အသိပေး ကြေငြာခြင်း။ မြန်မာပြည်သူလူထုတရပ်လုံးမှ ယုံကြည်အားကိုးသည့်/တကမ္ဘာလံုး မှ လေးစားချစ်ခင်ကြရသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မတရား ပုဒ်မတပ် ဖမ်းဆီးထောင်ချမည့် အစီအစဉ်များအားလုံးအား ချက်ခြင်း ရပ်ဆိုင်းပြီး ချွင်းချက် မရှိအမြန်ဆုံးပြန်လွှတ်ပေးရန် လူထုတရပ်လုံးကိုယ်စား ကျွန်ုပ်တို့ လူထတု ရပ်လုးံ အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ သန်းရွှေနှင့်စစ်အာဏာရှင် တစုအား တောင်းဆိုသည်။ နအဖစစ်အာဏာရှင်တစုသည်မိမိအခွင့်အရေးကိုငြိမ်းချမ်းစွာတောင်းဆိုပိုင်ခွင့်ရှိ သည့်နိုင်ငံသား/လူထုလူတန်းစားပေါင်းစုံတို့အား ထောင်တွင်းအကျဉ်းချခြင်း၊လူမဆန်စွာ ညှင်းပမ်းနှိပ်စက်နေခြင်း၊မြို့ပေါ်တွင် ကျောင်းတက်နေသော ကျောင်းသား/သူ များအား တောထဲမောင်းထုတ်နေခြင်းများ၏ အဓိက တရားခံမှာ နအဖ စစ်အာဏာရှင်တစုသာဖြစ် သည်။ထို့ကြောင့် ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ဆိုးကျိုး အားလုံး၏ တရားခံမှာ နအဖ ဖြစ် သကဲသ့ို နအဖ ရဲ့ တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။ “ မည်သည့် စစ်အာဏာရှင်မှ လူထကို မအုပ်ချုပ်စေရ “