*|ef 0DvsH ,ufawm a&ul;wJhtrSK jzpfpOftm; oHk;oyfcsuf
ပီဒီအက်ဖ်နဲ့ ရယူရန်
udkudkOD; ဂျွန် ၀ီလျံ ယက်တောဟာ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတူ နေထိုင်နေတဲ့ ဒေါ်ခင်ခင်ဝင်းက
ဒေါ်အောင်ဆန်းစုကြည်ကို ၀ီလျံယက်တောနဲ့ တွေ့နိုင်မလားဆိုပြီး မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မတွေ့နိုင်ကြောင်း ပြန်လည် ဖြေကြားပြီးနောက်
သူဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းထဲက ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ထဲကို လူစိမ်းတဦး ၀င်ရောက်လာကြောင်း ဒေါက်တာတင်မျိုးဝင်းကို ပြောပြခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်းက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူနေတဲ့ မြန်မာစစ်အစိုးရ ရဲ အထူးတပ်ဖွဲ့အား အကြောင်းကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး
မြန်မာစစ်အစိုးရဟာ သတင်းထုတ်ပြန်ခြင်း မရှိသလို တစုံတရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ (တကယ်လို့ အရေးယူ ဆောင်ရွက်ခဲ့တယ်
ဆိုရင်လည်း ဖြစ်စဉ်ကို အကြောင်းကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် အသိပေးခြင်း မရှိခဲ့ပါဘူး။)
မြန်မာစစ်အစိုးရမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်း
စုကြည် နေအိမ်ထဲ ယက်တော ခိုးဝင်တဲ့ကိစ္စကို ဘာ့ကြောင့် သတင်း မထုတ်ပြန်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး အဖြေရှိဟန် မတူပါဘူး။
ဒီပဲယင်းလူသတ်ပွဲ ဖြစ်ပျက်ပြီးနောက် အခု ချုပ်နှောင်ထားတဲ့ အင်းစိန်ထောင်ထဲက အဆောက်အဦမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိစဉ် ဒေါ်စုရဲ့ အသက်အန္တရာယ် စိုးရိမ်ဘွယ်ရာရှိတယ်လို့ စစ်အစိုးရ အာဏာပိုင်တွေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို အသက်လို သဘောထားတယ်ဆိုတဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ထဲ ခိုးဝင်သူတဦးကို ဘာ့ကြောင့် တရားဥပဒေနဲ့
အရေးမယူခဲ့တာလဲ။ ဘာ့ကြောင့် သတင်း မထုတ်ပြန်ရတာလဲ။ အမေရိကန်နိုင်ငံကို အမြဲ မကောင်းပြောနေတဲ့ စစ်အစိုးရအဖို့ ယက်တောရဲ့ ကိစ္စဟာ အင်မတန် ထုတ်ပြန်လို့ကောင်းတဲ့သတင်းတပုဒ် မဟုတ်ခဲ့ပေဘူးလား။ (စဉ်းစားစရာတွေပါ။)
သတင်းထောက်တွေ ပြည်တွင်းကို ၀င်ရောက်မှာ၊ နိုင်ငံခြားသားတွေ မြန်မာပြည်တွင်းကို ၀င်ရောက်မှာ စိုးရိမ်တတ်တဲ့ မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ထဲကို ခိုးဝင်ခဲ့တဲ့ ဂျွန် ၀ီလျံ ယက်တောကို ပြည်ဝင်ခွင့် မပိတ်ပင်ခဲ့ဘူးလား။ အမည်ပျက် စာရင်းထဲမှာ မထည့်သွင်းခဲ့ဘူးလား။ တကယ်လို့ အဲဒီလို ပိတ်ပင်ခဲ့ရင် အမည်ပျက်စာရင်းထဲကို ထည့်ထားရင် ယက်တောဟာ နောက်တခေါက် ရန်ကုန်ကို ထပ်ပြီး ရောက်လာစရာ အကြောင်း မရှိပါဘူး။
အခုတခါတော့ ၂၀၀၉ မေ ၃ ရက်နေ့က ၀ီလျံယက်တောဟာ ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို သွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဒေါ်ခင်ခင်ဝင်းနဲ့ တွေ့ခဲ့ပြီး ဒေါ်ခင်ခင်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ခွင့်တောင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ယက်တောကို ချက်ခြင်း ပြန်ဖို့ ပြောခဲ့ပါတယ်။ အဲဒီအခါ သူက ကြွက်တက်နေကြောင်း၊ သူ့မှာ ဆီးချိုရောဂါလည်း ရှိနေတဲ့အတွက်
အားနည်းနေတဲ့အတွက် ခဏ ခိုလှုံခွင့် ပေးပါလို့ ခွင့်တောင်းခဲ့ကြောင်း၊ ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က လူသားချင်း စာနာတဲ့အနေနဲ့ ခဏ နားနေခွင့် ပေးခဲ့ကြောင်း သိရပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm
ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မေလ ၇ ရက်နေ့က သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ခိုးဝင်တဲ့ ဂျွန် ၀ီလျံ ယက်တောကို မေလ ၆ ရက်နေ့ မနက် ၅ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်း အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဆောက်အဦအနီး အင်းလျားကန်အတွင်း ၅ လီတာဝင်ရေဘူး အကူအညီနဲ့ ရေကူးနေစဉ် ဖမ်းမိကြောင်း ဖော်ပြခဲ့ပါတယ်။
ယက်တော ရေကူးသွားတဲ့လမ်းကြောင်းကို တွက်ကြည့်မယ်ဆိုရင် တမိုင် ၂ ဖာလုံလောက် ( ၂ ကီလိုမီတာခန့်) ရှိပါတယ်။ ရေမှော်တွေ
ပေါများတဲ့ အင်းလျားကန်ထဲမှာ ကန်ရဲ့ ဟိုဘက်သည်ဘက်ထိပ်နီးပါးကို ရေကူးသွားနိုင်တဲ့သဘောမှာ ရှိပါတယ်။ သူဟာ အင်းလျားကန်
ဟော်တယ်၊ ဒါမှမဟုတ် ဆီဒိုးနားဟော်တယ်နားက အင်းလျားကန်ဘောင်ဘက်က ကူးရင် ဒေါ်စုအိမ်ကို သွားရတာ ပိုပြီး နီးပါတယ်။ ဒါပေမယ့် ပိုဝေးတဲ့နေရာကနေ ရေကူးခဲ့တာဟာ သူ့ လုံခြုံရေးအတွက် ပိုပြီး စိတ်ချအောင် ပြင်ဆင်ခဲ့တာလားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးအစောင့်တွေကို ယက်တော ဘယ်လို ကျော်ဖြတ်သလဲဆိုတဲ့
မေးခွန်း ပါ။ ဒီအစောင့်တွေကိုရော တာဝန်မကျေပြွန်မှုနဲ့ စစ်အစိုးရက ချက်ခြင်း ထောင်ထဲ ထည့်လိုက်ကြသလား၊ ဒါမှမဟုတ် မြေကွက်တွေ ပေး၊ ရာထူးတွေ တိုးပေးပြီး သူကောင်းပြုဖို့ စဉ်းစားနေသလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဂျွန် ၀ီလျံ ယက်တော ရေကူးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲအထူးသတင်းတပ်ဖွဲ့ ဗိုလ်မှူးကြီး ၀င်းမြင့်ထွန်းဟာ မေ ၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး မေ ၁၄ ရက်နေ့ကျရင် အင်းစိန်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုဖို့ရှိကြောင်း အသိပေးခဲ့ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုနဲ့ အတူတူနေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမ (ဒေါ်ခင်ခင်ဝင်းရဲ့ သမီး) တို့ သုံးဦးစလုံး အမှုစစ်ဆေးစဉ်ကာလအတွင်း အင်းစိန်အကျဉ်းထောင်အနီးရှိ နေအိမ်တလုံးတွင် နေထိုင်ရမှာဖြစ်ကြောင်း တဆက်ထည်း အသိပေးခဲ့ပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm
ယက်တော ရေကူးတဲ့အကြောင်း မြန်မာစစ်အစိုးရသတင်းစာတွေမှာ ဖော်ပြပြီးနောက် အမေရိကန်အာဏာပိုင်တွေက ယက်တောနဲ့ တွေ့လိုကြောင်း အကြောင်းကြားခဲ့ပါတယ်။ ထို့နောက် မေ ၁၃ ရက်နေ့ ညနေ ၄ နာရီမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဒုတိယအတွင်းဝန်နဲ့အဖွဲ့ ဂျွန် ၀ီလျံ ယက်တောနဲ့ မိနစ် ၃၀ ခန့်ကြာအောင် တွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင် မေ ၁၃ ရက်နေ့မှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်ဝင်းကို အကျိုးအကြောင်း ရှင်းပြပြီး မေ ၁၄ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ စောင့်နေဖို့ ပြောခဲ့ပါတယ်။
စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မေ ၁၄ ရက်နေ့ မနက် ၇ နာရီခန့်က သူ့နေအိမ်မှ ခေါ်ဆောင်သွားပြီး နောက် ၁၅ မိနစ်ခန့်အကြာ
အင်းစိန်အကျဉ်းထောင်ကို ရောက်ရှိခဲ့ပါတယ်။ အင်းစိန်ထောင်ကို ရှေ့နေ ဦးကြည်ဝင်း၊ လက်ထောက်ရှေ့နေ ဦးလှမျိုးမြင့်နဲ့ အခြားရှေ့နေများ ဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်)၊ ဦးအောင်သိန်း၊ ဒေါ်ခင်ဌေးကြွယ်တို့ လိုက်သွားခဲ့ပါတယ်။ ဂျွန် ၀ီလျံ ယက်တောအတွက် အမေရိကန်သံရုံးမှ ကိုယ်စားလှယ် သွားရောက်ခဲ့ပါတယ်။
မေလ ၁၄ ရက်နေ့ မနက် ၉ နာရီခန့်မှာ ဒေါ်အောင်ဆန်းစုကြည်တို့အမှုအတွက် အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နဲ့ အမေရိကန်သံရုံးကိုယ်စားလှယ်တို့ကို စစ်အစိုးရဘက်က ရန်ကုန်အင်းစိန်ထောင်ရှေ့ကနေ လာရောက်
ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွဲမှာ ဒေါ်အောင်ဆန်းစုကြည် (အသက် ၆၃ နှစ်)၊ သူနဲ့အတူနေ ဒေါ်ခင်ခင်ဝင်း (အသက် ၆၅ နှစ်)၊ (ဒေါ်ခင်ခင်ဝင်းရဲ့သမီး) မ၀င်းမမ (အသက် ၄၁ နှစ်)၊ ဂျွန် ၀ီလျံ ယက်တော (အသက် ၅၃ နှစ်) တို့ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို အင်းစိန်ထောင်အတွင်းရှိ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီး ဦးညီညီစိုး၊ ဥပဒေအကြံပေးအရာရှိ ဦးမြင့်ကြိုင်တို့က စစ်ဆေးမယ်လို့ သိရပါတယ်။
အမှုအခင်း စတင် စစ်ဆေးတဲ့အခါ တရားသူကြီးဆိုသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောက်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ ပုဒ်မ ၂၂ နဲ့ တရားစွဲဆိုကြောင်း၊ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ကိုတော့ အားပေးကူညီမှု၊ ဂျွန် ၀ီလျံ ယက်တောကို အားပေးကူညီမှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ ရန်ကုန်စည်ပင်သာယာရေးဥပဒေတွေနဲ့ တရားစွဲဆိုကြောင်း အသိပေးခဲ့ ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲအပြီး သူ့ကို ချုပ်ထားတဲ့နေရာ၊ ကုလကိုယ်စားလှယ် မစ္စတာ ရာဇာလီ အစ္စမေးလ် သွားရောက် တွေ့ဆုံတဲ့နေရာမှာ
ချုပ်နှောင်ထားခဲ့ပါတယ်။ အဲဒီနေရာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများအား အင်းစိန်ထောင်အတွင်းရှိ ဧည့်ဂေဟာဆိုတဲ့ စကားလုံးကို အသုံးပြုခိုင်းထားခဲ့ပါတယ်။ ဒေါ်ခင်ခင်ဝင်းနဲ့
ဒေါ်ဝင်းမမတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူ ထားတယ်လို့ ယူဆရပေမယ့် အတိအကျ မသိကြရသေးပါဘူး။
မြန်မာစစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုအတွက်
တရားလိုပြသက်သေ အယောက် ၂၀ ခန့် တင်သွင်းထားပါတယ်။ ဒီ အရေအတွက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြမယ့်
တရားခံပြသက်သေ မပါရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကျခံနေရပြီး မျက်မြင်သက်သေဆိုလို့ ဒေါ်ခင်ခင်ဝင်း တို့ သားအမိနှစ်ယောက်သာရှိပါတယ်။ သူတို့သုံးယောက်စလုံးနဲ့ ရေကူးလာသူဆိုတဲ့ ယက်တောတို့ကို တရားခံတွေလို့ စစ်အစိုးရက
ပြောနေလေတော့ ဘယ်သူ့ကို သက်သေခေါ်ရပါ့မလဲဆိုတာတောင် ခတ်ခက်ခက် ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်
ဒေါက်တာတင်မျိုးဝင်းကလည်း ဘယ်ရောက်နေမှန်း မသိပါဘူး။ ဒေါက်တာတင်မျိုးဝင်းကို လာရောက် ခေါ်ဆောင်သွားခဲ့သူတွေက စစ်အစိုးရ တာဝန်ရှိသူတွေ ဖြစ်ပါတယ်။
pmrsufESm - 3
rlydkif - ,ae@jrefrm
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အနည်းဆုံး အင်အား ၂၅၀ ခန့် ရှိတဲ့ စစ်တပ်နဲ့ လုံခြုံရေးအစောင့်ချထားပါတယ်။ လုံခြုံရေးတာဝန်ကို စစ်ဘက်ဆိုင်ရာ လုံခြုံရေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ ရဲအထူးသတင်းတပ်ဖွဲ့တို့ ပူးပေါင်း တာဝန်ယူထားဟန်ရှိပြီး အင်းလျားကန်ရေပြင် ကိုတော့ ရေတပ်က တာဝန်ယူထားပါလိမ့်မယ်။ အိမ်ခြံဝင်း လုံခြုံရေး၊ အင်းလျားကန် လုံခြုံရေး၊ အိမ်ရှေ့လမ်း လုံခြုံရေးများအတွက်
ခြံဝင်းတွင်း၊ အင်းလျားကန်ရေပြင်နဲ့ အိမ်ရှေ့တွေမှာ စစ်တပ်တွေ တာဝန်ယူထားပါတယ်။ အိမ်ရှေ့က တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထား ပါတယ်။
ဒီလို အစောင့်အကြပ်တွေ တင်းကြပ်ထားတဲ့ကြားက ယက်တောတယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ထဲကို ရောက်ခဲ့တာဆိုတော့ အဲဒီဖြစ်စဉ်အတွက် ရန်ကုန်တိုင်းမှူး၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်က သက်ဆိုင်ရာတပ်မှူး၊ ရဲ သတင်းတပ်ဖွဲ့မှူး၊ ပြည်ထဲရေးဝန်ကြီးတို့မှာ တာဝန်ရှိပါတယ်။ ဒါ့ကြောင့် သူတို့ကို အရင်ဆုံး အရေးယူရပါလိမ့်မယ်။
ယက်တောအနေနဲ့ မြန်မာ့အရေးကို ဘယ်လောက်ပဲ စိတ်ဝင်စား ၀င်စား၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ပဲ လေးစား လေးစား၊ နတ်လမ်းညွှန် မပါဘဲနဲ့၊ ဒါမှမဟုတ် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်တဲ့နည်းတွေနဲ့ ရရှိတဲ့ အကူအညီ၊ သတင်းစကားတွေ မရှိဘဲနဲ့ ဘယ်လိုနည်းနဲ့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ထဲကို မရောက်နိုင်ပါ။ စစ်အစိုးရဟာ အတိုက်အခံတွေကို နည်းအမျိုးမျိုးနဲ့ သွေးတိုးစမ်းပြီးနောက် သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းကို တဆင့်ပြီးတဆင့် လုပ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့ပါတယ်။ ထပ်ပြီး အုံကြွတာ မရှိခဲ့ပါဘူး။ လမ်းပြမြေပုံလမ်းကြောင်းကို တင်လိုက်ပါတယ်။ ဒေါ်စုကို လုပ်ကြံတာကို သိတ်ပြီး သဘောမကျတဲ့ တပ်ထဲက အစိတ်အပိုင်းတွေကို ရှင်းပစ်ခဲ့ပါတယ်။ မင်းကိုနိုင်တို့ကို လွှတ်ပေးခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာအရေးအခင်း မဖြစ်ခင် မင်းကိုနိုင်တို့အားလုံးကို ထောင်ထဲ ထည့်လိုက်ပါတယ်။ ၂၀၀၇ သံဃာတော်များရဲ့ ဆန္ဒပြပွဲမှာ
သံဃာတွေကို သတ်ဖြတ်ပြခဲ့ပါတယ်။ အဲဒီနောက် တက်ကြွလှုပ်ရှားသူတွေအားလုံးကို ထောင်ထဲ ထပ်ပြီး ထည့်ခဲ့ပါတယ်။ နာဂစ်စ်မုန်တိုင်း ကြောင့် ပြည်သူ သန်းနဲ့ချီပြီး ဒုက္ခရောက်နေစဉ် ၂၀၀၈ ခုနှစ်မှာ ဆန္ဒခံယူပွဲ လုပ်ပြီး သူတို့ရဲ့ ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပါတယ်။ အခု
ရွေးကောက်ပွဲ ၀င်ချင်နေကြသူတွေဟာ နာဂစ်စ်မုန်တိုင်းကြောင့် သေကြေမှု၊ သံဃာတော်များ သွေးမြေကျမှု၊ မင်းကိုနိုင်တို့ အဖမ်းခံရမှု၊ ၂၀၀၃ ဒီပဲယင်းလူသတ်ပွဲ စတဲ့ ဖြစ်ရပ်အားလုံးကို လှေခါးထစ်တွေလို့ သတ်မှတ်လိုက်ကြပြီလား မသိပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ခလုပ်ကန်သင်းတခုဖြစ်တယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ထည့်ထားပြီးမှ ရွေးကောက်ပွဲ လုပ်ရမယ်ဆိုတဲ့ အယူအဆကို စစ်အစိုးရက နိုင်ငံအစိုးရတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေကို
အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို ခပ်ကြောင်ကြောင် အမှုအခင်းကို စိတ်အေးလက်အေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ထည့်လိုက်ခြင်းဟာ စစ်အစိုးရ အာဏာတည်မြဲရေးကို အနှောင့်အယှက်ပေးမယ့် မီးပွားတခု
မဟုတ်ဘူးလို့ စစ်အစိုးရအာဏာပိုင်တွေ ယူဆထားကြပြီး ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက ပြည်သူတွေ၊ ပြည်တွင်းပြည်ပက မြန်မာ့အရေး
စိတ်ဝင်စားသူတွေအားလုံး သူတို့လက်ခုတ်ထဲက ရေတွေပါ၊ သွန်ချင်သလို သွန်၊ မှောက်ချင်သလို မှောက်၊ လိမ်ချင်သလို လိမ်၊ လှည့်စားချင် သလို လှည့်စားလို့ရတယ်လို့ စစ်အစိုးရ တာဝန်ရှိသူတွေ စဉ်းစားထားပြီးပြီလား မသိပါ။
ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ ဘယ်သူမှ အတိအကျ မသိသေးပါ။ ထိပ်တန်း နိုင်ငံရေးသမားတွေကို နှစ်ပေါင်း ရာနဲ့ချီ ထောင်ဒဏ်ချခဲ့တာတွေကို လုပ်ခဲ့တဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ကောင်း စေတနာကောင်းနဲ့ ပြုမူဆက်ဆံလိမ့်မယ်လို့ မျှော်လင့်ထားစရာ အကြောင်းမရှိပါ။
လူတိုင်းမှာ အနာဂတ် ရှိပါတယ်။ အဲဒီ အနာဂတ်ဟာ ပိန်းပိတ်မှောင်နေတဲ့ အနာဂတ်လား၊ ရောင်နီသစ်တွေ ထွန်းတောက်နေတဲ့ အနာဂတ်လား၊ ဘယ်လို အနာဂတ်မျိုး ဖြစ်ချင်ကြပါသလဲ။ လူတိုင်းမှာ ကိုယ်ဆောက်ချင်တဲ့ အနာဂတ်ကို ဖြစ်အောင် တည်ဆောက်နိုင်တဲ့ အင်အားကိုယ်စီ ရှိပါတယ်။ အဲဒါကိုသာ ဖြစ်အောင် တည်ဆောက်ကြရမှာပါ။
(ရရှိတဲ့ အချက်အလက်များကို အခြေခံ ရေးသားထားပါတယ်။ အချက်အလက်များ မှားယွင်းခဲ့ရင် ယနေ့မြန်မာသတင်းဌာနကတဆင့် ဆက်သွယ်နိုင်ပါတယ်။ )
pmrsufESm - 4
rlydkif - ,ae@jrefrm