Thingyan

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Thingyan as PDF for free.

More details

  • Words: 2,831
  • Pages: 48
ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစု

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစု ဧပြီလ၊ ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေသည်။ - အဖုံးဒီဇိုင်း အောင်သာငယ် - အတွင်းသရုပ်ဖော်နှင့် ဒီဇိုင်း ပန်ဒိုရာ ပန်းချီကိုင်ဇာ အောင်သာငယ် - စီစဉ်ထုတ်ဝေ အောင်သာငယ် ကောင်းကင်ကို မောင်ဖုန်းမြင့်

မာတိကာ စီစဉ်သူများရဲ့ အမှာစကား ကျေးဇူး မှတ်တမ်း ပိတောက်ပွင့် ချိန် မဲဆောက်သို့  ကင်ဒိုဓားများ လက်ဆောင် သေရွာပါတဲ့ပန်း

က ခ ၁ အောင်ဝေး ၂ မောင်လွမ်းဏီ တော်သလင်း ၃ ကြည်မောင်သန်း တံခါး ၄ တင်မိုးမြိုင် ယောဟန်အောင် အရည်ပျော်ခြင်း ၅ ယောဟန်အောင် ဧရာဝတီမြစ်ရိုးမှာ မိုးမဲတွေရွာ ၆ နှင်းခါးမိုး ပိတောက်စိမ်း ၇ သစ်ကောင်းအိမ် ရုပ်ရှင် ၈ မိုးလှိုင်ည အဓိပတိ ၉ ညီနိုင် ၂၀၁၀ ၁၀ အမည်မဲ့ ပိတောက်မှတ်တမ်း ၁၁ ကမာပုလဲ

နှစ်တိုး ၁၂ စိုးစိုး ပိတောက်တွေထက် လင်းတဲ့ကောင်းကင် ၁၃ မောင်ဖုန်းမြင့် ပါရမီမြောက်တဲ့ ၀ဋ်ကြွေး ၁၄ ကောင်းကင်ကို ဘ၀ဆုံမှတ်လူသား ၁၅ လင်းထိပ်သျှင် အ၀ါရောင်ကဗျာ ၁၆ မွန်ဒရာ ခပ်ဝေးဝေးကပိတောက် ၁၇ ပန်ဒိုရာ ပိတောက်နဲ့ဆောက်တဲ့နိုင်ငံတော် ၁၈ ငြိမ်းချမ်းအောင် သတိရခြင်း စာမျက်နှာပေါ်က သင်္ကြန် ၂၁ ဆောင်းယွန်းလ ဟန်လုပ်ပြုံးတဲ့ သင်္ကြန် ၂၂ နွေဆူးလင်္ကာ ၀ိရောဓိအချစ် ၂၃ ညိုထက် (လမ်းသစ်ဦး) တမ်းတခြင်းနွေဦး ၂၄ အောင်သာငယ် မီးကြာ ၂၅ ပိတောက်လည်ပြန် ၂၆ ရုပ်ရှင်တကားလိုပြန်ကြည့်မိတယ် ၂၇ မနက်ဖြန်ဆိုသင်္ကြန်ကျပြီ ၂၈

ချိုစိမ့် လင်းဒီပ အိုင်လွယ်ပန် မိုးကြယ် ဗသားချော ခန့်နေ စစ်ငြိမ်း (ဒီရေ) ကြယ်ဇင်သွေး

၂၉ ၃၀ ၃၁ ၃၂ ခါတ်ေမီသင်္ကြန်အလွမ်း ၃၃ မှူးဒါရီ မလွမ်းခြင်းသင်္ကြန် ၃၄ Black Dream သင်္ကြန်သို့... ၃၅ ခင်လေးငယ် မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း ၃၆ မမသီရိ ရင်ခွင်ဟောင်း ၃၇ နှင်းနဲ့မာယာ နှလုံးသားတခြမ်းနဲ့လူ ၃၈ ဆူးလင်းသစ် မြူမှောင်ဝေကင်း အကြောင်း သင်္ကြန် အဆိပ်သင့်ဝါကျများနဲ့လူ

ဓါတ်ပုံနှင့်သရုပ်ဖော်ပုံမှတ်တမ်း အတွင်း ဓါတ်ါတ်ပုံကို ဂျစ် စ်တူး(မံ မုံရွာ) က ကျေးဇူးပြုပါသည်။ သရုပ်ဖော်ပုံများနှင့် ဒီဇိုင်းများကို ပန်ဒိုရာနှင့် ပန်းချီကိုင်ဇာတို့က မေတ္တာဖြင့် ရေးဆွဲပေးပါသည်။

စီစဉ်သူများရဲ့ အမှာစကား သည်ကဗျာစုလေးကို စုစည်းဖြစ် လုပ်ဖြစ်တာကတော့ ကျနော်တို့ အချင်းချင်း စကား ပြောဖြစ်ရာကနေ စိတ်ကူးရသွားတာပါ။ အကြောင်းကြောင်းတွေကြောင့် အမိမြေကနေ ဝေးနေရတဲ့အခါ အကြောင်းတိုက်ဆိုင်လာတိုင်း အမိမြေကို လွမ်းကြတယ်။ အမိမြေကို လွမ်းစရာ အကြောင်းတွေ ထောင်သောင်းချီပြီး ရှိနေတဲ့အထဲမှာ သင်္ကြန် ဆိုတာကတော့ ကျနော့်တို့ရဲ့ နှလုံးသားတွေကိုပါ ဆွဲယူ လှုပ်ခါနိုင်တဲ့ အချိန်ကာလ တခုပါပဲ။ ဗမာမှန်ရင် ဗမာသင်္ကြန်ကိုလွမ်းမယ်။ ပိတောက်ပန်းကို မှန်းဆမယ်။ ပိတောာက် ရနံ့လေးတွေကို အမိမြေကိုယ်စား အလွမ်းပြေ သွားမလားလို့ ရှူရှိုက်ကြည့်လိုက်မယ်။ သည့်အတွက် လွမ်းဆွတ်တတ်တဲ့ ရင်ဘတ်တွေကို စုဆောင်းပြီး အသံတသံ (သို့မဟုတ်) ရင်ခုန်သံတချက်အဖြစ် ပူးပေါင်း တင်ဆက်ဖြစ်တာပါ။ အကျယ်လောင်ဆုံး ကြားလိုက်ရရင်တော့ အားလုံးရဲ့ တညီတညာထဲသော ရင်ခုန်သံတွေကို ကျေးဇူးတင်လိုက်ပါ။ တိုးတိုးလေးပဲ ကြားလိုက်ရရင်တော့ စီစဉ်သူ ကျနော်များကိုပဲ အပြစ်ဖို့ပါလို့ ပြောပါရစေ။ အောင်သာငယ် ကောင်းကင်ကို မောင်ဖုန်းမြင့်

က

ကျေးဇူးမှတ်တမ်း မအား မလပ်တဲ့ ကြားထဲကနေ ကဗျာတွေ ရေးပို့ပေးခဲ့တဲ့ ဆရာ အောင်ဝေး ဆရာ ဆရာ ဆရာ ဆရာ

မောင်လွမ်းဏီ ကြည်မောင်သန်း တင်မိုးမြိုင် ယောဟန်အောင်

ဆရာ နှင်းခါးမိုး ဆရာ သစ်ကောင်းအိမ် ဆရာ မိုး လှိုင်ည ဆရာ ညီနိုင် ဆရာ အမည်မဲ့ ဆရာ ကမာပုလဲ ဆရာ ဆရာ ဆရာ ဆရာ

စိုးစိုး မောင်ဖုန်းမြင့် ကောင်းကင်ကို လင်းထိပ်သျှင်

ဆရာမ မွန်ဒရာ ဆရာမ ပန်ဒိုရာ ဆရာ ငြိမ်းချမ်းအောင် ဆရာ ဆောင်းယွန်းလ ဆရာ ဆရာ ဆရာ ဆရာ ဆရာ ဆရာ

နွေဆူးလင်္ကာ ညိုထက်ဦး (လမ်းသစ်) ချိုစိမ့် လင်းဒီပ အိုင်လွယ်ပန် မိုးကြယ်

ဆရာ ဗသားချော ဆရာ ခန့်နေ ဆရာ စစ်ငြိမ်း (ဒီရေ) ဆရာ ကြယ်ဇင်သွေး ဆရာမ မှူးဒါရီ ဆရာ Black Dream ဆရာမ ခင်လေးငယ် ဆရာမ မမသီရိ ဆရာမ နှင်းနဲ့မာယာ ဆရာမ ဆူးလင်းသစ်-တို့ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း။ ခ

ပိတောက်ပွင့် ချိန် မဲဆောက်သို့  ကင်ဒိုဓားများ လက်ဆောင် မောင်လွမ်းဏီရေ... အေးမိဖြူရေ... အောင်ကျော်ဇာနည်ရေ... ပိတောက်မသေ၊တော်လှန်ရေးမသေ။ ပိတောက်မတုံး၊တော်လှန်ရေးမရှုံး။ ပိတောက်မအို၊တော်လှန်ရေးမပြို။ ပိတောက်မဝေး၊တော်လှန်ရေးမအေး။ ပိတောက်မပြယ်၊တော်လှန်ရေးမကွယ်။ ပိတောက်မသွေ့ ၊တော်လှန်ရေးမမေ့ ။ ပိတောက်မခြောက်၊တော်လှန်ရေးမပျောက်။ ပိတောက်မနွမ်း။တော်လှန်ရေးမပန်း။ ပိတောက်မဆွံ့ ၊တော်လှန်ရေးမရွံ့ ။ ပိတောက်ပွင့် ဆဲ၊တော်လှန်ဆဲ။ ပိတောက်ပွင့် မြဲ၊တော်လှန်မြဲ။ ပိတောက်ပွင့် ရဲ၊တော်လှန်ရဲဟေ့  အသည်းငယ်ရင်၊တာသဘင်မှာ မဆင်တော့ နဲ့  သင်္ကြင်္န်ပွဲ။ ။ အောင်ဝေး (ဧပြီ ၆-၂၀၀၉) http://aungway.blogspot.com

ပန်းချီကိုင်ဇာ ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁

သေရွာပါတဲ့ပန်း မိတ်ဆွေသောက်စေချင်တဲ့ တိုင်းပြည်ရွာမဲ့သူကြီးငဲ့ … ဂျင်ခွက်ထဲက၊ သစ်ခွ လှလှကို ငေး တော်လှန်တဲ့နေရာမှာလည်း ငါတွေးနေတာက ဗိုလ်အောင်ဆန်းက သူရဲကောင်းတဆူ ငါ့မြူအိုးထဲမှာ ကိုဗဟိန်းကို ခံစားယူ ပိတောက်ဝါတွေထိုးစိုက် မန်းရှာလားဖန်းက အုတ်ဂူတဂူ ငါ့ကိုယ်ပေါ်ကို ရေတွေ သွန်ချလိုက် အလွမ်းဇာတ်ကလည်း ဇိနတ္ထပကာသနီလောက် ထူ ဝေဒနာတွေ ကျဲပက်လိုက် မယုံကြည်တဲ့ လက်သည်းတွေ လှီးဖြတ်လိုက် နံစော်တဲ့ ဆံမျှင်တွေ ဆေးလျှော်လိုက် အပျော်တုတွေနဲ့ တစုတည်း ရေပက်ခံထွက်လိုက် ဗျာ.. (ကိုအောင်ဝေးရာ) ဒါကိုက ရင်ဝေးသူတွေရဲ့ ယျဉ်ကျေးမှုတိုက်ပွဲပေပဲလား။

ကြေကွဲနေတာတွေက စန္ဒယားချစ်ဆွေ လက်မြှောက်ရသူ ငိုရမယ်ဆိုရင် အိန္ဒြာကျော်ဇင်က ဖခင်အရာ တင်ရသူ အနာဂတ်ကို ဈေးကြီးကြီးပေး အိပ်မက်သူ။ လင်းအရုဏ်ပြူ ထိုလူတယောက်၊ ငေါက်ကနဲထ ပြတင်းဝမှာ၊ ငေါင်ငေါင်ငူငူ အူတိအူကြောင် လွမ်းယောင်သန်းနေတာများလား။ အေးမိဖြူရေ ငါ့ကိုကူစမ်း၊ သားကိုထူစမ်း ဟိုဖက်ကမ်းမှာ ပိတောက်ပန်းတွေ ပွင့်နေပြီ။ မောင်လွမ်းဏီ ၅-၄-၂၀၀၉

ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂

တော်သလင်း တော်သလင်းနေကြောင့် ပုစွန်တွေလည်း သေခဲ့ပါပြီ တော်သလင်းမိုးကြောင့် ကန်သင်းရိုးလည်း ကြိုးခဲ့ပါပြီ တော်သလင်းမှာ အဖော်တသင်းနဲ့ အပျော်သီချင်းတွေဆိုချင်ပေမယ့်... ရှိပလေ့စေတော့ တော်သလင်းရေ အို...တော်သလင်းရေ တော်သလင်းပြီးရင် သီတင်းကျွတ်မှာပဲ သီတင်းကျွတ်မှ မီးပုံးပျံလွှတ်ရအောင်။ ။ ကြည်မောင်သန်း ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃

တံခါး တံခါး မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ မင်းရဲ့ အထီးကျန်နှစ်တွေ လွှတ်ချလိုက်ပါလား….။ တံခါး သိမ်ငယ်မှုနဲ့ တောက်ပလောင်ကျွမ်း သွေးပူလေ့ကျင့်ခန်းလုပ်နေသလား…။ တံခါး မင်းခန္ဓာကိုယ်မှာ ဖုန်မှုံ့နဲ့ ပိုးလောက်လန်းတဖွားဖွား ကိုယ်လက်သန့်စင်ဖို့ရော မစဉ်းစားမိဘူးလား….။ တံခါး ရဲရဲဖွင့်လိုက်စမ်းပါ ပိုးမွှားကိုသေစေနိုင်တဲ့ နေရောင်ခြည်နဲ့ အောက်စီဂျင်အပြည့်ပါတဲ့လေကို ကြိုဆိုလိုက်ပါ့လား ...။ အို…တံခါး မင်းရှေ့မှာ တံခါးမှူးဒတ္တများ ကာဆီးထားလေသေလား….။ တင်မိုးမြိုင် ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၎

ယောဟန်အောင် အရည်ပျော်ခြင်း ရေခဲတုံးတွေက အရည်ပျော်နေပြီဆို အမုန်းနှင်းခဲတွေက မပျော်သေးဘူးလား... ဝေါစထရိက အရည်ပျော်နေပြီဆို ရမက်လောဘတွေက မတော်ကြသေးဘူးလား... ဗြဟ္မာကြီး ဦးခေါင်းလက်လွှဲပြောင်းမယ်ဆို မနက်ဖြန်က ကောင်းကောင်း လင်းတော့မှာလား... ဒါလီရဲ့ နာရီက ပျော်ကျနေတယ် နိုင်ငံရေးကို လူတွေက ရိုမင်းတစ်ဆန်ဆန် တွေးတုန်းလား ... ယောဟန်အောင် အတွေးခေါင်နေတယ် ရေခဲတုံးကို လက်ဖျားနဲ့ထောက် ခွက်နံရံတလျောက်မှာ ၀ဲဝှေ့နေရင်း သင်္ကြန် အပျင်းကြောရှည်ရှည်မှာ... ၀ိရောဓိတွေ သူအဖြေရှာနေချိန်။ ယောဟန်အောင် ၁၃ ဧပြီ ၂၀၀၉။ http://yaw-han-aung.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၅

ဧရာဝတီမြစ်ရိုးမှာ မိုးမဲတွေရွာ ပန်းတခြင်း ပို့ခွင့်ပေးပါ ကဗျာဆရာကိုနှုတ်ဆက်တယ်။ အနုပညာမာရသွန်မှာ ပြေးအားမကျခဲ့တဲ့ဆရာ သစ္စာရှာဖို့ ခေတ်ကိုစီးခဲ့တာ စာမျက်နှာတွေကို တိမ်ဖုံးခဲ့ပေမယ့် ယုံကြည်မှုက လမင်းတရာ ဧရာဝတီရေ ကဗျာဆရာ ကမ်းကခွာပြီ အမှောင်ရိပ်မှာ လှေဆိပ်ကလေးကိုထားခဲ့ပေါ့။ အနာဂတ်အတွက်ပန်းတခြင်း မြေကမ္ဘာမှာပွင့်ခဲ့တယ် ဆရာကြည်အောင် ကမ္ဘာတည်အောင်မွှေးပါစေ။ ။ နှင်းခါးမိုး http://nykomme.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၆

ပိတောက်စိမ်း ကယ်လီဖိုးနီးယားရဲ့ လောကကိုထိုးပက်ဖို့ ပူနွေးသောနေရောင်အောက်မှာ သားလက်ကရေပြွတ်ကလေး ပိတောက်နာကျတဲ့နေ့ကပေါ့….. ရေစုပ်ပေးနေတယ် ရေမပက်တဲ့အပျိုတွေ အမေ့ကိုလည်း အလိပ်ထဲမှာ မုဆိုးဖိုနဲ့ညားနေတယ် တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပေးနေတယ် မြနန္ဒာလေညိုညိုရစ်ကာသန်းတော့ ဆူရှီဘားထဲ အလိပ်ထဲမှာ မန်းတောင်ရိပ်ခိုနေတယ် ပြည်လှဖေက င၀န်မြစ်ထဲက ရေချိုးပြီးတက်လာတဲ့ ကိုယ်တုငိလှရာရာရွေးလို့ရယ် ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်းလမ်းမကြီးပေါ်မှာ ပန်မပေးရ ဆံမြညှာကေနေတယ် ဂျစ်ကားတစင်းနဲ့ရေပက်ခံထွက်နေတယ် ကယောမလေးက သင်္ကြန်မဏ္ဍပ်တွေမှာ ဂစ်တာတီးပြီး ကိုယ့်ကိုသီချင်းတွေဆိုပြနေတယ် သံချပ်တွေလိုက်ကြည့်နေတယ် ခုလိုနှစ်သစ်ကူးအခါသမယမှာ ဆူရှီဘားထဲ ဂျီ-၂၀ အစည်းအဝေးကို အမှတ်(၁)အထကကျောင်းအလံတိုင်မှာ နားစွင့်နေတယ် ခွပ်ဒေါင်းအလံတလူလူလွှင့်နေတယ် မြန်မာ့အရေးစောင့်ကြည့်လေ့လာသူတွေကိုလည်း ကိုရွှေသိမ်းမင်းရဲ့ မင်းရဲ့ချစ်ခြင်းမဲ့လူဝတ္တုထဲမှာ ပြန်ပြီ်းစောင့်ကြည့်လေ့လာနေမိတယ် ဆုဝေအတွက် ပိတောက်တွေပွင့်နေတယ် ကယ်လီဖိုးနီယားရဲ့ပူနွေးတဲ့နေရောင်အောက်မှာ ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ဝင်းပလို့ ပိတောက်နာကျတဲ့နေ့ကပေါ့ စန္ဒယားဆရာလေးကိုငြိမ်းမောင်က ဆူရှီဘားထဲ ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြားမှာဝေရီလို့ ဓားတလက်နဲ့ရေပက်တမ်းကစားရင်း အတာရေမစိုမှာစိုးလို့ ရေချိုးခန်းထဲဝင်ပြီး ၁၀ကြီမ်မြောက် သင်္ကြန်မိုးရုပ်ရှင်ကြည့်နေတယ် ကိုယ်ကိုယ်ကိုရေလောင်းချိုးနေမိတယ်။ ဆူရှီဘားထဲ

သစ်ကောင်းအိမ် (၈. ဧပရယ်လ. ၂၀၀၉) http://thitkaungeain.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၇



ရုပ်ရှင် ခေတ်ကြီးကိုအနှေးပြကွက်ထဲ ထည့်ခလောက်တော့ အရင်တုန်းကကြောက်စိတ်တွေ အခုထိမပြေသေးဘူး...။ ဇာတ်သိမ်းခန်းမပါတဲ့ သမိုင်းမှာ အမှန်တရားကဗီလိန်ဖြစ်နေတုန်း ကိုယ့်ကိုယ်ကို မုန်းဖူးသလား...။ နွေရာသီကို မာတိကာစီဖို့ ငါတို့တွေလမ်းလျှောက်လာတော့..။ ပရမ်းပတာဖြတ်မောင်းသွားတဲ့ ထူးမခြားနားကိုတွေ့တယ်... မျှော်လင့်ချက်တစ်ခုကိုပဲ လွတ်မြောက်ခွင့် ပေးပါ...လို့ ငါတို့တောင်းဆိုထားတယ်... ဇတ်ညွှန်းနဲ့ ဇာတ်ကွက်ကတလွဲ.. မနက်ဖြန်ဟာရက်စွဲမရှိဘူးတဲ့....။ မိုးလှိုင်ည http://moehlaingnya.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၈

အဓိပတိ ည, ညတွေမှာ ပေါ်လာငုတ်တုပ် တစ္ဆေမဟုတ် တကယ့်လူရုပ် အရိပ်မည်းကြီးလျှာကိုသုတ် သွေးတင်းပုတ်ကို ယူကိုင်လှုပ် တစ္ဆေမဟုတ် တကယ့်လူရုပ် ကံ့ကော်ပွင့်ကြွေမဖြုတ်ဖြုတ် ကဗွီးပျိုမေတရှုံ့ရှုံ့ ခံတန်းပျိုမျက်ရည်သုတ် ည, ညတွေမှာ ပေါ်လာငုပ်တုပ် တစ္ဆေမဟုတ် တကယ့်လူရုပ်။



ညီနိုင် ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၉

၂၀၁၀ ၂၀၁၀ မှာ စစ်ကြေညာမယ် စစ်တမ်းကောက်နေတာ အတိုးအလျော့ ဒိုင်ပွဲရပ် ထိုးသတ်လို့ ဟစ်ဟော့ပ် သီချင်းဆိုနေတာ လျှာဖျားလိပ် စကားများနဲ့ လှည့်ဖြား ဖြေလို့မရတဲ့ ကြိုးဟာ ကျွန်တော်တို့ မြို့ကလေးမှာ မရှိသင့်တဲ့ အရပ်မှာ ရှိနေတာ ကြိုးရှုပ်နေတာ တိုက်ခတ်နေတဲ့ လေမှာ နာရီသံ တ ချက် ချက် မြည်သလို

လွှင့်ထားတဲ့ အလံ လမ်းကြောင်းမှန် ပျံသန်းတဲ့ ငှက်တွေ အုပ်မိုး ဆောင်းဦးပေါက် မိုးမိသွားတဲ့ သဘောမျီုး အငိုက်မိသွားတဲ့ ထိုးချက်ဟာ အတိတ်ကို ကားစင်သွားစေတယ် မငိုသင့်တဲ့အချိန်

ခေါ်သံတွေ တဖြည်း ဖြည်း နီး နီးလာတယ် ချို မိုင် မိုင်မှာ ဒိုးပတ်နှောလို့ သွေးသဲရဲရဲ သီချင်းလုပ်ဆိုမြဲပါ အမေ ပြန်မကြည့်ရတဲ့ မျက်နှာက မျောက်မျက်နှာ

သနားစိတ် ကြင်နာစိတ် အလွန်အကျူးဖွဲ့ဆိုတာ ကျွန်တော် မငိုပါဘူး အမေ ဆေးလိပ်တိုကို မီးတို့လိုက်တယ် အလိုက်သိတတ်သူတစ်ယောက်ရဲ့ ရင်ခုန်သံမျိုးနဲ့ ရဲနေတဲ့ နိမိတ်က ကျွန်တော်တို့စိတ်ပါ ဆက်လက် ချီတက်နေမယ် မနက်ဖြန် ပြိုမယ့် မိုးဟာ ဒီနေ့ ငွေ့ရည်ဖွဲ့လို့ ၀ါကျများဟာ လွင့်ပါးသွားတဲ့ ရော်ရွက်ဝါ သမိုင်းများဟာ ဈေးကျသွားတဲ့ တန်ဖိုး ပျောက်ရှသွားတဲ့ အိပ်မက်များ တရေးနိုး စုပုံလို့ ခေါင်း ခါး ခြေ လက် ကျွန်တော် က နေတာ

ဥပမာအားဖြင့် အမေရယ် ၂၀၁၀မှာ ကျွန်တော်တို့ စစ်ကြေညာမယ် ဗုံးခိုကျင်းလေး ၀င်းပလာတယ်။



အမည်မဲ့ http://anonymousez.blogspot.com

ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၀

ပိတောက်မှတ်တမ်း တခါတုန်းကပေါ့ ... နှစ်ကာလ မှတ်စုစာအုပ်တွေအကြား ၀ှက်ထားတဲ့ ပိတောက်တွေ သွေ့ခြောက်နေလည်း ရနံ့မပြယ်။ အဲဒီပိတောက်တွေမှာ မေမေ့ ရနံ့ကိုရတယ် (ကျနော့်ရဲ့ အမဖြစ်သူ) မမလေး ရနံ့ကိုရတယ် ဘ၀ရဲ့ ပထမဆုံး ငယ်ချစ်ဦးရဲ့ ရနံ့ကိုရတယ်။ ပိတောက်ဆိုရင် ဇော်ဂျီက ချစ်တယ် မနှစ်ကပေါ့ ဒဂုန်တာရာကလည်း ချစ်တယ် မြစ်ဝကျွန်းပေါ်ဒေသမှာ အမေလူထုဒေါ်အမာက ချစ်သလို နောက်ကျပြီးမှ ပွင့်ခွင့်ရတဲ့ ပိတောက်တွေ

ကျနော်တို့မြို့သူ နာဂစ်ခြွေတာခံခဲ့ရ။ ဂျာနယ်ကျော်မမလေးကလည်း ချစ်တယ် ခုဆို ကုန်ကုန်ပြောရရင် တယောတလက်ရဲ့ ဘိုးတံပေါ်မှာ ချီလီကဗျာဆရာ ဝေဒနာနဲ့ပွင့်မယ့် ပိတောက်တွေ နီရူဒါကလည်း ချစ်တယ်။ ရွှေရည်လူးနိုင်လိမ့်မယ်မထင်ဘူး။ ။ ကမာပုလဲ ဧပြီ၊ ၂၀၀၉။ http://hinlinpyin.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၁

ပန်းချီကိုင်ဇာ

နှစ်တိုး တစ်ရက်နေတော့လဲ တစ်ရက် တစ်သက်စေတော့လဲ တစ်သက် ကမ္ဘာမြေ အသက်ဆက်ခြင်း ပြေပါတယ်။ ငါတို့ ၀န်းကျင်က လှို့ဝှက်တယ် အပြင်က ဖြူဆို အတွင်းက မဲလိုက် အတွင်းက ဖြူဆို အပြင်က မဲလိုက်။ ရာသီဥတု မျှတဖို့ဆိုတာ ဘာသာတရား၊ စစ်ကစားခြင်းနဲ့ လူအများက ဖန်တီးတယ်။ စိတ်မကောင်းပါဘူး သူငယ်ချင်း ရေခံ၊ မြေခံ သိပ်မကောင်းသလို ငါတို့ ဦးခေါင်းတွေလည်း ရွေ့လျားနေရ၊ ငါတို့ အဖြစ် ငါတို့ ဖိုထိုးပြီး ငါတို့ကာလကို ဓါတ်လုံးအောင်ဖို့ ဆောင်းအိပ်မက်တွေ မက်လိုက်ကြ။ ကြာတော့လည်း ငါတို့အလွှာ ပါးပါးမှာ ငါတို့ အိပ်ကပ်ပါးပါးတွေသာ အောင်ပွဲခံနေကြတာဘဲ မဟုတ်လား။ တော်ရာမှာ နေပျော်ပါစေ သူငယ်ချင်း။ ။ စိုးစိုး ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၂

ပိတောက်တွေထက် လင်းတဲ့ကောင်းကင် ဒါဟာ .......အသံတခု ဟိုး.....အဝေးကြီးကလာတာ ကျယ်ကျယ်လောင်လောင်ကြားလား ငါ့ရင်ခေါင်းထဲက အော်ဟစ်လိုက်တာဖြစ်တယ် .........။ ပိတောက်ပွင့်ချိန် တိမ်တွေတောက်ပြီဆိုမှဖြင့် အိမ်ပြန်ရောက်ချင်နေတယ် ....အမေရယ် ပိတောက်ပွင့်တာမြင်ရင် ကသစ်ပွင့်တာမြင်တဲ့ အသူရာတွေလို ကျနော့် ရင်မှာ ဟာကနဲပဲ အမေ.........။ အိမ်ဝေးတဲ့သူဟာ ဝေးနေတဲ့အိမ်ကို အဝေးတိမ်တွေနဲ့ပဲလွမ်းနေရ တစိမ်းတွေကြားမှ နေပျော်လှတယ်လို့တော့ မဟုတ်ဘူး မျက်နှာဖုံးစွပ်ထားတဲ့လူတွေက ဗြဟ္မစိုရ် တရားတွေကို ခိုးဝှက်သွားကြတယ် အိပ်မက်ထဲမှာပဲ ကဗျာတွေ ချရေးနေမိ ကမ္ဘာထဲမတော့ ကျနော့်ကဗျာတွေက စားသုံးလို့ မရတဲ့ သစ်သီးပဲ မဟုတ်လား အမေ.... ဘာနေ့ တွေ ၊ ညာနေ့တွေအတွက် ကဗျာမရေးတော့ဘူး ရင်ဘတ်ကိုတဲ့တဲ့ ထိတဲ့နေ့အတွက်ပဲ ကဗျာရေးမယ် ကြယ်စင်တွေ ရေတွက်ရင်းသီချင်းရေးတယ် ကြယ်တွေစုံတဲ့ည သီချင်းတားထောင်တယ် ကြယ်တွေကြွေကျတိုင်း ဆုတောင်းတယ် နက္ခတ်စုံတဲ့ အခါရောက်မှ အမေ့အုတ်ဂူဝမှာ ကျနော်အကြိမ်ကြိမ်ဦးချမယ်... အမေကြွေတဲ့ကောင်းကင်ကို ခဏ မော့ကြည့်လိုက်တော့ အဲ့ဒါက ဝေနေတဲ့ပိတောက်တွေထက်လှတယ် ..အမေ...။ (အမေဒေါ်ခင်မာအေး နှစ်လည် အမှတ်တရ) မောင်ဖုန်းမြင့် http://mgphonemyint.blogspot.com

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၃

ပါရမီမြောက်တဲ့ ၀ဋ်ကြွေး အကြောင်းမသိဘူး ဆိုပြီး တချို့ က သနားချင်သနားမယ်။ ခေါင်းမရှိဘူး ဆိုပြီး တချို့ က ဟားချင်ဟားမယ်။ ကိုယ့် အိပ်မက်မြို့ လယ်ခေါင်မှာ ကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာ ကိုယ့်ကိုယ်ကို သနားလွန်းလို့  ကိုယ့်ကိုယ်ကို မသနားတော့ဘူး။ ဘာကိုမှ မစတေးပဲနဲ့  ဘယ်သူတွေ သမိုင်းရေးဖူးလို့ လဲ။ အသိုင်းအဝိုင်းကတော့ လူအုပ်ကြီးအတိုင်းတွေး ပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့  အဝါကတ် ပြ သတိပေးနေပြီ။ ဒီလို… ပေးဆပ်ခြင်းနဲ့  လမ်းဖောက်ခ မီးခိုးကြွက်လျှောက် ဒုက္ခတွေကို ဝဋ်ကြွေးတွေလို့ ပြောဦးမလား။ ဝဋ်ကြွေးဆိုတာ ဘုရားသခင်အလိုတော်လို မလွန်ဆန်နိုင်ဘူး ဆိုရင်တောင်မှ ဒါတွေဟာ အလဟဿ ဝဋ်ကြွေး သန်းပေါင်းများစွာ ထဲက ဝဋ်ကောင် တစ်ထောင်မှာ တကောင်တောင်ဖွားခဲတဲ့ ပါရမီ မြောက်တဲ့ ဝဋ်ကြွေး။ ကောင်းကင်ကို http://kaungkinko.myanmarbloggers.org ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၄

ဘ၀ဆုံမှတ် လူသား မိခင်ဝမ်းကြာတိုက်မှသည် ပုခက်တွင်းကနေ ကမ္ဘာအိုမှ ကမ္ဘာသစ်ဆီသို့ သံမဏိလက်တစုံဖြင့် ပခုံးပြောင်း သယ်ဆောင်ကြမယ့် ဧည့်ခန်းဆောင်ရှင်ကြီးသာပင်။ ဟစ်တလာမှာလည်း မိခင်ဖခင်ရှိခဲ့ မော်စီတုန်းမှာလည်း မိခင်ဖခင်ရှိခဲ့ ချီဂွေဗားရားမှာလည်း မိခင်ဖခင်ရှိခဲ့ ဗိုလ်ချုပ်အောင်ဆန်းမှာလည်း မိခင်ဖခင်ရှိခဲ့ သို့သော်ငြားလည်း အမည်ပေါက်တာချင်းအတူတူ အတ္ထုပ္ပတ္တိကောင်းခြင်း ဆိုးခြင်း၌ သားမြတ် သားမိုက် ၀ိသေသကွဲပြားခြင်းထက် စိတ်အရောင်လွင့်ဖို့သာ အရေးတကြီးအရှိအပ်ဆုံး ကိုယ်ကိုယ်တိုင်ပြောမယ့် ကိုယ့်အကြောင်းက မိမိဖြတ်သန်းခဲ့ရာ ခေတ်ပြတိုက်ထဲမှာ ရာဇ၀င်ဟာ ရာဇ၀င်ဆန်ပြီး လူသားဟာ လူသားဆန်မယ်ဆိုရင် လူကြီးဖြစ်လာမယ့် ကလေးတိုင်း အသေမြတ်တဲ့ ဘ၀ဆုံမှတ်လူသား မုချဖြစ်ပေလိမ့်။ လင်းထိပ်သျှင် ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၅



အ၀ါရောင်ကဗျာ နွေဦးတွန်သံအဆုံးမှာ အိပ်မက်အ၀ါက တံခါးလာခေါက်တယ်။ ဒီအချိန်… ဟိုတုန်းကဆို အ၀ါရောင်တွေရွှဲရွှဲစိုပြီး လူတိုင်းရင်မှာ ပိတောက်ကိုယ်စီပွင့်ကြလို့ ဒီအချိန်… ဟိုတုန်းကဆို နှစ်ဟောင်းကအညစ်အကြေးတွေ ဒီနေ့မှာ အပြီးသတ်ဆေးလို့ကြောလို့ ဒီအချိန်… ဟိုတုန်းကဆို တယောက်ရင်ကပိတောက် တယောက်ကတယောက်ကိုခူးပြီးဝေလို့။ လွမ်းတယ် နောက်ပြီး အဝေးရောက်အ၀ါရောင်တွေကိုတမြေ့မြေ့နဲ့ပေါ့။ သင်္ကြနစ် စ်စစ်တဖဲ့စာလောက်ဖြစ်ဖြစ် ဒီမှာ ငါတို့ကိုပြန်ပေးပါ သင်္ကြန်တုတခုရဲ့ကျောပြင်ပေါ် ခြောက်ခြောက်သွေ့သွေ့တန်ခူးနေ့တွေကတဖွဲဖွဲကြွေကျ ချစ်တဲ့ကောင်လေးရေ… ဒါကိုပဲမက်မက်စက်စက်ငွေပေးပျော်သူတွေကပျော်လို့ သူတို့ကပြောသေးတယ်

ဒီမှာ အလွမ်းတံခါးမစေ့သေးဘူး

ကြီးမြတ်လှစွာသော`မဟာသင်္ကြန်´ တနေ့နေ့ အဲဒါလဲသင်္ကြန်ပါပဲဆိုလား“ ငါတို့အားလုံးအိမ်ပြန်ရောက်ချိန်မှာ

တကယ်ဆို တန်ခူးကိုတန်ခူးလို စင်ပြိုင်စင်ခဲတွေထားခဲ့သင့်ပြီ ပြန်လည်ထုဆစ် ၂၀၁၀ရယ် ချစ်ခြင်းတရားစစ်စစ်မှာ ရေမစိုတဲ့အ၀ါရောင်နေ့တနေ့အတွက် သင်္ကြန်လက်ဆေးမိုးစက်တွေစွတ်စိုလို့ နင်ရောအ၀ါဆိပ်သင့်ခံရဦးမှာလား နေ့စွဲဟောင်းတွေကို ဒီနေ့အဖို့ရာ ပြန်ပြီးသန့်စင်ကြမယ် ရောင်စုံသက်တန့်ကြီးလဲပြန်ယူသွားပါ သမုဒရာဟိုဘက်ကမ်းကအ၀ါရောင်ရယ် ငါလိုချင်တာကအ၀ါရောင်စစ်စစ် နင်တကယ်စောင့်လို့ကြိုနေနော်။ မွန်ဒရာူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ပြိုင်တလ ရကဗျာစု - ၁၆

ခပ်ဝေးဝေးကပိတောက် ပိတောက်ရယ် နှစ်ကူးကိုခေါ်လာမှာလား အပြောင်းအလဲဆိုတာကို ကြိုဆိုလာမှာလား ငါ့ပြတင်းပေါက်ကလေးအပြင်ဘက်က လှမ်းမြင်နေရတဲ့ ဧပြီလ ဆိုတာတော့ တန်ခူးမဟုတ် မထူးသရုပ် သူများပျော်လို့မပျော်နိုင်.. ဆိုတဲ့ ပဋိပက္ခတွေကြား နေသားတကျ ကြည့်လှနေတော့တာ.. သိကြားမင်းပုရပိုဒ်ထဲက အနက်ရောင်စာရင်းတွေအကြောင်းလည်း စကားတင်းမဖွဲ့ကြတော့တာကြာလှပေါ့ ပူလောင်တယ် ဆာလောင်တယ် ကျယ်လောင်တယ် တောက်လောင်တယ် သင်္ကြန်မိုးပြေး တူးပို့တေးနဲ့ ဖြည်းဖြည်းဘယ်လိုငြှိမ်းပါ့ကွယ် ငယ်ငယ်တုန်းက ငါ့မြို့လေးမှာ အလှပြကားတွေထဲ ယိမ်းထိုးကခုန်ခဲ့ဖူးတဲ့ပိတောက် သံချပ်တွေထဲ တစွန်းတစညှပ်ထားတဲ့ စကားလုံးတွေကို နှစ်နှစ်ခြိုက်ခြိုက် ရယ်မောခဲ့ဖူးတဲ့ ပိတောက် ဇီဝိတဒါနပွဲမှာ ငါးတွေ နွားတွေနဲ့အတူ ပေါ့ပါး လွတ်မြောက်ခဲ့ဖူးတဲ့ ပိတောက် တရော်ကင်ပွန်းခေါင်းလျှော်ရည်တွေနဲ့အတူ ဆေးကြောသန့်စင်ခံခဲ့ရဖူးတဲ့ ပိတောက် ငွေဖလား သပြေခက်တွေ နဲ့အတူ ရွှဲရွှဲစို လန်းဆန်းခဲ့ဖူးတဲ့ပိတောက် အခုတော့ ပိတောက်ပင်ကြီးလည်း အိုးမည်းတွေပေလို့ နှစ်သစ် ညစ်ထေးထေးကို နွေရဲ့သစ်ကိုင်းဖျားမှာ ချိတ်ဆွဲလို့ ကမ္ဘာမြေ ပက်ကြားအက်ကလည်း အ၀ါရောင်တွေကို မသိကျိုးကျွံပြုနေလေရဲ့။ ပန်ဒိုရာ http://pandora-and-pandora.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၇

ပိတောက်နဲ့ဆောက်တဲ့နိုင်ငံတော် ပိတောက်က ငါ့ရင်ခုန်ဖက် လွမ်းလျှက်နဲ့ခွဲ ဥသြငှက်က မဟူရာ တမန်တော် ကျွမ်းလျှက်နဲ့လွဲခဲ့ရတဲ့ အဖြစ်ပါ။ ငုဝါပန်းက ငါ့အလွမ်းများ နွေရက်တွေနဲ့ အဝေးကြီး ဝေးခဲ့သမျှ အဆွေးကြီးဆွေးခဲ့ရ နှစ်တွေထဲ ငါက အချစ်နဲ့စစ်ရဲ့

သစ္စာနဲ့ ပွင့်တဲ့ ပိတောက်နဲ့

ဆောက်တဲ့ နိုင်ငံတော်မှာ သူရဲကောင်းစိတ်ဓါတ် “အဓွန့်ရှည်ပါစေ” ဒေါ်အောင်ဆန်းစုကြည် “ကျန်းမာပါစေ” ပဋိပက္ခ အကျဉ်းသား။ ပိတောက်ပန်းများ “ငြိမ်းချမ်းပါစေ”

အင်တာနက်မှာ ‘ငုနဲ့ ပိတောက်တို့နွေမှာ လိုင် တစ်နှစ်တစ်ခါ ပွင့်တဲ့ ပိတောက်ကို စုနဲ့ ခမောက်တို့မေမှာ နိုင်’ ခဲ့တယ်။ စိတ်ကူးမှာခူးပြီး ခမောက်က ငါ့နိုင်ငံတော် ရူးလောက်အောင် လွမ်းနေရ.. အန်တီစုက ငါ့သေနာပတိ ရေကင်းသံတွေကြားမှ ဥသြငှက်က ငါ့အလွမ်းများ သတိရတာမဟုတ်ပါဘူး ပိတောက်ရယ် အမှန်တရားတွေ ဆွံ့အ ခင်လျှက်နဲ့ဝေး ဖွင့်ဟခွင့်မရခဲ့သမျှ ကြင်လျှက်နဲ့ဆွေးနေရတဲ့ အဖြစ်ပါ။ ပိတောက်က.. အချစ်နဲ့စစ်ရဲ့ တန်ခူးလေသွေးမှ မလွတ်မကျွတ်ခြင်း သားကောင်။ ။ မွှေးမြတာမဟုတ်ပါဘူး ပိတောက်ရယ် ငြိမ်းချမ်းအောင် http://nyein-chan-aung.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၈

သတိရခြင်း စာမျက်နှာပေါ်က သင်္ကြန် ဒီ နေ့ရက်ပိုင်းတွေမှာ. သင်္ကြန်ရေနဲ့ ဝေးနေတာ အနှစ်၂၀ကျော် ကြာပြီဖြစ်တဲ့ ဟောဒီ ငါ့ရဲ့ခန္စာ တခွင်လုံးကို ကွန်ပြူတာ ဖန်သားပြင်ထဲက ရေသဘင်ပွဲ တခုထဲ တည်တည်ငြိမ်ငြိမ်ပဲ နှစ်ချရင်း သင်္ကြန်သီချင်း တပုဒ်ကို ”သတိရခြင်းစာမျက်နှာ”ဆိုတဲ့ မျက်နှာဖုံးအုပ်ပြီး အနက်ရှိုင်းဆုံး နှလုံးသားကြီးနဲ့ ကဗျာတပုဒ်လို ဆိုငြီးနေလိုက်မိတယ်….

ပန်းချီကိုင်ဇာ

ဒီ နေ့ရက်ပိုင်းတွေမှာ သဘာဝလေက ပူနွေးသလောက် ငါ့စိတ်ကူးလေးထဲ မှောက်ကျသွားခဲ့တဲ့ ပိတောက်နဲ့ပက်တဲ့ ရေအေးတခွက်ဟာ ငါရောက်နေတဲ့ အမေရိကန်နိုင်ငံဆိုတဲံ့ အေးစက်ပူလောင် မြေထက်က အအေးဓာတ်လွန်ကဲ ရေခဲသေတ္တာထဲမှာ ကာလအတန်ကြာ လဲလျောင်းနေတဲ့ ရေခဲရေတခွက်ထက် ပိုပြီးအေးမြတယ်ဆိုတာ ငါနဲ့ငါသာ အသိနိုင်ဆုံးမို့ ငါက… ငါ့စိတ်ကူးတွေထဲက အတာပွဲကိုပြုံးကြည့်နေရင်း ငါ့ရဲ့နေ့လည်နေ့ခင်း ပန်းချီကားတချပ်ထဲကို ပိတောက်ပင်ပျိုတွေချည့် ထည့်ဆွဲနေမိတဲ့အခါ သတိရခြင်း သီချင်းဟာ ကဗျာတပုဒ်အဖြစ် ထပ်မံမွေးဖွား မင်းကို သိပ်သတိရသွားမိတယ် ”သင်္ကြန်”ရယ်…. ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၁၉

ဒီ နေ့ရက်ပိုင်းတွေမှာ. သင်္ကြန်ရေနဲ့ ဝေးနေတာ အနှစ်၂၀ကျော် ကြာပြီဖြစ်တဲ့ ဟောဒီ ငါ့ရဲ့ခန္စာ တခွင်လုံးကို ကွန်ပြူတာ ဖန်သားပြင်ထဲက ရေသဘင်ပွဲ တခုထဲ တည်တည်ငြိမ်ငြိမ်ပဲ နှစ်ချရင်း သင်္ကြန်သီချင်း တပုဒ်ကို ”သတိရခြင်းစာမျက်နှာ”ဆိုတဲ့ မျက်နှာဖုံးအုပ်ပြီး အနက်ရှိုင်းဆုံး နှလုံးသားကြီးနဲ့ ကဗျာတပုဒ်လို ဆိုငြီးနေလိုက်မိတယ်…. ဒီအချိန်ဆိုရင်

ဒီ နေ့ရက်ပိုင်းတွေမှာ ဟိုး….တချိန်ကလိုမျိုး သဘာဝလေက ပူနွေးသလောက် ငါ့ရဲ့နှလုံးသားမြို့ရိုးပေါ်က သင်္ကြန်မလေး ငါ့စိတ်ကူးလေးထဲ မှောက်ကျသွားခဲ့တဲ့ စက်ဘီးတွေ ရှုပ်ထွေးနေတဲ့ ပိတောက်နဲ့ပက်တဲ့ ရေအေးတခွက်ဟာ ”မသုံးလုံးမြို့”ရဲ့လမ်းမပေါ်

ငါရောက်နေတဲ့ အမေရိကန်နိုင်ငံဆိုတဲံ့ အေးစက်ပူလောင် မြေထက်က အအေးဓာတ်လွန်ကဲ ရေခဲသေတ္တာထဲမှာ ကာလအတန်ကြာ လဲလျောင်းနေတဲ့

အတိတ်သင်္ကြန်တုန်းကလိုမျိုး ပျော်ပျော်ပါးပါး မျက်နှာထားနဲ့ မိုင်၅၀ကျော် အဝေးက ပြေးလာမယ့်ငါ့ကို မျှော်ငေးလို့နေဦးမလား…

ရေခဲရေတခွက်ထက် ပိုပြီးအေးမြတယ်ဆိုတာ ငါနဲ့ငါသာ အသိနိုင်ဆုံးမို့ ဒါမှမဟုတ်ရင်လည်း ငါက… ငါပြန်လာမယ့်လမ်းကို မျှော်မှန်း ငါ့စိတ်ကူးတွေထဲက အတာပွဲကိုပြုံးကြည့်နေရင်း ပိတောက်တွေကိုနမ်းရင်း လွမ်းနေဦးမလား….. ငါ့ရဲ့နေ့လည်နေ့ခင်း ပန်းချီကားတချပ်ထဲကို ပိတောက်ပင်ပျိုတွေချည့် ထည့်ဆွဲနေမိတဲ့အခါ ဒီလိုပါပဲ သတိရခြင်း သီချင်းဟာ ငါ့အတွေးတွေက တရိပ်ရိပ် ကဗျာတပုဒ်အဖြစ် ထပ်မံမွေးဖွား တနှစ်ပြီးတနှစ် အတိတ်တွေဖြစ်သွားရင်း

မင်းကို သိပ်သတိရသွားမိတယ် ”သင်္ကြန်”ရယ်…. မနက်ဖြန်ပေါင်းများစွာကို

”တန်ခူး”အကြိမ်ကြိမ်က ဖြတ်နင်း ဒီအချိန်ဆိုရင်…. သင်္ကြန်တွေ ကြီးပြင်းခဲ့တာလည်း..အခါခါ…… ငါမလျှောက်ရတာ ကြာပြီဖြစ်တဲ့ ငါ့တိုင်းပြည်ရဲ့ လမ်းမတွေပေါ်မှာတော့ ငါ့မှာသာ…

ငါမပါပဲ ရေတွေရွှဲနေတဲ့ သင်္ကြန်ပွဲဟာ အလွမ်းသင်္ကြန်ဆိုတဲ့ ဆိုင်းဘုတ်ကို သူ့ရဲ့ဦးခေါင်းကို ကြော့ကြော့လေးမော့ရင်း ရင်ဘတ်မှာ ကပိုကယိုဆွဲ နွေမှာပွင့်တဲ့ ပိတောက်ကို လှလှလေးပန်ဆင်ရင်း ကြိတ်လု့အိံခဲခဲ့ရတဲ့ ပြက္ခဒိန်ပေါင်းများစွာထဲမှာ အတာသီချင်းကိုဟစ်ဆိုကာ ”က”နေတော့မှာမို့ နွေပေါင်း နှစ်ဆယ်ကျော်ကြာ ဝေးကွာခဲ့ ”ညိုမြ”တို့လည်း ”လှ”နေကြလောက်ရောပေါ့…. ချစ်ရတဲ့ သင်္ကြန်နဲ့လေ….

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၀

ငါ့မှာတော့.. ဘယ်ဌာနေ.ဘယ်ဆီရောက်ရောက် ဒီအချိန် ရောက်ပြီဆိုရင် ပိတောက်ကို ပိတောက်အတိုင်း မြင်ချင်သလို တန်ခူးမိုးစိုနေတဲ့ သင်္ကြန်ပျိုကိုလည်း အရင်လိုပဲ… မြင်ချင်ဆဲ အရင်လိုပဲ…ချစ်ဆဲ အနှစ်၂၀ကျော် ခွဲခဲ့ရလည်း ရင်ထဲ အစဉ်စွဲ ပိတောက်ကို အမြဲချစ်သလို ပိတောက်မေပျိုကိုလည်း မမေ့ရက်နိုင်ပါဘူး….. ရေစိုနေတဲ့ အမိရေသဘင်ကိုလွမ်းလို့ ငါ့ရဲ့စိတ်ကူးတွေက ပိတောက်ဖူးတွေဆီမှာ… အကြိမ်ရာအလီလီထောင်သောင်း မမေ့ကောင်းတဲ့ အတာရေသဘင်အကြောင်း တွေးရင်း ဟောဒီ..ကဗျာသီချင်းလေးကို စာမျက်နှာအိုပေါ်မှာ နှလုံးသွေးနဲ့ရေးပြီး ဆိုမိတယ်… ပိတောက်နဲ့ဝေးလို့ ဆွေးခဲ့ရတဲ့ နေ့တွေအတွက် ဟောဒီ ကဗျာတပုဒ်ဟာ ငါ့ရဲ့ အလွမ်းသက်သေပါ ”သင်္ကြန်” ချစ်တဲ့မွေးမြေကို မပြန်နိုင်သေးသမျှ ဟောဒီ ကဗျာသီချင်းလေးကို တနှစ်ပြီးတနှစ် ပြန်ရေးချပြီး ချစ်မငြီးတဲ့ ”အတာသင်္ကြန်”ရှိရာ စိတ်နဲ့သာ အခါခါပြန်လာနေပါ့မယ် လွတ်လပ်တဲ့ တန်ခူးတရက်ရောက်ရင်တော့ ငါတို့ လူချင်းတွေ့ကြတာပေါ့ ”သင်္ကြန်”ရယ်…။ ဆောင်းယွန်းလ http://saungyunela.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၁

ဟန်လုပ်ပြုံးတဲ့ သင်္ကြန် နရသီဟပတေ့လိုတော့ ပန်းချီကိုင်ဇာ

ရက်အကန့်အသတ်မရှိ မဆင်နွှဲချင်ပါဘူး ... ဒီ သုံးလေးရက်လောက်လေးပဲ လွတ်လပ်စွာ ပျော်ရွှင်ပါရစေ ...။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပစ်လို့ ရရင် နှစ်ပေါင်းနှစ်ဆယ် ဒဏ်ရာတွေကို ဘယ်အရာတွေနဲ့များ ဆေးကြောပစ်လို့ ရနိုင်ပါ့မလဲ? ပိတောက်တွေ တကယ်မွှေးရဲ့လား ... သင်္ကြန်ရေ တကယ်အေးရဲ့လား ... တချို့လူတွေလိုတော့ ဟန်လုပ်အပြုံးတွေနဲ့ ပစ္စတိုတစ်လက်ကို သပြေခက်နဲ့ မပက်ချင်ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် ငိုစရာရှိငို ပျော်စရာရှိပျော် ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ ခေတ်မှာ ငါတို့တွေ တစ်နှစ်ကြီးပြန်ပြီ ...။ နွေဆူးလင်္ကာ http://www.nwaysuelinkar.co.cc

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၂



ဝိရောဓိအချစ် သင်္ကြန်မှာ ရေမစိုတဲ့အခါ လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။ ရေမစိုတဲ့ သင်္ကြန်တွေနဲ့ ရေမစိုတဲ့ သင်္ကြန် စီးချင်းထိုးခဲ့ရဖူးတယ် သံလွင် … စစ်မြေပြင် ကျေးလက်မှာ။ သောင်ရင်း … ရှားပါး ပွင့်ပေါက် သောက်ရေခပ်

တောပိတောက်ကို ပွန်ချောင်း … ဘားတိုက်ဆောက်ဖို့ ခုတ်လိုပြီလို့လည်း ပေါင်းလောင်းချောင်းတွေထဲ တို့မှတ်ခဲ့ဖူးတယ် ခုန်ခုန် ချကြ စစ်တန်းလျား ကျေးလက်မှာ။ အဲဒီလိုနဲ့ ကျေနပ်ခဲ့ရ။ တူးပို့တေးသံနဲ့ လူထုကို မှီခိုကာ ရေတွေ … ရေတွေစိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့ … တော်လှန်စစ် နွဲရမှာ။ ပုတတ်စာတွေ လိုက်ချိုးကြ သင်္ကြန်မှာ ရေမစိုစဉ်က ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ တခုခုကို လွမ်းခဲ့ပြီး ခါချဉ်ဥတွေ လိုက်ဖွတ်ကြ အခုတော့ … မြင်းခွာရွက်တွေ လိုက်နှုတ်ကြ ရေမစိုတဲ့ သင်္ကြန်တွေကိုပဲ ပုရစ်တွေ လိုက်တူးရ ပြန်ပြန် လွမ်းနေရ ပုစဉ်းရင်ကွဲတွေ လိုက်ဖမ်းရ။ တောင်ယာတွေက ရေမကစားတတ်ဖူးလေ။ နွေခေါင်ခေါင် ရေခေါင်ခေါင်မှာ သားရေ … ရန်နဲ့ ငါ မင်းရဲ့ ရေသေနတ်ကလေးနဲ့ ကျည်ဆန်တွေ လောင်းချကြဖို့ မပစ်လိုက်ပါနဲ့ တောင်တန်းတွေပေါ်မှာ အဖေ့ တကိုယ်လုံး မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။ အလွမ်းတွေနဲ့ ရွှဲရွှဲစိုကုန်မှာ စိုးလို့ပါကွယ်။ ညိုထက် (လမ်းသစ်ဦး) http://phonyo.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၃

တမ်းတခြင်းနွေဦး ငါကတော့ နွေဦးကို လေရူးလို ပွေ့ခဲ့မိ ... အနှစ်နှစ်ဆယ် ရှိပေါ့... ငါ့ အကိုကြီးခမျာမတော့ ပန်ဒိုရာ

အလို မကြီးရှာပေမယ့် နွေဦးရဲ့ ဗျာပါဒတွေထဲ စုံးစုံး နက်နက် နစ် တုံးလုံးပက်လက် ဖြစ် ခဲ့ အနှစ် သုံးဆယ်ကျော်... အဖေကတော့ အသေးစိတ်ကို မကြည့်ပါ ဆေးလိပ်တိုတို ဖိဖွာ ပြာတွေ ချွေချရင်း နွေဦးရဲ့ တေးသွား အနှစ်ငါးဆယ်တိုင် ပစ်မထားနိုင်ပဲ ရွတ်ဆိုခဲ့… တခုပဲ အဲသည်လောက် ငါတို့ လွမ်းဆွတ် ရွတ်ဖတ်နေတာတောင် အိပ်ချင်ယောင်ဆောင်နေဆဲပဲလား နွေဦးရဲ့… မင့်ကို... မုန်းမိပြီ... အောင်သာငယ် http://aungthange.blogspot.com

ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၄

မီးကြာ မြို့ဦးစေတီနား ကမ်းပါးက ထွက်လာတဲ့ မီးကြာ မြစ်တစင်းလုံး ထိန်လို့။ တရွေ့ရွေ့ မျော … ဟော … သဘောင်္ဦးနဲ့ တိုက်မလို အနားရောက်တော့ သူ့ စီးမျောရာနဲ့ သူ။ မီးကြာလေးတွေ … ဝါလို့ နီလို့ စိမ်းလို့ သူ့ အားမာန်နဲ့ သူတို့။ မြစ်ကမ်းနံဘေး … ပန်းခြံကလေးကနေ တို့တွေ ကြည့်၊ ရင်ခုန်ကြ။

ပန်းချီကိုင်ဇာ

သူတို့ ဘယ်ဆီရောက် မလဲ ဘယ်အချိန်ငြိမ်း မလဲ မေးခွန်းတွေ။ ငါ ပြောခဲ့တယ် … ဘဝဆိုတာ မီးကြာ။ ။ (မြောင်းမြ မီးဖောင်မျှောပွဲ အမှတ်တရ၊ သာယာဝတီ နရသိန်တွင် ခံစားပါသည်၊၊) ချိုဆိမ့် ဧပြီ ၇၊ ၂၀၀၉ ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၅

ပိတောက်လည်ပြန် အလွမ်းတွေ ဝေ့နေတော့ အကြည့်တွေက မသဲကွဲဘူး။ ကိုယ်က လှမ်းအော်လိုက်တယ် ဘယ်သူမှ မကြားကြပါဘူး...။ နွေ အပူငွေ့နဲ့ ကျီစယ်ချိန် ကောင်းကင်က လက်ဆေးမိုးလေးပါ ဆိုပြီး ငိုရှာ စိတ်မထိန်းနိုင်တဲ့ ပိတောက်တွေ ထိန်ထိန်သာအောင် ပွင့်နေမယ် ။ အုန်းလက်မဏ္ဍပ်ကလေးမှာ ခွက်စုတ်ကလေးနဲ့ ကစားရတာဖြစ်ဖြစ် ပိုက်ရောင်စုံ လူရောင်စုံတွေနဲ့ ဆေးရောင်စုံဏ္ဍပ်တွေမှာ ကစားရတာဖြစ်ဖြစ် ပျော်ခဲ့ဖူးတာပဲ ဧပရယ်...။ ရေတစ်ခွက် လောင်းလိုက်တိုင်းမှာ ဆံနွယ်တွေ သပ်ဖယ် မူနွဲ့ရင်း ငုံ့ကိုင်းလိုက်တဲ့ လည်တိုင်ဖြူလေး ဘယ်မဏ္ဍာပ်မှာ ထည်ဝါ ပွင့်ဖူးနေပါပြီလဲ မုန့်လုံးရေပေါ်လေးရယ်…။ နေညိုသွားတဲ့အထိ စိုတဲ့အဝတ်တွေ ခြောက်ကပ်သွားတဲ့အထိ လူစုတွေခွဲပြီး အသားတွေနီရဲ မောပန်းသွားတဲ့အထိ မြို့တော်ရဲ့လမ်းတွေမှာ ငါတို့ပျော်ခဲ့ဖူးတာ...။ ရင်ထဲက ရွှေဝါမြေလေးဆီ ချစ်စရာ သင်္ကြန်လေးဆီ (ဟိုးအဝေးက) ကြည့် ငေး လည်ပြန် ပိတောက်တစ္ဆေတွေ ခြောက်ရင် ယောင်ကိုင်း အိပ်မက်လမ်းလေးအတိုင်း (စိတ်တွေ) ခဏခဏ အိမ်ပြန်ဖြစ်ခဲ့တာပေါ့။ လင်းဒီပ ၂.၄.၀၉ http://lynndepa.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၆

ပန်းချီကိုင်ဇာ

“ရုပ်ရှင်တစ်ကားလိုပြန်ကြည့်မိတယ်” အရိပ်သုံးပါးနားမလည်တဲ့ ကိုယ်ထဲက ငါစွဲတွေအတွက်တော့ ဘာဆန်းလဲ ပိတောက် တစ်ပင်လုံး

ဘယ်တော့မှ မပျောက်ပြယ်သွားကြတော့မယ့်အတိုင်း ပုံရိပ်တွေဟာ မရှိတဲ့ အရှိကို ဖက်တွယ်လို့

ရင်ထဲမှာပျိုးလိုက်ရုံ တစ်ခုကိုတစ်ခု ရနံ့ တစ်ထွေးလုံး ပစ်ပေါက်ခဲ့လိုက်ကြ စိုစွတ်လိုက်ရုံ ................... ရေစိုခံ ဂီတနွေးနွေးမှာ ဆပ်ပြာပူဖောင်းလေးတွေ တစ်လုံးပြီးတစ်လုံး .............. ခက်တာက သွေးနဲ့သားနဲ့ ကိုယ်ပေပဲ ထားခဲ့လိုက်ပါတယ် ရာသီချိန်ဆို ဒီနေ့မမှီ နောက်နေ့ပေါ့ ရာသီစာကို ချဉ်ခြင်းတွေတပ်လို့ ဒီတစ်နွေမမှီ နောက်တစ်နွေပေါ့ စိတ်အလျဉ်က ပြောရင်းနဲ့ က လွမ်းဆွတ်ခြင်း မှိုင်းတွေတစ်လူလူ .............. တိမ်ဝင်သွားတဲ့ ငါ့အသံတွေ ....................... အဲသလို ညတုန်းကရွာလိုက်တဲ့ ရာသီရဲ့ သန်သန်မာမာလက်တွေထဲမှာ သင်္ကြန်မိုးပါ အမေ့ရဲ့ ဥပုလ် ရနံ့လေးပြန်တွေ့ရဲ့ ခံစားချက်ပါလို့ အမည်တပ်ပြီး ညီလေးရဲ့ မဏ္ဍပ်သီချင်းလေးပြန်တွေ့ရဲ့ ရင်ဘတ်နွမ်းနွမ်းကြီးနဲ့ သူငယ်ချင်းတွေရဲ့ ခွက်လှည့်လက်ကလေးတွေ ပြန်တွေ့ရဲ့ လှိမ့်လှိမ့်သည်းခဲ့လေတယ် ................။။။ ချစ်သူရဲ့ ချမ်းချမ်းတုန် ကိုယ်လုံးလေး ပြန်တွေ့ရဲ့ ကုန်ကုန်ပြောရရင် အိုင်လွယ်ပန် ငါ့ရဲ့ ပစ်စလတ်ခတ် တမ်းတခြင်းတွေပါ http://theserious99.blogspot.com ငါပြန်တွေ့လိုက်ရဲ့ ........................ ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၇

မနက်ဖြန်ဆိုသင်္ကြန်ကျပြီ သင်္ကြန်ကျပြီတဲ့ ကချင်တိုင်းက လှချင်တိုင်းလှှ်မရယ်တဲ့ ပိတောက်တခက် သင်္ကြနန ဘုရားပန်းကပ်ထားတယ်။ သင်္ကြမိုး လေးဖွဲတော့ ပွဲမဖျက်ကြေးနော်… မေမေရေ ကျွန်တော်လွမ်းတာက မရိုးနိုင်တဲ့ ဒီသီချင်း ရေမှုန်ရေမွှားတွေ လွင့်ပျံနေတဲ့ ရင်တွင်းမှာလည်း တွယ်ငြိခဲ့တယ်။ မနက်ခင်းတခုပေါ့။ ချစ်ခဲ့ပါတယ်သင်္ကြန်ရယ် ပိတောက်ဝါတွေ ဖွေးနေတဲ့လမ်း နှစ်သက်ပါတယ်သင်္ကြန်ရယ်။ နှလုံးသားတခု စိုမြခဲ့ဖူးတာ တက်ကြွခဲ့ဖူးတာ.. အခုတော့လည်း အချိန်နှင့်တကွ ခပ်ချောချောသူငယ်မ ရေမြေပါခြားခဲ့ရတော့ ဝေးရဦးမယ်။ ရေလာင်းတိုင်းပျော်ရ ကြည်နူးစရာတေ့ အကောင်းသားရယ်။ ပိတောက်တွေကြွေနေ ဒီရင်ခွင်လမ်းမှာ မုန့်လုံးရည်ပေါ်၊ မုန့်လက်ဆောင်း နွေအနမ်းတွေက မညင်သာတော့ သာကူလေးထပ်ဆောင်းတော့ တန်ခူး မိုးရေ .. သင်္ကြန်နှစ်ကူး အထူးရယ်ပါတဲ့ ခပ်ဖြည်းဖြည်းသာသည်းလှဲ့ပါ။ ချစ်စရာဓလေ့ ဘယ်မေ့ရက်မလဲ။ မနက်ဖြန်ဆို သင်္ကြန်ကျပြီ။ အပေါင်းအသင်းများရဲ့ ရေနွေးအိုး ဘီအီးနဲ့မကျီး မဆို မိုးကြယ် ပိတောက်ဘီလူးဆိုတဲ့ ကားချပ် (ယိမ်းနွဲ့ပါး) ရင်မှာထင်ဟပ်ဆဲပေါ့။ http://yeinnweipar.myanmarbloggers.org ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၂၈

မြူမှောင်ဝေကင်း ပတ်ပျိုးနဲ့ ပန့်(ခ်) ကို ရောသမမွှေနေတဲ့ ရာသီ ခွေးသားရေ ပုရပိုဒ်ကို ပိတောက်ဟာ ပိတောက်မဖြစ်တော့တဲ့နောက် ခွေးလေ တွေလိုစွန့်ပစ် ပိတောက်ဟာ ဘဒေါက် ဖြစ်ခဲ့ရပြီ ။ မှတဉ်ာဏ်အတော်များများပါတဲ့ ခေတ်မှီ လက်ဆွဲကွန်ပျူတာကြီးနဲ့ အနောက်တောင် မုတ်သုန်လေနဲ့အတူ ဒီနှစ်ဆင်းခဲ့ပါ ။ သင်္ကြန်မိုး က သင်္ကြန် ကို မိုး ထားခဲ့တယ် သိကြားမင်းကြီး ဘာစီးပြီး ဆင်းလာမှာတဲ့လဲ တလှပ်လှပ် တလှုပ်လှုပ် သူတု့ေိ တွကို အတာစားပါစေ တနင့်နင့် တရွှဲရွှဲ ။ သူတို့ အရိုင်းတွေကို အတာစားပါစေ သူတို့ အရောင်တွေကို အတာစားပါစေ မီးသတ်ပိုက်နဲ့ ထိုးလိုက်သလို အလုံးအရင်းနဲ့ ရင်ထဲကိုဝင်လာတယ် အညွှန့်စုံထိုး တစ်ချို့ တစ်ချို့များ အတာအိုး တစ်ဝေေ၀နဲ့ ကျွတ်ထွက်လွင့်ပျောက် အမေကော ဆုတောင်းနေသလား ရေစိုခံ နှလုံးသားလေးခမျာတော့ ချင်းချင်းနီလို့ ။ ဟောဒီက ဟန်ရေးပြနေရတဲ့သား မောင်ညိုမြ အတွက်ပေါ့ ။ ပက်ပါ တစ်ကိုယ်လုံးကို ပက်ပါ တစ်ကားလုံးကို ပက်ပါ တစ်အုပ်လုံး တစ်မလုံးကို ပက်ပါ

မြူမှောင်ဝေကင်း ရင်ဖြင့် ရေညိုညို ရိပ်ကာသန်းတဲ့ မန်းတောင်ရိပ် ခိုရအောင် အိုးမည်းသုတ် ခံထားရတဲ့မျက်နှာနဲ့

အထူးသဖြင့် တစ်စုံလုံးကို ရွှဲရွှဲနစ်အောင် ပက်ပါ ဟောဒီမှာ သင်္ကြန်ကြိုနေတယ် ။ မနှစ်က မျက်လုံးတွေကို ။ ဗသားချော

ူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ပြိုင်တလ ရကဗျာစု - ၂၉

အကြောင်း နေ့သစ်တိုင်း ရရာလက်နက်ဆွဲကိုင် ကမ္ဘာကြီး t.v. ခလုတ်ကို "ဖပ်" ခနဲ မြည်အောင်ဖွင့် ပန်းချီကိုင်ဇာ

စစချင်း အနုပညာမှာပဲ ငါတို့ ပြဿနာ ရှာခံရ လောက်တောင် မလောက်ဘူး။ အရှင် လတ်လတ်ကြီး အကွဲယှက်သလိုလို အရှက်ကွဲသလိုလို အကြွေးနဲ့ အပြစ်.. တင်စရာတွေ သိပ်များ သူ လှံစိုက်ချိန် ငါလည်း မြေနိမ့်ခဲ့လို့ ချက်ကြိုးတွေ မလွတ်လို့ ရေသောက်ချင်စိတ် တစ်ပတ်လည် ဘေးက ဆူဆူညံညံ မမြင်နိုင်ရင် သတိချပ်ချပ် တောင်ဝန်ရိုးစွန်းက လှမ်းကြည့်မှ မြင်ရမယ်။ “ပွင့်လင်းရာသီ ရောက်ရှိလာပါသဖြင့် မိမိ အရေခွံများကို စနစ်တကျ ခေါက်သိမ်းထားပါရန် လေးစားစွာ အသိပေး နှိုးဆော်အပ်ပါသည်” ကြေကွဲမှုဖြစ်စဉ်လို့ ငါ မပြောခဲ့ဘူးလား.. ဘာတွေပြောခဲ့တယ်ဆိုတာ ပြန်ရွတ်ပြ။ ဘောင်တွေနဲ့ မလွတ်ဘူး ငါ ချုံ့ထားလိုက်တယ် မြိုချတိုင်း အနည်ထိုင်ပြီလို့ ယူဆရအောင် ပြန်အန်မထုတ်တတ်ဘူး.. သူက ထင်နေပုံရတယ်။ ခန့်နေ http://eduking.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၀

သင်္ကြန် ရိုးရာပလွေ ရွှင်မြူးလေပြီ ရွှေရည်ပိတောက် နွေကြိုထောက်ခဲ့ ဂိမာန်အဖွင့် အတာသစ်ပေါ့ …. ဒို့ရိုးရာမြေ အထက်ညာမှာ ပုံပြင်ဟောင်းက လက်ဆောင်ကောင်းများ သည်ချိန်သည်ခါ နိုပ်စက်လေပြီ သြော် … ငါတို့ ဝေးလွင့်ပြီ … ရောင်စုံပန်းတို့ ရေကန်တော့မည် အိုးမည်းပေပွ ပျော်အကဖြင့် အုန်းလက်မိုးသည့် ဒို့မဏ္ဏပ်မှာ အကြိုနေ့ဆို ကံပေါ်မုန့်ဟေ့ … အတာရေဦး လောင်းယူခံကြ ချစ်သူ့စောင့်စား ပျိုဖြူငယ်များ ရင်ခုန်နွေးသည့် ရေစိုအလှ သိကြားမင်း၏ သင်္ကြန်အကျ … ခါတော်အကြတ် အလှူပြုကြ ဥပုဒ်တိုးပွား ချစ်ဘိုးဘွားထံ ဆေးကြောလှီးဖြတ် ကောင်းမှုလုပ်ဆောင် သည်ရက်မြတ်သည် မဟာတဘောင် … ကြည်နူးနူတ်ဆက် ဆုံမခက်ဖို့ အလွမ်းခြေရာ မိတ္တူဝေကြ သောသောညံသည့် သင်္ကြန်အက အတက်နေ့ဆို ယဉ်ကျေးသဗျ … ဥတ္တရရောက် သင်းကွဲဌက်များ လျှောက်ရင်ပျောက်ခဲ့ မြောက်လင်းတန်းနဲ့ ရေကမစို လွမ်းရေစိုသည် သင်္ကြန်ချိန်ဆို သည်းခြေပျက်ပြီ … ခါးသည်းရက်များ ကုန်ဆုံးပါစေ ပန်းငယ်ပွင့်များ ပျော်မဆုံးစေ ရွှေသင်္ကြန်ပွဲ ခြိမ့်ခြိမ့်နွှဲစေ။ ။ စစ်ငြိမ်း(ဒီရေ) http://pyustate.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၁

“အဆိပ်သင့်ဝါကျများနဲ့လူ” (၁) လေ၀င် လေထွက် မကောင်းတဲ့ အိပ်မက်ဟောင်းတွေကြားမှာ နေ၀င် နေထွက်ကောင်းတဲ့ ဘ၀များအကြောင်း.......... ။ (၂ ) အနမ်းတွေ ဝေတဲ့ ညတွေ အကြောင်း..... ပန်းတွေ ခြွေတွေတဲ့ `လ´ တွေ အကြောင်း..... ပြဿဒါး မကင်းတဲ့ ရထား တစ်စင်းရဲ့ အူသံအကြောင်း.........။ (၃) မြို့ပြညှော်နံ့ ကိုလွမ်းတဲ့ ပန်းအရိုင်းအကြောင်း.... မနက်အိပ်ယာထ ကြေးစည်ထုတဲ့ လူတစ်စု အကြောင်း...။ (၄)

ပန်းချီကိုင်ဇာ

သူတို့ပြောနေတာ..... သမုန္ဒရာရေ သောက်လို့မကုန်တဲ့ အကြောင်း။ ငါတို့ပြောနေတာ..... ပန်းပွင့်.... စက်ရုပ်နဲ့ ရိုမက်တစ်ကချေသည် အကြောင်း.......။ (၅) အကွပ်မရှိတဲ့ ကြမ်းပရမ်းပတာတဲ့ ကျွန်တော်က ဆံပင်ရှည်ထားတယ် ဘီယာသောက်တယ် သတိ... ကြမ်းခင်းမဟုတ် မနင်းရ ! ! ! (၁)+(၂)+(၃)+(၄)+(၅)= (----) အခု ခင်ဗျား ဖတ်နေတာ.. အဆိပ်သင့်ချုပ်ရိုးကြောင်းနဲ့ ရင်ကွဲပက်လက် ၀ါကျ တွေ အကြောင်း......... ။ ကြယ်ဇင်သွေး http://www.kyalzinthway.co.cc

ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၂



အစဉ်အလာလို ငယ်ရွယ်တုန်း ဟစ်အော်ခဲ့ကြ

ခါတော်မှီ သင်္ကြန်အလွမ်း

အပျော်အပျက် သံချပ်များကို ကြားယောင်ရင်း၊ လျာဖျားက ယား....၊

လက်ချိုးရေ စောင့်စားရင်းမှာပဲ မိုးနံ့ သင်းသင်း၊ အိမ်ရှေ့ မြေတလင်းမယ်... နီးသထက် နီးလာပြီ.... ပီပါ၊ ရေပုံး၊ ခွက်ရောင်စုံချ၊ မောင်ငယ်၊ညီမ... ကဲကြဖို့ အသင့် အမှတ်တရ စုပေါင်း ဆောင်ရွက်ကြမတဲ့ ကဗျာစာစောင်ဖွဲ့ .....၊ မကြီးရေ.... တူတူပျော်ရအောင် ပြန်လာခဲ့တော့ ခင်မင်သူအပေါင်းကလည်း တောင်းဆိုလာပြီ ဖုန်းထဲက ခေါ်သံတွေလည်း ညံ.....၊ အတာရေအိုး ပန်းပေါင်းစုံထိုးဖို့ ဒီနှစ်တော့ မလွဲမသွေ အိမ်ပြန်ရရမယ်လို့ အကြံနဲ့ မြေအိုးလှလှလေး ခုနေဆို အမေ ၀ယ်ထားလောက်ပြီ အိမ်ပေါက်စေ့ဝေဖို့ မုန့်လုံးရေပေါ် သမီးတို့ လုပ်ရအောင်နော် အမေ.............. တူးပို့ တူးပို့ ကွေးညွှတ် မက သေးဖူးရယ်... ကြိုတင်မှာကြား၊ နှစ်သစ်ကူး အခါသာမယ အသိနဲ့တင် ပြီးမှ တခါ စိတ်ဘ၀င် မြူးကြွရွှင်လန်း...၊ မြတ်ဘုရားရှေ့  တုပ်တုပ်ထိုင်ပြီး ဒီနား ၀ါဝါ၊ ဟိုနား ၀ါဝါ ဆုတောင်းရ၊ မြင်သာမြင်၊ မကြင်ရတဲ့ ပိတောက်ဦး...........မှလည်း ခါတော်မှီ သင်္ကြန်အလွမ်းမို့ပါ ဘုရား လမ်းဘေးတလျှောက်မယ် ဖူးပွင့်ဝေဆာ၊ တန်ခူးလ ရေစင်ပက်ဖြန်းမှ လန်းပါမယ့် အကြောင်း...။ မှူးဒါရီ http://mhudarye.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၃

မလွမ်းခြင်း သင်္ကြန် အိပ်မက်ထဲအထိ စူးစိုက် ဂုဏ်သိကာကို ခုတုံးလုပ် ရူးမိုက်မိုက် April လေတစ်သိုက်က အိပ်မက်အတုတစ်ခု ငါကိုယ်တိုင်ထုလုပ်ခဲ့ပြီးမှတော့ ငါ့အရှိုက်ကို လက်ပြန်တစ်ချက်ရိုက်တော့ မဏ္ဍပ်ပေါ်က Rock သီချင်းတစ်ပုဒ် အငိုက်မိခဲ့တဲ့ ငါ့နှလုံးသား ပြီးတော့… ပိတောက်စိုက်စရာ ဥယျာဉ် ရှားပါးခဲ့ရတယ်…။ ခပ်စုတ်စုတ် ဂျစ်ကားတစ်စင်းနဲ့အတူ၊ ခပ်ထူထူ နှုတ်ခမ်းတစ်စုံက တစ်နှစ်ပြီးတော့ နောက်တစ်နှစ် ငါ့သဲခြေကိုဆွဲနှုတ်သွားတာ ဘယ်လိုကြည့်ကြည့် တစ်ပွင့်ပြီးတော့ နောက်တစ်ပွင့် တရားပါတယ်…။ ဘယ်လိုပဲ နှစ်သစ်တွေ အကြိမ်ကြိမ်ပွင့်ပါစေ ငါ့ကတော့ မျက်လုံးကို ဇွတ်မှိတ်၊ အံကိုကြိတ်ပြီး ဒီလိုနဲ့ပဲ…့ို့ ….။ မဆိုင်သလို နေပြစ်တတ်ခဲ့ လေရဲ့….။ မင်းတိုက်စားခဲလ



။ မြူဆွယ်တတ်တဲ့ အတိတ်ရဲ့နောက် ငါလည်း…….။ ငါ့ရဲ့စိတ်တွေ ကောက်ကောက်ပါအောင် လိုက်သွားတုန်းက တစ်နှစ်ပြီး တစ်နှစ်အိုခဲ့ရပြီ နှစ်ပိုင်းကွဲသွားတဲ့ ငါ့ခန္ဓာ တစ်နှစ်ပြီး တစ်နှစ်ပြိုခဲ့ရပြီ ၀ိဥာဉ်က ရေတွေစိုရွှဲနေခဲ့သလောက် စိတ်မကောင်းပါဘူးကွာ….. ငါ့မှာတော့ ရေဓာတ်ခမ်းခြောက် သေချာတာတစ်ခုကတေှာ့်မင်းကို ငါမကြိုတော့ဘူးဆိုတာ အသက်ပျောက်လုမတတ်ပေါ့….။ ဒီနစ မင်းသိစေချင်တယ်…သင်္ကြန်။ BLACK DREAM http://www.blackdream21.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၄

သင်္ကြန်သို့... သင်္ကြန်ရေ... တစ်နှစ်စာပေါ့ နှစ်ဟောင်းကို ဆေးဖို့ ရေစိုစို ခြေလှမ်းတွေနဲ့ ကြွကြွလေးလှမ်းလာ လန်းစေတော့မှာတဲ့လား..!! သင်္ကြန်ရေ... သင်္ကြန်ပီသလို့ မိုးတစ်စက်နဲ့ ပိတောက်ကိုပွင့်ဝေ ငြိမ်တဲ့ရင်ကို ပြန်ခုန်စေဖို့ ရှင်ဟာဖန်ဆင်း အပျော်တွေ ခင်းမယ်တဲ့လား..!! သင်္ကြန်ရေ... အနာဂတ်ကို မျှော်လင့်ရင်းနဲ့ အတိတ်တချို့ကဟောင်း အသစ်ကလည်း မပြောင်းတဲ့အခါ ဒီရင်မှာတော့... ခုန်စရာဗလာ တကယ်နထ္ထိပါပဲ..။ သင်္ကြန်ရေ... ပိတောက်ကိုငေးလို့ ပင့်သက်ခိုးရှိုက် ရင်လှိုက်ဖိုတယ် ရှင်စွမ်းသော်လည်း လွမ်းနေဆဲမို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်မိတယ် သင်္ကြန်ရယ်... ........................... ................................. မျက်ရည်မဝဲ ချင်ဘူးကွယ်...။ ခင်လေးငယ် http://koyinnawkhinlaynge.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၅

မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း မိန်အနှောင်းပေလား.. ချိန်စောင်းခါ နွေလယ်ကျူးမှာ မိုးဦးရဲ့ နိမိတ်ပုံ.. သင်းထုံစွာ.. ပန်းစုံပွင့်ချိန်တဲ့ မြူရိပ်ဆင်တံလျှပ်တွေရယ် ဘယ်ဆီကို ငေးကာ ကြည့်ကြည့် ဝေရီနေတယ်... ဆောင်းနှောင်းမှာ ရွက်တွေ ကြွေခဲ့ နုသစ်ဝေ ဖူးတံချီလို့ အညှာမှာ မြရည်လိမ်း လှလှစိမ်းပါတဲ့ ခိုင်ရွှေဝါ သင်္ကြန်ခါ တန်ဆာဆင်ပေး လဲ့ရွှေသွေး ပိတောက်ဝါ။ လေအဝှေ့မှာ.. ပျံ့လာ ရနံ့ရယ်က ဥသြသံ လွမ်းပုံနွဲ့ နဲ့ ဆွေးစရာပါ… ။ လွန်လေတဲ့ ကာလ နှင်းတွေ ဝေစ.. ဆောင်းလ ရဲ့ ဟေမာန်မှာ ပန်စရာ ရှာလာကာ သူပေးခဲ့ သဇင်ဦး ဖူးညှာတွေက ရင်ထဲ မှာ မွှေး ဆဲပေမို့ တာသင်္ကြန် နှစ်အကူး နွေအသက် ပိတောက်ခက်ကို ဟောဒီနွေ လတန်ခူးမှာ မေ့ ရဲ့ မောင် အဝေးဆီမှာမို့. အလှထူးပါတဲ့ မြအဖူး ခိုင်ရွှေကို ပန်ဘို့ ကို ရှာသူ မဲ့ လို့ ရယ် ငိုင်တွေကာ မပန်ဖြစ်ပေမဲ့.. နွဲ့ ကေသာ ဆံညှာထက်မှာ မေ ချူ ကာ မပန်ဖြစ်လိုက် ၀သန်ခါ မိုးစက်နဲ့ လွမ်း အစိုက် မျှော်တော်ယောင် တိုးဖက်လို့ ကြည်စယ်ကာ.. ပြည်သာယာ တိမ်ညို ကင်းခါမှ.. အိပ်မက်တွေ အတွေးစဉ်ထဲ က ငွေ ပွင့်လွှာ စံပယ်ခက်ကို လ စိုးမိုး မြဲ ချစ်သူ.. မောင် ရွှင်ကြည်စွာ မေ ဆင်မြန်းပါ့မယ်.. သူလဲ လေ ဟိုအဝေး မှာ ပြန်ဆုံ ရန် လက်ရေ ချိုး နွေတန်ဆာ ပိတောက်လေးကို တဲ့ မျှော်ကိုးနေတယ်...။ စိတ်တွေးကာ လွမ်းနေလေမလာ့.. ရင်ထဲ မှာ စာနာ စိတ်နဲ့ ရယ်.. မမသီရိ တမ်း မိပါတယ်..။ http://mamathiri.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၆

ရင်ခွင်ဟောင်း ချစ်ရတဲ့ နွေရေ… ဒီရင်ခွင် ခိုဝင်ပြန်ပေါ့ ပြောင်းလဲခြင်းတွေအောက် ဒူးမထောက်ခဲ့တာ နင်ပဲရှိတယ်… လွမ်းရတဲ့ ပိတောက်ရေ နမ်းရှိုက်ခွင့် မှေးမှိန်နေလဲ သစ္စာရှိဆဲ နင့်ကို ခပ်ရေးရေး တမ်းတနေဆဲ… ချစ်ရတဲ့ သင်္ကြန်ရေ… အချိန်မှန် နင်ရောက်ခဲ့ပေမယ့် ဆီးကြိုခွင့်မရှိတဲ့ ငါ ထွေးပိုက်ခွင့်မရှိတဲ့ ငါက အလွမ်းတွေ ရင်မှာပိုက်လို့... ဟိုး… အဝေးဆုံးကနေ ခိုဝင်ခဲ့ဖူးတဲ့ ရင်ခွင်ဟောင်းကို တမ်းတဆဲ….. နှင်းနဲ့မာယာ http://mysterysnow.blogspot.com ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၇

နှလုံးသားတစ်ခြမ်းနှင့်လူ နောက်ဆုံးတွေ့ဆုံခွင့်ဆိုတဲ့ ဒီအချိန် ဒီမိနစ်လေးတွေကို နှမြောတသစွာ ဆုပ်ကိုင်ဖို့ ကြိုးစားနေမိတယ်…. နောက်ဆုံးအချိန်ထိ မင်းအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကလည်း မကုန်ဆုံးသေးဘူး…. နေရာတွေမတူပေမဲ့ ရိုက်ခတ်ခံ နှလုံးသားတွေက မင်းမှာတစ်ဝက် ငါ့မှာတစ်ဝက်နဲ့ မသိမသာ ရှင်သန်နေကြတယ်….. ဘယ်သူတွေကပဲ ဘာပြောပြော ဘာတွေပဲ ဖြစ်နေဖြစ်နေ နောက်ဆုံးဖြစ်ခဲ့မယ် ဆိုရင်တောင်… တစ်ချိန်ချိန်မှာ တစ်ခါလောက်တော့ ပြန်တွေ့ချင်မိတယ် နှလုံးသားတစ်ဝက်ရဲ့ ပိုင်ရှင်တစ်ယောက်ကိုပေါ့….။ ဆူးလင်းသစ် http://moonthitmaymay.blogspot.com ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု - ၃၈

ပြိုင်တလူ င်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစ ရကဗျာစု

Related Documents

Thingyan
April 2020 7
Thingyan St.doc.xls
May 2020 1
110 3 Sue Ngat Thingyan Lay
November 2019 0