Voa[1]

  • October 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Voa[1] as PDF for free.

More details

  • Words: 768
  • Pages: 4
မြန်မာ့ဒီမိုကရေးရာ ဆွေးနွေးခန်းအစီအစဉ်(ကိုသန်းလွင်ထွန်း) ဗွီအိုအေ (စက်တင်ဘာ ၁၄ ရက်နေ့ ၂၀၀၈ ခုနှစ် ညပိုင်းအစီအစဉ်) မြန်မာစစ်အစိုးရကစီစဉ်နေတဲ့ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုတာဟာ ရုတ်တရက်အားဖြင့် အဝေးကြီးလိုပါသေးတယ်လို့ မြင်ရပေမယ့် မကြာခင်မှာပဲ ၂၀၀၈ ခုနှစ်ကုန်ဆုံးလို့ ၂၀၀၉ ခုနှစ်ထဲရောက်လာ တော့မှာမို့ သိပ်မဝေးတော့ဘူးလို့လည်း ပြောလို့ရနိုင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ တကယ်ရော ဖြစ်လာမှာလား၊ ဖြစ်လာခဲ့ရင် ဘယ်သူတွေက၀င်ပြီး ယှဉ်ပြိုင်ကြမှာလဲ၊ ဘယ်လိုပြင်ဆင်ကြမှာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ လုံးလည် ချာာလည်ရိုက်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအနေနဲ့ကရော ဒီအရေးကို ဘယ်လိုခံယူပြီး ဘယ်လိုပြင်ဆင်နေကြသလဲဆိုတာကို FDB မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ကျနော် ဆက်သွယ် မေးမြန်းထားပါတယ်။ ပထမဦးဆုံးမေးရမယ့် မေးခွန်းကတော့ မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကို

ဒေါက်တာနိုင်အောင်တို့အနေနဲ့

လက်မခံဘူးလို့

ကျနော်

အကြမ်းဖျဉ်း

နားလည်ထားပါတယ်။ အဲဒါကို နည်းနည်းလေးရှင်းပြပါလားခင်ဗျ။ ဒေါက်တာနိုင်အောင်။

။ ဟုတ်ကဲ့ ကျနော်တို့ ဒီရွေးကောက်ပွဲက ပြည်သူတွေ အဓိက အတိုက်အခံတွေက

ကိုယ်စားပြုပြီးတော့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မဟုတ်ဘူး။ နောက်ပြီးတော့ ပြီးခဲ့တဲ့ကာလ တုန်းကကျင်းပထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုလည်း တစုံတရာ အသိအမှတ်ပြုထားတာမျိုး မရှိဘူး။ ၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ဖြေရှင်းထားတာမရှိဘူးဆိုတဲ့ဥစ္စာမျိုးတွေ့ရတယ်။ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်သလိုပဲ အမျိုးသားညီလာခံတက်ရသလိုပဲ စစ်အစိုးရကို

ကိုယ်စားပြုလာတဲ့

အရပ်ဝတ်တွေက

စစ်အစိုးရအလိုကျ

ဆက်ပြီးတော့

အုပ်ချုပ်သွားမယ့်

ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ လက်မခံပါဘူး။ ဆန့်ကျင်ပါတယ်ခင်ဗျ။ ကိုသန်းလွင်ထွန်း။ ။ အဲတော့ ဒီနေရာမှာ ကျနော် ပထမဦးဆုံးအချက်ကိုပြန်ကောက်ရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ့နော် ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့အညီ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက် တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ လက်မခံဘူးလို့ ကိုနိုင်အောင်တို့ကပြောထားပါတယ်။ ဒါဆိုလို့ရှိရင် တဖက် တလမ်းအားဖြင့်တော့

ရွေးကောက်ပွဲအသစ်တခုဟာ

လုပ်ဖို့လိုနေတယ်ဆိုတဲ့သဘောရော

ကိုနိုင်အောင်တို့

အနေနဲ့ မြင်သလားခင်ဗျ။ ၁၉၉၀ ပြည်နှစ်က ရွေးကောက်ပွဲရလဒ်ကိုပဲ အရင်ဆုံးအသိအမှတ်ပြုရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ဆက်ပြီးတော့ ကိုင်စွဲထားမှာလား။ ဒေါက်တာနိုင်အောင်။

။ သမိုင်းမှာ လုပ်ခဲ့တဲ့ဟာတခုကို တန်းလန်းကြီးတော့ အဖြေမပေးဘဲနဲ့ ထားခဲ့လို့

မရဘူးလေ။ ဥပမာ ကျနော်ပြောချင်တာက ကျနော်တို့ ၁၀ တန်းစာမေးပွဲကို တက်လိုက်တယ်၊ တက်ပြီးလို့ရှိရင် အောင်စာရင်းတော့ ထွက်ပေးရမှာပေါ့၊ အဲဒါမှ တခုခု လုပ်လို့ရမှာပေါ့။ ပြီးတော့ ၉၀ ရွေးကောက်ပွဲကြီးကလည်း စစ်အစိုးရကပဲ ကမကထလုပ်ပြီးတော့ ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲလေ၊ စစ်အစိုးရကပဲ ဒါ တရားဝင်ပါတယ် လို့ ဆိုတဲ့ဥစ္စာမျိုးဆိုတော့ ဒီ ရလဒ်နဲ့ပတ်သက်လို့ တစုံတရာ အသိအမှတ်ပြုတာမျိုး၊ တစုံတရာ ဖြေရှင်းချက်ထုတ် တာမျိုး၊ တစုံတရာ ရှေ့ဆက်ပြီးတော့ တခုခုလုပ်နိုင်လုပ်တာမျိုး မရှိနေလို့ရှိရင်တော့ ဒါကြီးက သမိုင်းထဲမှာ ဗမာပြည်ရဲ့သမိုင်းထဲမှာ အမဲစက်ကြီး ကျန်နေမယ်။ နောက်ထပ်တခုက ပြည်သူတွေကနေ ရွေးချယ်တင်မြှောာက် ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေမှာ ပြည်သူတွေက ပေးအပ်တဲ့တာဝန်တွေ ရှိသေးတယ်။ ပြည်သူတွေကလည်း မျှော်လင့်နေတယ်ဆိုတော့ ကျနော်တို့ကလည်း ပြောတာက ဘာလဲဆိုတော့ လုံးဝအပြီးသတ်ကြီးမဟုတ်ဘဲနဲ့ ဖြေရှင်းနိုင်တဲ့

နည်းလမ်းတွေဖြစ်အောင်လို့

ပြောခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးအဖြေရှာပါ

ဒါကြီးတွေမပြီးသေးဘဲနဲ့

ဒါကြီးတွေ

လို့

ကျနော်တို့

မလုပ်သေးဘဲနဲ့

တောက်လျောက် နောက်ရွေးကောက်

ပွဲတခုလုပ်တယ်ဆိုတာကတော့ အနိုင်ကျင့်သလိုဖြစ်သလို အရပ်သားစကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် ပထမ အိမ်ထောင်နဲ့ကိစ္စကို ဘာမှ ဟိုဟာမပြုဘဲနဲ့ နောက်အိမ်ထောင်တခု ထပ်ပြီးလုပ်သလိုမျိုးဖြစ်နေတယ်။ ကိုသန်းလွင်ထွန်း။ ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆတခုပေါ့နော်၊ နိုင်ငံတကာကနေ ရှုမြင်လာ တဲ့ အချက်တခုပေါ့လေ၊ အဲဒါကတော့ ဘာလဲဆိုတော့ ကုလသမဂ္ဂကနေပြီးတော့ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲအသစ်တွေ

ကျင်းပရမယ်ဆိုတာကို

တနည်းတလမ်းအားဖြင့်

ထောက်ခံပေးလာနေတယ်ဆိုတဲ့

အသံတွေ ထွက်လာတာပါပဲ။ ဗမာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေလုပ်လာလို့ရှိရင် နည်းလမ်းအရ ကူညီ ပေးဖို့ ကုလသမဂ္ဂမှာ တာဝန်ရှိပါတယ်ဆိုတဲ့ သဘောမျိုးကို ထပ်လောင်းပြောခဲ့တာတွေလည်းရှိသလို မြန်မာ နိုင်ငံကိုသွားရောက်ခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ကိုယ်တိုင်ကလည်း မြန်မာစစ် အစိုးရရဲ့ လမ်းပြမြေပုံ ၇ ချက်အတိုင်းကို ထောက်ခံတယ်ဆိုတဲ့သဘောမျိုးတွေ ပြောထားတာရှိတယ်လေ။ အဲဒါ တွေနဲ့ပတ်သက်လို့ကော ကိုနိုင်အောင်တို့အနေနဲ့ ပြည်ပရောက်အင်အားစုတွေအနေနဲ့ ဒီအမြင်တွေကို ပြန်လည် ပြောင်းသွားအောင် ဘယ်လိုကြိုးပမ်းဖို့ အစီအစဉ်တွေရှိနေလဲ။ ဒေါက်တာနိုင်အောင်။

။ ပထမတခုကတော့ အခြေခံကျတဲ့ဥစ္စာက ဘာလဲဆိုတော့ ဒါကတော့ ကျနော်တို့

ဗမာပြည်သူတွေဖြေရှင်းရမယ့်ကိစ္စပါ။ နိုင်ငံတကာကတော့ဗျာ ကျနော်တို့အကူအညီတောင်းလို့ ၀ိုင်းဝန်းပံ့ပိုးကြပါ ဆိုလို့ ၀ိုင်းဝန်းကြတဲ့ အနေအထားပဲ။ နိုင်ငံတကာကလည်းပြောမယ်ဆိုလို့ရှိရင်တော့ ဗမာပြည်ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက်နဲ့ ပြည်သူတွေခံစားနေရတဲ့ ဖိနှိပ်မှုတွေကို ထိထိရောက်ရောက် စစ်အစိုးရကို သူတို့က ဖိအားမပေးနိုင်ဘူး။ ဖိအားမပေးနိုင်တော့ ရွေးကောက်ပွဲအသစ်လုပ်လိုက်ရင်ပဲ Something is better than nothing ဆိုတာမျိုး သွားနေတယ်ဆိုတဲ့သဘောမျိုးဆိုတော့၊ တဖက်ကလည်း တာဝန်မကျေလို့ လက်လွတ်စပယ် မျိုးလုပ်တာကိုတော့

မဖြစ်စေချင်ပါဘူး။

ဒါပေမယ့်

ကိုယ့်တိုင်းပြည်ကိစ္စကတော့

ကိုယ်ပဲဖြေရှင်းရမှာပေါ့။

နောက်တခုက ဘာလဲဆိုတော့ နိုင်ငံတကာအနေနဲ့ ဘာလုပ်ဖို့ကြိုးစားရမလဲဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ဆက်သွားလို့ရှိရင် ပြည်သူတွေက ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းကခံစားခဲ့ရသလို ဆက်ခံစားနေရမှာပဲ။ ဘိန်းတွေလည်း ဆက်ထွက်နေမှာပဲ၊ ဒေသတွင်း လုံခြုံရေးကိုလည်း ဆက်ပြီးတော့ ထိခိုက်နေမှာပဲ။ အဲ့တော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ဆက်လုပ်မယ့်

ရွေးကောက်ပွဲကို

လက်မခံဖို့

အသိအမှတ်မပြုဖို့

ကျနော်တို့က

နိုင်ငံတကာ

အင်အားစုတွေကို ဆက်ပြီးတော့ တိုက်တွန်းနိုးဆော်သွားရမယ်လို့ ထင်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ပြင်ဆင်ကြိုးစားနေ ပါတယ်။ ကိုသန်းလွင်ထွန်း။ ။ လောလောဆယ်အားဖြင့်တော့ ဒေါက်တာနိုင်အောင်တို့ရဲ့ ပြင်ပမှာရှိနေတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေအားလုံးက ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ သဘောထားကို လုံးဝ ကန့်ကွက်ထားတယ်ဆိုတော့ ပြည်တွင်းမှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားနဲ့လည်း တူညီ နေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးဆိုတာက အမျိုးမျိုးရှိတယ်ဆိုတော့ ဥပမာအားဖြင့်ဆိုလို့ရှိရင် ပြည်တွင်းမှာ မြန်မာစစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးပွဲတွေ ပြန်လည်ဖြစ်လာပြီးတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို တနည်းတလမ်းအားဖြင့် ခဏချန်ထားပြီးတော့ အထွေထွေရွေးကောက်ပွဲအသစ် တွေကို ပြုလုပ်ရေးအတွက် ဦးတည်ပြီးတော့ ဆွေးနွေးပွဲတွေဖြစ်လာမယ်ဆိုရင်ကော ပြည်ပမှာရှိနေတဲ့ အတိုက် အခံတွေအနေနဲ့ သဘောထားပြောင်းလဲလာဖို့ရှိသလား။ ဒေါက်တာနိုင်အောင်။

။ စစ်တပ်က စစ်အုပ်ချုပ်ရေးကို ဆက်မလုပ်တော့ဘူး၊ ဖိနှိပ်မှုတွေကို ဆက်ပြီးတော့

မကျင့်သုံးတော့ဘူးဆိုရင် အဲလိုဆွေးနွေးပွဲတွေဟာ အဓိပ္ပာယ်ရှိတဲ့ဆွေးနွေးပွဲတွေဖြစ်လာနိုင်မယ်၊ ကျနော်တို့ အားလုံးလိုချင်တဲ့

ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စကိုလည်း

လုပ်နိုင်မယ်လို့

ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့

အန်အယ်လ်ဒီကလည်း ပြောပြီးသားပါ။ ဘာ ကွန်ဒီးရှင်းမှ မရှိဘဲဆွေးနွေးနိုင်ပါတယ်ဆိုတဲ့ ဥစ္စာမျိုး ပြောပြီးသား ပါ။

ကျနော်တို့ကိုယ်တိုင်လည်း

အသွင်ကူးပြောင်းရေးကာလလေးနဲ့

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အာဏာကိုခွဲဝေသုံးစွဲပြီးတော့မှ

အခြေပြုပြီးတော့မှ

တကယ့်စစ်မှန်တဲ့

တစုံတရာ

လူ့အခွင့်အရေးကို

ကာကွယ်နိုင်တဲ့ ဥစ္စာတခုဖြစ်လာရင် ကျနော်တို့ ကျေနပ်ပါတယ်။ အဲလိုလမ်းစမျိုးတွေရှိလာရင် ကျနော်တို့ ကျေနပ်ပါတယ်။ ဆိုတော့ အဲဒီပြဿနာကို မရှင်းဘဲနဲ့ ငါ အာဏာရဖို့အတွက် ငါတို့ရနေတဲ့လုပ်ပိုင်ခွင့်တွေကို မထိခိုက်ဖို့အတွက်ပဲ

ဆက်လုပ်နေမယ်ဆိုလို့ရှိရင်တော့

ဒါကတော့

ကျနော်တို့တင်မကပါဘူး။

ပြည်သူတွေလည်း လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။ ကိုသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ အခု ဒီ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကိစ္စတွေကို မပြောခင်မှာ ပြီးခဲ့တဲ့ မကြာခင်က မေလတုန်းကလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ခဲ့တုန်းက အခြေအနေတွေကို ပြန်ပြောင်းကြည့်မယ်ဆိုလို့ရှိရင် အဲဒီအချိန်တုန်းက ဗမာပြည်ထဲမှာ လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုတော့ ပြည်ပရောက် အဖွဲ့အစည်းအသီးသီးက လည်း လူထုဆန္ဒခံယူပွဲမှာ ဆန့်ကျင်မဲ ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်မှုတွေ တော်တော်များများလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ ဘာပဲပြောပြော မြန်မာစစ်အစိုးရရဲ့သဘော အလိုအကျအတိုင်းပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုတဲ့ရလဒ်ပဲထွက်လာခဲ့တယ်လေ။ အဲတော့ ဒီ လာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဒီလိုပဲ ကန့်ကက်ွတယ် ကန့်ကွက်မှုတွေလုပ်မယ် ကန့်ကွက်မှုတွေလုပ်ဖို့စည်းရုံးရင်း ဒါမှမဟုတ်လို့ရှိရင်လည်း တချို့အနေနဲ့ကလည်း ပြန်လည်ပြီးတော့ ဘယ်လို ချေဖျက်မလဲဆိုတာတွေပြောဆိုရင်းနဲ့ပဲ ရွေးကောက်ပွဲအချိန် ရောက်လာလို့ စစ်အစိုးရအလိုကျ ရလဒ်တမျိုးမျိုးထွက်လာခဲ့မယ်ဆိုရင်ကော ဒေါက်တာနိုင်အောင်တို့အနေနဲ့ ဒီကိစ္စတွေ ဖြစ်မလာဖို့အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသလဲခင်ဗျ။ ဒေါက်တာနိုင်အောင်။ ဆိုတော့

။ အဓိက ကတော့ ကျနော်တို့အားလုံး တယောက်ချင်း ဖြေဆိုရမယ့်ဟာက ဘာလဲ

ဒီလိုအုပ်ချုပ်မှုမျိုးနဲ့

ပြီးခဲ့တဲ့

နှစ်

၂၀

မှာရှိတဲ့အုပ်ချုပ်မှုမျိုးနဲ့

အဲလို

ဖိနှိပ်မှုမျိုးနဲ့

နေချင်လား

မနေချင်ဘူးလားဆိုတာကို ဗမာပြည်သူတိုင်းက ပြည်သူပြည်သားတိုင်းက ဖြေရမယ့်မေးခွန်းအချိန်ရောက်နေပါပြီ။ ပြီးခဲ့တဲ့ကာလအတွေ့အကြုံတွေမှာလည်း ကျနော်တို့အားလုံးကနေပြီးတော့မှ တညီတညွတ်တည်း လုပ်နိုင်မယ် ဆိုလို့ရှိရင် မအောင်မြင်နိုင်အကြောင်း ဘာမှမရှိပါဘူး။ နောက်တခုကလည်း ၂၀၁၀ ရွေးကောက်ပွဲကလည်း ဘာဖြစ်လာမလဲဆိုတော့ ပြီးခဲ့တဲ့ကာလတွေတုန်းကလို အမျိုးသားညီလာခံမှာ တက်ပြီးတော့မှ အပြောင်းအလဲ များလုပ်လို့ရမလား ညှိလို့ရမလားဆိုတဲ့ပုံစံမျိုးထက်ကို ဘာမှပိုထူးလာမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ပြည်သူတွေကနေပြီးတော့မှ နိုင်ငံတကာအပါအ၀င်ပေါ့လေ ဒါကို ကန့်ကွက်သွားနိုင်အောင် နောက် ဖိအားပေးသွားနိုင်အောင် နောက် စစ်တပ်ကနေပြီးတော့မှ ငါတို့တွေတော့ ဒီအချိန်မှာတော့ဖြင့် ပြည်သူ တွေနဲ့အတူ ၉၀ ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေနဲ့အတူ ငါတို့တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းကြရအောင် ဆိုတဲ့စိတ်မျိုးရောက်လာအောင် ဖိအားပေးဖို့ပဲ ကျနော်တို့ ကြိုးစားသွားမှာပါခင်ဗျ။ ကိုသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ပြည်တွင်းမှာဆိုလို့ရှိရင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့ နိုင်ငံရေးပါတီ အသွင်ကူးပြောင်းပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းမျိုးထွက်နေတာရှိသလို တချို့ အပစ်အခတ်ရပ်စဲရေး အတိုက်အခံအဖွဲ့အစည်းတွေကြားထဲမှာလည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်ရတော့မယ်ဆိုတဲ့ သဘောထားတွေရှိနေတယ်။ အလားတူပဲ စစ်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံ သဘောမျိုးရှိတဲ့ အဖွဲ့အစည်းတွေတချို့ကတောင်မှပဲ ဘာပဲပြောပြော ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲဖြစ်လာမယ် ဆိုရင်တော့ တစုံတရာအတွက် ၀င်ပြီးတော့ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ထားရမယ်ဆိုတဲ့ သဘောဆန္ဒနဲ့ လုပ်ဆောင်နေတာလေးတွေလည်း ကြိုတင်ပြင်ဆင်နေတဲ့ အသံလေးတွေလည်း ကြားနေရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ကော ဒေါက်တာနိုင်အောင်တို့အနေနဲ့ ဘယ်လိုသဘောထားရှိလဲခင်ဗျ။

ဒေါက်တာနိုင်အောင်။

။ ပြည်တွင်းမှာရှိတဲ့ စစ်အစိုးရဆန့်ကျင်ရေးကိုလိုလားတဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်း

ရေးကိုလိုလားတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ သူတို့ဆုံးဖြတ်တဲ့ကိစ္စကိုတော့ ကျနော်တို့ မပြောလိုပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီမှာထောက်ပြချင်တာက ဘာလဲဆိုတော့ ပြီးခဲ့တဲ့ အတိတ်ကာလ သင်္ခန်းစာတွေအရ ၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ကြီးကိုလည်း ငြင်းဆန်ခဲ့တယ်။ အမျိုးသားညီလာခံလိုမျိုးမှာ လည်း သွားပြီးတော့မှ တခုခုများဖြေရှင်းချက်ရမလား မျှော်လင့်ချက်ရမလားဆိုတဲ့ကိစ္စမျိုးကိုလည်း ဘာမှအဖြေ ဖြစ်မလာခဲ့ဘူး။

နောက်ပြီးခဲ့တဲ့

Referendum

လုပ်တုန်းကလည်း

အတင်းအဓမ္မနဲ့

အနိုင်ကျင့်ခံရတယ်။

ရှေ့လျောက်မှာဆိုလို့ရှိရင်လည်း ဖြစ်လာမယ့်ရွေးကောက်ပွဲက ဒီလိုပဲ စစ်အစိုးရအလိုကျ သူတို့က အဓမ္မနည်း တွေနဲ့သုံးပြီးတော့မှ သူတို့အလိုကျ သူတို့ကိုယ်စား သူတို့ကို အကာအကွယ်ပေးရမယ့် အရပ်သားအစိုးရဖြစ်လာ အောင် လုပ်တဲ့ကိစ္စမျိုးကို ကျနော်တို့က နောက်ထပ်နှစ် ၂၀ ကိုယ့်သားစဉ်မြေးဆက် မခံစားရဖို့အတွက်ကို ကျနော် ဒီနေရာမှာ စဉ်းစားစေချင်ပါတယ်။ အားလုံးက ပြိုင်တူတညီတညာတည်းကို အားလုံးရဲ့ဆန္ဒတွေကို ထုတ် ဖော်ကြမယ်ဆိုလို့ရှိရင် ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်လို့ တထစ်ချ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီအခြေခံ ပေါ်မှာ ပြည်တွင်းမှာရှိနေတဲ့အဖွဲ့အစည်းတွေက ပြည်တွင်းအခြေအနေအထားတွေနဲ့ စဉ်းစားတဲ့ကိစ္စကိုတော့ ကျနော်တို့

ကန့်ကွက်ဖို့မရှိဘူး။

ကျနော်တို့ကတော့

ကျနော်တို့မြင်တဲ့အမြင်တွေကို

ပွင့်ပွင့်လင်းလင်း

ရိုးရိုးသားသား မှန်မှန်ကန်ကန် ပြည်သူတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ ကိုသန်းလွင်ထွန်း။ ။ အဲတော့ အခု နောက်ထပ် ၃ လပေါ့နော် ၃ လတောင် မလိုတော့တဲ့ကာလအတွင်းမှာ ၂၀၀၉ ခုနှစ်ထဲကို ရောက်လာပြီ။ ဒါဆိုလို့ရှိရင် ဒီအထွေထွေရွေးကောက်ပွဲဆိုတာ နေ့ရက်အတိအကျမသိရသေးပေမယ့် ပြင်ဆင်ဖို့ကာလ တနှစ်ပဲကျန်တော့တယ်လို့ ပြောလို့ရတဲ့အနေအထားရှိသွားပြီဆိုတော့ ဒီလို တနှစ်တာကာလ အတွင်းမှာ ဒေါက်တာနိုင်အောင်တို့ ဒီဘက် ပြည်ပအင်အားစုတွေနဲ့ ဘယ်လိုအဆင့်တွေချပြီးတော့ ပြင်ဆင်သွား ဖို့ ရည်ရွယ်ထားလဲခင်ဗျ။ ဒေါက်တာနိုင်အောင်။

။ တခုကတော့ ဘာလဲဆိုတော့ ပြည်တွင်းမှာရှိနေတဲ့ ဗမာပြည်သူတွေကို ကျနော်တို့

လုပ်ဖော်ကိုင်ဖက်တွေကနေတဆင့် ပြည်သူတွေကို ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး နဲ့ ဒုက္ခအ၀၀ကို ဖြေရှင်းပေးနိုင်လား မဖြေရှင်းပေးနိုင်လား ဆိုတဲ့ ပညာပေးမှုတွေ ကျနော်တို့ လုပ်ဖို့အတွက် ကြိုးစားသွားမယ်၊ အဲဒီလုပ်ငန်းတွေအတွက် ကျနော်တို့ ပံ့ပိုးကူညီသွားမယ်၊ နောက်တခုက ပြည်သူတွေကနေပြီးတော့မှ

မတရား

ဖိနှိပ်မှုတွေကို

ဖော်ထုတ်ပြသနိုင်အောင်အတွက်လည်း

ကျနော်တို့

တိုက်တွန်းမှာဖြစ်ပါတယ်။ နိုးဆော်မှာဖြစ်ပါတယ်။ ထို့အတူပဲ နိုင်ငံတကာမှာရှိတဲ့ မိတ်ဆွေအင်အားစုတွေကို ချဉ်းကပ်စည်းရုံးပြီးတော့မှ

နိုင်ငံတကာနေ

ရွေးကောက်ပွဲမတိုင်ခင်မှာပဲ

အဓိပ္ပာယ်ရှိတဲ့

သံတမန်ရေးလှုပ်ရှားမှုတွေ

ရွေးကောက်ပွဲရလဒ်ကို

လက်မခံအောင်

တွေ့ဆုံဆွေးနွေးမှုဖြစ်လာအောင်

ဖိအားပေးလှုပ်ရှားမှုတွေဖြစ်လာအောင်

ပိုပြီးတော့မှ

တိုက်တွန်းလှုံ့ဆော်သွားဖို့

နောက်ပြီး တက်ကြွတဲ့ ကျနော်တို့

ပြင်ဆင်နေပါတယ်ခင်ဗျ။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကျနော် သန်းလွင်ထွန်းပါခင်ဗျာ။