လူ့အခွင့်အရေးနှင့် ယနေ့ကမ္ဘာ ၁၉၇၅ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကို လက်ဝဲကွန်မြူနစ် အုပ်စုဖြစ်တဲ့ ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီများက သိမ်းပိုက် နိုင်လိုက်ပါ တယ်။ ခမာနီများ ကမ္ဘောဒီးယားကို သိမ်းပိုက်အပြီးမှာ အဲသည့်နိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံခြားသားများကို နှင်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ သတင်းထောက်များ အစရှိတဲ့ နိုင်ငံခြားသားများ ကမ္ဘောဒီးယား နိုင်ငံကနေ ထွက် ခွာခဲ့ကြရပါတယ်။ အဲသလို ကမ္ဘောဒီးယားကနေ ထွက်လာခဲ့ရတဲ့ နိုင်ငံခြားသားများထဲမှာ ပြင်သစ်လူမျိုး ခရစ်ယန်ဘုန်းတော်ကြီး ဖရန်ဆွာ ပွန်ရှိုး လည်း တဦးအပါအဝင် ဖြစ်ပါတယ်။ ခမာနီတို့ အာဏာရပြီး ဆက်တိုက်ဆိုသလိုပဲ လုပ်အားပေးစခန်းတွေ တည်ထောင်ပါတယ်။ အဆိုပါ လုပ်အားပေး စခန်းတွေမှာ သောင်းသိန်းချီတဲ့ ကမ္ဘောဒီးယားလူမျိုးများ မိမိဆန္ဒအလျောက် မဟုတ်ဘဲ လုပ်အားပေးခဲ့ရပါတယ်။ ဘုံလယ်ယာတွေ ဆည် မြောင်းတွေ ဖေါက်လုပ်တဲ့ နေရာများမှာ လုပ်အားပေးခဲ့ကြရပါတယ်။ အစားအစာ ကောင်းကောင်း မွန်မွန် မစားရတဲ့အပြင် ဆေးကုသခွင့်တွေလည်း မရှိတဲ့အတွက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ခမာနီတို့ရဲ့ အာဏာကို အံတုမယ်လို့ ထင်မြင်ယူဆခံရတဲ့ သူတွေကိုလည်း အကျဉ်းစခန်းတွေမှာ စစ်ဆေးရင်း နှိပ်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ပညာတတ် မှန်သမျှ နိုင်ငံတော်ရဲ့ အကြီးဆုံး ရန်သူလို့ သတ်မှတ်ခံရတဲ့ အတွက် တိုင်းပြည် တည်ဆောက်ရာမှာ အရေးပါတဲ့ ပညာတတ်များ အမြောက်အများ အသတ်ခံခဲ့ရပါတယ်။ ထိုထိုသော အကျိုးဆက် အကြောင်းဆက်တွေကြောင့် ကမ္ဘောဒီးယား နိုင်ငံသား ထောင်ပေါင်းများစွာ ဒုက္ခသည်များ အဖြစ် နိုင်ငံကနေ ထွက်ပြေးခဲ့ ကြရပါတယ်။ ထိုကဲ့သို့ ထွက်ပြေးလာတဲ့ ကမ္ဘောဒီးယား နိုင်ငံသား ဒုက္ခသည်တွေကို လူကိုယ်တိုင်တွေ့ဆုံပြီး ခရစ်ယန် ဘုန်းတော်ကြီး ပွန်ရှိုး က အင်တာဗျူးများ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာ ကမ္ဘာပျက်သလို ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ဘုန်းတော်ကြီး ပွန်ရှိုးက ကမ္ဘာ့အစိုးရများကို သိသာအောင် တင်ပြခဲ့ပါတယ်။ သို့သော်လည်း ထိုအချိန်က ယဉ်ကျေးပါ သည်ဟု ဆိုသော နိုင်ငံ တကာ အစိုးရများက ထိုအဖြစ်အပျက်တွေဟာ ဘုန်းတော်ကြီး ပွန်ရှိုး တင်ပြသလောက် ဖြစ်နေ တယ်လို့ မယူဆခဲ့ကြပါဘူး။ ဘုန်းတော်ကြီး ပွန်ရှိုးက ဇတ်နာအောင် ပိုပိုသာသာ တင်ပြနေတယ်လို့လည်း ယူဆခဲ့ကြပါ တယ်။ တဆက်တည်း ဆိုသလိုပဲ ဘုန်းတော်ကြီး ပွန်ရှိုးက စာအုပ်တအုပ် ထုတ်ဝေဖြန့်ချီပြီး ကမ္ဘောဒီးယား နိုင်ငံမှာ ဘာတွေ ဖြစ်နေ သလဲဆိုတာကို ထပ်မံတင်ပြ ပြန်ပါတယ်။ အဲသည့် စာအုပ်ကတော့ Year Zero လို့ခေါ်တဲ့ စာအုပ် ဖြစ်ပါတယ်။ သို့သော်လည်း ဝမ်းနည်းစရာ ကောင်းတာက ကမ္ဘာကြီးဟာ ကမ္ဘောဒီးယား နိုင်ငံမှာ အမှန်တကယ် ဘာတွေ ဖြစ်နေခဲ့သလဲ ဆိုတာကို သတိ မထားသလို စိတ်လည်း မဝင်စားခဲ့ကြပါဘူး။ နိုင်ငံရေးက လူ့အခွင့် အရေးထက် အရေးကြီးနေသလိုမျိုး ဖြစ်နေခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ သမတ ဂျင်မီကာတာ အာဏာရလာခဲ့ပါတယ်။ သူအာဏာ မရခင်က မဲဆွယ်စည်းရုံး တဲ့ ကာလတွေမှာ သူသာ အာဏာရလာရင် ကမ္ဘာတလွှားမှာ လူ့အခွင့်အရေးအတွက် ဦးစားပေး လုပ်ဆောင်မယ်လို့ ကတိ ကဝတ် တွေ ပေးခဲသူလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားက အဖြစ်အပျက်တွေကို သမတ ဂျင်မီကာတာလည်း မကြားဘဲမဟုတ် ကြား သိခဲ့ပါတယ်။ သို့သော်လည်း သူအာဏာရတဲ့ ၁၉၇၇ ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ လူ့အခွင့် အရေးကို အကြီးအကျယ် ချိုး ဖောက်နေတဲ့ ခမာနီအစိုးရကို ဝေဖန်ရှုံ့ချဖို့ ပြင်ဆင်ခဲ့ပါတယ်။ သို့သော် နောက်ထပ် (၁၅) လအထိ ကြာမှသာ ဝေဖန်ပြစ်တင် ရှုံ့ချတာကို စတင်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်ကစလို့ ထိုအတောအတွင်း ကမ္ဘောဒီးယား နိုင်ငံမှာ နှိပ်စက်မှု၊ ညှဉ်းပမ်းမှု၊ သုတ်သင်မှု၊ အငတ်ဘေးတို့ကြောင့် လူဦးရေ နှစ်သန်းကျော် သေဆုံးခဲ့ ရပြီးဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် ကုန်ခါနီးလောက်မှာ ဗီယက်နမ်တပ်တွေ ကမ္ဘောဒီးယားကို ဝင်လာပြီး ခမာနီအစိုးကို ဖြုတ်ချ လိုက်ပါတယ်။ ခမာနီ အစိုးရလည်း ထိုင်းနယ်စပ်နဲ့ ကပ်နေတဲ့ တောတောင်တွေဖက်ကို ဆုတ်ခွာ ထွက်ပြေး သွားရပါတယ်။ တချိန်တည်းမှာလည်း ကုလသမဂ္ဂမှာ ကမ္ဘောဒီးယား ထိုင်ခုံက နှစ်လုံးဖြစ်လာပါတယ်။ ခမာနီကိုယ်စားပြု အဖွဲ့နဲ့ ဗီယက်နမ်အားကိုးနဲ့ နောက်တက် လာတဲ့ အဖွဲ့ဖြစ်နေပါတယ်။ ကုလသမဂ္ဂဟာ အဲသည့် အချိန်မှာ ဘယ်သူ့ကို ကုလအတွင်း ထိုင်ခုံပေးသင့်သလဲ ဆိုပြီး ဝေဝါး နေပါတယ်။ နောက်ဆုံးမှာ လူတွေသတ်ခဲ့တဲ့ ခမာနီကို ဆက်ပြီး ကုလသမဂ္ဂမှာ ကာလတခုအထိ ထိုင်ခုံပေးခဲ့ အသိအမှတ် ပြု ခဲ့ပါတယ်။ ဘာဖြစ်လို့တုံးဆိုတော့ ဗီယက်နမ်တို့ ဆိုဗီယက်တို့ဟာ အဲသည့်အချိန် စစ်အေးတိုက်ပွဲ ကာလအတွင်းက နောက် တက်လာတဲ့ ဖနွမ်းပင်အစိုးရနဲ့ မဟာမိတ်တွေ ဖြစ်နေခဲ့လို့ပါ။ နေတိုးနဲ့ ဝါဆောရဲ့ အားပြိုင်မှု အထွဋ်အထိပ်ကို ရောက်နေတဲ့ ကာလဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် စစ်အေးတိုက်ပွဲ အရိပ်မဲကြီးရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ လူ့အခွင့်အရေးဆိုတာ ဟိုးနောက်အဝေးကြီးမှာသာ ရှိခဲ့ပါတယ်။
ဘုန်းတော်ကြီး ပွန်ရှိုးက ကမ္ဘောဒီးယားမှာ လူသားမျိုးနွယ်တို့ကို မျိုးတုံးလုအောင် သတ်ဖြတ်နေပါတယ်လို့ ကနဦးမှာ တင်ပြ ခဲ့တာတွေကို ကမ္ဘာကြီးက ဂရုမစိုက်ခဲ့ပါ။ လက်အတော်လွန်ပြီး နောက်ပိုင်းကာလ များကြမှသာ ကမ္ဘာကြီးက ကမ္ဘောဒီးယား ကိစ္စကို ဂျီနိုစိုက် (သို့) မျိုးတုံးသတ်ဖြတ်မှု ဆိုပြီး အလေးပေး ပြောလာကြတာ ဖြစ်ပါတယ်။ အော်စကာ ဆုရတဲ့ Killing Field ဆိုတဲ့ ရုပ်ရှင်ဇတ်ကားဟာ အဖြစ်မှန်တွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သို့သော် အတော်လေး နောက်ကြပြီးမှ ကမ္ဘာ့ ပရိသတ်ကြီး သိခငွ့်ရခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေဟာ အကဲဆတ်တယ်။ ဦးစားပေးတယ်။ စိုးရိမ်စိတ် ရှိကြတယ်လို့ လူတွေက ယေဘူယျအားဖြင့် သိကြပါတယ်။ သို့သော်လည်း အနောက်နိုင်ငံကြီးတွေဟာလည်း သူတို့ရဲ့ နိုင်ငံခြားရေး ပေါ်လစီ တွေကို သူတို့နိုင်ငံရဲ့ အကျိုးကျေးဇူးနဲ့သာ ချိန်ကိုက်ကြည့်တဲ့ အတွက် ဒီသဘာဝကို နားလည်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အခု မြန်မာနိုင်ငံမှာလည်း အုပ်စိုးသူတွေက လူ့အခွင့်အရေးကို ချိုးဖောက်နေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ အနောက် နိုင်ငံ ကြီးများရဲ့ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရးအပေါ် ကူညီတဲ့ ပုံစံဟာ နှုတ်၏စောင်မခြင်း သဘောထက် မပိုပါသေး ဘူး။ အဲသလို ဆိုလိုက်လို့ အာရှတိုက်မှာ အင်အားအကြီးဆုံးလို့ ဆိုနိုင်တဲ့ တရုတ်နိုင်ငံရဲ့ ခြေသလုံး ပြေးဖက်တော့ရော မြန်မာပြည် နိုင်ငံရေးဟာ အဆင်ချော လာမလားလို့ မေးနိုင်ပါတယ်။ အဖြေအတိအကျ ရှိဖို့ရာ မလွယ်ပါဘူး။ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံမှာ ကိုယ်လိုချင်တဲ့ အဖြူ (သို့) အမဲ ဆိုတဲ့အဖြေဆိုတာ ဘယ်တုံးကမှ မရှိပါဘူး။ မြန်မာပြည်က ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် ကြီးငယ်လတ်တို့ ဘယ်လောက် ပါးရည်နပ်ရည် ရှိသလဲဆိုတာ အပေါ်မှာ မူတည်ပါတယ်။ နောက်တချက် ကတော့ နိုင်ငံကြီး တွေနဲ့ ကုလသမဂ္ဂကို အလွန်အကျွံအားကိုးတဲ့ စိတ်ထားမျိုး ဖျောက်ဖို့လိုပါတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ စကားရှိတယ် ဆိုတာကိုတော့ မမေ့သင့်ပါ။ ဆာရာယေဗို၊ ဘော့စနီးယား ဘော့စနီးယားမှာ ခရစ်ယန်နဲ့ မွတ်စလင်တွေ ပြဿနာစပြီး တက်ခဲ့တဲ့အချိန်တုံးက ကမ္ဘာ့သတင်း မီဒီယာဌာနတွေ အများ အပြား အဲဒီမှာ ရှိနေခဲ့ပါတယ်။ ဘော့စနီးယားမှာ ဘာတွေဖြစ်နေတယ် ဘယ်လိုတွေ ဖြစ်ပျက်နေတယ် ဆိုတာ တွေကို ကမ္ဘာ့ ပရိဿတ်ကြီးဆီသို့ နေ့စဉ်နေ့တိုင်း သတင်းများတင်ပြနေပါတယ်။ သို့သော် ဘယ်သူကမှ ဘယ်အင်အားကြီး အစိုးရများကမှ အဲသလို ဖြစ်နေတာတွေကို သိပါတယ် စိုးရိမ်တယ်လို့ ဝန်ခံခြင်း မရှိခဲ့ပါ။ အဲသည့် ပြဿနာတွေ စတင်ခဲ့တဲ့ အချိန်ကတော့ ယူဂို စလားဗီးယားနိုင်ငံ ကွဲပြဲမှုစတဲ့ ၁၉၉၂ ခုနှစ်မှာ ဖြစ်ပါတယ်။ ဘော့စနီးယား ဆာ့ဗ်လူမျိုး ခရစ်ယန်ဘာသာဝင်တွေက ဘော့စနီးယားကို ခရစ်ယန်နိုင်ငံတော် အဖြစ်မြင်လို ခဲ့ပါတယ်။ အဲတာ ရဲ့ နောက်ဆက်တွဲ အကျိုးအဖြစ် ဘော့စနီးယား မူစလင်တွေကို အင်အားသုံးပြီး နှင်ထုတ်ခဲ့ကြပါတယ်။ ဘော့စနီးယား မွတ်စလင် အမျိုးသမီးပေါင်း မြောက်များစွာ မုဒိန်းပြုကျင့်ခြင်း ခံခဲ့ရပါတယ်။ အဲသလို ဖြစ်နေစ အချိန်မှာ ဖောရိန်းပေါ်လစီဂ (Foreign Policy) ဂျာနယ်က အယ်ဒီတာတဦးဖြစ်တဲ့ ရစ်ချတ်ဟိုးဘရုတ် ဆိုသူက အမေရိကန် ဦးဆောင်တဲ့ ဥရောပအဖွဲ့များ ဘော့စနီးယား အရေးကို ဝင်ရောက်စွက်ဖက်စေဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ ဝေါလ်လမ်းမလို့ ခေါ်တဲ့ အမေရိကန် ငွေကြေး စီးပွားရေးအရပ်က ဘဏ်လုပ်ငန်းရှင် တဦးလည်း ဖြစ်ပါတယ်။ ဘော့ စနီးယား ခရစ်ယန်တွေက ဘော့စနီးယား မူစလင်တွေကို သတ်ဖြတ်နေခြင်းဟာ ဂျီနိုစိုက်လို့ ခေါ်တဲ့ မျိုးတုန်း သတ်ဖြတ် မှုမျိုး ဖြစ်နေကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။ အဲတာကြောင့် နိုင်ငံတကာက ဝင်ရောက်တားမြစ် စွက်ဖက်ဖို့ လိုတယ်လို့ တင်ပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဲသည့်အချိန်မှာ ဥရောပနိုင်ငံများ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ တို့က ဘော့စနီးယားကို လက်နက်တင်သငွ်းခြင်း ပိတ်ဆို့ဖို့ ဆောင်ရွက်ပါတယ်။ တဖက်မှာ ကြည့်ရင်တော့ ဟုတ်မလို လိုပါဘဲ။ သို့သော် လက်နက်တင် သွင်းမှု ပိတ်ဆို့ခြင်းဟာ လက်နက် ကောင်းကောင်းမွန် မရှိတဲ့ မွတ်စလင် အုပ်စုများ အတွက် အတော်ကြီး ဒုက္ခရောက်စေ ခဲ့ ပါတယ်။ ခရစ်ယန်တွေရဲ့ တိုက်ခိုက်မှုကို ပြန်လည်ကာကွယ်ဖို့ မွတ်စလင်တွေ အတွက် အကြီးအကျယ် အခက်အခဲ တွေ့ခဲ့ရ ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေနဲ့ ဒုက္ခရောက်နေတဲ့ ဘော့စနီးယား မွတ်စလင်များကို လူသားချင်း စာနာတဲ့ အတွက် စားရေရိက္ခာများ ထောက်ပံ့ခဲ့ပါတယ်။ အဲတာက ၁၉၉၂ ဇူလိုင်လထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် အကြီးဆုံး ပြဿနာ ကို ကုလရော၊ အမေရိကန်ရော၊ ဥရောပနိုင်ငံတွေပါ လုပ်ဆောင်ခြဲ့ ခင်း မရှိပါဖူး။ ဒါကဘာလဲ ဆိုတော့ ဘော့စနီးယား ခရစ်ယန် တွေက ဘော့စနီးယား မွတ်စလင်တွေကို သတ်ဖြတ်နေခြင်းအား ကာကွယ်တားဆီးပေးခြင်း မရှိခဲ့တာပါဘဲ။
ကုန်ကုန်ပြောရရင် ဒုက္ခသည် စခန်းလို့သတ်မှတ် ထားတဲ့ နေရာမျိုးမှာတောင် ဘော့စနီးယား မွတ်စလင်တွေ အသတ်ဖြတ် ခံနေရခြင်းပါဘဲ။ တချို့နေရာတွေမှာ ဆိုရင် ဒီလိုမျိုးအထိဖြစ်ခဲ့ပါတယ်။ ဘော့စနီးယာ မွတ်စလင်များ အသက်ချမ်းသာချင် ရင် ဘော့စနီးယား ခရစ်ယန်များကို သူတို့ပိုင်ဆိုင်တဲ့ အိမ်မြေယာ စတာတွေကို လက်မှတ် ရေးထိုးပြီး အပိုင်ပေးလိုက်ရခြင်း ဖြစ်ပါ တယ်။ ပြောရရင် ဒုက္ခသည်တွေကို စားရေရိက္ခာပေးရုံမက အသတ်အဖြတ် မခံရအောင် ကူညီဖို့ နိုင်ငံတကာမိသားစု ဟာ တာဝန် ပျက်ကွက် ခဲ့ပါတယ်။ ၁၉၉၂ နွေကာလအတွင်းမှာ ကလင်တန်ဟာ သမ္မတ မဖြစ်သေးပါဘူး။ သမတဖြစ်ဖို့ လအနည်းငယ်သာ လိုပါတော့တယ်။ သို့သော် သမ္မတလောင်း တဦးအနေနဲ့ မဲဆွယ်နေတဲ့ ကာလဖြစ်ပါတယ်။ အဲသည်တုံးက ကလင်တန်က ဒီလိုဆိုပါတယ်။ ဘော့စနီးယား ခရစ်ယန်တွေ ဘော့စနီးယား မွတ်စလင်တွေ အပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ရပ်ဆိုင်းသွားဖို့ အတွက် ဘော့စနီးယား ခရစ်ယန်တပ်တွေကို လေတပ်သုံးပြီး ဗုံးကြဲတိုက်ခိုက် တားဆီးဖို့ အဆိုပြုခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ဘော့စနီးယားမွတ်စလင်တွေ အပြင်းအထန် အတိုက်အခိုက်ခံရပါတယ်။ ဘော့စနီးယား ခရစ်ယန် လက်ဖြောင့်တပ်သား အများ အပြားဟာ မွတ်စလင်အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ နေရာတိုင်းမှာ ရှိနေခဲ့ပါတယ်။ ရစ်ချတ်ဟိုးဘရုတ်ဟာ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တဦးကဲ့သို့ ဟန်ဆောင်ပြီး ကုလမှတ်ပုံတင် အတုကိုသုံးပြီး ဘော့စနီးယား နယ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲသည့်နောက်မှာတော့ အမေရိကန်၊ ဥရောပနိုင်ငံများ အနေနဲ့ ဘော့စနီးယားမှာ ကုလငြိမ်း ချမ်းရေး ထိန်းသိမ်းရေးတပ်များ တပ်စွဲဖို့လိုကြောင်း တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည် စခန်းများဆီသို့ စားနပ်ရိက္ခာများ လုံလုံခြုံခြုံ မရောက်ရှိနိုင်ဘဲ ဖြစ်နေတာတွေကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ တင်ပြခဲ့ပါတယ်။ သို့သော်လည်း ရစ်ချတ် ဟိုးဘရုတ်ရဲ့ ဆောင်ရွက်မှုတွေကို ဘယ်သူကမှ အသိအမှတ် မပြုခဲ့ပါဘူး။ နောက်ဆုံးရလဒ် ကတော့ အမေရိကန် အစိုးရက သူ့ကို ဂျာမဏီနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်ထားပြီး ချောင်ထိုး ထားလိုက်ပါတယ်။ "မင်းစကားများလွန်းတယ်၊ ဂျာမဏီ မှာသွားနေ" ဆိုပြီး လုပ်လိုက်တဲ့ သဘောပါ။ တချိန်တည်းမှာလည်း အမေရိကန်တွေ လေတပ်ကိုသုံးပြီး ဘော့စနီးယား ခရစ်ယန်တပ်တွေကို တိုက်ခိုက်မှာကို ဥရောပ နိုင်ငံများက ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့လဆဲိုတော့ မြေပြင်မှာ သူ့တို့တပ်အချို့ ရှိနေလို့ ဖြစ်ပါတယ်။ ပြဿနာတွေ စတင်ခဲ့ တဲ့ ကာလကနေ နောက်ထပ် (၁၅) လအတွင်းမှာ (နိုင်ငံကြီးများနှင့် ကုလတို့ ဘာလုပ်ရမလဲ ဆိုတာတွေ ငြင်းခုံ နေစဉ် ကာလ အတွင်း) ဘော့စနီးယား မွတ်စလင် ကလေး၊ လူကြီး၊ အမျိုးသမီးများ အမြောက်အများ သတ်ဖြတ်ခံခဲ့ရ ပါတယ်။ နောက်ဆုံး မနိုင်ရင်ကာရှိတော့မှ အမေရိကန် အစိုးရဟာ ဂျာမဏီမှာ ပို့ထားတဲ့ ရစ်ချတ်ဟိုးဘရုတ်ကို ပြန်ခေါ်ပြီး ဘော့စနီးယားကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ပေးခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ လေတပ်များက ဘော့စနီးယား ခရစ်ယန်တပ်တွေကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။ ဘော့စနီးယား မွတ်စလင်တွေကို သတ်ဖြတ်ခံနေရတာကို ထိထိရောက်ရောက် မတား ဆီးနိုင်ခဲ့ပါဘူး။ ဥပမာအားဖြင့် တခုပြောရရင် ကုလတပ်များ ရောက်လာပြီးနောက်ပိုင်း သူတို့ ရှိနေရဲ့သားနဲ့ ကာရာ ဟိုဘတ်ခ်ျ ဆိုတဲ့ မြို့ငယ်လေး တခုတည်းမှာတင် ဘော့စနီးယား ခရစ်ယန်တပ်များက သတ်ဖြတ်လို့ ဘော့စနီးယား မွတ်စလင် လူပေါင်း ရှစ်ထောင်ကျော် သေဆုံးခဲ့ရပါတယ်။ နောက်ဆုံးတော့ လေတပ်တခုထဲနဲ့ ဗုံးကြဲတာလည်း အရာမထင်တာကြောင့် မြေပြင်တပ်များနဲ့ပါ ဘော့စနီးယား ခရစ်ယန် တွေ ထိန်းချုပ်ထားတဲ့ ဆာရာယေဗိုကို ဝင်ရောက်သိမ်းပိုက်ဖို့ သမတ ကလင်တန်က အမိန့်ပေးခဲ့ပါတယ်။ အဲသလို အမိန့်ပေးခဲ့တဲ့ အချိန်မှာ ဘော့စနီးယားမှာ မွတ်စလင် အရပ်သူအရပ်သားတွေ တောက်လျှောက် အသတ်ခံနေရတာ သုံးနှစ်မြောက် ကာလ အထိ ရောက်ရှိနေပါပြီ။ ရက်ရက်စက်စက် လူတွေကို ပြောင်ကျကျ မျိုးတုံးသတ်ဖြတ်နေတဲ့ အုပ်စုကို နှိမ်နင်းဖို့ သုံးနှစ်တောင် စောင့်ခဲ့ရပါတယ်။ အခုအမေရိကန် သမတအသစ် အိုဘားမားလည်း မြန်မာ့အရေးကို ဘယ်လောက် လုပ်နိုင်မလဲ။ ဥရောပ နိုင်ငံတွေကော ဘယ် လောက် လုပ်နိုင်မလဲ။ မြန်မာစစ်အစိုးရဟာ ဘော့စနီးယား ခရစ်ယန်တပ်တွေလို ပြောင်ကျကျ အစုလိုက် အပြုံလိုက် သတ် ဖြတ်နေတာမျိုး မရှိပေမဲ့ တရိရိနဲ့ သတ်နေတာ နှစ်ပေါင်း မနည်းတော့ပါ။ သက်ဆိုင်သူများ အားလုံး ဒီလိုသမိုင်းတွေ ဖြစ်စဉ် တွေကို သဘောပေါက်ဖို့တော့ အထူးလိုပါတယ်။ အမေရိကန်တွေဟာ သူတို့ ပေါ်လစီကို ပြောင်းလဲချင်ရင် ဘာကိုမှ သိပ်စဉ်း စားနေတာ မဟုတ်သလို တခုတခု လုပ်ဖို့ဆိုရင်လည်း ဖင့်နှေးတတ်တဲ့ သဘောရှိတာကို သိဖို့လိုပါတယ်။ ထပ် ပြောရရင်တော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတာကို နှလုံးပိုက်ဖို့လိုပါတယ်။ တကယ်တန်းကျတော့ နိုင်ငံရေး အကျိုးအမြတ်နဲ့ စီးပွားရေး အကျိုး အမြတ်ဟာ လူ့အခွင့်အရေးရဲ့ အပေါ်မှာ အမြဲတမ်း ရှိနေတတ်ကြောင်း သတိမလစ်ဟင်းဖို့ တင်ပြပါတယ်။
အီရတ်နှင့် နိုင်ငံကြီးများ
အီရတ်ဆိုတဲ့ နိုင်ငံဟာ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်အပြီး နှစ်အနည်းငယ်အကြာ ကမ္ဘာ့မြေပုံပေါ်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ မူလကတော့ အာရပ်နယ်ခံ စော်ဘွားတွေ သူ့နေရာနဲ့သူ ပိုင်းခြားပြီး အုပ်ချုပ်ခဲ့တဲ့ ဒေသကြီးတခု ဆိုရင်လည်း မမှားပါဘူး။ ပြောရ ရင်တော့ Nation State ဆိုတဲ့ အဆင့်အတန်း သဘောမျိုး ဖြစ်လာခဲ့တာ နှစ်ပေါင်း (၈ဝ) ကျော် ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ အဲသည့်အချိန်ကတည်းက ရေနံဟာ နောင်အနာဂါတ်မှာ အရေးပါလာမှာကို ကြိုတွက်မိလို့ အီရတ်ဖြစ်လာမဲ့ ဒေသကို ဗြိတိသျှ တွေက ဝင်ပြီးပတ်သက် လာခဲ့တာလည်း ဖြစ်ပါတယ်။ အီရတ်နယ်မြေကို ဝင်တိုက်ပြီး ဗြိတိသျှနဲ့ အလွမ်းသင့်မဲ့ အစိုးရမျိုး ထူထောင်ဖို့ ဖန်တီးခဲ့သူကတော့ ဝင်စတန်ချာချီ (ထိုစဉ်က ဝန်ကြီးချုပ်မဖြစ်သေး) ဖြစ်ပါတယ်။ အီရတ်နယ်မြေ ကြီးဟာ အဲသည့် အချိန်က တူရကီအင်ပိုင်ယာရဲ့ လက်အောက်ခံ နယ်မြေတခု ဖြစ်ပါတယ်။ စစ်ကြီးပြီး နောက်ပိုင်းတက်လာတဲ့ အစိုးရဆိုတာကလည်း ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးပါ။ ဒါကိုလည်း ဗြိတိသျှတွေပဲ ဖန်တီးခဲ့ တာ ဖြစ်ပါတယ်။ ဒီဖက်ခေတ် ရောက်လာတော့ အားလုံးသိတဲ့အတိုင်း ဆက်ဒမ်ဟူစိန်က အီရတ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ် ခဲ့ပါတယ်။ ဆက်ဒမ်ဟာ ဘယ်လိုလူစားမျိုးလဲ ဆိုတာ ဒီနေရာမှာ ထောက်ပြလိုပါတယ်။ အတော်စောစောပိုင်း နှစ်များက ဆက်ဒမ်ဟာ သမ္မတ မဖြစ်သေးပါဘူး။ အဲသည့်တုံးက ဆက်ဒမ်အပါအဝင် သူရဲ့ လုပ်ဖော်ကိုင်ဖက် ဘာ့သ်ပါတီဝင် (၂ဝ) ခန့်လောက်ဟာ ထိုအချိန်က အာဏာရ အီရတ်အစိုးရကို အံတုလို့ ထောင်သငွ်းအကျဉ်းချ ခံခဲ့ရပါတယ်။ ဆက်ဒမ်ရဲ့ အကျဉ်းကျဖက် (၂ဝ) ခန့်မှာ အသက်ရှင်ကျန်ရစ်သူဟာ ဆက်ဒမ်နဲ့ နောက်တဦးသာပဲ ဖြစ်ပါတယ်။ အဲသည်တုံးက အာဏာရ အီရတ်အစိုးရက သတ်လို့မဟုတ်ပါ။ နောက်ပိုင်း ဆက်ဒမ် အာဏာရတဲ့ အချိန်မှာ အဲသည့် ထောင်ကျဖက် လုပ်ဖော် ကိုင်ဖက်များကို သူရဲ့အာဏာ လုယူမယ့်သူများလို့ သံသယရှိရာက ထောင်သငွ်း အကျဉ်းချပြီး ဖြုတ်ထုတ်သတ် လုပ်ခဲ့လို့ပါဘဲ။ ရဲဘော်ရဲဖက်ခြင်းတောင် ရက်စက်ဝံ့သူ ဖြစ်ပါတယ်။ ဆက်ဒမ်ဟူစိန် သမ္မတဖြစ်ခဲ့တဲ့ ကာလများ တလျှောက်မှာ အမေရိကန် အစိုးရ အဆက်ဆက်ဟာ အီရတ်ကို (၁၉၈၈ ကာလ အထိ) အကူအညီ အမြောက်အများ ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေးကဏ္ဍ တခုတည်းမှာပဲ နည်းပညာများ၊ စက် ကိရိယာများနဲ့ အခြားလိုအပ်သည်များ အတွက် တနှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျှံဖိုး ရောင်းချပေး ခဲ့ပါတယ်။ အီရတ်တွေ ဆီက ရေနံကို အမေရိကန်က လိုတာမို့ အပြန်အလှန်သဘောကို ဒီနေရာမှာ မြင်နိုင်ပါတယ်။ မြန်မာစစ်အစိုးရကိုလည်း တရုတ် အစိုးရ သဘာဝဓာတ်ငွေ့ရလိုမှုနဲ့ ဒီလိုသဘောမျိုး ဆက်ဆံနေတယ် ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ ဆက်ဒမ်ဟူစိန် ရက်စက်ပုံကို ပြောမယ်ဆိုရင် အများကြီးပါ။ အိမ်နီးချင်း အီရန်နိုင်ငံနဲ့ စစ်ဖြစ်နေစဉ်အတွင်းမှာ ၁၉၈၃ ခုနှစ်က အီရတ်ကနေ အဆိပ်ဓာတ်ငွေ့များသုံးပြီးတိုက်လို့ အီရန်စစ်သား အများအပြားသေခဲ့ပါတယ်။ အဲသည့် စစ်ဖြစ်နေစဉ် ကာလများ တုံးက အမေရိကန်နိုင်ငံကနေ အီရတ်ကို နိုင်ငံရေးအရကော ငွေကြေးအရပါ အမြောက်အများ အကူအညီပေးခဲ့ပါတယ်။ အကြောင်း အရင်းက နှစ်ချက်ရှိပါတယ်။ တချက်ကတော့ အများသိထား သလို ရေနံအရင်းအမြစ် လိုချင်တဲ့ ကိစ္စပါ။ ဒုတိယ အချက်ကတော့ အမေရိကန်နဲ့ အီရန်ဟာ ကျောင်းတော်ကရန်စ ရှိထားလို့ပါ။ အီရန်နိုင်ငံရဲ့ ရှားဘုရင်ကို အစ္စလမ်ဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာခိုမေနီက ၁၉၇၉ မှာ ဖြုတ်ချလိုက်ပါတယ်။ တဆက်တည်းမှာလည်း တီဟီရန်မှာ ရှိတဲ့ အမေရိကန် သံရုံးကို အမရိကန်ဆန့်ကျင်ရေး အီရန်ဆန္ဒပြသူတွေက ဝင်သိမ်းလိုက်ပါတယ်။ အမေရိကန်သံတမန်တွေနဲ့ ဝန်ထမ်းတွေကို ဓားစာခံလုပ်ထားလိုက်တာ ရက်ပေါင်း (၄၄၄) ရက်အထိ ကြာခဲ့ပါတယ်။ အဲသည့်အနာက အမေရိကန် တွေအတွက် မကျက်သေးပါဘူး။ ၁၉၈၇ ခုနှစ်မှာ အမေရိကန် သတင်းထောက်တဦးဖြစ်သူ ပီတာဂဲလ်ဘရိတ်ဟာ အီရတ်နိုင်ငံ မြောက်ပိုင်းကို ရောက်သွားခဲ့ ပါတယ်။ ရောက်သွားတဲ့ အကြောင်းကလည်း အီရတ်နိုင်ငံမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ကာ့ဒ်လူမျိုးတွေကို ဆက်ဒမ် အစိုးရက အစုလိုက်အပြုံလိုက်သတ်နေတယ်ဆိုတဲ့ သတင်းများရယူဖို့ ဖြစ်ပါတယ်။ ကာ့ဒ်တွေကို အီရတ်တွေက သတ်ရတဲ့အကြောင်းကတော့ ကာ့ဒ်လူမျိုးတွေဟာ အီရန်အီရတ် စစ်ပအွဲ တွင်း အီရန်တွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် ရန်ညှိုးထားခံရတာလည်း ဖြစ်ပါတယ်။ အဲသည့် ကာ့ဒ်လူမျိုးအရပ်သားတွေကို တာဝန်ခံပြီးသတ်တဲ့ သူကတော့ ဆက်ဒမ် ဟူစိန်ရဲ့ ညီအကိုဝမ်းကွေဲ တ်ာသူ ဗိုလ်ချုပ်အာလီ ဆိုသူ ဖြစ်ပါတယ်။ သူ့ကို ကမ်မီကယ်အာလီ (ဝါ) ဓာတုအာလီလို့ လူသိများပါတယ်။ ဘာကြောင့်လဆဲိုတော့ ဓာတုအဆိပ်များကို သုံးပြီး ကာ့ဒ်လူမျိုး ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို တွေပါမကျန် သတ်ဖြတ်ခဲ့လို့ ဖြစ်ပါတယ်။ ဟာလာဂျာ Halaja လို့ခေါ်တဲ့ အရပ်မှာ ဓာတုအဆိပ်လက်နက် များကြောင့် ကာ့ဒ်လူမျိုးများ ထောင်နှင့်ချီပြီး အစုလိုက် အပြုံ လိုက်
အသတ်ခံခဲ့ရပါတယ်။ အဲသလို အသတ်ခံရတဲ့ အထောက်အထားများကိုလည်း သတင်းထောက်ဖြစ်သူ ပီတာ က ရရှိခဲ့ပါ တယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရကို ဒီအဖြစ်အပျက်တွေအကြောင်း ပြန်လည်အစီရင်ခံခဲ့ပါတယ်။ သို့သော် အဲသည့်အချိန်က နိုငံခြားရေးဝန်ကြီးဖြစ်တဲ့ ဂျော့ရှုလ်က အီရတ်ကို ပေးနေတဲ့ ချေးငွေများကို ဖြတ်တောက်ခဲ့ခြင်း မရှိခဲ့ ပါဘူး။ အီရန်အီရတ် စစ်ပွဲကလည်း ရှစ်နှစ်ကြာ ဖြစ်ပွားခဲ့ပါတယ်။ ပီတာတင်ပြခဲ့တာတွေကို အိမ်ဖြူတော်က သိပေမဲ့ သူတို့မှာသီးခြား အစီအစဉ်တွေ ရှိနေလို့ဆိုပြီး ပီတာ တင်ပြခဲ့တာတွေကို လစ်လျှူရှု့ခဲ့ပါတယ်။ ဒါ့အပြင် ကာ့ဒ်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို ဂျီနိုစိုက် (သို့) မျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်ဖို့ ကိစ္စမှာ ၅% အသတ်ခံ ရမှလား၊ ဒါမှမဟုတ် ၁ဝ% အသတ်ခံရမှလား၊ သို့တည်းမဟုတ် ၁၅% အသတ်ခံရမှလား ဆိုတာကိုလည်း အမေရိကန် နိုင်ငံရေးသမားတွေ အဲသည့်အချိန်မှာ ငြင်းခုံလို့ ကောင်းနေတုံးပါ။ ၁၉၈၈ ခုနှစ်မှာ ဓာတုအဆိပ်လက်နက် အပါအဝင် ပစ်သတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ကာ့ဒ်လူမျိုးအရပ်သား အရေအတွက်ဟာ ထောင်နဲ့ချီပြီး ရှိပါတယ်။ အဲသည့်အကျိုးဆက်အဖြစ် ကာ့ဒ်လူမျိုး (၆၅,ဝဝဝ) ကျော် တူရကီနိုင်ငံ ထဲကို ထွက်ပြေး ဝင်ရောက် ခဲ့ရပါတယ်။ အဆိပ်ဓာတ်ငွေ့များကြောင့် ကာ့ဒ်လူမျိုးတွေ အများအပြားသေခဲ့တာကို အထောက်အထားများနဲ့ တွေ့ရှိခဲ့ပေမဲ့ အမေရိကန်နိုင်ငံရေးသမားတွေက သိပ်မယုံသေးပါဘူး။ တကယ်ကော ဟုတ်မှ ဟုတ်ရဲ့လား ဆိုပြီး ဆက်စောင့်ကြည့် နေခဲ့ကြ ပါတယ်။ တချိန်တည်းမှာလည်း အီရတ်ကို ရောင်းနေကျ ပစ္စည်းတွေကိုလည်း ဆက်လက် ရောင်းချပေးနေဆဲပါ။ အဲသည့် အချိန်မှာ အီရတ်ကို စီးပွါးရေး ပိတ်ဆို့မှု ဘာပိတ်ဆို့မှုမှ မလုပ်ခဲ့ပါဘူး။ သတင်းထောက် ပီတာဂဲလ်ဘရိတ် အနေနဲ့ ကာ့ဒ်လူမျိုးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို အကြိမ်ကြိမ် တင်ပြခဲ့ပေမဲ့ ဘာမှအရာ မရောက်ခဲ့ပါ။ ဒါ့ကြောင့် "နိုင်ငံရေးက လိုက်နာသင့်တဲ့ ကိုယ်ကျင့်တရားအပေါ် အောင်ပခွဲံ သွားတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။ ၁၉၉ဝ ကျတော့ အီရတ်က ကူဝိတ်ကို ဝင်သိမ်းပါတယ်။ ဒီတခါမှာတော့ အမေရိကန်တို့ အနေနဲ့ အီရတ်ကို ကျူးကျော်ဖို့ အမှန် တကယ် အခွင့်အခါရောက်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေရာမှာ မြင်ရတာက အီရတ်မြောက်ပိုင်းက ကာ့ဒ်လူမျိုး အရပ်သားတွေ ထောင်နဲ့ချီပြီး အဆိပ်ဓာတ်ငွေ့တွေနဲ့ အသတ်ခံနေရတာ အမေရိကန်အစိုးရအတွက် ဘာအကျိုးစီးပွါးမှ မထိခိုက်တဲ့အတွက် လက်ပိုက် ကြည့်နေ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်ရဲ့ သယံဇာတများကို လိုချင်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေလဲ ဒီသဘော အတိုင်း ရှိနေမယ်ဆိုတာ အားလုံးမြင်လိမ့်မယ်လို့ ထင်ပါတယ်။ (စာကြွင်း။ ပထမကမ္ဘာစစ်အတွင်း အီရတ်နိုင်ငံလို့ ကနေ့ခေါ်တဲ့ အရပ်မှာ ဖြစ်ပျက်ခဲ့တာလေးတွေ အချို့ကို သိလိုပါက Laurence of Arabia ဆိုတဲ့ ရုပ်ရှင်ကိုကြည့်ဖို့ အကြံပေးလိုပါတယ်။ မင်းသားကတော့ ရှေးတုန်းက နာမည်ကြီးမင်းသား ဖြစ်တဲ့ ပီတာအိုတူးလ် ဆိုသူပါ။ အဲသည့် နေရာကို ထိုအချိန်က အီရတ်လို့ မခေါ်သေးပါဘူး။ မြန်မာတွေဖက်ကနေ အီရတ်ကို ဆက်စပ်ကြည့်ရင် ရှေးကတည်းက ပတ်သက်နေတာတွေ ရှိပါတယ်။ အဲဒါကတော့ မြန်မာ စစ်သားချည်းဘဲ ရှစ်ထောင်ကျော်ဟာ (ကရင်တပ်များမပါသေး) ပထမကမ္ဘာစစ်တုံးက အဲသည့်ဒေသမှာ ဗြိတိသျှ အင်ပိုင်ယာရဲ့ တပ်များအနေနဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့ဘူးတယ်လို့သိရပါတယ်။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်လို့ မြန်မာတွေက ရေးကြ ပြောကြ ပါတယ်။ ၁၃ဝဝပြည့် အရေးတော်ပုံမှာ ရေနံမြေသပိတ်တိုက်ပွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ အာဠာဝက သခင်ဖိုးလှကြီးဟာ မက်ဆိုပိုတေးမီးယား စစ်ပြန်လို့ ဆိုပါတယ်။ ပထမကမ္ဘာစစ် ပြီးတော့ စစ်အောင်နိုင်တဲ့ အထိမ်းအမှတ် အနေနဲ့ အင်္ဂလိပ်အစိုးရက ရန်ကုန်မှာ ကျောက်တိုင် စိုက်ပါတယ်။ အဲသည့် ကျောက်တိုင်က ယခင်စစ်ရုံးနဲ့ တိရိစ္ဆာ န်ဥယျဉ် အကြားမှာ ရှိပါတယ်။ စစ်ရုံး အုတ်စည်းရိုးနဲ့ ကပ်လျက် တည်ရှိခဲ့ပါတယ်။ သို့သော် ၁၉၉ဝ နောက်ပိုင်းလို့ ထင်ပါတယ်။ မြန်မာစစ်အစိုးရက အဲသည့် ကျောက်တိုင်ကို ကိုလိုနီခေတ် အမွေဆိုးဖြစ်တယ်ဆိုပြီး ဘူဒိုဇာနဲ့ ဖြိုချခဲ့ပါ တယ်။ ကိုလိုနီခေတ်က ဆိုပေမဲ့ ကမ္ဘာ့အလှည့် အပြောင်းကြီး တခုမှာ ကိုယ့်နိုင်ငံသားတွေ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်း ကြောင်းကို နှောင်းလူတွေ သိအောင် သင်ခန်းစာယူ နိုင်အောင် အသိအမှတ်ပြုဖို့ ထိမ်းသိန်းဖို့ လိုပါတယ်။ နောက်တခု ကတော့ မြန်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်တွေ အားလုံးကို ပထမကမ္ဘာစစ်ပြီးလို့ နှစ်နှစ်ကြာ ၁၉၂ဝ ဝန်းကျင်ခန့်မှာ အင်္ဂလိပ်အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာတပ်တွေဟ အမိန့် မနာခံ ကြလို့ ဆိုပြီးအကြောင်းပြပါတယ်။ အင်္ဂလိပ်က သွေးခွဲတဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်တော့ ကရင်တပ်များနဲ့ အခြားတိုင်းရင်းသား တပ်များကိုတော့ ဖျက်သိမ်းခြင်း မရှိခဲ့ပါ။)
ရဝမ်ဒါ ၁၉၉၃ ၁၉၉၃ ကာလတုံးက ရဝမ်ဒါနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်ဖွဲ့ရဲ့ ကွန်မင်ဒါကတော့ ဗိုလ်ချုပ် ရိုမီရို ဒလဲ ဆိုသူဖြစ်ပါတယ်။ သူက ကနေဒါနိုင်ငံသား တဦးပါ။ အဲသည့်အချိန်က ရဝမ်ဒါနိုင်မှာ တပ်စွဲထားတဲ့ ကုလ ငြိမ်းချမ်းရေးတပ် အရေအတွက်ဟာ
လေးထောင့်ငါးရာခန့်ရှိပါတယ်။ ရဝမ်ဒါနိုင်ငံရဲ့ အစိုးရက တော့ လူမျိုးရေး အစွန်းရောက် ဟူတူအစိုးရ ဖြစ်ပါ တယ်။ ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များဟာ ၁၉၉၄ ခုမှာဖြစ်ခဲ့တဲ့ ဟူတူန့တဲူစီ လူမျိုးစုများအကြား သတ်ဖြတ်မှုတွေကို တားဆီးဖို့ ပျက်ကွကခ်ဲ့ရပါတယ်။ စဖြစ်ဖြစ်ခြင်း အချိန်ကာလတို အတွင်းမှာဘဲ တူစီလူမျိုးစု လူပေါင်း ရှစ်သိန်းအသတ်ဖြတ် ခံခဲ့ရပြီး ဖြစ်ပါတယ်။ လေ့လာသူ အချို့ရဲ့ အဆိုအရ စုစုပေါင်း တသန်းကျော်ခန့် သေဆုံးခဲ့ ကြောင်းလည်း ဆိုပါတယ်။ သို့သော် အဲသည့်အခြေအနေကို ကုလငြိမ်းချမ်းရေးတပ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ရိုမီရို ဒလဲက သက်ဆိုင်ရာ အထက် အဆင့်ဆင့် ကို အမြန်တင်ပြခဲ့ပေမဲ့ ဘယ်သူကမှ စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။ ဘယ်အင်အားကြီး နိုင်ငံများကမှ သူတို့စစ်တပ်တွေကို ရဝမ်ဒါကို လွှတ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ လက်ရှောင်တဲ့ အပိုင်း လည်း ရှိနေတယ်လို့ အစွပ်စွဲ ခံခဲ့ရပါသေးတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ရဝမ်ဒါ ပြဿနာမတိုင်ခင် လေးလလောက်တုံးက ဖြစ်ပွား ခဲ့တဲ့ ဆိုမာလီယာက အရှုတ်အရှင်းကြောင့် လက်ရှောင်ခဲ့ကြတယ်လို့လဲ ဆိုပါတယ်။ ဆိုမာလီယာမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ဘယ်လိုလဆဲိုတော့၊ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ပါကစ္စတန်စစ်သားများနဲ့ အမေရိကန်စစ်သားများ ဆိုမာလီယာ သူပုန်များနဲ့ တိုက်ပွဲဖြစ်ရာက သေဆုံးခဲ့ကြရပါတယ်။ အဲသလို ပူပူနွေးနွေး ဖြစ်ထားခဲ့တာကြောင့် အဲသလို အဖြစ်မျိုးကို နိုင်ငံကြီးတွေက ရဝမ်ဒါမှာ ထပ်ပြီးကြုံတွေ့လိုတဲ့ ဆန္ဒ မရှိတဲ့အတွက် ကြောင့်လည်း ဖြစ်ပါတယ်။ အဲသလို အခြေအနေမျိုးအောက်မှာ ဗိုလခ်ျုပ်ဒလဲက ကုလဌာနချုပ်ကို သူတို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ လိုကြောင်း အစီရင်ခံ ပါတယ်။ အဲသလို မစွက်ဖက်ဖူးဆိုရင် နောက်ထပ် လူပေါင်းများစွာ သေကြေနိုင်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါကြောင့် ၃၆ နာရီအတွင်း ဝင်ရောက်စွက်ဖက်ဖို့ တင်ပြခဲ့ပါတယ်။ သို့သော် ထိုတင်ပြချက်ကို အဲသည့်အချိန်က ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအာနန်က ပယ်ချခဲ့ပါတယ်။ ဒီလိုဝင်ရောက် စွက်ဖက်တာဟာ ကုလရဲ့ လုပ်ပိုင်ခငွ့်ကို ကျော်လန်ွနေတယ်လို့လည်း အကြောင်းပြခဲ့ပါတယ်။ ဟူတူအစွန်းရောက် တွေကို ဟူတူအစိုးရက ပြည်သူ့စစ်များ အဖြစ်လေ့ကျင့်ပေးခဲ့ပါတယ်။ တူစီ လူမျိုးစုကို ဖိနှိပ်သတ် ဖြတ်ရာ မှာ အစိုးရစစ်တပ်က တိုက်ရိုက်သတ်တယ်လို့ အဖြစ်မခံလိုတဲ့အတွက် လူမျိုးစု အရပ်သားခြင်းအကြားမှာ ဖြစ်နေတဲ့ သာမန် ပဋိပက္ခအသွင်မျိုး ဖန်တီးလိုတာကလည်း တကြောင်းဖြစ်ပါတယ်။ ဟူတူသမတဖြစ်သူက သူ့အပေါ်မှာ အပြစ်တင်မခံရ လေအောင် ကစားခဲ့တာဆိုရင်လည်း မမှားပါဘူး။ များမကြာမှီအတွင်းမှာပဲ ဟူတူရေဒီယိုကနေတဆင့် တူစီလူမျိုးစုများကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုကို စတင်ခဲ့ပါတယ်။ ရေဒီယိုက အသံလွှင့်တဲ့နေရာမှာ တူစီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ တီကောင်များလို၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့ သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တူစီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ တူစီအမျိုးသမီးများကို ဟူတူအမျိုးသားများက မုဒိန်းကျင့်ကြပါတယ်။ ပြီးတော့ သတ်ဖြတ်ခဲ့ကြပါတယ်။ အဲသလို သတ်ဖြတ်မှုတွေ စတင်တော့ ဗိုလခ်ျုပ်ဒလဲနဲ့ အဖွဲ့ဟာ သူတို့တတ်စွမ်းသလောက် ဝင်ရောက်တားဆီးခဲ့ပါ သေးတယ်။ သို့သော် အရေအတွက် နည်းပါးတဲ့ ကုလငြိမ်းချမ်းရေးတပ်ဟာ ထိုသတ်ဖြတ်မှုများကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ ပါဘူး။ ဒါ့အပြင် ကုလငြိမ်းချမ်းရေးတပ်သား (၁ဝ) ဦးခန့်ထက်မနည်း အသတ်ခံ ခဲ့ရပါတယ်။ ခြောက်ရက် အတွင်းမှာ တူစီလူမျိုး မြောက်များစွာ သေဆုံးခဲ့ပါတယ်။ အဲသည့်အချိန်မှာ အမေရိကန် သမတဖြစ်တဲ့ ကလင်တန်က အမေရိကန်အစိုးရ အနေနဲ့ အကူအညီ မပေးတဲ့အပြင် ကုလငြိမ်းချမ်းရေးတပ်ကို ရဝမ်ဒါကနေ ပြန်ခေါ်ဖို့ ကိုဖီအာနန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ကုလတပ်ကို ရဝမ်ဒါကနေ ပြန်ပြီး ရုပ်သိမ်းခဲ့ ပါတယ်။ ပြောရမယ်ဆိုရင် (၁၉၄၈ ဂျီနိုစိုက်ဥပဒေ) အရ အဲသလို သတ်ဖြတ်နေခြင်းကို ကာကွယ်တားဆီးနိုင်ခငွ့် ကုလသမဂ္ဂမှာ တရားဝင် အခွင့်အရေးရှိပါတယ်။ သို့သော်လည်း ကုလအနေနဲ့လည်း ဘယ်လိုနည်းကိုမှ အသုံးပြုပြီး တားဆီးနိုင် ခဲ့တာ မရှိ ခဲ့ပါဘူး။ ဒါကြောင့် သတ်ဖြတ်မှုများ စတင်ခဲ့တဲ့ ပထမနှစ်ပတ် သုံးပတ်အတွင်းမှာတင် လူပေါင်းသိန်းချီပြီး အသတ်ခံ ခဲ့ရတာ ဖြစ်တယ်လို့ အိုင်အာစီ အဖွဲ့ရဲ့ တွက်ချက်မှုများအရ သိရပါတယ်။ သို့သော်လည်း အသတ်ခံရလို့ ပြေးလွှားနေရတဲ့ တူစီ လူမျိုးစု တွေကို စားနပ်ရိက္ခာကူညီဖို့ကိုတော့ ကုလက ဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် တူစီတွေ ဆက်ပြီး အသတ်ခံနေရ တာကိုတော့ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ ရက်ပေါင်း (၁ဝဝ) ကျော်ကြာမြင့်ခဲ့တဲ့ သတ်ဖြတ်မှုကြီးအတွင်းမှာ ဟူတူလူမျိုးစုတွေရဲ့ လက်ချက်ကြောင့် တူစီလူမျိုး ရှစ်သိန်း ကျော် (သို့) တသန်းကျော် အသတ်ခံခဲ့ရပါတယ်။ ပါမောက္ခ မိုက်ကယ်ဘားနတ်ရဲ့ အဆိုအရ ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ ဘူးထရော့စ်ဂါလီက ကြားက နေပြီး ဗိုလ်ချုပ် ရိုမီရိုဒလဲကို ရဝမ်ဒါမှာ နောက်ပိုင်းဆက်လက်တာဝန်ယူဖို့ တိုက်တွန်း ခဲ့သေးတယ်လို့ ဆိုပါတယ်။ သို့သော် ခဲမှန်ဖူးတဲ့ စာသူငယ်ဖြစ်သူ
ဗိုလ်ချုပ်ဒလဲက လက်မခံခဲ့ပါဘူး။ ကနေဒါကို ပြန်သွားခဲ့ပြီး များမကြာမီမှာ ပင်စင် ယူသွားခဲ့ပါ တယ်။ အလားတူပါဘဲ။ အာဖရိကတိုက်မှာ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆူဒန်နိုင်ငံ ဒါဖောအရပ်မှာလည်း ၂ဝဝ၃ ခုနှစ်တုံးက မျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရခြင်း၊ ထွက်ပြေးရင်းဖြင့် ရောဂါဘယကြောင့် သေဆုံးခဲ့ရသူ သုံးသိန်းကျော် ရှိခဲ့ပါတယ်။ အိမ်နီးခြင်း နိုင်ငံများမှာ ဒုက္ခသည်အဖြစ် ထွက်ပြေးခုံလှုံရသူ နှစ်သန်းကျော် ရှိနေပါတယ်။ ဒီအဖြစ်အပျက်ကို ဒေါက်တာကဗီးလားဆိုသူ ဆူဒန်နိုင်ငံ အခြေစိုက် ကုလထိပ်တန်းအရာရှိက ၂၁ရာစုရဲ့ ပထမဆုံး မျိုးတုံးသတ်ဖြတ်မှု ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲသည့်အချိန်မှာ နိုင်ငံကြီးများနဲ့ ကုလသမဂ္ဂတို့ရဲ့ အာရုံဟာ အီရတ်အပေါ်မှာဘဲ ရှိနေ တာကြောင့် ဆူဒန်နိုင်ငံ ဒါဖောကိစ္စကို လစ်လျှူရှု့ခဲ့ခြင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဆူဒန်မှာကတော့ အာရပ်နွယ်ဖွား သူပုန်တွေက လူမဲလူမျိုးစုများကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကို အာရပ်နွယ်ဖွား အုပ်ချုပ်သူများက တဖက်မှာ မသိ သလိုနေခဲ့တဲ့အပြင် ထိုလက်နက်ကိုင် အာရပ်နွယ်ဖွား ပြည်သူ့စစ်များကို တိတ်တဆိတ် အကူအညီများလည်း ပေးခဲ့ ပါသေး တယ်။ ဆူဒန်နိုင်ငံက အာရပ်နွယ်ဖွား လက်နက်ကိုင်များ အနေနဲ့ လူမဲလူမျိုးစုများကို ကလေးလူကြီးပါမကျန် ဇာတ်နိမ့်သဖွယ်၊ တိရိစ္ဆာ န်သဖွယ်သာ သဘောထားကြောင်း လေ့လာသူများက ဆိုပါတယ်။ ဒေါက်တာ ကဗီးလာအနေနဲ့ ၂ဝဝ၃ နဲ့ ၂ဝဝ၄ အတွင်း ဒါဖောမှာ ဖြစ်ခြင်တိုင်းဖြစ်နေတာတွေအတွက် ဝင်ရောက်တားဆီးဖို့ ကုလနဲ့ နိုင်ငံကြီးများကို အပြင်းအထန် ချည်းကပ်တင်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ ထိုအချိန်က အုပ်ချုပ်သူ ဆူဒန် အစိုးရကို ရှုံ့ချတာကလွဲလို့ ဘာမှပိုပြီးဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပါ။ နိုင်ငံကြီး တော်တော်များများဟာ အဲသည့်အချိန်က ဒါဖော ဒေသထက် စစ်ပွေဲ တွဖြစ်နေတဲ့ ဆူဒန်တောင်းပိုင်းကိုသာ မဲပြီး အာရုံစိုက်ခဲ့ကြပါတယ်။ ဆူဒန် ပြည်ထေဲ ရးဝန်ကြီး အီဗရာဟင် ဟာမီးစ်က ဒါဖော သတ်ဖြတ်နေမှုတွေဟာ မဟုတ်မမှန်ကြောင်း အခြေအနေတွေ ဟာ ပုံမှန်ဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း လိမ်လည်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆူဒန်အစိုးရက လက်မခံတော့လို့ တနည်း ပြောရရင် ဆူဒန်ကနေ နှင်ထုတ်တော့မှာမို့လို့ ဒေါက်တာကဗီးလာဟာ သူ့တာဝန်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒါဖောဒေသရဲ့ ဂျန်ဂျိုဝီ အရပ်မှာ အာရပ်နွယ်ဖွား လက်နက်ကိုင်တွေက ရေကန်တွေထဲမှာ အဆိပ်ခတ်ခဲ့လို့ ဘလက် အာဖရိကန် (သို့) လူမဲ အာဖရိကန်များ အများအပြား သေဆုံးခဲ့ပါတယ်။ အမျိုးသမီးပေါင်း များစွာလည်း မုဒိန်းကျင့်ခံခဲ့ ရပါတယ်။ ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင် လူ့အခွင့်အရေးဆိုတာဟာ မပြောမဖြစ်လို့ နိုင်ငံကြီးများနဲ့ ကုလတို့က အမြဲပြောနေ ကြရတာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ နိုင်ငံရေးနဲ့ အကျိုးစီးပွားတို့က လူ့အခွင့်အရေးအပေါ် အမြဲအနိုင်ယူလေ့ ရှိတာကို ရှင်းရှင်း ကြီးမြင်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အုပ်ချုပ်သူ စစ်အစိုးရက လူ့အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် နေသော်လည်း အိမ်နီးချင်းအစိုးရများ၊ အဝေးက နိုင်ငံကြီးများ အနေနဲ့ စုတ်သတ်ရုံကလွဲလို့ ဘာကို ထိထိ ရောက်ရောက် စွက်ဖက်တာ အကူအညီပေးတာ မရှိသေးပါ။ မနှစ်ကဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကို နမူနာထားပြီး ကြည့်နိုင်ပါတယ်။ လူပေါင်း တသိန်းကျော်သေဆုံးရပြီး နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ နိုင်ငံသားတွေကို ညှာတာမှုမရှိတဲ့ အစိုးရအပေါ်မှာ ဘယ်နိုင်ငံကမှ အပြစ်တင်တာမျိုး မရှိခဲ့ပါဘူး။ မုန်တိုင်းပြီးကာစမှာဘဲ ငတ်နေတဲ့ဒုက္ခသည်တွေ အကြားမှာ စစ်အစိုးရဲ့ ဖွဲ့စည်းပုံအသစ်ကို ဖုတ်ပူမီးတိုက် အတည်ပြုခဲ့တာ ကိုလည်း အားလုံးသိကြပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ထောင်သငွ်းအကျဉ်းချ ခံထား နေရပါတယ်။ စာနာတယ်ဆိုတဲ့ အသံကလွဲလို့ ထိရောက်တဲ့ အကူအညီများ ဘယ်သူ့ဆီကမှ မရသေးပါ။ တိုင်းရင်းသား ပြည်နယ်တွေမှာ ကြည့်ပြန်ရင်လည်း ဖိနှိပ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကြားခြင်မှ အဆုံးပါ။ အဲသလို အခြေ အနေမျိုးမှာ မြန်မာနဲ့ နိုင်ငံခြားသား ပညာရှင်အချို့က စစ်အစိုးရအပေါ်မှာ ထားရှိတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့ရဲ့ စီးပွားရေး ပိတ်ဆို့မှုပေါ်လစီကို ပြန်ရုပ်သိမ်းဖို့၊ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လော်ဘီလုပေ် နကြပါတယ်။ တိုင်းပြည်တခုမှာ စီပွါးရေးတိုးတက်မှုဟာ မလွဲမသွေ အရေးကြီးပါတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက် နေတာ တွေကို မျက်ကွယ်ပြုပြီး အကျိုးစီးပွါးတခုထအဲ တွက်သာ ကြည့်ကြမယ်ဆိုရင်တော့ ရေရှည်မှာ လူ့အဖွဲ့စည်းများအတွက် ရင်လေး စရာ သာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
(ခံဝန်ချက်။ ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်အများစုသည် မတ်လအတွင်းက ထုတ်လွှင့်သော စီအန်အန် ရုပ်မြင်သံကြား အစီအစဉ်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။) ဇော်မင်း (လူ့ဘောင်သစ်) ၂ဝ ရက် ဧပြီလ ၂ဝဝ၉ ခုနှစ်