20012009 News

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 20012009 News as PDF for free.

More details

  • Words: 6,981
  • Pages: 39
www.yeyintnge.blogspot.com ပြည်တငွ်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်ပြည်သူများကိုကူညီကြပါ။

ဒေါ်အောင်ဆန်းစုကြည် “အမှန်တရားစိတ်ဓာတ် နှိုးဆော်သူဆု” ရ NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရကို တိုက်ပွဲဝင်ရာ၌ မြန်မာပြည်သူများအား ဦးဆောင်ခဲ့မှုအတွက် အမေရိကန်နိုင်ငံရှိ Realizing the Dream အဖွဲ့ မှ “အမှန်တရားစိတ်ဓာတ် နှိုးဆော်သူဆု” (Trumpet of Conscience Award) ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်လိုက်သည်။

Trumpet of Conscience ဆိုသည်မှာ ကွယ်လွန်သူ လူမေဲ ခါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း၏ ၁၉၆၇ ခု နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဟောပြောခဲ့သည့် နာမည်ကျော် လူ့အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပေါင်းချုပ်ကို ခေါ်ဆိုသည့် အမည်ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဒေါက်တာ မာတင်လူသာကင်း အလုပ်ကြံခံရပြီးနောက်ပိုင်း သူ၏ မိန့်ခွန်းပေါင်းချုပ်ကို အမှန်တရားစိတ်ဓာတ် နှိုးဆော်သူ (Trumpet of Conscience) အမည်ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။

အိုဘားမား ကျမ်းကျိန်

ပထမဆုံး လူမည်း အမျိုးသားက အမေရိကန်သမတ အဖြစ်ကျမ်းသစ္စာ ကျိန် နေပုံဖြစ်ပါတယ်။ သူအသုံးပြုခဲ့တဲ့သမ္မာကျမ်းစာ အုပ်ကတော့ လင်ကွန်းသမတ အဖြစ်တုံး က အသုံးပြုခဲ့တဲ့ကျမ်းစာအုပ်လို့ သိရပါတယ်။ ထူးခြားတာကတော့ ကျမ်းစာအုပ်ကို သူဇနီးသည် မက်ရှယ်လ်အိုဘားမားက ကိုင်ပေးထားတာကတော့ အလွန်လှပတဲ့ မြင်ကငွ်းဖြစ်ပါတယ်။

http://komoethee.blogspot.com/  ႚ   ႚ      2009-01-20  ! "# $ႚ %% &#$  '  $( ')* $ +$, ႚ ,&#-$ ./+0 $1$ .! $ ! $$2 '$$. '.3 ( ($ ( ./ ႛ '  ႛ + ') .  .ႛ   $5 ()*

AFP   9#. :; $ႚ+ $   ႒ = ႚ5$> $- '+* (Photo: AFP) , ( #.#  $) . ႛ >  ( "- "$5 # $  ႚ  ! $'2 .E $ - '.().ႛ )*  $$ႛ '#." '#) $   , ႛ .)* " .+ $  +$, ႚ ,-$ ႒ # #F! .    ႚ &. $ 0$ .5 (> * . % $႓# 5  $ ႒ =$ /   3E  :HI  5#  $  # .5 (   +$ I #$.  $ )* $ $ႛ JK$3$ႛ$( #F! .    $ $(')   $ &#   ႒ =  ႒ # .)*  "#  ./$.   $ ႓# $J# $  ႛ /  $$2 $$2 3+$2  J. ႛ    $  ( +$ JL=.$ .+ .    ႛ JM$ 9/$  $ $( ( $2 $ F $ '> *  "#$   .+ .     ႛ  ႓#ႛ5  $5 ()* JK$ ( +(5 $(   $ ႛ $# +$, ႛ %% &#$  '    $( ')*      .> )( ))  N+(+$ 3$.  .> ).ႛ 5 ႛ ,> )* ./.  ($ $J ( ". O   ,  2 . ,  3 ႓# )*  ႚ $"1.  :PQ $   $(    - .+ ')*  ႚ RQQP 53   $"1. %R $ 2 :SSH .  $"1. HH   5 (* .-5-=$  .+ 5  ႚ   ! > - ႛ  -- * Homeland Security .$ ႛ 51 ( +   .-5-=$a $O    )5  $( 5 $.  ./  = > -='//2 5, > '   ႓5$5 E- > $$ ( .-5-=$  3b) $( $$  ႒ #)2 ./$- +)  5 $- ႛ .>  ႛ * "#$( .-5-=$ +- $$ 2  '  ႛ  $,$ 2  '#2ႛ ' ")  '  ႛ . ႛ +)*  . ႛ -5-=$$2 . $'( $  )$$2 -5 ႛ - $5$ #.$$ $ ႛ &#.ႚ $)*

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေ အရပ်ဘက်မှာ ညွှန်ချုပ်အဆင့်သာပေးမည် NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားအရေအတွက် များနေသည့်အတွက် သင်တန်းဆင်း စစ်အရာရှိများကို ယခင်က

တပ်မမှူး၊ တိုင်းမှူးရာထူးများ တိုက်ရိုက်ပေးရာမှ ယခုအခါ အရပ်ဘက်ဌာနများတွင် ညွှန်ချုပ်အဆင့်မျိုးသာ ပေးတော့မည်ဟု သင်တန်းသားတဦးက ပြောသည်။ “ခုတော့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားက (၁၃၂) ဦးတောင် ရှိနေတဲ့အတွက် မင်းတို့အကုန်လုံးတော့ တိုင်းမှူး၊ တပ်မမှူး အကုန်မဖြစ်တော့ဘူး၊ ဒါပေမယ့် မင်းတို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေကိုပဲ နောင်မှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပေးမယ်၊ တခြားသူတွေ မပေးဘူး” ဟု သင်တန်းဆရာက ပြောသည့်အတွက် စစ်ဘက်ရာထူးကြီးကြီးမှန်းထားသည့် သင်တန်းသားများ စိတ်ပျက်ကုန်သည်ဟု သင်တန်းသားတဦးက ပြောသည်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းကို ယခင်က တပတ်လျှင် ဗိုလ်မှူးကြီးအဆင့် (၃၀) မှ (၅၀) ကြားသာ လက်ခံလေ့ရှိသော်လည်း ယခုအခါ (၁၀၀) ကျော်သည်ထိ သင်တန်းသား များပြားလာသည့်အတွက် တပ်မမှူး၊ တိုင်းမှူးရာထူးများ မပေးနိုင်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး သူရွှေမန်း (ကြည်း ၁၁၅၃၄) ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်ပြီး အဆိုပါသင်တန်းတက်စဉ်က တမခ (၆၆) မှ ဗိုလ်မှူးကြီးရာထူးနှင့် တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာစစ်ခေါင်းဆောင် အတော်များများမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။ နအဖ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည်လည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။ စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၄) ဆင်းဖြစ်သည်။ နအဖ အမိန့်စာအချို့ကို နအဖ အတွင်းရေးမှူးအဖြစ် လက်မှတ်ထိုးထုတ်နေသည့် နေပြည်တော် ညွှန်ချုပ် ဗိုလ်မှူးကြီး သန့်ရှင်းသည်လည်း နိုင်ငံတော်ကာကွယေ် ရး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၆) ဆင်းဖြစ်သည်။ မြန်မာစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွေဲ နာက်ပိုင်း အရပ်ဘက်ဌာနဆိုင်ရာများတွင် ရောက်ရှိနေသည့် စစ်အရာရှိများကို လျှော့ချတော့မည်ဖြစ်ရာ မကြာခင် အရပ်ဘက် စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်တော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့်အရာရှိတဦးက ပြောသည်။ အရပ်ဘက်ရှိ စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ပြီးနောက် ထူးချွန်သူများကိုသာ ထားပြီး ကျန်စစ်အရာရှိများကို ပင်စင်ပေးမည်ဟုလည်း စုံစမ်းသိရသည်။ ရေနံကုမ္ပဏီပိုင်ရှင်က ခေါင်းပုံဖြတ်အမြတ်ထုတ်သည့်အပြင် လူမိုက်မွေးပြီး ထင်တိုင်းကျဲနေ TUESDAY, 20 JANUARY 2009 23:15 ဘုန်းခိုင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ငါးရှန်တောင်ရေနံမှော်တငွ် ရွှေသိန်းသန်းကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးသိန်းတန်က ရေနံဈေးနှိမ်ဝယ်ယူလျှက်ရှိကာ ကုမ္ပဏီတငွ် လူမိုက်များမွေးပြီး ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် တွင်းပိုင်ရှင်များ၊ ဒေသခံအလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။ ယခုလက်ရှိ ရေနံစိမ်း ကျဈေးနှင့်ရင်ဆိုင်နေချိန်တငွ် ကုမ္ပဏီက ဈေးနှိမ်ဝယ်ယူသည့်အပြင် အမြတ်ထုတ်ဖြတ်တောက်ယူခြင်းများ ရှိနေသည့်အတွက် တွင်းပိုင်ရှင်များ မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။ “ကျနော်တို့ တွင်းကထွက်တဲ့ရေနံကို တပီပါကို (၅၀,၀၀၀) ပဲပေးတယ်၊ သူတို့ ကုမ္ပဏီက ကားခ (၂,၀၀၀) ပြန်ဖြတ်တော့ (၄၈,၀၀၀) ပဲရတယ်၊ ကျနော်တို့ တွင်းပိုင်တွေအနေနဲ့က အကျိုးခံစားခွင့်ဘာမှမရှိဘူး ဖြစ်နေတယ်၊ ကုမ္ပဏီကပဲ လုပ်ချင်တိုင်းလုပ်နေတာ” ဟု ရေနံတငွ်းပိုင်ရှင်တဦးက ပြောသည်။ ရေနံဈေးများတက်နေစဉ်က ရေနံပေါက်ဈေး တပီပါလျှင် (၂၄၀,၀၀၀) ကျပ်ကို ကုမ္ပဏီက ပြန်ဝယ်ယူရာတွင် ကျပ် (၉၀,၀၀၀) သာပေးပြီး ဈေးနှိမ်ဝယ်ယူခဲ့သည့်အပြင် ရေနံပိုမိုဆံ့သည့် ပီပါအကြီးများဖြင့် ဝယ်ယူခြင်းများပြုလုပ်ခဲ့သည်ဟု ပြောသည်။ ယင်းကဲ့သို့ မကျေနပ်မှုများကို သွားရောက်ပြောဆိုရာ ဦးသိန်းတန်က အဆိုပါရေနံမှော်အား အစိုးရက မိမိတဦးတည်းကိုသာ လုပ်ပိုင်ခငွ့်ပေးထားခြင်းဖြစ်ပြီး မကျေနပ်ပါက ပြန်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု တွင်းပိုင်က ပြောသည်။ ထို့အပြင် ကုမ္ပဏီတငွ် စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းအမည်ဖြင့် လူမိုက်အယောက် (၁၅၀) ခန့် ထားရှိပြီး ၎င်းတို့ကို လက်ထိပ်၊ နံပါတ်တုတ်များ ပေးထားကာ တစုံတခုဖြစ်ပါက ရိုက်နှက်မှုများ၊ ဖမ်းဆီးခြင်းများကိုပင် ကျူးလွန်နေသည်။

ဒေသခံ ရေနံတငွ်းလုပ်သားတဦးက “စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ ဝန်ထမ်းတွေက တခုခုဖြစ်ရင် ဝိုင်းရိုက်တာတို့ ဘာတို့ လုပ်တယ်၊ မကြာခင်က ကလေးတယောက်ကို ဝိုင်းရိုက်တာ မျက်လုံးထွက်သွားတယ်၊ သူခိုး သူခိုးဆိုအော်ပြီး ဝိုင်းရိုက်တာတွေရှိတယ်၊ မတရားသက်သက် အဲလိုတွေ ထင်တိုင်းကျဲနေတာ” ဟု ပြောသည်။ ယခင်က ငါးရှန်တောင်ရေနံမှော်တငွ် တတွင်းလျှင် တနေ့ ရေနံပီပါ (၄) လုံးအထိ ထွက်ရှိခဲ့သော်လည်း ယခုအခါ သုံးရက်မှ (၁) ပီပါလောက်သာ ရရှိသဖြင့် တွင်းပိုင်ရှင်များက လုပ်ငန်းရပ်ဆိုင်းပြီး ပိုက်များပြန်နှုတ်ယူရန် တင်ပြထားခြင်းကို ကုမ္ပဏီက ခွင့်ပြုခြင်းမရှိဘဲ ခြိမ်းခြောက်မှုများပြုလုပ်လာကြောင်း ဒေသခံ တွင်းပိုင်တဦးက ပြောသည်။ ကျနော်တို့ အခု အရင်းပြန်ရဖို့ မလွယ်ဘူးဖြစ်နေတယ်၊ အခု ရေနံထွက်တာ တအားနည်းသွားတဲ့အခါကျတော့ ကျနော်တို့က ကိုယ့်ပိုက်ကို ကိုယ်ပြန်နှုတ်မယ်လို့ လျှောက်လွှာတင်တာလဲ မရဘူး၊ ကျနော်တို့ တွင်းပိုင်ရှင်တွေ အယောက် (၂၀) လောက်စုပြီး သွားတော့ ကုမ္ပဏီမှာ ခရာတွေမှုတ်ပြီးတော့ ကျနော်တို့ကို ဝိုင်းရိုက်မဲ့ပုံစံမျိုးတွေအထိကို လုပ်တာ” ဟု ပြောသည်။ အဆိုပါ ရွှေသိန်းသန်းကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးသိန်းတန်သည် ယခင်က ရမည်းသင်း၊ ရွှေဘိုနယ်ဘက်တငွ် ရွှေတငွ်းများလုပ်ကိုင်ရာတွင်လည်း လူမိုက်များမွေးပြီး ထင်တိုင်းကျဲခဲ့သူတဦး ဖြစ်သည်။ ယခု ၎င်းလုပ်ကိုင်နေလျှက်ရှိသည့် ရွှေသိန်းသန်းကမ္ဘာကုမ္ပဏီတငွ် ယခင် လပခ(အလယ်ပိုင်းတိုင်း)တိုင်းမှူး ည်း ရှယ်ယာပါဝင်ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီး အငြိမ်းစားယူထားသူများကို လခကောင်းကောင်းပေးပြီး ဝန်ထမ်းအဖြစ်ထားရှိကြောင်း တွင်းပိုင်တဦးက ပြောသည်။ မကြာသေးခင်ရက်ပိုင်းအတွင်းကလဲ နှောပင်ရေနံမှော်တငွ် ကောင်းဇော်ဟိန်းကုမ္ပဏီက တွင်းပိုင်များအပေါ် လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်မှုများကြောင်း ကုမ္ပဏီပိုင်ယာဉ်များကို မီးရှို့သည်အထိ ပြဿနာများဖြစ်ပွားခဲ့ပြီး အဆိုပါအမှုနှင့် ဒေသခံရွာသားနှင့် ရေနံပွဲစား (၅၀) ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ ကျဆင်း မင်းနိုင်သူ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ယမန်နေ့က ထုတ်ပြန်လိုက်သော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များအား အကူအညီပေးနေသည့် လူမှုရေးအဖွဲ့အစည်း (TBBC) ၏ ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်တငွ် ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်ပေါင်း တသိန်းသုံးသောင်းကျော်ရှိနေသည့်အတွက် (၂) နှစ်အတွင်း (၁၂) ရာနှုန်း ကျဆင်းသွားသည်။ ယမန်နေ့ ရက်စွဲဖြင့်ဖော်ပြထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်တင်ွမူ တသိန်းတသောင်းကျော်ရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် UNHCR ၏ စာရင်းတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူများ၊ စိစစ်ဆဲနှင့် ကျောင်းသားအချို့သာ ပါဝင်ပြီး အသစ်ရောက်ရှိ ခိုလှုံလာသူများကိုမူ ထည့်တွက် ဖော်ပြထားခြင်း မရှိသေးပေ။ ဒုက္ခသည်ဦးရေ လျော့သွားသည့်ကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီကို မေးရာ “တတိယနိုင်ငံတွေကို သွားချင်လို့ ဒုက္ခသည်မဟုတ်ဘဲ ကူးပြောင်းရောက်ရှိလာသူတွေကို စိစစ်လိုက်တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ တကယ် ဒုက္ခသည်ဦးရေကတော့ လျော့ကျသွားခြင်းမရှိပါဘူး။ ဒုက္ခသည်နှစ်သောင်းလောက်ထွက်သွားရင် နှစ်သောင်းလောက်ပြန်ဝင်လာတာပါပဲ” ဟု ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက ရှင်းပြသည်။

“စာရင်းအရ လျော့ကျသွားတယ်ဆိုပေမယ့် ပြည်တငွ်းက လာရောက်ခိုလှုံတဲ့ ဒုက္ခသည်အရေအတွက် လျော့ကျသွားတာမျိုး မဟုတ်ဘူး။ တတိယနိုင်ငံတွေကို ကူးပြောင်းရောက်ရှိသွားတဲ့အတွက်လည်း ပါပါတယ်။ ဒါပေမယ့် စာရင်းပြုစုတဲ့အဖွဲ့ ကိုလိုက်ပြီး အရေအတွက် ကွာခြားမှုတွေ ရှိနေပါတယ်။TBBC ရဲ့ စာရင်း၊ AMI ရဲ့ စာရင်း၊ UNHCR ရဲ့ စာရင်းတွေ မတူညီပါဘူး။ သူတို့ သတ်မှတ်တဲ့ စံနှုန်းတွေပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ်” ဟု မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ ဦးစောထွန်းထွန်းကလည်း ရှင်းလင်းပြောဆိုသည်။ TBBC ၏ စာရင်းများအရ ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ် နှိုင်းယှဉ်ပါက မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ လျော့ကျသွားသော်လည်း ဒုက္ခသည်အများဆုံးဖြစ်သည့် ကရင်လူမျိုးများသည် ရာခိုင်နှုန်း (၆၀) ကျော်ဖြင့် အများဆုံးဖြစ်နေသေးသည်။ ရှမ်းဒုက္ခသည်များအနေဖြင့်လည်း ချင်းမိုင်ဒုက္ခသည်စခန်းတွင် ၂၀၀၆ ခုနှစ်၌ (၆၀၄) ဦးရှိရာမှ ၂၀၀၈ ခုနှစ်တငွ် (၆၆၆) ဦး ဖြစ်လာသည်။ ဒုက္ခသည်အများစုမှာ တပ်ခ်ဒေသရှိ စခန်းသုံးခုတငွ် အများဆုံးရှိနေကြပြီး မဲဟောင်ဆောင်ဒေသတွင် ဒုတိယအများဆုံးရှိကာ ရဒ်ချာ့ဘူရီနှင့် ကန်ချနဘူရီဒေသများတွင်လည်း ရှိနေသည်။ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုမှာ ကရင်လူမျိုးများက အများဆုံးဖြစ်ကာ ၎င်းနောက်တငွ် ကရင်နီ၊ တနင်္သာရီနှင့် မွန်တို့ အစဉ်အတိုင်းရှိနေသည်။ ယခုပေါ်ထွက်လာသော စာရင်းအရ ၂၀၀၆ ခုနှစ်နှင့် နှိုင်းဆပါက ဒုက္ခသည်စခန်းရှိ ကရင်နီ (၄) ရာခိုင်နှုန်း မြင့်တက်လာကာ တနင်္သာရီမှာ (၂) ရာခိုင်နှုန်းမျှ လျော့ကျခဲ့သော်လည်း မွန်မှာ (၅) ရာခိုင်နှုန်းအတိုင်းသာ တည်ရှိနေသည်။ ၂၀၀၆ ခုနှစ် MOI နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့ အစီရင်ခံစာမှာ မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းမှ မြန်မာများအား အဓမ္မရွေ့ပြောင်းသူများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ကြောင်းဖော်ပြထားပြီး ယင်းစခန်းများမှ ဒုက္ခသည်များအနေဖြင့် UNHCR ထံ ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်မရှိဟု ထိုင်းအစိုးရက သတ်မှတ်ထားသည်။ မဲဆောက်မြို့နှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက်ရောက်ရှိလာကာ ဒုက္ခသည်အဖြစ် လျှောက်ထားသူများကိုမူ ထိုင်းအစိုးရက နေရပ်ပြန်ရန် စိုးရိမ်ရသူများအဖြစ် သတ်မှတ်ထားပြီး မူလနိုင်ငံကို ပြန်မပို့ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် UNHCR ထံ ထပ်မံလျှောက်ထားပါက လျှောက်ထားချက် အတည်မပြုမီ ဒုက္ခသည် လျှောက်ထားသူများအဆင့်ဟု သတ်မှတ်ပြီး UNHCR က တရားဝင်အသိအမှတ်ပြုပြီးပါက တတိယနိုင်ငံ တခုခုတငွ် ပြောင်းရွှေ့အခြေချခွင့်ရှိကြောင်း MOI အစီရင်ခံစာ၌ ရှင်းလင်းဖော်ပြထားသည်။

စီးပွားရေးဒဏ်ခတ်မှုကို စစ်အစိုးရ ဘာကြောင့် ကြောက်ရသလဲ ၂၀ ဇန်န၀ါရီ ၂၀၀၀၉

မြန်မာစစ်အစိုးရအနေဖြင့် အာဏာကို Road Map ခုနှစ်ချက်ဖြင့် ဆက်လက်ကိုင်စသွဲား နိုင်အောင် ပြင်ဆင်၏။ တဘက်ကလည်း အမေရိကန်စီးပွားရေး ဒဏ်ခတ်ထားမှု ဖွင့်ပေးအောင် နိုင်ငံတကာကိုလည်း အခွင့်ရတိုင်း ပြော၏။ ထိုင်းဝန်ကြီးချုပ်အချို့ကတဆင့် ပြောသည့်ပုံစံမျိုးလည်း လုပ်၏။ ကုန်ကုန်ပြောရလျှင် အရှေ့တီမောသမ္မတ ဟိုဆေး ရာမော့စ် ဟော်တားလို ပုဂ္ဂိုလ်မျိုးကိုပင် စစ်အစိုးရက ချဉ်းကပ်ပြီး အမေရိကန် စီးပွားရေးပိတ်ဆို့မှု မကောင်းကြောင်း ပြောခိုင်းရသည့်အဖြစ် ရောက်၏။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စီးပွားရေးပိတ်ဆို့မှုအတွက် တာဝန်ရှိသယောင် ဆက်တိုက်စွပ်စွဲ အကျပ်ကိုင်၏။ စစ်အစိုးရသတင်းစာ ဆောင်းပါးတွေကလည်း စဉ်ဆက်မပြတ် စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ တောင်းဆို၏။ ထိုသည်တို့ကိုကြည့်လျှင် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်း အကြီးအကျယ် နစ်နာနေသည်မှာ မငြင်းနိုင်။ ဟန်မဆောင်နိုင်။ စင်စစ် မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖငွ့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးကို ယခုမှ တောင်းဆို ကြိုးပမ်းနေသည်မဟုတ်။ လွန်ခဲ့သည့် (၁ဝ) နှစ်ကျော်ကတည်းက ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ၊ အမေရိကန် PR (Public Relations) ကုမ္ပဏီတွေငှားပြီး ခိုးကြောင်ခိုးဝှက် ကြိုးစားခဲ့၏။ စီးပွားရေးပိတ်ဆို့မှုကို စစ်အစိုးရ အဘယ်ကြောင့် ထိုမျှ ကြောက်ရွံ့ထိတ်လန့်နေရလဲ စဉ်းစားဖို့လို၏။ လူသိနည်းခဲ့သည့် ထိုအကြောင်းတွေကို ခေတ်ပြိုင်က ပြန်လည်ဖောက်သည်ချလို၏။ ၁၉၉ဝ ပြည့်နှစ် အစောပိုင်းကစပြီး Jefferson Waterman International ဆိုသည့် အမေရိကန် PR ကုမ္ပဏီကို မြန်မာစစ်အစိုးရက တနှစ် ဒေါ်လာ လေးသိန်းနှင့်ငှား၏။ မအောင်မြင်။ ထို့နောက် Bain & Associates အမေရိကန် ကုမ္ပဏီကို ရန်ကုန် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက တဆင့် ဒေါ်လာ နှစ်သိန်းခွေဲ ကျာ်ပေးပြီး ငှားပြန်၏။ တွက်ရေးနှင့် စက်သူဌေးမကိုက်။ တဖန် Atlantic Group ကုမ္ပဏီကို ဒေါ်လာများစွားပေးပြီးငှား၏။ အလုပ်မဖြစ်။ ၁၉၉၁ ခုနှစ်တငွ် Van Kloberg & Associates ကို ငှား၍ ကြိုးစားပြန်၏။ အကြောင်းမထူး။ ၂ဝဝ၂ ခုနှစ်တငွ် အမေရိကန် DCI Group ဆိုသည့် PR ကုမ္ပဏီကို ရှစ်လအတွက် ဒေါ်လာ သုံးသိန်းခွေဲ ပးပြီး ငှားပြန်၏။ သို့သော် ၂ဝဝ၃ ခုအရောက်တငွ် DCI နှင့် မြန်မာစစ်အစိုးရတို့ ခွာပြဲလေပြီ။ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖငွ့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေ ဦးစီးလုပ်ခဲ့သည်ဟုပင် နိုင်ငံခြားစာနယ်ဇင်းတွေမှာ ဖတ်ရ၏။ အမေရိကန် PR ကုမ္ပဏီ (၅) ခုအတွက် ထိုအချိန်က မြန်မာစစ်အစိုးရ လျှို့ဝှက်သုံးစွခဲ့သည့် ငွေပမာဏမှာ အနောက်စာနယ်ဇင်းတွေ ဖော်ပြချက်အရပင် အနည်းဆုံးဒေါ်လာ နှစ်သန်းကျော်၏။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေလို ကြားပွဲစား အမျိုးမျိုးနှင့် ငှားရမ်းခဲ့သည့်အတွက် အမှန်တကယ် ကုန်ကျစရိတ်မှာ ထို့ထက် အဆများစွာကုန်နိုင်၏။ စင်စစ် ထိုဒေါ်လာတွေမှာ တိုင်းပြည်ဘဏ္ဍာငွေတွေ ဖြစ်၏။ ပြည်သူကို အသိမပေးဘဲ ပြည်သူ့ဘဏ္ဍာ အလွသဲုံးစားလုပ်မှုအတွက် စစ်အစိုးရမှာ တာဝန်ရှိ၏။ အမေရိကန် PR ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အဓိက ကြားခံဆက်သွယ်ပေးခဲ့ရသူမှာ ထိုအချိန်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံအမတ်ကြီး ဦးသောင်းဖြစ်၏။

ဇာတ်ပေါင်းသော် မြန်မာသံအမတ်ကြီး ဦးသောင်းက နောင်တငွ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယုံကြည်ရသည့် မင်းတိုင်ပင်အမတ်ကြီး ဖြစ်လာ၏။ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖငွ့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေး ရွှေဥာဏ်တော်စူးခဲ့သည့် ထောက်လှမ်းရေးအရာရှိတွေ ထောင်ထဲ ရောက်ကုန်၏။ တချိန်က မြန်မာစစ်အစိုးရ ငှားရမ်းခဲ့သည့် ထိုကုမ္ပဏီတွေမှာလည်း စင်စစ် ခေသူများမဟုတ်။ Jefferson Waterman International နှင့် Van Kloberg & Associates ကုမ္ပဏီတို့ဆိုလျှင် အမေရိကန် Republican Party နှင့် ဆက်ဆံရေးခိုင်မာသည့် ကုမ္ပဏီကြီးတွေ ဖြစ်၏။ Van Kloberg & Associates ပီအာကုမ္ပဏီပိုင်ရှင် Von Kloberg ၏ ဖောက်သည်စာရင်းတွင် မြန်မာစစ်အာဏာ ရှင်သာမက၊ ကမ္ဘာ့အာဏာရှင်တွေ အများအပြားပါဝင်၏။ ဥပမာ-အီရတ် အာဏာရှင် ဆတ်ဒန်ဟူစိန်၊ ရိုမေးနီးယား အာဏာရှင် Nicolae Ceauşescu စသည့်ပုဂ္ဂိုလ်မျိုးတွေ ဖြစ်၏။ ချုပ်ကြည့်လျှင် မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖငွ့်ရေး၊ နိုင်ငံတကာ မှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးစီမံကိန်းကို စနစ်တကျ လျှို့ဝှက်အားထုတ် လုပ်ကိုင်ခဲ့ ကြောင်း ပေါ်လွင်၏။ ထိုအမေရိကန်ကုမ္ပဏီများနှင့် ဝါရှင်တန်မြန်မာသံရုံးတို့ လျှို့ဝှက်ဆက်သွယ်ပြီး လုပ်ကိုင်ခဲ့၏။ ခရီးပေါက်ကာနီးမှ စစ်အစိုးရအကြံပျက်ခဲ့ရ၏။ ထိုမျှဆိုလျှင် စစ်အစိုးရသည် အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအပေါ် ဘာကြောင့် အာသာငမ်းငမ်းဖြစ်နေသည်ကို ရိပ်စားမိလောက် ပြီဟု ယူဆ၏။ မည်မျှကြိုးစားစေကာမူ နိုင်ငံတကာအလည်မှာ စစ်အစိုးရ သိက္ခာ ကျမြဲကျနေသလို အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့မြဲ ပိတ်ဆို့၏။ ပိတ်လည်း ပိတ်ဆို့ထိုက်၏။ သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုကို အချိန်မရွေးပြန်ရုပ်သိမ်းနိုင်သည့် ခြွင်းချက်အခြေအနေမျိုးတွေ အမေရိကန် စီးပွားရေးဒဏ်ခတ်မှု ဥပဒေတွင် ပြဋ္ဌာန်းထားပြန်၏။ ဥပမာ- လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ရပ်ဆိုင်းသွားသည့် တိုးတက်မှုမျိုး၊ အရပ်သားအစိုးရအပေါ် အာဏာလွှေဲ ပးမည်ဟု ဒီမိုကရေစီ အင်အားစုတွေအပေါ် စစ်အစိုးရက ကတိပေးသည့် တိုးတက်မှုမျိုး၊ နိုင်ငံရေး အကျဉ်သားတွေ လွှတ်ပေးပြီး ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာစေရန် ဖော်ဆောင်မည့် တိုးတက်မှုမျိုး မြန်မာနိုင်ငံတင်ွရှိပါပြီဟု ရွေးကောက်ပအွဲ နိုင်ရ အရပ်သားအစိုးရက မေတ္တာရပ်ခံလာလျှင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အမေရိကန်သမ္မတက ချက်ချင်း ရုပ်သိမ်းနိုင်သည်ဆိုသည့် အချက်ဖြစ်၏။

ဒေါ်စုနှင့် တွေ့ခငွ့်ရရေး ၀န်ကြီးချုပ်ထံ အယူခံ တင်မည်

နန်းဒေ၀ီ အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 19:20 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္စျိမ)။

။ နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခငွ့်ရရေးအတွက် သူ၏ ရှေ့နေ

ဦးကြည်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ မကြာမီ အယူခံစာ တင်သွားမှာ ဖြစ်သည်။ "အခု တင်မယ့်ဟာက အယူခံအဖွဲ့ အကြီးအကဲက ၀န်ကြီးချုပ်ဗျ။ သတင်းတပ်ဖ့အွဲ ဆင့်က ကျနော်တို့ကို ခွင့်မပြုဘူးဆိုတော့။ ၀န်ကြီးချုပ်ဆီကို အကျိုးနဲ့ အကြောင်းနဲ့ ဖော်ပြပြီးတော့ လျှောက်မယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ တင်မယ်" ဟု ဦးကြည်ဝင်းက ပြောသည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခငွ့်ရရေးအတွက် ရန်ကုန် ရဲသတင်းတပ်ဖွဲ့သို့ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဦးကြည်ဝင်းက "နံပါတ် ၁ အချက်က အယူခံလွှာကို နေပြည်တော်မှာ ကျနော်တို့ ၉ ၊ ၁၀ ၊ ၂၀၀၈ မှာ တင်ခဲ့ပြီးပြီဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ဖို့။ ကျနော်တို့ တင်တာလောက်ပဲ သူ သိမယ်။ လက်ခံလား၊ ဘာလားဆိုတာ ဘာပဲဖြစ်ဖြစ်ပါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ report type လုပ်ရမှာပါ။ နံပါတ် ၂ က တပ်မတော် ဥပဒေအရ convening of the court (တရားရုံးဖွဲ့စည်းခြင်း) ဆိုတာရှိတယ်။ အဲဒီအဆင့်ကို ကျနော်တို့ မတွေ့သေးဘူးပေါ့နော်။ သူတို့ဆီက ဘာမှ မသိရသေးဘူး။ အဲဒါတွေ တင်ပြဖို့ ဒေါ်စုနဲ့ တွေ့ဖို့လိုတာပါ" ဟု ပြောသည်။ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အကျယ်ချုပ် သက်တမ်း ၁၃ နှစ်ကျော် ထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် အကျယ်ချုပ်သက်တမ်း ကျော်လွန်နေသည့်အပေါ် ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်သို့ အယူခံတင်ခဲ့သည်။ သို့သော် အယူခံလွှာအပေါ် စစ်အစိုးရက ငြင်းပယ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ပြောဆိုခဲ့သော်လည်း ဦးကြည်ဝင်းကမူ ယနေ့ထိတိုင် တစုံတရာ အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောသည်။ "အာဏာပိုင်တွေက တကယ်ငြင်းတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်အကြောင်းကြားခြင်းဖြစ်စေ၊ သွားတင်တဲ့ ကျနော့်ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အခုက အပြင်မှာ ကောလာဟလတွေ ကြားနေရတာ။ ကျနော် နားမလည်ဘူး" ဟု သူက ပြောသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါင်းဆောင်သည့် အယူခံဝင်အဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခငွ့် ရရှိရေးအတွက် တောင်းခံသည့်အပေါ် အရေးတယူ တုံ့ပြန်လိမ့်မည် ထင်ကြောင်း ဦးကြည်ဝင်းက ပြောသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခငွ့် ရခဲ့သည်။

ထောင် ၆၅ နှစ် ကျခံရသူ မနီလာသိန်း ကျန်းမာရေး ချို့ယငွ်း

သဲသဲ အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 19:37 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။

။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချခံနေရသည့် မနီလာသိန်းသည် ထောင်တငွ်း၌ အစာအိမ်ဝေဒနာ ခံစားနေရကြောင်း ကြားသိရသဖြင့် မိသားစုမှ စိုးရိမ်နေကြသည်။

မိသားစုနှင့် တလကျော်ကြာ တွေ့ခငွ့်မရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ လူသိများသည့် အမျိုးသမီးခေါင်းဆောင်သည် အစာအိမ်ဝေဒနာကြောင့် နေ့စဉ်နီးပါး အော့အန်လျက် ရှိသည်ဟု သရက်ထောင်မှ ပြန်လွတ်လာသူများမှတဆင့် မိသားစုဝင်များ သိရှိရခြင်း ဖြစ်သည်။ "သူ့ကိုလည်း တွေ့ခငွ့်မရတာ ၂ လနီးပါး ရှိနေတော့ ဘာဖြစ်နေမှန်း မသိရဘူး။ အခု တိုက်ပိတ်ခံရပြီး အစာအိမ်ရောဂါကြောင့် နေ့တိုင်းလိုလို အန်နေတယ်လို့ ကြားရတော့ အန်တီတို့ အရမ်းစိတ်ပူနေတာ။ အဲဒီထောင်က လွတ်လာတဲ့သူ ပြောလို့ သိရတာ" ဟု ယောက္ခမဖြစ်သူက

မဇ္ဈိမကို ပြောသည်။ သူမနှင့် တွေ့ခငွ့်ရရေးအတွက် မိသားစုက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်သည်ဟု ပြောသည်။ "သူ့ကို စရောက်ကတည်းက တိုက်ပိတ်ထားတယ်။ ဆရာဝန် လာတွေ့တော့လည်း ဆေးကုမပေးဘဲ တရားထိုင် ပုတီးစိပ်လို့ပဲ ပြောတယ်တဲ့။" ဟု သရက်ထောင်မှ မကြာသေးခင်က နိုင်ငံရေးမှုဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဇော်လင်းက ပြောသည်။ ထို့အပြင် ဘာသာရေးစာအုပ်ကို မနီလာသိန်း ဖတ်ရှုနိုင်ရန် ပေးလိုက်သည့် အကျဉ်းသားနှစ်ဦးကို ထောင်မှူးက ၁၅ ရက်ခန့် သံခြေကျင်း ခတ်လိုက်သည်ဟု ကိုဇော်လင်းက ပြောသည်။ မနီလာသိန်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတငွ် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်ကာ လှုပ်ရှားမှု နောက်ပိုင်းတွင် စစ်အစိုးရက ဆန့်ကျင် ဆန္ဒပြသူများအား လိုက်လံ ဖမ်းဆီးခဲ့ချိန်မှ စတင်ကာ ပုန်းရှောင်နေရင်းမှ စက်တင်ဘာလ ၁၀ ရက်နေ့တငွ် ဖမ်းဆီးခံရသည်။ ယခင်ကလည်း သူ၏ နိုင်ငံရေး လှုပရှ်ားမှုများကြောင့် နှစ်ကြိမ်တိုင်တိုင-် ၁၉၉၁ ခုနှစ်တငွ် ၂ လကြာ၊ ၁၉၉၆ ခုနှစ်မှတငွ် ၉ နှစ်တိုင်တိုင် ထောင်ကျခံခဲ့ရဖူးသည်။ ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တငွ် လုပ်ဖော်ကိုင်ဖက်များနှင့် အဖမ်းခံခဲ့ရပြီး အလားတူပင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်မှုအပေါ် စုံစမ်းစစ်ဆေးမည်

ဆလိုင်းပီပီ အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 16:45 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။

။ ထိုင်းရေတပ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ၄၀၀ ခန့်အား ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်သည်ဟူသော

စွပ်စချွဲက်ကို စုံစမ်းစစ်ဆေးကာ လိုက်လံဖြေရှင်းမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ်က ထိုင်းလူ့အခွင့်အရေး အဖွဲ့များကို ကတိပြုလိုက်သည်။ ထိုင်းနိုင်ငံသို့ လှေဖြင့် တရားမ၀င် ၀င်ရောက်ရန်ကြိုးစားခဲ့သည့် ရိုဟင်ဂျာများအား ထိုင်းရေတပ်က ဖမ်းဆီးပြီး မတရားသဖြင့် ဆက်ဆံခြင်းခံရသည်ဟူသော စွပ်ချက်နဲ့စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ထိုင်းလူ့အခွင့်အရေးအဖွဲ့များကို တွေ့ဆုံကာ ဆက်လက်စုံစမ်းမှုများ လုပ်သွားမည်ဟု Campaign for Human Rights မှ သဘာပတိ ဆုမ်ချိုင်းဟုမ်လာအော်က ထိုင်းသတင်းထောက်များအား ပြောပြခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ထိုင်းနိုင်ငံခြားရေးရာဝန်ကြီးကလည်း ယခုအရေးကိစ္စ မှန်ကုန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်းအရာရှိတဦးက အတည်ပြုပြောဆိုသည်။ "ဘာတကယ်ဖြစ်ခဲ့တာလဲ ဆိုတာကို ကျနော်တို့ စစ်ဆေးနေတုန်းပါ" ဟု ထိုင်းနိုင်ငံခြားရေးရာ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ဒီဇင်ဘာလအစောပိုင်းက ထိုင်းနိုင်ငံသို့ တရားမ၀င် ရေကြောင်းလမ်းအတိုင်း ၀င်ရောက်ရန် ကြိုးစားသူ ရိုဟင်ဂျာအမျိုးသား ဦးရေ ၄၀၀ ဦးခန့်ကို ထိုင်းရေတပ်က ဖမ်းဆီးခဲ့သည်။ ခေတ္တထိန်းထိမ်းစဉ်က စားနိပ်ရိက္ခာနှင့် သောက်ရေအနည်းငယ်သာ ပေးပြီး၊ စက်မပါသော လှေဖြင့် ပင်လယ်ပြင်ထဲ ပြန်စေလွှတ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့သူ ရိုဟင်ဂျာအမျိုးသားတဦးက ပြောသည်။

"သူတို့ကို ထိုင်းပင်လယ်ကမ်းစပ်ကို ခေါ်သွားတယ်။ ပြီးတော့ ရိုက်နှက်ကြတယ်။ အဲဒါပြီးမှ သူတို့ကို လှေထဲ အတင်းထည့်ပြီး ပင်လယ်ထဲ လွှတ်လိုက်တာ" ဟု အိန္ဒိယနိုင်ငံတောင်ပိုင်း အာဒါမန်ကျွန်းမှ ရဲဝန်ထမ်းတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောဆိုခဲ့သည်။ အာဒါမန်ကျွန်းအနီးတွင် မျောပါလာသော လှေပေါ်တွင် ပါရှိလာသည့် ရိုဟင်ဂျာ ၉၉ ဦးကို အိန္ဒိယကမ်းရိုးတန်း စောင့်ကြပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့တငွ် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ပင်လယ်ပြင်တငွ် ရက်သတ္တနှစ်ပတ်ခန့် မျောနေခဲ့ရသည်ဟု အိန္ဒိယ ကမ်းရိုးတန်းစောင့်အဖွဲ့က ပြောသည်။ ကျန် ၃၀၀ ခန့်မှာမူ ပင်လယ်ပြင်ထဲတငွ် ပျောက်ဆုံးနေသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကပင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၄၆ ဦးခန့်အား ပင်လယ်ထဲမှ ကယ်ဆယ်ခဲ့ရသေးသည်ဟု ကမ်းရိုးတန်းစောင့်အဖွဲ့က ဆိုသည်။ အလားတူပင် ယခုလ ၇ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ဆဘန်းကျွန်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၃ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။

ဖမ်းဆီးခံ ရေနံမြေလုပ်သားများ မိသားစုနှင့် တွေ့ခငွ့်မရ

ဇာနည် အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 09:33 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ အလုပ်သမားနှင့် ကုမ္ပဏီ ပဋိပက္ခဖြစ်ပွားသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း နှောပင် ရေနံမှော်မှ ဖမ်းဆီးခဲ့သော အလုပ်သမား ၂၀ ကို မိသားစုဝင်များနှင့် တွေ့ဆုံခငွ့် မပေးဘဲ ဆက်လက် ဖမ်းဆီးထားသည်။

"အစကတော့ ဗဟင်းရဲစခန်းမှာ ထားတယ်။ တချို့လည်း မြိုင်ကို ခေါ်သွားတယ်။ အခု အိမ်က စိတ်ပူတော့ သွားတွေ့တာပေါ့။ အဲဒါ မပေးတွေ့ဘူး။ ခေါ်သွားကတည်းက အချုပ်ထဲမှာ ထားတယ် ပြောတယ်။ ဘယ်သူမှကို မတွေ့ရတာ။ အထဲမှာ ဘယ်လိုနေတယ်၊ ဘာဖြစ်တယ်ဆိုတာ မသိရဘူး ဖြစ်နေတာပေါ့" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။ ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော ကောင်းဇော်ဟိန်းသည် လက်ဝါကြီးအုပ်ကာ ဈေးနှိမ်ဝယ်သည်ဟုဆိုကာ ရေနံတူးဒေသခံများက ကန့်ကွက်မှုများပြုပြီးနောက် ပဋိပက္ခဖြစ်ကာ ရေနံလုပ်သားအချို့ဖမ်းဆီးခံခဲ့ရသလို၊ အချို့မှာ ထွက်ပြေးတိမ်းရှောင်နေသည်။ ရေနံတူးလုပ်သားများအပြောအရ ပြင်ပရေနံ တပေပါပေါက်ဈေးမှာ ကျပ် ၅ သောင်းခွရှဲိနေချိန်တငွ် ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ၀ယ်ယူသော ဈေးမှာ တပေပါလျှင် ကျပ် ၃ သောင်းဖြစ်သည်။ မိသားစုဝင်များအနေဖြင့် ပြည်ပသတင်းဌာနများထံ သတင်းမပြောရန် အာဏာပိုင်များ၏ ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသလို ထို့အတူ ညမထွက်ရ အမိန့်ကိုလည်း ဆက်လက်ထုတ်ပြန်ထားသည်။ အခင်းဖြစ်ပွားစဉ်က မီးလောင်မှုနှင့်အတူ နယ်မြေခံ ခြေလျင်တပ်ရင်း (ခလရ) ၂၅၇ မှ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ရေနံတူးဖော်မှုကို ပုံမှန် လုပ်ကိုင်နေဆဲဖြစ်သည်။

SSA (တောင်ပိုင်း) နှင့် နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွား

သန်းထိုက်ဦး တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009 19:09 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်များနှင့် စစ်အစိုးရတပ်များ ယခုလအတွင်း ရှမ်းပြည်တောင်ပိုင်း မြို့နယ် ၃ ခုအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတဦး အဆိုအရ သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ ပင်လုံ၊ ဟိုပုန်း၊ မိုင်းကိုင်မြို့နယ်များတွင် ယခုလ ၁၂ ရက်မှ ၁၅ ရက်အထိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA တပ်ဖွဲ့ဝင်များနှင့် ခြေလျင်တပ်ရင်း (ခလရ) ၆၄ ၊ ခြေမြန်တပ်ရင်း (ခမရ) ၅၁၃ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ "ကျနော်တို့ လှည့်ကင်းနဲ့ သူတို့ (စစ်တပ်) လှည့်ကင်းနဲ့ သွားတိုးပြီးတော့ ဖြစ်ကြတယ်။ ထိပ်တိုက် သွားတိုးလို့ ဖြစ်တဲ့ တိုက်ပွဲမျိုးပါ" ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်စိုင်းဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။ ယခုလ ၁၂ ရက်နေ့က မိုင်းကိုင်မြို့နယ် အနောက်ဘက် တောတွင်းတနေရာ၌ နံနက် ၉ နာရီမှ မွန်းလွဲ တနာရီ အထိ ၄ နာရီအကြာ တိုက်ပွဲဖြစ်ရာ၊ အစိုးရတပ်မှ လူဦးရေ ၅၀ ခန့် ပါဝင်သည့်အနက် တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရသွားကြောင်း သူက ဆက်ပြောသည်။ SSA (တောင်ပိုင်း) တပ်ဖွဲ့မှ တဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ရာ မိုင်းကိုင်ဒေသမှာ တောင်ကြီးမြို့နှင့် မိုင် ၁၀၀ ခန့် အကွာတွင် တည်ရှိသည်။ တိုက်ပွဲများ ဖြစ်ပြီးနောက် နှစ်ဖက် အခြေအနေမှာ တပ်အင်အား တိုးချဲ့ခြင်း မရှိသလို၊ ယခုအခါ အခြေအနေများ တည်ငြိမ်နေသည်။ ၁၉၉၆ ခုနှစ်တငွ် အင်အားကောင်းသည့် ခွန်ဆာ ဦးဆောင်သည့် မုံးတိုင်း Mongtai တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လူဦးရေ ၂ သောင်းကျော်ဖြင့် လက်နက်ချသွားခဲ့သည်။ ခွန်ဆာ လက်နက်ချခဲ့ပြီးနောက် ဗိုလ်မှူးကြီး ယွတ်စစ် ဦးဆောင်သည့် အဖွဲ့က သီးခြား ခွဲထွက်၍ SSA ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အ၀င်အထွက် အစစ်အဆေးတွေ ထူထပ်

ဖနိဒါ တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009 18:44 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ ရန်ကုန်မြို့ အ၀င်အထွက် လမ်းများနှင့် လူစည်ကားရာ နေရာများ၌ ယနေ့ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ခရီးသွားများကို အာဏာပိုင်များက အစစ်အဆေးများ လုပ်နေသည်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မြေနီကုန်း၊ လှည်းတန်း စသည့် အ၀င်အထွက်လမ်းနှင့် နေရာတချို့တွင် သွားလာနေသည့် လိုင်းကားများ၊ Taxi အငှားကားများအား ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့ အသင်းဝင်များက ရပ်တန့်စေကာ စုပေါင်းစစ်ဆေးနေခြင်း ဖြစ်သည်။ "လက်နက် စစ်တယ်။ Taxi တွေ အဓိကထား စစ်တာ။ လူဘယ်နှယောက်ပါလဲ၊ ကျား ဘယ်လောက်၊ ဘယ်ရပ်ကွက်ကို သွားမှာလဲ၊ အကုန် လိုက်မေးနေတာ။ အိမ်ထောင်စု ပါ၊ မပါ စစ်တယ်။ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရယက၊ မီးသတ် အကုန်ပါတယ်။ မြို့ထဲကလာတဲ့ Taxi တွေပေါ့နော်။ ဘယ်ရီဂိတ် (သံဆူးကြိုး အတား) ထိုးပြီး စစ်တာ" ဟု Taxi မောင်းသူတဦးက မဇ္ဈိမကို ပြောသည်။ လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျနှင့် ဘုရင့်နောင်တံတားများတွင် ဖြတ်ကျော်လာသည့် ကားကြီး၊ ကားငယ်များကိုလည်း စုပေါင်းအဖွဲ့များက စစ်ဆေးနေသည်။ သူက "စစ်တယ်။ သန်းခေါင်စာရင်းတွေရောပဲ။ အခု ရဲတွေ အပြည့်မြင်နေရတယ်။ ပြည်လမ်းတလျှောက်၊ မြေနီကုန်း၊ ဒဂုံ တောင်ဘက်၊

မြောက်ဘက် ပိုမြင်နေရတာပေါ့နော်။ စစ်တပ်၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့တွေ ပေါင်းပြီးတော့ စစ်တာပဲ။ ကားသမားတွေကိုလည်း ညဘက်ဆို ဘယ်သွားမလဲ၊ ဘယ်ကို ပို့မှာလဲ၊ မိန်းကလေး၊ ယောက်ျား ဘယ်နှယောက်ဆိုပြီး စစ်တယ်" ဟု ပြောသည်။ အာဏာပိုင်များက ဧည့်စာရင်းတိုင်ရန် လိုက်လံ နှိုးဆော်ခြင်းများ ရန်ကုန် နေရာအနှံ့အပြား ကြားနေရပြီး လုံခြုံရေး တပ်ဖွဲ့များအတွင်း ဖောက်ခွေဲ ရးသမားများ မြို့တငွ်း ၀င်ရောက်လာဖွယ် ရှိသည်ဆိုသော သတင်းများ ၀င်ရောက်နေသည်ဟု လုံခြုံရေး အရာရှိတဦးက ပြောသည်ဟု ပြည်တငွ်းရှိ မဇ္ဈိမ သတင်းထောက်က ဆိုသည်။ မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ စသည့် မြို့နယ်များတွင် ဧည့်စာရင်းများ တိုင်ကြရန် ဒေသအာဏာပိုင်များက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကပင် ပြောဆိုထားခဲ့သော်လည်း နေအိမ်များသို့ လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ ဆပ်ရိုးကျချောင်း ကမ်းနားပတ် လမ်းတံတား ကျိုးပျက်မှုကြောင့် ပြည်သူများ သွားရေး လာရေး အခက်ကြုံ 1/20/2009 မောင်ရမ္မာ (နိရဉ္စရာ) ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြောက်ဘက်ရှိ ဆပ်ရိုးကျချောင်းနှင့် ကပ်ရက်တည်ရှိသော ကမ်းနား ပတ်လမ်း ချောင်းကူး တံတား ကျိုးပျက်နေမှုကြောင့် လုပ်သား ပြည်သူများ အနေဖြင့် သွားရေး လာရေး အထူး အခက်ကြုံတွေ့ နေရကြသည်။ အဆိုပါ တံတားမှာ ဆပ်ရိုးကျချောင်းကို မှီပြီး လုပ်ကိုင် စားသောက်နေကြသူ အလုပ်သမားများ သွားရေး လားရေးအတွက် အဓိက ကားကိုးအားထား ပြုနေရသော တံတားဖြစ်သည်ဟု ကုန်တင် ကုန်ချ အလုပ်သမား တဦးက ပြောသည်။ ဆပ်ရိုးကျချောင်းမှာ လှိုင်းကွယ်၊ လေကွယ်ရာ နေရာတွင် တည်ရှိသဖြင့် ရခိုင်ပြည်တငွ်းတွင် သွားလာနေသော ရေကြောင်း သင်္ဘောများ၊ ဘုတ်များ၊ စက်လှေများ ဆိပ်ကပ်နားခိုရာ ချောင်းတချောင်းလည်း ဖြစ်သည်။ သို့အတွက် ကုန်တင်ကုန်ချအလုပ်သမားများ သောင်းချီ၍ အဆိုပါ ဆပ်ရိုးကျ ချောင်း အနီး တ၀ိုက်တငွ် နေထိုင်နေကြသည်။ အဆိုပါ ကုန်တင် ကုန်ချ အလုပ်သမားက “ ဒီတံတားဟာ ကျွန်တော်တို့ နေ့စဉ် အလုပ်ကို အသွား အပြန်လုပ်ရတဲ့ လမ်းပေါ်မှာ ရှိတဲ့ တံတားပါ။ ပျက်နေတာကြာပါပြီ။ ဒါပေမယ့်လည်း သက်ဆိုင် အစိုးရ တာဝန်ရှိသူတွေက မပြုပြင်ဘဲ ပစ်ထားပါတယ်။” ဟု ပြောသည်။ ယခုကဲ့သို့ မပြုပြင်ဘဲ ပစ်ထားသဖြင့် လမ်းသွား လမ်းလာများ အထူးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် အမျိုးသမီးများ အတွက် အထူး အခက်အခဲ ဖြစ်ပေါ်နေသည်ဟု သိရသည်။ သူက “ဖြတ်လျှောက်တဲ့ လူတွေ အတွက် အန္တရာယ် ရှိနေပေမယ့်လည်း စစ်တွေကိုသွားပြီး အလုပ် လုပ်နေရတဲ့ ကျနော်တို့က မသွား မဖြစ်ဆိုတော့ သွားလာနေကြရတာပါဘဲ” ဟု ပြောသည်။

ယခုကဲ့သို့ တံတား ကျိုးနေသဖြင့် စစ်တွေဘက် ကမ်းသို့ လှေ သမ္ပာန်များဖြင့် သွားလာနေရသဖြင့် ငွေအပို ကုန်ကျ နေရသည်ဟုလည်း အမျိုးသမီး တဦးက ယခုကဲ့သို့ ပြောသည်။ “ကူးတို့ခ အသွား ၁၀၀ ကျပ် ၊ အပြန် ၁၀၀ ကျပ် စီ ပေးနေရတော့ လူတွေ အကုန်လုံးအတွက် နစ်နာနေရပါတယ်။ အထူးသဖြင့် နေ့စားအလုပ်သမားတွေ အတွက် အပို ကုန်ကျနေတော့ မိသားစု စားဝတ်နေရေး အတွက် အထူး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက လည်း ဒီတံတားကို ဘာကြောင့် ပြန်လို့ မလုပ်ပေးဘူးလဲ ဆိုတာကိုတော့ စဉ်းစားမရ ဖြစ်နေပါတယ်။” စစ်တွေမြို့တွင် လူအသွားအလာ အများဆုံး ဖြစ်သော တံတား ကျိုးပျက်နေသကဲ့သို့ ရခိုင်ပြည်နယ် တခြား ဒေသများတွင်လည်း တံတားများ လမ်းများ ကျိုးပျက် နေသော်လည်း အစိုးရမှ ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် အများစု တံတားများနှင့် လမ်းများကို ပြည်သူများမှ ထည့်ဝင်ငွေများဖြင့် ပြုပြင်နေရသည်ဟု သိရသည်။

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကို ပိစပ်သောက်သုံးကုသစဉ် အရက်သောက်မိကသေနိုင်

ရန်ကုန်၊ ခုခံအားကျရောဂါ အိတ်ခ်ျအိုင်ဗ၊ွီ အေအိုင်ဒီအက်စ်အား သဘာဝဆေးဖက်ဝင် ပိစပ်ဆေး သောက်သုံး၍ ကုသနေစဉ်အတွင်း၌ အရက်သောက်သုံးမိပါက ရက်အနည်းငယ်အတွင်း သေဆုံးနိုင်ကြောင်း ဆရာကြီးသာဂဒိုး၏ပြောကြားချက် အရ သိရသည်။ "ပိစပ်ဆေးဟာ ဘီပိုး၊ စီပိုး တွေအပြင် ခုခံအားကျရောဂါ အိတ်ခ်ျ အိုင်ဗ၊ွီ အေအိုင်ဒီအက်စ်ကိုတောင် လအနည်းငယ်အတွင်း ရောဂါတွေ သက်သာအောင်စွမ်းနိုင်တယ်။ ဒါပေမဲ့ အိတ်ခ်ျအိုင်ဗွေီ အအိုင်ဒီ အက်စ်ကြောင့် ပိစပ်ဆေးသောက်နေရတယ် ဆိုရင်တော့ အရက်လုံးဝသောက်လို့မရဘူး။ သောက်ရင် သေမှာပဲ။ ဘာကြောင့်လဆဲို တော့ ပိစပ်ဆေးဟာ အရက်နဲ့မတည့်တာ ဖြစ်နိုင်ပါတယ်"ဟု ဆရာကြီးသာဂဒိုးက ပြောသည်။ ပိစပ်ဆေးမှာ ဘီပိုး၊ စီပိုးဝေဒနာ ရှင်များကို Positive မှ Negative သို့ ငါးလ အတွင်း ပြောင်းလဲသွားစေနိုင်ကာ အိတ်ခ်ျ အိုင်ဗ၊ွီ အေအိုင်ဒီအက်စ်ဝေဒနာရှင်များအနေ ဖြင့် ဆေးကို တစ်နှစ်ခန့်စ၍ွဲ သောက်သုံး သင့်ကြောင်း၊ ဆရာကြီးသာဂဒိုး၏ လက် တွေ့လေ့လာချက်များအရ သေဆုံးရန် နောက် ဆုံးအနေအထားဖြစ်နေသော (ပါးစပ်အ တွင်းအနာများ ပေါက်နေကာ၊ ခါးရိုးကုန်း ၍ မျက်နှာနှင့်ခန္ဓာကိုယ်တစ်ခုလုံး အနာများ ဖြစ်နေသော၊ အစာမစားဘဲ ပိန်လှီချို့ငဲ့နေ သူ)ကိုပင် ပိစပ်ရွက်ထောင်းတိုက်ရာမှ ပြန် လည်နာလန်ထ၍ လုပ်ငန်းခွင်ဝင်နိုင်သော အခြေအနေသို့ ရောက်နိုင်ကြောင်း၊ သို့ဖြစ် ၍ ယင်းအခြေအနေလောက် မဆိုးသော ရောဂါရှင်များမှာ ပိစပ်ဆေးကို ယုံကြည်စွာ စွ၍ဲ သောက်သုံးပါက ရောဂါကို ကျိန်းသေ သက်သာစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပိစပ်ဆေးမှာ ထောင်း ၍သောက်ပါက

အကျိုးအာနိသင်ပိုမိုရရှိ နိုင်ကြောင်း၊ ဆေးကို ထောင်းသောက်ရန် အချိန်မပေးနိုင်သူများအတွက် ပိစပ်ရွက် အဆီမှတစ်ဆင့် ဖော်စပ်ထားသော ပိစပ် ဆေးများကို ဆရာကြီးသာဂဒိုးထံတငွ် ရရှိ နိုင်ကြောင်း၊ ယင်းဆေးမှာ Export တန်း ၀င် အခဲသေးသေးပုံစံများဖြင့် အိတ်အရှင် ပြုလုပ်ထားသော တစ်ပတ် ၁၀ရက်စာ ဆေး ထုပ်များဖြစ်ကာ သောက်သုံးရန် ပိစပ် ထောင်းဆေးရည်လက်ဖက်ရည်တစ်ပန်း ကန်လုံးအစား ပိစပ်အဆီအခဲမှုန့်ကော်ဇွန်းသေးနှင့်တစ်ဇွန်းစာဖြစ်၍ မူရင်းဆေးရည် သောက်သုံးသကဲ့သို့ပင် တစ်နေ့သုံးကြိမ် သောက်ရကြောင်း၊ ဆေးတစ်ထုပ်တစ်ပတ် စာလျှင် ကျပ် ၄၀၀၀ ဖြစ်ကြောင်း သိရ သည်။

ကချင်ပြည် တရားမ၀င် သစ်လုပ်ငန်းများ ယာယီရပ် အင်္ဂါနေ့၊ 20 ဇန်န၀ါရီ 2009 စိုင်းအောင် လားရှိုး ရမခ လက်အောက်ခံ နအဖစစ်ကြောင်းများသည် ဂျန္န၀ါရီလဆန်းပိုင်းကစ၍ ကချင်ပြည် မံစီမြို့နယ် သံတံတား မန်သာ ကျေးရွာတစ်ဝိုက် သစ်ဂင်ွများအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်သဖြင့် တရားမ၀င်သစ်လုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထားကြောင်း သိရသည်၊ အဆိုပါ သစ်တောများအတွင်း ၀င်ရောက်လှုပ်ရှားသည့် ခမရ(၃၁၉)တပ်ရင်းမှ စစ်ကြောင်းတစ်ကြောင်းသည် ၁၆ ရက် နေ့၌ ပြန်လည် တပ်ရုပ်သွားသော်လည်း နောက်ထပ်စစ်ကြောင်း(၃)ကြောင်း ထပ်မံရောက်ရှိလာခဲ့ကြောင်း သစ်လုပ်ငန်း ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည် ၊၊ “၁၆ရက်နေ့လောက်ကမှ ခမရ ၃၁၉ ပြန်ထွက်သွားတယ် အခုနောက်ထပ်စစ်ကြောင်း ၃ကြောင်းထပ်ဝင်လာတယ်၊ တပ်ရင်းတွေတော့မသိရသေးဘူး၊ တရုတ်သစ်သမားတွေ သစ်လာလုပ်နေတယ်သတင်းရလို့ ရှင်းတာလို့ကြားတယ် လောလောဆယ်တော့ သစ်သမားတွေ ရှောင်နေရတာပေါ့” ဟုကိုယ်တိုင် ရှောင်တိမ်းနေရသူ အဆိုပါသစ်လုပ်ငန်း ရှင်က ပြောသည် ၊၊ ယခုအချိန်အထိ သစ်သမားများဖမ်းဆီးခံရသည့် သတင်းမကြားရသေးကြောင်း စစ်တပ်က တောနင်းရှာနေသည့် အပေါ် သစ်သမားများအနေဖြင့် သိပ်မစိုးရိမ်ကြောင်းကိုလည်း သူက ဆက်ပြောပြသည် ၊၊ “တရုတ်ဆိုရင်တော့ မပြောတတ်ဘူး ဖမ်းချင်ဖမ်းနိုင်တယ်၊ ကျနော်တို့ကတော့ ပြဿနာသိပ်မရှိဘူး၊ ဒီအချိန်ပငွ့်လင်း ရာသီ သစ်ထုတ်ရာသီအချိန်မှာစစ်တပ်ကလည်းဂွင်ရှာတာပါပဲ။ နှစ်တိုင်းလုပ်ရိုးလုပ်စဉ်ပ။ဲ စစ်တပ်ကကျနော်တို့ ကိုတွေ့ရင် ပစ္စည်းသိမ်းတာတို့ဘာတို့တော့ရှိတယ်။ သစ်တွေ့ရင် သစ်အဟောင်းနဲ့အသစ်နဲ့လဲတယ်၊စက်တို့ကား တို့တွေ့လည်း အဟောင်းနဲ့အသစ်နဲ့လဲ တယ် ဒီလိုပါပဲ” ဟု သူကပြောပြသည် ၊၊ ယခုသစ်လုပ်ငန်းလုပ်ကိုင်နေသူအများသည် တရားမ၀င်သဘောမျိုးလုပ်ကိုင်ကြသော်လည်း အောက်ခြေဒေသခံ အာဏာပိုင်များနှင့် နားလည်မှုယူလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည် ၊၊ “ဒီဂင်ွမှာတော့ကျွန်းသစ် လုပ်ကြတယ်၊ တရားဝင်လုပ်တဲ့ကုမ္ပဏီတွေလည်းရှိတယ်၊ အများစုကတော့ နားလည်မှု နဲ့လုပ်နေကြတာ။ တောတွင်း လက်ဆွဲလွှဝိုင်းတစ်ဝိုင်းအတွက်တောခေါင်းကို တစ်လတစ်သိန်းပေးရတယ်။ စက်လွှတစ်ဝိုင်း

၃သိန်းအဲလိုပေးရတယ် ” “ကျွန်းသစ်တစ်တန်ကို တောတွင်းဈေးက ကျပ်၆သိန်းနဲ့ရသိန်းကြားပေါက်တယ်။ တရုတ်ပြည်ရောက်ရင် ယွမ်ငွေ ၁သောင်းကျော် ပေါက်တယ်။ ကိုယ်တိုင်သယ်မယ်ရင်တော့ လမ်းမှာလည်းပေးရတာ မနဲဘူး။ တရားဝင်ဂိတ်ပေးရတာ ရှိတယ်။ ရိုက်စားတဲ့ သူတွေ ပေးရတာရှိတယ်။ လုပ်စားကိုင်စားရတာတော့ မလွယ်ပါဘူးဗျာ” ဟုပြောပြသွားသည်

မြန်မာ့အရေး အိုဘားမား ဆက်ကူညီရန် မျှော်လင့် TUESDAY, 20 JANUARY 2009 19:05 ကိုစိုး

အမေရိကန် နိုင်ငံ၏ ၄၄ ယောက်မြောက် သမ္မတ တာဝန်ကို ကျမ်းသစ္စာ ကျိန်ဆို၍ မကြာမီ ထမ်းဆောင် တော့မည့် ပထမဆုံး လူမည်းသမ္မတ မစ္စတာ ဘရက် အိုဘားမား အပေါ် အတိုက်အခံများနှင့် မြန်မာ့အရေး လေ့လာသူများက မြန်မာပြည် အပြောင်းအလဲ အတွက် ကူညီ ဆောင်ရွက်ရန် မျှော်လင့်ကြ သော်လည်း ထူးခြားသည့် အပြောင်းအလဲ မဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ သမ္မတ အိုဘားမား စနေနေ့က ပင်ဆယ်လ် ဒေးရီးယား ပြည်နယ်ရှိ ၎င်း၏မြို့ ဖီလာဒဲဖီးယား ဘူတာရုံတငွ် မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ ရိုက်တာ) မစ္စတာ အိုဘားမား၏ လက်တွေ့ လုပ်ဆောင် ချက်များကို မတွေ့ရသေး သော်လည်း အမေရိကန် နိုင်ငံ၏ အခြေခံ မူဝါဒ အပြောင်းအလဲ များများစားစား မရှိနိုင်သောကြောင့် မြန်မာ့အရေး အတွက် ဆက်လက် ထောက်ခံနေမည်ဟု မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသည်။ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် အမေရိကန်က ဆက်လက် ထောက်ခံမှု ပေးနေမယ် လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဒီအတိုင်းပဲ ဆက်လက် ထောက်ခံနေမယ် လို့လည်း မျှော်လင့်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဦးအေးသာအောင်ကမူ မစ္စတာ အိုဘားမားသည် မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ထူးထူးခြားခြား အထောက်အကူ ဖြစ်လာရန် မျှော်လင့်မထားဟု ဆိုသည်။ “မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်ဖို့အတွက်၊ အသွင်ကူးပြောင်းဖို့ အတွက်၊ အပြောင်းအလဲ ဖြစ်ဖို့အတွက်က တော့ အဓိက မောင်းနှင်အားသည် ပြည်တငွ်းမှာရှိတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး အင်အားစုတွေ၊ တိငုးရင်းသား အင်အားစုတွေပဲ အဓိက ဖြစ်ပါတယ်”ဟု ဦးအေးသာအောင်က ပြောဆိုသည်။ သို့သော် မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်း၏ ထောက်ပံ့ကူညီမှု သည်လည်း အရေးပါသည်ဟု ၎င်းက ဆိုသည်။ ယခုတက်လာမည့် အိုဘားမား အစိုးရအဖွဲ့ အနေနှင့် မြန်မာ စစ်အစိုးရ အပြောင်းအလဲ ဖြစ်ရန် ဆောင်ရွက်နိုင် မည်ဟု မျှော်လင့်၍မရကြောင်း သတင်းစာ ဆရာဟောင်း လူထု စိန်ဝင်း ကလည်း ပြောသည်။ “ကျနော်တို့က နဂိုကတည်းက ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာပဲ၊ အခုလည်း အဲဒီအတိုင်း ထပ်ပြီး ဆော်သြချင်တယ်၊ အိုဘားမားကိုလည်း အားကိုးမနေပါနဲ့ ဘန်ကီမွန်းလည်း အားကိုးမနေပါနဲ့ ကိုယ့်အား ကိုယ်ကိုးပါလို့”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုသည် မြန်မာပြည်အပြောင်းအလဲအတွက် ထိရောက်မှုမရှိ ကြောင်း၊ အစိတ်အပိုင်း တခုသာလျှင် သက်ရောက်မှုရှိကြောင်းနှင့် စစ်အစိုးရအပြောင်းအလဲ ဖြစ်ရန် မစွမ်းဆောင် နိုင်ကြောင်းလည်း လူထု စိန်ဝင်းက ပြောသည်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ မစ္စတာ အိုဘားမားအနေနှင့် အမေရိကန်က မြန်မာစစ်အစိုးရအပေါ် စီးပွာေးရး ပိတ်ဆို့ ဒဏ်ခတ် မှုကို ဆက်လက်

ထိန်းသိမ်းသွားရန်လိုကြောင်း၊ မြန်မာ့အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် အမေရိကန် သမ္မတ များကဲ့သို့ ရပ်တည်သွားမည်ဟု ယုံကြည်ရကြောင်း ပြောဆိုသည်။ အမေရိကန်အနေနှင့် လတ်တလောတွင် စီးပွားရေးပြဿနာ၊ အစ္စရေးနှင့် ဟားမတ်စ် တိုက်ခိုက်နေမှုပြဿနာများ ရှိနေကြောင်းနှင့် မြန်မာ့အရေးသည် အမေရိကန်အတွက် ပထမဦးစားပေးမဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။ ဦးဘိုကြည်က ဆက်လက်ပြီး တရုတ်နိုင်ငံခေါင်းဆောင်များနှင့် အာဆီယံ ခေါင်းဆောင်များသည် မြန်မာ့ အရေး နှင့် ပတ်သက်ပြီး အဖြေထွက်ရှိသည်အထိ ကြိုးစားဆောင်ရွက်သင့်သည်ဟုလည်း ပြောသည်။ “မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာလည်း အင်အားကြီး ၅ နိုင်ငံနဲ့ တခြား ၁၅ နိုင်ငံ အပါအ၀င် အများလက်ခံတဲ့ အဆင့်တခုရအောင် အသေအချာ ကြိုးစားတာမျိုးကို ဖြစ်စေချင်တယ်”ဟု ဦးဘိုကြည်က ဆို သည်။ ထို့အပြင် ယခုအမေရိကန်အစိုးရသစ်အနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ အတိုက်အခံအဖွဲ့ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရန်များကို ဖိအား ပေး ဆောင်ရွက် ခြင်းတို့အား တွေ့မြင်လိုကြောင်းလည်း ၎င်းက ဆိုသည်။ အာဖရိကန်နွယ်ဖွား မစ္စတာ အိုဘားမားသည် ၂၀၀၈ ခု နိုဝင်ဘာ လဆန်းပိုင်းက ကျင်းပသည့် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတငွ် ဒီမိုကရက် ပါတီင်္ ဘက်မှ ၅၂ ရာခိုင်နှုန်းဖြင့် မဲအနိုင်ရရှိခဲ့ပြီး သမ္မတ ဖြစ်လာခဲ့သူ ဖြစ် သည်။

ရေခဲပုံးထဲမှ မြန်မာ ၂ ဦး ပင်လယ်တငွ် ၁ လကြာ မျောနေခဲ့ TUESDAY, 20 JANUARY 2009 19:07 ဇာနည်ဝင်း ပင်လယ်ထဲတွင် တလနီးပါး မျောပါနေခဲ့သော မြန်မာ ငါးဖမ်းလုပ်သား ၂ ဦးကို ကယ်ဆယ် ထားသည်ဟု သြစတေးလျ နိုင်ငံက ယနေ့ ပြောကြား လိုက်သည်။ ၎င်းတို့သည် ခရစ္စမတ်နေ့ မတိုင်မီ ၂ ရက်က ငါးဖမ်းလှေ တိမ်းမှောက် ပြီးနောက် ငါးထည့်သည့်

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip hop ငိုငြီးသံများ

ဆောင်းပါး နေသန်မောင် အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 14:05 - မြန်မာစံတော်ချိန် ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊ Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။ ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထဋ်ွဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဆဲိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။ Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။ ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့ အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့ အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။ လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။ ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။ ၄-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊

လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကဆွိုကာ အားပေးခဲ့တာပါ။ MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။ ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရေဲ ကာင်းတွေပါ။ Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလငူ ယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။ တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။ ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။ ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တငွ်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။ အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထဋ္ဋ်ွဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တငွ်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့ လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။ ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။ နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။ သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခငွ့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။

စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခငွ့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။ Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခရွဲ တာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။ Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပသ် င့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။ ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။ နေသန်မောင် (နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တငွ် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)

ဦးသန့်တို့ခေတ်

ဆောင်းပါး ပညာရွှေအိုး အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 09:41 - မြန်မာစံတော်ချိန်

(၁)

ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တငွ်းပြည်ပ စာပေနဲ့ နိုင်ငေံ ရးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်းထုတ်မယ်လို့ ဆိုလာပါတယ်။ ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင်စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကြားက ဆက်ဆံရေးအကြောင်းကိုလည်း ပိုပြီး သိလာရပါတယ်။ ဒါကြောင့် အရင်တုန်းက ကြားဖူးခဲ့ကြသလို ဦးနုလူမို့လို့၊ မနာလိုလို့ ဗိုလ်ချုပ်နေဝင်းက ဦးသန့်ကို ကြည့်မရဘူးတို့၊ တူတူတန်တန် ဂုဏ်မပြုဘူးတို့ဘာတို့ ဆိုတာတွေနဲ့ ကွာခြားနေတာကို သတိပြုမိသပေါ့။ ကုလသမဂ္ဂ ရုံးချုပ်က ဦးနုရဲ့ သတင်းစာရှင်းလင်းပဲအွ ကြောင်း တစွန်းတစ အရင်က တွေ့ဖူးပေမယ့် မြန်မာလိုမဟုတ်တဲ့အတွက် မြန်မာပြည်မှာ သိကြဖို့ မလွယ်လှပါဘူး။ ဒီအကြောင်းတွေ မြန်မာ မီဒီယာမှာ ဖော်ပြခွင့် ရလာတာဟာ ဗိုလ်ချုပ်နေဝင်း လုပ်ခဲ့တာ ဒို့နဲ့ မဆိုင်ဘူးလို့ ပြချင်ပုံ ရှိပါရဲ့။ တဖက်မှာလည်း သူ့တူမလို ခင်တဲ့ စုစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဆက်စပ်ပြီး သူ့ကို အငြိုးပြေကြသေးဟန် မရပါဘူး။ ဒါကြောင့် ဦးသန့် မျက်နှာဖုံးနဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ရစ်နေတာပေါ့။ (၂) ဒါတွေအသာထား၊ ဦးသန့် ဦးသန့်နဲ့ ပြောနေကြတော့ ဦးသန့်အကြောင်းနဲ့ ဦးသန့် ရေးတဲ့ စာတွေ မြန်မာပြည်မှာ လူငယ်တွေ ဘယ်လောက် ဖတ်ဖူးမှတ်ဖူးကြသလဲဆိုတာ သိချင်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြည်တငွ်းမီဒီယာမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရတာမို့ ဦးသန့်ဆိုတာ ဦးနုနဲ့တောင် ကွဲကြပါမလား မသိပါဘူး။ တက္ကသိုလ်စိန်တင်ရေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ စာအုပ်လောက်ပဲ မြန်မာစာအုပ်ဆိုင်တွေမှာ မြင်နေရတာပါ။ အထောက်တော်လှအောင် ပြန်ဆိုတဲ့ ဗမာ့ဦးသန့်တို့၊ ဦးသန့်၏ စာတို့၊ ပြည်တော်သာမှတ်တမ်းတို့ ဆိုတာတွေကို အဟောင်းဆိုင်မွှေတဲ့ ပရိသတ်လောက်ပဲ သိကြပါတော့တယ်။ စလေအညာက ပြွေဆရာ၊ ထူးဆန်းသော ကိုရွှေအုပ်တို့၊ From My School Window တို့ဆိုတာတွေကတော့ ထားလိုက်ပါတော့။ ဒီစာတွေကို ဖတ်ခငွ့်ရခဲ့ရင်ဖြင့် လွန်ခဲ့တဲ့ အနှစ်၇၀ ကျော် မြစ်ဝကျွန်းပေါ် တောမြို့ကလေးက ကျောင်းအုပ်ဆရာကြီး တယောက်ရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေဟာ ဘာကြောင့်များ ဒီလောက် ထက်မြက်ပြီး ခေတ်ရှေ့ပြေးနေတာလဲဆိုတာ အံ့သြကြလိမ့်မယ်။ ပြီးတော့ ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ သခင်အောင်ဆန်းနဲ့ လစ်ဘရယ်ပညာတတ်ဖြစ်တဲ့ ဦးသန့်တို့ ကျောင်းဝတ်စုံ ရှိသင့်၊ မရှိသင့် ငြင်းကြတာကလည်း စိတ်ဝင်စားစရာပါပဲ။ (၃) လက်ဝသဲ မားတွေကတော့ ဦးသန့်ဟာ ဦးနု လက်သုံး ပညာရှိကြီးပါပဲ၊ ဗိုလ်နေဝင်း ဒေါက်တာမောင်မောင်ကို မသေမချင်း ဂုတ်ခွစီးသလို အစီးခံရတဲ့သူပါလို့ ဆိုကြလိမ့်မယ်။ ဦးသန့်ရေးတဲ့ ပြည်တော်သာမှတ်တမ်းကြီးမှာ ကွန်မြူနစ်သောင်းကျန်းမှုကို တော်တော်အပြစ်ဆိုထားတာကိုး။ ဦးနုရဲ့ လူထုအောင်သံ၊ စာပေဗိမာန်၊ စွယ်စုံကျမ်း၊ ပြည်တော်သာစတဲ့ ပရောဂျက်ကြီးတွေကို ပြန်ကြည့်ရင် ဦးသန့် နဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲကလား။ဦးသန့်ပြန်ကြားရေး အတွင်းဝန်၊ ဝန်ကြီးချုပ် အတွင်းဝန်ဘဝ အသက် ၄၀-၅၀ အတွင်းက ဆောင်ရွက်ချက်တွေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေါက်တာထင်အောင်၊ ဦးခင်ဇော် (K) စတဲ့ ခေတ်ပြိုင် ပညာရှင် မျိုးဆက်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဆက်စပ်ကြည့်မှ ပိုပြီး ရုပ်လုံးကြွလာမှာပါ။ ဆဋ္ဌသဂ်ါင်္ယနာခေတ်၊ နိုင်လွန်ခေတ် မီလိုက်သူ မျက်နှာကြီး အသိုင်းအဝိုင်းကတော့ ဦးသန့်အရင် ကုလသမဂ္ဂမှာ မြန်မာသံအမတ် လုပ်သွားတဲ့ ဂျိမ်းစ်ဘယ်ရင်တန်သာ ဟမ်းမားရှိုး သေတာကို မီလိုက်ရင် ဦးသန့် အတွင်းဝန်ချုပ် ဖြစ်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့လည်း ဦးသန့် ဒီလိုဖြစ်လာတာကတော့ အဲဒီအချိန်က မြန်မာပြည်ရဲ့ 'ဘက်မလိုက်' တက်ကြွတဲ့ နိုင်ငံခြားရေးဝါဒ ကျေးဇူးကြောင့်၊ ပြီးတော့ ဦးနုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုက်ထုတ်တဲ့ ဥဿဟတွေနဲ့လည်း ဆိုင်ပါတယ်။ ပင်ကိုတော်တဲ့လူမို့ ၁ဝ နှစ်တိတိ ကုလသမဂ္ဂမှာ တောင့်ခံနိုင်တာကတော့ ဦးသန့် စွမ်းလို့ပါပဲ။ ဒီခေတ်ဒီအခါမှာတော့ မြန်မာတွေ မျိုးပျံအောင်တော်နေပေမယ့် မြန်မာအစိုးရရဲ့ သိက္ခာကျမှုကြောင့် ကမ္ဘာမှာ နလံထူလှတော့တာ မဟုတ်ပါဘူး။ ဦးသန့်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောမိကြတာက သန့်ရှင်း၊ တည်မြဲ ကွဲတဲ့အချိန်မှာ သူ မြန်မာပြည်မှာ ရှိနေခဲ့ရင် ဦးနုက သူ့ကို ပထစထဲပါခိုင်းမှာပဲ ဆိုတာပါ။ ဦးချမ်းသာ၊ ဦးချစ်ဖေတို့လို ICS ကြီးတွေတောင်မှ ပထစကြီးတွေဖြစ်လာ၊ နောက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တောင်မှ ပထစအတွက် ဝင်မဆွဲယ်ပေးခဲ့ရတာ မဟုတ်လား။ ဦးသန့်ဟာ ပြန်ကြားရေး၊ ပညာရေး စတဲ့ နေရာတွေမှာ ဒေါက်တာဧမောင်လိုပဲ ဦးနုရဲ့ ပေါ်လစီတွေကို ဖော်ဆောင်နေရပါလိမ့်မယ်။

နိုင်ငံရေးထဲ မဝင်ဘဲ အတွင်းဝန် ဆက်လုပ်နေရင်လည်း ၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စောစောစီးစီး နားရဖို့ ရှိပါတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြန်ကြားရေး၊ ပညာရေးနဲ့ စီးပွားရေးမှာ ဓာတ်ကြမ်းရိုက်တဲ့ စစ်ဆိုရှယ်လစ်မူတွေနဲ့ ဦးသန့်ဟာ ဘယ်လိုမှ မအပ်စပ်လို့ပါပဲ။ အဲဒီလို စောစောအနားယူလိုက်ရင်လည်း ကုလသမဂ္ဂကို သူ ရောက်သွားမှာပါပဲ။ ဒေါက်တာသာလှတို့၊ ဒေါက်တာညီညီတို့လိုပေါ့။ (၄) စိတ်ကူးယဉ်လို့မရတဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ရမှာပါ။ အတွင်းဝန်လုပ်ခဲ့တဲ့ ဦးသန့်ဟာ အတွင်းဝန်ချုပ်ဖြစ်လာတော့လည်း ကုသမဂ္ဂဗျူရိုကရက် ယန္တရားကြီးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားခဲ့တာပါပဲ။ ကျောင်းဆရာ၊ သတင်းစာဆရာ နောက်ခံကလာသူမို့ ဆက်ဆံရေးညက်တာကလည်း စစ်အေး အထွတ်အထိပ်ရောက်တဲ့ ၆ဝ ပြည့်လွန်နှစ်တွေက ကမ္ဘာ့အခင်းအကျင်းမှာ အသုံးကျလှပါတယ်။ ကျူးဘား၊ မြောက်ဘော်နီယို စတဲ့ ကိစ္စတွေမှာ ဦးသန့် ဝင်လို့ရပေမယ့် ပရက်ဂ်အရေးအခင်းလို၊ အစ္စရေးလို၊ ဗီယက်နမ်လို ကိစ္စမျိုးမှာတော့ ဦးသန့်လည်း မရှင်းနိုင်ခဲ့ပါဘူး။ အင်အားကြီးတွေ လျှော့ပေးမှ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာရတာ မဟုတ်လား။ ရင်နာစရာကောင်းတာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ ကြိုးပမ်းခဲ့တဲ့ ဦးသန့်ဟာ မြန်မာ့ငြိမ်းချမ်းရေး အတွက်တော့ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာပါပဲ။ ဦးသန့် အတွင်းဝန်ချုပ်ဖြစ်တဲ့ ၁၉၆၁-၇၁ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်တငွ်းစစ်အရှိန် တက်နေတဲ့အချိန်ပါပဲ။ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူးလွန့်လို့မရဘဲ နိုင်ငံရေးလုပ်ချင်တဲ့သူတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝင်ဖို့ကလွဲပြီး တခြားလမ်းမရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်မယ့် နအဖ ကတော့ တော်လှန်ရေးအစိုးရထက် ပါးနပ်တယ်ပြောမလား၊ အရပ်သားမျက်နှာတပ်ပြီး စစ်အုပ်ချုပ်ရေးသစ် ထူထောင်မယ့်နေရာမှာတော့ ၁၉၇၄ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကွာလှမယ် မထင်ပါဘူး။) မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းပွဲေ တွမှာ (၁၉၆၃၊ ၁၉၆၈) ဦးသန့်အနေနဲ့ ပါဝင်ပါရစေလို့ တောင်းဆိုသံ မကြားခဲ့ရဖူးပါဘူး။ ဒါကလည်း အမေရိကန်၊ ဆိုဗီယက် နှစ်အုပ်စုလုံးရဲ့ ထောက်ခံမှုကို ယူနိုင်တဲ့ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ခြိမ်းခြောက်မှုကို 'မွေး' မထားနိုင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ဒီလို အားလုံး 'မီးသေ'တဲ့ အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။ (၅) အခုလို ရာပြည့်တဲ့ အခမ်းအနားကို အခွင့်ယူပြီး ဦးသန့်စာတွေ ပြန်ထုတ်ဖို့၊ ဦးသန့် Institute ကနေပြီး ပြည်တငွ်းပြည်ပက မြန်မာနိုင်ငံသား မြန်မာလူငယ်တွေအတွက် ပညာရေး၊ လူမှေု ရး အထောက်အပံ့တွေပါ လုပ်သွားဖို့ အားထုတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။ ဦးသန့်၊ ဦးညွန့် (ECAFE) ၊ ဦးရွှေမရ၊ ဒေါ်သန်းဧ စတဲ့ မြန်မာပညာတတ်တွေ ကုလသမဂ္ဂမှာ ဘုန်းကြီးခဲ့တဲ့ ခေတ်ကို လွမ်းမိပါသေးရဲ့။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက ကုလသမဂ္ဂမှာ ဦးသန့်လိုလူမျိုး ရှိခဲ့ရင်လို့ တွေးမိသူတွေ နည်းမှာ မဟုတ်ပါဘူး။ လက်ရှိ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေကလည်း စစ်အစိုးရနဲ့ ကဏ္ဋကောစ တိုက်ဝံ့ကြတာမှ မဟုတ်ဘဲကိုး။ အမျိုးသားပညာရေးက မွေးထုတ်ပေးလိုက်တဲ့ မျိုးချစ်ပညာတတ် လူတန်းစားကတော့ မြန်မာပြည်မှာ မျိုးတုန်းခါနီးပြီထင်ပါရဲ့လေ။ ပညာရွှေအိုး

၂၀၁၀ ရွေးကောက်ပွဲနှင့် အလွန်ကာလသို့

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009 13:55 - မြန်မာစံတော်ချိန် ( နေမျိုးဝေနှင့် ဆက်သွယ်မေးမြန်းချက်) မြန်မာစစ်အစိုးရ ကျင်းပမည်ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနှင့် ကန့်ကွက်ဆန့်ကျင် သွားမည့်သူများ ရှိနေသလို၊ ပါတီထောင်ကာ ၀င်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးအတွက် ပြင်ဆင်လှုပ်ရှားနေသူများလည်း ပြည်တငွ်း၌ ရှိနေသည်။ သည်အထဲတငွ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတငွ် အနိုင်ရပါတီကြီးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီအတွင်းရေးမှူးနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ထိုးနှက်ပြောဆိုလေ့ရှိသည့် ကိုနေမျိုးဝေလည်း ပါဝင်သည်။

သူနေထိုင်ရာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း ရွေးကောက်ပဆွဲိုင်ရာ အသိပညာပေးလုပ်ငန်းများကို သူက တပိုင်တနိုင်အားဖြင့် စတင်နေသည်။ သူ့ နိုင်ငံရေး စိတ်ကူးနှင့် လက်ရှိလှုပ်ရှားမှုများကို သိရှိနိုင်ရန်အတွက် မဇ္ဈိမ သတင်းထောက် သန်းထိုက်ဦးက ဆက်သွယ်မေးမြန်းထားပါသည်။ ၂၀၁၀ ရွေးကောက်ပွဲနိုင်အောင် ဘယ်လို မဲဆွယ်မှုတွေ လုပ်မလဲ။ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို နိုင်အောင် ရည်ရွယ်ချက် မထားဘူးခင်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဆင့်ကို ၀င်မယ်။ ကျနော် ဘယ်လိုလုပ်မလဲဆိုတော့ ပြည်သူ့လွှတ်တော်ထဲမှာ ဘယ်လို ဥပဒေပြုတယ်ဆိုတာ ကျနော် ရှင်းပြမယ်။ တစ်အချက်က - ကျနော် အဆိုပြုချင်တဲ့ ဥပဒေမူကြမ်းတွေကို ကျနော် စာတွေ ရေးထားမယ်။ တစ်အချက်က ဘယ်လို ဥပဒေတွေကို ထောက်ခံမယ်၊ (Yes) ထောက်ခံမယ် ဆိုပြီးတော့ ကျနော် ရေးထားမယ်။ နှစ်အချက်က ဘယ်လို ဥပဒေတွေများ တင်လာရင် (No) လုပ်မယ်ဆိုပြီး ကျနော် ရေးထားမယ်။ သုံးအချက်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘယ်လို တာဝန်တွေရှိလ။ဲ လေးအချက်က တိုင်းပြည်ကို ဥပဒေ ပြုရမယ်ဆိုတာ ပြည်သူတွေ သိအောင် ရှင်းပြတဲ့အချက် လုပ်မယ်။ အဲဒီ အချက် ၄ ချက်ကို ကျနော်ရေးပြီးတော့ စာရွက်နဲ့ လည်း ဖြန့်မယ်။ ကျနော်က ဘိုကလေးမြို့မှာ ၀င်မယ်ဆိုတော့ ဘိုကလေးမြို့နယ်တွေပေါ်မှာ ဖြန့်ရုံတင် မကဘူး၊ ကျနော် တယောက်တည်းသာ ဒီလို အတွေးအခေါ်ရှိတဲ့ လူတယောက်တည်းသာ လွှတ်တော်ထဲမှာ ရောက်မယ်ဆိုရင် လွှတ်တော်ထဲမှာ တမဲပဲ ပေးရမှာ ဖြစ်တယ်။ အဲဒီတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တခြား မြန်မာနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေကိုပါ ပြန့်အောင် ကျနော် ဖြန့်မယ်။ မီဒီယာတွေနဲ့လည်း ဆက်သွယ်စည်းရုံးပြီး ဒီအယူအဆကို ပြန့်ပွားအောင် လုပ်မယ်။ အဲဒီလို ကျနော်တို့ မဲဆွယ်စည်းရုံးမယ်။ ကျနော် တယောက်တည်း နိုင်ရေးက အဓိက မဟုတ်ဘူး။ ကျနော် တယောက်တည်း နိုင်ရင် လွှတ်တော်ထဲမှာ တမဲပဲ ဖြစ်မယ့်အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မြို့နယ် ဒေသခံတွေကြားမှာ ရွေးကောက်ပဆွဲိုတာကို အများစုက နားမလည်ကြဘူးဆိုတော့ မဲဆွယ်တဲ့ နေရာမှာ အောင်မြင်မှု ရနိုင်မလား။ ဒေသခံတွေကြားမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြင်နေတာလေးတွေက ရ၀တ ဥက္ကဋ္ဌ ရွေးတယ်လို့ ထင်နေတယ်။ မ၀တ ဥက္ကဋ္ဌ ကို ရွေးတယ်လို့ ထင်နေတယ်။ ဥပဒေပြုတယ်ဆိုတာ ဘာမှန်းမသိဘူး။ ဘာလဲဆိုတော့ ဒီလက်ရှိကာလတွေနဲ့ ဆက်စပ်ပြီးတော့ ကြည့်နေသေးတာကိုး။ ကျနော်တို့က အဲဒါတွေနဲ့ ပတ်သက်လို့ ရှင်းပြဖို့ ကျနော်တို့က အခု ဘယ်လိုတည်ဆောက်နေရလဲဆိုတော့ အခုလည်း ပုဂံက မိတ်ဆွေတွေ ရောက်လာတယ်။ သူတို့ကို ကျနော် ရှင်းပြတယ်ပေါ့။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ဥပဒေပြုတယ်၊ ဘယ်လို ဘယ်လို ဖြစ်တယ်ဆိုတဲ့အကြောင်း။ အဲဒီလို လူတွေကနေ စပြီးတော့ နိုင်ငံရေးအဆင့်မှာလည်း ၄ ဆင့် ရှိတာကိုး။ ပထမ အဆင့်ကတော့ ဒီအဖွဲ့ အစည်းမှာ ပါဝင်ပြီးတော့ နိုင်ငံရေး အခြေခံအဆင့်ပေါ့နော်။ ပထမ အဖွဲ့အစည်းတွေမှာ ပါဝင်ပြီးတော့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို လုပ်တာ။ အဲဒီလူတွေ အဆင့်က သပိတ်တွေ ဘာတွေ မှောက်တဲ့အခါမှာ လက်သီးလက်မောင်းတန်းအော်တဲ့ အဆင့်မျိုးပေါ့ဗျာ။ ဒုတိယအဆင့်ကတော့ သန့်ရှင်းသော အစိုးရဖြစ်အောင် ၀ိုင်းပြီးတော့ ဘယ်နေရာမှာ မှားနေပါတယ်ဆိုပြီးတော့ မီဒီယာနဲ့ ဆက်သွယ်ပြောဆိုပြီးတော့ လုပ်လိုက်မယ့် လူတွေ။ တတိယ နိုင်ငံရေးအဆင့်ကတော့ အကြံပြုစာရေးတဲ့ အဆင့်။ နောက်ဆုံးအဆင့်ကတော့ ခုနက ကျနော်ပြောတဲ့ မူဝါဒတွေ ရေးဆွချဲမှတ်ပြီး ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ ကျနော်တို့ဟာ ခုန အောက်ခြေအဆင့်မှာရှိတဲ့ ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေကို ဖြန့်ဝေပေးတဲ့ လူတွေကို ကျနော်တို့ အရင်စုရပါတယ်။ အဲဒီလူတွေကို အခုဆို ကျနော်တို့ မဲဆွယ်စည်းရုံးတဲ့ကာလ မရောက်သေးပေမယ့် ဖွဲ့စည်းပုံကို နားလည်အောင်ပြောတဲ့ အဆင့်က လူတွေဖြစ်အောင် တည်ဆောက်တာပါ။ ပြိုင်ဘက် ပါတီ ကိုယ်စားလှယ်တွေက ဘယ်သူတွေ ဖြစ်လာနိုင်မလဲ။ ပြိုင်ဘက်ပါတီဆိုတာကတော့ ကျနော်တို့က ပြိုင်ဘက်လို့ မသတ်မှတ်ပါဘူး။ မိတ်ဘက်တွေလိုပဲ သတ်မှတ်ပါတယ်။ မည်သူမဆို ပြိုင်ဘက်လို့ မသတ်မှတ်ဘူးဆိုတာက အကုန်လုံး ဒီမေးခွန်းတွေ ဖြန့်ကျက်မယ်။ ဒါ ကြိုတင်ပြီး (Question) Out သလိုပ။ဲ ဒီဟာတွေကို သူတို့က

ကြိုတင်ပြီးတော့ သိထားလို့ အကုန်လုံးက လေ့လာကြမယ်။ လေ့လာရင် တတ်သွားမယ်။ တတ်သွားရင် တတ်တဲ့ လူတွေ ရမယ်။ ကျနော်တို့ နိုင်ငံမှာ သူတို့ ကြိုတင်သိလို့၊ လေ့လာလို့၊ ဖြေနိုင်လို့ တတ်သွားမယ် ဆိုလို့ရှိရင် တတ်တဲ့လူတွေ ရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်တာကတော့ဗျာ၊ ပါတီတွေအနေနဲ့ကတော့ တနိုင်ငံလုံး လွှမ်းပတ်ခြုံနိုင်မယ့် ပါတီတွေဟာ ၂ ခု၊ ၃ ခုထက် မပိုဘူးလို့ ကျနော် သုံးသပ်ပါတယ်။ ကိုယ်စားတွေကရော ဘယ်သူတွေ ဖြစ်လာမလဲဗျ။ အဲဒါတွေ ဒီအချိန်မှာ ကျနော် မသိသေးဘူးခင်ဗျာ။ ပြိုင်ဘက်ပါတီတွေကတော့ ကျနော် မသိသေးဘူး။ ဒါ ကျနော် အပွင့်လင်းဆုံးပြောတာ။ နိုင်ငံတော်ဘက်ခြမ်းက စီစဉ်တာတွေလည်း ရှိမယ်။ တချို့လူတွေလည်း ရှိလိမ့်မယ်။ ဒီအချိန်မှာ ပုဂ္ဂလိက ကွန်ယက်တွေလည်း ပေါ်လာကောင်း ပေါ်လာနိုင်မယ်။ ၂၀၁၀ အလွန် မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာမယ်ထင်လ။ဲ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသဖြင့်။ ၂၀၁၀ အလွန်မှာ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတော့ ကျနော်တို့ လုပ်ပိုင်ခငွ့် များသောအားဖြင့် ရမယ့်နေရာတွေက ပညာရေး နယ်ပယ်၊ စီးပွားရေးနယ်ပယ်။ အဲဒီနယ်ပယ်တွေမှာ ကျနော်တို့ ပြောရေးဆိုခငွ့်လေးတွေ ရလာမယ်။ ပြောရေးဆိုခငွ့်လေးတွေ ရလာပြီဆိုရင် ကျနော်တို့ ဥပဒေမူကြမ်းလေးတွေ စမ်းသပ်ပြီးတော့ တင်သငွ်းခွင့်လေးတွေ ရလာမယ်။ အဲဒီ လွှတ်တော်တွေထဲမှာလည်း မေးဖို့ ဆွေးနွေးပွေဲ လးတွေ ဖြစ်လာနိုင်တယ်။ နောက် ပြည်သူတွေကို ကျနော်တို့ အသိပေးဖို့တွေ လုပ်လာနိုင်မယ်။ အဲဒီလို ရလာပြီဆိုရင် အဲဒီဘက်ကနေ စပြီးတော့၊ နောက် ဒီဘက်ခေတ်ကလည်း နည်းနည်းပြောင်းလာမှာပေါ့ဗျ။ ရှေးခေတ်တုန်းကဆိုရင် ကျနော် မမျှော်လင့်ရဘဲူးဗျာ။ ရှေးခေတ်တုန်းက လက်နှိပ်စက်တောင် ဘိုကလေးမြို့နယ် တမြို့လုံးမှာ တလုံးလောက် ရှိတာကိုး။ အခု ကော်ပီယာတွေ ပေါ်လာပြီ။ နောက် VCD စက်တွေနဲ့ အခွေတွေနဲ့ အလွယ်တကူ ပြန့်ပွားလို့ရပြီ။ နည်းနည်း ပေါက်ကွဲမှုပုံစံ ရှိတယ်။ မီဒီယာ ပေါက်ကွဲမှု ရှိတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ တနေရာထဲမှာတင် အသိပေးထားတာ အောင်မြင်လာမယ်လို့ မျှော်မှန်းပါတယ်။ နောက် ၂၀၁၅ လောက်မှာ နည်းနည်း စနစ်ကျဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ နိုင်ငံတော် စီးပွားရေး ဦးမော့လာအောင် ဘာတွေ လုပ်သင့်တယ် ထင်လ။ဲ နိုင်ငံ့စီးပွားရေးကို ကျနော်တို့က တွက်ချက်တဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့ သဘာဝ၊ ကိုယ့်နိုင်ငံမှာရှိတဲ့ လူသား အရင်းအမြစ်၊ ကိုယ့်နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ်၊ ကိုယ့်နိုင်ငံမှာရှိတဲ့ အခြေအနေကို တွက်ချက်လိုက်တဲ့ အခါကျတော့ တကယ့်အဆင့်မြင့် အိုင်တီ နည်းပညာတွေပေါ့။ ဒီမှာ အရင်ဆုံး ထူထောင်နိုင်ဖို့ ဆင့်ကဲပြီး တွေ့ရတယ်။ ဒီဘက်မှာကျတော့ ရေမြေကို ကြည့်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်တာလေးတွေ ရှိတယ်။ စိုက်ပျိုးရေး ထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်၊ အဲဒါနဲ့ ပတ်သက်တဲ့ တပိုင်း။ ကုန်ချောဖြစ်မယ့် ဆီသွပ်လုပ်ငန်းတွေ၊ အပြီး ကုန်ချောပေါ့နော်။ အဲဒီလို လုပ်ငန်းမျိုးလေးတွေဟာ ပြန်လည်ထူထောင်ရေး မြန်မာနိုင်ငံမှာ စလုပ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်သင့်တဲ့ လုပ်ငန်းလို့ ကျနော် သုံးသပ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်တဲ့ ဥပဒေ မူကြမ်းတွေနဲ့ ထောက်ခံမယ်။ အခုနေ တောင်းဆိုခငွ့် ရှိမယ်ဆိုရင် စစ်အစိုးရကို ဘာတွေ တောင်းဆိုမှာလဲ။ အစိုးရကို တောင်းဆိုရမယ်ဆိုလို့ရှိရင်တော့ တခြားဟာတွေ ကျနော် မတောင်းဆိုချင်ပါဘူး။ ခုနလိုပေါ့ သူတို့ရဲ့ အခြေအနေ၊ အချိန်အခါတွေ တွက်ချက်ပြီးတော့ ခုနက စည်းမျဉ်းစည်းကမ်းလေးတွေပေါ့။ နောက် ရွေးကောက်ပွဲ ကော်မရှင်တို့ အဲဒါလေးတွေက တတ်နိုင်သလောက်လေး သူတို့ဘက်က တွက်ချက်ပြီးတော့ ခပ်စောစောလေး ထုတ်ပေးတာကို ကျနော် မျှော်လင့်ပါတယ်။ ခပ်စောစော ထုတ်ပေးခြင်းအားဖြင့် ဘာဖြစ်အုံးမလဲဆိုတော့ ဒီဖွဲ့ စည်းပုံကို မထောက်ခံဘူးဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဘာတွေ စပြီးတော့လည်း လုံးဝ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့် ကိစ္စလေးတွေ ပေါ်လာပြီးတော့ စည်းလုံးညီညွတ်ရေးဟာ ပုံစံတမျိုးနဲ့ ပေါ်လာမယ်လို့ ကျနော် ယူဆပါတယ်။ အဲဒါမျိုးလေးတော့ တောင်းဆိုချင်တယ်။ ကျန်တာကတော့ ကျနော်တို့ အနာဂတ်မှာ လုပ်သွားမှာပါ။ အကိုတို့ကို စစ်အစိုးရလိုလားသူတွေ၊ စစ်အစိုးရ မျက်နှာသာ ပေးခံရတယ်လို့ ပြောကြတာ ဟုတ်ပါသလား။ အဲဒါနဲ့ ပတ်သက်လို့ဗျာ (HRDP) က လူငယ်တွေ ကျနော် သိတယ်။ အန်အယ်ဒီက တချို့လူငယ်တွေ ဘိုကလေးမှာ ကျနော့်နဲ့ သိခဲ့တဲ့ လူငယ်တွေ ရှိတယ်။ ဒီလူတွေ ကိုယ်တိုင်ပဲ အစိုးရနဲ့ လိုင်းကွေဲ နတယ်။ ဘယ်လိုလိုင်းကွဲလဆဲိုတော့ ဖွဲ့စည်းပုံနဲ့ ဖျက်မယ့်လူတွေ၊

ဖွဲ့ စည်းပုံနဲ့အညီ ကိုယ့်အယူအဆတွေနဲ့ ရွေးကောက်ပွဲဝင်မယ့် လူတွေ။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံနဲ့အညီ ၀င်လာပြီးတော့ ရွေးချယ်တင်မြှောက်ပွေဲ တွ ၀င်မယ်ဆိုရင် ကျနော်တို့ဟာ ဒါ မဟာမိတ်တွေ ဖြစ်မှာပဲ။ သူတို့ ဒီလိုပြောနေတာနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့နဲ့ ရင်းနှီးတဲ့ လူတွေမှာတော့ ရှင်းလင်းစွာ တွေ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို သိသင့်သိထိုက်တာ ဘာတွေများ ပြောစရာ ရှိသေးလဲ။ ကျနော် ပြည်သူတွေကို ပြောချင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးတယ်ဆိုတာ မ၀တ ဥက္ကဋ္ဌ ရွေးတာမျိုး မဟုတ်ဘူး၊ ပြည်သူတွေ ရွေးချယ်ခငွ့်ရှိတဲ့ဟာက ကိုယ်စားပြု ဒီမိုကရေစီ ဖြစ်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တမြို့နယ်ကို တယောက် ရွေးနိုင်တယ်။ တိုင်းတတိုင်း သို့မဟုတ် ပြည်နယ် တခုအတွက်ကို ၁၂ ယောက် ရွေးနိုင်တယ်။ အဲဒီလူတွေကို ရွေးပြီးတာနဲ့ တပြိုင်နက်ထဲ ပြည်သူတွေဟာ အလုပ်မရှိတော့ဘူး။ ဒီလူတွေသာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့မယ်။ တရားစီရင်ရေး အဖွဲ့တွေ ဖွဲ့မယ်။ ၀န်ကြီးအဖွဲ့တွေ ဖွဲ့မယ်ဆိုပြီးတော့ ယန္တရားကြီးဟာ လုပ်မှာဖြစ်တယ်။ အဲဒီလူတွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်၀၀ ကြပ်မတ်ပြီးတော့ ရွေးချယ်ဖို့ လိုတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မေးတိုင်းမေးတိုင်း တိုင်းပြည်ကို မွဲေ အာင် လုပ်ပါမယ်၊ တိုင်းပြည်ကို ပျက်စီးအောင်လုပ်ပါမယ်လို့ ဖြေမှာ မဟုတ်ဘူး။ တိုင်းပြည် တိုးတက်အောင် လုပ်မယ်၊ ပညာရေး တိုးတက်အောင် လုပ်မယ်၊ ဆိုပြီးတော့ ဖြေကြမှာချည်းပဲ။ အဲဒီတော့ ပညာရေး ဘယ်လိုနည်းနဲ့ ကောင်းအောင်လုပ်မှာလဲ၊ ဘယ်လိုနည်းနဲ့ စီးပွားရေးကို ကောင်းအောင် လုပ်မှာလဲ။ ကွဲကွဲပြားပြား စိစစ်ဖို့ လိုပါတယ်လို့၊ ပြည်သူတွေဆီမှာ တာဝန်ရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။ သမ္မတသစ် အိုဘားမားအတွက် စကားလက်ဆောင် TUESDAY, 20 JANUARY 2009 19:11 ဧရာဝတီ ယနေ့ ကြမ်းသစ္စာ ဆိုမည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ မြန်မာနိုင်ငံ အပေါ် ထားရှိမည့် အနာဂတ် နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ မျှော်လင့်ချက် မည်သို့ရှိသည်ကို ဧရာဝတီ မဂ္ဂဇင်းက အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်နှင့် တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်။ ကိုအောင်ဒင် မေး။ ဖြေ။

။ ကိုအောင်ဒင်အနေနဲ့ သမ္မတအိုဘားမားကို ဘယ်လိုစကားမျိုး ပါးချင်ပါသလဲ။

။ ကျနော့်အနေနဲ့ သမ္မတအိုဘားမားကို မြန်မာစစ်အစိုးရအပေါ် အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်

ဆက်လက်ကိုင်စွဲ ထားစေချင်ပါတယ်။ ပြီးတော့ အားကောင်းတဲ့ ဆွေးနွေးညှိနှိုင်းနိုင်မှု အင်အားကို အသုံးချပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေကို စည်းရုံးလို့ မြန်မာစစ်အစိုးရကို ဖိအား ပေးစေချင်ပါတယ်။ နိုင်ငံ တကာ အဖွဲ့ အစည်းတွေ အနေနဲ့ တယောက်တမျိုးပြောနေတာထက် အားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အစိုးရ အပေါ်မှာ တသံတည်းထွက်တာမျိုး ဖြစ်စေချင်တာပါ။ ကျနော်ယုံပါတယ် သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် ဟီလာရီကလင်တန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအတွက် အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် ဒေါက်တာဆူဆန်ရိုက်စ်တို့ သုံးဦးစလုံး ဒီကိစ္စကိုတတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အထက်လွှတ်တော်အမတ် Tom Lantos ရဲ့ မြန်မာ့ကျောက်မျက်ဥပဒေ (၂၀၀၈) အရ ပထမအဆင့်အနေနဲ့ ကျနော်တို့ ယုံကြည် ကိုးစားနိုင်တသ့ဲူတယောက်ကို သမ္မတ အိုဘားမားက သူ့ရဲ့ မြန်မာပြည် ရေးရာ အထူး ကိုယ်စားလှယ်အဖြစ် တာဝန်ပေးစေချင်ပါတယ်။ ဒါကို အထက်လွှတ်တော်ကလည်း အမြန်ဆုံး အတည်ပြုစေချင်ပါတယ်။ မေး။

။ ခုတက်မယ့် အမေရိကန် အစိုးရသစ်ကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခင်ဗျားအနေနဲ့ ဘယ်လောက်ထိ မျှော်လင့်နိုင်မယ်

ထင်ပါသလဲ။ ဘုရှ်အစိုးရရဲ့ မူဝါဒနဲ့ ဘယ်လိုကွာခြားမယ်လို့ ထင်ပါသလဲ။ မြန်မာ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးကော ပိုလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ။

။ ခု အမေရိကန်သမ္မတအဖြစ် အရွေးခံရတဲ့ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် ဟီလာရီကလင်တန်တို့ ၂

ယောက်စလုံးဟာ သူတို့ အထက်လွှတ်တော်မှာ တာဝန်ထမ်းခဲ့စဉ် ကာလ တလျှောက်လုံး မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အားသွန်ခွန်စိုက် ထောက်ပံ့ပေးခဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ စစ်အစိုးရနဲ့ ဒေါ်စုခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ အဓိပ္ပာယ် ပြည့်ဝပြီး ဒီမိုကရေစီ အသွင်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်လာဖို့ အတွက် ဆက်လက်ပြီး စစ်အစိုးရကို သိသိသာသာ ဖိအားပေးနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ နောက်တခုက ခုတက်မယ့် အမေရိကန်အစိုးရဟာ နိုင်ငံတကာအဖွဲ့ အစည်းတွေကို ပိုမိုစုစည်းနိုင်ပြီး မြန်မာ ပြည်သူလူထုဘက်က အတူတကွ ရပ်တည်ဖို့၊ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြောဆိုရာမှာ တသံတည်းထွက်ကြဖို့ စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း ကျနော် မျှော်လင့်ပါတယ်။ မေး။ ဖြေ။

။ ဘုရှ်နဲ့ သူ့ဇနီးတို့အနေနဲ့ မြန်မာပြည်အရေးကို ထူးထူးခြားခြား ဆောင်ရွက်ခဲ့တယ်လို့ကော မြင်ပါသလား။

။ သမ္မတ ဘုရှ်နဲ့ သူ့ဇနီးတို့ဟာ မြန်မာပြည်သူလူထုအတွက် သူတို့စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး လုပ်သွားခဲ့ပါတယ်။

သူတို့ တဦးချင်း ပုဂ္ဂိုလ်ရေးအရ မြန်မာပြည်နဲ့ ပတ်သက်လို့ ပါဝင် ဆောင်ရွက်ခဲ့သလိုပဲ မြန်မာပြည်ဆိုတာကို အမေရိကန်နိုင်ငံခြားရေး မူဝါဒအစီအစဉ်ရဲ့ ဦးစားပေး နေရာမှာ ထိပ်တန်းက ပါဝင်လာအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ သမ္မတ ဘုရှ်ဟာ သူတာဝန်ထမ်းဆောင်ချိန်ရဲ့ နောက်ဆုံး အချိန်တွေ မှာတောင်မှ မြန်မာပြည်ကို နိုင်ငံတကာက ပိုမိုအာရိုစိုက်လာအောင် ထပ်ခါတလဲလဲ မီးမောင်းထိုးပြခဲ့တယ်။ နောက်တက်မယ့် အစိုးရအနေနဲ့လည်း မြန်မာပြည်အရေးကို ဆက်လုပ်သွားနိုင်ဖို့ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျနော် တို့အတွက် အကျိုးအမြတ်အများကြီး ရလိုက်တာပါ။ သူ သမ္မတရာထူးကို စွန့်ခွာသွားတဲ့ အချိန်တွေမှာတောင် ကျနော်တို့နဲ့အတူ ဆက်လက် ရှိနေဦးမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ မေး။

။ ဘယ်လိုအကြောင်းကြောင့် မိုက်ကယ်ဂရင်းကို မြန်မာပြည်အခြေစိုက် အမေရိကန် သံအမတ် အဖြစ် ရွေးချယ်စေလွှတ်တယ်လို့ ထင်ပါသလဲ။

ဖြေ။

။ ဒေါက်တာ မိုက်ကယ်ဂရင်းကို ကျနော်တကယ်ပဲ လေးစားပါတယ်။ ကျနော်ကတော့ သူ့ကို မြန်မာပြည် အတွက် အမေရိကန်အထူး ကိုယ်စားလှယ်တဦးအဖြစ် တကယ်ကို မျှော်လင့်မိပါတယ်။ အိုဘားမား အနေနဲ့လည်း သူသမ္မတအဖြစ် တာဝန်ယူမယ့် အချိန်မှာ မိုက်ကယ်ဂရင်းကိုပဲ ဆက်လက်ပြီး ရွေးချယ်သွားလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ မေး။

။ မြန်မာပြည်ထက် အများကြီးဆိုးရွားတဲ့ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဒါဖာ၊ အီရတ်၊ ပါကစ္စတန် နိုင်ငံတွေက

ရှေ့မှာရှိနေတော့ မြန်မာပြည်ဆိုတာ အမေရိကန် အတွက် ဦးစားပေး အစီအစဉ်ထဲမှာ မပါဝင် နိုင်ဘူးလို့ ကျနော်တို့ အားလုံး သိထားကြပါတယ်။ ဒီတော့ ခင်ဗျားအနေနဲ့ လာမယ့် အမေရိကန် အစိုးရသစ် ဆီကနေ ဘာများ ထူးထူးခြားခြား အာရုံစိုက် မျှော်လင့်နိုင်မယ်လို့ ထင်ပါသလဲ။ ဖြေ။

။ ဒါအမှန်ပါပဲ။ အိုဘားမားအနေနဲ့ ဆိုးရွားတဲ့ နိုင်ငံပေါင်းများစွာရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရမှာပါ။ ကျနော်တို့အနေနဲ့

မြန်မာပြည်ရဲ့ အခြေအနေမှန်တွေကို လွှတ်တော်မှာ မပြတ်တင်ပြရင်း သူ့ကို အမြဲ သတိပေး နေရမှာပေါ့။ ကျနော်တို့ကတော့ အထက်လွှတ်တော်မှာကော အောက်လွှတ်တော်မှာပါ ပုံစံနှစ်မျိုးနဲ့ မြန်မာ့အရေးကို ပိုမိုသိရှိ လုပ်ဆောင်လာအောင် ထောက်ပံ့ပေးနေမယ့် သူတွေပါပဲ။ ကျနော်ယုံကြည်တာ တခုက အိုဘားမားအနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒအစီအစဉ်မှာ မြန်မာ့အရေးကို အနှေးနဲ့အမြန် ဦးစားပေးဆောင်ရွက်အောင်လို့ လွှတ်တော်က ကူညီပေးလိမ့်မယ် ဆိုတာပါပဲ။ မေး။

။ တကယ်လို့များ မြန်မာပြည်မှာ ရွှေဝါရောင်တော်လှန်ရေးလိုမျိုး အဓိကကျတဲ့ အရေးတော်ပုံတခု ထပ်ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန် အစိုးရသစ်ရဲ့ ပိုမိုအာရုံစိုက်အလေးပေးမှုကို ခံရလိမ့်လို့ ခင်ဗျားထင်လား။

ဖြေ။

။ ဒါကတော့ ထုံးစံပါပဲ။ ရက်စက် ရိုင်းစိုင်းတဲ့ အစိုးရတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ အနေနဲ့ နိုင်ငံတကာရဲ့

အာရုံစိုက်မှု၊ ထောက်ပံ့အားပေးမှုတွေကို မျှော်လင့်တာကတော့ ထုံးစံပါပဲ။ မြန်မာပြည်သူလူထုအတွက် နိုင်ငံ တကာရဲ့ ထောက်ပံ့အားပေးမှု၊ တပြိုင်နက်တည်းမှာ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ ဆက်လက် သက်ရောက်နေစေဖို့က မြန်မာပြည်တငွ်းက ဒီမိုကရေစီ အင်အားစုတွေရဲ့ အားတင်းလုပ်ဆောင်နိုင်မှုတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ အမေရိကန် နိုင်ငံကတော့ မြန်မာ ဒီမိုကရက်တွေကို ထောက်ပံ့အားပေးပြီး မြန်မာ စစ်အစိုးရကို ဖိအားပေးနေတဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ အဓိကျတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင် နေမှာပါ။

လင်ကွန်း၊ မာတင်လူသာကင်းနဲ့ အိုဘားမား မှသည် … မောင်ရစ် ဇန်န၀ါရီ ၂၀၊ ၂၀၀၉ လွန်ခဲ့တဲ့ အနှစ် ၄၀ (၁၉၆၈ ဧပြီ ၄) မှာ လူမည်း လူ့အခွင့်အရေးခေါင်းဆောင် "မာတင်လူသာကင်း ဂျုနီယာ" ကျဆုံးခဲ့တယ်။ သူ့မွေးနေ့ကို အမေရိကန်ရဲ့ အာဇာနည်နေ့တနေ့ အဖြစ်သတ်မှတ်တယ်။ ဇန်န၀ါရီ ၁၉။ နောက်တရက် - အနှစ် ၄၀ အကြာ - ဇန်န၀ါရီ ၂၀၊ ၂၀၀၉ မှာ အမေရိကန်ပြည်ထောင်စုက လူမည်းတဦးကို ပထမဦးဆုံး သမ္မတကြီးတဦးအဖြစ် တခဲနက် ရွေးချယ်လိုက်တယ်။ သူ့နံမယ်က ခင်ဗျားတို့ ကျနော်တို့ရဲ့ "အိုဘားမား" …

ဂန္ဓီကို စံထားတဲ့ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ မော်ကွန်းဝင် မိန့်ခွန်းက "အိပ်မက်နဲ့ ငါတို့ … အားလုံး သာတူညီမျှ ငြိမ်းချမ်းတဲ့ ဘ၀ … ငါတို့ တနေ့မှာ ရောက်ကြရမယ် …" တဲ့။ "တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါပေါ့ …"။ လူမည်းတွေကို ကျွန်ဘ၀က လွတ်မြောက်စေဖို့ ပြည်တငွ်းစစ်ကြီး ခင်းယူခဲ့ရတဲ့ သမ္မတကြီး လင်ကွန်းရဲ့ ပြည်နယ်က လာတဲ့ လူမည်းသမ္မတလောင်း အိုဘားမားက " ငါတို့အားလုံး ပြုပြင် ပြောင်းလဲကြစို့ …" တဲ့။ အာဇာနည် မာတင်လူသာကင်းဂျုနီယာရဲ့ အိပ်မက်ဟာ နှစ်ပေါင်း ၄၀ အကြာ ရွေးချယ်ခံသမ္မတ အိုဘားမား လက်ထက်မှာ အကောင်အထည်ပေါ်လာတော့မယ်လို့ အားလုံးက မျှော်လင့်တက်ကြွနေပါပြီ။ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက လူငယ် လူကြီးတွေ လာရောက် ဆင်နွှဲကြမှာမို့ ဧည့်ပရိသတ် သန်းနဲ့ချီမယ်။ လူမည်းကပြား အိုဘားမားဟာ အာဖရိက နိုင်ငံသားတဦးရဲ့ သား၊ အရှေ့တောင်အာရှမှာလည်း ကြီးပြင်းခဲ့သမို့ ကမ္ဘာတ၀ှမ်းက သူ့ကို သူတို့မိတ်ဆွေသဖွယ်၊ သားချင်းသဖွယ် အိမ်နီးချင်းသဖွယ် မှတ်ထင်နေကြပုံပါပဲ။ စီးပွားရေး ခြွတ်ခြုံကျနေတဲ့ အမေရိကန်ပြည်ထောင်စုသားတွေမှာ အမြင့်မားဆုံး ဂုဏ်သိက္ခာကြီးကတော့ အာမခံချက် ပြည့်ဝတဲ့ နိုင်ငံရေး စနစ်ပဲ ဖြစ်ပါတော့တယ်။ အဲသည် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အမှန်တရားကို အာမခံတဲ့ နိုင်ငံရေးစနစ်က လူမည်းသမ္မတတဦးနဲ့ အစိုးရအသစ်တခုကို ဒီနှစ်မှာ မွေးဖွားပေးလိုက်နိုင်တာမို့ အမေရိကန်မဟုတ်သူ မောင်ရစ်လို လူမျိုးတွေက မှင်သက်လို့ ရှုမောမဆုံးနိုင်အောင် အံ့သြကုန်နိုင်ဖွယ် ဖြစ်နေရတာပေါ့ ခင်ဗျာ။

အာဏာရှင်တွေ၊ ဆွေစဉ်မျိုးဆက် မင်းဆက်တွေ၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်လို့မကုန်နိုင်တဲ့ တခါးပိတ် အသိုင်းအ၀ိုင်းကျဉ်းတွေကြားထဲ နေထိုင် ရှင်သန်ရတာ အကျင့်ပါလွန်းနေတော့ ပြည်ထောင်စု အမေရိကန်နိုင်ငံကြီးက နိုင်ငံကြီးသားစိတ်ဓာတ်တွေကို ဉာဏ်မမီလောက်တောင် ဖြစ်မိပါရဲ့။ ဒါ့အပြင် အိုဘားမားရဲ့ ကွယ်လွန်သူ ဖခင်ကြီးဇစ်မြစ်ဖြစ်တဲ့ ကင်ညာနိုင်ငံက အိုဘားမားအမျိုးတွေက သူတို့နိုင်ငံနဲ့ တိုက်ရိုက် မဆီမဆိုင် ဂုဏ်တွေယူပြီး ပျော်ရွှင်တက်ကြွနေကြတာကိုလည်း မနာလိုမိသလိုလို အားကျမိသလိုလိုနဲ့ပေါ့ ခင်ဗျာ။ ဆန်ဖရန်စစ္စကို တက္ကသိုလ် (SFSU) မှာ ကင်ညာနိုင်ငံသားလေး တဦး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျောင်းလာတက်ခဲ့တယ်။ ကျောင်းစရိတ်ကလွရဲ င် အပိုသုံးစရာမရှိတော့ အားကစားရုံက ကျောင်းဘီဒိုလေးမှာ သူ့ပစ္စည်းတွေထည့်သိမ်း၊ စာကြည့်တိုက်က ၂၄ နာရီ စာဖတ်ခန်းကျယ်ကို နားစရာ၊ စာကျက်ရာ ပြီးတော့ အိပ်စရာအဖြစ် ထားပြီး ကျောင်းတက်ခဲ့တယ်။ စာက တော်လွန်းတော့ ဆရာတွေ ကျောင်းသားတွေက ချစ်ပြီး ၀ိုင်းကူတော့ အချိန်ပိုင်း စာပြဆရာအလုပ်ရတယ်။ ပညာရေး ချေးငွေ နည်းနည်းပါးပါးရတယ်။ သူကလည်း အမြဲတမ်း စာဖတ်ရင်ဖတ်၊ မဖတ်ရင် သူများတွေကို စာရှင်းပြနေတာချည်းပဲ တွေ့ရတယ်။ မျက်နှာမှာက မာန်မာနကင်းစင်တဲ့ အပြုံး။ နောက်နှစ်တွေမှာတော့ သူ အဆောင်ခန်း ငှားပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ သူက ဆေးပညာရှင်တဦးဖြစ်အောင် ပညာတွေ ဆက်သင်သွားမှာတဲ့။ ကြီးမားတဲ့ အိပ်မက်နဲ့။ အမေရိကန်နဲ့ တချို့ကမ္ဘာအခြမ်းကလူတွေ "အိုဘားမား" ရောဂါသည်းနေချိန်မှာ အဲသည်ကျောင်းသားငယ်လေးဟာ သူ့အလုပ်သူ လုပ်နေတာပါပဲ။ နောက်တော့ အိုဘားမား သမ္မတအဖြစ် ရွေးကောက်ခံရချိန်၊ ကျမ်းသစ္စာကျိန်ဆိုပအွဲ တွက် ပြင်ဆင်နေကြချိန်မှာတော့ သူ့ကို ၀ါရှင်တန်သွားဖို့ အထုပ်အပိုးပြင်ဆင်နေတာကို တွေ့ရပါတော့တယ်။ အိုဘားမားက သူ့အဖေဘက်က ကင်ညာနိုင်ငံသား ဆွေမျိုးသားချင်း ၂၅ ဦးကို ပွဲတက်ဖို့ ဖိတ်ပါတယ်တဲ့။ အဲဒီထဲမှာ အဲသည်က ကျနော်တို့ရဲ့ကျောင်းသားလေးလည်း တဦးပါတယ်။ သူက အဖေ့ဖက်က ညီမ (သို့မဟုတ် အမ) ရဲ့ သား။ သူနဲ့ဆိုရင် မြန်မာအခေါ် ၀မ်းကွညဲီ။ ဆန်ဖရန်စစ္စကို တက္ကသိုလ်က ရိုးကုပ်ဆင်းရဲတဲ့ ကင်ညာနိုင်ငံသားကျောင်းသားလေးတယောက်ဟာ အိုဘာမားရဲ့ သားချင်းတဦးဆိုတာက အဲဒအီ ချိန်မှ မောင်ရစ်တို့ သိရတယ်။ အိုဘားမားရဲ့ သားချင်းတဦး ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှာ တက်သွားတယ်ဆိုတဲ့ အချက်ဟာ ဂုဏ်ယူစရာတခု ဖြစ်တယ်ဆိုရင် အဲဒီ ၀မ်းကွညဲီကလေးက သူ့အရည်အချင်းနဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ်ဒူးကိုယ်ချွန်လို့ ချီတက်သွားတယ်ဆိုတာ ပိုပြီး ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သူ့ "အိုဘားမား"အကြောင်းကို သူ့တို့နိုင်ငံသားများနဲ့ တန်းတူညီမျှ အတူတကွ ဂုဏ်ယူခဲ့ပြီး ထူးထူးခြားခြား ကိုယ်ရေးကိုယ်တာ ထုတ်ဖော်ကြွားဝါသွားခြင်း အလျင်းမရှိတာကလည်း ချီးကျူးစရာ အားမာန်တခုပဲ ဖြစ်နေပါတော့တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ အဝေးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတဦးအနေနဲ့ ပြည်ထောင်စု အမေရိကန်နိုင်ငံတော်ကြီးရဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ အမှန်တရားကို အာမခံချက် ပေးတဲ့ နိုင်ငံရေးစနစ်အဖြစ် မျိုးဆက်တွေ အဆင့်ဆင့် လက်ဆင့်ကမ်း ကြိုးပမ်းခဲ့ကြတဲ့ လုံလ၀ီရိယတွေကို အလေးပြုမိပါတယ်။ သူတို့ရဲ့ အသားအရောင်မခွ၊ဲ ကျားမ မခွ၊ဲ အဆင့်အတန်းမခွဲခြားတဲ့ နိုင်ငံရေးစနစ်တခုအဖြစ် ယခုလို လင်ကွန်းကနေ မာတင်လူသာကင်း၊ အဲဒီနေ အိုဘားမားအထိ မဆုတ်မနစ်တဲ့ ခရီးရှည်ကြီးကို ဦးညွတ်မိပါတယ်။ ဒါ့အပြင် လူသားတိုင်း တမိုးအောက်တည်းမှာ သာတူညီမျှ လွတ်လပ်ကြသည်ဆိုတဲ့ အခြေခံမူကြီးကို အကြွင်းမဲ့ ယုံကြည်လို့ ဆွေတွေ မျိုးတွေ အမှီအခိုတွေ ကျေးဇူးခံ ကျေးဇူးစားတွေ အမွေအနှစ်တွေ အပေးအယူ နားလည်မှုတွေက ကင်းလွတ်စွာနဲ့ ဖြစ်ထွန်း ထူထောင်တဲ့ အမေရိကန်ရဲ့ နိုင်ငံသားကောင်းတွေထဲက တဦးဖြစ်တဲ့ အိုဘားမားကိုသာမက၊ ထိုကဲ့သို့ ယုံကြည်ရရဲ င့်တဲ့ ကင်ညာနိုင်ငံရဲ့ အိုဘားမားညီဝမ်းကွဲ ကျောင်းသားငယ်လေးကဲ့သို့သော တမ္ဘာတလွှားက လွတ်လပ်တဲ့ နိုင်ငံသားကောင်းတွေကိုပါ အားကျဂုဏ်ယူမိလိုက်ပါရဲ့။ ကျနော်တို့ မြန်မာ နိုင်ငံကြီးသားကောင်းတွေကလည်း "တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား …"

ကွယ်လွန်သူ ကေအန်ယူဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ (၈၃) နှစ်ပြည့် မွေးနေ့အမှတ်တရ ဂုဏ်ပြုဆောင်းပါး

ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တပင် မန်းရှာလားဖန်း

၁၉၈၈ စက်တင်ဘာ (၁၈) ရက် န၀တစစ်အုပ်စု အာဏာသိမ်းမှုအပြီး လူငယ်၊ ကျောင်းသားများနှင့် ရဟန်းရှင် လူပြည်သူများ တသောင်းနီးပါး ကရင့်တော်လှန်ရေး၏ အခြေခံဒေသအတွင်းသို့ ဆိုက်ရောက်လာကြသည့်အ ခါမြန်မာပြည်အတွင်း နိုင်ငံရေးဆက်ဆံမှုနှင့် ရွေ့လျားမှုသည် နောက်ထပ်မှတ်တိုင်တခုသို့ ရောက်ရှိလာသည်။

ဤအခြေအနေတွင် ကျနော့်အနေဖြင့် ဤနိုင်ငံရေးဆက်ဆံမှုကို အကြောင်းပြု၍ ၁၉၈၈ ခု နိုင်ငံရေးစစ်တမ်း တစောင်ကိုရေးခဲ့ပြီး ဤနိုင်ငံရေးစစ်တမ်းကို ‘စက်တင်ဘာ နိုင်ငံရေးစစ်တမ်း’ ဟု ခေါင်းစဉ်တပ်ခဲ့သည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဒု-ဥက္ကဋ္ဌ ပဒိုစောသန်းအောင်နှင့် မဒတ အတွင်းရေးမှူး ခိုင်စိုးနိုင်အောင်တို့ကို ပေးအပ် လေ့လာစေခဲ့ပါသည်။ ပဒိုစောသန်းအောင်က “မင်းကိုယ်တိုင် ဗိုလ်ချုပ်မြနဲ့ တွေ့ဆုံဆွေးနွေးပြဖို့လည်း လိုအပ် တယ်” ဟုပြောပြီး သူ၏ စီစဉ်မှုကြောင့် အောက်တိုဘာလ၏ ညတညတွင် ဤစစ်တမ်းပါ အကြောင်းအရာများ ကို ဗိုလ်ချုပ်မြအား ဆွေးနွေးတင်ပြခဲ့ပြီး ဒု-ဥက္ကဋ္ဌစောသန်းအောင်လည်း အလေးအနက် ပါဝင်နားထောင် ဝေ ဖန်သုံးသပ်မှုပြုခဲ့ပါသည်။

ဤစစ်တမ်းတွင် တည်ရှိနေသည့် လူမျိုးစုတော်လှန်ရေး စစ်မျက်နှာအပြင် နောက်ထပ်ဒီမိုကရေစီတိုက်ပွဲ စစ် မျက်နှာအသစ်ပေါ်ထွန်းလာပြီး ဤတိုက်ပွဲစစ်မျက်နှာသစ်သည် ယခင်ကာလများကကဲ့သို့ စစ်အုပ်စုက လွယ် ကူစွာ ငြှိမ်းသတ်နိုင်တော့မည်မဟုတ်ကြောင်း၊ ၈၈ အရေးတော်ပုံကြီးသည် လက်နက်ကိုင်တိုက်ပွဲနှင့် လူထု တိုက်ပွဲကို ဆက်စပ်ပေါင်းကူးပေးခဲ့ကြောင်း၊ ဤ ၈၈ အရေးတော်ပုံကြီးအပြီးတွင် လူမျိုးစုများ၏ အမျိုးသား အင်အားစုနှင့် ဒီမိုကရေစီအင်အားစုများအကြား ခွဲခြားထားသည့် တံတိုင်းကြီး ပြိုကျခဲ့ပြီး ဤအင်အားစုကြီး နှစ်ရပ် ဆက်စပ်ပေါင်းစည်းသွားကြောင်း၊ မြန်မာပြည်အတွင်း စစ်အာဏာရှင်ကြီးစိုးမှု ဖြစ်တည်ခဲ့ပြီးနောက် ဤ ၈၈ အရေးတော်ပုံသည် စစ်အာဏာရှင်စနစ် စတင်ကျဆင်းလာသည့် လက္ခဏာဖြစ်ကြောင်း၊ လက်ရှိကာ လ၏ အဓိကတာဝန်သည် စစ်အာဏာရှင်ကြီးစိုးမှုကို ဆန့်ကျင်သည့် အင်အားစုအားလုံးကိုစုစည်း၍ တိုက်ပွဲကို မြှင့်တင်သွားရန်ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။

ဗိုလ်ချုပ်မြသည် ဤသုံးသပ်ချက်ကို သဘောတူခဲ့ပြီး ပြည်လုံးဆိုင်ရာ စစ်အာဏာရှင်ကြီးစိုးမှု ဆန့်ကျင်ရေးညီ လာခံကြီးတခုကို NDF ၏ ဦးစီးမှုဖြင့် ပြုလုပ်ရန် သဘောတူခဲ့လေသည်။ ၁၉၈၈ နိုဝင်ဘာ (၁၅) ရက် စစ်အုပ် စုဆန့်ကျင်ရေး ပြည်လုံးကျွတ်ညီလာခံကို ဘားအံခရိုင် မယ်သီရိတငွ် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်မြကို DAB ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ဒု-ဥက္ကဋ္ဌများအဖြစ် ဥက္ကဋ္ဌ ဘရန်ဆိုင်း၊ ဥက္ကဋ္ဌ

နိုင်ရွှေကျင်၊ ဥက္ကဋ္ဌ ဦး သွင်တို့ကို ရွေးချယ်တင်မြှောက်သည်။ ဦးတင်မောင်ဝင်းကိုလည်း အတွင်းရေးမှူးအဖြစ် တညီတညွတ်တည်း ရွေးချယ်ကြသည်။ ထို့နောက် ဗိုလ်ချုပ်မြက သူ၏ ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်ရာတွင် အနီးကပ် ကူညီရန် ကျနော့်ကို တောင်းခံ၍ KNU ဒု-ဥက္ကဋ္ဌ ပဒိုစောသန်းအောင်က ဗဟိုခေါင်းဆောင်များ၏ သဘောတူ ညီချက်ဖြင့် ကျနော့်ကို ဗိုလ်ချုပ်မြ၏ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ခန့်အပ်ရာ ကျ နော်နှင့် ဗိုလ်ချုပ်မြသည် တရုံးတည်း စားပွဲတလုံးတည်းတွင် ၁၉၈၈ မှ ၁၉၉၅ အထိ ခက်ခဲကြီးမားသည့် တာ ၀န်များကို နီးနီးကပ်ကပ် ထမ်းဆောင်ခဲ့ကြရရုံမက ၁၉၉၅ ခု KNU ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ထို့နောက် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်ခံရပြီးသည့်နောက်တငွ် လည်း ဗိုလ်ချုပ်မြနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရသည်။

ထို့ကြောင့် ဗိုလ်ချုပ်မြ မကွယ်လွန်မီကပင် ဗိုလ်ချုပ်မြ၏ တသက်တာတွင် သူ၏ အဓိကအကျိုးပြုမှုများသည် အဘယ်အရာနည်းဟူသော အချက်များကို ကျနော်စူးစမ်းရှာဖွေနေခဲ့ပါသည်။ ဗိုလ်ချုပ်မြနှင့်ပတ်သက်၍ အမျိုး မျိုးပြောဆိုမှုများကို ကျနော် များစွာကြားနေခဲ့ရပါသည်။ သို့ရာတွင် ကျနော် ဘာမျှအထွေအထူး ပြောဆိုခဲ့ခြင်း မရှိဘဲ အများ၏ ပြောဆိုမှုကိုသာ အဓိကအားဖြင့် နားထောင်ခဲ့ပါသည်။

သို့ရာတွင် ၂၀၀၆ ခု ဇန်န၀ါရီ (၂၀) ရက် သူ၏ မွေးနေ့တင်ွမူ ကျနော့်ကို စကားပြောရန် မွေးနေ့စီစဉ်သူများက စီစဉ်ထားသည့်အတွက် ဤနေ့တငွ် ဗိုလ်ချုပ်မြအနေဖြင့် မည်သည့်အရေးပါသည့် လုပ်ဆောင်မှုများကို အမှန် တကယ် လုပ်ဆောင်ခဲ့ပါသနည်းဟူသော အချက်များကို ထုတ်ဖော်ပြောဆိုခဲ့ရပါသည်။

ဤအခမ်းအနားတွင် ကျနော်တွေ့ရှိ ပြောဆိုခဲ့သည့် အချက် (၃) ချက်မှာ ပထမအနေဖြင့် ၁၉၆၃ မှ ၁၉၇၄ အ ထိ နှစ်ခြမ်းကွဲေ နသည့် ကရင့်အမျိုးသားတော်လှန်ရေးကြီးကို ပြန်လည်ဆက်စပ် ပေါင်းစည်းပေးရာတွင် ဥက္ကဋ္ဌ ကြီး မန်းဘဇန်၊ ဗိုလ်ချုပ်မန်းမြမောင်၊ ဖူးစကောလယ်တောတို့နှင့်အတူ ဗိုလ်ချုပ်မြအနေဖြင့် အဆုံးအဖြတ်အ ခန်းမှပါဝင်ခ့သဲ ည်။ ဤစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည့်အတွက် တပ်မှူး၊ တပ်သားများ၊ ကရင်အမျိုးသားများ ပြန်လည်၍ အားတက်ခဲ့ကြ၊ ပြန်လည်၍ တက်ကြွလန်းဆန်းလာခဲ့ကြ၊ ယုံကြည်စိတ် ပိုမို ခိုင်မာလာခဲ့ကြသည်။

ဒုတိယအနေဖြင့် ၁၉၈၀ ပြည့်နှစ်မှစ၍ အလွန်ကြီးမား ရက်စက်ပြင်းထန်သည့် ရန်သူ၏ထိုးစစ်ကြီးများကို တပွဲ ပြီးတပွဲ အဆက်မပြတ် တိုက်ဖျက်ခဲ့ရသည့် တိုက်ပွဲကြီးများကို ဗိုလ်ချုပ်မြကိုယ်တိုင် ရဲရရဲ င့်ရင့် ဦးစီးညွှန်ကြား ပြီး၊ဤတိုက်ပွဲကြီးမြောက်မြားစွာမှ အမြောက်သံများသည် ကရင်အမျိုးသားများအနေဖြင့် သူတို့၏ မွေးရာပါ အခွင့်အရေး ဆုံးရှုံးနေကြောင်း၊ ကရင်ပြည်သူများ မတရားအကြမ်းဖက် စစ်ဆင်သတ်ဖြတ်ခံနေရကြောင်းကို ပြည်တငွ်းပြည်ပနှစ်ရပ်စလုံးအား ကြားသိစေခဲ့ရုံမက ပြည်တငွ်းပြည်ပ၏ စာနာမှုကိုလည်း တိုးတက်ရရှိနိုင်ခဲ့ပါ သည်။

တတိယအချက်နေဖြင့် ၈၈ အရေးတော်ပုံအပြီး လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပဆွဲ က်စပ်ရေး၊ အမျိုး သား အင်အားစုနှင့် ဒီမိုကရေစီအင်အားစု ဆက်စပ်ပေါင်းစည်းရေးလုပ်ငန်းကြီးကို အုတ်မြစ်ချထူထောင်ရာ တွင် ကြီးမားသည့်အခန်းမှ ပါဝင်ခဲ့ခြင်း စသည့်အချက်များကို ထင်ထင်ရှားရှားတွေ့ရှိခဲ့ရကြောင်း သူ၏မွေးနေ့ တွင် ကျနော် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဤမွေးနေ့သည် သူ၏ နောက်ဆုံး (၇၉) နှစ်မြောက် မွေးနေ့ဖြစ်ပြီး ထိုကာလတွင် သူ၏ ကျန်းမာရေးသည်လည်း အလွန်ဆိုးဝါးနေပြီဖြစ်သည်။

စင်စစ်အားဖြင့် သူ၏ အခြားအရေးကြီးသည့် ပါဝင်စွမ်းဆောင်မှုများလည်းရှိပါသည်။ ၎င်းမှာ ၁၉၇၆ ခု လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများကို စုစည်းပြီး မဒတကို ထူထောင်ခဲ့စဉ်က ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ဥက္က့စောမော် ရယ်၊ ဗိုလ်ချုပ်မန်းအောင်သန်းလေးတို့နှင့်အတူ အခြားလူမျိုးစုခေါင်းဆောင်များနှင့် ပေါင်းစည်း၍ တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ရုံမက

မဒတ ဥက္ကဋ္ဌအဖြစ် ၁၉၇၆ မှ ၁၉၈၆ အထိ (၁၁) နှစ်တိုင်တိုင် တာဝန်ယူခဲ့၊ မဒတ၏ အကျိုးကို ဆောင်ရွက်ခဲ့ပါသည်။

တဆက်တည်းတွင် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် ကရင့်တော်လှန်ရေးကြီး၏ အ ခြေခံမူကြီးလေးချက်ကို ထိန်းသိမ်းကာကွယ်ခဲ့ကြရာတွင် ဗိုလ်ချုပ်မြ၏ အခန်းကဏ္ဍသည် အရေးပါသော နေ ရာတွင် ရှိနေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။

ရှည်လျားသည့်ကာလအတွင်း ဗိုလ်ချုပ်မြနှင့် အလုပ်လုပ်ခဲ့ရာတွင် ကျနော့်အနေဖြင့် အမှတ်ရစရာ အဖြစ်အ ပျက်များစွာ ရှိခဲ့ပါသည်။ ၎င်းတို့အနက်မှ ကျနော်မကြာခဏ သတိရနေသည့် အဖြစ်အပျက် အချို့ရှိပါသည်။ ၁၉၉၂ ခု KNU ဌာနချုပ်ကို မတ်လ (၂၇) ရက်မတိုင်မီ စစ်အုပ်စုက အပြီးသိမ်းယူမည့် စစ်ဆင်ရေးတွင်ဖြစ် သည်။ မတ်လ၏ ရက်တရက်တငွ် ခွေးအိပ်တောင်ကို တသုတ်ပြီးတသုတ် ဗုံးကြဲပစ်ခတ်နေသည့် နအဖစစ် တိုက်လေယာဉ်များကို ဒုံးကျည်များ၊ စက်အမြောက်များဖြင့် ပစ်ခတ်နေသည့်နေရာသို့ တက်ရောက်ပြီး ထိုပစ် ခတ်မှုကို ဗိုလ်ချုပ်မြကိုယ်တိုင် ညွှန်ကြားခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။

ကျနော်တို့သည် ထိုနေရာသို့ ကားဖြင့်တက်ရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မြသည် နာရီပေါင်းများစွာ စစ်သားတ ဦးနှင့်မခြား ငြိမ်သက်စွာနေပြီး ပစ်ခတ်မှုကို ညွှန်ကြားနေခဲ့သည်။ ထိုကုန်းသို့ ဥက္ကဋ္ဌ ဘရန်ဆိုင်း အပါအ၀င် ခေါင်းဆောင်အတော်များများရောက်ရှိပြီး ခွေးအိပ်တောင်တိုက်ပွဲနှင့် ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုကို တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ရက်များမကြာမီ နော်တရှေ့တန်း စစ်မျက်နှာသို့ သွားရောက်စစ်ဆေးပြီး တပ်မှူးများကို အားပေးစကားပြော ရာတွင် သာမန်တပ်သားတဦးသဖွယ် ကျနော်တို့နှင့်အတူ မြေကြီးပေါ်တွင်ထိုင်၍ နေ့လည်စာကို စားခဲ့ကြ သည်။ ၎င်းနောက် ထိုရက်ပိုင်းအတွင်းမှာပင် သူကိုယ်တိုင်စားပင်တပင်တငွ် ငှက် (၆၈) ကောင်ပစ်ပြီး ကျနော့် ကို သူ့အိမ်တင်ွခေါ်၍ သူနှင့် ညစာစားခဲ့ကြခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်မြနှင့် ရှည်ကြာစွာ အနီးကပ် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း သူမကြာခဏ ထုတ်ဖော် ပြောဆိုခဲ့သည့် စကားအများအပြားကိုလည်း ကြားနေခဲ့ရပါသည်။ ဤစကားများစွာအနက် စကားအချို့ကို လည်း ထူးထူးခြားခြား ကျနော်သတိပြုမိသည်များလည်း ရှိခဲ့ပါသည်။

၎င်းမှာ - “ကရင့်တော်လှန်ရေးရဲ့ ရန်သူဟာ ဗမာအမျိုးသားတွေ မဟုတ်ဘူး။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တွေသာ ကရင့်တော်လှန်ရေးရဲ့ ရန်သူအစစ်အမှန်ဖြစ်တယ်” ဟူသော စကားကို ဗိုလ်ချုပ်မြ မကြာခဏ ပြောခဲ့ပါသည်။ ဤစကားကို သတင်းဌာနများသို့လည်းကောင်း၊ အခြားနိုင်ငံရေး ခေါင်း ဆောင်များကိုလည်းကောင်း၊ ABSDF နှင့် လူငယ်နိုင်ငံရေးသမားများကိုလည်းကောင်း၊ အကြိမ်ကြိမ် ပြောခဲ့ ရုံမက စစ်အာဏာရှင်ထိပ်သီး ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်ကိုပင်လျှင် ၂၀၀၄ ခု ဇန်န၀ါရီက မျက်နှာချင်းဆိုင် ပြောခဲ့ပါသည်။

နောက်စကားတခုမှာ “တော်လှန်ရေးဆိုတာ လက်နက်ချ အညံ့မခံဘူး၊ အရှုံးမပေးဘူးဆိုရင် ဘယ် တော့မှ မရှုံးနိုင်ဘူး” ဆိုသော စကားပင်ဖြစ်သည်။ ဤစကားသည် ကရင်တမျိုးသားလုံး ရန်ကုန်ဆင်းပြီး လက်နက်ချအညံ့ခံခြင်း မပြုသရွေ့ ကရင့်တော်လှန်ရေး ဘယ်သောအခါမှ မရှုံးနိုင်ဟူသော စောဘဦးကြီး၏ သြ၀ါဒလမ်းညွှန်ချက်ကို ပြန်လည်၍ ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။

နောက်ထပ်စကားတခုမှာ “တော်လှန်ရေးဆိုတာ ဆုံးခန်းတိုင်အောင်ပရွဲ တဲ့အထိ လုပ်ရမယ့်အလုပ်ဖြစ် တယ်။ မလုပ်တတ်ရင်တော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုး တရားခံဘ၀ကို ရောက်သွားနိုင်တယ်။ ဒါ ကို အထူးသတိပြုကြရမယ်” ဆိုသော စကားပင်ဖြစ်သည်။

တော်လှန်ရေးအဖဲဥွ နအစည်းအများအပြား၊ တော်လှန်ရေးခေါင်းဆောင် အများအပြားသည် မွန်မြတ်သော တော်လှန်ရေးကိုလုပ်ရင်းနှင့် လမ်းပေါ်မှနေ၍ လမ်းပျောက်ခဲ့ကြပြီး တရားခံများဘ၀ဖြင့် ဇာတ်သိမ်းခဲ့ကြရ၊ မိမိအမျိုးသား၊ မိမိပြည်သူများ၏ အကျိုးစီးပွား များစွာထိခိုက်ခဲ့ရသည့် အဖြစ်မျိုး များစွာရှိနေခဲ့၊ ရှိနေခြင်းကို ဗိုလ်ချုပ်မြ ကောင်းကောင်းသိရှိသဖြင့် ဤသို့ ထုတ်ဖော်ပြောဆိုနေခဲ့ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်မြကိုယ်တိုင် နောက်ဆုံးပြောခဲ့သည့်စကားမှာ ၂၀၀၆ ခု ဇူလိုင် (၁၃) ရက်တငွ် ဖြစ်ပါသည်။ ထိုနေ့က နအဖက ဆရာဝန်အချို့ကိုလွှတ်ပြီး သူ့ကို ရန်ကုန်သို့ ဖိတ်ခေါ်ပြီး ဆေးကုသပေးရန် ခေါ်ယူနေသည့်ကိစ္စနှင့် ပတ်သက်၍ ကျနော်တို့ကို ခေါ်ယူရှင်းပြခြင်းဖြစ်သည်။ ထိုနေ့က KNU ဥက္ကဋ္ဌ ပဒိုစောဘသင်၊ ဗိုလ်ချုပ်စော ကစယ်ဒို၊ တွဲဖက်အတွင်းရေးမှူး စောထူးထူးလေး၊ ဗိုလ်မှူးကြီးစောနေစိုး၊ ပဒိုသောသီဘွဲနှင့် ကျနော်တို့ကို သူ့ ထံသို့ သူခေါ်ယူ၍ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုနေ့က သူစကားများများ ပြောနိုင်ခြင်း မရှိတော့သည့်အချိန် ဖြစ်သည်။ သူက -

“နအဖက ငါ့ကိုဆေးကုဖို့ ရန်ကုန်ကို ခေါ်တယ်။ ကရင်ပြည်မပေးရင် ငါမသွားနိုင်ဘူး။ သူတို့က ဒို့ ကရင်အမျိုးသားတွေကို စစ်ဆင်နေတယ်၊ သတ်ဖြတ်နေတယ်၊ သစ္စာကတိမတည်ဘူး၊ ရိုးသားမှုမရှိ ဘူး၊ ကရင့်တော်လှန်ရေးဟာ လက်နက်ချဖို့မပြောနဲ့ လက်နက်ချစကားတောင် မပြောရဘူး” ဟု လေး နက်စွာ ပြောခဲ့ပါသည်။

ဗိုလ်ချုပ်မြသည် ခေတ်မီတက္ကသိုလ်တခုခုတငွ် အောင်မြင်ပြီးနောက် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သူ မဟုတ်ချေ။ စစ်တက္ကသိုလ်တခုခုတငွ် အောင်မြင်ပြီးနောက် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခ့သဲူလည်း မ ဟုတ်ချေ။ သူသည် သေးငယ်သည့် အညတရ တောင်ပေါ်ကရင်ရွာလေးတရွာတွင် မွေးဖွားခဲ့ပြီး ကျေးလက်မှာ ပင် ပညာသင်ပြီး တော်လှန်ရေးနယ်မြေသို့ ရောက်ခဲ့သူဖြစ်သည်။

သူ့ဘ၀သည် တော်လှန်ရေးစစ်သည်ဘ၀မှ တော်လှန်ရေးခေါင်းဆောင်ဖြစ်လာသူတဦးဖြစ်၍ ရိုးရိုးရှင်းရှင်းသာ ပြောဆိုနေထိုင်တတ်၊ ရိုးရိုးရှင်းရှင်းသာ ဆက်ဆံတတ်သူဖြစ်သည်။ သူ၏ ရိုးစင်းပုံတခုကို ပြောရမည်ဆိုလျှင် ခေတ်ပြိင်သတင်းစာ ထူထောင်ခါစတွင်ဖြစ်သည်။ ခေတ်ပြိင်သတင်းစာကို ဦးစီးထုတ်ဝေနေသော ဦးတင် မောင်ဝင်းက မာနယ်ပလောသို့ ရောက်လာပြီး ခေတ်ပြိင်အခြေအနေကို ရှင်းပြပါသည်။

ဦးတင်မောင်ဝင်းက “ဥက္ကဋ္ဌကြီးရေ ခေတ်ပြိင်ကတော့ ဂူတလုံးတည်းမှာ ခြင်္သေ့ (၂) ကောင် ၀င်အောင်းသလို ဖြစ်နေပြီ၊ ကျနော့်ဆရာကြီး (၂) ဦးက ဘယ်လိုမှ ပေါင်းစပ်ပေးလို့မရအောင် ဖြစ်နေတယ်၊ ဥက္ကဋ္ဌကြီး ဘယ်လို အကြံပေးမလဲ၊ ကျနော့်ကို ကူပါဦး” ဟု ပြောသောအခါ ဗိုလ်ချုပ်မြက “လွယ်ပါတယ်ဗျာ၊ ခြင်္သေ့နှစ်ကောင်ဖြစ် နေရင် တကောင်ကို အထီးလုပ်ခိုင်းပြီး ကျန်တကောင်ကို အမလုပ်ခိုင်းလိုက်ရုံပေဲ ပါ့ဗျာ” ဟု ပြန်ပြောလိုက် သည့်အခါ ဤစကားဝိုင်းလေးတွင် ပွဲကျခဲ့ရဖူးပါသည်။

ထိုကိစ္စကို ကျနော့်မိတ်ဆွေ ကာယကံရှင်ကြီးကို ပြောပြရာ ထိုပုဂ္ဂိုလ်က “ဟေ့ .. ငါ့မျက်နှာကို သေသေချာချာ ကြည့်၊ ခြင်္သေ့မတော့ ဘယ်တော့မှ မလုပ်နိုင်ဘူးကွ” ဟု ပြန်ပြောသဖြင့် ပွဲကျခဲ့ရပြန်လေသည်။

ရန်သူများက သူ့ကို “သောင်းကျန်းသူ ငမြ” ဟု ထပ်ခါတလဲလဲ မရေမတွက်နိုင်အောင် ခေါ်ဆိုရေးသားခြင်းကို ခံခဲ့ရပြီး တော်လှန်ရေးအင်အားစုများက သူ့ကို ဗိုလ်ချုပ်မြဟုလည်းကောင်း၊ ဥက္ကဋ္ဌကြီးဟုလည်းကောင်း၊ အဖိုး ဟုလည်းကောင်း၊ လေးလေးစားစားခေါ်ခဲ့ကြသည့် ဗိုလ်ချုပ်မြသည် ဆယ်နှစ်ဆယ်မိုးမပြောနှင့် တနှစ်တာ လောက်ကိုပင် အသက်ကိုပေး၍ ခက်ခဲစွာဆင်နွှဲကြရသည့် တော်လှန်ရေးအလုပ်မျိုးကို သူသည် (၅၇) နှစ် တိုင်တငို ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူသည် တပ်သားဘ၀မှနေ၍ စစ်ဦးကြီးချုပ်၊ KNU ဥက္ကဋ္ဌ၊ NDF ဥက္ကဋ္ဌ၊ DAB ဥက္ကဋ္ဌ၊ NCUB ဥက္ကဋ္ဌ စသည့် တာဝန်အမျိုးမျိုး အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ သူ့လုပ်ဖော်ကိုင်ဖက်များ၊ သူ့ရေဲ ဘ်ာများ၊ သူ့အမျိုးသားများ၊ သူ့ပြည်သူများကို စွန့်ခွာ၍ အနားယူသွားခဲ့ပြီဖြစ်သည်။ သူ၏ တသက်တာသည် သူ့ထက် အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်၊ ရန်သူ၏ ထိုးစစ်ကြီးများကို အနိုင်မခံအရှုံးမပေးဘဲ ရာစုနှစ်ဝက် ကျော် ဦးစီးတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတသက်တာပင်ဖြစ်သည်။

သူကွယ်လွန်သွားပြီးနောက် နောင်လာနောက်သားများသည် သူ၏ တသက်တာအတွင်းမှ၊ ဗိုလ်ချုပ်မြဆိုသော သစ်ပင်၏ ပင်စည်အတွင်းမှ သူ၏အမြစ်၊ သူ၏အနှစ်၊ သူ၏အကာ၊ သူ၏အကိုင်း၊ သူ၏အခက်၊ သူ၏အရွက်၊ သူ၏အပွင့်၊ သူ၏အသီး၊ သူ၏အဆင်း၊ သူ၏ရနံ့များကို ခွဲခြမ်းရှာဖွေကြည့်ပါက၊ ရှာဖွေတတ်ပါက ဤသစ်ပင် သည် မည်သို့သော သစ်ပင်နည်းဟူသော အသိနှင့်အတူ လွတ်လပ်မှု၊ တရားမျှတမှုအတွက် လိုအပ်သည့် အ သိခွန်အားများကို ရရှိစေနိုင်ကြောင်း ဖော်ပြလိုက်ရပါသည်။

မန်းရှာလားဖန်း (ခေတ်ပြိုင်ဂျာနယ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလထုတ်မှ ...)

Related Documents

20012009 News
December 2019 18
20012009
December 2019 4
Etc 20012009
April 2020 6
News
November 2019 45