Sanga

  • Uploaded by: ကိုရွက်ဝါ
  • 0
  • 0
  • October 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Sanga as PDF for free.

More details

  • Words: 253
  • Pages: 3
သံဃဂုဏ်တော် ကိုးပါး ကဗျာများ မန္တလေးမြို့

ရေတန်ခွန်တောင်

သစ္စဝေဒဂူ

မိုးကုတ်ဝိပဿနာ

မဂ္ဂင်ဓမ္မရိပ်သာ

ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း ယဉ်ကျေးလိမ္မာ တတိယဆင့် စာအုပ်မှ (စာမျက်နှာ ၇၅၇၇) သံဃဂုဏ်တော် ကိုးပါးကဗျာများကို ကူယူဖော်ပြပေးလိုက်ပါတယ်။ ဘုရားရှင်၏

ဥပဒေတော်ကြီးဆိုင်ရာ

သံဃာအပေါ်မှာ

သိကောင်းစရာများ

ပိုမိုစိတ်ဝင်စားလာတဲ့

တင်ပေးလိုက်တာပါ။

တကယ်တော့

စာဖတ်သူတစ်ဦးက

ခုကဗျာလေးတွေနဲ့

ပို့စ်ကိုဖတ်ပြီး တောင်းဆိုလို့

ရှင်းလင်းချက်လေးတွေဟာ

ကလေးသူငယ်တွေ အလွယ်ကျက်မှတ်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ သံဃဂုဏ်တော်တွေကို လေ့လာရာမှာ ဒါလေးလောက်နဲ့တော့ တင်းတိမ်မနေသင့်ပါဘူး။ အကြောင်းညီညွတ်သလို လက်လှမ်းမီသမျှ

ဆရာတော်ဘုရားကြီးများရဲ့

ကျွန်တော့သဘောပြောရရင်တော့ ရတနာ့ဂုဏ်ရည်စာအုပ်ကို အဖွင့်တွေအပြင်

ဖွင့်ဆိုချက်တွေကို

ဆရာတော်

လေ့လာစေချင်ပါတယ်။

အခြားသိသင့်

သိထိုက်တဲ့

လေ့လာသင့်ပါတယ်။

ရှင်ဇနကာဘိဝံသရေးသားတဲ့ ဘုရား၊

တရား၊

ဗဟုသုတများလည်း

သံဃာဂုဏ်တော်

ရရှိနိုင်မှာဖြစ်ပါတယ်။

(ရွက်ဝါ) ၁။ မြတ်ဘုရားစစ်၊ သားချစ်သံဃာ ဆုံးမညွှန်တိုင်း၊ မဆိုင်းသေချာ ကောင်းစွာမြင့်မြတ်၊ ကျင့်တတ်ပေတာ ဂုဏ်ပုဒ်ရှိ၊ သုပ္ပဋိပန္နပါ။ မြတ်စွာဘုရား၏ သားတော်စစ် သံဃာမှန်တို့သည် မြတ်စွာဘုရား ဟောကြားပြသ ဆုံးမညွှန်ကြားသည့်အတိုင်း

ကောင်းမွန်မှန်ကန်စွာ

ကျင့်ကြံတော်မူတတ်သောကြောင့်

သုပ္ပဋိပန္နဂုဏ်တော်နှင့် ပြည့်စုံပါသည်။ ၂။ တင်းလွန်း လျော့လွန်း၊ အစွန်းနှစ်တန် မငြိတွယ်တမ်း၊ လယ်လမ်းအမှန် ကောက်ကျစ်မှုကင်း၊ ဖြောင့်စင်းတော်မှန် ကျင့်ကြံမှု၊ ဥဇုပဋိပန်။ ကာမသုခကို လိုက်စား၍ လျော့လွန်းခြင်း မိမိကိုယ်ကို ညှဉ်းပန်း၍ တင်းလွန်းခြင်း တည်းဟူသော မဇ္ဈိမပဋိပဒါအကျင့်ကို

အစွန်းနှစ်ဘက်သို့ လှည့်ဖြားခြင်း

မရောက်မူ၍

အလယ်လမ်းမှန်ကန်သော

ကောက်ကျစ်ခြင်းမရှိဘဲ

ဖြောင်ဖြောင့်မတ်မတ်

ကျင့်ကြံတော်မူတတ်သောကြောင့် ဥဇုပ္ပဋိပန္နဂုဏ်တော်နှင့် ပြည့်စုံပါသည်။

၃။ ဘဝဝဋ်သုံး၊ လွတ်ရုံးစေရန် နိဗ္ဗာန်တော်ကျိုး၊ မျှော်ကိုးလေပြန် လျော်ကန်သင့်တင့်၊ အကျင့်မှန်ကန် သံဃာမြတ်၊ ဥာယပ္ပဋိပန်။ သံသရာဝဋ်ဆင်းရဲမှ မျှော်ကိုးလျက်

လွတ်မြောက်၍

ကြောင်းကျိုးလျော်ကန်

နိဗ္ဗာန်တည်းဟူသော

တော်မှန်သင့်တင့်စွာ

အကျိုးကိုသာ

ကျင့်ကြံတော်မူတတ်၍

ဉာယပ္ပဋိပန္နဂုဏ်တော်နှင့် ပြည့်စုံပါသည်။ ၄။ အပါယ်ရောက်ကြောင်း၊ မကောင်းမှုစင် ရဟန်းပြစ်ဘေး၊ ညစ်ကြေးမတင် ဗြဟ္မစိုရ်ကိန်း၊ အေးငြိမ်းကိုယ်တွင် သာမိစိ၊ ပဋိပန္နပင်။ အပါယ်ရောက်ကြောင်းဖြစ်သောအကိုသိုလ်

မကောင်းမှုတို့မှ

ကင်းစင်အောင်၊

ရဟန်းတို့၏ အညစ်အကြေး အပြစ်ဘေးတို့မှ ကင်းစင်အောင် ကျင့်ကြံတော်မူ၍ ဗြဟ္မစိုရ်တရား ကိန်းပြီးလျှင်

အေးငြိမ်းသော

ကိုယ်စိတ်



ပါးရှိသောကြောင့်

သာမိစိပ္ပဋိပန္နဂုဏ်နှင့်

ပြည့်စုံတော်မူပါသည်။ ၅။ တစ်ရပ်တစ်ကျေး၊ အဝေးမှသာ စိတ်ကိုယ်ပန်းလျက်၊ ထန်းရွက်ဆောင်လာ အလှူတော်၌၊ ခံထိုက်ပေတာ သံဃာစု၊ အာဟုနေယျပါ။ တစ်ရပ်တစ်ကျေးရပ်ဝေးမှ ကိုယ်ရောစိတ်ပါ အပင်ပန်းခံလျက် ဆောင်ယူလာသော ပစ္စည်းဝတ္ထုကို

အလှူခံတော်မူထိုက်သောကြောင့်

အာဟုနေယျဂုဏ်တော်နှင့်

ပြည့်စုံတော်မူပါသည်။ ၆။ ဧည့်သည်အတွက်၊ ဆောင်ရွက်စီမံ အလှူတော်မြတ်၊ ခံအပ်လေပြန် ဦးဦးဖြားဖြား၊ ထူးခြားလှူရန် ခံယူမှု၊ ပါဟုနေယျမှန်။ ဂုဏ်သရေရှိသော အမွန်အမြတ်ပစ္စည်းဝတ္ထုများကို ပြည့်စုံတော်မူပါသည်။

ဧည့်သည်များအတွက် အလှူခံတော်မူထိုက်သောကြောင့်

စီမံပြုလုပ်ထားသော ပါဟုနေယျဂုဏ်နှင့်

၇။ နောက်နောင်ကောင်းမှု၊ တောင်းဆုရွယ်ရည် အလှူတော်မျိုး၊ ခေါ်ရိုးဒက္ခီ ထိုအလှူ၌၊ ယူထိုက်ပေသည် အချက်ရှိ၊ ဒက္ခိနေယျမည်။ နောင်အနာဂတ်ဘဝ၌ ကောင်းကျိုးရရန် ရည်သန်ပြုလုပ်သော အလှူမျိုးကို ဒက္ခိဏ ဟုခေါ်သည်။

ထိုဒက္ခိဏအလှူကို

ခံယူတော်မူထိုက်သောကြောင့်

ဒက္ခိဏေယျဂုဏ်နှင့်

ပြည့်စုံတော်မူပါသည်။ ၈။ ဗြဟ္မာနှင့်နတ်၊ မြင့်မြတ်လူပါ လက်အုပ်ချီမိုး၊ ရှိခိုးပူဇာ ရိုသေခံရ၊ သံဃမဟာ အဉ္ဇလိ၊ ကရဏိမည်သညာ။ လူနတ်ဗြဟ္မာ

သတ္တဝါအပေါင်းတို့၏

လက်အုပ်ချီမိုး

ရှိခိုးပူဇော်မှုကို

ခံယူထိုက်သောကြောင့် အဉ္ဇလီကရဏီယဂုဏ်နှင့် ပြည့်စုံတော်မူပါသည်။ ၉။ နတ်လူပေါင်းစု၊ ကောင်းမှုစိုက်ရာ သြဇာဓာတ်ပြည့်၊ မြတ်သည့်လယ်ယာ မပြိုင်လေအပ်၊ မြေဓာတ်ပမာ နုတ္တရ၊ ပုညခေတ္တပါ။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ကောင်းမှုစိုက်ရာ လယ်ယာတို့တွင် အကျိုးစီးပွား ဖွံ့ဖြိုးလာအောင် သြဇာဓာတ်ပြည့်နေသော အတုမရှိ အကောင်းဆုံး လယ်ယာဖြစ်သောကြောင့် အနုတ္တရပုညခေတ္တဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။ ကျေးဇူးတော်စစ်၊ အနှစ်ဂုဏ်တော် အာရုံတမ်းတ၊ မှန်းဆထင်ပေါ် ဘယလာဘ၊ ဘာမှမမျှော် သံဃာအား၊ ဝတ်တွားရှိပူဇော်။ အထက်ပါဂုဏ်တော်တို့ကို

အာရုံယူမှန်းဆ၍

ကြောက်လန့်ခြင်း၊

ဆုလဘ်ကို

မျှော်ကိုးတောင့်တခြင်းတို့မှ ကင်းစေလျက် သံဃာတော်ကို ရှိခိုးပူဇော်တတ်ပါစေ။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ရှုမှတ်ဖွယ်။

Related Documents

Sanga
October 2019 10
Sanga Sinthanai
July 2020 5
Mahat Sanga
December 2019 5
Oral Sanga 6
June 2020 5
Sanga Turpo Brian.pdf
April 2020 6
2009-03-01-sanga
May 2020 4