Yfc

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Yfc as PDF for free.

More details

  • Words: 194
  • Pages: 1
Air Bagan တေဇ ကတော့ သူ့ရဲ့ Yangon Football Club ကို ပွဲထုတ်ပြီး ဘောလုံးချစ်သူတွေကို စည်းရုံးနေတာ ကြားလိုက်ရပါတယ်။ ငွေတွေအများကြီးအကုန်ကျခံ ပြီး တစ်ပွဲပြီးတစ်ပွဲ လုပ်ပေးနေတာကို မြန်မာဘောလုံးပရိသတ်ကြီးလဲ နှစ်သက်နေမိမယ်ထင်ပါတယ်။ အားကစားကိုမြှောက်စားတာဟာကောင်းပါတယ်။ အပေါ်ယံကြည့်ရင် ဒါဟာဘယ်သူမှ မထိခိုက်ဘဲ ပျော်စရာကိစ္စလို့ ယူဆမိကြပါလိမ့်မယ်။ ဒါပေမယ့် ခပ်နက်နက်လေး တွေးကြည့်ရအောင်ပါ…. ဿ။ တေဇဘယ်သူလဲ ……ဘာတွေလုပ်ခဲ့သလဲ …….. ၀။ ဒီဘောလုံးပွဲတွေအတွက် ဗရမ်းဗတာပုံအောသုံးနေတဲ့ေ ငွတွေက ဘယ်သူ့ငွေတွေလဲ …… ၁။ ဒီအတွက် တစ်ယောက်ယောက်နစ်နာနေပြီလား …….. တေဇဆိုတာ ပြည်သူသန်း ၅ှ လုံးရဲ့ အမွေဆိုင်ဖြစ်တဲ့ မြန်မာ့သယံဇာတအရင်းအမြစ်တွေ၊ ရပိုင်ခွင့်တွေကို အပိုင်စီးပြီး အရင်းအနှီး လုပ် စီးပွားရှာနေတဲ့သူပါ။ သူတစ်ဦး ထဲကောင်းစားရေးတင်မကဘဲ စစ်အာဏာရှင်တွေ အတွက်ပါ တိုင်းပြည်ကို ပြိုင်ဘက်မရှိရောင်း စားနေတဲ့သူပါ။ ပြည်သူကိုအနိုင်ကျင့်၊ သာသနာစော်ကား၊ လူကောင်းတွေ ထောင်ချတဲ့ စနစ်ကို အသက်ဆက် ပေးနေတာ တေဇပါ။

စစ်အာဏာရှင်တစုအတွက် တိုင်းပြည်ကို ရောင်းစားနေတာ တေဇပါ။ နိုင်ငံခြားက သူတင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကနေ တိုင်းပြည်အတွက်အခွန်မရပါဘူး၊ သူတို့ရဲ့ ကြီးမားတဲ့ အမြတ်အစွန်းတွေ ဆီက တိုင်းပြည်အတွက် အမြတ်ခွန်မရပါဘူး။ တကယ်ဆိုရင် ဒီအခွန်အခတွေေ ကာက်ပြီး ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ှန်ထမ်းလခ၊ လျှပ်စစ်မီး၊ စည်ပင်သာယာရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး တွေမှာ သုံးစွဲရမှာပါ။ တိုတိုပြောရရင်တော့ ဆင်းရဲတြဲ့ ပည်သူတွေအတွကှ်န်ဆောင်မှုပေးရမယ့် သန်းထောင်ချီတဲ့ငွေတွေ လစဉ်သူတို့အိတ်ထဲ

ှင္သြားတာပါပဲ။ ပြည်သူတွေမှာတော့ ဒှီန်ဆောင်မှုတွေမရဘဲ နေရာတကာကိုယ့်အိတ်ထဲက စိုက်သုံးနေရပါတယ်။ မြန်မာတွေ နှစ်ခါနာနေမှန်းမသိကြတာ ရင်နင့်စရာပါ။ ဒီဘောလုံးပွဲတွေ၊ အတာသင်္ကြန်ပွဲတွေမှာ တေဇသုံးဖြုန်းနေတဲ့ငွေတွေဟာ ပြည်သူသန်း ၅ှ ရဲ့သွေးချွေးတွေပါ။ ရက်ရောတယ်လို့ အထင်မစောပါနဲ့။ ဒီငွေပမာဏဟာလဲ သူတို့ သားသမီးတွေရဲ့ မုန့်ဖိုးလောက်ပဲရှိပါတယ်။ အားလုံးကို ရိုက်စားလုပ်သွားပြီး

ဘောလုံးပွဲလေးနဲ့ အချိုသတ်တာကို ပျော့သွားမယ်ဆိုရင်တော့ ရှက်စရာကောင်းမှာပါ။ လူတစ်ဦးအနေနဲ့ တေဇဟာယဉ်ကျေးသူ၊ ခင်တတ်သူဖြစ်ချင်လဲဖြစ်မယ်။ ဒါပေမယ့် သူနဲ့သူ့အပေါင်းပါစစ်အုပ်စရဲု့ စနစ်ဟာ ဂုတ်သွေး စုတ်၊ အနိုင်ကျင့်တဲ့ စနစ် ဖြစ်နေပါတယ်။ Person (လူ) နဲ့ System (စနစ်) ကို ခွဲခြားမြင်ကြဖိလို့ပါတယ်။ ဥပမာ - ဗိုလခ်ျုပ် အောင်ဆန်း၊ ဂန္ဒီတို့ အင်္ဂလိပ်ကို ဆန့်ကျင်တာဟာ သူတို့လူမျိုးတွေကို ဆန့်ကျင်ခဲ့တာမဟုတ်ပါဘူး။ မတရားတဲ့စနစ်ကို ဆန့်ကျင်ခဲ့ ကြတာပါ။ အခုလဲ မတရားတဲ့စနစ်ဆိုးရဲ့ ဦးဆောင်သူတွေကို အနုနည်းနဲ့ဆန့်ကျင်ဖို့ အခွင့်အရေးပေါ်လာပါပြီ။ ဘောလုံးပွဲသွားအားမပေးတဲ့အမှုနဲ့ ထောင်မကျနိုင်ပါ၊ ဘောလုံးပွဲသွားမကြည့်လို့ အသက်တရက်တိုမသွားပါ။ ဘောလုံးပွဲမသွားလို့ စွမ်းအားရှင်တွေလာမရိုက်ပါ။ သေနတ်နဲ့ အပစ်မခံရနိုင်ပါ။ သံဃာတော်တွေ၊ ကျောင်းသားတွေ သတ္တိရှိရှိလုပ်ခဲ့သလို အသက်စွန့်ပြီးဆန္ဒပြဖို့ တိုက်တွန်းနေတာမဟုတ်ပါ။

Yangon Football Club ကို ဆန့်ကျင်ကြပါ။ Yangon Football Club ကန်တပွဲ့တွေကို အားမပေးကြပါနဲ့။

Related Documents