Train

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Train as PDF for free.

More details

  • Words: 84
  • Pages: 2
မရပ်မနား….. မီးရထားကွယ့် အပြေးအလွှားလေးအိပ် အပြေးအလွှားလေးထ ဘ၀ဆိုတာဘယ်နေရာကိုထောက်ပြရမလဲ ။ အဆောက်အဦးမြင့်မြင့်တွေ အိပ်မက်မြင့်မြင့်တွေကြားမှာ ကြိုးတန်းလေးပေါ်လှုပ်လှုပ်ရှားရှား မြေသင်းနံ့မရတဲ့မိုးကို စိုမှပဲ မော့ကြည့်မိတယ် ။ အိပ်ဖို့သက်သက်အိပ်ယာက လူကိုမယဉ်ပါးဘူး ယားလို့ကုတ်မယ်တွေးတိုင်း သူဌေးနဲ့လခထုတ်ရက်ကိုတွဲမြင်တယ် ။ စိတ်ကသွားတာလား ကိုယ်ကသွားတာလား ခြေလှုမ်းကတော့တအားပဲ စိတ်ကိုနားတာလား ကိုယ်ကိုနားတာလား ဘီယာတစ်ဗူး နှစ်ဗူးနဲ့ မူးချင်ယောင်ဆောင်နေရတဲ့ ခဏဟာ မုံ့လုံးဣူကပ်ပါပဲ ။ ရင်ခုန်သံလား မှန်မကြည့်အားဘူး ဆူးဘယ်နှစ်ချောင်းတွေ့တွေ့ အငွေ့ပျံ မြန်တယ် ကွန်ပျူတာဆန်တယ် ... ။

အလုပ်နားတဲ့ရက်ဟာ အလုပ်မအားတဲ့ရက်ပဲ အလုပ်နားတဲ့ရက်ဟာ အလွမ်းများတဲ့ရက်ပဲ ရင်ဘက်ကခလုပ်ကိုတစ်ချက်ဖွင့်ပြီး ကိုယ့်နာမည်ကိုပြန်ပြန်ကျက်ရတာလည်းအမော .. ။ နာရီလက်တံပေါ်ကလူက အခန်းပြန်ရောက်ရင် ...... အခန်းထဲကလူက မနက်ဖြန်ဇယားကွက်ပေါ် လယ်ကွင်းထဲနွားကြောင်းနေတဲ့အိပ်မက်မက်ရင် ကံရွှင်လို့ပေါက်တဲ့ဆုပဲ .. ။ အမေ့အိမ်ကိုမြှင့်ပေးရမယ် ဟိုကောင့်အကြွေး ဒီလဆပ်မယ် ညီမလေးအိပ်မက် နောက်လဆပ်မယ် မပြီးပြတ်သေးတဲ့ ပန်းချီကားမှာ အနားသတ်မရတဲ့ စိတ်တွေ ။ အိပ်တန်းက ကျဉ်းတယ် ဆိပ်ကမ်းက ဝေးတယ် ဘယ်လိုတေးမျိုးနဲ့မှ မမြူးကြွဘူး ဘယ်လိုဆေးမျိုးနဲ့မှ အားဖြစ်မလားဘူး ရင်ထဲ မင်္ဂလာပါကို သိပ်ဆာတယ် .. ။ တကယ်ပါဗျာ အမေတွန်းနှိုးမှနိုးတတ်တဲ့ ကျွန်တော့မနက် အင်ဂျင်အိုကြီးကို လွမ်း....တယ်...... ။ ဝေလင်းသီ

Related Documents

Train
November 2019 40
Train
November 2019 43
Train Ch2
July 2020 9
Train Sim
May 2020 7
Marc Train
August 2019 33
Train Ch4
July 2020 10