To Khin Yi

  • October 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View To Khin Yi as PDF for free.

More details

  • Words: 132
  • Pages: 1
သို့ ခင်ရီ ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရက်စွဲ။၂၀၀၈ခုနှစ်စက်တင်ဘာလ(၁၁)ရက်။ အကြောင်းအရာ။

။ မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ပြန်နေမှုအပေါ်ပြန်လည်ဖြေရှင်းရန် တာဝန်ရှိကြောင်း သတိပေးခြင်း။

၁။

၂၀၀၈ ခုနှစ် စက်တင်ဘာလ(၇)ရက် နေပြည်တော်၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွ(ဲ ၁/၂၀၀၈)တွင်

မမှန်မကန် လုပ်ကြံပြီး သတင်းထုတ်ပြန်ခဲ့ခြင်း အပေါ် နောင်မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးသည့်အရပ်သားအစိုးရ ပေါ်ပေါက်ချိန်တွင်ရဲချုပ်ခင်ရီ နှင့် သတင်းထုတ်ပြန်ရေးကော်မတီက ပြန်လည်ဖြေရှင်းရန် တာဝန်ရှိကြောင်း အသိပေးလိုက်သည်။ ၂။

မြန်မာနိုင်ငံ ကျင့်ထုံးဥပဒေ အရ တရားခံတွင်အပြစ်ရှိကြောင်း သက်သေအထောက်အထား အကိုးအကားနှင့်

ခိုင်လုံစွာတင်ပြရန် တရားလိုတွင်သာတာဝန်ရှိသည် ဆိုသည့်အတိုင်းဥပဒေကို လေးစားသည့်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးသည် ပါးစပ်ကပြောနေမည့်အစား အမှန်တကယ် လိုက်နာ ကျင့်သုံးကြရန်လိုသည်။ ၃။

သို့ဖြစ်ပါ၍ သတင်းစာရှင်းလင်းပွ(ဲ ၁/၂၀၀၈)တွင် မမှန်မကန်စွတ်စွဲဖေါ်ပြထားသည်-့

(က)

၂၀၀၄ ခုနှစ်အတွင်းက ထွန်းလင်း စန်းစန်းမော်(ယခု မဲဆောက်)နဲ့ ရန်ရွှေ တို့ဟာ လှိုင်သာယာမြို့နေ အောင်မျိုးဆန်း ဆိုတဲ့လူငယ်တစ်ဦးကို ကလေးစစ်သားလို့ပြောဆိုနှိုင်ဖို့FDB ကျော်ထက်ထံ သင်္ကန်းစည်းပြီး ပို့ပေးခဲ့ပါတယ်။ အဲဒီကလေးနဲ့ပတ်သက်ပြီးမိဘများက ကလေးကိုပြန်တောင်းပေမယ့် ကလေးပြန်မလာနှိုင်တော့ကြောင်း သိရလို့ ဥပဒေကြောင်းအရဆောင်ရွက်မယ်လို့ စီမံခဲ့တာကြောင့် ထွန်းလင်း နဲ့ စန်းစန်းမော်တို့ဟာ ၂၀၀၅ ခုနှစ်မှာ ပြည်ပကို တိမ်းရှောင်သွားခဲ့ကြပါတယ်။(စာမျက်နှာ၁၁ ကော်လံ ၁)

(ခ)

ဒါ့အပြင် မြင့်အေးဟာ ၂၃-၃-၂၀၀၈ ရက်က မောင်မောင်လေး(HRDP)နှင့်ကြည့်မြင်တိုင်NLD လူငယ်များဖြစ်သော တင်မောင်ဝင်း(ခ)အပါလေး၊ထွန်းလင်း တို့ကိုကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိကျေးရွာများသို့စေလွှတ်ပြီး ဆန္ဒခံယူပအွဲား ကန့်ကွက်ရန် စဉ်ဆက်မပြတ် စည်းရုံးမှုများပြုလုပ်ခဲ့ပါတယ်။(စာမျက်နှာ၁၀ကော်လံ၎)

(ဂ)

ဖောက်ခွဲမှုဆောင်ရွက်ပုံနှင့်ကွင်းဆက်ဖေါ်ထုတ်မှု ဟုခေါင်းစဉ်တပ်ထားသောဇယားကွက်တွင်ဖေါ်ပြထားသည့် ကျော်ထက် ၊ ထွန်းလင်း ပြည်ပမှအဓိကစီစဉ်သူ ဆိုသည့်စွတ်စွဲချက်(စာမျက်နှာ၁၀အောက်ဆုံးပံ)ု

၎။

နအဖ အစိုးရအနေဖြင့်လည်းကောင်း ရဲချုပ်ခင်ရီနှင့်နအဖ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ အနေဖြင့်လည်းကောင်း

ငြိမ်းချမ်းစွာဖြင့်ဒီမိုကရေစီရေးပြုပြင်လိုသူများအားအထက်တွင်ဖေါ်ပြထားသကဲ့သို့ မမှန်မကန်စွတ်စွဲချက်များ ထုတ်ပြန်ကြေညာခြင်း မတရားဖမ်းဆီးအရေးယူထောင်ချခြင်းဂုဏ်သိက္ခာကျဆင်းစေရန် စနစ်တကျဖန်တီးလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နောင် ပြည်ထောင်စုဒီမိုကရက်တစ်ပြည်သူ့အစိုးရ တရားရုံးတော်ရှေ့မှောက်တွင်ဖြေရှင်းရမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီနှင့်နအဖ သတင်းထုတ်ပြန်ရေးကော်မတီ တို့အားလေးနက်စွာဖြင့် အသိပေးလိုက်သည်။ ထွန်းလင်း မြို့နယ်စည်ရုံးရေးကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြည့်မြင်တိုင်မြို့နယ် ရန် ကုန် တိုင်း မိတ္တူကိ-ု -သတင်းဌာနများအားလုံး -ဥက္ကဌ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊နေပြည်တော် -လက်ခံစာတွဲ

Related Documents

To Khin Yi
October 2019 15
Khin Thiri.pdf
May 2020 7
04_p296-yi
July 2020 6
Rui Yi
May 2020 15