We Need You

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View We Need You as PDF for free.

More details

  • Words: 140
  • Pages: 1
သင့်ကို အလိုရှိသည်။ မြန်မာပြည်သူတွေ မျော်လင့်နေတာသည် အတိုက်အခံမဟုတ်ပါ။ အတိုက်အခံအဖွဲ.တွေ အတိုက်အခံသမားတွေ များနေလွန်းလို.တောင် ခက်နေသည်။ လိုတာထက်တောင် ပိုနေသည်။ တကယ် လိုနေသည့် သူတွေကတော့တိုင်းပြည်ကို ကောင်းအောင် ဘယ်လို လုပ်မလည်းဆိုတဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူတွေကို မျော်လင့်နေခြင်း ဖြစ်ပါသည်။ မြန်မာပြည် ဆင်းရဲတာ လူတိုင်းသိနေသည်။ မြန်မာပြည် စီးပွားရေးတွေ အခက်အခဲဖြစ်နေတာ အကြပ်အတည်းတွေ ရင်ဆိုင်နေတာ လူတိုင်းသိပါသည်။ သင်ပြောမှ မဟုတ်ပါ။ အခုအချိန်ဟာ ပြဿာနာတွေကို လက်ညှိုးထိုးပြရမည့် အချိန် မဟုတ်တော့ပါ။ ရှိနေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမည်လည်း။ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလည်းဆိုတဲ့ အဖြေရှာတဲ့ အပိုင်းကို ရောက်နေသည်။ ဟိုဟာ မကောင်းဘူး ဒီဟာမကောင်းဘူး။ ဘာဖြစ်နေတယ် ညာဖြစ်နေတယ်။ လူတိုင်း လက်ညှိုးထိုး ဝေဖန် ပုတ်ခပ်တဲ့အလုပ်ကို လုပ်လို. ရတယ်။ နောက် လွယ်လည်း လွယ်သည်။ ဒီလို ပြောနေယုံနှင့်တော့ နိုင်ငံပြုပြင်ပြောင်းလဲရေးသမားတွေ မဖြစ်နိုင်ပါ။ တိုင်းပြည်တိုးတက်ဖို.ဆိုတာ ဝေးရော။ အခု မြန်မာပြည်လိုနေသည် မျော်နေသည်မှာ ထိုလူမျိုးတွေမဟုတ်ပဲ မကောင်းတာတွေကို ပြင်ပေးနိုင်တဲ့သူ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့သူတွေကိုသာ အလိုရှိနေသည်။ သင့်ကို တိုင်းပြည်က အလိုရှိသည်။ သင့်ကို မြန်မာပြည်သူတွေက မျော်နေသည်။ မရှိတာတွေကို ရှိအောင် မဖြစ်တာတွေကို ဖြစ်လာအောင် ပြဿနာတွေကို ပြေလည်လာအောင် သင် ဦးဆောင်နိုင်လျင် သင့်ကို ပြည်သူတွေက အလိုရှိသည်။ သို.မဟုတ်ပါက ရှင်းရှင်းလေး ပြောရမည်မှာ လမ်းဖယ်ပေးလိုက်ပါ တကယ် လုပ်နိုင်တဲ့ ဦးဆောင်နိုင်တဲ့သူတွေကို လုပ်ခွင့်ပေးလိုက်ပါ။ လမ်းမှာ ပိတ် ရပ်မနေပါနှင့်။ အချိန်တွေလည်း ကြာညောင်းလှပြီ။ ဒီအတိုင်း နှင့်တော့ ရွှေပြည်ကြီး ခရီးက ဝေးနေဦးမယ်။ ရွှေဗဟိုရ်စည်သံကိုလည်း ကြားရဦးမည် မဟုတ်ပါ။ တိုင်းပြည်နှင့် ပြည်သူတွေ လိုချင် မျော်လင့်နေတာ အချင်းချင်း ပူးပေါင်းဆောင်ရွက်သူတွေသာ ဖြစ်သည်။ ဆန်.ကျင်ရေး ကန်.ကွက်ရေး ရှုံ.ချရေး ပိတ်ပင်တားဆီး ဖျက်ဆီးရေးလုပ်လိုသူတွေကို မဟုတ်ပါ။ အကြမ်းဖက် ဖေါက်ခွဲရေးသမားတွေကို မလိုပါ။ တကယ် ပြောင်းလဲအောင် တိုးတက်အောင် ပြေလည်အောင် လက်တွေ.ပူးပေါင်းဆောင်ရွက်နိုင်သူတွေကိုသာ အလိုရှိနေခြင်း ဖြစ်ပါသည်။ သင့်ကို အလို ရှိသည်။ မောင်လေ့လာ(မြန်မာပြည်)

Related Documents

We Need You
April 2020 25
Do We Need Nature
December 2019 64
Why We Need Fathers
May 2020 21
We Need Mary
August 2019 35
All We Need (g)
November 2019 32