The Walk

  • October 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View The Walk as PDF for free.

More details

  • Words: 283
  • Pages: 2
 

 

၈၈ စစ်ကြောင်းလို့ အမည်ရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦးဖြစ်တဲ့ ရဲဘော်အေသင်တို့အဖွဲ့နဲ့ သံဃာ့ဥသျှောင် အပြည် ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ သံဃာတော် ၂ ပါး တို့ဟာ (၁၅)ရက်မြောက် လမ်းလျှောက်ချီတက်ခြဲ့ ပီးနောက် ရည်မှန်း ချက်ပန်းတိုင် ဆုံရပ်ဖြစ်တဲ့ Washington–DC သို့ စက်တင်္ဘာ (၁၆) ရက်နေ့မှာ အောင်မြင်စွာ ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ New York City မှ Washington-DC သို့ မိုင်ပေါင်း (၃၀၀ )ခန့် ခရီးကို မြန်မာပြည် ဒီမိုကရေစီ ရရှိရေး၊ ငြိမ်းချမ်းရေးအတွက် ရည်ရွယ် ချီတက်ခြဲ့ ကတာ ဖြစ်ပါတယ်။ ၈၈ စစ်ကြောင်း မှ ရဲဘော်ဇော်မင်းထွေး နဲ့ ရဲဘော်အေသင်တို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ မတ်လတုန်းက Oregon ပြည်နယ်မှ NYC သို့ မိုင်ပေါင်း (၃၁၂၉)မိုင် ရှိတဲ့ ခရီးကို ချီတက်ခ့သဲူများဖြစ်ပါတယ်။ ယခုလည်း စက်တင်္ဘာ (၂) ရက်နေ့က စပြီး NYC မှ Washington-DC သို့ မိုင်ပေါင်း (၃၀၀) ခန့်ခရီးကို နောက်တကြိမ် ထပ်လျှောက်ခြဲ့ ကတာဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း (၃၄၀၀)မိုင်ခန့် ရှိတဲ့ ခရီးရှည်ကို လျှောက်ခြဲ့ ကသူများ ဖြစ်ပါတယ်။

Washington–DC သို့ ရောက်တာနဲ့ မြန်မာ နအဖ သံရုံးနဲ့ တရုတ်သံရုံးတွေကို သွားရောက်ပြီး ဆန္ဒပြကြပါတယ်။ Washington-DC မှာ ရှိကြတဲ့ မျိုးချစ်မြန်မာရဲဘော်များက ချီတက်ရောက်ရှိလာကြတဲ့ ၈၈ စစ်ကြောင်းနဲ့ သံဃာတော်နှစ်ပါးတို့ကို ကြိုဆိုကြရင်း ပူးပေါင်းချီ တက် ဆန္ဒပြခဲ့ကြပါတယ်။ ၈၈ စစ်ကြောင်းဖြတ်သန်းခဲ့ရာ NewJersey၊ Pennsylvania၊ နဲ့ Maryland ပြည်နယ်များမှ မျိုးချစ်မြန်မာရဲဘော်များက ရဲဘော်အေသင် တို့ကို တတ်နိုင်သမျှ ကူညီထောက်ပံ့ခဲ့ကြပါတယ်။ ထိုရဲဘော်အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ Washington –DC မှ အတာ၊ ကိုရင်အေး၊ USCB မှ ကိုအောင်ဒင်တို့ ရဲဘော်များ၊ Baltimore မှ DPNS ရဲဘော်တဦး ဖြစ်တဲ့ ကိုစိုးမိုး တို့ကို အလွန်ကျေးဇူးတင်ပါကြောင်း ရဲဘော်အေသင်က အားလုံးကိုယ်စား ပြောပါတယ်။ အလားတူ ဂျပန်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြနေကြသော မျိုးချစ်မြန်မာရဲဘော်များကို လည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ အလေးပြုပါကြောင်း ရဲဘော်အေသင်က ပြောပါတယ်။ ၈၈ စစ်ကြောင်းဟာ သူတို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို အောင်မြင်အောင် ချီတက်ခ့ေဲ ပမယ့် လမ်းခရီးမှာ ခက်ခဲစွာ ကျော်ဖြတ်ခ့ရဲ ပါတယ်။ Washington-DC သို့ ရောက်ရောက်ချင်းပဲ ဆရာတော် အသျှင်ဦးပညာသီရိဟာ ကျမ်းမားရေးမကောင်းလို့ ယခုဆို Washington –DC

http://88portland.wordpress.com/ 

ဆေးရုံကြီးမှာ တက်ရောက်ပြီး ဆေးကုသ ခံယူနေရပါတယ်။ တချိန်တည်းမှာပဲ ဆရာတော် အသျှင် ဦးခေမိန္ဒရရဲ့ ဖ ခမည်းတော်ဟာ

 

ကျမ်းမားရေး အလွန်ဆိုးဝါးနေလို့ အသျှင်ဦးခေမိဿရကို NYC သို့ ပြန်ကြွလာခဲ့ဖို့မှာ ကြားခံရပါတယ်။ အသျှင်ဦးခေမိဿရ ကတော့ နောက်ကြောင်းပြန်မကြွပဲ ခရီးဆုံး ပန်းတိုင်အထိ ရောင်အောင်ပဲ ကြွမြန်းခဲ့ပါတယ်။

စက်တင်္ဘာ (၁၇)ရက်နေ့မှာလည်း ရဲဘော်အေသင် တို့ ၈၈ စစ်ကြောင်းဟာ မြန်မာ နအဖ သံရုံး နဲ့ တရုတ်သံရုံး တွေကို သွားရောက်ပြီး ဆန္ဒပြကြပါသေးတယ်။ ထို့နောက် စက်တင်္ဘာ (၁၈) ရက်နေ့မှာတော့ ၈၈ စစ်ကြောင်း မှ အမေရိကန်သမတ နဲ့ အမေရိကန် ကွန်က ရက်လွှတ်တော် ထံသို့ စာပေးပို့ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ရရှိရေးတို့အတွက် မိုင်ပေါင်း ထောင်ချီ ချီတက်ခြဲ့ ကသော ရဲဘော်အေသင်တို့ ၈၈ စစ်ကြောင်း ရဲ့ Washington-DC မှာ ပြုလုပ်မယ့် နိုင်ငံရေး လှုပ်ရှားမှု အစီစဉ်များမှာ ရဲဘော်များအားလုံး ပူးပေါင်းပါဝင်ကြဖို့ ကျနော်တို့ အကြောင်း ကြားလိုက်ပါတယ်။

အသျှင်ပညာသီရိ (315 941 4854) အသျှင်ခေမိန္ဒရ (917 617 7597) ရဲဘော်အေသင် (971 285 7399) ရဲဘော်ဇော်မင်းထွေး (919 357 6852) ရဲဘော်လှထွေး (518 331 2460) ရဲဘော် တင်ကိုကို ၈၈- စစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့

http://88portland.wordpress.com/ 

Related Documents

The Walk
October 2019 34
The Walk
October 2019 19
Walk
November 2019 28
Walk
November 2019 33
Walk
November 2019 28
Walk
October 2019 30