&Jabmfzdk;oHacsmif;&Jh oHk;oyfcsuf pufwifbm 28 &uf/ 2009 အမေရိကန်အစိုးရနဲ့ အနောက်နိုင်ငံများကို အမြဲတမ်း မကောင်းပြောနေတဲ့
မြန်မာစစ်အစိုးရဟာ အမေရိကန်အစိုးရကို သိသိသာသာ ချဉ်းကပ်လာခဲ့သလို မြန်မာစစ်အစိုးရအပေါ် တင်းကြပ်တဲ့ ပိတ်ဆို့မှုလုပ်နေတဲ့
အမေရိကန်ပြည်ထောင်စုကလည်း မြန်မာစစ်အစိုးရအပေါ် လျော့ပေါ့
ဆက်ဆံလာတာကို တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို
နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲမယ့် စစ်အစိုးရရဲ့ အိပ်မက်ကလည်း မက်လို့
ကောင်းနေဆဲ ဖြစ်ပါတယ်။ အဲဒီလို အိပ်မက်တွေမက်နေစဉ် မြန်မာပြည် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်အစိုးရတပ်တွေ အကြီးအကျယ်
ဖြန့်ကျက်ထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲလို့ အော်ဟစ်နေပေမယ့်လည်း ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ဖို့ကို စစ်အစိုးရဘက်က လက်တွန့်နေပြန်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပကတိနိုင်ငံရေးအခင်းအကျင်း အပါအ၀င် စိတ်ဝင်စားစရာကောင်းနေတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထားတွေ သိနိုင်ဖို့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကို ယနေ့မြန်မာသတင်းဋ္ဌာနက စက်တင်ဘ ၂၂ ရက်နေ့မှာ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
သူ စတင် ပြောကြားတာကတော့ မြန်မာစစ်အစိုးရနဲ့ အမေရိကန်တို့ရဲ့ သံတမန်ရေးဆိုင်ရာ အပြောင်းအလဲ ဖြစ်ပါတယ်။ ကျွန်တော် အခြေခံပြီး ပြောချင်တာက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲတခုကို စပြီး တွေ့နေရပြီလို့ ကျွန်တော်ထင်တယ်။ အဲဒါက ဘာလဲဆိုတော့ စစ်အေးလွန်ခေတ် နိုင်ငံရေးအခင်းအကျင်းဟာ တဖြေးဖြေးနဲ့ ပိုပြီး ပုံပေါ်လာပြီ၊ အကွေ့အပြောင်းတခုကို
ရောက်လာပြီလို့ ထင်တယ်။ ဆိုလိုတာက အမေရိကန်အစိုးရ သမတ အိုဘားမားလက်ထက်မှာ လုပ်နေတဲ့ အပြောင်းအလဲအားလုံးဟာ စစ်အေးလွန်ခေတ်နိုင်ငံရေးရဲ့ အဆင့်သစ်လို့ ကျွန်တော် ထင်နေတယ်။
ဆိုလိုတာက စစ်အေးစစ်ပွဲပြီးသွားတာနဲ့ နိုင်ငံကြီးတွေဟာ သူတို့ရဲ့ အထုပ်အပိုးတွေကို ခါချကြတယ်။ ဆိုဗီယက်ကလည်း
အရှေ့ဥရောပတခုလုံးကို လွတ်ထွက်သွားတယ်။ အမေရိကန်တောင်မှ လက်တင်အမေရိကကို အရင်လို ချုပ်ကိုင်လို့ မရတော့ဘူး။ သူကလည်း သူ့သြဇာကို စွန့်ပစ်လိုက်ရတဲ့သဘောမျိုးပဲ။ မြန်မာပြည်မှာလည်း ကွန်မြူနစ်ပါတီကိစ္စ၊ လူမျိုးစုလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးယူတဲ့ကိစ္စက အဲဒါတွေရဲ့ အဆက်တွေပဲ။
အခု အဲဒီအခြေအနေကနေ ပြောင်းလာပြီ။ အဲဒီအချိန်ကတော့ အူယားဖားယား ခါချလိုက်တဲ့ သဘော၊ အခုဟာက တည်တည်ငြိမ်ငြိမ် ဖြစ်လာတဲ့အခါ အမေရိကန်ဟာ မြန်မာပြည်ကို တရုပ်ပြည်ဘက် တွန်းပို့နေတာထက် ပြန်ဆွဲဖို့ ကြိုးစားလာတာပြီလို့ ယူဆစရာတွေ
တွေ့နေရတယ်။ အဲဒီအတွက် နှစ်ဘက်စလုံးက လိုလိုလားလားပဲ လုံးပန်းနေကြတယ်။ ကျွန်တော့်အမြင်ဆိုလို့ရှိရင် နအဖက တလျောက်လုံး လုံးပန်းနေတာ။ အရင်ကတည်းက ဗိုလ်အောင်ကြီးကိုတောင် လွှတ်တယ်လို့ ကြားတာ။ ဗိုလ်ချုပ်မောင်မောင်တို့လည်း ဗမာပြည်က
စစ်အစိုးရအတွက် အမေရိကန်နဲ့ ပွဲစားလုပ်ဖို့ ကြိုးစားတယ်လို့ ကြားဘူးတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်တို့ကိစ္စတွေရော။ တလျောက်လုံး လုပ်လာတာ။ အဲဒီတုန်းက အမေရိကန်က ဂရုမစိုက်ဘူး။
အခုတော့ အမေရိကန်က သူ့အနေအထားအရ မဖြစ်တော့ဘူးဆိုပြီး ဂရုစိုက်လာကြတဲ့အခါ ဂျင်မ်ဝက်ဘ် (အမေရိကန်အထက်လွှတ်တော်အမတ်) ခရီးစဉ်၊ အဲဒီအရင်က ဘန်ကီမွန်း (ကုလအထွေထွေ အတွင်းရေးမှူးချုပ်) ခရီးစဉ်
pmrsufESm - 1
rlydkif - ,ae@jrefrm
ဒါတွေအားလုံးဟာ မြန်မာပြည်နိုင်ငံရေးအပေါ် အမေရိကန်က သဘောထား ပြောင်းလာတဲ့ အဓိပ္ပါယ်လို့ ထင်တယ်။ အဲဒီအတိုင်း ဆက်လုပ်ကြလိမ့်မယ်။ နှစ်ဘက်စလုံး ဆုံမှတ်တခုဆီကို ဦးတည်ပြီး သွားနေကြတယ်။ တိုက်ရိုက်ကြီး သွားလို့ မရသေးဘဲနဲ့ ကွေ့ကောက်သွားနေကြတဲ့အဆင့်လို့ အဲဒီလို ထင်နေတယ်။
မြန်မာပြည် နိုင်ငံရေးမှာက ယခင် ဖဆပလအစိုးရခေတ်ကတည်းက အမေရိကန်နိုင်ငံနဲ့ ဆက်ဆံခဲ့တာတွေ ရှိပါတယ်။
တရုပ်ပြည်အနေနဲ့ကလည်း မြန်မာနိုင်ငံနဲ့ သူ့နိုင်ငံကြားမှာ ကြားခံဒေသထားခဲ့တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ် ခင်ဗျ။ အခုလို မြန်မာစစ်အစိုးရက အမေရိကန်ပြည်ထောင်စုကို ချဉ်းကပ်တဲ့အချိန်မှာ တရုပ်အစိုးရက တချိန်တုံးက ထောက်ခံခဲ့တဲ့ ကိုးကန့်ဒေသကို ၀င်ရောက်တိုက်ခိုက်ခဲ့တာ၊ မြန်မာပြည် မြောက်ပိုင်း (ကချင်ဒေသ)၊ အရှေ့မြောက်နဲ့ အရှေ့ပိုင်း (ကိုးကန့်၊ မိုင်းလား၊ ၀ ဒေသ) တွေမှာ
စစ်တပ်တွေ အကြီးအကျယ် ဖြန့်ကျက်နေတာရှိတယ်။ ဒီတော့ မြန်မာစစ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးဟာ တရုပ်အစိုးရနဲ့ နီးစပ်တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ မြန်မာစစ်အစိုးရနဲ့ တရုပ်အစိုးရဆက်ဆံရေး၊ မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ ခင်ဗျ။
ဒီနေရာမှာ တခု ပြောပြထားချင်တာက တရုပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ပံ့ကူညီတယ်ဆိုတာ မဟုတ်ဘူး။ သူတို့နဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှု ရှိတယ်။ ဒီဘက်က (တိုင်းရင်းသားတွေဘက်က) ဟိုဘက် (တရုပ်ဘက်) ကို ရင်းနှီးမြှုပ်နှံမှုရှိသလို ဟိုဘက်ကလည်း ဒီဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ ဒါပေမယ့် အကူအညီပေးနေတာမျိုး မရှိဘူး။
သဘာဝကပ်ဘေးရှိတယ်ဆိုတာ ကူညီတာရှိတယ်။ ဘိန်း ပပျောက်ရေး အကူအညီတွေ ရှိတယ်။ ကျန်တာကတော့ စီးပွားရေးသက်သက် ပဲ။ ဒီဘက်က လိုချင်တာ ၀ယ်ရတာပဲ။ အလကား ဘာတခုမှ မပေးဘူး။
အဲဒီလို ဆက်ဆံရေးရှိနေတဲ့နေရာကနေ နအဖက ကိုးကန့်ကို တိုက်ခိုက်လိုက်တဲ့ ရည်ရွယ်ချက်တခုဟာ အမေရိကန်ကို အချက်ပြတာပဲလို့ ကျွန်တော် ထင်တယ်။ ဒါ ဂျင်မ်ဝက်ဘ် ခရီးစဉ်နဲ့ အကုန်လုံး ဆက်နေတာ။ မြင်သာအောင် အချက်ပြလိုက်တာပဲ။ တရုပ်နဲ့ နီးနေတဲ့နေရာ၊ လူမျိုးကိုက တရုပ်နဲ့ နွယ်နေတဲ့ တိုင်းရင်းသားတွေကို တွယ်ပြလိုက်တာပေါ့။ နောက်တခုကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်တယ် ဆိုတာကလည်း အမေရိကန်တွေ သည်းခြေကြိုက်၊ ဒါကို လုပ်ပြလိုက်တာ။ လက်နက်တွေဆိုတာမှာ အဲဒီလက်နက်တွေဟာ
အိန္ဒိယနယ်စပ်ကို ပို့နေတာ။ ဒီ လက်နက်ပို့တဲ့ လုပ်ငန်းကြီးဟာ မြို့ကြီးတွေ လမ်းမကြီးတွေကို ဖြတ်ပြီး သွားနေတာ။ ထောက်လှမ်းရေးနဲ့
ပေါင်းပြီး လုပ်နေတာ။ ထောက်လှမ်းရေးက တစုံတရာ စားနေရတာ။ နအဖက မသိတာ မဟုတ်ဘူး။ အဲဒါကို နအဖက လုပ်ပြလိုက်တဲ့အတွက် အိန္ဒိယနဲ့ အနောက်နိုင်ငံတွေကို အချက်ပြလိုက်တာလို့ ကျွန်တော် ထင်တယ်။
၂၀၀၉ ခုနှစ်အတွင်းမှာ သိသိသာသာ မြင်လာရတဲ့ မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်းဟာ ၂၀၁၀ မှာ မြန်မာစစ်အစိုးရ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် သြဇာသက်ရောက်မှု ရှိနိုင်ပါသလား။
အဲဒီလိုကတော့ မရှိနိုင်ဘူး။ ရွေးကောက်ပွဲရဲ့ ဦးတည်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုဖို့ ဖြစ်သလို ရွေးကောက်ပွဲရဲ့
အဓိကရည်ရွယ်ချက်ဟာ ဖွဲ့စည်းပုံကို နအဖက အကောင်အထည်ဖော်ရာမှာ သေဖော်ညှိတာပဲ။ ရွေးကောက်ပွဲမှာ ဘယ်သူ
တက်လာတက်လာ၊ နအဖက ဂရုမစိုက်ဘူး။ သူ့အတွက် သေဖော်ညှိဖို့ အဖော်ရသွားတာပဲ။ ဘယ်သူတက်လာ တက်လာ ဒီ ဖွဲ့စည်းပုံအရ သူ့အာဏာအတွက် အာမခံချက် ရှိပြီးသားပဲ။ ပြီးတော့မှ မြန်မာပုံပြင်ထဲကလို ဖိုးသူတော်ဖြစ်မှန်းမသိ ဖြစ်နေကြမယ့်သူ တွေ။ ဒါက
သေချာနေတာ။ ကျွန်တော်ကတော့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူးလို့ ထင်တယ်။ အမေရိကန်နဲ့ ပေါင်းလို့ ရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ မပတ်သက်ဘူးလို့ ထင်တယ်။
၂ ရက်လောက်အတွင်း ကိုးကန့်တပ်ဖွဲ့ကို အပြတ်တိုက်ပြလိုက်ပြီး တပ်တွေကလည်း ဆက်ပြီး နေရာယူထားတော့
တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်အစိုးရဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်သွားနိုင်တဲ့ အခြေအနေ ရှိပါသလား ခင်ဗျ။ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့နေရာမှာ သူတို့မှာ စီးပွားရေး၊ စစ်ရေး၊ ပထ၀ီအနေအထား တည်ရှိမှုအရ မတူတာတွေ ရှိတယ်။
အဲဒီအခြေအနေတွေအရ သူတို့ စဉ်းစားကြရတယ်လို့ ကျွန်တော်ထင်တယ်။ ကိုးကန့်ကို တိုက်ရတာ လွယ်တဲ့အကြောင်းရင်းတခုက
pmrsufESm - 2
rlydkif - ,ae@jrefrm
ကိုးကန့်အချင်းချင်း ချကြတာနဲ့ နအဖတပ်တွေက ဒီဒေသထဲ ရောက်နေတယ်။ ကိုးကန့်ရဲ့ အချက်အခြာဒေသ၊ လောက်ကိုင်ကို မိုးထားတဲ့
တောင်ကုန်းတွေမှာကို နအဖတပ်တွေက ရှိပြီးသား။ စစ်တိုက်ကြပြီဆိုတာနဲ့ နအဖတပ်က လောက်ကိုင်မြို့ပေါ် ရောက်နေပြီ။ ဒီဘက်က လူက တိုက်ရင် လူထုကို ထောက်ထားရတာ၊ မြိျု့ပျက်မှာ ထောက်ထားရတာ အများကြီးပဲ။ ဟိုဘက်က ဘာမှ ထောက်ထားစရာ မရှိဘူး။ ဖွင့်တိုက်တာ။ ဒီတော့ ကိုးကန့်ဘက်မှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်။ ဒါ့ကြောင့် အလွယ်တကူ ကျသွားတာ။
ဥပမာ ၀ လိုမျိုး ဆိုပါတော့။ ၀ နဲ့က အဲဒီလိုမျိုး မဟုတ်ဘူး။ တောင်ထိပ်ချင်း ဆိုင်ထားတာ။ အဲဒါမျိုး တိုက်ရရင် မလွယ်ဘူး။ အားကြီးတိုင်း ရတာ မဟုတ်ဘူး။ ၀ ရော၊ ၈၁၅ ဘက်ရော၊ သူတို့က စစ်ရေးအရ ပိုကောင်းတယ်။ အစဉ်အလာအရ စစ်တိုက်လည်း ကောင်းတယ်။
နအဖစစ်တပ်တွေကို နိုင်အောင် တိုက်ဖူးတဲ့သူတွေ။ ကချင်တွေကျတော့ ကိုယ်ပိုင်နယ်မြေ ခိုင်ခိုင်ခန့်ခန့် ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ သူတို့မှာ ပြောက်ကျားနယ်မြေတွေ ရှိတယ်။ နယ်ခြားစောင့်တပ်လုပ်လိုက်ရင် သူတို့ရှိနေတဲ့ အတွင်းပိုင်းက ပြောက်ကျားတပ်တွေကို
စွန့်လွှတ်လိုက်ရမယ့်သဘောရှိတယ်။ ဒီဘက်က အဲန်ဒီအေကေဆိုရင် အင်အားမရှိ၊ စီးပွားရေးလည်း မတောင့်တော့ အလွယ်တကူ အလျော့ပေးလိုက်တာ။
မြောက်ပိုင်း အက်စ်အက်စ်အေဆိုတာက ဟိုးအရင်ကတည်းက တည်ရှိခဲ့တာ။ သူတို့က ပြောက်ကျားလိုနေကြတာ။ သူတို့က ရှမ်းလူထုထဲမှာ နေကြတာ။ သူတို့ကို အမြစ်ဖြတ်ဖို့ သိတ်မလွယ်ဘူး။ ၀ ဆိုတာကလည်း ရန်သူ့နောက်ကြောင်းကို ဖောက်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါ့ကြောင့် ကိုယ့်အခြေအနေနဲ့ ကိုယ် တုန့်ပြန်နေကြတာ။
စစ်အစိုးရမှာက သူ့မှာက ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားနဲ့ဆိုတော့ သူ့အချိန်ဇယားအတိုင်း ဖြစ်မလာခဲ့ရင် တစုံတရာ ရှုပ်ထွေးလာနိုင်ခြေ ရှိသလား။
စစ်အစိုးရ အဓိကထားမှာက ပြည်တွင်းပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ စာရင်းရှင်းဖို့ကို အဓိကထားမှာပဲ။ အဲဒါကို ကြည့်ပြီး နယ်စပ်က
အဖွဲ့အစည်းတွေကို ဖြေရှင်းမှာပဲ။ အစိုးရတရပ်အနေနဲ့ဆိုရင် နယ်စပ်က အဖွဲ့အစည်းတွေဆိုတာကိုလည်း သူတို့ ရှင်းရမှာပဲ လေ။ လုပ်တော့
လုပ်မှာပဲ။ အဓိကကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပစ်ရေးပဲ။ အဲဒါကို လုပ်နိုင်မှ ကျန်တာတွေ ဆက် လုပ်မှာ။ အဲဒီလုပ်ငန်းကို အတားအဆီး အနှောက်အယှက် ဖြစ်နိုင်မယ်ဆိုရင် နယ်စပ်ကိစ္စကို ဆိုင်းထားနိုင်တယ်။
မြန်မာစစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်မယ်လို့ ယူဆပါသလား ခင်ဗျ။ ရွေးကောက်ပွဲ ဆိုတာက သေနတ်ရှိရင် လုပ်လို့ ရတာပဲ။ ဘယ်နှစ်ခု လုပ်လုပ်၊ ဘယ်နှစ်ခါ လုပ်လုပ်၊ ဒါ မကြိုက်သေးဘူး၊ ထပ် လုပ်မယ်ဆိုလဲ ရတာပဲ။ အဲဒီအတိုင်း လုပ်နေတာပဲ။ သူများတိုင်းပြည်မှာ ပိုက်ဆံရှိရင် လုပ်လို့ရတယ်။ ဗမာပြည်မှာက သေနတ်ရှိရင် လုပ်လို့ရတာပဲ။
ကျွန်တော်တို့ ပြင်ဆင်သင့်တာက ရွေးကောက်ပွဲလွန် နိုင်ငံရေး။ ရွေးကောက်ပွဲလွန်ရင် မြန်မာပြည်နိုင်ငံရေး ဘာဖြစ်မလဲ။ အဲဒါကို စဉ်းစားပြီး ပြင်ဆင်သင့်တယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ၂၀၀၉ စက်တင်ဘာ ၂၂ ရက်နေ့က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
pmrsufESm - 3
rlydkif - ,ae@jrefrm