Opinion1

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Opinion1 as PDF for free.

More details

  • Words: 242
  • Pages: 2
(နေ့ စွဲ - ဇန်န၀ါရီ - ၁၅ ၊ ၂၀၀၉)

တိုက်ပွဲ ၀င် အစိုးရပေါ်ပေါက်ရေး အကြံပြုချက် နအဖ စစ်အုပ်စုသည် ၂၀၁၀ ခုနှစ်တွင် အတုယောင် ရွေးကောက်ပွဲဖြင့် စစ်အာဏာရှင်စနစ်ကို အသက်သွင်းရန် စနစ်တကျပြင်ဆင် လျက်ရှိ သည်။ ထို့ကြောင့် ပြည်ပရောက်ဒီမိုကရေစီအင်အားစုများကို ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကိုတိုက်ရန် ကျစ်လစ် ခိုင်မာသည့်  အဖွဲ့ စည်းတခု အမြန်ဆုံးပေါ်ရန်လိုအပ်နေပြီဖြစ်သည်။ အမျိုးသားညွန့် ပေါင်းအစိုးရအနေဖြင့် ၁၆ နှစ် တာကာလအတွင်း အောင်မြင်မှုတစုံတရာမရခဲ့သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ တို့ မှ အစိုးရတရပ်ဖွဲ့  စည်းရန် ပြင်ဆင်နေသည်ကိုတွေ့ ရပါသည်။ အန်စီဂျီ ယူဘီ NCGUB သက်သက် NCUB သက်သက်, MPU သက်သက် ဖြင့် ဖွဲ့ စည်းခြင်းသည် မည်သည့်  ထူးခြားချက်မှဖြစ်မလာပဲ ကြေညာချက်ထုတ်သည့်  အဖွဲ့  ထက်ပို၍ ထူးမလာနိင်ပါ။ ထိုကြောင့် ၂၀၁၀ ကို ပြတ်ပြတ်သားသားတိုက်နိုင်ရန်အတွက် မြန်မာပြည်ကိုချစ်သောသူတိုင်း (နယ်စပ်၊ ပြည်ပ) အားလုံး ပူးပေါင်းပါဝင်နိုင်သော အင်အားစုကြီး တခုအဖြစ် ပေါ်ထွက်လာရန် အချိန်တန် ပြီဟု ယုံကြည်ပါသည်။ NCGUB ကစီစဉ်ထားသည့်  ပြည်သူလွှတ်တော်ကိုယ်စားလှယ်(MPU) ညီလာခံကို အိုင်ရာလန်နိုင်ငံ( Ireland) ၊ ဒပ်ပလင်(Dublin ) တွင်ဇန်န၀ါရီ ၁၉ ရက်၊ ၂၀၀၉ တွင်ကျင်းပရန်စီစဉ်နေသည့် ဟုသိရပါသည်။ထိုညီလာခံမှ အန်စီဂျီယူဘီကိုလွတ်တော်ကိုယ်စားလှယ်များတချို့ နှင့်သာအစိုးရထပ်မံဖွဲစည်းလာမည်ကို ကျွှန်ုပ်တို့ စိုးရိမ်မိပါသည်။ ထို ညီလာခံသို့  ကျွန်ုပ်တို့  အကြံပြုလိုသည်မှာ ၁- ဒပ်ပလင် အစည်ဝေးမှ ဦးဆောင်နိုင် သော ခေါင်ဆောင်များကိုရွေး ချယ်ပြီး နောက် ထိုခေါင်းဆောင်များ သည် တိုင်းရင်းသားခေါင်းဆောင်များ၊ကျောင်းသားခေါင်းဆောင်များ တတ်သိပညာရှင်များ ပါဝင်သည့်  မြန်မာ့  ကွန်ကရက် (Burma Congress) ကိုခေါ်ယူ သင့်ပါသည်။ ၂- ထို ကွန်ကရက်မှ အားလုံးကိုယ်စားပြုပါဝင်သည့်  တိုက်ပွဲဝင်အစိုးရတရပ် သို့ မဟုတ် တပ်ပေါင်းစုတခုကို ဖွဲ့ စည်းရန် လိုအပ်သည်ဟု ဆန္ဒပြုလိုပါသည်။

၃- ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကိုအကြောင်းပြု ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ အစိုးရဖွဲ့  ရမည်ဆိုသည့် အတွေးအခေါ်ကို စွန့် လွှတ်ရန်တိုက်တွန်းလိုပါသည်။ လွတ်တော်ကိုယ်စားလှယ်များသက်သက်ဖြင့် အစိုးရဖွဲ့  ရမည် ဆိုသည်မှာလည်း မမှန်လှပါ။ ၄- အစိုးရအဖွဲ့ သက်တမ်း ၊ ၀န်ကြီးချုပ် သို့ မဟုတ် သမတ သက်တမ်းကို သတ်မှတ်ပေးဖို့  လိုပါသည်။ ( ရာသက်ပန် ၀န်ကြီး ချုပ်၊ ရာသက်ပန် သမတ၊ရာသက်ပန်ဝန်ကြီး လုပ်ဆောင်နေခြင်း သည် ဒီမိုကရေစီ ကျင့်စဉ်ကို လေးစားခြင်း မရှိ ရာရောက်နေပါသည်။ ) အန်စီဂျီယူဘီသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအသုံးပြု၍အစိုးရဖွဲထားသော်လည်း ပြည်သူတို့ လိုလားသည့်  ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်စွမ်းမရှိကြောင်းတွေ့ ရှိရသည်။ အစိုးရအဖွဲဝင်များသည် ၁၆ နှစ်လုံးလုံး နေရာ ယူထားခြင်းမှာလည်း အရုပ်ဆိုးလှပါသည်။ သက်တမ်းသတ်မှတ်သင့်ပါသည်။ အမေရိကန် အစိုးရသည် သမတနှင့် ဒုသမတကိုသာ ပြည်သူများက တိုက်ရိုက်ရွေးကောက်ထားခြင်းဖြစ်ပြီး အစိုးရအဖွဲ့ ဝင်များကို သမတမှ တာဝန်ယူခန့် အပ်ခြင်းဖြင့် တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာကပါအသိ အမှတ်ပြုနေသည်ကို သတိပြုသင့်ပါသည်။ ပြည်သူဆန္ဒနဲ့ အညီတိုက်ပွဲဝင် အစိုးရပေါ်ပေါက်လာပါက ကျွှန်ုပ်တို့အနေဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပံ့ပိုးပေး သွားပါမည်။ သို့ မဟုတ်ပါကနောင်ဖွဲ့ လာသောအန်စီဂျီယူဘီ တိုးချဲ့  အစိုးရသစ်ကိုလူအများကထောက်ခံမှု့ နည်း လာနိုင်ကြောင်း အကြံပြုလိုပါသည်။ Exile Burmese activist.

Related Documents

Opinion1
December 2019 2
Articulo De Opinion1
June 2020 2