Self Biography Of Bogyoke Aung San

  • Uploaded by: kyawmyohlaing
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Self Biography Of Bogyoke Aung San as PDF for free.

More details

  • Words: 3,258
  • Pages: 17
ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေးဘ၀ဇာတ်ကြောင်း ဇာတိ မြေလတ်ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း၊ ပျဉ်းမနား-ကျောက်ပန်းတောင်း ရထားလမ်းတ၀က်ခန့်တွင် အပူပိုင်းဇုံ ကုန်းမြေပြင်များဖြစ်သော၊ နှမ်း၊ပဲနှင့် ဆီအထွက်များ၍ ကုန်ရောင်းကုန်ဝယ်တွင် အတော်တွင်ကျယ်သော မြို့လေးတမြို့ ရှိလေသည်။ မီးရထား

ဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏၀ဲယာပတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသိြု့ ကည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ခံကာတောရကျောင်းများနှင့် ကမ္မဌာန်း ထိုင်သူတို့ ၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဘူတာ၏အနောက်မြောက်ယွန်း ကိုက်၄၀၀-ခန့် အကွာတွင်ကား

မိုင်ဝက်ခန့်ကျယ်သော သဲချောင်းရိုးကမ်းစပ်ပေါ်၌ ခပေါင်းကုန်း (သို့မဟုတ်) န-ကျားထူးဟု ခေါ်သော အိမ်ြေ ခတရာခန့်ရှိ ရွာလေးတရွာ ရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တဘက်ကမ်း (အေ

နာက်ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်းပြင်များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင်ေ တာင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀-ခန့်ရှိ ရွာတရွာ ရှိလေသည်။ ထိုရွာ၏အနောက်ဘက် ကိုက်-၃၀၀ခန့်တွင် အိမ်ခြေ ၁၀၀-ခန့်ရှိရွာတရွာရှိလေသည်။ ရွာ၏မြောက်ဘက်တွင်

ကပ်လျှက် (ရှေးလူကြီးများ ပြောသလို) လောကဓာတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတကျောင်း ရှိ လေသည်။ ထိုမှ ယာတခင်းအလွန်တွင် ငါးရက်တဈေးဖွင့်ရာ ဈေးဝိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပု လိပ်ဂါတ်တန်းလျားများရှိလေသည်။ ထိုအနီးတွင် စာတိုက်ရှိလေသည်။ ထိုစာတိုက်၏ အနောက်ြေ

မာက်ဘက် စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ ၁၅၀-ခန့် ရွာတရွာ ရှိပြန်လေသည်။ စာတိုက်နှင့် အရှေ့ တည့်တည့်ပေတရာလမ်းနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ ကိုက်တရာခန့် အကွာတွင် ဘုန်ြး ကီးကျောင်း တကျောင်းနှင့်ကပ်၍ မြို့အုပ်ရုံးရှိလေသည်။

ထိုဘုန်းကြီးကျောင်းနှင့်ဆက်ကာ ထောင့်မှန် (Right Angle) ကျကာ ၁၅-ပေခန့် မြင့်သော အုတ်တံတိုင်းကြီး လေးဘက်လေးတန် ခြံရံလျှက် စေတီငယ်များအလယ်တွင် ရွှေရောင် တပြောင်ပြောင်လက်နေသော စေတြီ

ကီးတဆူနှင့် သပ်ယပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်များ ရှိလေသည်။ ထိုရွာများအနက် ရွာမ ကြီးသဖွယ် အိမ်ကောင်းအများဆုံးနှင့် ဆိုင်ကနားအတော်အတန်ရှိ၍ စာရေးစာချီ မြို့အုပ်၊ ရှေ့နေ၊

ကုန်သည်များ နေကြသောရွာကား၊ ဆိုခဲ့ပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင် တည်လျက်ရှိသော ရွာပင်ဖြစ်လေသည်။ ထိုရွာကို သမိုင်းစာအရကား ပီဋ္ဌယိ က္ခမင်း တည်ထောင်သွားသည်ဟုဆိုလေသည်။ သို့သော် ကျွှန်တော်၏ေ ဘးမှတ်တမ်းအရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင်တည်ေ

ထာင်ခဲ့သည် ဟု မှတ်သားဘူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တရွာလုံး၏ အိမ်ဝိုင်းများအနက် အကျ ယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမအိမ်ကြီး ရှိလေသည်။ မူလက ဆင်တရပ်ခန့် ၀င်နိုင်အောင်မြင့်၍ အေ

ဆာင်ပေါင်းများစွာရှိသော်လည်း ထိုအခါက အတောင်ရှစ်တောင် ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာလဲ

သုံးပေခွဲမျှသာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးဗမာမင်း လက်ထက်က နတ်မောက်မြို့ရှိ မြို့သူကြီးအိမ်ပင်ြ ဖစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေး ဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေ သည်။

ကျွန်တော့်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်းမပေါက်သေး။ သို့သော်

ရည်ရွယ်ချက်ကား ထားပီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီးတရွာမျှ သာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါက်ဒေါက် နေ့လည် နေ့ခင်းများတွင် ယ က္ကန်းသံ တချွင်ချွင်နှင့် ကြားရတုန်းပင် ရှိလေသည်။

အချိန်ကား ၁၉၁၅ခု။ ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲပင် ဖြစ်လေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုပ်သင်္ဘောများဖြင့် ဗြိတသျှိရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေ သည်။ အနာက်စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌ မူကား ပထမအကြိမ် တိုက်ပွဲကြီးများမှာ မပြီးဆုံးနိုင်သော သောင်မတင်ရေမကျ၊ ရှေ့မတိုး နောက်မဆုတ်

အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင်ဟု ခေါ်သော ရုရှစစ်ခင်းရာ မျက်နှာမှာကား မဆူးရီးယားနှင့် ၀ါဇနစ်ဇူ စစ်ပွဲကြီးများ ဖြစ်ပွားလျက်ရှိလေသည်။ ထိုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့။ ၁၂၇၆-ခု တပေါင်းလဆန်းတရက် စနေနေ့နံနက် လင်းအားကြီး

အချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိလာခဲ့ရပေသည်။ ဖေဖော်ဝါရီ (၁၃)ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီးကီရို၏ ဟောပြောချက် အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရထီး

နန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင်မွေး ဖွားသော ကျွန်တော်မှာ သူပုန်လောင်းလေးဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြားထည့်သွင့် စဉ်း စားခြင်းမပြုကြချေ။ ကျွန်တော်မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာ နာမည်မှာ (ထိန်လင်း)ြ

ဖစ်လေသည်။ သို့သော် ကျွန်တော့်အထက် အကို- ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်း ဟု

ခေါ်တွင်ခဲ့လေသည်။ မွေးဖွားစဉ်ကကျွန်တော် မထူးဆန်းလှ သော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှ စ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျသူ ဖြစ်ခဲ့လေသည်။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နဲ့စကားမပြောတတ်ရကား လူကြီးမိဘများမှာ ဆွံ့အ၍ပင် နေသလား

ဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိရလေသည်။ အနာအဖျားထူသည်။ အစားကြူးသည်။ အမဲသား ငါးကို အ လွန် ကြိုက်သည်။ ကျွန်တော်၏မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။ တခါသော် အမဲ သားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့်မိခင်က ပြန်၍ပြောပြသဖြင့် သိရပေသည်။ လူ

ရိုင်းဘ၀က ကျွန်တော်လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများရှိသည်။ ရံ ဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေး များနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူေ

ဖာင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက် ဆို သည်ကို ကျွန်တော်ကြိုက်၏။ ကျွန်တော်၏စိတ်တွင် အင်မတန်စိုပြည် လတ်ဆတ်သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိသည့် လူသည် လူ ရိုင်းမျိုးဘ၀ ရောက်ချင်ရောက်သွားပါစေ၊ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မ

လွတ်လပ်သော လူ့ယဉ်ကျေးမှုဘ၀ထက် ကျွန်တော် အဆတရာကြိုက်သည်၊ နှစ်သက်သည်။ စိမ်းလန်းစိြုေ ပကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ်မြူးတူးအော်ဟစ် နေလို သည်။ ငယ်ငယ်တုန်းက ကျွန်တော်အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အေ

တ်ာဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန် လက်ရည်ကွဲ ကျခဲ့လေသည်။ သို့သော် ကျွန်တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီး မိ

ဘများက ကျွန်တော့်အား အတီးအမှုတ်ဝါသနာကိုခွင့်မပြု။ နဂိုဝါသနာမဟုတ်၍လားမသိ၊ ယခုဤစိတ်မျိုး ပျောက်သလောက် ရှိခဲ့သည်။

ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည်ဆိုသည့် အချက်ကို သက်သက် နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်းမကြိုးစားချင်၊ ကျွန်တော်က စကားပြော လျှင် မဖွယ်ရာ မယဉ်ကျေး၊ အသက်ရှစ်နှစ်ထဲရောက်၍ ကျောင်းနေသည့်အချိန်၌ပင် ဘုန်းကြီးကို ဘုန်းကြီးစ

ကားဖြင့် မလျှောက်တတ်။ အမူအရာလဲကြမ်း၏။ အလိုက်လဲမသိ။ ညစ်လဲညစ်ပတ်သည်။ အသက် လေးငါြးေ ခာက်နှစ်တိုင်အောင် ညအိပ်ယာတွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ အရှင်စဖိုည၊ ကျွန်တော်မနေ့ ဟု ဆိုရ သည်ကို အမှတ်ရသေးသည်။ အသက်ဆယ့်ငါးနှစ်ထဲ ရောက်သည့်အခါ၌ ပင် အခြားအိမ်တအိမ်၌ သေးပါဘူးသေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှာ ခြောက်တန်းအောင်၍ ခုနှစ်တန်းအ၀င် ကျောင်းအပြန် ဖြစ်သည်။

ကျွန်တော်၏ အကိုအကြီးဆုံးမှာလည်း ၎င်းင်းနှစ်တွင် ဘီ-အက်-စီ သင်္ချာ ဂုဏ်ထူးတန်းကိုအောင်ခဲ့၍ ရေ နံချောင်းရှိ ကျွန်တော်တို့ ကျောင်းတွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ကျောင်းဆရာ ၀င်ေ

ရာက်လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လာခဲ့ပေသည်။ ထိုအခါ ရေနံချောင်းမြို့သို့ နတ်မောက်မှ သွား သည့် လမ်းမှာ တောင်တွင်းကြီးသို့ ရထားစီး၊ တောင်တွင်းကြီးမှ မိချောင်းရဲသို့ ကားစီး၊ မိချောင်းရဲမှ ရေ

နံချောင်းသို့ သင်္ဘောစီး သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်ကားစီး၊ မကွေးသင်္ဘောစီးရလေသည်။ ၂-ရက်ြ

ကာလေသည်။ နောက်နေ့ကား ကျောက်ပန်းတောင်းမှ တဆင့် မီးရထားတတန်၊ မော်တော်ကားတတန်သွား

၍ ရေနံချောင်းသို့ နေချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှ တဆင့်သွားကြသည်။ မကွေြး မို့တွင် အပျိုပေါက်စ ခပ်ချောချောမိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်ေ သာ ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင်မနေတတ်၊ အတော်ရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင်

သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုညအိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိရာ ညအိပ်သည့်အခါ မေ

အာင့်နိုင်တော့ သေးပါကျလေ၏။ ကျွန်တော်လဲ ပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့။ ညီ အကို မောင်နှမများထဲတွင် ကျွန်တော်အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အိမ် စံချိန်နှင့်ကြည့်လျှင် ကျွန်တော်အလိုလိုက်ခံရဆုံး ဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးချင်းပါမကရွာနီးချင်းများကပါ အသိအမှတ်ပြုခံ ရ၏။

ကျွန်တော်၏အထက် အစ်ကိုကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက်သုံးလေးနှစ်မျှသာကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူကလက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ

လက်လွတ်စပယ်လုပ်တတ်၏။ သူကားနု၏။ မင်းသားကျချေသည်၊ ကျွန်တော်က ကြမ်း၏။ သူသည် အစား အသောက် အနေအထိုင်မှ၍ သပ်ယပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါ မြေ ကီးပေါ်သို့ ကျသွားလျှင် သူလည်းမစားတော့ချေ။ ကျွန်တော်ကျတော့ အစာကို ဖုတ်ဖက်ခါ၍ စားနိုင်လျှင်ေ ကာက်စား၏။ သူကား အ၀တ်များကို သပ်သပ်ယပ်ယပ် ၀တ်တတ်၏။ ကျွန်တော်ကား မ၀တ်တတ် မြ

ဖစ်ညစ်အောင် ဖြစ်ကတတ် ၀တ်တတ်၏။ သူကား မြေကြီးနှင့်ကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမ လှဲ၊ ကျွန်တော်ကားကြိမ်ဖန်များစွာ လှဲဘူး၏။ သူကားပါး၏။ လျှင်၏။ ကျွန်တော်ကထူ၏။ အ၏။ ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက် ကျွန်တော်တို့ အ

ရပ်မှာ တောကျ၏။ ထိုအခါက (ကလီဖား)ခေါ် ဆံပင်ညှပ်ကုလား တယောက်တလေသာ ရိ၏ှ ။ သို့ဖြစ်ရာ ၎င်း ကလီဖားမှာ လက်မလည်။ ကျွန်တော်တို့အား ခေါင်းတုံးရိတ်ရင် တခါတခါ ရိတ်တတ်သည့် အိမ်နီးနားချင်းတို့ ကို ခိုင်းရလေသည်။ တခါတခါ ကျွန်တော်တို့ ဖခင်ကိုယ်တိုင် ရိတ်ပေးလေသည်။ ကျွန်တော်၏ ဖခင်ကား ယခုကွယ်လွန်သည်မှာ (၁၅)နှစ် ကျော်လွန်လေပြီ။

ကျွန်တော်၏ဖခင်သည် အမူအရာမှာ ကျွန်တော်နှင့် အတော်ဆင်သည်။ တနေ့နေ၍စကား တခွန်းမပြော။ မျ က်နှာထားဆိုး၏။ ဆိုးရသည့်အထဲ ကျောက်ပေါက်မာများလဲရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာေ နတတ်သည်။ အကိုင်အတွယ် အသွားအလာ အမူအရာကြမ်းတမ်း၏။ ငြင်းမိလျှင် အလျှော့ မပေးတတ်။သို့ေ သာ် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော၊ ထို့ကြောင့် ရှေ့နေစာမေးပွဲ ၀င်ထားေ

သ်ာလည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်တော်တို့ မမှတ်မိ။ ယာလုပ်ကုန်ကူး၍သာ စီးပွားဖြစ်၏။ စီးပွာြး ဖစ်ခြင်းမှာလဲ ကျွန်တော်တို့ မိခင်၏ ဒိုးတူဘောင်ဘက် ကူညီမှုကြောင့်သာ ဖြစ်လေသည်။ ကျွန်တော်တို့အား အခြားသူတဦးက ခေါင်းရိတ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ ဘေဘေကား ဒါးမထက်ထက်ကို ကောင်းကောင်းမသွေးဘဲ အတင်းတွန်းချ၍ ရိတ်ချ၏။ အထူးပင်ခေါင်းရည် နာ၏။ ကျွန်တော်တို့သည် ခေါင်း ရိတ်မည့်အခါ ရွံ့၏။ တွံ့၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အကိုကားအမြဲငို၏။ ငိုတိုင်းခေါင်း

ပုတ်ခံရ၏။ ကျွန်တော်ကားမငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်သည်၊ ကျွန်တော်၏ အကိုကား စိတ်ြ မန်၏။ ကျွန်တော်တို့ ညီအကိုလေးယောက် ရှိသည့်အနက် ဒုတိယအကိုကြီး ကိုနေအောင်သာ လျှင်

စိတ်ရှည်၍ သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မှ ရန်မဖြစ်ခဲ့ဘူးချေ၊ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်ေ တာ့်အကို ကိုအောင်သန်းကား သူများအကြော မခံ၊ သူကသာ ဦးဆောင်ကြောခဲ့သည်။ ကျွန်တော်ကား သူများအကြောသာ ခံရ၏။ မြှောက်လို့ မြှောက်ပေးမှန်းမသိ၊ ချောက်လို့ချောက်မှန်းမသိ၊ ထုံပေပေ အ လွန်နိုင်၏။

တခါသော် ဆယ်မိုင်ခန့်အကွာ ရွာတရွာသို့ ကျွန်တော့်မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေ စဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျွန်တော့်အားမြှောက်၍ ဗိုလ်ကြီး၊ ဗိုလ်ကြီးဟုခေါ်ရာ ကျွန်တော်မှာ များစွာသဘောကျကာ ထန်းလျက်အဖြူဆုပ်ကို ခေါ်တိုင်းခေါ်တိုင်း ပေးခဲ့လေသည်။ ကျွန်ေ

တ်ာသည် လိမ်လည်လေ့မရှိ။ မလိမ်တတ်၊ လိမ်ခဲ့မိသော်လည်း ခဏချက်ချင်း ဖြောင့်ချက်ပေး၏။ ကျွန်ေ

တ်ာတို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းပိတ်၏။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ်နေ့ပင် ဖြစ်သော်လည်း ကျောင်းသို့သွားရ၍ ရေခပ်မြက်နုပ်လုပ်ရသည်။ တနေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ အလုပ်မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့ ဟုဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးသော

ကျောင်းသားများအား မအိပ်ချင်ဘူးလားဟု မေးသောအခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည် ဟု ဘုန်ြ

ကီးအလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက အောင်ဆန်းကော မအိပ် ချင်ဘူးလားဟု အထူး တည်မေးရာ ကျွန်တော်က မအိပ်ချင်ပါဘုရားဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍သာနေလေတော့သည်။ ကျွန်တော်သည် ငယ်စဉ်က ချောင်တချောင်တွင် ကပ်၍မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေ

တတ်သည်၊ ကလေးနှင့်မလိုက် အများအားဖြင့် အိနြေ္ဒကြီးသည်၊ ကစားခန်စားဆိုလျှင် များစွာမလေ့ကျင့်၊ သို့ သော် ကစားသည့်အခါ ကြမ်းတမ်း၏။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်၊ တွတ်ထိုးခြင်းြ

ကည်းသားရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်၊ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်၊ ရွရွလေးလုပ်ရသော အ လုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော်၏ ကလေးဘ၀မှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင် ချောင်းစောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေ ညီ

ညာသော မြက်ခင်းသဖွယ် ရှုချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့်အထိ အနာရောဂါ ကင်းသည်ဟူ၍ မ

ရှိ။ သေလုမတတ် အကြိမ်ကြိမ် ဖြစ်ခဲ့ဘူး၏။ ၀ဲနာအကြီးအကျယ် စွဲခဲ့ဘူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်ေ တာ့များမှ ငါကျန်းကျန်းမာမာ အမြဲနေရပါမည်နည်းဟု တမ်းတမိသည်။

ကျွန်တော်သည် ထိုကလေးဘ၀ကပင် သူပုန် စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်။ ဗမြာ ပည်အား အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးကို စဉ်းစားခဲ့ဘူးလေသည်။ တခါတရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တခါတခါလည်း ပြဒါးရှင်လုံး စသည်များကို ရှာဖွေလိုသော စိတ်များပေါ်ေ ပါက်၏။

ပြဒါးရှင်လုံးစသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လ၏ို ။ ကျွန်တော်ရန်မဖြစ်တတ်၊ သို့သော် ကျွန်ေ

တ်ာသည် သတ္တိထူးချွန်သည်ဟု မဆိုနိုင်၊သရဲတစ္စေအလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အကို ကိုအောင်သန်းကား ခဏခဏရန်ဖြစ်၏။ ဦးအောင်ရိုက်နှက်၍ အိမ်ပြန်ပြေးလာခဲ့၏။ သို့နှင့်မကြာမကြာအ တိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်က ဤကဲ့သို့ မဖြစ်ဘူး၊ ရန်တခါသာ အကြီးအကျယ်ဖြစ်ဘူး

သည်။ ထိုအခါလူချင်းလည်း ထိုးသတ်ပုတ်ခတ်စဉ်က ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မေ ရှာင်မတိမ်း ထုံပေပေ နေသဖြင့် ခုံဖိနပ်နှင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ြ

ဖစ်ဖက်ကို လိုက်လေရာ ခေါင်းမူး၍မမှီ၊ ထုလိုက်သည့်အချိန်အထိက သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ေ

ခါင်းစမ်းကြည့်မှ သွေးတွေမြင်သဖြင့် ခေါင်းပေါက် မှန်းသိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေ သွားလေတော့သည်။ ရွယ်တူကလေးချင်း များပေါ်တွင် တခါတလေ အနိုင်ကျင့်ချင် သည့် စိတက်ားရှိလေ သည်။ တခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် နဖူးသားများကို ကြက်တောင်စိုက်၍ ကြက်တောင်ရိုက် က စားနေရင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသားတယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ေ

ပါက်ခံရသော ကျောင်းသားမိဘများက ဘုန်းကြီးအား လာရောက်တိုင်တန်းရာ ဘုန်းကြီးက ဤကစားနည်း မျိုးကို အားလုံးကျောင်းသားများသည် ကျောင်းဝင်းအတွင်း မှာသော်၎င်း၊ အပြင်မှာသော်၎င်းင်း၊ မကစားရဟု ပညတ်ရလေသည်၊ ထိုပညတ်ချက်ကို ကျွန်တော် နှင့် ညီအကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီ

ဆန်ကာ ရွာထဲတွင်ကစားကြလေသည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြားကျောင်းသားတဦးနှစ်ဦးကြ မင်သဖြင့် ဘုန်းကြီးအားသွားရောက် တိုင်တန်းသောအခါ ဘုန်းကြီးက ကျွန်တော်၏ မိခင်နှင့် ဦးလေးများကို ပါ ခေါ်၍ ၎င်းင်းတို့ရှေ့တွင်ပင် ကျွန်တော်တို့ အား ပြင်းထန်စွာရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပဌမြ

ကိတ်မှိတ်၍ ခံသော်လည်းနောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ပဲ ငိုလေတော့သည်။ ကျွန်တော်သည် ထို သို့သွားရောက်တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။ ဤကဲ့သို့ အလုပ်ပို မေတ္တာရိ မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကေ လးကစ၍ ယနေ့တိုင် ကျွန်တော် အထူးစက်ဆုပ်လှသည်။ ယခုခေတ်သစ် ကျောင်းများတွင် ကျောင်းသား

များအား ဤအကျင့်မျိုးကိုအားမပေးဘဲ ဖျောက်ဖျက်စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ြ

ဖစ်လေသည်။ ကျွန်တော်တို့မိဘကား ပစ္စည်းဥစ္စာ အတော်အတန်ရှိ၏။ ကြွေးရှင်မြေရှင်ဖြစ်ရာ ဆင်းရဲသား များနှင့် အများအပြား ဆက်ဆံရလေသည်၊ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သ မာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။

သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော်

အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါကကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးဝါးပုံကို မျက်ဝါး ထင်ထင် တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတခါယူမိလျှင် ကြေနိုင်စရာ အကြောင်းမရှိပေ။ ဤစ နစ်ကို ယနေ့ခေတ်တွင် အလျင်အမြန်ပြင်ဆင်သင့်သည်။ ၎င်းအပြင်ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန် သင့်လေသည်။

ထိုကြွေးများမှာ အတိုး၏ အညွန့်ကြွေးများသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှားသံသယမရှိပေ။ ကျွန်ေ

တ်ာကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်တို့ ရှေးအဆက်အနွယ်တို့ မှာ ပုဂံပြည် တရုပ်ပြေး မင်းလက်ထက် (ဂျင်ဂျစ်ခံ) အမှူးရှိသော တရုပ်တို့ ၀င်ရောက်နှောက်ယှက်သောအခါ တွင် နိုင်ငံခြားသားတို့၏ လက်အောက်တွင် မနေလို၍ လွတ်ရာကျွတ်ရာယခု ကျွန်တော်မွေးဖွားရာ ဒေသသို့ စုန်ဆင်းလာခဲ့လေသည်ဟု ဦးလေးတယောက်က ပြောဘူးလေသည်။ အလောင်းဘုရား တတိယနိုင်ငံတော် ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုနယ်မှ ဦးေ အာင်ဇေယျ ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီးဦးမြ (ဘွဲ့အမည် ကောင်းကောင်းမမှတ်မိ) ဆို သူမှာလည်း မိမိ နယ်ကိုအုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန် ကြံလေသည်။ နောက်မှအလောင်း

ဘုရား အကြောင်း ကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံးအကြောင်း ကြား သိသည့်အခါ အလောင်းဘုရားထံဝင်ရောက်၍ သက်စွန့်ကြိုးပမ်းအမှုထမ်းလေသည်ဟု မှတ်သားရဘူးသည်။ မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုး

အနွယ်ပင်ဖြစ်သည်ဟု ကြားဘူးသည်။ မင်းတုန်းဘုရင်၏သမားတော်တဦး (လူအမည်မှာ ဦးကျော်ဇံ ဖြစ်လေ သည်၊ ဘွဲ့ကိုကားမသိ) မှာလည်း ကျွန်တော်တို့၏ အမျိုးအဆွေပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆ

ရာကြော့မှာ ဦးကျော်ဇံ၏ မြေးပင်တည်း။ အရှင်အဂ္ဂမမာဓိမှာလည်း ကျွန်တော်တို့ အမျိုးဟုပင် သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည်၊ ဥာဏ်ထက်သည်၊ လက်မြောက်သည် သည်၊ စိတ်ထက်သည်ဟူ၍ ကြားနာဘူးလေသည်။ မိမိအထက်မြို့ဝန်နှင့် မတဲ့၍ အလုပ်ပြုတ်သဖြင့် မန္တလေး

ရွှေမြို့တော်သို့တက်၍ အရာခံနေဆဲ အနိစ္စရောက်လေသည်ဟုတခါက ပုရပိုက်မှတ်တမ်းတခုတွင် ဘတ်ရဘူး လေသည်။ (စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။

အခေါ်အဝေါ်ကား မေ့သွာလေပြီ။ ကျွန်တော်တို့(ဘေး) အိမ်ကြီးတွင် တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်ေ တ်ာတို့ဘေး နေ့စဉ် ဘာလုပ်သည်ဘယ်သွားသည် စသည်တို့ကို မှတသ်ားထားချက်များ တွေ့ရလေသည်။)

ကျွန်တော်တို့ ဘေးတွင် အစ်ကိုကြီးတယောက်နှင့် ညီနှစ်ယောက်ရှိသည်ဟုသိရသည်။ အစ်ကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ် ဖြစ်သည်ဟု သိရသည်။ ညီအငယ်တယောက်မှာ တလုပ်မြို့ဝန် ဦးဘွားယူဟုခေါ်၏။ြ မင်ကွန်း- မြင်းခုံတိုင်တို့၏ ငယ်ဆရာဖြစ်သည်။ ၎င်းင်းမင်းသားများအထတွင် မြင်းကွန်းမင်းသားတို့အတွက် ဓားပြတိုက်၍ ငွေရှာပေးရ လေသည်။ ထိုအချက်ကို နေပြည်တော်ကသိလေ၍ ဦးဘွားယူရာထူးမှ ကျလေ သည်။ ကျွန်ယုံ၏ သစ္စာကြီးမှု ကြောင့်၎င်း၊အမှုမထင်ရှား၍၎င်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်း လက်ထက်ဖြစ်၍၎င်း၊ အသက်ချမ်းသာ ရလေသည်။ နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်) မှာ ကျွန်တော်တို့ အဖွား၏တူတော်သည်။ ဦးမင်းရောင်ကား

လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။ ၎င်းင်း၏ တပည့်တယောက် (နာ မည်ကားမမှတ်မိ) သည် ဇာတ်ပွဲများတွင် လူပျက်ပျက်သည့်အချိန် လူများရယ်တုံးမရယ်၊ အများရယ်ပြီးမှ တယောက် တည်း ကျယ်လောင်စွာ အကြာကြီးရယ်တတ်သည်ဟုသိရသည်။ ဤကဲ့သို့ အရွဲ့

တိုက်ရယ်သည်ကို ဗိုလ်မင်းရောင်တွေ့၍ အားရကာဆုချလေတော့သည်။ တခါလည်း ၎င်းင်းတပည့်နှင့် ၎င်းင်း ၏ညီ မြို့ဝန်ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းင်းတို့၏ဘွားမ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦး

မင်းရောင်၏ တပည့်ရှုံးသည်၊ ညီဖြစ်သူ ဦးမင်းမောင်က မိမိတပည့်နိုင်သဖြင့်ပုဝါတပိုင်း ဆုချလေသည်။ ထို အခါ ဗိုလ်လရောင်က မခံချင်၍ မိမိ တပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတထည် ဆုချလေသည်။

တခါလည်း ကြက်သားဟင်း စားလို၍ ညီဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင် ကား ဗိုလ်လရောင်နှင့်မတူ လူပြော့လေးဖြစ်သည်။ စောင်း စည် သီချင်းဆိုတော်သည်။ စကားပြော ချိုသာသည်။

အထက်လူကြီး၏ အချစ်တော်တဦးဟု သိရသည်၊ ဦးမင်းမောင် ကြက်မသတ်နိုင် ထို့ကြောင့်ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပို့သည့်ဟင်းကိုညီအားမကျွေးပဲ ခွေးကျွေးပစ်သောဟူ၏။ (ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း။)

သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော်

အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါကကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးဝါးပုံကို မျက်ဝါး ထင်ထင် တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတခါယူမိလျှင် ကြေနိုင်စရာ အကြောင်းမရှိပေ။ ဤစ နစ်ကို ယနေ့ခေတ်တွင် အလျင်အမြန်ပြင်ဆင်သင့်သည်။ ၎င်းအပြင်ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန် သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏ အညွန့်ကြွေးများသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှားသံသယမရှိပေ။ ကျွန်ေ

တ်ာကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်တို့ ရှေးအဆက်အနွယ်တို့ မှာ ပုဂံပြည် တရုပ်ပြေး မင်းလက်ထက် (ဂျင်ဂျစ်ခံ) အမှူးရှိသော တရုပ်တို့ ၀င်ရောက်နှောက်ယှက်သောအခါ တွင် နိုင်ငံခြားသားတို့၏ လက်အောက်တွင် မနေလို၍ လွတ်ရာကျွတ်ရာယခု ကျွန်တော်မွေးဖွားရာ ဒေသသို့ စုန်ဆင်းလာခဲ့လေသည်ဟု ဦးလေးတယောက်က ပြောဘူးလေသည်။ အလောင်းဘုရား တတိယနိုင်ငံတော် ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုနယ်မှ ဦးေ အာင်ဇေယျ ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီးဦးမြ (ဘွဲ့အမည် ကောင်းကောင်းမမှတ်မိ) ဆို သူမှာလည်း မိမိ နယ်ကိုအုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန် ကြံလေသည်။ နောက်မှအလောင်း

ဘုရား အကြောင်း ကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံးအကြောင်း ကြား သိသည့်အခါ အလောင်းဘုရားထံဝင်ရောက်၍ သက်စွန့်ကြိုးပမ်းအမှုထမ်းလေသည်ဟု မှတ်သားရဘူးသည်။ မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုး

အနွယ်ပင်ဖြစ်သည်ဟု ကြားဘူးသည်။ မင်းတုန်းဘုရင်၏သမားတော်တဦး (လူအမည်မှာ ဦးကျော်ဇံ ဖြစ်လေ သည်၊ ဘွဲ့ကိုကားမသိ) မှာလည်း ကျွန်တော်တို့၏ အမျိုးအဆွေပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆ

ရာကြော့မှာ ဦးကျော်ဇံ၏ မြေးပင်တည်း။ အရှင်အဂ္ဂမမာဓိမှာလည်း ကျွန်တော်တို့ အမျိုးဟုပင် သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည်၊ ဥာဏ်ထက်သည်၊ လက်မြောက်သည်

သည်၊ စိတ်ထက်သည်ဟူ၍ ကြားနာဘူးလေသည်။ မိမိအထက်မြို့ဝန်နှင့် မတဲ့၍ အလုပ်ပြုတ်သဖြင့် မန္တလေး

ရွှေမြို့တော်သို့တက်၍ အရာခံနေဆဲ အနိစ္စရောက်လေသည်ဟုတခါက ပုရပိုက်မှတ်တမ်းတခုတွင် ဘတ်ရဘူး လေသည်။ (စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။

အခေါ်အဝေါ်ကား မေ့သွာလေပြီ။ ကျွန်တော်တို့(ဘေး) အိမ်ကြီးတွင် တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်ေ တ်ာတို့ဘေး နေ့စဉ် ဘာလုပ်သည်ဘယ်သွားသည် စသည်တို့ကို မှတသ်ားထားချက်များ တွေ့ရလေသည်။)

အရမ်း ကျေးဇူးတင်ပါတယ်... အခုလိုမျိုး တင်ပြပေးတာကို...နောက်လဲ အခွင့် သင့်ရင် ဒီလိုလေးတွေတင်ေ ပးပါအုန်း လို့

အနူးအညွှတ် ဖိတ်ခေါ်အပ်ပါတယ်...

ကျောင်းသားဘ၀ ကျွန်တော်၏ မိခင်၊ ဘခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲတွင် ဗမာတပြည်လုံး တတိယစွဲ ခဲ့လေသည်။ ကျွန်တော်တို့ ညီအကိုအားလုံးလဲ ဥာဏ်ေ

ကာင်း ကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးကား စာသင်အထူးပျင်းလှ၍ အခြား ညီအစ်ကိုကဲ့သို့ ပေါက်ေ

ပါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ ဆိုင်ရာ ကျောင်းစာမေးပွဲတွင် ထိပ်တန်းကျကျအောင်မြင်ကြသူချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိ

ဘများသည် ပညာကိုလည်း အထူးလိုလားကြသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သား အရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ထားသဖြင့် အသက် ၈-နှစ် ရောက်မှသာလျှင် ကျောင်းစနေရပေသည်။

ကျွန်တော် ကျောင်းနေလာရင်းပြောရဦးမည်။ ကျွန်တော်၏အထက် အစ်ကိုအောင်သန်းအား အသက် ၁၁နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းသည် မြန်မာ ၆-တန်းတွင်ရှိသည်။ ကျွန်တော့်မှာ အ

သက်-၈နှစ်ထဲရောက်သော်လည်း ကျောင်းမနေရသေးချေ၊ ရှင်ပြုအခမ်းအနားဖြင့် အကိုအောင်သန်းတို့ ရှင်ေ လာင်းဆင်သောအခါ ကျွန်တော်လဲ ရှင်လောင်းဖြစ်ချင်သဖြင့်မိခင်အားပူစာသေးသည်။ ထိုအခါ မိခင်က ရှင်ေ လာင်းလုပ်တဲ့လူသည် စာတတ်မှာဖြစ်မည်ဟု ပြောသဖြင့် ကျောင်းနေပါတော့မည်ဟု ကတိပေးကာထိုတွင်မှ ကျောင်းစနေဖြစ်သည်။ တန်းကျော်တက်ခဲ့ ရပြန်သဖြင့် လေးနှစ်နှင့် ၁၀-တန်းအောင်မြင်သည်။ အင်္ဂလိပ်-ြ

မန်မာ သတ္တမတန်းစာမေးပွဲတွင် ဗမာတနိုင်ငံလုံးန၀မစွဲခဲ့၍ အထက်တန်းစကေားလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာ သာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပဌမစွဲခဲ့၍ ဦးရွှေခို ဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသလိုတွင် ၆-နှစ်ခွဲမျှ နေခဲ့သည်။ နိုင်ငံရေးစိတ်သန်မှုကြောင့်ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီ-အေ) အတန်း အထိ အောင်ယုံသာ အောင်ခဲ့သည်။

(ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင် တဦးဖြစ်၍အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တနှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီအယ်လ်) အတန်းကို တက်ခဲ့သည်။ အတန်းလည်း

မှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီ-အယ်လ်) ပဌမနှစ် စာမေးပွဲ ရှုံးလေသည်။ ဤသည်ကားကျွန်တော့်ဘ၀တွင် ပဌမ

ဆုံးနှင့် နောက်ဆုံး ကျရှုံး ခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇ၀င်ဖြစ်သော ပဌမမေးခွန်းတွင် ကျွန်တော် ပဌမရခဲ့သည်။ ဒုတိယ (ဘီ-အယ်လ်) နှစ်တွင် နှစ်စေ့အောင် ကျွန်တော်မနေတော့။ ဥရောပ

တိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင်အဓိကရုဏ်း အခြေအေ

နများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိယ်ုထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင်ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း ကလေးဘာသာသစ်ပင်တက်၊ ရေကူး၊ အလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်သည်။ ဤအချက်တွင် ကျနော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊

သစ်ပင်တက်သည်ကိုမြင်လျှင် အဆို၊အမြည် ခံရသည်။ ရေကူးသည်ကိုသိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျနော့်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်သလောက် ကိုယ်လက်ကျန်း မာကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်းအမျိုးသားကျောင်းြ

ဖစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့်ရာနေရာ၊ ကိရိယာ၊ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။

ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ တချို့အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်ေ ပသည်။ သို့မဟုတ်လျှင် ပညာဆိုသည်မှာ စာအုပ် စာတမ်း တက်၍ စာသိမှုကို ပညာဟု မဆိုသာပေ။ ပညာ သည် အတိုင်းအဆမထင်အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးပင်လျှင် ပညာ

အားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲေ

ရာက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည် ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အာြး ဖင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကိုအခွင့်အ

လမ်းလိုက် ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း (Emotion ofthe Education) ပြုပြင်ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်။

ဘီအေပင် အောင်စေကာမူ၊ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာသုံးသပ်နားလည်ခြင်း မရှိခဲ့ေ သာ် တကယ်အရာမရောက် အသုံးမ၀င်နိုင်ပေ။

ပညာဟူသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍မြင်နိုင်စွမ်းခြင်းကို ဆောင်နိုင်ရပေ မည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ယုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကို

လည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်။ ရာဇ၀င် သိယုံသာမဟုတ် ရာဇ၀ င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိယုံသာမဟုတ်၊လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရ

မည်။ ပဌမပညာကို သိယုံသာမဟုတ်မြေသစ်၊ ရေသစ်၊ တော၊ တောင်တို့ကို ရှာဖွေ စုံစမ်းနိုင်စွမ်း စေရမည်။ လောကအကြောင်းကို နားလည်စေယုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကိုဖန်ဆင်းနိုင်စေရ

မည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည်ကာလဒေသ၊ ပရောဂနှင့် ယှဉ်ရမည်။ ဥာဏ်ြ ကီးသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှပိုမို ဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်း

ကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိပဲ လောကဓာတ် ပညာဥာဏ်ကိုသာ ရလျှင် လော ကဓာတ် ပညာ၏တန်ဖိုးကို ဒင်းပြည့် မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေပြသနာ၊ ခေတ်၏အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မြ ပုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒအပြောင်းအလဲမရှိသူသည် ပညာတတ်သည်ဟု မ

ဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစပဌမက သိမြင်လာသော စိတ်နေစိတ်ထား ၀ါဒတို့သည် အ မှန်ချည်းမဟုတ်၊ ပြုပြင် ပြောင်းလဲရမည်သာတည်း။ ယနေ့ အယူအဆနှင့်နက်ဖန်အယူအဆတို့မှာ တူချင်မှ

တူမည်၊ အမှန်ကား လူတဦး၏ တဘ၀တွင်ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထို လူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားတတ်လေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့် တရား ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပေတည်း။ ၀ါဒပြောင်းလဲမှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့်

သမာဓိ မတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။ အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှ င် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ကြရသူ ရှားပေသည်။ သမာဓိ ဆို

သည်မှာ လောက၏ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်၊ အပျက် စနစ်စုံကို ပိုင်းခြားထင်ထင် သိမြင်၍ဆင်းရဲ လည်း ၀မ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတထ်ား ဥာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု ဘေးဒု

က္ခ အန္တရာယ်ကို မထိတ်မလန့်တသမတ်တည်း တည်ငြိမ်စွာ ရှိခြင်းကို ဆိုလေသည်။ ဘုရား အစရှိသောသူေ တ်ာကောင်းတို့၏ စိတတ် ည်နေပုံမျိုးတည်း။

သို့ဖြစ်ရာ သာမန်ကိုယ်ကျင့်တရား အမူအရာ၊ အပြောအဆို၊ ဘမ်းပြတည်ငြိမ်မှုကိုလူအပေါင်းတို့က သမာဓိ ဟု သာမည ပြောစမတ်ပြုကြလေသည်၊ အမှန်စင်စစ်ကားထိုဘမ်းပြ တည်ငြိမ်မှုနောက်တွင် မည်မျှ အတွင်းေ ဖာက်လွဲဖောက်ပြန်မှုများတိုးပွား များပြားလာသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူ တယောက်ဟု အသိအမှတ်ပြု ခံရ လေသည်။ ကျွန်တော်၏

ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲ ဖောက်ပြန် သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော်သည် သမာဓိ ရှိ၏။ မည်မျှ သမာဓိကို ပိုင်ဆိုင်ပေ သနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်း လှုပ်ရှားမှုတို့ကို ဤစာအုပ်ကို ဖတ်ရင်းဖတ်ရင်း တွေ့မြင် ကြရပေ လိမ့်မည်။ အသိဆုံး ဖြစ်ပေသည့် ကျွန်ေ

တာ်၏ အတွင်း လှုပ်ရှားမှုများကား၊ သမာဓိတရားကို လုံးဝမပိုင်ဆိုင်သေးခြင်း၏ အမှတ် လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ပြီလော။ လုံးဝ မပိုင်ဆိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ြ ခင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး။ လူတယောက်၏ ဥာဏ်အပြင် လှုပ်ရှားမှု ၀ါဒပြောင်းလဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြေ ပ။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စ၀ံသ ဆိုသော ကိုယ်တော်အား သာသနာတွင် ဘိက္ခူ နီမများ ရှိသင့်သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ် မှောက်ကြကုန်၏။ အ

မှန်ကား သူ၏ ပြောင်းလဲမှုသည် မှားချင်လဲ မှားပေလိမ့်မည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် အမှားမရှိသူ မရှိ။ အမှားသိမှ အမှန် မြင်လေသည်။ အမှားတခါလုပ်မိလျှင် အမှားနှစ်ခါလုပ်မိသောအခါ

မှန်လာပေလိမ့်မည်။ သို့သော် လည်း မှားပင်မှားစေကာမူ မိမိဥာဏ်အမြင်အလျှောက် ပြောင်းလဲမှုမှုမှာ ရှိအပ် သည်သာတည်း။ လှေနံ ဓားထစ်ဆိုသော အလုပ် အပြော အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ေ ပတည်း။ ဗုဒ္ဓဂေါတမသည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကိုကျော်ကာ

ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓတ္တမင်းသားသည် မိမိဥာဏ် အမြင်အရ အနုမာန မျက်မှန်းရမ်းဆ၍ ပြောင်းလဲမှု ရှိလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်း အကသောမောင်းမမိဿံ ခြွေရံပရိသတ်တို့နှင့်တကွ နန်းဆောင်သုံးဝယ် မင်းစည်းစိမ်ကိုစွန့်ပယ်၍ သောင်မြ မင် ကမ်းမမြင် ရသေ့ရဟန်း အသွင်၊ လျှော်တေ သင်္ကန်းကို ၀တ်ဆင်၍ ဘိက္ခူနီ လောယာစန သီလောတိ ဘိက္ခူ ဟူသည်နှင့်အညီ၊ သူတောင်းစား ဘ၀မျိုးသို့ ပြောင်းလဲမှုသည် သာမန်ပကတိ မျက်စိအားဖြင့် ကြ

ည့်လျှင် ရူးမိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောကစိတ် လောက၀ါဒ အား ဤသို့ ပြောင်းလဲခဲ့လေသည်။ (ဗိုလ်ချုပ်အောင်ဆန်း)

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ်နေ့ စွဲများ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်၏မြေးဖြစ်၍ ရှေ့နေကြီး ဦးဖာနှင့် ဒေါ်စုတို့၏သာြး ဖစ်သည်။

၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ရက် စနေနေ့ တွင် မကွေးတိုင်းနတ်မေါက်မြို့ ၌ ဖွားမြင်သည်။ဗေဒင် ဆရာကဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်း အကိုဖြစ်သူအောင်သန်းနှင့် လိုက်ဖက်ရန် အောင်ဆန်းဟုခေါ်တွင်ခဲ့ သည်။

၁၉၂၂။ ။ အသက်(၇) နှစ်တွင်နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံတွင် ကျောင်းနေခဲ့ သည်။ ၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းနေခဲ့သည်။

၁၉၃၀။ ။သတ္တမတန်းအောင်ကာ ဦးရွှေရိုး စကောလားရှစ်ရသည်၊ တစ်လ ၁၀ဖြင့်သုံးနှစ်စာစကောလားရှစ်ရခဲ့ သည်။ ၁၉၃၂။ ။ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာရန်ကုန်တက္တသိုလ်ေ ရာက်သည်။

၁၉၃၄။ ။ဥပစာတန်းအောင်သည်(စာမေးပွဲခုံအမှတ်၂၃၁)။ တကသအမှူဆောင် ရွေးကောက်ပွဲရှုံးနိမ့်သည်။ ၁၉၃၅-၃၆ ။ ။တကသအမှူဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ေ ဆာင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ “ခွေးသရမ်းကြီးလွတ်နေသည်” (Hell Hound At large) ဆောင်းပါးရေးသူကို ထုတ်ဖေါ်မပြော၍တက္တသိုလ်မှထုတ်ပယ်ခံရသည်။

၁၉၃၆။ ။တကသ ဒုဥက္တဌရွေးချယ်ခံရသည်၊ ရန်ကုန်မြို့ ဂျူဘလီဟောခန်းမ၌ကျင်းပသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများညီလာခံတွင်မိန့်ခွန်းပြောကြားသည် ။ ၁၉၃၇။ ။အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းအောင်မြင်သည်။ ၁၉၃၇-၃၈ ။တကသဒုဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအြ ဖစ်လည်း ဆောင်ရွက်သည်။

၁၉၃၇။ ။ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့်စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်၊ ပဲခူးေ ဆာင်အခန်း အမှတ်(၁၁၃)တွင်နေခဲ့သည်။ ၁၉၃၈။ ။ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂဥက္ကဌနေရာမှ၎င်း

နှုတ်ထွက်သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နယူးဘားမား သတင်းစာအယ်ဒီတာအဖွဲ့တွင် ခေတ္တ၀ င်ရောက်လုပ်ကိုင်သည်။ ပထမဦးဆုံးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်တက္ကသိုလ်ကောင်စီဝင်အဖြစ်

တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင်သခင်ကိုယ်တော်မှိုင်းဦးဆောင်သော တို့ဗမာအစည်းအရုံး သို့ ၀င်ရောက်သည်။ ၁၉၃၈-၃၉ ။ တကသဥက္ကဌအဖြစ်ဆောင်ရွက်သည်။ ၁၉၃၉။ ။ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီးလုံခြုံရေးအက်ဥပဒေဖြင့် (၁၅) ရက်ဖမ်းဆီးထောင်ချခံရသည်။ ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ သန်းခေါင်ကျော် ၂နာရီခွဲတွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ

သမဂ္ဂ အသင်းအလုပ် အမှူဆောင်အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖေါ်ဝါရီလ ၂၆ရက် ညနေ၅နာရီင်္ခွဲတွင် ဗမာပြည်နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင် လူကြီးများနှင့် ကျောင်း

သားခေါင်းဆောင်များ (ကျောင်းသားသပိတ်အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက်အထိကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှူး အဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ၁၃ ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာ

ဌာန၌ သခင်အောင်ဆန်း၊ သခင်လှဖေ၊ ကိသိုန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး

အတွင်းတွင် ကွန်မြူနစ်အဖွဲ့ လေးတရပ် စတင်ဖွဲ့ စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့ တွင်ရန်ကုန်အရှေ့ ပိုင်း ၄၉လမ်းအိမ်နံပါတ် ၁၈၈တွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုလျို့ ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်ေ

အာင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘေ မ်ာအိမ်၌ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။ နိုဝင်ဘာ ၁၈ ရက်နေ့တွင် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်း အား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်းဗမာ တစ် ပြည်လုံးသို့ တရားလှည့်လည်ဟောပြောခဲ့သည်။ ၁၉၄၀။ ။ မတ်လ ၂၂ ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင်ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံ သို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊သခင်ဆင်ဂူပတား၊ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ကိုဗ

ဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက် ဟင်္သ တခရိုင် ရာဇ၀တ်ဝန်မစ္စတာဇေးဗီးယားက ဇွန်လ ၁ ရက်နေ့ ဇလွန်မြို့ ၌ ချင်းတောင်အကြောင်းဟောပြောမြှု ဖင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကိုထုတ်ခဲ့ သည်။ သြဂုတ်လ ၈ ရက်နေ့ တွင် သခင်လြှ မိုင်နှင့် အတူ ဟိုင်လီအမည်ရှိသင်္ဘောဖြင့် ဗမာပြည်မှ တရုပ်ပြည်သို့ လျို့ဝှက်စွာထွက်ခွာခဲ့ကြသည်။ သြ

ဂုတ်လ ၂၄ ရက်နေ့တွင် တရုပ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့်နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။

၁၉၄၁။ ။ မတ်လ ၃ ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ၉ ရက်နေ့၌ရဲဘော်သုံးကျိပ်ထဲမှ ပထမအ သုတ်လူငယ်တစ်စုကို တပါတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာပြန်လည်ထွက်ခွာခဲ့သည်။ မတ်လ ၂၇

ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြိုသ့ို့ ပြန်လည်ဆိုက်ရောက်ခဲ့သည်။ ထိုနှစ်နိုဝင်ဘာလ ၀ရမ်းပြေးနေစဉ် တက္က သိုလ်အုတ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇ ၊ ၁၉၄၁ စနေနေ့ ည ၁ နာရီအချိန်တွင် ယိုးဒယားြ

ပည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီးဦးလွန်း ဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မေ တ်ာကို စတင်ဖွဲ့ စည်းပြီး လက်မောင်းသွေးဖေါက်သောက်ကြသည်။

၁၉၄၂။ ။ ဇန်န၀ါရီလ ၁ ရက် တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ်

အင်္ဂလိပ်အစိုးရ ၏ရန်သူတော်စာရင်းတွင် အမှတ်စဉ် ၅ အဖြစ်ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီး

ရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ်ဆောင်ရွက်သည်။ သြဂုတ်လ ၁ ရက်တွက် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာ

တွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေတပ်မတော်၏သေနာပတိဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲကို ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ ရက်တွင် မြို့တော်ခန်းမ၌ကျင်းပသော ခေတ်သစ်ဆရာဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာစစ်ပညာ အြေ ကာင်းဟောပြောသည်။ ၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ ရက်တွင် ဒေါက်တာဘမော်နှင့်

အတူ ဂျပန်ပြည် တိကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ်လ ၂၂ တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူး တံဆိပ် (Order Of The Risingsun) ဖြင့် ချီးမြှင့်ခြင်းခံရသည်။ သြဂုတ်လ ၁ ရက်တွင် ဗမာ့တပ်မတော်

စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ်ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ First Class Order Of The Sacred Treadsure) ချီးမြှင့်ခြင်းခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင် ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။

၁၉၄၄။ ။ သြဂုတ်လ ၄ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး (ဖဆပလ)ကို ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစည်းအဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟို စစ်ကောင်စီ

တွင်၎င်း၊ စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ သြဂုတ်လ ၂၃ ရက် ဗုဒ္ဇဟူးနေ့တွင် ရန်ကုန်ြ

မို့ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီးဗိုလ်ချုပ် အောင်ဆန်း၏နေအိမ်၌ ဗမာ့တပ်မတော် ဗမြာ ပည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တကိုဖျက်ရေး ပြည်သူ့

လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့ စည်းသည်။ စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွတ်၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာလ ၇ ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆေ၊ွ ဗိုလ္မွဴးၾကီးေ ဇယ်၊ ဗိုလ်မှူးရဲထွတ် တို့ နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။ ၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကိုဦးဆောင်၍ စစ်မြေပြင်သို့

ထွက်ခဲ့သည် ။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၁၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန်လ ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘောကမ်ဘာလင်

(H.M.S. Cumberland) ပေါ်၌ အခြားနိုင်ငံရေး ခေါင်းဆောင် များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ ဆုံဆွေးနွေးသည်။ သြဂုတ်လ ၁၉ ရက် နေသူရိမ်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတလ် ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင်အင်္ဂ

လိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာသေနာပတိေ လာ့မောင့်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက်တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊

ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဇီ မြိုသ့ို့သွားသည်။ ၁၉၄၆။ ။ဇန်န၀ါရီ ၂၀ ရက်တွင် ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလဥက္ကဌအဖြစ် တင်မြှောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့ နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ရောက်သည်။ မတ်လ ၇

ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကို ရောက်ပြီး၊ မတ်လ ၁၁ ရက်နေ့ ၌ စစ်တွေမြို့ တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌အိန္ဒိယခေါင်းဆောင် ပဏ္ဍ

စ် နေရူး နှင့် ၃ နာရီကြာဆွေးနွေးသည်။ မေလ၂၈ ရက် ညနေ ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့အားလုံး ကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့ တည်ရာဌာန၌ သြ၀ါဒမိန့်ခွန်းပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘု ရင်ခံ၏အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ်ရာထူးလက်ခံ၍ အစိုးရ အဖွဲ့ အသစ် ကိုဖွဲ့ သည်၊ နိုဝ

င်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ် ကိုစစ်ဆေးသည်၊ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝ င်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယာြး

ပည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာ လ ၂၄ ရက်နေ့ နံနက်တွင် တောင်ကြီးမြို့ညောင်ရွှေဟော်၌ စော်ဘွားများ နှင့်ပထမဆုံးအကြိမ် ဆွေးနွေး သည်။ ၁၉၄၇။ ။ ဇန်န၀ါရီလ ၂ ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့်အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ၇က်ေ န့ ညနေ ၅ နာရီ ၁၀မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ဟူသော မှာကြားချက်မိန့်ခွန်းကိုအသံလွင့်

သည်။ အေရှညီညွတ်ရေးသို့ ဟူသော ဗိုလ်ချုပ် အသံသွင်းမိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ဒေ လီရေဒီယိုမှ အသံလွင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကိုယ်စား

လှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ်အက်တလီ ခေါင်းဆောင်သော ဗြိတသျှိကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲ ကို လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ၀န်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီလ ၂၈

ရက်တွင် အောင်ဆန်းအက်တလီ စာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန်ပြန်ေ

ရာက်သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ်လက်မှတ် ရေးထိုးသည်။ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့ တော်ဝန်၏ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ်ကုန်သည်ကြီးများ အသင်းနှစ်ပါတ်လည်နေ့တွင် မိန့်ခွန်း ပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လြေေ ကာင်းခရီးဖြင့် မြိတ်၊ထားဝယ်၊မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ ရက်နေ့ညနေ ၄ နာရီ

အချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ မိန့်ခွန်းပြောကြားသည်။မတ်လ ၂၀ ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။ မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ်လ ၂၃ ရက်ေ

ညာင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ၂၅ ရက် နတ်ေ မာက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ)တွင်တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန်ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယဉ်ဖြင့်စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေ

တပ်မတော်မှ စစ်သင်္ဘော ဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့ တွင်စစ်တွေမှ ရန်ကုန်သို့ လေ

ယာဉ်ဖြင့်ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနား မြို့များတွင် တရားဟောသည်။ ဧြ

ပီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေ့

လယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခရန်ပင်လော့နှင့်တွေ ဆ့ုံသည်။ ဧပြီလ ၁၇ ရက်ေ န့လယ် ၁ နာရီတွင် ကန်တော်ကြီးစောင်းအိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စား လှယ်တော်များ ဧည့်ခံပွဲတက်ရောက်ပြီး မိန့် ခွန်းပြောကြားသည်။ဧပြီလ ၁၈ ရက်နေ့ တွင် နှစ်သစ်ကူးမိန့် 

ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။မေလ ၄ ရက်နေ့ တွင် ဗိုလ်ချုပ်နေအိမ် ၌ ဖ ဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ်ကိုယ်စားလှယ်များ၊ ပရသဖကိုယ်စားလှယ်များနှင့် တွေ့ ဆုံဆွေးနွေြး ပီး နယ်များတွင် ပြည်သူ့ ရဲဘော် နှင့်ဆိုရှယ်လစ်များ မသင့်တင့်သည့်ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆

ရက်နေ့ ည၈ နာရီတွင် ပြည်လမ်း ပဲခူး ကလပ်၌ မျက်နှာဖြူကုန်သည်ကြီးများ နှင့်ဆွေးနွေးသည်။ မေလ ၈

ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူး အစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စ တာဂျာဇန်ဇူလေမန် တို့ကို လက်ဖက်ရည်ပွဲနှင့်ဧည့်ခံသည်။ မေလ၁၀ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သ

တင်းစာဆရာများကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့ မှထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ မေလ ၁၂ ရက်နေ့ည၈နာရီတွင် အမေရိကန်သံအမတ် မစ္စတာ ပက်ကာ

၏နေအိမ်၌ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်၏ဆွေေ တ်ာမျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော် အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစြာ

ဖင့်ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့ တွင် ဖဆပလ ပဏာမ ညီလာခံကျင်းပသည်။ မေလ ၂၅ ရက်ေ န့ တွင် ဗြိတိသျ ရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ေ

ထာက်ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ၃၀ ရက်ေ န့တွင် သတင်းစာကွန်ဖရန့် ပြုလုပ်သည်။ ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအေ

ဝး၌ အခြေခံဥပဒေနှင့်ပါတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်ကိုတင်သွင်းသည်။ ဇူလိုင်လ၇ ရက်နေ့တွင် ဗမာ ပြည်ရှိ အိန္ဒိယ ပဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S)နှင့် တွေ့ ဆုံဆွေးနွေးသည်။ ဇူလိုင်လ ၁၃ ရက် တနင်္ဂနွေနေ့ြ မို့တော်ခန်းမမှနေ၍ လူထုသို့မိန့်ခွန်းပြောကြားသည်။ (နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း ဖြစ်သည်)။ ဇူ

လိုင်လ ၁၉ ရက် စနေနေ့ နံက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင်မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ သည်။

Related Documents


More Documents from "Aung Myint Htun"