်၏ အတ္ထုပ္ပတ္တိတငွ် ဖေါ်ပြထားသည်။ တော်လှန်ရေးနေ့  (မတ်လ ၂၇) ရက်နေ့  အထိမ်းအမှတ်အဖြစ် - ပြည်သူ့ တပ်မတော်သားများအား ဂုဏ်ပြု မှတ်တမ်းတင်ခြင်း။ အာဏာရှင်စနစ်လက်အောက်ကို ၁၉၆၂ ခုနှစ်ကနေ ကျရောက်ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေ ဘ၀ကို စာနာထောက်ထားပြီး၊ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရှိကြပါတယ်။ အထူးသဖြင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ အာဏာရှင်ဆန့် ကျင်ရေး ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ တပ်မတော်အတွင်းကနေ ပြည်သူနဲ့  ပူးပေါင်းလက်တခွဲ့ကြသူ ပြည်သူ့ တပ်မတော်သားတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ ထို့ အတူ တပ်မတော်သားတွေ ဖြစ်ခဲ့ကြတဲ့၊ ဗိုလ်ချူပ်တွေ ဖြစ်ခဲ့ကြတဲ့ ဗိုလ်ချူပ် (ဦး) သောင်းဒန်၊ ဗိုလ်ချူပ် (ဦး) တင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်) တို့ လို အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေကအစ သာမာန်ရေဲ ဘ်ာစစ်သား အထိ ပြည်သူတွေဘက်က ရဲဝန့် စွာ ရပ်တည်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရာဇ၀င်တင်ွလောက်အောင် ရှိခဲ့ကြပါတယ်။ ပြည်သူကို ချစ်တဲ့ ပြည်သူ့ တပ်မတော်သားအချို့ ရဲ့  ဘ၀ဇာတ်ကြောင်း အတိုချုပ်လေးတွေကို တင်ပြရင်း လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။ ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ (အငြိမ်းစား)။ ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ (အငြိမ်းစား) ဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ်ဒေသကို ရောက်ရှိလာပြီးနောက်၊ နယ်စပ်ဒေသမှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူ အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဦးကို ထိုင်း မြန်မာနယ်စပ်မှာ ဦးဆောင်ဖွဲ့ စည်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ပ၀ွဲ င်ခ့ပဲါတယ်။ တော်လှန်ရေးနယ်မြေဒေသမှာ ဆက်လက်နေထိုင်နေစဉ်မှာ ကျန်းမာရေးမကောင်းမွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမြင့် (အငြိမ်းစား)။ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမြင့်(အငြိမ်းစား)ဟာ တပ်မ (၄၄) တပ်မမှူးအဖြစ် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမြင့် (အငြိမ်းစား)ဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်ဒေသကို ရောက်ရှိလာပြီးနောက်၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ယခုအခါမှာ သြစတြေလျနိုင်ငံမှာ အခြေစိုက် နေထိုင်လျက်ရှိပြီး အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်လှုပ်ရှားလျက် ရှိပါတယ်။

ဖေါ်ပြပါ ဓါတ်ပုံကတော့ ၁၉၉၁ ခုနှစ်၊ ထိုင်း မြန်မာနယ်စပ်တစ်နေရာမှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ဗိုလ်မှူး ဂျွန်လှဝင်း။ ဗိုလ်မှူးဂျွန်လှဝင်းဟာ လေတပ်မှ အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်ပြီး၊ “လေသူရဲ တစ်ဦး” ကလောင်နာမည်နဲ့  စာရေးသားခဲ့သူ ထင်ပေါ်ကျော်ကြားသော စာရေးဆရာလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ရှသ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ပြည်သူနဲ့ အတူ အာဏာရှင်ကို ဆန့် ကျင် တိုက်ပွဲဝင်ခဲ့လို့  ထောင်ဒဏ် (၂၀) နှစ် ကျခံခဲ့ရပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်။ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ၁၉၇၆ ခုနှစ်တုန်းက တစ်ပါတီ မဆလ အာဏာရှင်နေ၀င်းကို လုပ်ကြံသတ်ဖြတ်ဖို့  ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ အာဏာရှင်နေ၀င်းလက်အောက်မှာ ဆင်းရဲဒုက္ခရောက်နေတာတွေကို ပယ်ပျောက်စေဖို့ အတွက် အာဏာရှင်နေ၀င်းကို ဖယ်ရှားဖို့  ရဲဝန့် စွာလုပ်ဆောင်ခဲ့သူ ပြည်သူ့ တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ ဆောင်ရွက်မှု အောင်မြင်ခါနီးမှာ အာဏာရှင်ရဲ့  ဖမ်းင်္ဆးခြင်းကို ခံခဲ့ရပြီး သေဒဏ်ပေးခြင်းခံခဲ့ရပါတယ်။

ဗိုလ်ကြီး စိုင်းဝင်းကျော်။

ဗိုလ်ကြီး စိုင်းဝင်းကျော်ဟာ တပ်မ (၂၂) ကဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် ရပ်တည်ခ့သဲူ ဖြစ်ပါတယ်။ သူဟာ တပ်မတော်သား တွေ အားလုံး အံ့သြချီးကျူးရလောက်အောင် ဇနီးနဲ့ သားသမီးကိုတောင် မငဲ့ကွက်ဘဲ ရာထူး အဆောင်အယောင် စည်းစိမ်ဥစ္စာစွန့် လွှတ်ကာ ပြည်သူလူထုနဲ့  ရဲဝံ့စွာ ပူးပေါင်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့  န၀တကနေ စစ်တပ်အာဏာသိမ်းမှု ဖြစ်သွားတဲ့အခါမှာ နယ်စပ်ဒေသသို့  ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ ပြည်တငွ်းမှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာရှင်တွေရဲ့  ဖမ်းဆီးခြင်းကို ခံရပြီး ပြည်သူ့ ဘက်ကို ရပ်တည်ခဲ့တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ကို အငြိုးကြီးစွာ သေဒဏ်ပေးခဲ့ပါတယ်။ သူရဲ့ မိတ်ဆွေအချို့ မှ သနားဂရုဏာသက်လို့  အသနားခံ ၀င်ပြောခဲ့ခြင်းကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့  ပြောင်းလဲ ကျခံစေခဲ့ပါတယ်။ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ထောင်မှ ပြန်လတ်ွလာတဲ့အခါမှာလည်း ရပ်တည်ချက် ပြတ်သားပြီးတော့ အာဏာရှင်ကို ဆက်လက်ဆန့် ကျင်သူ ဖြစ်ပါတယ်။ ဗိုလ်ကြီး ၀င်းဘို။ ဗိုလ်ကြီး ၀င်းဘိုဟာ ထောင်တငွ်းက နိုင်ငံရေး အကျဉ်းသားတွေရဲ့  ခံစားနေရတဲ့ ထောင်တငွ်းဆိုးရွားမှုအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်ရတဲ့အခါမှာ ရင်ထုမနာ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ မန္တလေးမြို့ ၊ မဟာဂန္ဓာရုံကျောင်း၊ ရွှေကျင်ဆရာတော်ဘုရားကြီးနဲ့  သံဃာအပါး (၁၀၀၀) လက်မှတ်ရေးထိုးထားတဲ့ စာကို ဆရာတော်ကြီးရဲ့  ခွင့်ပြုချက်နှင့် ယူဆောင်ခြဲ့ ပီး အာဏာရှင်တွေထံ ပေးပို့ ခဲ့ပါတယ်။ စာပါ အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံရဲ့  လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေနဲ့  တိုင်းပြည်ကောင်းကျိုးအတွက် ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့  အာဃာတ မထားဘဲ ဆွေးနွေးညှိနှိုင်းဖို ၊့ အကျဉ်းထောင်အသီးသီးက ဒုက္ခဆင်းရဲခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့  မေတ္တာရပ်ခံထားတဲ့စာ ဖြစ်ပါတယ်။ ဗိုလ်ကြီးဝင်းဘိုဟာ အဲဒီစာ ပေးမှုနဲ့  ထောင်ဒဏ် (၂၀) နှစ် ကျခဲ့ပါတယ်။ ထောင်အတွင်းမှာ ထောင် အာဏာပိုင်တွေရဲ့  မတရားအုပ်ချုပ်၊ လူ့ အခွင့်အရေး ချိုးဖောက်တာတွေကို အမှန်တရားဘက်က ကာကွယ်ရင်း ထောင်အာဏာပိုင်တွေက ရန်ငြိုးဖွဲ့  မတရား ရိုက်နှိက်ခဲ့မှုကြောင့် သူဟာ ထောင်တငွ်းမှာ ကျဆုံးခဲ့ရပါတယ်။ သူ သေဆုံးတဲ့ နေ့  ကို “မြန်မာ့နိုင်ငံရေး အကျဉ်းသားများနေ့ ” အဖြစ် ဒီမိုကရေစီဘက်တော်သားများက ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟောင်း ဦးမင်းသိမ်း။ ဗိုလ်ကြီးဟောင်း ဦးမင်းသိမ်းဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ တတိယနိုင်ငံတစ်နိုင်ငံမှာ အခြေစိုက်နေထိုင်လျက် ရှိပါတယ်။ တပ်ကြပ်ကြီးဟောင်း ဒေါ်နုနုအေး။ တပ်ကြပ်ကြီးဟောင်း ဒေါ်နုနုအေးဟာ တပ်မတော်မှတ်တမ်းရုံးက ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုနဲ ့လက္တျဲြ ပီး အာဏာရွင္ကို ရဲရေ ဲ တာက် ဆန့် ကျင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိလာခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများနဲ့ အတူတကွ အာဏာရှင်ဆန့် ကျင်ရေးကို ဆက်လက်ဆင်နခွဲ့ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေစဉ် ကျန်းမာရေးမကောင်းမွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။

တပ်ကြပ်ကြီးဟောင်း ရဲထွန်း။ တပ်ကြပ်ကြီးဟောင်း ရဲထွန်းဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေလျက် ရှိပါတယ်။

တပ်ကြပ်ဟောင်း ကိုညိုမှိုင်း။ တပ်ကြပ်ဟောင်း ကိုညိုမှိုင်းဟာလည်း ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခြဲ့ ပီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေစဉ် ကျန်းမာရေးမကောင်းမွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။

တပ်ကြပ်ဟောင်း ကိုရွှေဘ။ တပ်ကြပ်ဟောင်း ကိုရွှေဘဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ကျောင်းသားများနဲ့ အတူ အာဏာရှင်အား ဆက်လက်တိုက်ပွဲဝင်ရင်း တော်လှန်ရေးရှေ့ စစ်မျက်နှာပြင်မှာ ရန်သူအာဏာရှင်လက်ချက်နဲ့  ကျဆုံးခဲ့ရပါတယ်။

တပ်ကြပ်ဟောင်း ကိုအောင်နိုင်။ တပ်ကြပ်ဟောင်း ကိုအောင်နိုင်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော်သားတစ်ဦး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားများနဲ့  လက်တခွဲ့ပြီး၊ ကျောင်းသားပြည်သူတွေနဲ့ အတူ အာဏာရှင်ဆန့် ကျင်ရေးကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပါတယ်။

တပ်ကြပ်ဟောင်း ကိုသက်လငွ်။ ကိုသက်လင်ွဟာ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော်သားတစ်ဦး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားများနဲ့  လက်တခွဲ့ပြီး၊ ကျောင်းသားပြည်သူတွေနဲ့ အတူ အာဏာရှင်ဆန့် ကျင်ရေးကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခ့ကဲာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ ကျောင်းသားတွေနဲ့  အတူ အာဏာရှင်ကို ဆန့် ကျင်တော်လှန်ခ့သဲူ ဖြစ်ပါတယ်။ ကိုသက်လင်ွနဲ့ အတူ ကာကွယ်ရေးပစ္စည်းစက်ရုံမှ အခြားသော တပ်မတော်သားအနည်းငယ်လည်း အတူတစ်ကွ နယ်စပ်ဒေသကို ရောက်ရှိခြဲ့ ကကာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ကိုသက်လင်ွဟာ ယခုအခါမှာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက် နေထိုင်လျက် ရှိပါတယ်။ ကိုသက်ဦး။ ကိုသက်ဦးဟာ တပ်မတော် (လေ) က တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူနဲ့  လက်တခွဲ့ြဲ ပီး၊ နောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ကာ အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ ဆက်လက်ဆောင်ရက်ွခ့ပဲါတယ်။ ယခုအခါမှာ သြစတြေလျနိုင်ငံမှာ အခြေစိုက် နေထိုင်လျက် ရှိပါတယ်။ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရရှိရေး ရှစ်လေးလုံး ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ တပ်မတော် (လေ) အမှတ် (၅၀၂) လေတပ်စခန်းမှ တပ်မတော်သားများဟာ ပြည်သူ လူထုနဲ့ ဦးစွာပထမ အင်တိုက်အားတိုက် လက်တခွဲ့ကြသူများ ဖြစ်ပါတယ်။

ကိုအေးမင်း။ ကိုအေးမင်းဟာလည်း ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေလျက် ရှိပါတယ်။

ကိုဥာဏ်ထွန်း။ ကိုဥာဏ်ထွန်းဟာ တပ်မတော်သားတစ်ဦး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားများနဲ့  လက်တခွဲ့ပြီး၊ ကျောင်းသားပြည်သူတွေနဲ့ အတူ အာဏာရှင်ဆန့် ကျင်ရေးကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခ့ပဲါတယ်။ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ကိုပိန်။ ကိုပိန်ဟာ တပ်မ (၄၄) ခမရ (၅) မှ တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မော်လမြိုင်မြို့ က ပြည်သူသပိတ်စခန်းမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာဘဲ ထိုင်း မြန်မာနယ်စပ်ဒေသသို့  ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့  ၀င်ရောက်ခဲ့ပါတယ်။ အာဏာရှင်အား ဆက်လက်တိုက်ပွဲဝင်ရင်း တော်လှန်ရေးရှေ့ စစ်မျက်နှာပြင်မှာ ရန်သူအာဏာရှင်ရဲ့ ပိတ်ဆို့ ခြင်းကို ခံရတဲ့အချိန်မှာ အညံ့ခံအရှုံးမပေးဘဲ မိမိကိုယ်ကို သူရေဲ ကာင်း ပီသစွာနဲ့  အဆုံးစီရင်ခဲ့သူ ဖြစ်ပါတယ်။

အာဏာရှင်ဘက်ကို ဆန့် ကျင်ပြီး ပြည်သူတွေဘက်ကို ရဲရဲဝန့် ဝန့်  ရပ်တည်ပေးခဲ့ကြတဲ့ တပ်မတော်သားတွေမှ အမှန်တကယ် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားကို လက်တွေ့  ကာကွယ်စောင့်ရှောက်ပေးလိုတဲ့စိတ်ရှိသော ပြည်သူ့ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ တပ်မတော်ထဲ ၀င်ရောက်အမှုထမ်းကြတာ အဓိက ရည်ရွယ်ချက်က တိုင်းပြည်နဲ့  လူမျိုးအတွက် အမှန်တကယ်ဖြစ်တယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူအကျိုးအတွက်ကိုသာ ဦးထိပ်ပန်ဆင်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအကြားမှာ မိမိတိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ မြင့်မားရေးအတွက် နာမည်ကောင်းနဲ့  ထင်ပေါ်ကျော်ကြားအောင် လုပ်ဆောင်ရမှာ ဖြစ်သလို၊ မိမိနိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ လက်ရှိအာဏာရှင် သန်းရွှေနဲ့  စစ်ယူနီဖောင်းအရေခြုံ ဗိုလ်ချူပ်ကြီးတွေဟာ တိုင်းပြည်ကို အမည်ဆိုးတွင်အောင် လုပ်နေရုံသာမက၊ နိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲတငွ်းနက်အောင် အသက်အိုးအိမ်ဆုံးရှုံပျက်စီးအောင် လုပ်နေတယ်ဆိုတာ ပြည်သူတွေရဲ့  ပကတိ ဘ၀အခြေအေနတွေနဲ့  တိုင်းပြည်ရဲ နေရာဒေသအတော်များများကို ကြည့်ရင် တပ်မတော်သားတွေ သိကြပါတယ်။

ဒီအတွက် တပ်မတော်အတွင်းက လက်ရှိအရာရှိအရာခံ အကြပ်တပ်သားတွေကို ပြောချင်တာက ပြည်သူတွေဘက်ကို ရဲရဲဝန့် ဝန့်  ရပ်တည်ပေးကြပါ။ ပြည်သူတွေကို အာဏာရှင်လက်ကနေ ကာကွယ်ပေးကြပါ။ ပြည်သူ့ တပ်မတော်သားအဖြစ် ဂုဏ်ယူစွာနဲ့  အာဏာရှင်ဆန့် ကျင်ရေးကို လက်တွေဲ ဆာင်ရွက်ပေးကြပါ။ သမိုင်းအစဉ်အဆက်မှာ ပြည်သူ့ တပ်မတော်သား ပီသသူတွေ ရှိခဲ့ကြပါတယ်။ လက်ရှိအရာရှိအရာခံ အကြပ်တပ်သားတွေလည်းဘဲ ပြည်သူ့ တပ်မတော်သား ပီသလို့ ရပါသေးတယ်။ ဘာလက်နက်မှ မရှိတဲ့ ပြည်သူတွေ သံဃာတော်တွေ ကျောင်းသူကျောင်းသားတွေကတောင် အာဏာရှင်ကို အသက်နဲ့ ရင်းပြီး ဆန့် ကျင်တော်လှန်ရြဲ ကသေးတာ တပ်မတော်သားတွေ လက်ထဲမှာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့  (အာဏာရှင်ကို ကာကွယ်စောင့်ရှောက်ဖို့  မဟုတ်တဲ့) တပ်ဆင်ပေးထားတဲ့ လက်နက်တွေရှိကြပါတယ်။ တပ်မတော်သားတွေသာ ပြည်သူဘက်ကို မားမားမတ်မတ် ရပ်တည်လိုက်ပြီဆိုတာနဲ့  ပြည်သူတစ်ရပ်လုံး ချက်ချင်းဆိုသလို အင်တိုက်အားတိုက် လက်တွဲကြမှာပါ။ အာဏာရှင်လက်တစ်စု ချက်ချင်း ပျောက်ကွယ်သွားမှာပါ။ တပ်မတော်သားတွေအနေနဲ့  တိုင်းပြည်နဲ့ လူမျိုးအတွက် ပြည်သူ့ တပ်မတော်သားအဖြစ် အမြန် ဖြစ်ပေါ်လာဖို့  မတ်လ (၂၇) ရက်နေ့ မှာ ကျရောက်တဲ့ “တော်လှန်ရေးနေ့ ” မှာ အထူးတိုက်တွန်းလိုက်ရပါတယ်။ အာဏာရှင်လက်ပါးစေ လက်ရုံးတပ်သား အဖြစ်လား၊ တပ်မတော်သားအမှန် ပြည်သူ့ စစ်သား စစ်စစ် အဖြစ်လားဆိုတာ မိမိကိုယ်တိုင်ကဘဲ ရွေးချယ် ဖြစ်မြောက်လို့  ရမှာပါ။ တော်လှန်ရေးကို ပြည်သူနဲ့  လက်တွဲပြီး ရဲရဲဝန့် ဝန့်  ဆင်နွဲကြပါစို့ ။ နစ်နေမန်း။ (ပြည်သူလူထုနငှ့် လက်တွဲပူးပေါင်းကာ အာဏာရှင်ကို ဆန့် ကျင်တိုက်ပွဲဝင်ခဲ့သော အခြားသော တပ်မတော်သားများအား သိရှိသူများ ရှိပါက အီးမေးလ် [email protected] သို့  အကြောင်းကြား ဖေါ်ပြပေးစေလိုပါတယ်။ ပြည်သူ့  အသက်အိုးအိမ် အကျိုးစီးပွားအတွက် ပြည်သူ့ ဘက်မှ ရဲရ၀ဲ န့် ဝန့် ရပ်တည်ခဲ့ကြသော ပြည်သူ့ တပ်မတော်သားများအဖြစ် ဆက်လက်ဖြည့်စွက် ဂုဏ်ပြုမှတ်တမ်းတင်ရန် ဖြစ်ပါတယ်)။

မြန်မာမ လေးတွေ ထမီမဝတ်တော့ဘူး မင်းမပါ ပါစေနဲ့ တွံတေး သိန်းတန် ဆိုထားတဲ့ သီချင်းလေး တစ်ပုဒ် ရဲ့ စာသားကတော့ "မြန်မာမ လေးတွေ ထမီမဝတ်တော့ဘူး မင်းမပါ ပါစေနဲ့ တဲ့ " အခုဟာကတော့ .......

အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ယဉ်ကျေးမှု့ အမွေအနှစ်တွေထိန်းသိမ်းတာလား ရောမရောက်လို့ ရောမလိုကျင့်တာလားတော့မသိတော့ပါဘူး တွံတေး သိန်းတန် ဆိုထားတဲ့ သီချင်းလေး တစ်ပုဒ် ရဲ့ စာသားကတော့ "မြန်မာမ လေးတွေ ထမီမဝတ်တော့ဘူး မင်းမပါ ပါစေနဲ့ တဲ့ " အခုဟာကတော့ .......

သူနာမည် ကတော့ ခရစ်ဆီ ၀ဏ္ဏ (Chrissie Wunna) ဖြစ်ပါတယ်။ သူမကို ဒီဇင်ဘာ လ၁၉ ရက် ၁၉၈၀ ခုနှစ်မှာ အင်္ဂလန် နိုင်ငံယောက် ရှိုင်းယားက ဒွန်ကတ်စတာ မြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘ နှစ်ပါးလုံးက မြန်မာလူ မျိုးတွေ ဖြစ်ပြီး ဖခင်ဖြစ်သူ ကတော့ အခုထိ အနုပညာလုပ် ငန်းတွေတစိုက် မတ်မတ် လုပ်နေ တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ဆရာဝန် တစ်ယောက်လည်းဖြစ်တဲ့ ဦးဝဏ္ဏ ပါတယ်။ ခရစ်ဆီ ရဲ့ ဦးလေးဖြစ်သူ ကတော့ မြန်မာ ပြည်ရဲ့ နာမည်ကျော်တေးရေးဆရာမောင်သစ်မင်းဖြစ်ပြီး သူ့ဖခင်ရဲ့  ညီအရင်းဖြစ်ပါတယ်။ ( ရွှေဘို မင်းသားကြီးရဲ့  အဆက်အနွယ် တွေလဲ ဖြစ်ပါတယ်။) မော်ဒယ် တစ်ယောက် အဖြစ် အသက်မွေး ၀မ်းကျောင်းပြုနေပြီး အမျိုးသား မဂ္ဂဇင်းတွေ ရဲ့ အဖော်အကျွတ် တွေရိုက်တဲ့ Sexy မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။ အင်္ဂလန် နိုင်ငံက ITV 2 ရုပ်သံအစီအစဉ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့ ကတည်းက စပြီး တင်ဆက်ပြသနေ ရာမှာ လူကြိုက်များတဲ့ “Paris Hiltons British Best Friend” အစီအစဉ်မှာ နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ပါရစ်ဟီလ် တန် နဲ့ အတူ ပါဝင်သရုပ်ဆောင်နေ သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ Blogger တစ်ယောက်ပါတဲ့။

Related Documents

26032009 News
April 2020 12
Local 26032009
April 2020 17
News
November 2019 45
News
April 2020 33
News
November 2019 45