U Thant( Chair Man Of Un)

  • Uploaded by: Maung Maung Khant
  • 0
  • 0
  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View U Thant( Chair Man Of Un) as PDF for free.

More details

  • Words: 3,161
  • Pages: 29
OD;oefYESifY ol\ bmoma&; ကုလသမဂ္ဂ AထွေထွေAတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရက်ွခ့ရဲ တဲ့ Uီးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတUီးဖြစ်တယ်ဆိုတာ Aထူးထုတ်ဖော် ရေးသားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင်တော့ Uီးသန့်ရဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ ထည့်သွင်းပြောဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ကြပါတယ်။ Uီးသန့်ရဲ့ညီ Uီးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့ “ငြိမ်းချမ်းရေးဗိသုကာUီးသန့်” ဆိုတဲ့ စာAုပ်မှာ Aမှာစာရေးတော့ေAာက်ပါAတိုင်းရေးထားတဲ့ စာတပိုဒ်ပါရှိပါတယ်။ “ဗုဒ္ဓဘာသာ မြန်မာတို့၏ ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပန်းတနော်ဇာတိဖြစ်သော Uီးသန့်သည် ပြည်ပြည်တိုင်းကား၊ ကျော်ကြားသတင်း၊ ကမ္ဘာချင်းေAာင်၊ ပွင့်လင်းထင်ရှား လူသိများလျက်ရှိနေပေသည်။ Uီးသန့်၏ ထင်ရှားကျော်ဇောခြင်း၊ Uီးသန့်ကို ကမ္ဘာက လိုလားခြင်းတို့သည် Uီးသန့်၏ သူမတူေAာင် ပြည့်စုံသော ၀ီရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော Aကျင့်သီလတို့၏ စွမ်းပကားတို့ကြောင့်ဟုလည်း ဆိုနိုင်ပါ၏။ တနည်းAားဖြင့် Uီးသန့်သည် Iဿာမိစ္ဆရိယဟူသော စိတ်ယုတ်တို့ကို ပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ ဖြစ်သော ဟီရိသြတပ္ပတရား၊ လောကပါလဖြစ်သော ဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်သော ပါရမီAင်Aား၊ ဘုန်းကံAင်Aား ကြီးမားသော မင်းယောက်ျားဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။” Uီးသန့်ကိုက ဗုဒ္ဓဘာသာဝင် ယောက်ျားကောင်းတUီးAဖြစ် ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတယ်။ Uီးသန့်Aမြင်ဟာ တကယ့်

ဗုဒ္ဓဘာသာဝင်စင်စစ်တUီးရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂ Aသိုင်းA၀ိုင်းကလည်း Uီးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ချီးမွမ်းကြရာမှာ Uီးသန့်ဟာ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ Aချက်ကို မကြာခဏ ထည့်သွင်း ပြောဆိုကြပါတယ်။ ဗုဒ္ဓဘာသာကို ကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ Aလယ်Aလတ်လမ်းစU် (မဇ္ဈိမ ပဋိပဒါလမ်းစU်) လို ဖြစ်ပါတယ်။ Uီးသန့်ရဲ့ သည်းခံစိတ်ရှည်ခြင်းကိုလည်း ဗုဒ္ဓ၀ါဒီဖြစ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ Uီးသန့်ဆောင်ရက်ွရတဲ့ Aလုပ်တွေကလည်း ငြိမ်းချမ်းရေးAလုပ်ကို ဘက်မလိုက် ကြားနေရေး နေရာက သည်းခံစိတ်ရှည်စွာ လုပ်ရတဲ့ Aလုပ်တွေဖြစ်ပါတယ်။ တကယ်တော့ Uီးသန့်ဟာ မိရိုးဖလာ ဗုဒ္ဓ၀ါဒတUီး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး ဘုန်းကြီးကျောင်းရဲ့ ဗုဒ္ဓဘာသာ သရိုးစာAခြေခံတွေ မသင်ခ့ရဲ ပါဘူး။ သူ့ဖခင်က Aိန္ဒိယ တက္ကသိုလ်တခုမှာ ပညာသင်ခ့ဖဲူးတဲ့ ခေတ်ပညာတတ်တUီး ဖြစ်လို့ မိရိုးဖလာပညာရေးလောက်နဲ့ တင်းတိမ်နိုင်သူမဟုတ်ပါ။ ဘုန်းကြီးကျောင်းကို စတင်မပို့ဘဲ လူကျောင်းကိုပဲ စတင်ပို့ခဲ့ပြီး Aင်္ဂလိပ်စာတတ်ကျွမ်းရေးကိုပဲ Aလေးပေးခဲ့ပါတယ်။ ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲ ၀တ်ခ့ရဲ ပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာမှာ ထူးထူးခြားခြား Aဆင့်မြင့်မြင့် လေ့လာရတဲ့ ကျောင်းပညာ Aခွင့်Aရေးမျိုးမရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်းကို Aထူးဝါသနာပါတဲ့Aတွက် ဗုဒ္ဓစာပေကို မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ဟန်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တUီးAနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ပုံရတယ်လို့ Uီးသန့်Aပေါ် Aကဲဖြတ်နိုင်တဲ့ Aကြောင်းAချက်တခုကတော့ မန္တလေးတောင်မြို့မဟာဂန္ဓရုံဆရာတော် Aရှင်ဇနကာ ဘိဝံသလို ဗုဒ္ဓစာပေကျမ်းပြု Aကျော်တUီးက Uီးသန့်လို လူဝတ်ကြောင်တUီးကို မိမိရဲ့ ဘာသာရေးစာAုပ် (Aနာဂတ်သာသနာ) မှာ

Aမှာစာရေးခွင့်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီAချက်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး Aထင်ကြီးစရာဖြစ်ပေမယ့် Uီးသန့်ဟာ ဘုရားဒကာ ဆဋ္ဌသင်္ဂါယနာတင် နိုင်ငံတော်ဝန်ကြီးချုပ် Uီးနုနဲ့တော့ လုံးဝမတူပါဘူး။ Uီးနုက ပုတီးစိတ်ခြင်း၊ ဗေဒင်မေးခြင်း၊ ဗလိနတ်စာကျွေးခြင်း စတဲ့ ကိစ္စတွေမှာ AထူးAလေးAနက် ထားလွန်းပါတယ်။ သဘောထားကွဲလွဲမှု Aလွန်နည်းတဲ့ ငယ်ပေါင်းရောင်းရင်း Uီးနုနဲ့ Uီးသန့်တို့ဟာ နိုင်ငံတော်က ဘာသာရေးAတွက် ဆောင်ရက်ွမှုမှာ AကြီးAကျယ် သဘောကွဲလွဲခဲ့ဖူးပါတယ်။ Uီးနုဟာ ဆဋ္ဌမ သင်္ဂါယနာတင် သာသနာ့ ဒါယကာကြီးဘွဲ့ခံလိုသူ ဖြစ်ပါတယ်။ ပU္စမ သင်္ဂါယနာတင်ခ့တဲာဟာ မင်းတုန်းမင်း လက်ထက်ကဆိုတော့ ထပ်ပြီး သင်္ဂါယနာတင်ဖို့ Aလောတကြီးမလိုသေးပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်Aက္ခရာတင်ခ့တဲာပါ။ ပုံနှိပ်စာတွေလည်း ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်ထက် Aာဂုံသက်သက် မဟုတ်ပါဘူး။ ဗမာပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ မိေAးနှစ်ခါနာဆိုသလို ဂျပန်A၀င်တခါ၊ Aင်္ဂလိပ်A၀င်တခါ စစ်ဒဏ်ခံပြီး ပြာပုံဖြစ်ခ့ရဲ တဲ့Aပြင် ပြည်တွင်စစ်မီးကလည်း တောက်လောင်နေတာပါ။ ဒါ့ကြောင့် ထူထောင်စ တိုင်းပြည်မှာ လိုဏ်ဂူကြီးဆောက်ပြီး AကြီးAကျယ် ငွေကုန်ကြေးကျခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် Uီးသန့်က Aမုန်းခံပြီး ကန့်ကွက်ခ့ပဲါတယ်။ Uီးနုက စိတ်ကူးယU်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့ Aာဏာလည်းရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာ ၀န်ကြီး Uီးထွန်းဖေက “ဘ၀ရှင်မင်းတရားကြီး” လို့ ခေါ်လောက်ေAာင် ဇွတ်တိုးလုပ်လေ့ရှိလာပါတယ်။ မိတ်ဆွေUီးသန့်ရဲ့ ကန့်ကွက်မှုဟာ မေAာင်မြင်ခ့ပဲါဘူး။ မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူAများAပြားက Aစွဲဖြစ်ပေါ်ခဲ့ပါတယ်။ မူလက လက်၀၀ဲါဒ ဖြန့်ချိခဲ့သူ သခင်နုက သာသနာ့ ဒါယကာ ဖြစ်လာတဲ့Aခါ သူပုန်ထနေတဲ့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ်တွေလို့ ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်း ဘုရားကျောင်းထဲ

ဖိနပ်စီးပြခဲ့ကြဖူးတာ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်Uီးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကို မိစ္ဆာဒိဋ္ဌိ စွပ်စရွဲ တာ လွယ်ပါတယ်။ သံဃာတော်တွေကို ရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခုAခါ စောစောတုန်းကလိုတော့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ် မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာတင်မိုးက သူတို့ကို ကွန်မြူနစ် တစ္ဆေခြောက်သူတွေAဖြစ် ကဗျာနဲ့ သရော်ခဲ့ဖူးပါတယ်။ Uီးသန့်ကတော့ ဓမ္မာန္တရာယ်Aဖြစ် စွဲချက်မတင်ပါဘူး။ Uီးနု တခါတလေ ပြောဖူးသလို “ကွန်မြူနစ်ဝါဒ Aဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များ ကျဆုံးပါစေ” လို့ ပြောလိုပုံရပါတယ်။ ဗမာကွန်မြူနစ်တွေကို ကွန်မြူနစ် Aမည်ခံထားတဲ့ Aကြမ်းဖက်သမားတွေလို့ ဆိုပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ Aပြန်Aလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြပုံ၊ မကြားဝံ့ မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆိုပြီး သူတို့ စာစောင်တွေမှာ Aပြန်Aလှန်ရေးထားတာ တွေကို စုပေါင်းတင်ပြပါတယ်။ Aလံနီသခင်စိုးဟာ မူလက လူ (၃၀) လောက်ရှိရာက မြေရှင်သဌေးတွေရဲ့ ပစ္စည်းတွေကို လုယက်ယူငင်တဲ့Aခါ လူဆိုးဓားပြတွေပါဝင်လာလို့ ချက်ချင်းလူ (၃၀၀) လောက် ဖြစ်သွားခဲ့တယ်လို့ ရေးပါတယ်။ “ဓမ္မာန္တရာယ် မိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ စကားကို မသုံးခဲ့ပါ။ ဘာသာရေးကို နိုင်ငံရေးတိုက်ပွဲ လက်နက်Aဖြစ် သုံးလေ့မရှိခ့ပဲါ။ ရှိတောင်မှ ဖဆ ဆိုရှယ်Aများစုလို Aဓိက လက်နက်Aဖြစ် မသုံးခဲ့ပါ။ Uီးသန့်တသက်တာမှာ မိခင်နဲ့ Aတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကို တက်ပြီး ဘုရားဖူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်း လုပ်ပါတယ်။ ပုတီးစိပ်တာ မကြားဖူးပါ။ AလှူAတန်း Aကြီးဆုံးလုပ်ဖူး တာက မိမိရရှိတဲ့ ဂျဝါဟာလာနေရူး ဆုငွေ ရူပီး တသိန်းကို ဂျပန်ရှိ ကုလသမဂ္ဂတက္ကသိုလ်ကို ပညာရေးရန်ပုံငွေ AလှူAဖြစ် လှူခဲ့တာပဲရှိပါတယ်။

ကိုယ်ကျင့်သိက္ခာပိုင်းက ပြောရရင်တော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင် သာမန်ပြောရာ ကျပါမယ်။ Uီးသန့်ဟာ သူရဲ့ ရာထူးAရှိန်A၀ါAသုံးချပြီး Aစိုးရ ၀န်ထမ်းAနေနဲ့ရော၊ ကုလသမဂ္ဂ၀န်ထမ်းAနေနဲ့ ရော Aခွင့်Aရေး Aလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုးရှာမှုမျိုး လုံးဝ မရှိခ့သဲူ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းလို Aကုသိုလ်များ တဲ့ လူမျိုးဟာ Uီးသန့်ကို “ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့” ဖြစ်ခ့မဲ ယ်လို့ ယုံကြည်ပါတယ်။ Uီးသန့်ရဲ့ မိတ်ဆွေရင်း Uီးနုဟာ “Uီးသန့်ဟာ Aလွန်ရိုးသားဖြောင့်မတ်သူတယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း Aလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါတယ်” လို့ Aတိုချုပ်ပြောခဲ့ဖူးပါတယ်။ တကယ်တော့ Uီးသန့်ဟာ ဘယ်ဘာသာကို မဆို ရိုသေကိုင်းရှိုင်းတဲ့ လူယU်ကျေးဖြစ်ပါတယ်။ Uီးနုပြောတဲ့ “Uီးသန့်ဟာ Aလွန်ရိုးသားဖြောင့်မတ်သူ” ဆိုတဲ့ စကားဟာ ရိုးရိုးနဲ့ ပြည့်စုံလှတဲ့ ဂုဏ်ပုဒ်ပါပဲ။ UီးAုန်းမြင့် (ဒို့ရှမ်းပြည်) ကတော့ ဗုဒ္ဓဘာသာ ရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့ “သူဇာတာတို့၏ များစွာ နှစ်လိုကြည်ညိုခင်မင်စေနိုင်သော သွင်ပြင်AမူAရာရှိခြင်း” လို့ Aချုပ်ပြောပါတယ်။ Aဲဒါကို “သရဏီယတရား ခြောက်ပါးနဲ့ ပြည့်စုံသူ” ပြောနိုင်ပါတယ်တ့။ဲ သရဏီယတရား ခြောက်ပါးဆိုတာက (၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်AမူAရာရှိခြင်း၊ (၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်AမူAရာရှိခြင်း၊ (၃) ချစ်ခင်နှစ်လိုဖွယ် စိတ်AမူAရာရှိခြင်း၊ (၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊ (၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊ (၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ Aားလုံး (၆) ပါးပါ။ “ချစ်ခင်နှစ်လိုဖွယ် AမူAကျင့်နဲ့ ပြည်စုံသူ” လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။

“ဗုဒ္ဓဘာသာနှင့် Uီးသန့်” ဆိုတဲ့ ဘိလပ်က ဂါဒီယန်သတင်းစာ ဆောင်းပါးတပုဒ်ကို တက္ကသိုလ်စိန်တင်ပြုစုတဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ Uီးသန့်” ဆိုတဲ့ စာAုပ်မှာ ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။ Aဲဒီဆောင်းပါးက “ဗုဒ္ဓဘာသာနှင့် Uီးသန့်” (လန်ဒန်၊ေAာက်တိုဘာ (၁၉) ရိုက်တာ) ကုလသမဂ္ဂဆိုင်ရာ မြန်မာသံAမတ်ကြီး Uီးသန့် ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာသည်ပင် Uီးသန့်ကို ကုလသမဂ္ဂAတွင်းရေးမှူးချုပ် ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်နိုင်သော Aထောက်Aကူဖြစ်နေပြီ ဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးက ယနေ့ခေါင်းကြီးပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။ ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင် ဗုဒ္ဓဘာသာဝင်များမှာ သမစိတ္တရှိကြ၍ Aလယ်Aလတ်လမ်းစU်ကို လက်ကိုင်ထားပြီး Aမြတ်ဆုံးတရားကို ရှာဖွေနေသူများဖြစ်သည် စသဖြင့် ပါရှိသည်။ ထိုသို့ ရည်ရယ်ွရင်းရှိကြသော လူမျိုးများမှာ Aဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ ထားရှိတတ်သော သဘောရှိသူများဖြစ်သည်။ Uီးသန့်ကို ကြည့်ပါလျှင် သူယုံကြည်လက်ခံသော ဘာသာတရားကြောင့်ပင် ကုလသမဂ္ဂ၏ တာဝန်ကြီးများကို ထမ်းဆောင်ရန် သင့်တော်သူတUီးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် Aဆိုပါ ဂါဒီယန်သတင်းစာကြီးက ဆက်လက်ဝေဖန်ရေးသားထားပေသည်။ Aထက်ပါစာဟာ ရိုက်တာသတင်းဌာနက ဂါဒီယန်သတင်းစာပါ ဆောင်းပါးထဲက Aကြောင်းAချက်တခုကို ဖောက်သယ်ချလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ Uီးသန့်ဟာ မြန်မာပြည်သား တယောက်Aနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မိေAးနှစ်ခါနာဆိုသလို ခံခ့ရဲ သူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကို မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားတာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်းခဲ့တာ

စာAုပ်တွေနဲ့ Aတူ သူ့Aိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ Aသက်စနွ့်ပြီး ဆောင်ရက်ွခ့ရဲ တဲ့ Aတွေ့Aကြုံ လည်း ရှိပါတယ်။ Uီးနုရဲ့ မှတ်ချက်ချAတိုင်း Aလွန်ရိုးသားဖြောင့်မတ်ပြီး မေတ္တာရှေ့ထားစU်းစားတတ်သူလည်း ဖြစ်ပါတယ်။ ဒါတွေက Uီးသန့်ရဲ့ ပင်ကိုယ် Aရည်Aချင်းတွေပါ။ ဒီAရည်Aချင်းတွေကို Uီးသန့်ဟာ ဗုဒ္ဓဘာသာဝင် တUီးAနေနဲ့ တည်ဆောက်ခ့တဲာ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ဒီAရည်Aချင်းတွေ ရှိနေတာလည်းမဟုတ်ပါ ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။ Uီးသန့်က Uီးနုလို Aယူသည်းမှုတွေ မပါရှိပါဘူး။ နတ်၊ ဗေဒင်၊ ပုတီးတွေ မပါပါဘူး။ Uီးသန့်မှာ သီလနဲ့ ပညာပိုင်းမှာ လူတကာထက် ပိုပါတယ်။ Uီးသန့်ကို ဗုဒ္ဓဘာသာဝင်တUီးလို့ ဆိုတာထက် “ဗုဒ္ဓဘာသာဝင်ကောင်းတUီး” လို့ “ကောင်း” ဆိုတဲ့ ၀ိသေသတလုံး တိုးဖြည့်ပြောမှ တခြားဗုဒ္ဓဘာသာဝင်တွေနဲ့ မရောမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် Uီးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့် (၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။ (၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခ့တဲ ယ်။ (၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခ့တဲ ယ်။ (၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။ ဗိုလ်နေ၀င်းAစ ဗိုလ်သန်းရွှေAဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့် ခုAခါမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ရော ဗုဒ္ဓဘာသာရဲ့ဂုဏ်ရော၊ မြန်မာလူမျိုးရဲ့ဂုဏ်တွေ Aထူးနိမ့်ကျခဲ့ရပါတယ်။ ဒီဂုဏ်တွေကို သူများက ဆည်ပေးလို့မရပါ။ Uီးသန့်ကို မနာလို တိုရှည် ဖြစ်နေလို့လည်း မပြီးပါ။ Uီးသန့်ဂုဏ်တွေကို ဖျက်ပစ်လို့လည်း မရပါ။ မိမိတို့မှာ ကျဆင်းနေတဲ့ ဂုဏ်ကို မိမိတို့ဘာသာ ပြန်လည်မြှင့်တင်မှသာ ရနိုင်ပါတယ်။ ဗိုလ်ချုပ်တွေAနေနဲ့ မိမိတို့ရဲ့ ဂုဏ်ကို ဆည်ချင်ရင် Aလွန်လွယ်ပါတယ်။ Uီးသန့် Aမိန့်ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ Aရင်

ရှင်းရပါလိမ့်မယ်။ Uီးသန့်ကို မေတ္တာရှေ့ထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဝပြော စေချင်ပါတယ်ဆိုတဲ့ စေတနာထားလိုက်ရင် Aစစချောမောသွားပါလိမ့်မယ်။ စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကို ငါတို့ ဘုန်းကြီးလို့ သာမန်လူတွေ မဖူးနိုင်ကြဘူးလို့ ထင်မနေပါလေနဲ့။ မကောင်းတာလုပ်ရင် လူတွေက ကိုယ့်ကို ရှောင်ကြမယ်။ ကိုယ်တိုင်ကလည်း လူတောမတိုးဝံ့ ဖြစ်မယ်။ ကောင်းတာလုပ်ရင် Uီးသန့်လိုပဲ လူရာဝင် လူတောတိုးနိုင်ပါလိမ့်မယ်။ လူကောင်းတUီးကို “လူတောမတိုးစေနဲ့” ဆိုတဲ့ ရည်ရယ်ွချက်နဲ့ Aကျယ်ချုပ်၊ AကျU်းချုပ်ထားပေမယ့် လူတွေက တနေ့တခြား ပိုပြီးသာ ကြည်ညိုလာပါလိမ့်မယ်။ မကောင်းတဲ့လူကတော့ သူများAကျယ်ချုပ်မထားရဘဲ ကိုယ့်ဘာသာ Aကျယ်ချုပ်ချကာ ခံနေရပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးတွေAားလုံး မေတ္တာပွားနိုင်ပါစေ။ တိုင်းပြည်ငြိမ်းချမ်းသာယာေAာင် ဆောင်ရက်ွနိုင်ကြပါစေ။ ကျနော်တို့ ကြည်ညိုစွာ Aလေးပြုပါရစေ။

{&m0wD tifwmeuf r*¾Zif; rS armifpGrf;&nf \ OD;oefYESifY ol\ bmoma&; udk azmf jyjcif;jzpfygonf/ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxx

OD;oefY ESifY ol\ EdlifiHa&; Uီးသန့်ကို လက်ဝသဲ မား ကွန်မြူနစ်လားလို့ တချို့က တွေးကြ၊ ရေးကြ၊ မေးကြသတဲ့။ Uီးသန့်Aနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂAဖွဲ့ ကြီးမှာ Aလုပ်လုပ်နေတဲ့ကာလတလျှောက် ဒီလိုပဲ ထင်ကြပါတယ်။

သာမန်Aားဖြင့်တော့ ဗမာလူမျိုးတွေက ဒီလိုမေးခွန်းမျိုးသာ ကြားလိုက်ရင် ပြုံးကြမှာပါ။ Uီးသန့်နဲ့ လက်ဝဲ၀ါဒဆိုတာ ဘုန်းကြီးနဲ့ ဘီးလိုပဲ၊ ဘာဆိုင်သလဲပေါ့။ ဘုရားဒကာ Uီးနုရဲ့ မိတ်ဆွေမဟုတ်လား။ ဒီနှစ်ဟာ Uီးသန့် ရာပြည့်နှစ်ဖြစ်ပါတယ်။ Uီးသန့်ရာပြည့်Aထိမ်းAမှတ် တံဆိပ်ခေါင်းတွေ ကုလသမဂ္ဂက ထုတ်ပါတယ်။ Uီးသန့်ရာပြည့်Aထိမ်းAမှတ်ပွဲများလည်း လုပ်နေကြပါတယ်။ ဂျပန်ရောက် မြန်မာများကဆိုရင် တခမ်းတနား လုပ်နေပါတယ်။ (ပန်းချီဝင်းဖေနဲ့ ကဗျာဝင်းဖေ(မောင်စွမ်းရည်) တို့ကိုလည်း ဖိတ်ကြားထားပေမယ့် ဗီဇာပြဿနာကြောင့် မသွားနိုင်ခြဲ့ ကပါ။) ရာပြည့်နှစ်ဖြစ်လို့ Uီးသန့်Aကြောင်းကို Aထူး ပြန်လည်စိတ်ဝင်စား လာရပါတယ်။ Uီးသန့်ရဲ့ Aထ္ထုပ္ပတ္တိကို လေ့လာတဲ့Aခါမှာ Aနောက်နိုင်ငံသားတွေက Uီးသန့်ကို ဘာကြောင့် လက်ဝဲသမားရယ်လို့ သံသယရှိရသလဲဆိုတာ Aဖြေလို့ ယူဆရတဲ့Aချက်Aလက်တချို့ကို တွေ့လာရပါတယ်။ ပထမတွေ့ရှိလာရတာက Uီးသန့်ရဲ့ ကျောင်းသားလူငယ်ဘ၀ နိုင်ငံရေးAတွေးAခေါ်တွေ သန္ဓေတည်စ ခေတ်နောက်ခံကို လေ့လာကြည့်ရင် Uီးသန့်ရဲ့ မိသားစုဘ၀ နောက်ခံကားက Uီးသန့်ကို နိုင်ငံရေးစိတ်ဝင်စားဖို့ Aားပေးထောက်ကူနေပါတယ်။ Uီးသန့်ရဲ့ ဖခင်ဟာ ပန်းတနော်လို တောမြို့လေးမှာ တUီးတည်သော ခေတ်ပညာ တတ်၊ Aင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ Aိန္ဒိယပြည်က တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးသူ မြန်မာမျိုးချစ်တUီး ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ၁၈၈၆ ခုနှစ်မှာ ဗြိတိသျှလက်ေAာက်ရောက်ပြီး နောက်နှစ် (၂၀) Aကြာ ၁၉၀၆ ခုနှစ်မှာ ၀ိုင်Aမ္ဘီေAေခၚ ဗုဒၶဘာသာကလ်ာဏယု၀Aသင်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ Aမျိုးသားရေး နိုးကြားလာတဲ့ ၀ံသာနုခေတ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ သူရိယသတင်းစာကို ဗုဒ္ဓဘာသာကလျာဏယုဝ Aသင်း ခေါင်းဆောင်တွေက ထုတ်ဝေကြတယ်။ ဆရာလွန်းခေါ် သခင်ကိုယ်တော်မှိုင်းနဲ့ ပီမိုးနင်း၊ ရွှေUဒေါင်း

စတဲ့ သူ့ခေတ်က သတင်းစာဆရာAကျော်Aမော်တွေ Uီးဆောင်တည်းဖြတ် ထုတ်ဝေကြပြီး ခေတ်ကို ခေါင်းဆောင်တဲ့ သတင်းစာဖြစ်လာခဲ့တယ်။ နိုင်ငံရေး၊ စာပေရေး၊ စီးပွားရေး၊ ယU်ကျေးမှု စတဲ့ ဘက်စုံက နိုးကြားစေပါတယ်။ Uီးသန့်ရဲ့ဖခင်ဟာ သူရိယသတင်းစာ ကုမ္ပဏီလီမိတက်မှာ Aစုရှယ်ယာဝင်ပြီး Aားပေးတယ်။ သူရိယသတင်းစာလည်း Aမြဲမှာယူဖတ်ရှုတယ်။ ၀ိုင်Aမ္ဘီေAကေန ဂ်ီစီဘီေAဖြစ်လာတော့လည်း ထောက်ခံ Aားပေးတယ်။ သူ့သားကြီးဖြစ်တဲ့ Uီးသန့်ကိုလည်း သူရိယသတင်းစာနဲ့တကွ တခြား စာနယ်ဇင်းတွေရော၊ မြန်မာပျို့လင်္ကာ၊ ကဗျာစာပေတွေရော ဖတ်ရှုစေတယ်။ Aင်္ဂလိပ်စာလည်း သင်ယူဖတ်ရှုစေပြီး ခေတ်ပညာတတ် ဖြစ်ေAာင် ပြုစုပျိုးထောင်တယ်။ Aမျိုးသားကျောင်းတွေပေါ်လာတော့ Aမျိုးသားကျောင်းမှာ ပညာသင်စေတယ်။ Uီးသန့်ဟာ ၁၉၀၉ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး ၁၉၂၆ မှာ ဆယ်တန်းေAာင်တယ်။ တက္ကသိုလ်ကို တက်ရောက် ပညာသင်ပြီး ဒဿနိကဘာသာ၊ သမိုင်းဘာသာ စတဲ့ ဘာသာတွေ ယူတယ်။ ၁၉၂၈ ခုနှစ်မှာ Uပစာတန်းေAာင် တယ်။ ဒါပေမယ့် သူ့ဖခင်ကွယ်လွန်ပြီး သူ့ညီတက္ကသိုလ်ရောက်လာလို့ သူ့ညီတွေရဲ့ ပညာရေးကို Aားပေးဖို့ ကျောင်းက ထွက်လိုက်ပါတယ်။ ကျောင်းကထွက်တော့ Aင်္ဂလိပ်Aစိုးရဲ့ Aလုပ်တွေ ရနိုင်ပါတယ်။ ဒါပေမယ့် မလုပ်ဘဲ Aမျိုးသားကျောင်းမှာ ကျောင်းဆရာဝင်လုပ်ပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်ခြင်းတမျိုး၊ Aမျိုးသားတာဝန်ထမ်းဆောင်ခြင်းတမျိုးAဖြစ်နဲ့ သူ့ခေတ်က လူငယ်ခေတ်ပညာတတ်တွေ ယူဆပါတယ်။ ဗိုလ်ချုပ်ေAာင်ဆန်းနဲ့Aတူ ကျဆုံးတဲ့ ဒီးဒုတ်Uီးဘချိုက Aမျိုးသားကောလိပ်ဆရာ၊ Uီးရာဇတ်နဲ့ Uီးဘ၀င်းတို့က Aမျိုးသားကျောင်း ကျောင်းAုပ်ကြီးတွေပါ။ Uီးနုဘွဲ့ရတော့ လည်း Uီးသန့်ဖိတ်ခေါ်လို့ ပန်းတနော်မှာ Aမျိုးသားကျောင်းAုပ်Aဖြစ် Aမှုထမ်းခဲ့ပါတယ်။ Uီးနု တက္ကသိုလ် ပြန်တက်ပြီး Uပဒေဘာသာ သင်ယူချိန်ကျတော့မှ Uီးသန့်က ပန်းတနော် Aမျိုးသားကျောင်းမှာ Aမျိုးသားကျောင်း Aုပ်Aဖြစ် တာဝန်ယူပါတယ်။

Uီးသန့် တက္ကသိုလ်မှာ ပညာသင်စU်က Uီးဖေမောင်တင်၊ မစ္စတာဖာနီဗယ်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ Uီးနုတို့ စတဲ့ စာပေAသိုင်းA၀ိုင်းနဲ့ ထိတွေ့ခဲ့ပါတယ်။ မစ္စတာ ဖာနီဗယ်ဟာ Aင်္ဂလိပ်AရာရှိကြီးတUီးပါ။ Aငြိမ်းစားယူပြီး မြန်မာ လူငယ်တွေAတွက် တက္ကသိုလ်နားမှာ စာAုပ်ဆိုင်တဆိုင်ဖငွ့်ရင်း တက္ကသိုလ်ဆရာကြီးများAသိုင်းA၀ိုင်းနဲ့Aတူ မြန်မာနိုင်ငံ သုတေသနAသင်း (၁၉၁၁)၊ မြန်မာစာပေပြန့်ပွားရေးAသင်း (၁၉၂၈) မှာ ကူညီဝိုင်းဝန်းနေပါတယ်။ မြန်မာနိုင်ငံ သုတေသနAသင်းဂျာနယ်ကိုလည်း ပါဝင်ကူညီ ရေးသားနေပါတယ်။ သူ့စာAုပ်ဆိုင်မှာ လက်ဝဲစာAုပ် တွေလည်း တင်ထားပါတယ်။ ဂန္ထလောက မဂ္ဂဇင်းဆိုတဲ့ စာပေမဂ္ဂဇင်းတစောင်ထုတ်ဝေပြီး လူငယ်တွေကို ကလောင်သွေးစေပါတယ်။ ဘာသာပြန်ပြိုင်ပွဲလည်း လုပ်ပေးပါတယ်။ သခင်ဘသောင်းနဲ့ Uီးသန့်တို့ဟာ ဘာသာပြန် ပြိုင်ပွမှဲာ ဆုရလို့ စာပေAသိုင်းA၀ိုင်းက Aာရုံစိုက်ခံရပါတယ်။ ဂန္ထလောကမှာ ကလောင်သွေးကြသူ Aများစုဟာ Aမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ Aမျိုးသားကျောင်း မှာ မြန်မာစာ၊ မြန်မာ့သမိုင်းကို Aထူးသင်ယူခြဲ့ ကသူတွေဖြစ်ပါတယ်။ တက္ကသိုလ်မှာလည်း ပါမောက္ခ Uီးဖေမောင် တင် Uီးဆောင်ပြီး ဖွင့်လှစ်ခါစ မြန်မာစာဂုဏ်ထူးတန်းကို တက်ရောက်ကြသူတွေလည်း ဖြစ်ကြပါတယ်။ နောင်Aခါ ခေတ်စမ်းစာပေဆိုပြီး စာပေသစ်တခေတ်ကို ဆန်းသစ်စေခဲ့ပါတယ်။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ Aုပ်စု ဖြစ်ပါတယ်။ Uီးသန့်ဟာ မြန်မာစာဂုဏ်ထူးတန်း မတက်ခ့ေဲ ပမယ့် ဂန္ထလောက ကလောင်ရှင်၊ ခေတ်စမ်းAုပ်စုမှာ ရောနှောသွားခဲ့ပါတယ်။ သူက ဒဿနိကဗေဒကို စိတ်ဝင်စားခဲ့ပါတယ်။ Uီးသန့် Aသက် (၂၀) Aရွယ်လောက်မှာ ဗြိတိန်နိုင်ငံက လက်ဝဲစာပေကလပ်ကို လှမ်းပြီး Aသင်းဝင်ပါတယ်။ လက်ဝဲစာပေကလပ်မှာ မြန်မာထဲက ပထမဆုံး Aသင်းဝင်ဖြစ်ပါတယ်။ လက်ဝဲစာပေများသာမက ဗြိတိန်က စာနယ် ဇင်းတွေကိုပါ မှာဖတ်ခ့ပဲါတယ်။ သူ့ခေတ်မှာ ဘိလပ်က စာနယ်ဇင်းတွေကို သူလောက်ဖတ်သူ ရှားပါလိမ့်မယ်။ Aဲသလို စာAုပ်တွေဖတ်ပြီး ဂန္ထလောကမဂ္ဂဇင်းကနေ ပြတ်ပြတ်သားသားဝေဖန်ပါတယ်။

နောင်Aခါ လူထုUီးလှဖြစ်လာမယ့် ကြီးပွားရေး မောင်လှUီးစီးတဲ့ “ကြီးပွားရေးမဂ္ဂဇင်း” ဟာ ၁၉၃၃ ခုနှစ်လောက်မှာ စတင်ထုတ်ဝေပါတယ်။ “ကြီးပွားရေး” ဆိုတာ ဟိုခေတ်က “ဖွံ့ဖြိုးတိုးတက်ရေး” ဆိုတဲ့ Aဓိပ္ပာယ်ပါ။ (စီးပွားရေး မဟုတ်ပါ။) Aဲဒီမဂ္ဂဇင်းမှာ သိပ္ပံမောင်ဝက ကလောင်နာမည်ဝှက် (၁၀) မျိုးမကသုံးပြီး ရေးပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ တက္ကသိုလ်မောင်သန့်စင်၊ ကုသ၊ မြကေတု စတဲ့ ခေတ်စမ်းစာပေAုပ်စု တခုလုံး ၀င်ရေးပါတယ်။ Uီးသန့်လည်းပဲ ၀င်ရောက်ရေးသားရင်း စာပေနိုင်ငံရေး၊ လူမှုရေးဝေဖန်စာများ ရေးလာခဲ့ပါတယ်။ ကိုနု၊ ကိုေAာင်ဆန်း၊ ကိုရာရှစ်တို့ ခေါင်းဆောင်တဲ့ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိယသပိတ်ဟာ မြန်မာနိုင်ငံရေးကို Aရှိန်မြင့်စေပါတယ်။ လွတ်လပ်ရေးတိုက်ပဆွဲီကို Uီးတည်လာပါတယ်။ Aရင်ကလို ရာထူးခွဲဝေ ယူရေး၊ ပြပြုင်ရေးကိစ္စတွေလောက် မဟုတ်တော့ပါ။ လူငယ်တွေAနေနဲ့ Aင်္ဂလိပ်နယ်ချဲ့ Aရင်းရှင်စနစ်ကို တိုက်ခိုက် ဆန့်ကျင်နေတဲ့ ရုရှားကို မျက်စိကျလာပါတယ်။ လက်ဝဲ၀ါဒဟာ လက်ယာဝါဒ နယ်ချဲ့Aရင်းရှင်ကို ဆန့်ကျင်တယ်ဆိုတဲ့Aနေနဲ့ လက်ဝဲ၀ါဒကို လိုက်စားလာကြပါတယ်။ ဒီးဒုတ်Uီးဘချိုရဲ့ ဖေဘီယန် ဆိုရှယ်လစ်ပါတီဟာ လက်ဝဲပါတီတခုပါ။ Uီးနုလည်း သူ့ဆရာနဲ့တွဲပြီး ဖေဘီယန်ဂိုဏ်းဝင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ Uီးနုက နဂါးနီစာAုပ်Aသင်းကို တည်ထောင်တယ်။ ဘိလပ်က လက်ဝစဲာပေကလပ်ကို Aတုယူ တယ်။ ၁၉၃၇ မှာ နဂါးနီစာAုပ်Aသင်း ထူထောင်လျှင် ထူထောင်ခြင်း Uီးနုရဲ့ မိတ်ဆွေ Uီးသန့်လည်း နဂါးနီစာAုပ်Aသင်းဝင် ဖြစ်လာခဲ့ပါတယ်။ Aသင်းဝင်Aဖြစ် စာAုပ်တွေကို ၀ယ်ဖတ်ရုံမက ဆောင်းပါးတွေ ၀င်ရေးခဲ့ပါတယ်။ နဂါးနီစာစောင်မှာ Uီးသန့်က “လက်ဝဲဂိုဏ်းများ၏၀ါဒ” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးတယ်။ Uီးသိန်းဖေမြင့်က လက်ဝစဲာစု ထုတ်တော့ ထပ်ပြီးသုံးတယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ ထင်ရှားပါတယ်။ Aရေးရှင်း၊ Aတွေးရှင်းပါ တယ်။ လက်ဝဲဂိုဏ်းဆိုတာ ဆင်းရဲသားဝါဒ (၀ါ) ဘုံဝါဒ (၀ါ) ဆိုရှယ်လစ်ဝါဒတို့ကို ခေါ်တယ်။ လက်ယာဂိုဏ်း ဆိုတာက ဓနရှင်ဝါဒ၊ နယ်ချဲ့ဝါဒကို ခေါ်တယ်လို့

Aဓိပ္ပာယ် ရှင်းလင်းဖွဲ့ဆိုလိုက်ပါတယ်။ AဲဒီAချိန်က ဖြစ်နေတဲ့ ဂျာမနီ၊ Aီတလီတို့က စပိန်ကို ၀င်ရောက်တိုက်ခိုက်တာဟာ လက်ဝဂဲိုဏ်းကြီးစိုးမှာစိုးလို့ နှိမ်နင်းတာပဲ။ တရုတ်ပြည်ကို ဂျပန်ဝင်တိုက်တာဟာလည်း တရုတ်ပြည်မှာ ရုရှားလက်ဝAဲ ယူAဆ ၀င်လာတာကို မနှစ်မျို့လို့ ၀င်တိုက်တာပဲလို့ ဖြစ်ခါစ ကမ္ဘာစစ်ကို နယ်ချဲ့တို့ရဲ့ ကျူးကျော်စစ်ဖြစ်ကြောင်း သိစေပြီး “လက်ဝနှဲင့်လက်ယာ တိုက်ပသွဲ ည် ကမ္ဘာ့ရာဇ၀င်ရှိ တိုက်ပွမျဲားထက် Aဆပေါင်းများစွာ ပိုမိုကြီးကျယ်၏” လို့လည်း မှတ်ချက်ပေးလိုက် ပါတယ်။ “ကမ္ဘာကြီးတခုလုံး၏ နောင်ရေးသည် ၎င်းစပိန်နှင့်တရုတ်ပြည်Aရေးတို့တွင် တည်သည်ဟုဆိုလျှင် များစွာမှားမည်မဟုတ်ပေ” လို့လည်း မှတ်ချက်ချ၊ နိမိတ်ဖတ်ခ့ပဲါတယ်။ သူ နိမိတ်ဖတ်ခဲ့တဲ့ ပြဿနာAတိုင်း ဖြစ်လာခဲ့တာဟာ သူ ကုလသမဂ္ဂတာဝန် ထမ်းဆောင်ချိန်Aထိ တဆက်တည်းဖြစ်လာတဲ့ ပြဿနာAဖြစ်နဲ့ သူ ဖြေရှင်းနေခဲ့ရပါတယ်။ သူဟာ Aဲဒီလို လက်ဝAဲ မြင်နဲ့ နိုင်ငံရေးဝေဖန်လာတဲ့Aခါ ၀ံသာနုAမြင်တွေနဲ့ Aမျိုးသားနေ့Aမြင်တွေကိုပါ ကျU်းမြောင်းဟန် မြင်တွေ့သုံးသပ်လာခဲ့ပါတယ်။ သူနိမိတ်ဖတ်တဲ့ လက်ဝဲ-လက်ယာတိုက်ပွဲဟာ မြန်မာပြည်တွင်း ကို ၀င်လာတော့ ဂျပန်နဲ့ Aင်္ဂလိပ်တိုက်ပAွဲ သွင် ဆောင်လာပါတယ်။ နောက်ကျပြီး နယ်ချဲ့လို့ နယ်မြေနည်း နည်းသာ ရစရာရှိတော့တ့Aဲ တွက် နယ်ချဲ့လက်ဟောင်းကြီးတွေရဲ့ လက်က နယ်မြေတွေကိုပါ လက်ရဲဇက်ရဲ ၀င်လုလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဆစ်ဂျပန်ကို သူရဲ့မိတ်ဆွေ ကိုနု၊ ကိုေAာင်ဆန်းတို့က ရှေ့ဆောင် ခေါ်ယူလာရုံမက သူ့ကိုပါ ဂျပန်ခေတ်ပညာရေးတရပ်ကို စီမံကိန်း ရေးဆွဲခိုင်းတာကို ခံရပါတယ်။ ပညာရေး စီမံကိန်းရေးဆြွဲ ပီးနောက် ရန်ကုန်AစိုးရAဖွဲ့ မှာ မပါ၊ မ၀င်ဘဲ ပန်းတနော်ပြန်ပြီး Aမျိုးသားကျောင်းပြန်ဖငွ့်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးပေါ်ပေါက်လာတော့ ရိက္ခာစုဆောင်းရေးတာဝန်ယူရင်း ဖက်ဆစ်ဆန့်ကျင်ရေးဂိုဏ်းမှာ ပါဝင်လာခဲ့ပါတယ်။ ဖက်ဆစ်ဂျပန်ထွက်သွားပြီး Aင်္ဂလိပ်ပြန်ဝင်လာတော့ လွတ်လပ်ရေးရတော့မယ့် AခြေAနေကို သိမြင်လာခဲ့တယ်။ Aရေးကြီးတဲ့Aချိန်မှာ စာနယ်ဇင်းတခုကို

ကိုယ်တိုင်ထုတ်ပြီး နိုင်ငံရေးနဲ့ စာပေရေးဘက်မှာ ဝေဖန်ဖေးမပေးဖို့ ကြိုးစားချင်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ေAာင်ဆန်းတို့ လုပ်ကြံခံရတော့ သူ့ရည်ရွယ်ချက် ပျက်သွားရပါတယ်။ UီးနုAစိုးရ တက်လာတော့ သူ့ကို ဖဆပလAဖွဲ့ ကြီးမှာ ပြန်ကြားရေးAရာရှိAဖြစ် ဇွတ်ခေါ်ယူ တာဝန်ပေးပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတခုရဲ့ တာဝန်ကို ပထမဆုံးနဲ့ နောက်ဆုံး ထမ်းဆောင်ရခြင်းပါပဲ။ မကြာခင် လွတ်လပ်ရေးရတော့ Uီးနုက Uီးသန့်ကို ပြန်ကြားရေးဌာနကို ခေါ်ယူပြီး Aသံလွှင့်ဌာန ညွှန်ကြားရေးဝန် ခန့်ပါတယ်။ ဒီAခါမှာ လွတ်လပ်ရေးနဲ့Aတူ ပြည်တွင်းစစ်ကြီး မွေးဖွားလာခဲ့ပါတယ်။ လက်ဝဲဂိုဏ်းရဲ့ နဂါးနီစာAုပ်သင်း ခေါင်းဆောင် Uီးနုနဲ့ ကျန်လက်ဝဂဲိုဏ်းသားများ ကွဲသွားခဲ့ရာက ဖြစ်တဲ့ ပြည်တွင်းစစ်ပါ။ ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်ေAာင်ဆန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်များနဲ့ Aတူ ဖဆပလကို ဖွဲ့ စည်းခဲ့ပါတယ်။ ဂျပန်မ၀င်ခင်ကတည်းက ဖက်ဆစ်ဆန့်ကျင်ရေးလုပ်နေတဲ့ ကွန်မြူနစ်များကို ဗိုလ်ေAာင်ဆန်းက တပ်မတော်နဲ့ ပူးပေါင်းပေးလိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးေAာင်ပွဲရပြီးတော့ လက်ဝသဲ မားချင်း စကွဲသွားပါပြီ။ ဗိုလ်ေAာင် ဆန်းက လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့ Aရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ၀ါဒရေးရာ ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေ ပြင်းထန်လာပြီး ပြည်တွင်းစစ်ဖြစ်ခြဲ့ ခင်းပါ။ ခုထက်ထိ နှစ်ဖက်စလုံး ပြင်မရတဲ့ Aမှားဖြစ်နေဆဲပါပဲ။ (Aတိတ်က ကွဲပြဲမှုကို တရားခံမရှာလိုတော့ပါ။ ရှေ့မှာ ဒီပြည်တွင်းစစ်ကြားက ထွက်ပေါ်လာတဲ့ စစ်Aာဏာရှင် စနစ်ကို ဘယ်လို စာရင်းရှင်းရမလဲဆိုတာက Aရေးကြီးနေပါတယ်။ ဖ-ဆဆိုရှယ်မွေးခဲ့တဲ့ သရဲကို လက်ဝ-ဲ လက် ယာ မရွေး ၀ိုင်းဝန်းတိုက်ကြရမှာပါ။ လွတ်လပ်စ မြန်မာAစိုးရက ဆိုရှယ်လစ်ပန်းတိုင်ကို ချီတက်မယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါဟာ ဗိုလ်ချုပ်ေAာင်ဆန်းလမ်းစU်ပါပဲတဲ့။ ပြည်တွင်းစစ်ဖြစ်လာတော့ တောထဲကို ရောက်နေတဲ့ လက်ဝဲဂိုဏ်းသားတွေကို Uီးသန့် တို့ ဆန့်ကျင်ရပါတယ်။ ဒီမိုကရေစီ ပြန့်ပွားရေးAသင်းလို့ Aမည်ပေးပြီး ဒီမိုကရေစီစာစောင်တခုလည်း ထုတ်ဝေခဲ့ ပါတယ်။ Uက္ကဋ္ဌ မြို့မUီးဘလွင်၊

Aတွင်းရေးမှူး Uီးသန့်ပါ။ Uီးသန့်ဟာ Aသံလွှင့်ရာမှာ မြန်မာလိုရော၊ Aင်္ဂလိပ်လိုပါ လွှင့်ပါတယ်။ Uီးနုရဲ့ မိန့်ခနွ်းတွေကိုလည်း ရေးပေးရပါတယ်။ ဒီမိန့်ခနွ်းတွေကိုပဲ သူကပြန်ပြီး Aင်္ဂလိပ်လို ဖောက်သည်ချရပြန်ပါတယ်။ ၁၉၄၈ ခုနှစ် Eပြီ (၈) ရက်နေ့ Aသံလွှင့်ခ့တဲ့ဲ “Burma Choose Democracy” ဆိုတဲ့ ဆောင်းပါးဟာ လွတ်လပ်စ ဗမာပြည်Aနေနဲ့ ကမ္ဘာကို သတင်းပေးခဲ့တာဖြစ်လို့ Aရေးကြီးပါတယ်။ ဒီAသံလွှင့်ဆောင်းပါးမှာ “The declared political objective of the AFPFL is State Socialism” လို့ ဆိုထားပါတယ်။ “Democratic Socialism” ကိုလည်း ထပ်ဆင့် ပြောဆိုထားပါတယ်။ Uီးနုက “ဆိုရှယ်လစ် ပန်းတိုင်ကို သွားရာလမ်းနှစ်သွယ်ရှိတယ်။ ဗြိတိသျှလမ်းနဲ့ ဆိုဗီယက်လမ်းတို့ဖြစ်ပါတယ်။ ဗြိတိသျှလမ်းက ပန်းတိုင်ကို နှေးနှေးမှန်မှန်နဲ့ ရောက်ပါတယ်။ ဆိုဗီယက်လမ်းကတော့ A မြန်ရောက်တယ်။ ဒါပေမယ့် သွေးထွက် သံယိုရှိမယ်လို့ ဆိုထားပါတယ်။ Aဲဒါကို Uီးသန့်က ဗြိတိသျှနည်းက ရွေးကောက်ပွနဲ ည်း၊ ဆိုဗီယက်နည်းက လက်နက်နဲ့ A ကြမ်းဖက်တ့နဲ ည်း ဖြစ်ပါတယ်လို့ ရှင်းပြတယ်။ ဒါပေမယ့် လက်နက်နဲ့ A ကြမ်းဖက်တဲ့နည်းကို A ပြစ်မတင်ပါဘူး။ ရုရှားမှာ ဇာဘုရင်က A ကြမ်းဖက်နှိပ်ကွပ်နေလို့ တော်လှန်ရတာဖြစ်ကြောင်း ပြောပြပြီး မြန်မာပြည်မှာ ဒီလိုလုပ်စရာမလို။ ဖဆပလကတော့ A ကြမ်းဖက်နည်းကို မရွေး၊ ငြိမ်းချမ်းတဲ့နည်း၊ ဒီမိုကရေစီနည်း ကို ရွေးလိုက်ပြီလို့ ရှင်းလင်းကြေညာတာပါပဲ။ ဒီလိုရှင်းရာမှာ ဆိုဗီယက်ရဲ့ A ကြမ်းဖက်နည်းကို သူ့နိုင်ငံနဲ့ သူ မှန်ကန်လေဟန် ပြောခဲ့ပေမယ့် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်A ဖြစ် Aာဏာရှင်စနစ်ကို ဖော်ပြလိုက်ပါတယ်။ “Democracy” နဲ့ “Dictatorship” ဆိုတဲ့ ဝေါဟာရနှစ်လုံးနဲ့ မပြီးသေးဘူးဆိုပြီး ဆက်ရှင်းတဲ့A ခါ A စိုးရတမျိုးက ပြည်သူတUီးချင်းရဲ့ လွတ်လပ်ပြီး ပြည့်စုံတ့ဘဲ ၀ကို Aာမခံပြီး နောက်A စိုးရတမျိုးကတော့ ပြည်သူတUီးချင်းဟာ နိုင်ငံတော်ကို A လုပ်A ကျွေးပြုရမယ်လို့ဆိုပြီး A ယူA ဆ နှစ်မျိုးရှိကြောင်း၊ တနည်းပြောရရင် “A စိုးရတမျိုးက ပြည်သူကို A စိုးရက ပိုင်ပြီး တခြားA စိုးရတမျိုးက A စိုးရကို ပြည်သူက ပိုင်တယ်” လို့ ထပ်ရှင်းပါတယ်။

ဒီနေရာမှာတော့ လက်ဝဲ၀ါဒကို (၁) Aကြမ်းဖက်ဝါဒ၊ (၂) ပြည်သူကို Aစိုးရက ပိုင်တဲ့ဝါဒ၊ ပြည်သူတိုင်းဟာ နိုင်ငံတော်ကို Aလုပ်Aကျွေးပြုရမယ့် ၀ါဒလို့ နိဂုံးချုပ်လိုက်ပါတယ်။ Aကြမ်းဖက်ခြင်းဟာလည်း သူ့တိုင်းပြည်န့သဲူ (ရုရှား ဇာဘုရင်လက်ထက်)၊ သူ့Aခါနဲ့သူတော့ မှန်ပေမယ့် မြန်မာနိုင်ငံမှာ မမှန်ဘူးလို့ သူပုန်ထနေတဲ့ ကွန်မြူနစ်များကို ပြောဆိုခြင်းပါပဲ။ Uီးသန့်ဟာ နဂါးနီစာစောင်မှာ “လက်ဝဲဂိုဏ်း၏၀ါဒ” ကို ရှင်းပြတုန်းက လက်ဝဲ၀ါဒဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ကြီးပွားတိုးတက်ခြင်းတို့ကို လိုလားတဲ့ ၀ါဒလို့ ဖွင့်ဆိုထားခဲ့ဖူးပါတယ်။ မြန်မာပြည်လွတ်လပ်စမှာ ကြားနေနိုင်ငံAနေနဲ့ ဘက်မလိုက်ဝါဒကို ကျင့်သုံးလို့ သြဇာတက်ခ့ပဲါတယ်။ Uီးနုက တရုတ်ပြည်သစ်ကို ချက်ချင်းထောက်ခံပြီး ကုလသမဂ္ဂ၀င်ခွင့်ပြုရေးကို AUီးဆုံး Aဆိုတင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးသွားတော့ Uီးသန့်လည်း လိုက်သွားရတယ်။ Aပြန်မှာ “ဂန္ဓာလရာဇ် မှတ်တမ်း” ဆိုပြီး စာAုပ်ရေးတော့ Uီးသန့်လည်း ၀င်ရေးရတယ်။ “ကိုယ်တွေ့တရုတ်ပြည်သစ်” တဲ့။ တရုတ်ပြည်မှာ Aံ့ဖယ်ွကောင်းလောက်ေAာင် သန့်ရှင်းပြီး စည်းကမ်းရှိတာကို ချီးကျူးတယ်။ ဒါပေမယ့် တချို့ပြောပြတာက Aာဏာနဲ့ ခိုင်းကြောင်း၊ တခါတရံ ကြိမ်ဒဏ်၊ တခါတရံ သေဒဏ်ထိ Aပြစ်ပေးလေ့ရှိကြောင်းကို ရေးပါတယ်။ ဘာသာရေးလွတ်လပ်တာကိုတော့ ကိုယ်တွေ့လေ့လာပြီး ချီးကျူးတယ်။ ပုဂ္ဂလိက သတင်းစာမရှိဘဲ Aစိုးရသတင်းစာတွေသာ ရှိတာကို သဘောမကျဘူး။ နိုင်ငံခြားသားတွေနဲ့ တရုတ်တွေကို လွတ်လွတ်လပ်လပ် ဆက်ဆံခွင့် မပေးဘူး။ ကမ္ဘာ့သတင်းတွေကိုလည်း သိခွင့်မရှိဘူး။ Aစိုးရက သိစေချင်တာပဲ သိခွင့်ပေးတယ်။ ဒါတွေကို သဘောမကျဘူး။ ဒါပေမယ့် တရုတ်Aစိုးရနဲ့ ကွန်မြူနစ်ဝါဒကို မဝေဖန်ရ၊ မဝေဖန်ကြတာကိုတော့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို မဝေဖန်နိုင်သလို၊ ဗြိတိန်မှာ ခရစ်ယာန်ဘာသာကို မဝေဖန်နိုင်သလို၊ Aိန္ဒိယမှာ ဟိန္ဒူဘာသာကို မဝေဖန်နိုင်သလို Aများပြည်သူတွေက Aမှန်တရား (Aမှားမရှိတ့တဲ ရား) လို့ ယုံကြည်ထားတဲ့

ကွန်မြူနစ်ဝါဒကို မဝေဖန်ကြတာဖြစ်မယ်လို့ သူများမပြောတဲ့ Aဖြေကို ပေးပါတယ်။ နိဂုံးချုပ်မှာတော့ “ပန်းတိုင်ချင်းတူပြီး လမ်းစU်ချင်းမတူ” တဲ့ တရုတ်နြဲ့ မန်မာချစ်ကြည်ရေးကို ဆန္ဒပြုပါတယ်။ ဒါဟာ Uီးနုရဲ့ မိန့်ခနွ်းမှာပါတဲ့ “ဆိုရှယ်လစ်ပန်းတိုင်” နဲ့ တရုတ်ပြည်က သွားမယ့် ပန်းတိုင်ချင်းတူတယ်။ ဒါပေမယ့် မြန်မာက ဒီမိုကရေစီနည်း (ရွေးကောက်ပွဲနည်း) ဗြိတိန်နည်းကို ကျင့်သုံးမယ်။ ဆိုဗီယက်နည်း (Aကြမ်းဖက်နည်း) မသုံးဘူး လို့ ကြေညာခဲ့တာကို ရည်ရယ်ွဟန်ရှိပါတယ်။ ဒါကို ရှင်းမပြဘဲ နိဂုံးမှာ ထည့်ခဲ့ပါတယ်။ ဒါကိုလည်းပဲ Uီးသန့်ဟာ ဒီပလိုမက်တစ်ဖြစ်တယ် သို့မဟုတ် လက်ဝဲသံယောဇU်ရှိတယ်လို့ ပြောနိုင်မှာပါပဲ။ Uီးသန့်ကို ၀န်ကြီးချုပ် Uီးနုက ၁၉၅၇ ခုနှစ်မှာ ကုလသမဂ္ဂကို Aမြဲတမ်း မြန်မာကိုယ်စားလှယ်Aဖြစ် ပို့လိုက်တယ်။ Aဲဒီကာလမှာ ပြည်ထောင်စုခရီးဆိုတဲ့ မြန်မာ့လွတ်လပ်ရေးသမိုင်းစာAုပ် သုံးတွဲကို ရေးနေဆဲပ။ဲ ၁၉၆၁ မှာ စာပေဗိမာန်က ရိုက်နှိပ်ထုတ်ဝေတယ်။ Uီးသိန်းဟန် (ဆရာဇော်ဂျီ) ကလည်း “ပြည်ထောင်စုပန်းတိုင်” ဆိုတဲ့ စာAုပ်တAုပ်ကို တည်းဖြတ်ထုတ်ဝေတယ်။ Uီးနုရဲ့ ပြည်ထောင်စုမိန့်ခွန်းတွေပါပဲ။ ပုဂ္ဂိုလ်နှစ်Uီးလုံးဟာ Uီးနုရဲ့ မိတ်ဆွေရင်းတွေပါ။ Uီးနုရဲ့ ပန်ကြားချက်နဲ့ ပြုစုခ့တဲ့ဲ စာAုပ်တွေပါ။ Uီးသန့်က “ပြည်ထောင်စုခရီး” ပထမပိုင်းမှာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ရောက်တာကAစ လွတ်လပ်ရေးရတာAဆုံး AကျU်းချုံးပြီး ရေးပါတယ်။ ပထမAခန်းခေါင်းစU်က “ဗမာ့လွတ်လပ်ရေး ဆုံးရှုံးခြင်း” တဲ့။ Aဲဒီခေါင်းစU်ေAာက်မှာ ခေါင်းစU်ခွဲAနေနဲ့ “Uရောပတွင် ဓနရှင်ဝါဒနှင့် နယ်ချဲ့စနစ် ပေါ်ပေါက်ခြင်း” လို့ Aမည်ပေးပါတယ်။ “နယ်ချဲ့” ရဲ့ Aဓိပ္ပာယ်ကို ဖွင့်ဆိုပြီး နယ်ချဲ့စနစ်ရဲ့ ဇစ်မြစ်Aကြောင်းရင်းဖြစ်တဲ့ “ဓနရှင်ဝါဒ” ကိုထောက်ပြပြီး Aဓိပ္ပာယ်ဖငွ့်ဆိုပါ တယ်။ “Aင်Aားကောင်းသော နိုင်ငံများက

Aင်Aားချည့်န့ေဲ သာ နိုင်ငံများကို မတရား သိမ်းပိုက်Aုပ်စိုးသောဝါဒ”၊ “တနိုင်ငံက တနိုင်ငံကို ကျူးကျော်စော်ကားထားသောဝါဒ”ကို နယ်ချဲ့ဝါဒလို့ ခေါ်ကြောင်းဖြင့် နယ်ချဲ့ဝါဒကို ဖွင့်ဆိုလိုက်တယ်။ ဆက်လက်ပြီးတော့ “နယ်ချဲ့ဝါဒရဲ့ AဓိကAကြောင်းရင်း” တခုAဖြစ် “ဓနရှင်ဝါဒနှင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်Aသီးသီးတို့၏ ဆူကြုံနိမ့်မြင့် Aဆင့်Aတန်းမညီ ကြွဲ ပားခြားနားမှု” ကို စွဲချက်တင်ထားပါတယ်။ (ဓနရှင်ဝါဒကိုတော့ ခုAခါ Aရင်းရှင်စနစ်လို့ Aသုံးများပါတယ်။) Aဲဒီ “ဓနရှင်ဝါဒကို Aလွယ်ကူဆုံးစကားဖြင့် ဖော်ပြရလျှင် ကုန်ကို ထုတ်လုပ်ရာ၌ လူAများ Aကျိုးရှိစွာ စားသုံးရန်Aတွက် ထုတ်လုပ်ခြင်းမဟုတ်ဘဲ Aမြတ် ထွက်ရန်Aတွက် ထုတ်လုပ်သော စီးပွားရေးစနစ်ကို ခေါ်ဝေါ်ခြင်းဖြစ်လေသည်” လို့ ဖွင့်ဆိုပါတယ်။ ဒီဖွင့်ဆိုချက် တွေမှာ “မတရား” ဆိုတဲ့ ဝေါဟာရနဲ့ “ကျူးကျော်စော်ကား” ဆိုတဲ့ စကားတွေ သုံးထားတာကို ကြည့်ရင် Uီးသန့်ဟာ ကုလသမဂ္ဂရောက်နေချိန်မှာလည်း ဓနရှင်ဝါဒနဲ့ နယ်ချဲ့ဝါဒတို့ကို ခါးခါးသီးသီး မုန်းတီးတယ်ဆိုတာ သတိပြုသင့် ပါတယ်။ Aနောက်Uရောပ Aစရှိတဲ့ Aရင်းရှင်နယ်ချဲ့နိုင်ငံက သမိုင်းစာAုပ်တွေမှာ မျက်မှောက်ခေတ်ရဲ့ သမိုင်းကို “စက်မှုတော်လှန်ရေး” (Industrial Revolution) နဲ့ စဖွင့်လေ့ရှိပါတယ်။ သူတို့နိုင်ငံတွေမှာ စက်မှုထွန်းကားလာလို့ ကုန်ချောရောင်းဖို့ ဈေးကွက်ချဲ့ခြင်း၊ ကုန်ကြမ်းရှာဖို့ နယ်သစ်ရှာခြင်းကို တခမ်းတနား ရေးပါတယ်။ Uီးသန့် နိဒါန်းချီခြင်းဟာ လက်ဝဲသမားရေးဟန်ဖြစ်ပါတယ်။ ကွန်မြူနစ်တို့ရဲ့ သမိုင်းဆိုင်ရာ ရုပ်ဝါဒ (Historical Materialism) ရဲ့ AတွေးAမြင်တွေက ဆင်းသက်လာတာဖြစ်ပါတယ်။ Uီးသန့်ဟာ လက်ဝစဲာပေကလပ်Aဖွဲ့ ၀င်၊ နဂါးနီစာAုပ်သင်းခေါ် လက်ဝဲစာAုပ်Aသင်းသားဖြစ်ခြဲ့ ပီး နယ်ချဲ့ဗြိတိသျှလက်ေAာက်ခံ ကျွန်ဘ၀က လာခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လက်ဝဲသမား ဗိုလ်ချုပ်ေAာင်ဆန်း၊ သခင်နု၊ စတာလင်ငြိမ်းချမ်းရေးဆုရ သခင်ကိုယ်တော်မှိုင်း၊ ဖေဗီယန်ဆိုရှယ်လစ်

ဒီးဒုတ်Uီးဘချိုတို့က Uီးဆောင်ခ့တဲာဖြစ်ပြီး Aဲဒီပုဂ္ဂိုလ်တွေဟာ သူ့မိတ်ဆွေရင်း၊ သူ့ဆရာရင်းတွေချည်းပါပဲ။ Uီးနုနဲ့ Uီးသန့်တို့ ကိုယ်တိုင် က ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးAတွက် ရှေ့တန်းသဘောတရားရေး ဆရာတွေ ဖြစ်နေတယ်ဆိုတာလည်း သတိပြုရပါမယ်။ Uီးနုဟာ Aာရှမှာ ဘက်မလိုက်ရေးမူဝါဒကို တီထွင်ဖော်ထုတ် Uီးဆောင်သူတUီးAဖြစ် ထင်ရှားပါတယ်။ ဒီဝါဒကို ထူးထောင်ပြီး ဘန်ဒေါင်းကွန်ဖရင့် ဘက်မလိုက်ပထမညီလာခံလုပ်ခ့ရဲာမှာ Uီးသန့်က ညီလာခံ Aတွင်းရေးမှူးပါ။ လူထု Uီးလှနဲ့ လက်ဝသဲ မား ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ခြဲ့ ကပါတယ်။ ဘက်မလိုက် မူဝါဒဟာ တရုတ်ကွန်မြူနစ် ခေါင်းဆောင် ချူAင်လိုင်းနဲ့ Uီးနုတို့ရဲ့ ချစ်ကြည်ရေးစာချုပ်ကို Aခြေခံခ့ပဲါတယ်။ ဘက်မလိုက်ဘူးဆိုတဲ့စကားရဲ့ Aဓိပ္ပာယ်က နယ်ချဲ့Aရင်းရှင် Aမေရိကန်တို့ဘက်ကို မလိုက်ဘူးဆိုတဲ့ Aဓိပ္ပာယ်ဘက်ကို ပိုကဲနေပါတယ်။ ဒီလိုနဲ့ လက်ဝဲစာပေကလပ်Aသင်းဝင်၊ နဂါးနီAသင်းဝင် ဆိုရှယ်လစ်ပန်းတိုင် ချီတက်ရင်း ဘက်မလိုက်ဝါဒ ထူထောင်တဲ့ နိုင်ငံက ၀န်ကြီးရဲ့ Aတွင်းဝန် ပြန်ကြားရေးဌာနရဲ့ ညွှန်ကြားရေးဝန် Uီးသန့်ဟာ “လက်ဝေဲ ညှာ်နံ့မပျောက်” သို့မဟုတ် “လက်ဝရဲ နံ့သင်း” ဆဲ ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။ ကုလသမဂ္ဂ AထွေထွေAတွင်းရေးမှူးချုပ်Aဖြစ် ၁၉၆၁ က ၁၉၇၁ ခုနှစ်Aထိ သက်တမ်းနှစ်ဆက်ကို Uီးသန့်က ထူးထူးခြားခြား တာဝန်ထမ်းဆောင်ရပါတယ်။ ဗုဒ္ဓ၀ါဒီဆိုတ့စဲ ကားကို ရှေ့တန်းတင်ရင်း ဗုဒ္ဓAလိုတော်Aရ မေတ္တာဝါဒနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတယ်လို့ ကျော်ကြားပါတယ်။ ဒါပေမယ့် ပြည်တော်သာခရီး ပထမပိုင်းရဲ့ နိဒါန်းစကားဖြစ်တဲ့ နယ်ချဲ့Aရင်းရှင်စနစ်နဲ့ ဆင်းရဲပြီး Aင်Aားချည့်န့တဲ့ဲ နိုင်ငံများကြား ပဋိပက္ခ တရားကို မမေ့ပါဘူး။ နယ်ချဲ့ခြင်း၊ ကျူးကျော်ခြင်းကို မကြိုက်ပါဘူး။ တရုတ်ပြည်ကြီး ကုလသမဂ္ဂ Aဖွဲ့ ၀င်ဖြစ်ရေး၊ ကျူးဘားကို ဒုံးပျံမရောက်ရေး၊ ဗီယက်နမ်ဗုံးကြဲတာ ရပ်စေဲ ရးတို့ကို စွစဲြွဲ မဲမြဲ တောင်းဆိုခ့ပဲါတယ်။

Uီးသန့်က “ကွန်မြူနစ်ဝါဒဟာ ကျွန်ုပ်တို့ရဲ့ ရန်သူAစစ်မဟုတ်။ ရန်သူAစစ်ကတော့ ဆင်းရဲခြင်းပါပဲ” လို့ Aမြဲပြောခဲ့ပါတယ်။ ဒီစကားမျိုးဟာ Aနောက်နိုင်ငံသားတွေ မပြောတဲ့ စကားမျိုးပါ။ “လူမျိုးခြွဲ ခားတဲ့ Aာဃာတ စိတ်ဟာ စိတ်ရောဂါတမျိုးပဲ” လို့ ပြောခဲ့တာလည်း နိုင်ငံကြီးတွေက AသားAရောင် ခွဲခြားသူ၊ လူမျိုးခွဲခြားသူတွေ ကို “Aရူး” လို့ ဆိုလိုက်တာပါပဲ။ သူ့ရဲ့ “ဒိုင်း” က ဗုဒ္ဓ၀ါဒပါ။ ဘာပဲဖြစ်ဖြစ် သူရဲ့ ငြိမ်းချမ်းရေးAားထုတ်မှုတွေဟာေAာင်မြင်ပြီး ငြိမ်းချမ်းရေး ဗိသုကာကြီး Uီးသန့်လို့ ကျော်ကြားခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒီတUီးရဲ့ လက်ဝဲ၀ါဒ စွဲလမ်းမှု တမျိုးပေတကားလို့ ဆိုရင် သဘောတူကြပါသလားခင်ဗျား။ iiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiii iiiiiiiiiiiiii

OD;oefY ESifY ywfowf jyD; OD;0if;wif \ tjrif Aလုပ်စားပွကဲ Uီးသန့် (ဓာတ်ပုံ - UN Photo/Grunbaum) သူက နိုင်ငံ့ Aကျိုး တွေလည်း Aတတ် နိုင်ဆုံး ထမ်းဆောင် ခဲ့တယ်။ နောက် ကုလ သမဂ္ဂလို ကမ္ဘာ့ Aဖွဲ့ Aစည်း ကြီးမှာ Aမြင့်ဆုံး နေရာကနေ တာဝန် တွေကို ထမ်းဆောင် ခဲ့တ့သဲူ ဖြစ်လေတော့ သမိုင်းမှာ Aလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်Aရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက်Aနေနဲ့ Aလွန် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက Uီးသန့်ဟာ ကုလသမဂ္ဂလို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရက်ွချက်တွေက ထူးထူးခြားခြား ကောင်းမွန် ခဲ့တာ တွေ့ရတယ်ဗျ။

ကမ္ဘာ့နိုင်ငံတကာAရေးမှာပဲ ကျူးဘားAရေးAခင်းကိစ္စတို့၊ ဒုံးပျံကိစ္စတို့၊ Aရှေ့Aလယ်ပိုင်းကိစ္စ၊ ဗီယက်နမ်ကိစ္စတို့ကိုကြည့်။ ဒီကိစ္စတွေကိုဆောင်ရွက်ရာမှာ သူဟာ Aလွန်ကိုတည်တည်ငြိမ်ငြိမ် ေAးေAး ချမ်းချမ်းနဲ့ေAာင်မြင်မှုရေAာင် ဆောင်ရက်ွခ့တဲာတွေAတွက် ကျနော်တို့ Aလွန်ကို ဂုဏ်ယူစရာ ကောင်းတယ်ဗျ။ သူ့ဟာသူ ရာထူးရတာက တပိုင်းပေါ့ဗျ။ လူတယောက် ရာထူးရပြီး ဘာမှ မယ်မယ်ရရ မဆောင်ရွက်နိုင်တာတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် Aများကြီးရှိတယ်ဗျ။ နောက်တခုက Uီးသန့်ဟာ ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်လုပ်တတ်တယ် ဆိုတာကိုတွေ့ရတယ်။ ဘယ်Aလုပ် လုပ်လုပ် စကားနည်းနည်းပဲပြောပြီး တိတိကျကျ ဆောင်ရက်ွတတ်တယ်ဗျ။ ဒါက ကုကသမဂ္ဂလို နေရာမျိုးရောက်မှ မဟုတ်ဘူး မြန်မာပြည်တွင်းမှာ နေစU်ကတည်းကလည်း ဒီတိုင်းပဲ။ Uပမာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ Aတွင်းဝန်လုပ်တော့ သတင်းစာဌာနတွေဘာတွေနဲ့ ဆက်ဆံတ့ေဲ နရာမှာ တိတိကျကျ တည်တည်ငြိမ်ငြိမ်ပဲ ဆောင်ရက်ွတာ တွေ့ရတယ်။

တည်တည်ငြိမ်ငြိမ်ဆိုတာ တော်တော်လေး Aရေးကြီးတယ်ဗျ။ စကားသိပ်မပြောဘူး။ ကျနော်ဆုံဖူးတာလေး တခုဆိုရင် ၁၉၆၀ ကျော် လောက်ကပေါ့ ဗမာပြည်မှာလာပြီး ဗီယက်နမ်စစ်ပနွဲ့ဲ ပတ်သက်လို့ ဆောင်ရက်ွဖူးတယ်။ ဗီယက်နမ်Aရေးကို ကုလသမဂ္ဂရယ် ဗီယက်နမ်တောင်ပိုင်း၊ မြောက်ပိုင်း Aလယ်ပိုင်းတွေ ဆွေးနွေးရာမှာ ဗမာပြည်က နေရာပေးတယ်ပေါ့ဗျာ။ AဲဒီAချိန်မှာသူက Aလုပ်လုပ်တာမှာ Aကုန်လုံး သင့်သင့်မြတ်မြတ် ဖြစ်ေAာင် လုပ်တတ်တယ်။

ဒီကိစ္စက လျှို့ဝှက်ကိစ္စဗျ။ ဒါပေမယ့် လူတွေက သိချင်တယ်လေ။ Aဲဒီမှာ လျှို့ဝှက်ကိစ္စကိုလည်း မငြင်းရှောင်ဘူး၊ သိသင့်တာကိုလည်း သိရေAာင် မီဒီယာရဲ့သိခွင့်ကိုလည်း မလျော့ပါးေAာင်လုပ်တတ်တယ်ဗျ။ ကျနော် မှတ်မိတာလေး တခုဆိုရင် သူ သတင်းထောက်တွေန့ေဲ တွ့တော့ ကျနော်တို့ထဲက သတင်းထောက်တယောက်က စကားနည်းနည်းလေး ထစ်တယ်။ Aဲဒီတုန်းကလည်း သတင်းထောက် နည်းနည်းပဲရှိတာပါ။ ဒါတောင် တယောက်ကို တမိနစ်ပဲ ပေးမယ်ပေါ့ဗျာ။ မေးတာကော ဖြေတာကောနော်။ Aဲဒီထစ်တ့သဲူက စကားထစ်ပြီး ဗီ ဗီ ဗီ ဗီ ဆိုပြီး ဗီယက်နမ် ဆိုတာတောင် မရောက်ဘဲ ဖြစ်တယ်ဗျ။ Aဲဒီမှာ သူက ပြောလိုက်တယ် ခင်ဗျားဗျာ မေးတာနဲ့တမိနစ်ပြည့်နေပြီ ကျနော့်Aဖြေမပေးနိုင်တော့ဘူး ဆိုပြီး ပြောလိုက်တယ်။ တိတိကျကျ လုပ်တာပေါ့ဗျာ။ တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား လုပ်တတ်တာ Uီးသန့်န့ပဲ တ်သက်တဲ့ Aမှတ်တရ တခုပေါ့ဗျာ။ နောက်တခုက Uီးသန့်AရေးAခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတ့ကဲိစ္စပါ။ Aများကြီး မပြောချင်တော့ဘူး။ တခု ပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ်တော့ပြဲ ဖစ်ဖြစ် သိတယ်ဗျ။ Aထူးသဖြင့် ဗမာပြည်သူလူထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက်တန်တဲ့ AပြုAမူမျိုးကိုလုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် Aမြဲ တုန့်ပြန်တယ်။ ဒီAရေးAခင်းဟာ ဒီသဘောထားကို ထင်ထင်ရှားရှား ပြလိုက် တာပဲ။ Uီးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်Aတွက်၊ ဗမာတယောက်Aနေနဲ့ သိပ်ကိုဂုဏ်ယူစရာကောင်းတယ်၊ နောက်ပြီး Aလွန်ကိုထိုက်ထိုက်တန်တန်နဲ့ ကမ္ဘာ့Aရေးကိုတောင် ဆောင်ရက်ွခ့တဲ့ဲ ပုဂ္ဂိုလ်ရဲ့ ရုပ်Aလောင်းကို ကြိုတာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြောဘူး။ ကြားတာတခုကတော့ AဲဒီAချိန်က Uီးနေဝင်းက

ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာ လို့ပြောတယ်တဲ့။ သူAဲလိုပြောလိုက်တော့ Aားလုံးက သူ့ရဲ့ စိတ်သဘော ကိုသိပြီ။ Aဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။ နောက်ဆုံးပိတ်ကျတော့ ပညာရေးဒုဝန်ကြီးUီးေAာင်ထွန်း ဆိုတာ ကျနော့်သူငယ်ချင်းပါပဲ၊ သူ့ကို တာဝန်ပေးလိုက်တယ်တ့။ဲ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာက နိုင်ငံတကာAဖွဲ့ Aစည်းတွေနဲ့ တွေ့ရမယ့်နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး Aနောက်တိုင်းဝတ်စုံတွေ ဘာတွေဝတ်ပြီး နက္ကတိုင်နဲ့ဘာနဲ့ ကျကျနနသွားတာဗျ။ ဒါပေမယ့် Uီးသန့်ရဲ့ Aလောင်းကိုကြိုမိလိုက်တာနဲ့ Aဲဒီဝန်ကြီးလည်း ပြုတ်ရောဗျ။ Aဲဒါကိုပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို သေးသိမ်ေAာင် လုပ်တယ်ဆိုပြီး မကျေနပ်တော့ ကျောင်းသား ပြည်သူAများက Uီးသန့်Aလောင်းကြီးကိုAတင်း ကျိုက္ကဆံကွင်း ကနေလုကြတာ။ ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုတ်ဖို့တောင် စီစU်ထားတာလို့ ကြားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ Aဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ်ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ ဒါက ဘာပြလဲ ဆိုတော့ ဒီစစ်တပ်က Aုပ်ချုပ်သူတွေဟာ Aမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင်တယ်။ ခုလို ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်ေAာင်လုပ်ချင်တယ်။ Aလေးမထားချင်ဘူး၊ ဂုဏ်ပျက်ေAာင် လုပ်ချင်တယ်။ AဲဒီAတွက် ကြီးစွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။ ဆိုပါတော့ဗျာ ကျနော်စကား ဆက်ပြီးပြောရရင် ဒေါ်ခင်ကြည်ဈာပနတုန်းကလည်း ဒေါ်ခင်ကြည်ကို ကြံတော

မှာမြှုပ်ဖို့လုပ်တယ်ဗျ။ Aဲဒီမှာ ဒေါ်ေAာင်ဆန်းစုကြည်ကကော ကျန်တဲ့ ကျောင်းသား၊ သံဃာ၊ လူထုက လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်တော့ မြို့တော်ခန်းမကိုသယ်ပြီး ပြည်သူ့ဈာပနလုပ်ဖို့Aထိ လုပ်မလို့ဗျ။ နောက်ဆုံး ဒေါ်ေAာင်ဆန်းစုကြည်က ပြည်သူ့ဈာပနလုပ်တာတော့ မကြိုက်ဘူး ဆိုပြီး ပြောတော့မှ သတိရပြီး ဒေါ်ေAာင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြိုက်ပါတယ် ဆိုပြီးဖြစ်တာဗျ။ မိသားစုဈာပဏပဲပေါ့ဗျာ။ Aဲဒီမှာမှ Uီးသန့်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကြား မြေကွက်ကိုပေးလိုက်တာဗျ။ မဟုတ်ရင်ေAာက်ခြေမှာ ပြည်သူလူထုက ဆူပူတော့မှာ။ ဒေါ်ခင်ကြည်တုန်းကလည်း Uီးသန့်AရေးAခင်းလိုကို ဖြစ်တော့မှာ။ ချုပ်လိုက်ရင် မြန်မာလူမျိုးAတွက်သာမက ကမ္ဘာAတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့သူ ကျူးဘားAရေးAခင်းလို ကမ္ဘာမှာ နျူးကလီးယားစစ်ကြီးတောင် ဖြစ်တော့မယ့် AနေAထားကို တားနိုင်ခ့တဲ့ သဲူ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်တဲ့Aတွက် ဂုဏ်ယူရမယ်။ တိုင်းပြည်မှာ ဂုဏ်ယူ Aလေးထားရမယ့် ပုဂ္ဂိုလ်မျိုးကို Aမြဲတမ်းစစ်Aစိုးရက သေးသိမ်ေAာင် မဖွယ်မရာ သဘောထားနဲ့ ပြုမူ ချုပ်ကိုင်တတ်တဲ့ သဘောထားမျိုးရှိတယ်ဆိုတာ Uီးသန့်AရေးAခင်းက သက်သေပြနေတယ်လို့ပဲ ပြောချင်တယ်။ Uီးနေဝင်းက ပုဂ္ဂိုလ်ရေးAာဃာတ ထားတဲ့ပြဿနာတခု .. Aဲဒါကတော့ Uီးနေဝင်းပြဿနာဗျ။ Uီးသန့်ပြဿနာ မဟုတ်ဘူး။ Uီးသန့်ဟာ လူတွေန့ဆဲ က်ဆံရာမှာ Aလွန်ကို တည်ကြည်မှန်ကန်တဲ့ပုဂ္ဂိုလ်ဗျ။ စကားပြောရာမှာ ယU်ကျေးတယ်၊ သိမ်မွေ့တယ်၊ေAးဆေးတယ်။ ဘယ်သူ့ဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံတယ်။ ဒီတော့ ဒီကိစ္စဖြစ်တာဟာ Uီးသန့်နဲ့ မဆိုင်ဘူးဗျ။ Uီးနုနဲ့ Uီးနေဝင်းဖြစ်တဲ့ကိစ္စ။ Uီးနုက Aာဏာသိမ်းခံရတော့ ကမ္ဘာလှည့်ပြီးနိုင်ငံတွေကို ထောက်ခံချက် တောင်းရင်း ကုလသမဂ္ဂကိုရောက်တော့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲ Aခန်းမှာ နိုင်ငံတကာသတင်းထောက်တွေ ရှေ့မှာ ပြောတယ်။

AဲဒီAချိန်က Uီးနေဝင်းက Uီးနုကို ဒေါသဖြစ်နေတာဗျ။ Uီးနေဝင်းAနေနဲ့က သူ့ရဲ့ စစ်Aစိုးရနဲ့ တိုင်းပြည်ကို ငြိမ်ေAာင်ကြိုးစားနေရတဲ့ Aချိန်မှာ Uီးနုက ကုလသမဂ္ဂလို နေရာမျိုးမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ကမ္ဘာသိကြေညာ၊ စစ်Aစိုးရရဲ့ ချွတ်ယွင်း ချက်တွေ ထောက်ပြ၊ သူ့ရဲ့ ဒီမိုကရေစီAခွင့်Aရေးတွေ တောင်းဆိုတာမျိုးတွေလုပ်တော့ Uီးနေဝင်းက ဒေါသထွက် တုန်လှုပ်တယ်။ ဒါက Aစိုးရကို ဖြိုဖျက်နိုင် လောက်ေAာင် ဖြစ်တယ်လေ။ ဒါပေမယ့် Uီးနေဝင်းရဲ့ဒေါသက Uီးနုထက် Uီသန့်ဆီ ရောက်သွားတယ်။ AဲဒီAချိန်မှာ Uီးသန့်န့Uဲီးနုကလည်း Aလွန်ရင်းနှီးကြတာကိုး။ ငယ်သူငယ်ချင်းတွေကိုး။ ဒါဟာUီးသန့်ဟာ Uီးနုကို AထူးAခွင့်Aရေးပေးတာပဲ လို့ထင်တယ်ဗျ။ တကယ်က မဟုတ်ဘူးဗျ။ ဒီAခန်းကို ကုလသမဂ္ဂရောက်တဲ့ ဘယ်နိုင်ငံ့ခေါင်းဆောင်မဆို သုံးခွင့်ရှိတယ်ဗျ။ သူကလည်း နိုင်ငံ့ခေါင်းဆောင်တUီးပဲကိုး။ Aပြင်လူ Aနေနဲ့ ဆိုရင်တော့ Uီးနုဟာ ပြုတ်ကျနေတဲ့ ခေါင်းဆောင်ဟောင်း လို့ပြောမယ်။ ဒါပေမယ့် ခေါင်းဆောင်ဟောင်း မဟုတ်ဘူးဗျ။ Aာဏာသိမ်းခံထားရတဲ့ ခေါင်းဆောင်ဗျ။ Aဲဒီမှာ Uီးနေဝင်းရဲ့ ဒေါသတွေဟာ Uီးနုဆီကနေ Uီးသန့်ဆီကို ရောက်သွားတော့တာပဲ။ Uီးသန့် ဗမာပြည်ကိုရောက်တိုင်း Uီးသန့်ဟာ Uီးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ Aကြိမ်ကြိမ်ပဲ။ Aဲဒါလည်း ကျနော်တို့သတင်းစာလောကက Aသိဆုံးပဲ။ AဲဒီလိုAခါတိုင်းမှာ Uီးနေဝင်းက ငြင်းပယ်တယ်၊ ရှောင်တယ်ဗျ။ Uီးသန့်လာတဲ့Aခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက်နေတယ်၊ Aနားယူနေတယ်၊ နေမကောင်းဘူး Aမြဲလုပ်တယ်။ Aဲဒီတော့ Uီးနေဝင်းနဲ့ Uီးသန့်နဲ့ ကြားမှာ မညီညွှတ်တ့သဲ ဘောထားတွေ ဖြစ်ပေါ်လာတာ Uီးသန့်ကြောင့်မဟုတ်ဘူး။ Uီးနုကနေ ဆက်စပ်ပြီး ပေါ်လာတဲ့ သဘောထား။ Aဲဒီကနေ တဖြည်းဖြည်းကွာသွားပြီး နောက်ဆုံး ဈာပန Aခမ်းAနား မှာတောင် ရုပ်Aလောင်းကို ကြိုမိတဲ့ ဒုဝန်ကြီးတယောက်တောင် ပြုတ်ရတဲ့Aထိ မလိုမုန်းထားစိတ်တွေ ဖြစ်ခ့တဲာပေါ့ဗျာ။

Uီးနေဝင်းAစိုးရက မထောက်ခံတာကြောင့် Uီးသန့်ရဲ့ တတိယသက်တမ်း ပြယ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ Uီးနေဝင်းမထောက်ခံရုံနဲ့ ဒီလိုမဖြစ်ပါဘူးဗျ။ Uီးသန့်ကိုယ်တိုင်ကိုက Aဲဒီမှာ ကျန်းမာရေးက မကောင်းတော့ဘူး။ ငယ်ငယ်ကတည်းက ဆေးပြင်းလိပ်သောက်ခ့တဲာဆိုတော့ သူ့မှာ ကင်ဆာဖြစ်လာတဲ့ AနေAထားတွေ သူသိမယ်ဗျ။ မိခင်နိုင်ငံကကန့်ကွက်တာနဲ့ လူတယောက် Aလုပ်မလုပ် နိုင်တော့ဘူး ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးဗျ။ နိုင်ငံAများစုက ထောက်ခံရင်ကို လုပ်နိုင်တာပဲ။ လုံခြုံရေးကောင်စီ Aဖွဲ့ ဝင်တွေက ထောက်ခံရင်ကိုပြီးတာပဲ။ သူကိုယ်တိုင်ကိုက ကျန်းမာရေးကြောင့် ဆုတ်သွားတာဖြစ်မယ်ဗျ။ Aဲဒီနောက်ပိုင်း ၁ နှစ် ၂ နှစ်Aတွင်းမှာ ဒီရောဂါကဆိုးရွားခဲ့တာကိုးဗျ။ ပြောစမှတ်ပြုစရာကတော့ Aများကြီးတော့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆို Aဲဒီတုန်းက ကျနော်က ငယ်သေးတာကိုး။ နောက်ပြီး ကျနော်က သိပ်ပြီးAရေးပါတဲ့သူလည်း မဟုတ်ခ့ဘဲူး။ ဒါပေမယ့် တခု မှတ်မိ တာကတော့ ကျနော် သတင်းစာAသင်း Aတွင်းရေးမှူး လုပ်စU်ကပေါ့ Aဲဒီတုန်းက Uက္ကဌက ဂါးဒီးယန်း Uီးစိန်ဝင်း။ Uီးသန့်ကရန်ကုန်ရောက်နေတယ် နှစ်တော့သေချာမမှတ်မိဘူး ၁၉၆၄ ဝန်းကျင်ဖြစ်မယ်ဗျ။ Aဲဒီမှာ သတင်းစာAသင်းက Uီးသန့်ကို ဂုဏ်ပြုပွဲလေးလုပ်တယ်ဗျ။ Aဲဒီမှာ ကျနော်တို့က Uီးသန့်ကိုလက်ဆောင်ပေးဖို့ စီမံတယ်။ Aဲဒီမှာ သူ့ရဲ့ ဆန္ဒလေးလည်းယူတယ်။ ဒါက လူ ၁ ယောက် ၂ ယောက်ပဲ သိတ့ကဲိစ္စပေါ့။ Aဲဒီမှာ Uီးသန့်က ဒီလိုလုပ်ဗျာတဲ့ ကုလသမဂ္ဂမှာ Aခန်းတွေ Aများကြီး ရှိတာဆိုတော့ ပန်းချီကားတွေ ထားတယ်။ Aဲဒီမှာ ဗမာပန်းချီကားလည်း ချိတ်ဆွဲချင်တယ်လို့ပြောတယ်ဗျ။ Aဲဒီမှာ ကျနော်တို့က ပန်းချီကားစီစU်တယ်။ ပေါ်Uီးသက်ရဲ့ ကားဗျ။ ပေါ်Uီးသက်ကလည်း ဆွဲလိုက်တာ ဆင်ပုံကြီးဗျ။ ဆင်နဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ပေါ့။ ဆင်ကလည်း ရိုးရိုး ငုတ်တုတ်နေတဲ့ ဆင်ကြီး မဟုတ်ဘဲ ကခုန်နေတဲ့ ဆင်ပေါ့ဗျာ။ နောက်တခု ပုဏ္ဏားတွေက

Aဖြူတွေ ဝတ်လို့ ဆင်ကြီးကAမည်းဗျ။ ဆန့်ကျင်ဘက်Aရောင်နှစ်ခုနဲ့ ဆွဲထားတာ။ ပုဏ္ဏားတွေက တချို့က ဆင်ကိုစမ်း၊ တချို့က ကခုန်လို့ Aဲလိုပုံဗျ။ ကျနော့်မျက်စိထဲမှာ မြင်ယောင် နေသေးတယ်။ Aဲဒီကားက ၆ ပေ ၃ ပေလောက်ရှိမယ်။ သူ့ရဲ့ဘောင်က ကနုတ်ထွင်းထားတဲ့ ခေါင်းပွကြီး။ ပန်းခက်တွေနဲ့ ဝန်းရံနေတဲ့ သစ်လုံးကြီးလိုပဲ။ Aဲဒီပန်းချီကားကို Aကြောင်းကြောင်းကြောင့် ဘောင်ကြီးနဲ့ မသယ်နိုင်ဘူး။ ဒါနဲ့ ဘောင်ကြီးကိုUီးစိန်ဝင်းဆီမှာ ထားခဲ့တယ်။ ဒီကားကတော့ ကုလသမဂ္ဂမှာ ဘယ်ပုံနဲ့ ရှိနေလည်း မပြောတတ်ဘူး။ ဒါပေမယ့် ဘောင်ကြီးကတော့ Uီးစိန်ဝင်းက ဓမ္မိကUီးဘသန်းတို့ကနေတဆင့် လှူလိုက်တော့ ခု လောကနတ် ပန်းချီပြခန်းမှာ ရှေးဟောင်းကားတခုဖြစ်တဲ့ ဆရာခြုံရဲ့လက်ရာ ခပ်သေးသေးပဲ Aဲဒီကားကို ထည့်ထားတယ်။ ဘောင်ကတော့ ဗမာပြည်မှာ ရှိနေတယ်။ လောကနတ်မှာရှိသေးလားတော့ မသိဘူး။ ဒါကဘာကိုပြလဲဆိုတော့ Uီးသန့်ရဲ့ Aနုပညာမြတ်နိုးမှုရယ်၊ မြန်မာပြည်ကို Aလေးထားတဲ့စိတ် ရှိတာရယ်ပေါ့ ဗျာ။ သူရှိစU်က မြန်မာတွေကို ရာထူးပေးတာမျိုးရှိတယ်။ ဒါက ဘက်လိုက်ပေးတာ မဟုတ်ဘူး။ ထူးချွန်တဲ့ သူခြင်းတူရင် ဗမာတွေကို Aလုပ်Aခွင့်Aလမ်း ဖော်ထုတ်ပေးခဲ့တယ်။ မှတ်မှတ်သားသား မပြောနိုင်ပေမယ့် ဒါမျိုးရှိတယ်ဗျ။ Uီးတင်ေAာင်ဆိုတဲ့ သတင်းစာဆရာတUီးဆို ကုလသမဂ္ဂမှာ လုပ်ခ့တဲာပဲ။ Uီးသန့်ဟာ မထိုက်မတန်ဘဲ ကိုယ့်လူပဆဲိုပြီးဆွဲသွင်းတာမျိုးမဟုတ်ဘူး။ မြန်မာ့Aနုပညာကို ဂုဏ်တင် မြတ်နိုးတယ်၊ ကမ္ဘာ့Aလယ်မှာတင့်တယ်စေချင်တ့သဲ ဘောပေါ့။ Aဲဒီကိစ္စလေးကတော့ ကျနော့်ရဲ့ စိတ်ထဲ စွဲနေတဲ့ Aကြောင်းAရာပေါ့ဗျာ။ Aမှတ်တရ ဒီနေ့Aတွက်ပြောချင်တာကတော့ Uီးသန့်Aနှစ် ၁၀၀ ပြည့်တဲ့Aချိန်က သာမန်လူပဲဖြစ်ဖြစ် ကမ္ဘာသိပုဂ္ဂိုလ်ပြဲ ဖစ်ဖြစ် မှတ်မှတ်သားသား ရှိဖို့ကောင်းတဲ့Aချိန်ပေါ့။ Uီးသန့်လိုကမ္ဘာ့Aကျိုး၊ မြန်မာ့Aကျိုးတွေ ဆောင်ရက်ွခ့တဲ့ဲ ပုဂ္ဂိုလ်မျိုးကတော့ ပိုပြီး မှတ်မှတ်သားသား လုပ်သင့်တာပေါ့ဗျာ။

ခုလိုချိန်မှာ ကျနော်ပြောချင် တာကတော့ ကျနော်တို့တိုင်းပြည်က ဆင်းရဲတယ်၊ ဒုက္ခမျိုးစုံကြုံခဲ့ရတယ်။ Aဆိုးဆုံးကတော့ စစ်Aစိုးရတွေ ပေါ့ဗျာ။ နှစ်ပေါင်း ၄၀ လောက်က စစ်Aစိုးရက Aုပ်ချုပ်တယ်၊ နှစ်ပေါင်း ၂၀ လောက်က ပြည်တွင်းစစ်တွေ ကြုံရတယ်။ Aဲဒီမှာ နွံAိုင်ထဲမှာ ပွင့်တြဲ့ ကာတပွင့်လိုပဲ Uီးသန့်လိုပုဂ္ဂိုလ်မျိုးပေါ်ထွက်ခဲ့တာဟာ မီးလျှံထဲကနေ ပန်းတပွင့်ပွင့်ခ့တဲာပဲဗျ။ Aဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ Aားထုတ်မှုတွေ၊ နမူနာတွေ၊ ထူးချွန်မှုတွေမျိုး ကျနော်တို့ ဗမာတွေရဲ့ စိတ်ထဲမှာရှိသင့်တယ်။ ကျနော်တို့ ဗမာတယောက်စီတိုင်းဟာ Uီးသန့်လိုပြဲ ကိုးစားသင့်တယ်၊ Aားထုတ် သင့်တယ်။ ကြိုးစားကြပါ၊ Aားထုတ်ကြပါလို့ပဲ ပြောချင်တယ်ဗျာ။



(ကမ္ဘာ့ ကုလ သမဂ္ဂ Aထွေ ထွေ Aတွင်း ရေးမှူးချုပ် Uီးသန့်နှင့် သတင်းစာ သမား တUီး Aနေဖြင့် တွေ့ကြုံ ခဲ့ဖူးသည့် (ယခု NLD ခေါင်းဆောင်) Uီးဝင်းတင်Aား Uီးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့ Aထိမ်း Aမှတ် Aဖြစ် Eရာဝတီ မဂ္ဂဇင်းက မေးမြန်း ထားချက် ဖြစ်သည်။)

Related Documents

U Thant
June 2020 9
U Thant
June 2020 7
U Thant
December 2019 11
U Thant (3)
May 2020 11
U Thant (1)
May 2020 3

More Documents from ""