သို့ အမေ ရက်ပေါင်းများစွာလို့ထင်ရတဲ့
အရေးအခင်းအတွင်းမှာ
သားတို့ပါဝင်ကပြခဲ့တယ်။
လှုပ်ရှားမှုတာ
စထွက်တာနဲ့ လမ်းခရီးက အကွေ့အလှည့် တအားများတာပဲ။ ခါတော်မီပွဲလိုပဲ ဆိုရမလားမသိဘူး။ ဇာတ်ညွှန်း ကြိုတင်မဖတ်ရ၊ မဆိုရ၊ မလေ့ကျင့်ရ၊ ဇာတ်မတိုက်ရဘဲ ဘ၀ဇာတ်ဆရာအလိုကျ ဇာတ်ခုံပေါ်ရောက်မှ မီးစင် ကြည့်ကရတော့တာပါပဲ။ တခါတလေတော့လည်း သားတို့လုပ်ပုံတွေက ပုံမထိပေမယ့် အများညီ ̏ဤကျွဲဖတ်˝ ဖြစ်သွားရတာပေါ့ အမေရယ်။ ပရိတ်သတ်ကတော့ ကျနော်တို့အပေါ် အရေးအခင်းကာလတစ်လျှောက်လုံး သဘောထားကြီးစွာနှင့် နားလည်ပေးနိုင်ခဲ့ပါတယ်။ ဇာတ်မျောကြီးမဖြစ်သွားအောင် ကျနော်တို့ မနည်းကြီးကြိုးစားလုပ်နေရတယ်။ အဲဒီကြားထဲ ဒီမိုကရေစီ မြိုင်ဟေ၀န်ထဲမှာ မျက်စိလည်ပြီး ပဲလှော်ကြား ဆားညှပ်လိုက်သလိုဖြစ်လိုက်သေးတယ်။ သားတို့ရဲ့ မတောက်တ ခေါက်ပညာလေးနဲ့ ထွင်ထားတဲ့ ဒီမိုကရေစီလှေကားလေး ဒေါထန်နေတဲ့ ပရိတ်သတ်ပင်လယ်ကြားမှာ ၀ုန်းခနဲ မှောက်တော့မလို့
လက်မတင်လေးပဲလိုတော့တယ်။
တော်သေးတာပေါ့
ဦးတိတ်ကြီးအခြောက်ကောင်းလို့
အထောင်းလွတ်ခဲ့တယ်။ အမိုက်ကားနဲ့ပါမသွားပဲ
သီသီလေးလွတ်ခဲ့ပေမယ့်
တာမွေ
အ.ထ.က
ကျောင်း
(၃)ရှေ့က
ကျောင်းသားပြည်သူတွေရဲ့ ကိုယ်ပေါ်မှာတော့ ဖုန်နံ့၊ အမှိုက်န။ံ့ အထူးသဖြင့် သားဆီမှာပေါ့။ သူငယ်ချင်းတွေက ဒီမှာတင်တစခန်းရပ်ပြီး ပတ်စာခွာ ဖျာမသိမ်းနိုင်ဘူးတဲ့။ ပွဆဲ က်ကကြမယ်တ့အဲ မေရေ…..။ သူတို့အမေတွေက သူတို့ကို သံမှုန့်စားပြီး မွေးလိုက်ကြတာနဲ့တူတယ်။ ဒေါင်းချီမောင်ချီ မာရေကျောရေနဲ့ တချက်မှမရွံ့ကြဘူး။ အမေ့သားကတော့ မွေးလာကတည်းက ပေါင်မပြည့် အာဟာရမပြည့် သူငယ်နာမပြည့်နဲ့ဆိုတော့ သူတို့လို ဘာမထီတွေနဲ့မယှဉ်နိုင်ဘူးလေ။ ဖြစ်နိုင်ရင် အခုချက်ချင်းပြန်လာခဲ့ချင်တယ်။ ဒါပေမယ့် ဘဘကြီးဦးသန်းရွှေတစ်ယောက် ဆန္ဒပြနေတဲ့ ကျောင်းသားတွေနှင့် ကျနော်တို့ သူငယ်ချင်း တစ်စုကို ခွေးနဲ့ရှူးတိုက်လိုက်ပြီး သေနတ် တွေနဲ့လှမ်းပစ်တာမှန်သွားလို့ အကြီးအကျယ် ဒေါသူပုန်ထနေပါလျှက် သေနတ်တွေနဲ့ပစ်၊
ဗုံးတွေနဲ့ဖောက်၊
ဒုတ်တွေနဲ့ရိုက်လုပ်နေကြတယ်။
အမေ့သား
ထွက်လို့မဖြစ်သေးဘူး။
အမေ့ဆီ ပြန်ရောက်ချင်မှရောက်တော့မှာ။ ငယ်ငယ်တုန်းကလို အပူအပင်ကင်းတဲ့ ကလေးဘ၀မျိုး အမေ့ ရင်ခငွ့်မှာခေါင်းထိုးပြီး တစိုက်မတ်မတ် သားအိပ်ခငွ ရ့် ချင်တယ်။ တရေးလောက်ပေးအိပ်ခငွ့်ရရင် သားကျေနပ်ပါပြီ အမေရယ်…..။ ငယ်ငယ်တုန်းက အမေနဲ့အတူ သားပွဲကြည့်ခဲ့တယ်လေ။ မျက်စိညှောင်းလို့ ခေါင်းလေးလာရင် အမေ့ ပေါင်ပေါ်မှာအိပ်ခဲ့တယ်။ တရေးနိုးရင် တခါ ပြန်ကြည့်တယ်။ သားကြိုက်တဲ့မင်းသားက ဘီလူးကိုနှိပ်နင်းတဲ့ အခန်း၊ ဇာတ်လိုက်က လူဆိုးကိုတိုက်ခိုက် အောင်မြင်တဲ့အခန်း၊ ရောက်ခါနီးကျရင် သားကြိုမှာထားတဲ့အတိုင်း အမေက နိုးပေးခဲ့တယ်မဟုတ်လား။ ဟိုတုန်းက သားပွဲကြည့်ခေဲ့ ပမယ့် အခုသားကိုယ်တိုင် ပွဝဲ င်ကနေရတယ်။ ပွဲကြည့်ပရိတ်သတ်တချို့ ဖျာနဲ့ကော်ဇောပေါ်မထိုင်ပဲ ခဲလုံးတွေ၊ ပြောင်းဖူးရိုးတွေပေါ် ဖင်ခုထိုင်ထားကြတယ်။ သူငယ်ချင်းတွေက သိပ်မယုံဘူး။
ပွဆဲ က်ကကြမယ်ပြောတယ်။
သားကတော့
သိပ်ပြီးမတက်ကြွဘူး ။
ကိုယ့်ကိုယ်ကိုယ်
တာမွေအထက(၃)ကျောင်းရှေ့မှာ
သားသူငယ်ချင်းတစ်ယောက်
သားလက်ပေါ်မှာ
ကျဉ်ဆံမှန်ပြီး
သေခဲ့ရတာ မျက်စိထဲမှာ ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်ကြီးရှိသေးတယ်။ သူတို့ပြောသလို ဟိုအလံဒီအလံ တွေ တလူလူလငွ့်ပြီးတော့ ပန်းမကြီးဗေထိ ဆော်လိုက်ရင်တော့ ပရိတ်သတ်ကစုလာမှာသေချာတယ်။ ဒါပေမယ့် အဲဒီနေ့ခင်းတုန်းက
အတွေ့အကြုံအရ
တွေဝေတယ်လို့သတ်မှတ်ခံရပြီး
ပရိတ်သတ်ဆီက
ပြောင်းဖူးရိုး
နဲ့
ခဲလုံးတွေပဲ ရလေဦးမလား။ စဉ်းစားတွေးတောနေမိတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ အမေရယ်….. သားကိုလည်း အမေမပိုင်ဘူး။ သားကိုယ် သားလည်း မပိုင်ဘူး။ ကျနော် တို့အဖွဲ့ရဲ့ အစည်းအဝေးပေါ်မှာ အပေါင်းအသင်းကောင်းတွေ တကယ်ညီတယ်ဆိုရင် အ၀ီစိကိုပသွဲားသွား သား လိုက်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။
အမေ့ကိုချစ်တဲ့ အမေ့ရဲ့ သားဆိုးကြီး ကြည်သူလငွ် (July 24, 2008)