Stamps

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Stamps as PDF for free.

More details

  • Words: 966
  • Pages: 12
www.yeyintnge.com ဂျပန်ခေတ် တံဆိပ်ခေါင်းများ ဦးအုန်းကျော် မတ် ၂၈၊ ၂၀၀၉

“ဂျပန်တွေ တို့ပြည်ကို ၁၉၄၂ ကနေ ၁၉၄၅ အထိ ၃ နှစ်လောက် အုပ်ချုပ်သွားခဲ့တယ်။ အဲဒီ ၃ နှစ်အတွင်း ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းတွေအကြောင်း မင်းကို ဦးလေး ပြောပြရဦးမယ်” “အခုလက မတ်လ ဆိုတော့ ဂျပန်တော်လှန်ရေးကို သတိရစရာပေါ့နော်” “အေးပေါ့က။ွ ‘အနီပေါ်က ကြယ်ဖြူပွင့်’ ဆိုတဲ့ တော်လှန်ရေးကာလ အလံလည်း ငါ့တူ မျက်စိထဲ မြင်လာပြီမဟုတ်လား။ နည်းနည်းကလေး

အကျဉ်းချုပ်

မင်းကို

ပြောရမယ်ဆိုရင်တော့

ရဲဘော်သုံးကျိပ်

ဦးဆောင်တဲ့

ဗမာ့လွတ်လပ်ရေးတပ်မတော်

(ဘီအိုင်အေ Burma Independence Army) ကို ထိုင်းနိုင်ငံမှာ ဖြွဲ့ ပီးတဲ့နောက် ၁၉၄၂ ဇန်နဝါရီလဆန်းလောက်မှာ မြန်မာပြည်ထဲကို ဂျပန်တွေနဲ့ ဝင်လာခဲ့ကြတယ်။ စစ်ကြောင်း ၄ ခုန့။ဲ အင်္ဂလိပ်ကို မြန်မာပြည်အနှံ့အပြား မြို့တွေမှာ တိုက်ပွေဲ တွ အများကြီး နိုင်အောင်တိုက်ပြီး မတ်လ ၈ ရက်နေ့မှာ ရန်ကုန်ကို သိမ်းပိုက်ခ့တဲ ယ်။ အဲ … မေလလောက်ကျတော့ အပေါ်ဘက်ကို တဖြည်းဖြည်း ဆုတ်ပြေးရတဲ့ အင်္ဂလိပ်အစိုးရဟာ မြန်မာပြည်ထမှဲာ လုံးလုံးနေလို့ မရတော့လို့ အိန္ဒိယပြည် ဆင်းမလားမြို့ကို ထွက်ပြေးရတော့တာပဲ။ အဲဒီနောက်ပိုင်းကျတော့

ဂျပန်နဲ့

ဘီအိုင်အေ

တပ်တွေနဲ့

တြွဲ ပီး

မြန်မာပြည်အုပ်ချုပ်ရေးကို

တွဖဲ က်

စီမံကြရတော့တယ်။

တံဆိပ်ခေါင်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်သလဲ သိလား။ ပထမဆုံး အင်္ဂလိပ်တွေရဲ့ သုံးလက်စ လက်ကျန်တံဆိပ်ခေါင်းတွေကို ဆက်ပြီး သုံးကြတယ်။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးဘူး ငါ့တူရ။ အဲဒီ ရှိပြီးသား အင်္ဂလိပ်တံဆိပ်ခေါင်းတွေပေါ်မှာ တံဆိပ်တုံး နောက်တစ်ခုနဲ့ ထပ်ဆင့်ရိုက်ပြီး (ဖျက်ပြီးမှ) သုံးကြတာ။ ငါ့တူ သိတ့အဲ တိုင်း အဲဒီ အင်္ဂလိပ်ခေတ် တံဆိပ်ခေါင်းတွေကလည်း ဂျော့ဘုရင်ပုံ ဒီဇိုင်းနဲ့ မဟုတ်လား။ အပေါ်က ထပ်ပြီးဖျက်ဖို့ ရိုက်တဲ့ တံဆိပ်တုံးက ‘က နေတဲ့ ဒေါင်း - ကဒေါင်း’ ဒီဇိုင်း ငါ့တူရ” “ဘာဖြစ်လို့ ကဒေါင်းကို သုံးရတာလဲ ဦးလေး” “ဟ … ငါ့တူရ၊ ဂျပန်န့အဲ တူတူ မြန်မာပြည်ထကဲို ထိုးဖောက်ဝင်လာတဲ့ ဘီအိုင်အေ ခေါ်တဲ့ ဗမာ့လတ်ွလပ်ရေးတပ်မတော် အလံမှာ ကဒေါင်းပုံ ပါတယ်လေကွာ” “ဟာ … ဟုတ်သားပဲ” “အဲဒါတင် မကပါဘူး။ အဲဒီခေတ် မတိုင်ခင်ကတည်းက တို့ဗမာတွေက ကဒေါင်းကို အမျိုးသားသင်္ကေတအဖြစ် တွင်တင်ွကြီး သုံးနေပါပြီ။ မင်းမှတ်မိမှာပါ။ မင်းတုန်းမင်းကြီး ငွေဒင်္ဂါးစက်ရုံက သွန်းထုတ်လိုက်တာ ဒေါင်းပုံ ပါတဲ့ ဒင်္ဂါး ‘ဒေါင်းဒင်္ဂါး’ မဟုတ်လားကွ”

“ဒီလိုဆိုတော့လည်း ဂျပန်အကူအညီနဲ့

ဒေါင်းကို

ရွေးတာ

ဆော်ပလော်တီးလိုက်ရလို့

သဘာဝကျတာပေါ့နော်။ ဟိုကောင်တွေ

နှစ်ပေါင်းများစွာ

ကျောကော့ပြီး

အပြုတ်တိုက်ချင်နေတဲ့

ပြေးနေတဲ့အချိန်မှာ

သူတို့ရဲ့

အင်္ဂလိပ်ကို

ဂျော့ဘုရင်ပုံပါတဲ့

လက်ကျန်တံဆိပ်ခေါင်းတွေကို ‘ကဒေါင်းပုံ’ပါတဲ့ တံဆိပ်တုံးနဲ့ ဖျက်ရတာ အတော် အရသာရှိမှာပေါ့နော် ဦးလေး” “အေး … အရသာ ရှိမရှိ အသာထားဦး။ ပါးရိုက်ခံရ၊ ချွေးတပ်ဆခွဲံရ၊ စစ်ကြောင့် သေကြရ၊ ပြေးကြရ၊ ပုန်းကြရနဲ့ တကယ့်ကို ခေတ်ဆိုးကြီး ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ငါ့တူ သိထားရမယ်နော” “ဟုတ်ကဲ့ပါ ဦးလေးရ။ ဒုတိယကမ္ဘာစစ်အကြောင်း၊ ဂျပန်ခေတ်အကြောင်း ကျောင်းမှာ သင်ကြရလို့ သိထားပြီးပါပြီ” “အေး … အဲဒီခေတ်ဆိုးကြီးရဲ့ အစပိုင်းမှာ အင်္ဂလိပ်လက်ကျန် တံဆိပ်ခေါင်းတွေကို ကဒေါင်းနဲ့ ဖျက်ပြီး ဗွေဆော်ဦး သုံးတာကြောင့် တို့တံဆိပ်ခေါင်းလောကမှာ ‘ဒေါင်း (Peacock)’ ဆိုပြီး သပ်သပ် လေ့လာကြရတယ်။ အဲဒီ ကဒေါင်း တံဆိပ်ရဲ့ ဒီဇိုင်းပုံကို လိုက်ပြီး ဟင်္သာတ (၁) (၂)၊ မြောင်းမြ (၁) (၂) (၃)၊ ဖျာပုံ ဆိုပြီး အမျိုးမျိုး ကွထဲ က်ွသွားတာကိုး။ ဒီဇိုင်းမှာ ဒေါင်းမြီးကွက် ဘယ်နှစ်ခုပါသလဲ၊ ဒေါင်း ခြေထောက်တွေရဲ့ အတိုအရှည်၊ အနေအထား အဲဒါတွေကို ကြည့်ပြီး အားလုံး ၆ မျိုး ဖြစ်သွားတော့တာပဲ။ ဒေါင်းရဲ့ အရောင်တွေကလည်း အနီ၊ အပြာ၊ အနက်၊ နက်ပြာရယ်လို့ ရှိပြန်သေးတော့ … အိုကွာ မူကွေဲ တွ အမျိုးမျိုး ဖြစ်ကုန်တော့တာပဲ။ ငါ့တူ နားလည်လွယ်အောင် ဒီပုံတွေကို ကြည့်လိုက်က။ွ ရုံးသုံးတံဆိပ်ခေါင်းမှာ ဒီဇိုင်းတစ်မျိုးကို သုံးတယ်။

ဒေါင်း (Peacock) တံဆိပ်ခေါင်းများ (၁၉၄၂ မေလ)

(ဂျော့ဘုရင်ပုံပေါ်တွင် ကဒေါင်းကို ထပ်ဆင့် ရိုက်နှိပ်ထားသည်။)

ဟင်္သာတ (၁)

ဟင်္သာတ (၂)

မြောင်းမြ (၁)

မြောင်းမြ (၂)

M-3 မြောင်းမြ (၃)

ဖျာပုံ

ရုံးသုံးတံဆိပ်ခေါင်း

ဂျပန်ခေတ် ဒေါင်းတံဆိပ်ခေါင်း စာအိတ်

“အဲဒီနောက်တော့ စာပို့လုပ်ငန်းကို တာဝန်ယူရတဲ့ ယာနိုး (YANO) ဆိုတဲ့ ဂျပန်စစ်ဗိုလ်ချုပ် တစ်ယောက်ရဲ့ ကိုယ်ပိုင်အမှတ်အသား (Personal Seal) ကို လက်နှိပ်တံဆိပ်တုံး ထုနှိပ်ပြီး တံဆိပ်ခေါင်းအဖြစ် သုံးကြရပြန်တယ်။ စစ်အတွင်း ဆိုတော့ အစစ အရာရာ ရှားပါးတယ်မဟုတ်လား။ လွယ်လယ်ွရတဲ့ စာရွက်ညံ့ညံ့တွေပေါ်မှာ ဖြစ်သလို ရိုက်ထုတ်လိုက်တဲ့ တံဆိပ်ခေါင်းတွေပါကွာ။ အဲ … မရှေးမနှောင်းမှာပဲ လယ်ထန်ွနေတဲ့ လယ်သမားပုံနဲ့ တံဆိပ်ခေါင်းလည်း ထုတ်ပြန်တယ်။ အဲဒါလည်း ဂျပန်လူမျိုးတစ်ယောက်က ကယော်ကမယ် ဖြစ်သလိုဆလွဲိုက်တဲ့ ဒီဇိုင်းပါကွာ။ ‘ယာနိုး (YANO)’ ‘လယ်သမား (Farmer)’ ဆိုပြီး နောက်ပိုင်း လေ့လာသူတွေက အမည်ပေးထားကြတယ်က။ွ ဒီမှာကြည့် အဲဒီ ၂ မျိုးကို”

YANO

Farmer

ယာနိုး (YANO)

လယ်သမား(Farmer)

၁၉၄၂ ဇွန်

၁၉၄၂ ဇွန်လ တွင် ထုတ်ဝေပြီး

၁၉၄၃ မတ်လတွင် ဆင့် တန်ဖိုးဖြင့် ထပ်မံထုတ်ဝေသည်

“ဟုတ်တယ်နော် ဦးလေး။ စာရွက်လည်း ညံ့၊ ဒီဇိုင်းလည်း ညံ့ပ”ဲ

“ဂျပန်ခေတ်မှာ

အကုန်ရှားတယ်က။ွ

ငွေကြေးလည်း

ဖောင်းပွတယ်။

ရတဲ့စက္ကူနဲ့

ဖြစ်သလို

ရိုက်ကြတာတဲ့။

အဲ



နောက်တစ်မျိုးကတော့ ဂျပန်ပြည်မှာ သုံးနေတဲ့ တံဆိပ်ခေါင်း ၁ဝ မျိုးကို ယူလာပြီး မြန်မာပြည်မှာ သုံးတာကွ” “ဟင် … ဘယ်လို သုံးလဲ ဦးလေးရ” “သူတို့

ဂျပန်တံဆိပ်ခေါင်း

တို့မြန်မာပြည်တင်

မဟုတ်ပါဘူး၊

တန်ဖိုးပေါ်မှာ အဲဒီတုန်းက

တို့

ဗမာငွေကြေးတန်ဖိုးကို

သူတို့သိမ်းပိုက်ထားတဲ့

ထပ်ဆင့်ရိုက်ပြီး

နိုင်ငေံ တွမှာ

သုံးတာပေါ့က။ွ

အဲဒီလိုပဲ

ဂျပန်တွေက

လုပ်ကြတယ်။

သူတို့

ဂျပန်တံဆိပ်ခေါင်းတွေပေါ်မှာ မင်နီ၊ မင်နက်၊ မင်ပြာတွေ သုံးပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ထပ်ပြီး ရိုက်လိုက်တာပဲ။ နမူနာတွေကို ဒီမှာကြည့်”

ဂျပန်တံဆိပ်ခေါင်းပေါ်တွင် မြန်မာငွေကြေးတန်ဖိုး ထပ်ရိုက်ထားပုံ

၁၉၄၂ စက်တင်ဘာလ

“နောက်ထပ်တစ်ခါ ‘ဗမာနိုင်ငံတော်အစိုးရ’ ဆိုတဲ့ စာတန်းပါတဲ့ တံဆိပ်ခေါင်း ဆိုက်ကြီးကြီး တစ်လုံး ထုတ်လိုက်သေးတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ အင်္ဂလိပ် ဂျော့ဘုရင်ပါတဲ့ တံဆိပ်ခေါင်းစာအိတ်ကို ဖုံးချင်လို့ပ။ဲ ဒီမှာ ကြည့်ပါဦးကွ”

ဗမာနိုင်ငံတော်အစိုးရ

၁၉၄၃ ဖေဖော်ဝါရီ ၁၅

“ဟာ … ဗန္ဓုလ ခမောက်န့၊ဲ ဓားနဲ့ လှံနဲ့ အကျအနပါလား။ ကျနော်တော့ ဒါလေးကို ခပ်ကြိုက်ကြိုက်ပ”ဲ “အေးကွ … ဦးလေးလည်း ကြိုက်တယ်။ ဒီနေရာမှာ မှတ်သားစရာလေးက ဒီတံဆိပ်ခေါင်းလေးကို သေသေချာချာ ကြည့်စမ်း။ အင်္ဂလိပ်လက်အောက်က လွတ်ခါစ၊ ဂျပန်အောက်မှာ ရောက်နေဆဲ ဖြစ်ပေမယ့် အင်္ဂလိပ်စာလုံး၊ ဂျပန်စာလုံး တစ်လုံးမှ မပါတဲ့ ပထမဆုံးသော ဗမာ့တံဆိပ်ခေါင်းလို့ မှတ်တမ်းတင်ကြရမယ်က”ွ “တခြား အဲဒီလို တံဆိပ်ခေါင်းတွေ ရှိသေးလို့လား ဦးရဲ့” “ဟ … ရှိတာပေါ့က၊ွ ငါ့တူကို ‘ထူးခြားသော တံဆိပ်ခေါင်းများ’ဆိုတဲ့ အခန်းကဏ္ဍရောက်မှ အကျယ်တဝင့် ရှင်းပြမယ်။ ကဲ … အခုတော့ ဂျပန်တွေပေးတဲ့ အတုအယောင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ၃ လုံးကို ကြည့်လိုက်ပါဦး”

၁၉၄၃ သြဂုတ်လ ၁ ရက်နေ့ ဂျပန်ခေတ် လွတ်လပ်ရေးနေ့ထုတ် တံဆိပ်ခေါင်း ၃ မျိုး

‘လွတ်လပ်ရေး’ စာလုံးအား ပုံဖော်ထုဆစ်နေဟန်

သပြေပန်းနှင့် ဗမာ့ကာကွယ်ရေးတပ်မတော်အလံ

ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အလံ

“ဒါနဲ့ နေပါဦး ဦးလေးရ။ လွတ်လပ်ရေးအတု ပေးတာက သြဂုတ်လ ၁ ရက်နေ့၊ တံဆိပ်ခေါင်း ထုတ်တာလည်း အဲဒီ ရက်မှာပဲပေါ့နော်” “အေးလေကွာ ဘာဖြစ်လို့လ”ဲ “ဦးလေး ပြောဖူးတယ်လေ။ ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရတဲ့အခါ ၂ ရက်နောက်ကျပြီး ဇန်နဝါရီ ၆ ရက်နေ့ကျမှ တံဆိပ်ခေါင်း ထုတ်နိုင်တယ် ဆိုတာလေ။ အဲဒါ သွားသတိရလို့ပါ။ အခုဟာ ကျတော့ …” “အေး … မင်း မှတ်ဉာဏ်ကောင်းသားပဲ။ ဟုတ်တယ်က။ွ တကယ့် လွတ်လပ်ရေးအစစ် ရတော့ ၂ ရက်နောက်ကျပြီးမှ ထုတ်နိုင်ခဲ့တယ်။ မင်းကို ပြောဖူးသားပဲ။ ဘာကြောင့်လဆဲိုတာတော့ ဦးလေးမသိဘူး။ (လူကြီးတွေ အလုပ်များနေလို့ ဖြစ်ပါလိမ့်မယ် ဆိုတာလေ)” “ဂျပန်ဆီက လွတ်လပ်ရေး ရပြီးတော့ တံဆိပ်ခေါင်းတွေ အရည်အသွေး တက်လာမှာပေါ့နော် ဦးလေး” “မထူးပါဘူးကွာ။ ညံ့မြဲပါပဲ။ ကမ္ဘာစစ်မီးကြီးက တောက်နေဆဲ ဖက်ဆစ်အောက်မှာ ပြားပြားဝပ်နေရဆဲ၊ လွတ်လပ်ရေးကလည်း အတုကြီး။ ကမ္ဘာကြီးမှာကလည်း ဖက်ဆစ်စနစ်၊ အာဏာရှင်စနစ်တွေ ခေါင်းထောင် ထ နေတဲ့အချိန်မို့ တို့မြန်မာပြည်မှာလည်း ‘အဓိပတိ’၊ ‘အာဏာရှင်’၊ ‘တသွေး-တသံ-တမိန့်’ ဆိုတာတွေ ပလူပျံနေတော့တာပေါ့။ ဒီ စာအိတ်ကလေးကို ကြည့်ပါဦးကွ။

၁၉၄၄ ခုနှစ်က ‘တသွေး-တသံ-တမိန့်’ ဆောင်ပုဒ်နှင့် စာအိတ်

“နောက်ထပ်ထုတ်တဲ့ တံဆိပ်ခေါင်းတွေမှာ ဂျပန်စာရော ဗမာစာပါ တွေ့ရတယ်။ ဂျပန်တွေရဲ့ ဂျာဗားကျွန်း (Java) မှာ ပုံနှိပ်ပြီး ဒီဇိုင်းသဘောအရ

တော်တော်လေး

တိုးတက်လာတယ်။

ကြည့်ကောင်းလာတယ်လို့

တံဆိပ်ခေါင်းလောကမှာတော့ Java- ဂျာဗား လို့ ခေါ်တယ်။ အောက်မှာ ကြည့်ပါဦး”

ဂျာဗား အမည်ရ တံဆိပ်ခေါင်း ၁ဝ လုံး

ပြောလို့ရမှာကွ။

အဲဒါတွေကို

၁၉၄၄ အောက်တိုဘာ ၁ ရက်တငွ် ထုတ်ဝေသည်။

“အဲဒါအပြင် ဂျပန်တွေက ရှမ်းပြည်နယ်ကို သီးခြားခွထဲုတ်ချင်လို့ အုပ်ချုပ်ရေးအရ မတူအောင် တံဆိပ်ခေါင်း သပ်သပ် ထုတ်ဝေသေးတယ်။ နောက်တော့မှ မြန်မာပြည်မထဲ ပြန်ပေါင်းထည့်လိုက်ပြီး အဲဒီ ရှမ်းပြည်နယ်ရဲ့ တံဆိပ်ခေါင်းပေါ်မှာလည်း ‘ဗမာနိုင်ငံတော်’ဆိုတဲ့ စကားလုံးကို ထပ်ရိုက်ပြီး ထုတ်ဝေပြန်သေးတယ်”

၁၉၄၄ နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ရှမ်းပြည်နယ် တံဆိပ်ခေါင်း ၇ လုံး

“အဲဒီနောက်တော့ မင်းသိတ့အဲ တိုင်းပါပဲကွာ ။ တို့ပြည်သူတွေက ၁၉၄၅ မတ်လ ၂၇ ရက်မှာ ဂျပန်ကို စပြီး တိုက်ထုတ်ကြတယ်။ ဧပြီလ နောက်ဆုံးပတ်မှာ ဂျပန်တွေ ရန်ကုန်မြို့က တကောင်တမြီး မကျန် ဆုတ်ခွာ သွားပြီးတဲ့နောက် အင်္ဂလိပ်/မဟာမိတ်တွေ မြန်မာပြည်ထဲ

ပြန်ဝင်လာခဲ့တယ်။

အဲဒီလိုနဲ့

၁၉၄၅

သြဂုတ်မှာ

ဂျပန်ပြည်ပေါ်ကို

အနုမြူဗုံး



လုံး

ချပြီးတဲ့နောက်

ဒုတိယကမ္ဘာစစ်ကြီးလည်း အပြီးသတ်ခ့တဲ ယ်။ တို့ပြည်သူတွေလည်း အင်္ဂလိပ် လက်ခုပ်ထကဲို ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ မျော့မျော့ကလေး ပြန်ရောက်သွားပြန်တော့တာပေါ့။ အင်္ဂလိပ်က ကက်စ်ဘီ Civil Affairs Services (Burma) - CASB လို့ ခေါ်တဲ့ အုပ်ချုပ်ရေးယန္တရားကြီးကို တခါ စက်ထပ်နှိုးပြီး တို့လူထုကို ‘မောင်း’ပြန်တော့တယ်။ ဒီတခါတော့ တို့ပြည်သူတွေက နိုင်ငံရေးနည်းနဲ့ ထပ်ပြီး တိုက်ကြရပြန်တယ်။ အေး



တံဆိပ်ခေါင်း

သမိုင်းကြောင်းကို

ဆက်ပြီး

နည်းနည်း

ပြောချင်လို့ပါကွာ။

အဲဒီလို

အင်္ဂလိပ်ပြန်ဝင်လာတော့

အင်္ဂလိပ်တံဆိပ်ခေါင်းတွေလည်း ပြန်ပြီး အသက်ဝင်လာပြန်တော့တာပေါ့ကွာ ။ ပြန်ပြီး သုံးကြရတာပေါ့။ ဂျပန်ခေတ်အစမှာ ဒေါင်းရုပ်နဲ့ အဖျက်ခံထားရတဲ့ ဂျော့ဘုရင်ခေါင်းဟာ တခါ ပြန်ပြီး ပေါ်လာတာပေါ့။ ကဲ … အဲဒါတွေကို နောက်တော့မှ ဆက်တာပေါ့။ ဒီ ဂျပန်ခေတ် တံဆိပ်ခေါင်းတွေနဲ့ ပတ်သက်လို့ ငါတူ ဘာသိချင်သေးတုန်း” “အဲဒါတွေ ကျနော် တစ်ခါမှ စုံစုံလင်လင် မတွေ့ဖူးသေးဘူး ဦးလေး။ ရှားလားဟင်။ ဈေးရော ကြီးသလား” “ရှားတယ် ငါ့တူ။ ဈေးလည်း ကြီးတယ်။ တို့ မြန်မာတံဆိပ်ခေါင်းတွေထမှဲာ ရှာရအခက်ဆုံးနဲ့ ဈေးအကြီးဆုံးပဲ” “ဘာဖြစ်လို့လဲဟင် ဦးလေး” “မင်းပဲ စဉ်းစားကြည့်လေ။ ဂျပန်ခေတ်ကာလက တိုတယ်လေကွာ။ ၃ နှစ်လောက်ပဲ ရှိတာ။ နောက်ပြီး စစ်က ဖြစ်နေတော့ တပြည်လုံး

ကျီးလန့်စာ

တံဆိပ်ခေါင်းတွေလည်း

စားနေရတာ။ ‘နေ့မြင်

လူ့အသက်တွေကိုလည်း

ညပျောက်’တွေ

ဖြစ်ကုန်တာပေါ့။

ဖက်န့ထဲုပ်ပြီး ရှာလို့မရ

ကပ်ဆိုးကြီးထဲမှာ စုလို့မရ

နေရတာ။

ဖြစ်ကုန်တော့တာပေါ့။

အဲဒီတော့ ဈေးတွေ

ကြီးကုန်တော့တာပေါ့။ ဝယ်လို့ရဖို့ နေနေသာသာ မင်းတို့တတွေ ဓာတ်ပုံထမှဲာတောင် မမြင်ဖူးတော့ဘူး မဟုတ်လား။ စာအုပ်တွေ၊ ကက်တလောက်တွေ မရှိတာလည်း ပါပါတယ်ကွာ ” “အဲဒီတော့ ကျနော်တို့ လူငယ်တွေ ဘာလုပ်ရမလဲဟင်” “ဟာ … မင်းတို့ ဝါသနာတူတဲ့ လူငယ်တွေ အတူတူ စုပြီး ဖတ်ကြ၊ ဆွေးနွေးကြ၊ သိတာတွေ အချင်းချင်း ဖလှယ်ကြ၊ အင်တာနက်မှာ ပုံတွေတွေ့ရင် သတင်းတွေတွေ့ရင် အချင်းချင်း လက်တို့ကြ ဝေမျှကြပေါ့က။ွ အဲဒါကို စွစဲြွဲ မဲမြဲ ထက်ထက်သန်သန်နဲ့ လုပ်ရင်း တဖက်ကလည်း စုထားဆောင်းထားတဲ့ လူကြီးတွေဆီက မေးကြ၊ တောင်းပြီး ကြည့်ကြ၊ ဓာတ်ပုံရိုက်ယူကြ။ ပြီးတော့ ကက်တလောက်တွေ ဘာတွေ ထုတ်ကြပေါ့” “ဦးလေးက ပြောတော့သာ လွယ်တာ၊ ကျနော်တို့မှာက ခြူးတစ်ပြားမှ မရှိဘူး ဦးလေးရ။ တနေ့စားဖို့တောင် အနိုင်နိုင်ရယ်”

“အားမလျှော့ပါနဲ့ ငါ့တူရာ။ ကိုယ်လုပ်နိုင်တဲ့ အဆင့်အထိ အရင်လုပ်ထားပေါ့။ နောက်အဆင့်က သူ့ဘာသာ ဖြစ်လာပါလိမ့်မယ်” “ဦးလေးနဲ့ တွေ့ရတာ နည်းနည်းတော့ အားတက်လာသလိုပါပဲ။ ဒါပေမယ့် …” “ဟေ့ … ဒါပေမယ့်တွေ ဘာတွေ လုပ်မနေနဲ့။ ဒီနေ့လုပ်ရမှာ ဒီနေ့ပြီးအောင် လုပ်ထားကွ။ အဲဒါဆို မနက်ဖြန်ဆိုတာ အလိုလို အဆင်ပြေသွားလိမ့်မယ်။ ဟုတ်ပြီလား။ ဒီနေ့ခေတ် အခြေအနေကြီးမှာ ဦးလေးလည်း မင်းကို ဒီအကြံပဲ ပေးတတ်တယ်။ ကဲ ကဲ … ကြွပေတော့၊ နောက်လမှ တခါ ထပ်ဆုံကြစို့”

Related Documents

Stamps
August 2019 25
Stamps
April 2020 27
Stamps
November 2019 25
Food Stamps
April 2020 22
Stamps Catalogue
August 2019 29
Stamps Reg
May 2020 10