Neda

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Neda as PDF for free.

More details

  • Words: 227
  • Pages: 3
နီဒါသေဆုံးမှုနှင့်အတူ အီရန်အစိုးရအား နိုင်ငံတကာမှရှုတ်ချမှုများ ပြင်းထန်လာ

အီရန်တွင် ဆန္ဒပြသူများအား အစိုးရဩဇာခံ လက်နက်ကိုင် တပ်ဖွဲ့များက အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ နီဒါဆိုလ်တာနီဆိုသော အမျိုးသမီးငယ်တစ်ဦး သေနတ်ထိမှန် သေဆုံးပြီးနောက်

အခြေအနေများ ပိုမိုရှုပ်ထွေး ဆိုးရွားလာခဲ့သည်။ နီဒါသည် အမာဒီနီဂျက် အစိုးရအား ဆန့်ကျင်ဆန္ဒပြသူ တစ်ဦးဖြစ်ပြီး တီဟီရန်မြို့တော်တွင် ဇွန်လ(၂၀)ရက်နေ့က ဖခင်နှင့်အတူ လှည့်လည်ဆန္ဒပြစဉ် အီရန်ရဲများက ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့သည်။

(နီဒါအား သေနတ်ထိမှန်၍ သေဆုံးခဲ့ရပုံအဆင့်ဆင်)့

အသက်(၂၇)နှစ်ရှိ နီဒါအား ပစ်ခတ်သူသည် လက်ဖြောင့်Sniper သမား တစ်ဦးဖြစ်ပြီး သူမသည် ရင်ဘတ်တွင် ထိမှန်သော သေနတ်ဒဏ်ရာကြောင့် ဝေဒနာကို အပြင်းအထန် ခံစားရင်း လမ်းမပေါ်တွင်ပင် ကွယ်လွန်ခဲ့ရှာသည်။ သူမ၏ နောက်ဆုံးထွက်သက်ကြောင့် ပင်ပန်းနာကျင်စွာ ရုန်းကန်နေရပုံကို

အနီးအနားမှ ဆန္ဒပြသူများက မိုဘိုင်းလ်ဖုန်းနှင့် မှတ်တမ်းတင်ကာ YouTube၊ Twitterနှင့် Facebook စသော ၀က်ဘ်ဆိုက်များမှ ဖြန့်ဝေခဲ့ကြပြီးနောက် အီရန်အရေးကို ကမ္ဘာက အာရုံစိုက်မှု ပိုမိုကြီးမားလာခဲ့သည်။

(နီဒါအား သေနတ်ထိမှန်၍ သေဆုံးခဲ့ရပုံအဆင့်ဆင်)့

နီဒါ၏ပုံကို တွေ့မြင်ခဲ့ရပြီးနောက် အီရန်ရှိ ဒီမိုကရေစီရေး ဆန္ဒပြသူများက အလွန်ဒေါသထွက်ခဲ့ကြသလို ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း အီရန်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။ နီဒါသေဆုံးပြီးနောက် တီဟီရန်တွင် သူမ၏ ရုပ်အလောင်းပုံ ပိုစတာများကို ကိုင်ဆောင်ကာ လူပေါင်းများစွာ လမ်းမများတွင် ဆန္ဒပြကြသည်။ နီဒါဆိုသော စကားလုံးမှာ

ဖာရစီဘာသာဖြင့် အသံဟု အဓိပ္ပါယ်ရသဖြင့် သူမ၏အမည်ကို ဟစ်ကြွေးကာ ဒီမိုကရေစီရရှိလိုခြင်းသည် ၎င်းတို့၏ အသံပင်ဖြစ်ကြောင်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။

(နီဒါသေဆုံးခြင်း အထိမ်းအမှတ် ဆန္ဒပြနေသူများ

နီဒါ၏ ရုပ်အလောင်းကို မြှုပ်နှံထားသည့် နေရာတွင်လည်း အီရန်ပြည်သူ အများအပြားက ပန်းစည်းများ

သွားချထားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရုပ်မြင်သံကြား သတင်းဌာနများကလည်း နှာခေါင်းနှင့် ပါးစပ်မှ သွေးများစီးကျလာပြီး ငြိမ်သက်သွားသည့် နီဒါ၏ ပုံရိပ်ကို ထုတ်လွှင့်ပြသကြပြီးနောက် အမာဒီနီဂျက်အား မုန်းတီးစက်ဆုပ်မှုမှာ တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့ကူးစက် သွားခဲ့သည်။ အီရန်တွင် အစိုးရဘက်မှ

ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဆန္ဒပြသူဦးရေ (၂၀)ခန့် ရှိနေပြီဖြစ်သော်လည်း နီဒါ၏ ဖြစ်ရပ်မှာ

အထင်ရှားဆုံး ပြယုဂ်အဖြစ် ပေါ်ထွန်းလာခဲ့သည်။ ယခုအခါ တီဟီရန်ရှိ အစိုးရ အဆောက်အအုံများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရပြီး ဒေါသတကြီး အုံကြွလာမည့် ပြည်သူများး၏ တုန့်ပြန်မှုကို သတိထား စောင့်ကြည့်နေရသည်။

(ဆန္ဒပြသူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ထိပ်တိုက်တွေ့နေကြစဉ်)

တီဟီရန်တွင် အစိုးရတပ်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြမှုအချို့ ရပ်ဆိုင်းသွားသော်လည်း

နေ့စဉ်လမ်းမများပေါ်သို့ လူသိန်းဂဏန်းနီးပါး ထွက်လာပြီး ဆန္ဒပြနေကြဆဲဖြစ်သည်။ နီဒါ၏ ဓာတ်ပုံကို ကိုင်ဆောင်ပြီး ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ကာ လူစုခွဲရန်

ကြိုးစားနေဆဲဖြစ်သလို နေရာအနှံ့အပြားတွင် ကမ္ဘာပျက်သကဲ့သို့ ရှိနေကြောင်း မျက်မြင်များကဆိုသည်။ Facebook ၀က်ဘ်ဆိုက်တွင် Group ဖွဲ့ထားသူတစ်စုက “နီဒါအား အီရန်၏ နတ်မိမယ်”ဟု တင်စားညွှန်းဆို ဂုဏ်ပြုခဲ့ကြသည်။ အီရန်အစိုးရမှာ ပြည်တွင်းရှိ ဖုန်းနှင့် အင်တာနက် ကွန်ယက်များကို

နှောင့်ယှက်တားဆီးမှုများ ပြုလုပ်နေသည့်တိုင် နီဒါနှင့်ပတ်သတ်သော အကြောင်းအရာများမှာ

အင်တာနက်ပေါ်သို့ ပြန့်နှံ့ရောက်ရှိနေဆဲဖြစ်သည်။ Siemens ကုမ္ပဏီက ဖင်လန်အခြေစိုက် Nokia သည် အီရန်အစိုးရအား ဖုန်းနှင့် အင်တာနက် ပိတ်ဆို့မှုအတွက် နည်းပညာများ ကူညီနေကြောင်း အတည်ပြု ပြောဆိုထားသည်။ အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမူ လက်ရှိဖြစ်ပေါ်နေသော

အခြေအနေများကို မည်သည့်နည်းနှင့်မဆို ဖြေရှင်းသွားရန် နှောင့်နှေးနေမည်မဟုတ်ဟု ဆန္ဒပြသူများအား ခြိမ်းခြောက်ြ ရာဇသံပေးထားသည်။

Related Documents

Neda
May 2020 3
Neda
November 2019 3