Statement On 62th Anniversary Of Union Day

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Statement On 62th Anniversary Of Union Day as PDF for free.

More details

  • Words: 282
  • Pages: 2
(၆၂) ၆၂) နှစ်မြောက် ပြည်တောင်စုနေ့ - မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ သဘောထားကြေငြာချက်။

ဖေဖေါ်ဝါရီလ (၁၂) ရက်၊ ၂ဝဝ၉ သည် မြန်မာနိုင်ငံ၏ (၆၂) နှစ်မြောက် ပြည်တောင်စုနေ့ အခါသမယ သမိုင်းဝင်နေ့ထူးနေ့မြတ်နှင့် စပ်လျှင်း၍ ကျွနုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ သဘောထား ကြေငြာချက်အား ထုတ်ပြန်အပ်ပါသည်။ အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့ အနေဖြင့် တောင်တန်းမြေပြန့် မခွဲခြားဘဲ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ အတူတကွ လွတ်လပ်ရေးရရှိရေး၊ ငြိမ်းချမ်းရေးစွာ အတူယှဉ်တွေဲ နထိုင်ရေး၊ လူမျိုးရေးမခွဲခြားဘဲ တူညီသည့် အခွင့်အရေးအပေါ်တွင် အခြေခံသည့် ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေး စသည့် ပြည်တောင်စုမူများအပေါ် အခြေခံ၍ ရှမ်ပြည်တောင်ပိုင်း ပင်လုံမြို့တွင် ၁၉၄၇ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တငွ် လက်မှတ်ရေးထိုးခဲ့ကြပြီး အမျိုးသားသွေးစည်းညီညွတ်ရေး ပင်လုံစိတ်ဓါတ်ကို မွေးဖွားပေးခဲ့သည်ဟု ကျွန်ုပ်တို့မှ လက်ခံ ယုံကြည်ထားသည်။ လွတ်လပ်ရေးရပြီး တိုင်းရင်းသားအားလုံး အတူယှဉ်တွေဲ နထိုင်ရေး အကြောင်းအရာကို ဒီမိုကရေစီခေတ် ဦးနု အစိုးရမှ အပြေအလည်ဆုံးဖြစ်အောင် မဆောင်ရွက်နိုင်ဖြစ်ခဲ့ ပြီး၊ တိုင်းပြည်၏ အခြေအနေ ရှုတ်ထွေးနေခဲ့ချိန် ၁၉၆၂ ခုမှ စ၍ မြန်မာပြည်ကြီးတခုလုံး စစ်အာဏာရှင်အောက် လုံးဝကျရောက်ခဲ့ရပြီးနောက် ပင်လုံစိတ်ဓါတ်၊ အမျိုးသားအားလုံး အတူယှဉ်တွေဲ နထိုင်ရေး ဖယ်ဒရယ်စိတ်ဓါတ်ကို တပါတီအာဏာရှင် နှင့် စစ်အာဏာရှင် ခေတ်အဆက်ဆက်အောက်တင်ွလည်း ထိမ်းသိမ်းမူ ဆက်လက်ပြုစုပျိုးထောင်မူ လုံးဝမရှိသည့်အပြင် ပြည်သူပြည်သားတိုင်းရင်းသားအားလုံးကို စနစ်တကျ သွေးခွဲဖိနိပ်အုပ်ချုပ်ခဲ့သည်။ အာဏာရှင်ခေတ်အဆက်ဆက်တို့ အောက်တိုင်းပြည်အခြေအနေ အားလုံးကိုခြုံကြည့်ပါက၊ အာဏာကို ထိမ်းချုပ်ထားနိုင်ရန်အတွက် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းချခြင်း၊ ညှင်းပန်းနိုပ်စက်ခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေကို အတင်းအဓမ္မ ထိုးစစ်ဆင်ခြင်း၊ တိုင်းရင်းသာများ နေထိုင်သော ရွာများကို မီးရှို့ခြင်း၊ တိုင်းရင်သူများကို မုဒိန်းကျင့်ခြင်း၊ လူသတ်ခြင်း အစရှိသည့် ရက်စက်ရမ်းကား ယုတ်မာမူ့များကို အာဏာရှင်စစ်တပ်ကြီးတခုလုံးက အကြိမ်ကြိမ် ကျုးလွန်ခဲ့သည့်အတွက်ကြောင့် မြန်မာအမျိုးသား တိုင်းရင်းသားအားလုံးတို့ အနေဖြင့် အကြီးအကျယ် ထိခိုက်နစ်နာနေခဲ့ရပြီး တိုင်းပြည်တခုလုံးအနေဖြင့် ယနေ့အချိန်ထိ ကမ္ဘာ့အလည်တငွ် ဂုဏ်သိက္ခာကျဆင်းနေခဲ့ရသည်။

ယနေ့လက်ရှိအခြေအနေသည်လည်း တိုင်ပြည်တခုလုံး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေဆဲဖြစ်သည့် အခြေအနေမှ မြန်မာအမျိုးသားအားလုံး တိုင်းရင်းသားအားလုံး အတူအကွ လွတ်မြောက်ရုန်းထွက်နိုင် စေခြင်းငှာ၊ စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စု ပြန်လည်တည်ဆောက်နိုင်စေခြင်းငှာ၊ ငြိမ်းချမ်းသာယာသော တိုင်းပြည်အဖြစ် ပြန်လည်တည်ဆောက်နိုင်စေခြင်းငှာ ကျွနုပ်တို့အနေဖြင့် ပြည်သူပြည်သားအားလုံး၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အမျိုးသားအာလုံးအပြင် တိုင်ရင်းသား မျိုးနွယ်စုများဖြစ်သည့် ပအိုပ့်၊ ပလောင်၊ ဝ၊ လားဟူ၊ အင်းသား၊ ဓနု၊ နာဂ၊ လူရှည်၊ ပဒေါင်း စသည့်တို့နှင့် အတူတကွ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်မှ အပြီးအပိုင်မောင်းထုတ်နိုင်သည်ထိ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခုလို နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်တောင်စုနေ့ တွင် ထုတ်ဖေါ် ပြောကြား အပ်ပါသည်။ ထို့ အပြင် စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စု နှင့် မြန်မာပြည်ပြန်လည် ထူထောင်ရေး အကြောင်းကိစ္စများကိုလည်း တိုင်းရင်းသားအားလုံး နဲ့ အတူတူ ဆုံးခန်းတိုင်သည်အထိ ပူပေါင်းဆောင်ရွက် သွားရန် လေးနက်သည့် ကျွနုပ်တို့၏ ဆန္ဒသဘောထားကိုလည်း ယခုလို အရေးကြီးသည့် ပြည်တောင်စုနေ့ အခါသမယတွင် အလေးအနက် ထုတ်ဖေါ် ပြောကြားအပ်ပါသည်။ ကျွနုပ်တို့ အနေဖြင့် ဒီမိုကရေစီ နှင့် လူအခွင့်အရေးရရှိရေး၊ စစ်မှန်သော ဖယ်ဒရယ် ပြည်တောင်စု ဖြစ်ပေါ်လာရေး၊ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသော ပြည်တငွ်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးတို့အပေါ် အစဉ် လေးစားဂုဏ်ယူလျှက်ရှိကြောင်း နှင့် တိုင်းရင်းသားမျိုးနွယ်များမှ တိုင်းပြည်တခုလုံး၏ နိုင်ငံရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်များအဖြစ် ကိုယ်စားပြုလာနိုင်စေခြင်းငှာ အလေးအနက်မျှော်လင့်ထားကြောင်းကိုလည်း ဖေါ်ပြအပ်ပါသည်။ ထိုသို့ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း တမျိုးသားလုံး၏ ခေါင်းဆောင်များအဖြစ်သို့ ရရှိလာစေခြင်းငှာ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များအနေဖြင့် တတိုင်းတပြည်လုံးကို အမြဲတမ်း ကိုယ်စားပြု နိုင်သည့် နိုင်ငံရေး ဆုံးဖြတ်ချက်များ၊ ရပ်တည်ချက်များ၊ လုပ်ရပ်များ အကောင်အထည် ဖေါ်နိုင်စေခြင်းငှာ ကျွနုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ လေးနက်စွာ ဆန္ဒပြုလိုက်ပါသည်။

လေးစားစွာဖြင့် ဗဟိုနိုင်ငံရေးဦးဆောင်မှုကော်မီတီ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (Free Burma Federation – FBF)။ နေ့ စ။ွဲ ။ ဖေဖေါ်ဝါရီလ (၁၂) ရက်၊ ၂၀၀၉ ခုနှစ်။

Related Documents