Nld(la)

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Nld(la) as PDF for free.

More details

  • Words: 527
  • Pages: 4
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှား National League for Democracy (Liberated Area) Malaysia No.2 Jalan Intan 2/11 TMN Puchong Intan 47100 Puchong.Ph:03 8062 5679 Email:[email protected]

ရက်စွဲ။

။ ၂၃ ၊ အောက်တိုဘာ ၊၂၀၀၈

သို့/ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှား မှ အလုပ်အမှုဆောင်အဖွဲ့ ၀င်များနှင့် ပါတီဝင်များ အကြောင်းအရာ။

။၁၉ရက် ၊အောက်တိုဘာလ၊၂၀၀၈ ခု ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲ မိန့်၀၁၀



၀၀၈

ပါ

မှထုတ်ပြန်ခဲ့သော စာအမှတ်။ ၊၀၁၄၊

အကြောင်းအရာများမှာ

လုးံဝ(လုံးဝ)မှန်ကန်မှုမရှိခြင်းနှင့်

အခြေအမြစ်မရှိသော အကြောင်းအရာများကိုမူတည်၍ ဒီမိုကရေစီနည်းလမ်းတကျ မဟုတ်သော အစည်းအဝေးဆုံးဖြတ်ချက်များသာ ဖြစ်ကြောင်း ဖြေရှင်းတင်ပြခြင်း။ အထက်ပါအကြောင်းအရာနှင့်ပါတ်သက်၍ ဖြေရှင်းတင်ပြလိုသည်မှာ(၁) ။

။၁၉ရက် ၊ အောက်တိုဘာလ ၊၂၀၀၈ ခုနှစ်တွင် အလုပ်အမှုဆောင်(၂)ဦး ထုတ်ပယ်ခြင်း

ခေါင်းစဉ်ဖြင့် ကျွန်ုပ်တို့(၂)ဦး ( ကိုစံမြင့်သိန်း ၊ ကိုထွန်းထွန်း ) အမည်တပ်၍ ကျိုးကြောင်းဆီလျော်မှု မရှိသော စွပ်စွဲချက်များဖြင့် အလုပ်အမှုဆောင်အစည်းအဝေးကို တရားမ၀င်ခေါ်ယူကာ ဒီမိုကရေစီ နည်းလမ်းမကျသော တဖက်သတ်ဆုံးဖြတ်ချက်များ ချမှတ်ထုတ်ပြန်ခဲ့ပါသည်။ ၎င်းရက်စွဲတွင် ချမှတ်သော အစည်းအဝေးဆုံးဖြတ်ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မလေးရှား၏

ဖွဲ့ စည်းပုံအခြေခံဥပဒေ

အခန်း(၈)၊ပုဒ်မ(၅၅)၊အပိုဒ်(က)ပါ

စည်းမျဉ်း၊စည်းကမ်း၊ဥပဒေများနှင့် ညီညွတ်ခြင်းမရှိသောကြောင့် တရားဝင်ခြင်းမရှိပါ။အဘယ်ကြောင့် ဆိုသော် အထက်ပါဥပဒေတွင် (အလုပ်အမှုဆောင်အဖွဲ့၏ (၇၅%) တက်ရောက်သော အမှုဆောင် အစည်းအဝေးက

အမှုဆောင်အားလုံး၏

သဘောတူဆုံးဖြတ်ချက်ဖြင့်သာ

အမှုဆောင်တစ်ဦးအား

တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်သည်။)ဟု အတည်အလင်းဖွင့်ဆိုထားပါသည်။ထိုနေ့အစည်းအဝေးတွင် တက်ရောက်သူအမှုဆောင်များမှာ (၇၅%)မရှိပါ။ (၂) ။

။ကျွန်ုပ်တို့(၂)ဦး(ကိုစံမြင့်သိန်း၊ကိုထွန်းထွန်း)အပေါ်စွပ်စွဲချက်ဖြစ်သည့် ။ (က)အလုပ်အမှုဆောင်လုပ်ငန်းများကို မထမ်းဆောင်ခြင်း ဆိုသည်မှာ မည်သည့် လုပ်ငန်း

တာဝန်များကို

မထမ်းဆောင်ခြင်း

ဖြစ်သည်ကို

တာဝန်ရှိသူများနှင့်

၎င်းနေ့အစည်းအဝေကို

တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြသူများမှ ရှင်းလင်းစွာသိရှိကြပါသလားဟု မေးခွန်းထုတ်ချင်ပါသည်။ ကျွန်ုပ်တို့ ( ၂ ) ဦးသည် ၂၀၀၆ ခုနှစ်မှစ၍ ယခုနှစ်အောက်တိုဘာလ ၊ ( ၆ ) ရက် ၊ ၂၀၀၈ အထိ မလေးရှားရောက် ကိုယ်ကျိုးမဖက်

မြန်မာလူမျိုးများ၏ မေတ္တာသက်သက်ဖြင့်

ကျန်းမာရေးကိစ္စ ကူညီပေးခဲ့သော

အခက်အခဲအရပ်ရပ်များအပေါ်

မှတ်တမ်းများသည်

ယနေ့အချိန်အထိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲရုံးတွင်ရှိနေပါသည်။၎င်းကိစ္စ ရပ်များကို ဥက္ကဌ ကိုကျော်ကျော် ၊ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် နှင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ သူ နယ်မြေတာဝန်ခံများ သိရှိပြီးဖြစ်ပါသည်။ (ခ)EC အစည်းအဝေးမှ သတင်းပေါက်ကြားခြင်းဆိုသည်မှာလည်း မည်သည့်သတင်းကို ဆိုလိုပါသနည်း။ကျွန်ုပ်တို့(၂)ဦးသည်ယနေ့အချိန်အထိ မိမိတို့တိုင်းပြည်တိုးတက်ရေး၊ဒီမိုကရေစီရရှိရေး ၊စစ်မှန်သော တော်လှန်ရေးနှင့် ပါတီ၏ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန် အကျိုးမဲ့စေသော ပြောဆို ဆွေးနွေးမှုများမရှိခဲ့ပါ။ “ပုတ်လိုပေါ်၊ဟုတ်လို့ကျော်” သည့် ပုဂ္ဂိုလ်ရေး အစွန်းအထင်းများမှာမူ ကျွန်ုပ်တို့ နှင့် မည်ကဲ့သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ (ဂ)အလုပ်အမှုဆောင်အစည်းအဝေးကို

တာဝန်မဲ့ပျက်ကွက်ခြင်း၊ကိုယ့်အလုပ်ကိုယ်

လုပ်နေကြခြင်း ဆိုသည်မှာလည်း မှန်ကန်မှုမရှိပါ။တယ်လီဖုံးဖြင့် ဆက်သွယ် ပြောဆိုသူသည် ရုံးမှ တာဝန် ရှိသူမဟုတ်ပါ၊ထိုနေ့၌ အလုပ်အမှုဆောင် အစည်းအဝေး ရှိခြင်းကိုလည်း ကျွန်ုပ်တို့(၂)ဦးသို့ စာဖြင့်

တရားဝင်

မျိုးဆက်သစ်

အကြောင်းကြားခြင်းမရှိခဲ့ပါ။၁၉ရက်၊၁၀လ၊၂၀၀၈

မြန်မာလူငယ်များ

တွင်

နိုင်ငံရေးနိုးကြားတက်ကြွစေရန်အတွက်

ကျွန်ုပ်တို့(၂)ဦးသည်

လူငယ်များနှင့်လက်တွဲ၍

နိုင်ငံရေးလှုပ်ရှားမှု ဖေါ်ဆောင်နေခြင်းပင်ဖြစ်ပါသည်။(ပူးတွဲပါမှတ်တမ်းများကိုလေ့လာနိုင်ပါသည်) (၃) ။

။ကျွန်ုပ်တို့(၂)ဦးသည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားမှ

ဥက္ကဌ နှင့် အတွင်းရေးမှူး ဖြစ်သူတို့၏ အာဏာရှင်ဆန်သော အပြုအမူ ၊ ဆုံးဖြတ်လုပ်ဆောင်ချက် များကြောင့် ၎င်းတို့၏ဦးဆောင်မှုအပေါ် ယုံကြည်မှုနည်းပါးလာခဲ့သည်မှာ ကာလကြာမြင့်စွာကတည်းက ဖြစ်ပါသည်။၎င်းတို့၏

လုပ်ဆောင်မှုများသည်

မြန်မာပြည်ဒီမိုကရေစီရရှိရန်

မည်ကဲ့သို့မျှလှုပ်ရှား

ဖေါ်ဆောင်နိုင်စွမ်းမရှိပါ။ထို့အပြင် ၎င်းတို့၏ လူမှုရေး၊အိမ်ထောင်ရေးအရှုပ်အရှင်းများသည် ပါတီ၏ ဂုဏ်သိက္ခာ၊ရည်မှန်းချက်၊လမ်းစဉ်မူဝါဒများအပေါ်တွင် အကျိုးမဲ့မှုများကိုသာဖြစ်စေပါသည်။ သာဓကအားဖြင့်

(က)၂၀၀၇ခုနှစ်တွင်ကျင်းပခဲ့သော

NLD(LA)Malaysia

သင်္ကြန်မှရရှိခဲ့သော

အကျိုးအမြတ်များကို ငွေစာရင်းရှင်းလင်းမှုမရှိခြင်း။ (ဥက္ကဌ ကိုကျော်ကျော်မှ ၎င်းအမြတ်ငွေများကို မိမိ ကိုယ်တိုင် ထိန်းသိမ်းထားသည်ဟု ၀န်ခံပြောဆိုခဲ့ခြင်း) (ခ)၂၀၀၇ခုနှစ်တွင် ပါတီမှ လူမှုအကူအညီပေးခဲ့သော မ၀င်းဝင်းမော် ဆိုသူ (ခါရိုးကျိုးဝေဒနာရှင်)၏ကျန်းမာရေးကိစ္စတွင် ရရှိလာခဲ့သော နိုင်ငံတကာမှ အလှူငွေများကို စာရင်းရှင်း တင်ပြနိုင်မှုမရှိခဲ့ခြင်း၊လူနာစောင့်ဖြစ်သော

မ၀င်းဝင်းမော်၏ညီမ(အိမ်ထောင်ရှိ)အမျိုးသမီးဖြစ်သူ

မသက်သက်မော် နှင့် လူမှုရေးဖေါက်ပြားမှုများဖြစ်ပေါ်လာခဲ့ခြင်း၊ဥက္ကဌဖြစ်သူ ကိုကျော်ကျော် သည် မိမိတာဝန်နှင့် သက်ဆိုင်ခြင်းမရှိပဲ ထိုအမျိုးသမီးနှင့်အတူ ဆေးရုံ၌ ညအိပ်စောင့်ခြင်း၊ဆေးရုံမှဆင်းလာ ပြီးသည့် အခါတွင်လည်း ထိုညီအစ်မ(၂)ဦးနေထိုင်ရန် ရုံးမှ ငှါးရန်းပေးထားသော အိမ်၌ ညစဉ် သွားရောက်အိပ်စက်ခဲ့ခြင်း၊ထိုအချိန်မှစ၍ မသက်သက်မော်ဆိုသူနှင့် ကျူးကျူးလွန်လွန် ဖြစ်ခဲ့ကြကာ မ၀င်းဝင်းမော် ကျန်းမာရေးကောင်းမွန်လာ၍ ၂၀၀၇ ဖေဖေါ်ဝါရီလ အတွင်း မြန်မာပြည် ပြန်သွားခဲ့ သော်လည်း မသက်သက်မော်ဆိုသူမှာ ၂၉ ရက်၊ ၈ လ၊ ၂၀၀၈ ရက်နေ့တွင် NLD(LA)Malaysia ရုံးသို့

ဥက္ကဌ ကိုကျော်ကျော်မှ ပြန်လည်ခေါ်ယူခဲ့ပါသည်။၎င်းကိစ္စတွင် ဘဏ္ဍာရေးမှူး ကိုလင်းသူရ မှ လွဲ၍ မည်သည့်အမှုဆောင်ကိုမှ အသိပေးခြင်းမရှိပဲ

ပါတီရံပုံငွေများကို မသက်သက်မော် မလေးရှားသို့

လားရန်စရိတ်အဖြစ် ထုတ်ယူသုံးစွဲခဲ့ပါသည်။ ( ဥက္ကဌ ကိုကျော်ကျော်မှ ပါတီရံပုံငွေများကို ၎င်းကိုယ်ပိုင် ငွေအဖြစ်သုံးစွဲခဲ့သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။) (ဂ)နာဂစ်မုန်တိုင်း ကိစ္စတွင်လည်း အများပြည်သူမှ လှူဒါန်းထားသော အလှူငွေများကို

ဥက္ကဌ

ကိုယ်တိုင်မှ

လက်ခံထိန်းသိမ်းခဲ့ပြီး

ထိုငွေ

စာရင်းရှင်းတမ်း

များကိုယနေ့အချိန်အထိ တိတိကျကျဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။အလှူရှင်များမှ ထိုငွေစာရင်းရှင်းတမ်း ထုတ်ပြန်နိုင်ခြင်းမရှိခဲ့၍ ပါတီအပေါ်၌ လူအများယုံကြည်မှုကင်းမဲ့လာပါသည်။နာဂစ် လေမုန်တိုင်ဒါဏ်ခံ ပြည်သူများအတွက်လှူဒါန်းထားသောကယ်ဆယ်ရေးပစ္စည်းများမှာလည်းယနေ့အချိန်ထိ မြန်မာနိုင်ငံသို့ မပို့နိုင်သေးပဲ ရုံးတွင်အထင်အရှားရှိနေပါသည်။ (၄) ။

။အတွင်းရေးမှူး ကိုအောင်ကျော်ဆက် သည်လည်း ပါတီမှထုတ်ဝေသော စာစောင်များ၊

နိုင်ငံရေးစာအုပ်များ၊VCD အခွေများကို ရောင်းချ၍ ရရှိသော ငွေများကို ပါတီသို့ပြန်မအပ်ပဲ ကိုယ်ကျိုး အတွက်အလွဲသုံးစားလုပ်ကာ ကိုယ်ပိုင်စီးပွါးရေး လုပ်ငန်းသဖွယ် လုပ်ဆောင်ခဲ့ပါသည်။ အမှုဆောင် များဖြစ်သောကျွန်ုပ်တို့(၂)ဦး(ကိုစံမြင့်သိန်း၊ကိုထွန်းထွန်း)မှ အမှုဆောင်အစည်းအဝေးတစ်ခုတွင် တင်ပြ ဆွေးနွေးသောအခါ ဥက္ကဌ မှ သူကိုယ်တိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။(ထိုကိစ္စတွင် လည်း ပါတီပိုင်ငွေကြေးပစ္စည်းများကို မိဘမှပေးခဲ့သော အမွေအနှစ်သဖွယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။)ထိုကဲ့သို့တင်ပြဆွေးနွေးပြီးနောက်ပိုင်းတွင် အတွင်းရေးမှူးသည် ပါတီ၏ အကျိုးစီးပွား အတွက် စာအုပ်စာတမ်းများနှင့်VCDအခွေများကို ရောင်းချပေးခြင်းမရှိတော့ပါ။အဘယ်ကြောင့်ဆိုသော် ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် မရရှိတော့သောကြောင့်ဖြစ်ပါသည်။ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် လက်ရှိပေါင်းသင်းနေသော(မထွန်းထွန်းနွယ်ဆိုသူ) အမျိုးသမီးမှာလည်း သူမ၏အလုပ်အခက်အခဲပြဿနာများကို NLD(LA)Malaysia သို့ အကူအညီ တောင်းရာမှ ကိုအောင်ကျော်ဆက်နှင့် အနေနီးစပ်ကာပေါင်းသင်းနေထိုင်နေခြင်းဖြစ်ပါသည်။သူတို့၏ လူမှုရေးပြဿနာ

အရှုပ်အရှင်းများကိုလည်း

သူတို့ကိုယ်တိုင်

ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ယခင်

ဥက္ကဌဟောင်း ဦးလှမင်း မှ ၎င်းတို့ အပေါ် စွပ်စွဲလာသည့် စွပ်စွဲချက်များကို ၎င်းတို့ကိုယ်တိုင်မဖြေရှင်းပဲ ပါတီအပေါ် နေထိုင်သည့်

စွပ်စွဲသည့်

အရေးကြီးကိစ္စများဖြစ်သည်ဟု

အလုပ်အမှုဆောင်

အဖွဲ့ဝင်များကို

လွဲမှားသော

အတွေးအခေါ်ဖြင့်

ပါဝင်ဖြေရှင်ခိုင်းခဲ့သည်မှာ

ရုံးတွင်

ကျွန်ုပ်တို့အပါအ၀င်

အမှုဆောင်အများအပြားသိရှိပြီးဖြစ်ပါသည်။ (၅) ။

။ဥက္ကဌ ကိုကျော်ကျော်၊အတွင်းရေးမှူး ကိုအောင်ကျော်ဆက်၊ဘဏ္ဍာရေးမှူး ကိုလင်းသူရ

နှင့် နိုင်ငံခြားရေးတာဝန်ခံ စောခွန်မှိုင်း တို့သည် အမှုဆောင်များကို တိုင်ပင်ခြင်းမရှိပဲ ပါတီရံပုံငွေ မြောက်များစွာထုတ်ယူ၍ ပါမစ်နှင့်မြန်မာနိုင်ငံကူးလက်မှတ်များ ၀ယ်ယူကိုင်ဆောင်ကာ မလေးရှားနိုင်ငံ အတွင်း

တရားမ၀င်နေသူများကို

အဖမ်းအဆီးများနေသောကာလအတွင်း

အထောက်အထားမရှိ

အမှုဆောင်များနှင့် ပါတီဝင်ရဲဘော်များအပေါ် သစ္စာဖေါက်ကာ ကိုယ်လွတ်ရုန်းရန် ပြုလုပ်ခဲ့ကြကြောင်း ထင်ရှားစွာသိရှိခဲ့ကြပြီးဖြစ်ပါသည်။

၎င်းတို့ခေါင်းဆောင်မှုမှားယွင်းနေကြောင်းကို ကျွန်ုပ်တို့(၂)ဦးမှ အမှုဆောင် အစည်းအဝေး များတွင်

တရားဝင်ပြောကြားချိန်မှစ၍

ကျွန်ုပ်တို့ကို

ရန်သူများသဖွယ်

ရန်ငြိုးထားကာ

ဥက္ကဌမှ

“ကျုပ်မကြိုက်တဲ့လူကို ကျုပ် ဘယ်လို ထုတ်ခဲ့သလဲဆိုတာ ခင်ဗျားတို့သိပါတယ်”ဟုခြိမ်းခြောက်ပြောဆို ခဲ့ပါသည်။ (၆) ။

။အထက်ဖေါ်ပြပါအကြောင်းအရာများမှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

(လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲ မှ ဥက္ကဌနှင့် အတွင်းရေးမှူးဖြစ်သူတို့၏ အာဏာရှင်ဆန်ဆန် သွေးနထင်ရောက် ပြုလုပ်ခဲ့သော လုပ်ရပ်များ၏ တစိတ်တပိုင်းသာဖြစ်ပါသည်။၁၉ ရက်၊အောက်တိုဘာ ၊၂၀၀၈ တွင် ပြုလုပ်ခဲ့သော အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်ကို ပါဝင်လက်မှတ်ရေးထိုး ခဲ့သူ များသည် ၎င်းတို့၏ ဒီမိုကရေစီ နည်းလမ်းမကျသည့်လုပ်ရပ်များကို အမှန်အတိုင်း သိမြင်ကြခြင်း မရှိကြပါ။၎င်းတို့(၂)ဦးသိမ်းသွင်းစည်ရုံးခဲ့သူများနှင့် ၎င်းတို့နှင့် နီးစပ်သူများသာ ဖြစ်ကြပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့(၂)ဦး(ကိုစံမြင့်သိန်း၊ကိုထွန်းထွန်း)မှ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

(လွတ်မြောက်နယ်မြေ)မလေးရှား၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ပါတီဝင်ရဲဘော်/မေ များကို အမှန်အတိုင်းရှင်းလင်းတင်ပြ ရခြင်းဖြစ်ပါသည်။အသေးစိတ်သိရှိလိုသူ မည်သူမဆို ကျွန်ုပ်တို့(၂)ဦးထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်

အမည်

-

ကိုစံမြင့်သိန်း

အမည်

-

ကိုထွန်းထွန်း

ပါတီဝင်အမှတ်

-

01932

ပါတီဝင်အမှတ်

-

01328

ဆက်သွယ်ရန်

-

016-659-2610

ဆက်သွယ်ရန်

-

016-259-5534

မိတ္တူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဗဟို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)နိုင်ငံတကာဌာနခွဲများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှား၊နယ်မြေတာဝန်ခံများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှား၊အဖွဲ့ဝင်များ

Related Documents

Press Release Nldla
May 2020 0