Nld And Possible Scenarios

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Nld And Possible Scenarios as PDF for free.

More details

  • Words: 1,557
  • Pages: 6
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခ့မဲူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပုဒ်မ ၂၂/၁၀၉ ဖြင့် နအဖက တရားစွဲဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများကြောင့် လူထု အတွင်း နိုင်ငံရေးနိုးကြားမှု အရှိန်အဟုန်တစ်ခု ပေါ်ပေါက်လာနေတာကို ယနေ့မြင်တွေ့နေရပါတယ်။ အချိန်တည်းမှာ လည်း တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖရဲ့ အတွင်းသရုပ်သဏ္ဍာန် ဘယ်လိုရှိတယ် ဆိုတာ ပိုမိုပေါ်လွင်လာနေတာကိုလည်း တနေ့တခြား တွေ့မြင်နေရပါတယ်။ ဒီအချက်ဟာ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် နအဖက ဘယ်လိုတုန့်ပြန်မှာလည်းဆိုတာ စောင့်ကြည့်နေသူများအတွက် အဖြေ ရှာတွေ့နိုင်ပြီ ဖြစ်သလို NLD ကလည်း ဘယ်လိုများ ဆက်လျှောက်လမှ်းမှာလဲဆိုတာ တွေးကြည့်မိပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိတဲ့ နအဖ တွေ့ဆုံဆွေးနွေးပွဲသာ အောင်အောင်မြင်မြင် ဖြစ်ခ့ရဲ င် အရေးမပါဖြစ်သွားမယ့်၊ အချက်တွေကို ရှေ့တန်းတင်ပြီး ဒေါ်စုနဲ့

ဆွေးနွေးဖို့အတွက်

Precondition

တွေလုပ်ထားတဲ့

ဗိုလ်သန်းရွှေ၊

နိုင်ငံတကာဖိအားကို

ရှောင်ဖို့

ဆက်ဆံရေး ၀န်ကြီးတစ်ယောက် သရုပ်ပြ ခန့်ပြထားပေးမယ့် ရလဒ်မထွက်နိုင်အောင် ဖန်တီးထားတဲ့ အခြေအနေ တွေအပြင် ဒေါ်စုကိုပါ အကျဉ်းချလိုက်တယ်၊ အကျယ်ချုပ်ထပ်တိုးတယ်ဆိုရင်တော့ နအဖရဲ့ တွေ့ဆုံဆွေးနွေးရန် ဆန္ဒမရှိကြောင်းနဲ့ သူဖြစ်ချင်သလို ဆက်လုပ်တော့မယ် ဆိုတာကို အထင်အရှားပြလိုက်တာပဲ ဖြစ်ပါတယ်။ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပါအ၀င် အစဉ်တစိုက် တောင်းဆိုနေခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက် များ၊ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများကို မျက်နှာလွဲခဲပစ် လုပ်ပြလိုက် တာပဲ ဖြစ်ပါတယ်။ ယခင်ကလည်း လုပ်ခ့တဲ ယ်၊ ယခုလည်းလုပ်တယ်၊ နောင်လည်း လုပ်ဦးမှာ ဆိုတ့သဲ ဘောလည်း သက်ရောက်နေပါတယ်။ ဖိအားများအောက်က NLD လူထုက မေးမယ့် မေးခွန်းတစ်ခုက ‘’ဒေါ်စုကိုလည်း နအဖက အကျဉ်းချလိုက်ပြီ၊ ရွှေဂုံတိုင်ကြေညာစာတမ်းကိုလည်း နအဖက ထေမဲ့မြင်ပြုလိုက်ပြီ၊ NLD က ဘယ်လို တုန့်ပြန်ဆောင်ရွက်မှာလဲ’’ ဆိုတဲ့ မေးခွန်းပါ။ ဒီအချိန်မှာ သတိပြု ရမှာက မြန်မာဒီမိုကရေစီတိုက်ပွဲ ဆယ်စုနှစ် နှစ်စုကျော် ကြာမြင့်လာမှုအပေါ် အားမလိုအားမရ ဖြစ်နေသူ ဒီမိုကရေစီ လိုလားသူ လူထုရဲ့ ဖိအားတွေ NLD အပေါ် ပိုမို ကျရောက်လာမည့် အရေးပဲ ဖြစ်ပါတယ်။ လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့လိုတယ်၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ ရခဲ့တဲ့ မဲတွေက စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နိုင်ဖို့ လူထုက ပြတ်ပြတ်သားသား ပေးခဲ့တဲ့ Mandate ဖြစ်တယ်၊ NLD ရဲ့ ဦးဆောင်မှု မပြတ်သား လို့၊ အရည်အသွေးနိမ့်လို့ နအဖဟာ မြန်မာနိုင်ငံရေးဇာတ်ခုံအပေါ်မှာ ဒါရိုက်တာ၊ ၀တ္တုရေးသူ၊ ဇာတ်ညွန်းဆရာ၊ ကိုယ်တိုင်သရုပ်ဆောင်အပြင် ထုတ်လုပ်သူအဖြစ်ပါ နေရာတွေ ရယူထားနိုင်ခ့တဲ ယ်၊ အစရှိတဲ့ ဝေဖန်မှု များဟာ ပြည်တွင်း/ပြည်ပ၊ ပါတီတွင်း/ပါတီပြင်ပ နေရာများမှာ ထွက်ပေါ်နေခဲ့တာ အချိန်တစ်ခု ရှိနေပါပြီ။ ဒေါ်စုကိုသာ အပြစ်ဒဏ် ပေးပြီးသွားရင် ဒီဝေဖန်မှုတွေနဲ့အတူ NLD အပေါ် ဖိအားတွေ ပိုမိုပေါ်ထွက်လာမှာ သေချာပေါက် ဖြစ်ပါ တယ်။ တဖက်ကလည်း ပါတီဆက်လက် ရပ်တည် နေနိုင်ရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေး ဖြစ်တယ်ဆိုတဲ့ အတွေးခေါ်နဲ့အတူ ဒီပဲရင်း အရေးအခင်းလို အဖြစ်အပျက်ကို ရင်ဆိုင်ခ့ရဲ စဉ်မှာပင် တပြည်လုံးက ပါတီဝင်များရဲ့ ပေါက်ကွဲတော့မယ့်ဆန္ဒကို ပါတီတွင်းမှာပဲ နည်းလမ်း အမျိုးမျိုးနဲ့ ထိန်းသိမ်းဆောင်ရက်ွခ့တဲ့ဲ ဖြစ်စဉ်များလည်း ရှိခ့ပဲါ တယ်။ အဓိက ဆောင်ရွက်မှုများအဖြစ် နအဖရဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ပြုမှုဆောင်ရွက်မှုအမျိုးမျိုး အတွက် ထုတ်ပြန်ခ့တဲ့ဲ အသီးသီးသော ကြေညာချက်၊ တောင်းဆိုချက်၊ စာစောင်၊ စာတမ်းများကို လေ့လာတွေ့ရှိ ရပါတယ်။

-1-

၂၀၀၇ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာလည်း ပါတီအနေနဲ့ ကြေညာချက်၊ တောင်းဆိုချက်တွေ ထုတ်ပြန်ခ့တဲာ တွေ့ရ ပါတယ်။ နအဖ ဘက်ကို ကြည့်ရင် ယခင်နှစ်များက ဆောင်ရွက်ခ့တဲ့ အဲ တိုင်း ဒေါ်စုကို အကျယ်ချုပ် သက်တမ်းတိုးနိုင်တဲ့ နည်း လမ်း ရှိပြီးဖြစ်နေပေမယ့် ဒီနည်းကို မသုံးတော့ပဲ ယခုလို တရားစွဲတာသည် တမင် ပွဲဆူအောင်လုပ်ခြင်းလား၊ ရည်ရွယ် ချက်ရှိရှိနဲ့ ပွဲဆူအောင်လုပ်တာဆိုရင် NLD အပေါ် လူထုဖိအားများများ ရောက်လာတာကို နအဖက မြင်တွေ့ချင် နေတာလား၊ ဒီလိုဆိုရင် NLD အပေါ် ဖိအားများလာတာဟာ သူ့အတွက် အကျိုးရှိနိုင်လို့လား၊ အကျိုးရှိ စေမယ် ဆိုရင် ဘယ်လိုအကျိုးရလဒ်ကို သူမျှော်မှန်းတာလည်း စသဖြင့် ထပ်မံ သုံးသပ်စရာများလည်း ရှိလာပါတယ်။ NLD ရှေ့ဆက်ရမယ့်ခရီး ဘယ်လို

အကြောင်းကြောင့်ပဲဖြစ်စေ

ယနေ့ဖြစ်ရပ်ဟာ

NLD

အပေါ်

ဖိအားတွေ

ရောက်လာစေခဲ့ပါပြီ။

ဒီအခြေအနေဟာ ရှေ့လာမည့် နိုင်ငံရေး အခင်းအကျင်းအတွက် မလွဲမသွေ ထည့်သငွ်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် ဖိအားများနဲ့ NLD ရဲ့ ယခင်ဆောင်ရွက်ခ့တဲ့ဲ အစဉ်အလာများအပေါ် အခြေခံလို့ မဝေးတော့တဲ့ အနာဂတ်ကာလမှာ NLD ဖြတ်သန်းရမယ့် အခင်းအကျင်းတစ်ခုကို အောက်ပါအတိုင်း Flowchart တစ်ခု ချဆွဲမိပါတယ်။ ဖြစ်နိုင်ဖွယ်ရှိတဲ့ NLD ရဲ့တုန့်ပြန်မှုအသီးသီးနဲ့ ဒီတုန့်ပြန်မှုအသီးသီးကြောင့် မြင်တွေ့ရဖွယ် ရှိတဲ့ ဖြစ်ရပ်များကို Flowchart မှာ တွေ့နိုင်ပါတယ်။ ဖြစ်ရပ်အသီးသီးကို တွေးတောဆင်ခြင်ကြည့်ကြရအောင်။

ဖြစ်ရပ် (၁) အပြန်အလှန် ထိန်းကြောင်းမှုစနစ်တွေနဲ့ ပြည့်စုံကောင်းမွန်လှတဲ့ အနာဂတ် နိုင်ငံ တော်ဖွဲ့စည်းပုံ ဥပဒေနဲ့အတူ နိုင်ငံဖံွ့ ဖြိုး တိုးတက်ရေး အတွက် အားလုံးပူးပေါင်း ပါဝင်

ဆောင်ရွက်ခွင့်ရကြမယ့်

အလမ်းတစ်ခု၊

လမ်းစတစ်ခု၊

အခွင့် တနည်း

အားဖြင့် ဖြစ်ရပ်(၁) ဆိုတဲ့ မြင်ကွင်းတစ်ခု ကို တွေ့မြင်ရဖို့ လမ်းစ မရှိတော့ပါဘူး။ ဖြစ်ရပ် (၂) NLD ပါတီရဲ့ ဦးဆောင်မှုမပါပဲ ပါတီဝင် အချို့ရဲ့

ဆန္ဒအလျောက်

လှုပ်ရှားမှု

ပုံစံနဲ့ လူထုကိုပါလှုံဆော်ရင်း ရွှေဂုံတိုင် ကြေညာစာတမ်းပါ

ရည်ရယ်ွချက်များကို

ရယူပိုင်ဆိုင်နိုင်ရေးအတွက်

တွန်းတွန်း

တိုက်တိုက် ဆောင်ရွက်လာမယ့် နိုင်ငံရေး လှုပ်ရှားမှုများနဲ့ သူ့ရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ Campaign နည်းလမ်း အမျိုးမျိုးမှသည် လမ်းမပေါ်ထွက် ဆန္ဒပြ ဖိအားပေး တောင်းဆိုမှုပုံသဏ္ဍာန်အထိ ဖြစ်လာနိုင်တဲ့ တုန့်ပြန်မှု ဖြစ်ပါတယ်။ လွန်ခ့တဲ့ဲ အနှစ် (၂၀) ကာလအတွင်း မကြာခဏ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ NLD နဲ့ နအဖ တို့အကြား အလျော်အစား ဘာတွေ ရှိနိုင်သလဲ၊ တွေးကြည့်ရအောင်။ NLD အတွက် အရှုံးနဲ့ အမြတ် ။



သေချာတာက

ပါဝင်ဆောင်ရွက်ကြတဲ့

ပါတီဝင်တွေအပြင်

ဦးဆောင်မှု

ကောင်းသူ၊ နအဖအတွက် အန္တရာယ်လို့ သတ်မှတ်ထားသူများ၊ လူထုကို စည်းရုံးလှုံဆော်နိုင်စွမ်း ရှိသူများ အားလုံး

-2-

ထောင်ထဲ ရောက်ကြပါလိမ့်မယ်။ လှုပ်ရှားမှုကလည်း ယခင်က ဆောင်ရွက်ခ့တဲ့ဲ အတိုင်းအတာလောက်သာ ရှိမယ်ဆို ရင် သူတို့ ရည်ရွယ်ချက်များ မအောင်မြင်နိုင်ပါဘူး၊ နအဖကို ထိရောက်တ့ဖဲိအား ပေးနိုင်မှာမဟုတ်ပါဘူး။ ပါတီက လည်း ရေမြွေသာသာ အပြင်မှာ ကျန်ခ့ပဲါလိမ့်မယ်။ ဒါပေမယ့် ယနေ့ လူထုရဲ့ နိုင်ငံရေး ပြန်လည်နိုးကြားလာမှုကို တော့ အတိုင်းအတာ တစ်ခုအထိ ဆက်လက်ထိန်းသိမ်းထားနိုင်ပါ့မယ်။ NLD ပါတီဝင်များရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်း အားထုတ်မှုများကို လူထုက အတိုင်းအတာ တစ်ခုအထိ အသိအမှတ် ပြုနေပါဦးမယ်။ နအဖအတွက် အရှုံးနဲ့ အမြတ် ။

။ ယခုလက်ရှိ ရင်ဆိုင်နေရတဲ့ ဖိအားထက် ပိုတ့ဖဲိအားမျိုး ရင်ဆိုင်ရဖို့ အခြေ

အနေ မရှိပါ။ လက်ရှိခြေလှမ်းများအတိုင်း ရှေ့ဆက်လှမ်းနေမှာ ဖြစ်ပါတယ်။ နအဖအတွက် ရေမြွေသာသာ NLD ရှိနေခြင်းက NLD ကို ဖျက်သိမ်းပစ်လိုက်လို့ ရင်ဆိုင်ရမယ့် ဖိအားကို ရှောင်နိုင်တ့အဲ ပြင် နိုင်ငံရေးဇာတ်ခုံကိုလည်း ယခုအတိုင်း စိတ်တိုင်းကျ ဆက်လက် ချယ်လှယ်ခွင့်၊ ဦးဆောင်ခွင့်၊ ရနေဦးမှာ ဖြစ်ပါတယ်။ ဇာတ်ပေါင်းရင် NLD အရှုံးများပြီး နအဖ အမြတ်ထွက်တဲ့ အခြေအနေပါ။ ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကို ပြန်လည်သတိရဖို့လိုပါတယ်။ ကျနော်တို့ပေးလိုက်ရတာက မင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ ကျောင်းသား ခေါင်းဆောင် များ၊ လူငယ်မျိုးဆက်သစ်များ၊ သံဃာ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်နဲ့ ပါတီဝင်မဟုတ်သူ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ပါတယ်။ ရလိုက်တာက အချိန်ဆွဲနေတဲ့ အမျိုးသားညီလာခံ အဆုံးသတ်သွားခြင်း၊ ရည်ရွယ်ချက် ရှိရှိနဲ့ ဖျောက်ထားတဲ့ လမ်းပြမြေပုံ အချိန်ဇယားမှာ ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ သတ်မှတ်ပေးရခြင်း၊ နိုင်ငံတကာရဲ့ တိုးမြင့်လာတဲ့ ဖိအားနဲ့ ထင်ရှားလာတဲ့ နအဖရဲ့ အတွင်းသရုပ်မှန်တို့ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဆန္ဒခံယူပွဲကာလနဲ့ ယနေ့အချိန်တွေမှာ အထက်က ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်တွေ မပါဝင် နိုင်တော့တဲ့ အခြေအနေကို ကြည့်ရင် ကျနော်တို့ ပေးဆပ်ခ့ရဲ တဲ့ အတိုင်းအတာ ဘယ်လောက်များတယ် ဆိုတာ စာဖတ်သူများ တွက်ကြည့် နိုင်ပါတယ်။ ဒီ့အတွက်ကြောင့် NLD ဟာ ဖြစ်ရပ်(၂) အခြေအနေကို ရှောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ တနည်းအားဖြင့်လည်း ယနေ့ ဒေါ်စုကို တရားစွဲကာ ပွဲဆူအောင်ဖန်တီးနေတဲ့ နအဖဟာ ဒီအခြေအနေကို ရချင်လို့ ဆောင်ရွက်နေတာလို့ မြင်မိပါတယ်။ ဒီအပြင် ဖြစ်ရပ်(၂)ဟာ အဲဒီနေရာမှာ ရပ်တည့်သွားမှာ မဟုတ်ပါဘူး။ အင်အားများ ထပ်မံချိနှဲ့သွားရပြန် တဲ့ NLD ဟာ တက်မစုံ ရွက်မစုံနဲ့ ဖြစ်ရပ် (၄) (၅) (၆) တစ်ခုခုကို ရင်ဆိုင်ဖြတ်သန်းရဦးမှာပါ။ အဆက်အစပ် ရှိနေစေဖို့ ဖြစ်ရပ် (၃)ကို ကျော်ပြီး ဖြစ်ရပ် (၄) (၅) (၆)ကို ဆက်လက်တင်ပြပါမယ်။ ဖြစ်ရပ် (၄) ၂၀၁၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ထွက်လာမယ့် အချိန်အထိ စောင့်ဆိုင်းရင်း ကြေညာချက်၊ တောင်းဆိုချက် အသီးသီး ထုတ်ပြန်ကောင်း ထုတ်ပြန်နေနိုင်ပါတယ်။ ဥပဒေထွက်လာပြီးတဲ့ တစ်နေ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များ မရရှိသည့်အတွက် ရွေးကောက်ပွဲ မ၀င်တော့ကြောင်း ဆုံးဖြတ်ချက် ပါ။ NLD အတွက် အရှုံးအမြတ် ။

။ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေများကို

ပယ်ဖျက်လိုက်သည်လို့ ကြေညာရင်း ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို နအဖက ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ ရွေးကောက်ပွဲမ၀င်ရင် ပါတီအဖြစ် ရပ်တည်နေလို့ မရအောင် ဥပဒေကို ရေးဆွဲထားမယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါ။ ဒါဆိုရင် NLD ရဲ့အနေအထားသည် မြေပေါ်မှာလည်းမရှိ၊ မြေအောက်မှာလည်းမရှိ၊ ဘေးပရောဂမပါ၊ မိမိဆန္ဒအရ ဖျက်သိမ်းလိုက်ရသလို ဖြစ်ပါလိမ့်မယ်။ နအဖရဲ့ လမ်းပြမြေပုံ အဆင့်(၆)လွှတ်တော်

ခေါ်ယူခြင်းနဲ့

အဆင့်(၇)

အစိုးရဖွဲ့စည်းခြင်းများ

ပြီးသွားရင်

၁၉၉၀ရလဒ်သည်လည်း

အိပ်မက်ပမာ ကျန်ရစ်ခ့ပဲါလိမ့်မယ်။ ၁၉၉၀ လူထုရဲ့ Mandate အရ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း မိသားစုနဲ့ ရှင်ကွ/ဲ သေကွဲ ကွဲကြရသူအပေါင်းနဲ့ သူတို့မိသားစုတွေ ရင်ဆိုင်ခြဲ့ ကရတဲ့ ဒုက္ခအပေါင်းကို လှောင်ပြောင်ရာ ရောက်မယ့် အပြင် အစကတည်းက မဖွဲ့ပါနဲ့လား၊ တို့ တခြားပါတီကို မဲပေးခဲ့မှာပေါ့လို့ လူထုက ပြောကြပါလိမ့်မယ်။ လုံးဝ

-3-

(လုံးဝ) မဖြစ်သင့်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ အကယ်လို့များ နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေသစ်မှာ ရွေးကောက်ပွဲ မ၀င်သော်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်သည် ဆိုရင်တော့ နအဖကို ထိုင်ကန်တော့သင့်ပါတယ်။ နအဖအတွက် အရှုံးအမြတ် ။

။ နအဖ သတင်းထုတ်ပြန်ရေးအဖွဲ့က သူတို့အသုံးအတိုင်း ‘’NLD သည်

မိမိဆန္ဒအလျောက် မပါဝင်ခြင်း ဖြစ်ပါကြောင်း’’ ‘’ဥပဒေအရ ပါတီအဖြစ်မှ ပျက်ပျယ်သွားခြင်း ဖြစ်ပါကြောင်း’’ ဒူးနှံ့ကာ ပြောကြ ပါလိမ့်မယ်။ NLD ကို ဗဟိုပြုလို့ နိုင်ငံတကာရဲ့ ဖိအားပေးတောင်းဆိုမှုတွေ ဆက်လက်ရင်ဆိုင်စရာ နအဖမှာ မရှိတော့ပါဘူး။ ဇာတ်ပေါင်းရင်တော့ ဒီဖြစ်ရပ် (၄)ဟာ ဗိုလ်သန်းရွှေ အတောင်းတဆုံးနဲ့ ညတိုင်းမက်တဲ့ ရွှေအိပ်မက် ဖြစ်ပါတယ်။ တနည်းအားဖြင့် နအဖအတွက် အားမထုတ်ပဲ ရလိုက်တဲ့ ဘောနပ်စ် ကောင်းကောင်း ဖြစ်ပါလိမ့်မယ်။ ဖြစ်ရပ် (၅) ၂၀၁၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ထွက်လာပါပြီ။ ဖြစ်ရပ်(၄)လို အဖြစ်မျိုးကို လည်း ရှောင်ရှားချင်တယ်။ အမတ်နေရာအားလုံးမှာ ၀င်အရွေးခံပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဥပဒေကြီးကို ထောက်ခံ လိုက်သလို ဖြစ်မယ့် ဖြစ်ရပ်မျိုးကိုလည်း ရှောင်ရှားချင်တယ်၊ ပါတီရဲ့ ဆက်လက် ရှင်သန်ရပ်တည်ရေးအတွက် မတတ်သာလို့ ၀င်ပြိုင်ရတာပါ ဆိုတဲ့ သတင်းစကားကိုလည်း လူထုကို ချပြချင်တ့အဲ တွက် ဥပဒေသစ်အရ နိုင်ငံရေး ပါတီတစ်ခု အနေနဲ့ အနည်းဆုံး ပါဝင်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ် အရေအတွက်ကိုပဲ ၀င်ပြိုင်ရတဲ့ ဖြစ်ရပ်ပေါ့။ NLD အတွက် အရှုံးအမြတ် ။

။ နိုင်ငံရေးပါတီတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေနိုင်တဲ့ အချက်ကလွဲလို့

ကျန်တာ အရှုံးလို့ ဆိုနိုင်ပါတယ်။ ပထမဆုံး ၁၉၉၀ရလဒ် ဆုံးရှုံးပါမယ်။ နောက်ဆက်တွဲအဖြစ် နိုင်ငံတကာရဲ့ ၁၉၉၀ ရလဒ်အပေါ် ထောက်ခံ ရပ်တည်မှုများကို စွန့်လွှတ်ရပါမယ်။ ဒုတိယအနေနဲ့ ပေါ်ပေါက်လာမယ့် လွှတ်တော် အထဲ မှာ အနည်းစု အမတ်အရေအတွက်နဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက် ပြသနိုင်စရာ လမ်းစ မတွေ့မိပါဘူး။ ဒါဟာ နိုင်ငံရေးအရ သေဆုံးခြင်းပါပဲ။ အမျိုးသားညီလာခံမှာလည်း ဒီမိုကရေစီနည်းလမ်းမကျလို့ ရေးဆွဲမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုအတွက် အကျိုးရှိဖွယ် မမြင်ဆိုပြီး ကန့်ကွက်ခ့တဲ ယ်၊ ၂၀၀၈ လူထု ဆန္ဒခံယူပွဲမှာလည်း ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြဖို့ ဆော်သြခဲ့တယ်၊ အဲဒီနေ့ အဲဒီအချိန်မှာ တော့ အဲဒီဖွဲ့စည်းပုံထဲမှာပဲ ဘာမှလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်မပေးနိုင်တဲ့ ရှင်နေသော်လည်း သေနေရတဲ့ နိုင်ငံရေးပါတီတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ နအဖအတွက် အရှုံးအမြတ် ။

။ ဖြစ်ရပ်(၄)က ဗိုလ်သန်းရွှေရဲ့ ညတိုင်းမက်တဲ့ ရွှေအိပ်မက်ဖြစ်ရင် ဒီဖြစ်ရပ်(၅)

ဟာ တစ်ညခြားတစ်ခါ မက်နေတဲ့ ငွေအိပ်မက်ပဲ ဖြစ်ပါလိမ့်မယ်။ ပထမဆုံးက ၁၉၉၀ အိပ်မက်ဆိုးကြီး ထပ်မက်စရာ မရှိတော့ပါဘူး။ ၁၉၉၀ရလဒ်ကို အခြေခံတဲ့ ပြည်ပအတိုက်အခံများနဲ့ ပြည်ပက ဖိအားများလည်း ပပျောက်သွားပါ လိမ့်မယ်။ ဒီအပြင် အနာဂတ် လွှတ်တော်ထဲမှာလည်း အဓိကအတိုက်အခံဆိုတာ မရှိနိုင်တော့ပါဘူး။ စိတ်တိုင်းကျ ဆက်လက်ချယ်လှယ်လို့ ရပြီ ဖြစ်ပါတယ်။ ဇာတ်ပေါင်းရရင် နအဖအတွက် နဲနဲအားထုတ်ရုံနဲ့ များများရလိုက်တဲ့ ဘောနပ်စ် ကောင်းကောင်း တစ်ခုပါပဲ။ ဖြစ်ရပ် (၆) ၂၀၁၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေလည်း ပေါ်ထွက်လာပြီ။ ဖြစ်ရပ်(၄)နဲ့ (၅)ရဲ့ အခြေအနေမျိုးကိုလည်း ရှောင်ရှားချင်နေတယ်။ ဒါကြောင့် အမတ်နေရာအားလုံးမှာ ၀င်အရွေးခံပြီး ၂၀၁၀အလွနမှ်ာ လည်း ဒီမိုကရေစီအရေးကို လွှတ်တော်အတွင်းက ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့ တုန့်ပြန်မှုပါ။ NLD အတွက် အရှုံးအမြတ် ။

။ ပထမဆုံးရင်ဆိုင်ရမှာက ဖြစ်ရပ်(၅)မှာ တင်ပြခဲ့သလို ၁၉၉၀ရလဒ် စွန့်လွှတ်ရ

ပါလိမ့်မယ်။ လူထုက မေးလာနိုင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒီလိုမျိုးသာ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် အမျိုးသား ညီလာခံက ဘာလို့ထွက်လာသေးသလဲ ဆိုတဲ့ မေးခွန်းပါ။ ပြောင်းလဲခ့တဲ့ဲ ရပ်တည်ချက်အတွက် ပြိုင်ဘက်ပါတီများရဲ့ ထိုးနှက် တိုက်ခိုက်ခြင်းများနဲ့အတူ နအဖ ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးဒဏ်ကို ဖြစ်ရပ်(၅)မှာထက် ပိုမိုခံစားရမှာ သေချာပါ

-4-

တယ်။ ရွေးကောက်ပွဲ ကျင်းပပေးသူရဲ့ ကြားနေမှုသည် ၁၉၉၀ခုနှစ် အနေအထားနဲ့ လုံးဝ မတူနိုင်တော့သလို ၁၉၉၀ ခုနှစ်က မရှိသေးတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်တို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် စွက်ဖက်ကြဦးမယ့် အချက်ကို ထည့်စဉ်းစားမယ် ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲကလို အောင်မြင်မှုမျိုး ပြန်ရဖို့ ခဲယဉ်းလှ ပါတယ်။ NLD အနေနဲ့ ဖြစ်ရပ် (၆)ကို ရွေးချယ်မယ်ဆိုရင် ခံစစ်လုံဖို့၊ ညီညွတ်ဖို့ အထူးလိုပါမယ်၊ အထူးသဖြင့် အင်ပြည့်အားပြည့် ဖြစ်နေစေ ဖို့အတွက် ဖြစ်ရပ် (၂)လို အခြေအနေမျိုး ကြုံတွေ့ခဲ့ရခြင်းမှ လုံးဝရှောင်ရှားသင့်ပါတယ်။ အရေးအကြီးဆုံးက မီဒီယာအား ကောင်းကောင်းနဲ့ မိမိရဲ့ ရွေးချယ်မှုကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ လူထုထံ တင်ပြနိုင်ဖို့ အထူး လိုအပ်ပါလိမ့်မယ်။ ဖြစ်ရပ် (၅)နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေးအရ အရှုံးတွေ့နိုင်ခြေ ပိုမို ရှိနေပေမယ့် လွှတ်တော်မှာတော့ ရပ်တည်ချက်တစ်ခုကို ချပြနိုင်တဲ့ အင်အားတစ်ခု ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဘာမှလှုပ်လို့မရအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံမှာ လူထုမြင်ချင်တဲ့ အချက်တွေကို ဖန်တီးပေးဖို့ မလွယ်လှပါ။ နအဖအတွက် အရှုံးအမြတ် ။

။ ဖြစ်ရပ်(၅)အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခုပဲ ကွာနိုင်ပါတယ်။ နအဖရဲ့

စိတ်ဓါတ်စစ်ဆင်ရေး လုပ်ငန်းတွေ ဖြစ်ရပ်(၅)မှာထက် ပိုအလုပ်များ ပါလိမ့်မယ်။ NLD ကို ပုတ်ခတ် တိုက်ခိုက်မယ့် ပြိုင်ဖက် နိုင်ငံရေးသမားများကို မီးထိုးပေးတဲ့အလုပ် ပိုလုပ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း တပည့်တွေက NLD ကို ဖြစ်ရပ် (၂) ကြုံတွေ့ပြီးမှ ဖြစ်ရပ်(၆)ကို ဖြတ်ကျော်စေဖို့ ဖန်တီးလိုကြတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ပြောပြော တပည့်တွေ အလုပ်ပိုပေမယ့် ဗိုလ်သန်းရွှေ အတွက်တော့ ငွေအိပ်မက် လက်တွေ့ဖြစ်လာခြင်းပါ။ ဖြစ်ရပ် (၃) ပါတီတစ်ခုလုံး ညီညီညွတ်ညွတ်နဲ့ လူထုကိုပါလှုံဆော်ရင်း ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များ ရယူ ပိုင်ဆိုင်နိုင်ဖို့ ဖိအားပေး အရှိန်တင်လာတဲ့ လှုပ်ရှားမှု၊ NLD ပေါက်စ ထောင်အနှစ် (၁၀၀) ကြွေးကြော်ရင်းနဲ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်ကြမယ့် လှုပ်ရှားမှုပါ။ Campaign နည်းလမ်းအမျိုးမျိုး ကနေ လမ်းမပေါ်ထွက် ဆန္ဒပြ ဖိအားပေး တောင်းဆိုမှု ပုံသဏ္ဍာန်အထိ ဖြစ်လာနိုင်တဲ့ တုန့်ပြန်မှုပါ။ NLD အတွက် အရှုံးအမြတ် ။

။ အရှုံးကြီးသလို အမြတ်ကြမ်းနိုင်ပါတယ်။ NLD ရှိသမျှ အင်အားကုန် ထောင်ထဲ

ရောက်ပါ့မယ်။ မတရားသင်းအဖြစ် ကြေညာခံရနိုင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကို မယိမ်းမယိုင် ကြံကြံခံ ရပ်တည်သွားတဲ့ နိုင်ငံရေးပါတီအဖြစ် သတ်မှတ်ခံရ ပါလိမ့်မယ်။ ယခင်က ပါတီရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည် လျော့နေသူများပင် လေးစားသမှု ပြုလာရနိုင်ပါတယ်။ ဖြစ်ရပ် (၄)ကို အသေထွက် ထွက်သွားရတာလို့ ခိုင်းနှိုင်းရရင် ယခုဖြစ်ရပ်ဟာ အရှင်ထက်ွလို့ ပြောရပါလိမ့်မယ်။ ပါတီဝင်အားလုံး ထောင်ထဲရောက်လို့ ပါတီလုပ်ငန်း ရပ်သွားသလို ရှိပေမယ့် ပါတီဟာ ရှင်သန်ဆဲပင် ဖြစ်ပါတယ်။ ထောင်ကထွက်တ့ေဲ န့ NLD ပြန်လည် ရှင်သန် ထမြောက်တ့ေဲ န့ ဖြစ်ပါလိမ့်မယ်။ ဒီနိုင်ငံရေးအမြတ်ဟာ ၂၀၁၀လွန်ကာလများကို လွှမ်းမိုးနိုင်စွမ်း ရှိပါလိမ့်မယ်။ အရေး အကြီးဆုံးက အကျိုး ရှိရှိ လုပ်ပြီးမှ နအဖရဲ့ အစားခံဖို့ ဖြစ်ပါတယ်။ ဒီ့အတွက် Game plan ကောင်းကောင်းတော့ လိုပါလိမ့်မယ်။ ရွှေဝါရောင် အရေးအခင်းရဲ့ ဖိအားက နအဖရဲ့ လမ်းပြမြေပုံမှာ အချိန်ဇယားတွေ ပေါ်ပေါက်လာစေ ခဲ့ပါတယ်။ ဒီဖိအားကတော့ NLD လိုလား တောင်းတတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်များအတွက် ထိရောက် တဲ့ ဖိအား ဖြစ်လာစေမှာပါ။ နအဖအတွက် အရှုံးအမြတ် ။

။ NLD ပါတီတစ်ခုလုံး ထောင်ထဲ ထည့်လိုက်လို့၊ NLD ကို မတရားသင်း

ကြေညာလိုက်လို့ နအဖအတွက် ခလုပ်ကန်သင်းရှင်းပြီး အမြတ်ထွက်ပြီလို့ မြင်လိုရှိနိုင်ပေမယ့် အပေါ်ယံမှာသာ ဖြစ်ပါလိမ့်မယ်။ လက်တွေ့မှာ အရှုံးဖြစ်ပါ။ ပထမဆုံးက ရွှေဝါရောင်အရေးအခင်း၊ နာဂစ်နဲ့ ဒေါ်စုကို တရားစွဲဆိုခ့လဲို့ ယနေ့ နအဖ ရင်ဆိုင်နေရတဲ့ ပြည်တွင်း/ပြည်ပ ဖိအားများ အပေါ်မှာ ထပ်ဆင့်တိုးလာတဲ့ ဖိအားများ ခံစားရမှာ ဖြစ်ပါတယ်။ သူတို့ မြေမြှုပ်လိုက်ချင်တဲ့ ၁၉၉၀ရလဒ်ဟာ လေထဲမှာ အလံလွင့်နေသလို ဖြစ်လာစေမယ့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲရဲ့ တရားဝင်မှုအခြေအနေဟာလည်း NLD နဲ့အတူ ထောင်ထဲပါသွားမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကလည်း နိုင်ငံတကာကို ဂတိပေးထားပြီးဖြစ်လို့ NLD တစ်ပါတီလုံး ထောင်ချ ထားပြီး လုပ်ရမယ့် ရွေးကောက်ပွဲကို စာဖတ်သူများ မြင်ယောင် ကြည့်စေချင်ပါတယ်။ နအဖ မြင်တွေ့လိုခြင်း မရှိတဲ့

-5-

ဖြစ်ရပ်လို့ ထင်မြင်မိပါတယ်။ NLD ကို ချစ်လို့မဟုတ်ပါ။ သူ့တို့အတွက် အရှုံးများလို့ပါ။ အမြတ်များမယ်ဆိုရင် အရင်ကတည်းက လုပ်ခ့တဲာ ကြာပါပြီ။ ဖြစ်ရပ်များ စုစည်းသုံးသပ်ခြင်း အထက်ပါ ဖြစ်ရပ် ၆ ခုကို ပြန်တွေးကြည့်ရအောင် ဖြစ်ရပ် (၁)

ယခုအခြေအနေအတိုင်းဆိုလျှင် မြင်တွေ့စရာ လမ်းစ မရှိပါ။

ဖြစ်ရပ် (၂)

ဒီမိုကရေစီရေး လိုလားသူများအတွက်၊ NLD အတွက် အမြတ်ထက် အရှုံးများပါသည်။ ထင်သာ မြင်သာတဲ့ ရလဒ်တစ်ခု ပေးနိုင်တဲ့ အခြေအနေ မရှိပါ။ နအဖအတွက်တော့ အမြတ်ပိုထက်ွပါသည်။ NLD အနေဖြင့် ဖြစ်ရပ်(၆)ကို မျှော်မှန်း၊ ပြင်ဆင် မယ်ဆိုရင်ဖြင့် ယခုဖြစ်ရပ်(၂)ကို လုံးဝရှောင်ရှားရမယ့် အခြေအနေ တစ်ခုပါ။

ဖြစ်ရပ် (၃)

NLD အတွက် အရှုံးလည်းကြီး၊ အမြတ်လည်း ကြီးနိုင်ပါသည်။ အထူးသဖြင့် နိုင်ငံရေး အမြတ်ကြီးပါမည်။ နိုင်ငံရေး ဦးဆောင်မှုအခြေအနေကို ၂၀၁၀ကာလလွန်ချိန် အထိ သယ်ဆောင်သွားနိုင်ပါသည်။ နအဖအတွက် အမြတ်နည်းပြီး အရှုံးများတဲ့ ဖြစ်ရပ်ပါ။ ဖြစ်ရပ် (၃) အလွန် ထိရောက်လျှင်ဖြင့်၊ ပြည်တွင်း/ပြည်ပအားများ ထပ်မံပေါင်းစပ်နိုင်ပါက အရွေ့သည် ဖြစ်ရပ်(၁)ကို ဦးတည်ပါလိမ့်မည်။ သို့သော် ညီညွတ်မှုမရှိ၊ စုစည်းမှု ပျက်ပျယ်သွားလျှင်ဖြင့် ဖြစ်ရပ် (၂) အသွင်ဆောင်သွားပါလိမ့်မည်။ ၁၉၉၀-၉၁ ကာလကို ပြန်လည် သတိရစရာပါ။

ဖြစ်ရပ် (၄)

နိုင်ငံရေး အသေထွက် ဖြစ်ပါလိမ့်မည်။ လုံးဝ မဖြစ်သင့်သည့် ဖြစ်ရပ်တစ်ခုပါ။ ဗိုလ် သန်းရွှေ၏ ရွှေအိပ်မက်ဖြစ်ပါသည်။

ဖြစ်ရပ် (၅)

ရှင်လျက်နှင့်

သေနေရသည့်

နိုင်ငံရေးအဖွဲ့အစည်းတစ်ခုသာ

ဖြစ်ပါလိမ့်မည်။

ဗိုလ်

သန်းရွှေ၏ ငွေအိပ်မက် ဖြစ်ပါသည်။ ဖြစ်ရပ် (၆)

ဖြစ်ရပ်(၅)နှင့် အလားတူဖြစ်ပါလိမ့်မည်။ အနည်းငယ်ကွာသည်မှာ လွှတ်တော်တွင် အသံ တစ်ခုတော့ ရှိနိုင်ပါလိမ့်မည်။

တစ်ကွက်ကျော ယခုဆောင်းပါးဟာ လက်ရှိမြင်တွေ့ ကြားသိရတဲ့ အခြေအနေများအပေါ် အခြေခံလို့ Brain storming လုပ်ထားခြင်း ဖြစ်ပါတယ်။ ဦးနှောက်များများပါလေ ဖြစ်ရပ်နဲ့ ဖြစ်စဉ်လေးတွေ ပိုမိုပီပြင်လာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခြေ အနေတွေကို လက်တွေ့ရင်ဆိုင်နေရသူ၊ သတင်းတွေကို လက်လှမ်းမီနေသူ၊ နအဖရဲ့ စစ်ဖက်၊ နယ်ဖက်၊ ထောက် လှမ်းရေးအဖွဲ့များနဲ့ NLD မှာ တာဝန်ယူခ့သဲူများ ပါဝင် ဆောင်ရွက်ကြမယ်ဆိုရင် လက်တွေ့ဖြစ်နိုင်ခြေနဲ့ အလွန့်ကို နီးစပ်တဲ့ ဖြစ်ရပ်များကို ကြိုတင်ဖန်တီး တွေးဆနိုင်ပါတယ်။ ဒီတွေ့ရှိချက်များကို အခြေခံပြီး Scenario planning များ ကောင်းကောင်းလုပ်ကာ မြန်မာဒီမိုကရေစီအရေးမှာ နအဖထက် တစ်ကွက်မက ကျောအောင် ကစားနိုင်ဖို့ လိုနေပါပြီ။ အထူးသဖြင့် ဖြစ်စဉ် (၃)မှာ လူထုအား ပါလာခဲ့လျှင်၊ စစ်တပ်အစိတ်အပိုင်းအချို့က နားလည်သဘောပေါက်လာခဲ့ လျှင် အပြောင်းအလဲကို မျှော်မှန်းနိုင်ပါသည်။ NLD က မိမိ အစီအစဉ်ကို လူထုထံ ချပြနိုင်လျှင်ဖြင့် လူထုတွင် ခေါင်းဆောင်မ့ေဲ နသည့် အတွေးနဲ့ ခံစားမှုမျိုး ပပျောက်သွားစေနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောခဲ့သလို မဟ္တမဂန္ဒီနည်းလမ်း၊ အကြမ်းမဖက် နည်းလမ်း သည် လှို့ဝှက်ရန်အကြောင်းမရှိ လူထုအားကိုအခြေခံပြီး ဖွင့်တိုက်ရန်ပင် ဖြစ်ပါသည်။ ၂၀၁၀ မတိုင်မီကာလမှာလည်း မိမိရပ်တည်ချက်အတွက်

အကောင်းဆုံးဆောင်ရွက်ခြဲ့ ပီး

၂၀၁၀

ကာလအလွန်မှာလည်း

နိုင်ငံရေးရပ်တည်ချက်

မယိုင်မလဲပဲ ပါတီ ကောင်းစွာလှုပ်ရှားရပ်တည်နိုင်စေမည့် နည်းလမ်းများကိုလည်း ရှာတွေ့နိုင်ပါသေးသည်။ မောင်ရွှေ ၂၀၀၉ခုနှစ်၊ မေလ (၁၉)ရက်၊ အင်္ဂါနေ့

-6-


Related Documents

Scenarios
June 2020 16
Nld
October 2019 21
Nld
October 2019 24
Nld
December 2019 13
Nld
December 2019 15