Moving Forward

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Moving Forward as PDF for free.

More details

  • Words: 1,262
  • Pages: 12
1

ပန်းတိုင်ရှိရာ ရှေ့သို့လှမ်းတက်ခြင်း (ကိုယ်ကျိုးမဖက်ပဲ ဒီမိုကရေစီပြောင်းလဲမှုကိုမြင်လိုကြသော ညီအကိုမောင်နှမအားလုံး စဉ်းစားမိကြစေရန်တင်ပြခြင်းဖြစ်ပါတယ်။) ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေဖြစ်လာတဲ့အခါတိုင်း၊ ကျွန်တော်တို့နိုင်ငံထဲကလူထုရဲ့တစိတ်တပိုင်းဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တိုင်းတပါး မှာမတရားလုပ်ခံရတာကို မြင်ရကြားရတဲ့အခါတိုင်း၊ ကျွန်တော်တို့စိတ်ထဲမှာဒေါသတွေပေါက် ကွဲကြတယ်။ ခံပြင်းချက်တွေဖြစ်ကြရပါတယ်။ ကိုယ့်နိုင်ငံနဲ့ကိုယ့်အမျိုးသားအားလုံးကိုချစ်တဲ့ သူအားလုံးလည်း ဒီလိုပဲခံစားချက်တွေဖြစ်ကြလိမ့်မှာ အမှန်ပါပဲ။ နိုင်ငံထဲမှာဘယ်လောက်အ ခြေအနေဆိုးနေနေ၊ လူထုတွေဘယ်လောက်ဖိနှိပ်မှုကိုခံစားနေရနေရ ဒါတွေကို သစ္စာမဲ့မဲ့လျှစ် လျှူရှုပြီး ကိုယ့်ထင်ပေါ်မှု၊ အခွင့်အရေးရမှု၊ ကိုယ်ကျိုးစီးပွါးတို့အတွက် လူထုကိုကယ်တင်မယ် အမည်ခံပြီး လုပ်စားဖေါက်ပြန်နေကြတဲ့ခေါင်းဆောင်ဆိုသူတွေနဲ့ သူတို့ရဲ့အရိုးအရင်းကိုက်ရ ရင်ပြီးရော သခင်ထိဓါးကြည့်လုပ်နေကြတဲ့ဖေါ်လန်ဖါးဖေါက်ပြန်ရေးတွေအကြောင်းကို နားမ ဆန့်အောင်ကြားရတော့လည်း ဘာမှလုပ်လို့မရတော့ပါဘူးဆိုပြီး စိတ်ပျက်တာခံစားမိကြမှာ ပါ။ ဒီလူတွေတကယ်အခွင့်အရေး၊ ကြော်ကြားမှုနဲ့ကိုယ်ကျိုးစီးပွါးတွေအတွက်ပဲ ဒီလိုမျိုး လှုပ် ရှားမှုကိုဖျက်လိုဖျက်စီးလုပ်နေတာလား၊ ဒါမှမဟုတ်အသားထဲကလောက်ထွက်ပြီးရန်သူ့လက် ပါးစေတွေအနေနဲ့ လှုပ်ရှားမှုကြီးအားနည်းပျက်စီးအောင် အကြံအစည်ရှိရှိနဲ့လုပ်နေတာလား ဆိုတာကတော့ သေသေချာချာလေ့လာသုံးသပ်စရာလိုတ့ကဲိစ္စပါ။ ပြည်တွင်းမှာကလဲလုပ်ဘို့ ရာ အထောက်အပံ့မဲ့ - ဘာလို့ဆိုတော့ ပြည်တွင်းအတွက်ထောက်ပံ့မှုတွေကို ပြည်ပကလုပ် စားပွဲစားတွေက အမျိုးစုံဖေါက်လွဲဖေါက်ပြန်သုံးစွဲနေလို့။ ရန်သူကလဲအထဲကလှုပ်ရှားနေတဲ့ သူတွေသတင်းတွေနဲ့လှုပ်ရှားမှုသတင်းတွေကို အတိအကျသတင်းရနေ - ရန်ငါစည်းမပြတ်ပဲ အခုအချိန်အထိ ရန်သူနဲ့တိုးတိုးတိတ်တိတ်ကော၊ ပြောင်ကောလက်ဝါးချင်းရိုက်လုပ်နေသူ တွေရှိနေကြလို့။ ကျွန်တော်တို့ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကြီးဟာ ဖရိုဖရဲဖြစ်နေရတာကို ကြည့်ပြီး မညာတန်းဝန်ခံကြရရင် စိတ်ဓါတ်ကျကြရပါတယ်။ မြန်မာနိုင်ငံထဲက စစ်အာဏာ ရှင်စံနစ်ကို ပြောင်းလဲမှုလုပ်မယ်စဉ်းစားကြတဲ့ ကျွန်တော်တို့တတွေအားလုံးဟာ ဒီဘက်မှာ ဒီလိုဖေါက်လွဲဖေါက်ပြန်ဖြစ်နေတာရော အကွဲကွဲအပြားပြားနဲ့ဖရိုဖရဲဖြစ်နေတာတွေကောကို ဘာကြောင့်မပြောင်းလဲနိုင်ကြရတာပါလဲ။ ဒါတွေကိုမပြောင်းလဲ၊ မဖယ်ရှားနိုင်ပဲ ကျွန်တော် တို့အားလုံးမြင်ချင်ကြတဲ့ဒီမိုကရေစီပြောင်းလဲမှုကို မြင်ရမှာမဟုတ်တာလဲ အားလုံးသိနေကြ တာပါပဲ။ ဒါပေမဲ့အခုအချိန်အထိကျွန်တော်တို့ပြောင်းလဲမှုမဖေါ်ဆောင်နိုင်ခ့ေဲ သးပါဘူး။ ကျွန်တော်တို့အားလုံးညံ့နေကြလို့များလား၊ ဒါမှမဟုတ်ရန်သူနဲ့သူ့လက်ပါးစေတွေက တော်

2 နေကြလွန်းလို့များလား။ ကျွန်တော်တို့ခေတ်ကြမှညံ့ကြရမှာလားဆိုတာကတော့ မခံချင်စရာ ပါပဲ။ အခြေခံက မှန်မှန်ကန်ကန်လုပ်လိုတ့လဲုပ်တ့အဲ င်အားစုတွေအတွင်းမှာ စစ်မှန်တ့ညဲီညွတ်ရေး မရှိနေသေးလို့ပဲ ဖေါက်ပြန်ရေးသမားတွေ၊ ရန်သူ့လက်ပါးစေတွေလုပ်ချင်တိုင်းလုပ်နေလို့ရ နေတာပါ။ ညီညွတ်ရေးရှိလာကြရင်သူတို့ဒီလိုလုပ်ခွင့်တွေနဲပြီးဘေးရောက်ကုန်မှာကိုလဲသိ တဲ့အတွက်ညီညွတ်ရေးဆိုတာကို သူတို့ကစကားအဖြစ်သာပြောပြီး မဖြစ်အောင်အမျိုးမျိုးက ပျက်ကယလုပ်နေကြတာပါ။ ဘာကြောင့်ကျွန်တော်တို့အားလုံးက နိုင်ငံပြောင်းလဲရေးအ တွက် အခရာကျတဲ့ညီညွတ်ရေးကို သူတို့တွေဘယ်လောက်ပဲဖျက်မြင်းလုပ်နေလုပ်နေ မတည် ဆောက်နိုင်ရမှာလဲ။ တခုရှိတာက တည်တံ့တဲ့ညီညွတ်ရေးတည်ဆောက်ဘို့လိုပါ တယ်။ ခဏတပ်ပေါင်းစုဖွဲ့လိုက်၊ ခဏကြာအားလုံးမေ့ထားလိုက်နဲ့ကတော့ ကျွန်တော်တို့ အားလုံးဟာ နအဖအလိုကျလိုက်ကစားပေးနေတဲ့ ရုပ်သေးရုပ်လေးတွေပဲဆက်ဖြစ်နေကြမှာ ပါ။ နောက်တခုကအခုအချိန်အထိမှစုစုစည်းစည်းနဲ့ညီညီညွတ်ညွတ်မှမလုပ်တတ်ကြသေး ရင် ကျွန်တော်တို့အားလုံးတကွဲတပြားနဲ့ လုပ်နေကြတဲ့အလုပ်တွေဟာ ဖျက်မြင်းတွေကထိုး ကြွေးလိုက်၊ သမင်မွေးရင်းကျားစားလိုက်ဖြစ်ရင်း အရာရောက်သင့်သလောက်အရာရောက် ကျမှမဟုတ်ပါဘူး။ ဒါကိုလဲကျွန်တော်တို့အားလုံးသိထားနေကြတာပါပဲ။ ကျွန်တော်တို့အား လုံးတကယ်နိုင်ငံပြောင်းလဲရေးအတွက်ထိထိရောက်ရောက်အင်အားစုတရပ်ဖြစ်အောင်၊ ပြည် တွင်းလှုပ်ရှားမှုတွေကိုတကယ်ပံ့ပိုးပေးနိုင်တဲ့လှေကားထစ်တခုဖြစ်အောင် လုပ်ကြဘို့လိုပါပြီ။ နောက်ပြီးနေရာတကာမှာရောက်နေတဲ့ မှန်ကန်တ့လဲူတွေ၊ မှန်ကန်တ့အဲ င်အားစုတွေအားလုံး ကိုတစုတစည်းတည်းဖြစ်အောင်စုစည်းဘို့လိုပါပြီ။ အဲ့ဒီလိုမစုစည်းရင် ထင်းချောင်းတွေဘယ် လောက်များများ တကွဲစီဖြစ်နေတဲ့အတွက်ချိုးလို့ရတဲ့ဥပမာလိုပဲဖြစ်နေမှာပါ။ ညီညွတ်ခြင်း၏အင်အား အမေရိကမှာ ဂျူးလော်ဘီဟာအင်အားအရမ်းကြီးပြီး သြဇာအရှိန်အ၀ါအလွန်ကြီးပါတယ်။ ငွေ ကြေးအင်အားရှိတ့စဲီးပွါးရေးအင်အားစုတွေများလို့ချည်းသက်သက်မဟုတ်ပဲ အမေရိကန်မှာရှိ တဲ့ဂျူးအင်အားစုကိုတစုတစည်းတည်းဖြစ်နေအောင်စုစည်းထားနိုင်လို့ဖြစ်ပါတယ်။ အမေရိ ကန်မှာကော၊ အခြားနိုင်ငံတွေမှာကော ကျွန်တော်တို့မြန်မာအင်အားစုတွေ ကိုယ်ကလိုက်မခ ရရဘဲ နိုင်ငံရေးသမားတွေကလာတွေ့ဆုံနေရတာမျိုးဖြစ်နေလောက်အောင် ဘယ်လောက်အ ရေးပါပါတည်ဆောက်နိုင်ထားပြီလဲဆိုတာ အားလုံးသိပါတယ်။ နိုင်ငံရေးလော်ဘီလုပ်နေတဲ့ အုပ်စုတွေရှိနေပေမဲ့ ဒီအုပ်စုတွေက အခြေခံကိုယ့်လူမျိုးတွေကိုစုစည်းတဲ့အားမရှိတာကြောင့် ကိုယ်ကပဲလိုက်ပြီးချဉ်းကပ်နေရတာမျိုးပါ။ လော်ဘီကိစ္စတခုတည်းအတွက်ပြောနေတာမ ဟုတ်ပါဘူး။ ဒါကိုဥပမာတခုအနေနဲ့သာပြောတာပါ။ တကယ်ကကျွန်တော်တို့အားလုံးတ

3 ကယ်စည်းလုံးညီညွတ်ကြရင် ဘယ်နိုင်ငံကမှငွေရေးကြေးရေးအထောက်အကူရယူစရာမလိုပဲ မြန်မာနိုင်ငံပြောင်းလဲမှုဖြစ်အောင်ဖန်တီးကြလို့ရပါတယ်။ ကျွန်တော်တို့အားလုံးမှာ ကိုယ့်ကို ကိုယ်ရှင်းရှင်းလင်းလင်းခံယူထားကြသင့်တာက ကျွန်တော်တို့အပြင်ကအင်အားတွေဟာ ပြည်တွင်းကလှုပ်ရှားမှုတွေကို ခေါင်းဆောင်ဘို့မဟုတ်ပဲ၊ အတွင်းကလုပ်တာကို ပံ့ပိုး၊ ပုခုန်း ထမ်းပေးဘို့ဆိုတာပါပဲ။ ဂျူးလော်ဘီဟာဘယ်လောက်အင်အားကြီးကြီး၊ ဘယ်လောက်ပဲ ပြင်ပနိုင်ငံရေးမှာအရေးပါပါ၊ သူတို့ဟာအစ္စရေးနိုင်ငံရဲ့နိုင်ငံရေးမှာ ခေါင်းဆောင်တွေမဟုတ်ပဲ အစ္စရေးနိုင်ငံရဲ့လှုပ်ရှားမှုကို အထောက်အကူပြုဘို့ ရပ်တည်တာပဲဖြစ်နေတာကြောင့် ပိုပြီးအ လုပ်ဖြစ်တာတွေ့ရမှာပါ။ ကျွန်တော့်ပုဂ္ဂလိကအမြင်အရ အစ္စရေးနိုင်ငံက ပါလက်စတိုင်းတွေ ကိုဖိနှိပ်ချုပ်ချယ်ဘိုကျနေတာကို လုံးလုံးမကြိုက်ပါဘူး။ ဒါပေမဲ့ သူတို့နိုင်ငံရပ်တည်ရေးအ တွက် ပြင်ဆင်လှုပ်ရှားတဲ့ပုံစံတွေမှာသင်ခန်းစာယူစရာတွေရှိတယ်လို့မြင်ပါတယ်။ ကျွန်တော် တို့လဲ ကိုယ့်ကိုကိုယ်ပြတ်ပြတ်သားသားနဲ့ ပြည်တွင်းလှုပ်ရှားမှုတွေမှာခေါင်းဆောင်ဖြစ်ဘို့ မဟုတ်ပဲ ပြည်တွင်းလှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ပံ့ပိုးပေးဘို့နဲ့၊ ပုခုန်းထမ်းမြှင့်တင်ပေးဘို့ ယုံ ကြည်ကြရင် ကျွန်တော်တို့ရပ်တည်ချက်က ကောင်းမွန်ပြီးထိရောက်တ့ရဲ ပ်တည်ချက်ဖြစ်လာ မှာပါ။ ဒီအပေါ်မှာအခြေခံပြီး ညီညွတ်ရေးကိုလဲ တည်ဆောက်ကြလို့ရပါတယ်။ ကျွန်တော် တို့အားလုံး အလုပ်ခွဲခြားလုပ်ကိုင်မှုအကြောင်းနဲ့ ကိုယ်ပါဝင်နိုင်တ့ေဲ နရာကနေ ထိထိရောက် ရောက်ပါဝင်ကြဘို့ အသိရှိနေကြဘို့လဲလိုပါတယ်။ ဥပမာအမေရိကန်တို့၊ ဥရောပတို့မှာနေ ပြီး ပြည်တွင်းမြေအောက်လှုပ်ရှားမှုအတွက် ငွေကြေးအထောက်အကူထိမ်းသိမ်းပေးရေးလုပ် လို့ရမှာမဟုတ်ဘူးဆိုတာကို သိဘို့လိုပါတယ်။ ဒီလိုလုပ်ဘို့ဆိုရင် ဒီလုပ်ငန်းတွေလုပ်နိုင်တဲ့ နေရာတွေဖြစ်တ့ထဲိုင်းနယ်စပ်မြို့မှာ အထိုင်ချလုပ်မှရမှာပါ။ အဝေးရောက်တော်လှန်ရေးလုပ် လို့မရပါဘူး။ တခုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်သင့်တာက ကျွန်တော်တို့ဟာ အထဲ မှာတကယ်လုပ်နေတဲ့သူတွေကို ထောက်ပ့ကူံညီရေး ယန္တရားအဖြစ်ထက်ပိုပြီး ခေါင်းဆောင်မှု အဖြစ်ရပ်တည်နေချင်လို့ဖြစ်မှာမဟုတ်ပါဘူးဆိုတာပါပဲ။ ပြည်တွင်းကပြောင်းလဲမှုအတွက် တ ကယ်လုပ်ကြရမဲ့သူတွေက ပြည်တွင်းကလူတွေဖြစ်တ့အဲ တွက် သူတို့ဘာသာလုပ်ကြတာကို ကျွန်တော်တို့အပြင်အင်အားစုက ဘေးက၀ိုင်းဝန်းပံ့ပိုးပေးဘို့နဲ့ဝိုင်းရံဘို့ပဲလုပ်ကြရမှာပါ။ ဒါ မှလဲအထဲကအင်အားကသူတို့လုပ်စရာရှိတာကို သူတို့ဘာသာဆုံးဖြတ်ပြီးလုပ်နိုင်ကြပါလိမ့် မယ်။ အပြင်ကကျွန်တော်တို့လုပ်ပေးနိုင်မှာတွေက နည်းပညာရှာဖွေဖြန့်ဖြူးပေးဘို့ရယ်၊ အ တွင်းကလိုမ့အဲ ထောက်အပံ့တွေရှာဖွေပေးနိုင်ဘို့ရယ်နဲ့၊ အတွင်းလုပ်ရပ်ကိုအထောက်အပံ့ ဖြစ်စေမဲ့ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတွေဖေါ်ပေးဘို့ရယ်တွေပဲဖြစ်ပါတယ်။ ပြတ်ပြတ်သား သားသိသင့်တာက ကျွန်တော်တို့ဟာအထဲကို ဟိုဟာလုပ်၊ ဒီဟာလုပ်အဝေးကခိုင်းနေတဲ့ အ ဝေးရောက်ခေါင်းဆောင်တွေ အဖြစ်ရပ်တည်ဘို့မဟုတ်ဘူးဆိုတာပါပဲ။ ဒီလိုကွဲကွဲပြားပြားသိ တာနဲ့ ကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်စုစည်းလုပ်ကြဘို့ပိုလွယ်ပါလိမ့်မယ်။ သမိုင်း ကသူ့ဘာသာသူမှတ်တမ်းတင်ပါလိမ့်မယ်။ ကျွန်တော်တို့က သမိုင်းမှာပါချင်လွန်းလို့အတင်း လိုက်ရေးနေကြစရာမလိုပါဘူး။

4

ညီညွတ်မှုဘယ်လိုတည်ဆောက်ကြရင်ကောင်းမလဲ ဘယ်လိုစပြီးညီညွတ်မှုတည်ဆောက်ကြမလဲ။ နေရာအနှန့်မှာ မှန်မှန်ကန်ကန် ဒီမိုကရေစီလို လားတဲ့အင်အားတွေရှိနေကြပါတယ်။ နေရာတိုင်းက တကယ်မှန်မှန်ကန်ကန်ရပ်တည်ပါဝင် ချင်တဲ့သူတွေကနေစပြီး သူ့ပတ်ဝန်းကျင်က ရနိုင်သမျှအင်အားတွေကို ဆွေးနွေးစုစည်းတာ လုပ်ကြရင် တဖြည်းဖြည်းနဲ့အင်အားစုကြီးတခုဖြစ်လာမှာပါ။ အရေးကြီးတာတခုက အရင်တ ချိန်လုံးမှားခဲ့ကြတဲ့အမှားမျိုးပြန်မဖြစ်အောင်ထိမ်းသိမ်းရေးပါ။ အရင်က အပြင်ကလူတွေကို ငွေလိုတ့အဲ ချိန်ငွေထည့်ဘို့ပဲ သတ်မှတ်ခဲ့ပြီး သူတို့ရဲ့အမြင်တွေ၊ အတွေးအခေါ်တွေ၊ အကြံ ဥာဏ်တွေကို အလေးထားတာမရှိခ့ပဲါဘူး။ ဒီလိုလုပ်ခြဲ့ ကတော့ ဒီဆက်ဆံရေးဟာရေရှည်ခံတဲ့ ဆက်ဆံရေးဘယ်တော့မှဖြစ်မလာနိုင်တာ အားလုံးသိပါတယ်။ ဒီလိုလုပ်ခြဲ့ ကတော့ သူတို့က အဖွဲ့အစည်းနဲ့မဆိုင်တော့ပဲဘေးကအလှူပေးရတဲ့သူလိုသက်သက်ဖြစ်လာပြီးကင်းကွာမှုတွေ ဖြစ်ခ့တဲ ယ်။ ဒီလိုမဖြစ်ပဲ ဒီအဖွဲ့အစည်းဟာ သူတို့အားလုံးနှင့်ဆိုင်သောအဖွဲ့အစည်းဆိုတဲ့ စိတ်ဓါတ်ဖြစ်လာအောင်၊ အားလုံးနဲ့ဆိုင်တ့အဲ ဖွဲ့အစည်းဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ စဉ်းစားလုပ်ကြရန်အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှုကို မြန်မာနိုင်ငံသားဖြစ်တာရယ်၊ ဒီ မိုကရေစီမြတ်နိုးတာရယ်၂ခုထဲကိုအခြေခံပြီးတည်ဆောက်လို့ တည်မြဲတ့ရဲ လာဒ်ရမှာမဟုတ်ပါ ဘူး။ ဘယ်လိုလုပ်၊ ဘာတွေကိုအခြေခံဘယ်လိုတည်ဆောက်ကြမလဲ။ အားလုံးဝိုင်းစဉ်းစား ပြီးအချက်အလက်တွေရှာဘို့လိုပါတယ်။ နောက်အဝေးမှာရောက်နေတဲ့သူတွေရဲ့အခန်း ကဏ္ဍကို ဘယ်လိုတွေသတ်မှတ်ထားမလဲ၊ သူတို့ပိုမိုပါဝင်အောင်ဘယ်လိုဆွဲဆောင်မှုတွေလုပ် ပြီး ပိုမိုဖိတ်ခေါ်နိုင်မလဲဆိုတ့နဲ ည်းတွေပါ ရှာကြံကြဘို့လိုပါတယ်။ ကျွန်တော်မြင်တာကတော့ သူတို့ကိုလုပ်ငန်းစဉ်အကြမ်းဖျင်းပါပြောပြပြီး သူတို့ဆီကအတွေးအခေါ်ပါယူထည့်သွင်းစဉ်း စားမှုလုပ်သင့်ပါတယ်။ လုပ်ငန်းတွေလုံခြုံရေးအတွက်အရေးကြီးပြီး လူအများကြီးကိုအကုန် ရှောက်ပြောရင် လျှို့ဝှက်မှုပေါက်ကြားမှုဖြစ်တတ်တာကို အထူးသတိထားကြရမှာ ဖြစ်ပေမဲ့ အ ကြမ်းဖျင်းအစီအစဉ်ကိုတော့ အသိပေးဘို့လိုပါလိမ့်မယ်။ ဒါမှသူတို့ကိုယ်တိုင်က ဘယ်လို ပြောင်းလဲရေးကြိုးပမ်းမှုမှာသူတို့ကိုယ်တိုင်ပါဝင်နေတယ်ဆိုတဲ့စိတ်ဓါတ်ရလာမှာပါ။ အသေး စိတ်အတွင်းလုပ်ငန်းတွေကိုတော့ သူတို့ကိုကော၊ အဲ့ဒီလုပ်ငန်းနဲ့မဆိုင်တ့ဘဲ ယ်သူ့ကိုမှအသိ မပေးသင့်တာအမှန်ပါ။ အသေးစိတ်လုပ်ငန်းတွေကို အသိပေးခံရတဲ့လူနည်းနည်းပဲထားပြီး သူ တို့ကမှတဆင့်ပါတ်သက်သူအားလုံးကို နောက်ပိုင်းမှာ ပြန်လည်အသိပေးတာလုပ်ကြရင် သ တင်းပြတ်လတ်တာလဲမဖြစ်တော့ပဲ သူတို့လဲ အဖွဲ့လုပ်ရပ်နဲ့တသားတည်းကျနေစေပါလိမ့် မယ်။ နောက်ပြီးလုပ်ငန်းအခြေအနေကို သူတို့ကို ပုံမှန်ပြန်ပြီးဆက်သွယ်အကြောင်းကြားမှု လုပ်ပေးနေနိုင်ရင် သူတို့နဲ့လှုပ်ရှားမှုဟာအမြဲဆက်နွယ်နေပါလိမ့်မယ်။ ဒေသတခုကလူတွေ ကိုအမြဲတွေ့နေအောင်လုပ်ဘို့လွယ်ချင်မှလွယ်မှာပါ။ အများတွေ့ဘို့အဆင်ပြေတဲ့အချိန်ကာ

5 လနဲ့အကြိမ်အရေအတွက်ကို အားလုံးသတ်မှတ်ကြပြီး ဆုံတွေ့ဆွေးနွေးအမြင်ဖလှယ်ကြခြင်း နဲ့ သူတို့ရဲ့အကြံပြုချက်၊ ဝေဖန်ချက်တွေကို ရယူကြခြင်းနှင့် နောက်လုပ်ဆောင်မှုတွေအ တွက်ဆွေးနွေးကြခြင်းဖြင့် အသိုင်းအ၀ိုင်းစိတ်ဓါတ်ဆက်ရှိနေစေမှာဖြစ်ပါတယ်။ အဖွဲ့အစည်း ကရယူတာတခုတည်းမလုပ်ပဲ သာရေး၊ နာရေးကိစ္စတွေမှာအကူအညီပေးခြင်း၊ အလုပ်မ့သွဲား သူ-အသစ်ရောက်ရှိလာသူတွေအတွက် ကိုယ့်ရှိတ့အဲ ဆက်အသွယ်တွေကနေအလုပ်ကူညီရှာ ဖွေပေးကြခြင်းတွေ၊ ပညာရေး-လူမှုရေး-ဥပဒေရေးရာတွေမှာလိုက်ပါကူညီပေးမှုတွေနဲ့အကြံ ဥာဏ်ပေးမှုတွေပါအတုံ့အပြန်လုပ်ပေးနိုင်ရင် ပိုပြီးအနှစ်သာရရှိတ့အဲ စုအစည်းစိတ်ဓါတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။ နေရာတကာနိုင်ငံရေးကြီးပဲ အရာရာဇောင်းပေးနေလို့ချည်းမ ဖြစ်သေးပါဘူး။ ဒီလိုအစုအစည်းဖေါ်ဆောင်လာနိုင်ရင် ကျွန်တော်တို့ဘက်က အားရှိလာပါ လိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာ နေရာတကာမှာကွဲ ပြီးဘာမှဟုတ်တိပါတ်တိမလုပ်နိုင်တ့သဲူတွေအဖြစ်သူများတကာတွေ ရီစရာပြောတာခံရတဲ့အ ဆင့်ကတက်လာမယ်၊ နောက်ပြီးထိထိရောက်ရောက်လုပ်လာနိုင်ကြလိမ့်မယ်မဟုတ်ပါဘူး။ ငွေကြေးကောက်ခံဘို့အတွက် သီးသန့်ပဲစုစည်းရင် ဒီအဖွဲ့အစည်းဟာကြာရှည်မြဲမှာမဟုတ် ပါဘူး။ အလုပ်ပါ ပါတဲ့အခါမှ၊ တခုမဟုတ်တခုလုပ်စရာရှိနေမှ ဒီအဖွဲ့အစည်းဟာပိုစုစည်းမိမှာ ပါ။ အရင့်အရင်က တဖွဲ့ပြီးတဖွဲ့ဖွဲ့ကြပြီး၊ ဘာမှဖြစ်မလာပဲနောက်တဖြည်းဖြည်းပျောက်သွား ကြပြန်တ့ေဲ ရှ့ပိုင်းကနမူနာတွေကိုလဲ သင်ခန်းစာယူပြီးဒီတကြိမ်မှာအဲ့ဒီလိုမဖြစ်အောင်လုပ်ဘို့ လိုပါတယ်။ ဘာမှပြောစရာ၊ ဆွေးနွေးစရာမရှိပဲ အစည်းအဝေးတွေထပ်လာပြီး ဘာမှလဲလုပ်စ ရာမရှိတ့အဲ ခါ နောက်ပိုင်းဒီလိုစုစည်းကြတဲ့အခါ ဘယ်သူလာဦးမှာလဲဆိုတာကိုလဲစဉ်းစားသင့် ပါတယ်။ ဒါတွေအပြင် အားလုံးအဘက်ဘက်ကအပေးအယူလုပ်တာဖြစ်နေအောင် ဒီအဖွဲ့ တွေက အဲ့ဒီဒေသတခုစီကလူတွေအတွက် အပြန်အလှန်လုပ်ပေးမဲ့ လူမှုရေးအလုပ်တွေလဲ လုပ်ပေးကြဘို့လိုအပ်တာဖြစ်ပါတယ်။ ကလေးထိမ်းထားပေးတာမျိုး၊ မြန်မာစာနဲ့စကားသင် ပေးတာမျိုး၊ စာကြည့်တိုက်နဲ့မြန်မာရုပ်ရှင်တွေငှားပေးတာမျိုးတွေလဲလုပ်ပေးရင်း ကိုယ့်အင် အားစုကိုဆွဲဆောင်နေတာလဲလုပ်ပေးနေနိုင်လေ၊ ကောင်းလေပါပဲ။ ဘယ်လိုစပြီးတည်ဆောက်ကြရင်ရမလဲ။ ဒီမိုကရေစီလိုလားပြီးမှန်မှန်ကန်ကန်လုပ်တာ နှစ် သက်ကြတဲ့သူတွေ နေရာတကာမှာရှိနေပါတယ်။ တခုပဲရှိတာက ဒီလူတွေကို မစုမိမဆက်မိ ကြတာပါ။ နေရာတကာရောက်နေကြတဲ့သူတွေက မှန်မှန်ကန်ကန်ရိုးရိုးသားသားမဖေါက်မ ပြန်လုပ်တတ်ကြတဲ့သူတွေကို စတင်ချဉ်းကပ်ဆွေးနွေးပြီး သူတို့ကနေတဆင့်အနားပတ်ဝန်း ကျင်မှာရှိတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေအားလုံးကို စည်းရုံးဆွေးနွေးပြီးညှိနှိုင်းကြရင်းလုပ် ရင်ဖြစ်နိုင်ပါတယ်။ ဥပမာအမေရိကန်မှာ မေရီလန်းမှာရှိနေသူတွေက အနီးအနားပတ်ဝန်း ကျင်က လူတွေကိုအတွေးအခေါ်ချပြဆွေးနွေးတာ၊ သူတို့ထင်မြင်ချက်တောင်းတာ၊ ဘယ်လို လုပ်ကြရင်ကောင်းမယ်နည်းနာရှာကြတာတွေလုပ်ပြီးစုစည်း။ နောက်တချိန်ထဲမှာပဲ အနီးအ နားက ဗာဂျီးနီးယားတို့၊ နယူးရောက်တို့တွေပါဆက်ပြန့်ပွါးတာလုပ်၊ အခြားနေရာတွေမှာလဲ

6 ဒီလိုပဲလုပ်ကြရင် တကမ္ဘာလုံးမှာတည်ဆောက်လာနိုင်ပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာလဲ နိုင်ငံရေး သမားတွေထဲမှာသာမက၊ အလုပ်သမား၊ ဒုက္ခသည်တွေကြားထဲမှာပါ အယူအဆအရဆွေးနွေး ကူညီမှုတွေနဲ့စုစည်းလာရင် အဲ့ဒီကအားတွေလဲအများကြီးရလာပါလိမ့်မယ်။ သူတို့တတွေအ နေနဲ့ကတော့ ငွေရေးကြေးရေးထောက်ပံ့နိုင်တ့အဲ င်အားချက်ခြင်းဖြစ်လာချင်မှဖြစ်လာပါလိမ့် မယ်။ ဒါပေမဲ့စုစည်းမှုအင်အားတော့ကြိမ်းသေဖြစ်လာမှာပါ။ သူတို့ကိုလဲ လိုအပ်တ့ကဲူညီဝိုင်း ၀န်းမှုတွေနဲ့တည်ဆောက်နိုင်ရင် ဒီအားဟာနဲနဲနောနောအားမဟုတ်ပါဘူး။ ဒီလူတွေမြန်မာ နိုင်ငံထဲပြန်ရောက်ရင်လဲဒီသတင်းတွေက ပြန့်လာပါလိမ့်မယ်။ နောက်လုပ်နည်းကိုင်နည်းလဲ ပြန့်ပွါးလာပါလိမ့်မယ်။ ပြည်တွင်းဆက်သွယ်မှုနဲ့ပြည်တွင်းကလှုပ်ရှားမှုတွေကိုထိရောက်လုပ် ဆောင်မ့သဲူတွေကိုလဲ လုပ်နိုင်စွမ်းအား၊ နေရာဒေသဆိုင်ရာတွေနဲ့လိုက်ပြီး တာဝန်ပေးလုပ် လို့ရလာပါလိမ့်မယ်။ နောက်ပြီးနေရာတကာက မြန်မာနိုင်ငံသားတွေအ့ဒဲီလိုစည်းရုံးလာရင် အဲ့ဒီဒေသတွေကနိုင်ငံတွေမှာ သြဇာသက်ရောက်လာနိုင်ပါမယ်။ ဒီလိုရှိလာတဲ့သြဇာကိုအသုံး ပြုပြီး မြန်မာနိုင်ငံပြောင်းလဲမှုတွေမှာအသုံးချမယ်၊ မြန်မာနိုင်ငံသားတွေအချို့နိုင်ငံတွေမှာ မတ ရားအလုပ်ခံနေရတာတွေကို ရပ်တန့်အောင်လုပ်မယ်၊ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲမှုအ တွက်ထိုနိုင်ငံတွေက ထိထိရောက်ရောက်လုပ်ပေးရေး တွန်းအားပေးမယ်ဆိုရင် အတွင်းလှုပ် ရှားမှုလဲပိုထိရောက်၊ အားရစရာဖြစ်စေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ အတွင်းကလုပ်တာတွေကို ထောက်ခံပါတယ်လို့အခုလုပ်စားတွေအာနဲ့ထောက်ခံတာမျိုးလုပ်နေလို့ကတော့ အထဲကို ထိ ထိရောက်ရောက်ထောက်ခံရာရောက်မှာမဟုတ်ပါဘူး။ ကြေညာချက်တွေဖေါဖေါသီသီနဲ့ညာ ညာထုတ်၊ လေထဲမှာထောက်ခံတာပဲဖြစ်ပါလိမ့်မယ်။ ပြန်စဉ်းစားကြည့်ကြပါ။ ဒီကြေညာချက် ထောက်ခံမှုတွေက ဘာတွေလက်တွေ့များထောက်ခံအထောက်အပံ့ပြုကြသလဲဆိုတာကို။ ပါ လက်စတိုင်းက ဟမတ်စ်အဖွဲ့ကို အမေရိကန်တို့၊ အနောက်နိုင်ငံအုပ်စုတွေက အစ္စရေးဘက် လိုက်ပြီးအတင်းဖိနေတာတောင်မှ သူ့လူမျိုးတွေအများစုကြီးဆီက ဆက်လက်ထောက်ခံမှုရရှိ နေစေတာဟာ ဟမတ်စ်အဖွဲ့ကတိုက်ခိုက်တာတခုတည်းမဟုတ်ပဲ သူ့လူမျိုးစုတွေရဲ့လူမှုရေး လုပ်ငန်းတွေမှာလဲပါဝင်ထိထိရောက်ရောက်လုပ်နေကြလို့ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ သစ္စာရှိ တဲ့တိုက်ခိုက်ရေးသမားကောင်းတွေလဲသူတို့စုဆောင်းနိုင်နေခဲ့တာပါ။ ကောင်းတာတွေကော မကောင်းတာတွေ၊ ကျွန်တော်တို့နဲ့မကိုက်ညီတာတွေတချို့ရှိနေနိုင်ပေမဲ့ မကောင်းတာဖယ် ပြီးကောင်းတဲ့ဥပမာတွေကို လေ့လာအသုံးချဘို့လိုပါတယ်။ နောက်ပြီးကျွန်တော်တို့မြန်မာ လှုပ်ရှားမှုအသိုင်းအ၀ိုင်းမှာဖြစ်လေ့ရှိတဲ့ ဘာမှလဲအရေးမပါပဲနဲ့အချင်းချင်းညီညွတ်ရေးပြိုကွဲ စေတဲ့ ငါ့ဘက်ကပိုအရေးပါတယ်၊ သူ့ဘက်ကပိုအရေးပါတယ်ဆိုတဲ့အရေမရအဖတ်မရငြင်း ဆိုမှုတွေ၊ အတွေးအခေါ်တွေကိုဖျောက်ဖျက်ပြီး၊ အားလုံးအတူတူ နေရာအသီးသီးကနေလုပ် နေကြတယ်ဆိုတဲ့ခံယူချက်နဲ့လုပ်နိုင်မှဖြစ်ပါလိမ့်မယ်။ ခန္တာကိုယ်တခုမှာ အားလုံးသူ့နေရာ နှင့်သူအရေးပါနေကြတာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံပြောင်းလဲရေးလှုပ်ရှားမှုမှာလဲ ခန္တာ ကိုယ်လိုပဲ အားလုံးကသူ့နေရာနှင့်သူအရေးပါပြီး၊ အားလုံးကသူ့နေရာနှင့်သူအလုပ်ခွဲလုပ် ကိုင်ကြမှ၊ တာဝန်ကျေကြမှ အားလုံးမြင်ချင်နေတဲ့ပြောင်းလဲမှုကိုဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။

7 ဘယ်အစိတ်အပိုင်းကမှအရေးမကြီးတာမရှိသလို၊ ဘယ်အစိတ်အပိုင်းကအခြားဟာတွေထက် ပိုအရေးကြီးတယ်လဲမရှိပါဘူး။ အားလုံးအဖွဲ့အစည်းခန္တာတခုရဲ့အစိတ်အပိုင်းကြီးပဲဖြစ်ပြီး အားလုံးဝိုင်းဝန်းတာဝန်ယူကြမှ ဒီစံနစ်၊အုပ်စုဟာအသက်ဝင်အလုပ်လုပ်မှာဖြစ်ပါတယ်။ ညီ ညွတ်မှုကိုတမ်းတပြီးလုပ်ရင်းက အများဆုံးလွဲချော်တတ်တာကတော့ အများစုကြီးကို သေသေ ချာချာမဆွေးနွေး၊ သဘောတူညီချက်တွေသေသေချာချာမချရသေးကြခင်မှာ တပ်ပေါင်းစုဆို ပြီးဖွဲ့ချလိုက်ကြတတ်ခြင်းပါ။ ဒီလိုပါတဲ့သူနဲနဲနဲ့စလုပ်လိုက်ခြင်းအားဖြင့် ကျန်တ့သဲူတွေက ရှေ့လူတွေမောင်ပိုင်စီးချင်လို့လုပ်တယ်ဆိုပြီးမြင်သွားတတ်ကြပါတယ်။ အဲ့ဒါအပြင်ပိုဆိုးတာ ဟာ ရှေ့ကလူတွေက ပိုအရာရောက်တ့သဲူတွေအဖြစ်ကိုယ့်ကိုကိုယ်မြင်၊ ပြုမူတတ်ကြခြင်းနဲ့ အပိုးကျိုးပြီးနှိမ့်ချမှုမရှိတဲ့ ဘ၀င်မြင့်မှုတွေက နောက်ထပ်အင်အားတွေဝင်လာနိုင်မှုကို ဟန့် တားပိတ်ပင်လိုက်ကြခြင်းပါပဲ။ တတ်နိုင်သမျှများသည်ထက်များများပါဝင်လာနိုင်အောင်နဲ့ လုပ်ငန်းသဘောအသေးစိတ်သဘောတူညီမှုရှိသည်ထက်ရှိအောင် အချိန်ယူသေသေချာချာ ဆွေးနွေးတည်ဆောက်ကြပြီးမှ လေးလေးနက်နက်လုပ်ကြသင့်တ့အဲ လုပ်ပါ။ ဒီလိုမဟုတ်ရင် အခုလက်ရှိဖြစ်နေတဲ့အုပ်စုတွေလို ညီညွတ်ရေးကိုလိုအပ်တယ် - ဒါ့ကြောင့်ငါ့အောက်ထဲဝင် ပြီး ညီညွတ်ကြဆိုတ့သဲ ဘောနဲ့လုပ်ဆောင်မှုကနေဘယ်လိုမှ ကွဲအောင်လုပ်လို့မရဘူးဖြစ်နေ မှာပါ။ အင်အားတွေဖြစ်တ့လဲူထုတွေအားလုံးနဲ့ ဒါမှမဟုတ်လဲ သူတို့ကို အမှန်တကယ်ကို စားပြုဘို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်အားလုံးနဲ့ သေသေချာချာညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး အပေါ်ရံရုပ်ပြအတွက်မဟုတ်ပဲ တကယ်အနှစ်သာရရှိ၊ လေးလေးနက်နက်လုပ်ငန်းအကောင် အထည်ဖေါ်နိုင်တဲ့ အင်အားစုကြီး စစ်စစ်မှန်မှန်တည်ဆောက်နိုင်ဘို့ အရေးထားသင့်ပါတယ်။ ဖေါက်လွဲဖေါက်ပြန်မှုအားလုံးကိုတားစီးရန်စီး၊ စံနစ်ထားရှိခြင်း အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ ငွေရေးကြေးရေးမှန်မှန်ကန်ကန်သုံးစွဲမှုနဲ့စံနစ်တကျသုံးစွဲမှုတွေကို လဲအရေးထားရန်လိုပါတယ်။ ရှေ့ကလုပ်စားတွေကလှုပ်ရှားမှုအတွက်သုံးဘို့အတွက်အလှူ ငွေတွေကို မတော်တရော်တွေသုံးဖြုန်းခဲ့တာတွေ၊ လုပ်စားခဲ့ကြတာတွေမျိုးကို ကျွန်တော်တို့ မှာလုံးလုံးမဖြစ်နိုင်အောင်စံနစ်ထားပြီးလုပ်ကြသင့်ပါတယ်။ ငွေလက်ခံတ့ေဲ နရာတွေမှာကော၊ အသုံးပြုတဲ့နေရာတွေမှာပါ ငွေကိုင်သူကတယောက်၊ စာရင်းကိုင်ကတယောက်ထားရှိပြီး ရရှိ ငွေနဲ့သုံးပုံတတ်နိုင်သမျှအသေးစိတ်ကို အမြဲတမ်းအစီရင်ခံနေခြင်းနဲ့အသေးစိတ်အသုံးပြုတာ ကို သတ်မှတ်ထားတဲ့စိတ်အချရဆုံးသူများပါဝင်တ့အဲ စုကို တင်ပြထားခြင်းတို့နဲ့ စာရင်းနဲ့သုံး တာ၊ လုပ်တာကိုက်မကိုက်ကိုစစ်ဆေးနေခြင်းတို့နဲ့ အလွဲသုံးစားဖြစ်နိုင်တ့အဲ ခွင့်အလမ်းအား လုံးကိုပိတ်ဆို့ကာကွယ်တားဆီးရမှာပါ။ နောက်ပြီးအလှူငွေလက်ခံရရှိတိုင်းမှာ လက်ခံရရှိသဲူုပ်စုဆီအကြောင်း ကိုယ်တိုင်ကတိုက်ရိုက်လက်ခံရရှိကြောင်းမပေးပို့ပဲနဲ့ ငွေကြေးကိုင်တ့အ ကြားပြီး ငွေကြေးထိမ်းကိုင်တ့အဲုပ်စုကသာ ထိုငွေကိုလက်ခံရရချင်း၊ လှူဒါန်းသူထံသို့ တိုက် ရိုက်အကြောင်းကြားခြင်းဖြင့် ကြားမှာပျောက်ဆုံးသွားသောအလှူငွေများကိစ္စကို တားဆီးကာ

8 ကွယ်ထားနိုင်ပါလိမ့်မယ်။ အသုံးငွေတွေကိုလဲ တကယ့်လုပ်ငန်းတွေအတွက်သာအများစုအ သုံးပြုပြီးမလိုပဲနဲ့အပိုချဲ့တဲ့ ရုံးခန်းကြီးတွေထားတာတွေ၊ ၀န်ထမ်းအသုံးအဆောင်တွေဝယ်တာ တွေ၊ မလိုအပ်တ့အဲ ပြည်ပြည်ဆိုင်ရာခရီးစရိတ်တွေနဲ့အသုံးစရိတ်တွေမှာသုံးတာတွေနဲ့၊ အ စည်းအဝေးတွေမှာပုံကြီးချဲ့ပြီးကုန်တာတွေကိုရှောင်ရှားပြီး လုပ်ငန်းတွေအတွက်မှာအဓိကအ သုံးချကြခြင်းဖြင့် ပေးတဲ့လူတွေလဲစိတ်ဖြောင့်စေမှာဖြစ်ပြီး ဒီအဖွဲ့အစည်းရဲ့ရပ်တည်မှုနဲ့အပံ့ အပိုးအထောက်အပံ့ဟာ မြန်မာနိုင်ငံပြောင်းလဲရေးလှုပ်ရှားမှုမှာလည်း ပိုပြီးထိရောက်လာစေ မှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကိုပိုစိတ်ပါဝင်စားကြစေအောင်လည်း သူတို့စရိတ်နဲ့သူတို့ခရီး သွားနိုင်ကြတဲ့အခါ အလုပ်တွေထဲက သူတို့မြင်တွေ့နေထိုင်လို့ လုပ်ငန်းလုံခြုံမှုမပျက်စေနိုင် မဲ့နေရာတွေကို အလည်အပတ်ပေးသွားရင်း၊ လုပ်ဖေါ်ကိုင်ဘက်အချင်းချင်းတွေ့ဆုံရင်းနှီး အောင်လုပ်ပေးလိုက်ကြခြင်းနဲ့ အတွေ့အကြုံတွေဖလှယ်ကြစေခြင်းတို့ဖြင့် ပါဝင်သူအားလုံး ရဲ့စိတ်ဓါတ်ကိုတိုးမြင့်ပါဝင်လိုစိတ်ထက်သန်လာပါစေလိမ့်မယ်။ လုံခြုံရေးသတင်းတွေမပေါက် ကြားစေရေးအတွက်တော့ အကာအကွယ်အစီအစဉ်တွေထားရှိရပါလိမ့်မယ်။ အလုပ်လုပ်နေ တဲ့သူတွေကို ထောက်ပံ့တာလုပ်ကြတဲ့အခါမှာလဲ အခုနယ်စပ်မှာဖြစ်နေကြတဲ့ နှစ်သီးစား၊ သုံး သီးစားနေရာတကာကလခတွေအားလုံးစုပြုံယူကြပြီး ဖြုန်းတီးနေကြသူတွေ၊ ဒီမိုကရေစီအော် ပြီးကာရာအိုကေရုံတွေနဲ့၊ ဘားတွေမှာပဲအချိန်ဖြုန်းနေတဲ့သူတွေကို အဆိပ်ပင်ရေမလောင်းကြ ဘို့လိုပါတယ်။ တကယ်အလုပ်လုပ်နေသူတွေကို လိုအပ်တ့ေဲ နရာတွေမှာထောက်ပံ့မှုလုပ်နေ တာကိုလုပ်စရာလိုပေမဲ့ ဖြုန်းတီးမှုမဖြစ်အောင်သတိထားထိမ်းသိမ်းရမှာဖြစ်သလို၊ ဒီလို ပံ့ပိုး ထောက်ပံ့မှုကလဲ အလုပ်လုပ်ဘို့အတွက် အလုပ်တာဝန်အတွက်ထောက်ပံ့တာဆိုတာကို ကွဲ ကွဲပြားပြားရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ကြရပါလိမ့်မယ်။ နအဖကလွဲရင် တခြားဘယ်နိုင် ငံ၊ ဘယ်နေရာမှာမှ ဟိုကကော၊ ဒီကကော နေရာတွေယူ၊ လခတွေယူလို့မရဘူးဆိုတာ သိကြ ရက်နဲ့ နအဖအကျင့်မျိုးပဲဘာလို့လိုက်ကျင့်သုံးပြီး နေရာတကာကနေရာတွေယူ၊ ခံစားခွင့်တွေ ယူကြပြီးအလုပ်ကြတော့ ဘယ်နေရာကဟာကိုမှထိထိရောက်ရောက်မလုပ်ပဲ လိမ်စားနေကြမှု တွေကို မရှက်ပဲလုပ်ကြတာဟာ တော်တော်အံ့သြစရာကောင်းပါတယ်။ အဲ့ဒီလူတွေတော်လှန် နေတယ်ဆိုတာ ဘာကိုတော်လှန်နေသလဲစဉ်းစားစရာပါပဲ။ တကယ်အလုပ်လုပ်နေတဲ့အစုအ စည်းတွေမှာ ဘယ်နေရာ၂ခုကိုယူပြီးအလုပ်လုပ်လို့ရသလဲ တကယ်အလုပ်လုပ်နေကြတဲ့သူ တိုင်းနားလည်မှာပါ။ တကယ်အလုပ်မလုပ်ပဲနဲ့၊ မလုပ်လဲမလုပ်ဘူးပဲနဲ့ဟန်ဆောင်ညာစားနေ ကြတဲ့သူတွေကတော့ သူတို့ဖင်ပြောင်ကြီးနဲ့လမ်းလျှောက်နေတာကို ဘယ်သူမှမသိဘူးလို့ မှတ်နေကြတာကို မြင်ကြရမှာပါ။ အဲ့ဒါတွေတကယ်ဖြစ်နေတာအများကြီးပါ။ ဒီအကျင့်ဆိုး တွေကိုလဲ မျိုးဆက်သစ်တွေ၊ လုပ်နေတဲ့သူတွေဆီမကူးစက်အောင် လုပ်ကြဘို့လိုပါတယ်။ ပရောဂျက်ပြစားပြီး လုပ်ငန်းထက်အခွင့်အရေးတွေဖေါ်လုပ်စားကြတဲ့စံနစ်ကိုလဲ ဖျက်ဘို့လိုပါ ပြီ။ တကယ်အလုပ်မလုပ်ပဲလိမ်စား၊လုပ်စားနေသူတွေအတွက် ချွေးနဲ့ရင်းပြီးလုပ်ထားတဲ့သူ တွေထည့်ဝင်တ့ေဲ ငွတွေကို တပြားမှမသုံးသင့်ပါဘူး။

9 ခေါင်းဆောင်နှင့်ဦးဆောင်မှု ကျွန်တော်တို့အားလုံး ခေါင်းဆောင်မှုမျှော်လင့်ခြဲ့ ကပါတယ်။ အခုအချိန်အထိတကယ်စံနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်မှုကို အပြင်မှာမတွေ့ရပါဘူး။ မရှိသေးတဲ့ခေါင်းဆောင်မှုကိုမျှော်လင့် ရင်းကျွန်တော်တို့ဒီအတိုင်းပဲ ရေစီးထဲမျောကြမှာလားဆိုတာကို စဉ်းစားကြဘို့သင့်ပါပြီ။ ကျွန် တော်တို့အားလုံးစုပေါင်းပြီး စုပေါင်းခေါင်းဆောင်မှုကို တည်ဆောက်နိုင်ပါတယ်။ စုပေါင်း ခေါင်းဆောင်မှုဆိုတာကပဲ ဒီမိုကရေစီရဲ့အနှစ်သာရကို ပြမှာပါ။ နောက်ပြီး ဒီလိုလုပ်ကြရင်းနဲ့ ပဲမှန်မှန်ကန်ကန်ခေါင်းဆောင်မှုလုပ်နိုင်သူတွေ၊ အရည်အချင်းရှိသူတွေကိုတွေ့လာကြရမှာပါ။ ပိုအရေးကြီးတာက ၂၁နှစ်တာလုံးခုံကမခွါပဲနေရာယူချင်သူတွေလိုမျိုးမဟုတ်ပဲ နောင်မျိုးဆက် သစ်တွေကို ပိုလုပ်နိုင်အောင်မြှင့်တင်ပေးနိုင်ရင် ကျွန်တော်တို့လှုပ်ရှားမှုဟာ အရှိန်အဟုန် ကောင်းသထက်ကောင်းလာတဲ့လှုပ်ရှားမှုဖြစ်လာမှာပါ။ ပြောကြမှာက သူတို့ကအတွေ့အကြုံ နဲသေးတယ်တို့၊ ငယ်သေးတယ်တို့နဲ့ မယုံရဲရဲစိုးရိမ်မှုတွေပါ။ သေသေချာချာမလိမ်မညာပဲ အားလုံးပြန်ပြီး ကျွန်တော်တို့အားလုံးကော၊ ရာသက်ပန်ခေါင်းဆောင်ကိုယ့်ဘာသာကိုယ်တင် နေသူတွေကော ဘာတွေတတ်ခ့လဲို့၊ ဘာအရည်အချင်းတွေထူးထူးခြားခြားရှိခဲ့ လို့လုပ်ခြဲ့ က တာလဲဆိုတာကို စဉ်းစားကြည့်ရင် ဘာလို့သူတို့ကိုပေးလုပ်ပြီး ၀ိုင်းရံပေးရမှာကိုစိုးရိမ်စရာမ လိုလဲဆိုတာပေါ်လာပါလိမ့်မယ်။ ဒီလိုလုပ်ပိုင်ခွင့်ပေးမှပဲ သူတို့လုပ်ရင်းကိုင်ရင်းနဲ့သင်ကြား လာနိုင်လိမ့်မယ်။ နို့မဟုတ်ရင်တော့ ကျွန်တော်တို့ ကျွဲအိုကြီးတွေပြောသမျှနဲ့ပဲသူတို့လဲ ကျွန်တော်တို့လိုပဲဖြစ်လာကြမှာပါ။ ပိုတော်တ့လဲူတွေဖြစ်လာဘို့ခဲယဉ်းပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေကို တကယ်နေရာပေးမွေးထုတ်ပျိုးထောင်ပေးသင့်တ့အဲ ချိန်ရောက်နေပါပြီ။ တခုရှိတာက စတဲ့ကစည်းစံနစ်ကျတဲ့ပုံစံနဲ့စမှနောက်ကလိုက်လာတဲ့သူတွေလဲ ဒီစည်းစံနစ်ထဲ ပုံစံတကျဝင်လာပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးအနေနဲ့လဲ ကိုယ်ခေါင်းဆောင်ဖြစ်ချင်နေ တဲ့ခေါင်းဆောင်ရူးစိတ်ဓါတ်တွေဖျောက်ပြီး လုပ်နိုင်ကိုင်နိုင်ရှိပြီးမှန်မှန်ကန်ကန်လုပ်တတ်သူ နောက်လူငယ်တွေကို ပံ့ပိုးပျိုးထောင်ပေးနိုင်တာအပေါ်မှာ ဂုဏ်ယူတတ်တာမျိုးကိုလေ့ကျင့်ကြ ဘို့လိုပါပြီ။ အခုဖြစ်နေတာက အားလုံးခေါင်းဆောင်တွေပဲဖြစ်နေကြပြီး၊ တကယ်လုပ်ငန်းအ ကောင်အထည်ဖေါ်တဲ့ပံ့ပိုးသူတွေ၊ ငယ်သားတွေမရှိပဲဖြစ်နေတာပါ။ နောက်ပြီး ခေါင်းဆောင်မှု ကိုသူ့စံနဲ့သူ့ရပ်တည်ချက်နဲ့အပေါ်မူတည်ပြီးမှသတ်မှတ်၊ ဖေါ်ထုတ်ပေး၊ ကျင့်ကြံပေးကြဘို့ လိုပါပြီ။ ကျွန်တော်တို့အားလုံးကရှေ့ကနေ ခေါင်းဆောင်ရူးနေရာရူးလုပ်ပြနေကြရင် နောက် မျိုးဆက်သစ်တွေကလဲ ကျွန်တော်တို့ရဲ့မကောင်းတဲ့အကျင့်တွေကို နမူနာယူပြီးမကောင်းတာ တွေပဲဖြစ်လာကြရင်တော့ ကျွန်တော်တို့လောက်အသုံးမကျတဲ့သူတွေရှိတော့မှာမဟုတ်ပါဘူး။ ကမ္ဘာအနှံ့နှန့် ကအစိတ်အပိုင်းအသီးသီးလည်း ဗွီဒီယိုကွန်ဖရန့်စ် လိုမျိုးနဲ့တွေ့ဆုံဆွေးနွေး ကြခြင်း၊ တိုင်ပင်နေကြခြင်းတို့နဲ့ တပိုင်းနဲ့တပိုင်းလဲ ပိုမိုနားလည်မှု၊ ဆက်စပ်နေမှုတွေ တည် ဆောက်ပေး ထားနိုင်ကြမယ်ဖြစ်ပါတယ်။ လုပ်ကိုင်တသ့ဲူတွေကိုလဲ အချိန်ပေးလုပ်ကိုင်နိုင်မှု အပေါ်မူတည် ပြီးသတ်မှတ်ကာလအချိန်ပြည့်တိုင်းစစ်စစ်မှန်မှန်ရွေးကောက်ပါဝင်ကြစေခြင်း

10 နဲ့၊ မလုပ်နိုင်တဲ့ သူတွေနေရာမှာပြန်လည်ရွေးကောက်အစားထိုးခြင်းတွေလုပ်ပြီး ရာသက်ပန် တာဝန်ရှိသူများ မခန့်အပ်ထားကြခြင်းဖြင့် ပိုဒီမိုကရေစီဆန်စေမှာဖြစ်ပါတယ်။ ဒီမိုကရေစီစံ နစ်ကိုလိုချင်လို့ တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့အားလုံးကစပြီး ဒီမိုကရေစီဆန်ဆန် ကျင့်သုံး ပြကြ၊ နေထိုင်ပြ ကြရပါလိမ့်မယ်။ တာဝန်မယူရတော့တ့သဲူတွေကလည်း အဖွဲ့ဝင်အဖြစ်ပြန် လည်လုပ်နိုင်စွမ်း ရှိနေကြောင်းပြရမယ်ဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်ပြီးတာနဲ့ နောက်အဖွဲ့ ၀င်ပြန်မဖြစ်နိုင်တော့ဘူးဆိုတဲ့ဟာကလည်း ကောင်းတဲ့ရာဇ၀င်မဟုတ်ပါဘူး။ နောက်သတင်းဌာနတွေက သူတို့တင်ချင်တ့သဲူတွေကိုပဲတင်ပြီးပေးပြောခိုင်းနေတာမျိုးတွေ ကိုသတိပြုမိပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံကသာမန်ပြည်သူတွေမှာပြောရေးဆိုခွင့်က နအ ဖကလဲပိတ်ထားတာခံရပါတယ်။ ဒီဘက်ဒီမိုကရေစီလို့အာကျယ်ကျယ်ပြောတဲ့ဘက်ကလဲ ကျွမ်းကျင်သူကြီးများရယ်၊ ခေါင်းဆောင်ကြီးများရယ်၊ သတင်းဌာနတွေနဲ့ဆက်စပ်နေတဲ့သူ တွေရယ်ပဲ ပြောဆိုခွင့်အားလုံးယူနေကြပြီးလူထုကိုပြောဆိုခွင့်တော့ သိပ်အလေးပေးအပင်ပန်း ခံကြိုးစားကြတာမရှိပါဘူး။ လူထုပြောချင်တဲ့အသံတွေတိတ်ပြီး နအဖနဲ့ကျွမ်းကျင်သူတွေ၊ နိုင် ငံရေးခေါင်းဆောင်ဆိုသူတွေရဲ့အသံတွေပဲလေလှိုင်းမှာလွှမ်းမိုးနေပါတယ်။ တကယ့်လူထုအင် အားသာတည်ဆောက်လာနိုင်ရင် သာမန်လူထုရဲ့အသံ၊ ပြောဆိုခွင့်တွေကိုနည်းအမျိုးမျိုးနဲ့ ပိတ်ဆို့ထားခံရတဲ့အသံတွေကို သူတို့ဘာသာသူတို့ပြောဆိုခွင့်ရှိလာအောင် ကျွန်တော်တို့ အားလုံးကကြိုးစားပေးသင့်ပါတယ်။ ကျွန်တော်တို့ကသူတို့ကိုယ်စားပြုပြောနေတာမျိုးတွေ ရှောင်ပြီး၊ လူထုတွေ၊ သာမန်အဖွဲ့ဝင်တွေ၊ အလုပ်သမားလယ်သမားတွေ၊ ရဟန်းရှင်လူအား လုံးတွေရဲ့ ပြောဆိုသံတွေကို သူတို့ဘာသာသူတို့ပြောဆိုလာခွင့်ရှိအောင် ကျွန်တော်တို့အား ပေးသင့်ကြပါပြီ။ ကျွန်တော်တို့ဘက်တွေက ပြည်သူလူထုကိုစစ်အာဏာရှင်တွေကိုဆန့်ကျင် တဲ့နေရာကျမှအော်ကြ၊ ပြောကြအောင်အားပေးလိုကြပါတယ်။ ပြောရ၊ ဆိုရမှာတွန့်နေတဲ့လူ ထုကို ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲရှိလာအောင် အခုကတဲကစပြီး သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ ရဲ့ရင်ဖွင့်သံတွေ၊ သူတို့ရဲ့ပြောချင်တာတွေကို ပြောခွင့်ရလာအောင်လုပ်ပေးမှ ဒီလူထုတွေ အားလုံးသူတို့ပြောစရာရှိတာကို ပြောရဲဆိုရဲ၊ ပြောကြဆိုကြဖြစ်လာမှာပါ။ အဖွဲ့အတွင်းမှာလဲ ဒီလိုပဲ အဖွဲ့ဝင်တွေကို ပြောဆိုခွင့်ပိုပေး၊ ပိုပြောဆိုလာကြအောင်အခွင့်အရေးတွေဖန်တီးပေး ခြင်းဖြင့် သူတို့တတွေရဲ့ပါဝင်မှု၊ အားစိုက်လုပ်မှုတွေပိုတိုးလာပါလိမ့်မယ်။ သူတို့ရဲ့အကြံ ဥာဏ်တွေကို အလေးတယူထည့်သွင်းစဉ်းစားလုပ်ကြခြင်းဖြင့် သူတို့ကို ပိုမိုစဉ်းစားတွေးခေါ် လာကြအောင်အားပေးရာရောက်ပါလိမ့်မယ်။ နေရာပေါင်းစုံကလူတိုင်းကို ဒီနည်းအတိုင်းပံ့ပိုး အားပေးမှုတွေလုပ်သွားကြရင် မြန်မာနိုင်ငံသားတွေဟာပိုမိုလုပ်နိုင်ကိုင်နိုင်တ့သဲူတွေဖြစ်လာ ကြမှာပါ။

11 ဘာတွေ၊ ဘယ်လိုအကောင်အထည်ဖေါ်ကြမလဲ နိုင်ငံတကာမှာဘာတွေလုပ်ကြမလဲ၊ ထိုင်းနဲ့မြန်မာနယ်စပ်မှာဘာတွေလုပ်ကြမလဲ၊ ပြည်တွင်း မှာဘယ်ပုံခရီးဆက်ကြမလဲ။ ကျွန်တော့်အမြင်မှာ ဘက်ပေါင်းစုံက၊ ရှုထောင့်ပေါင်းစုံကလုပ် ကြရပါမယ်။ တချို့လုပ်ငန်းတွေကိုသေသေ၀ပ်ဝပ်နဲ့တိတ်တိတ်ဆိတ်ဆိတ်လုပ်ရမှာဖြစ်ပေမဲ့ လို့ မလုပ်သင့်တ့လဲုပ်ငန်းဆိုတာတော့ ပြည်သူကိုသစ္စာဖေါက်တာနဲ့၊ ပြည်သူကိုထိခိုက်စေ အောင်လုပ်တာမဟုတ်ရင် မရှိပါဘူး။ ကျွန်တော်တို့အားလုံး၊ ကိုယ့်ကိုကိုယ်ဘုရားတကာလား၊ ဘုန်းကြီးလား၊ တော်လှန်ရေးသမားလား၊ သတင်းထောက်လား၊ စီးပွါးရေးသမားလား၊ သူများ ခိုင်းဖတ်လားဆိုတာ ကွဲကွဲ ပြားပြားပြတ်ပြတ်သားသားမလုပ်ထားခဲ့တာကြောင့်မို့အခုအချိန်အ ထိကြောင်တောင်တောင်နဲ့ဘယ်လမ်းလိုက်ရမယ်မှန်းမသိပဲဖြစ်နေကြရတာပါ။ ရန်သူစစ်အာ ဏာရှင်စံနစ်ကို တကယ်ထိခိုက်နစ်နာစေပြီးကျဆုံးစေမဲ့နည်းစံနစ်မှန်သမျှ ကျွန်တော်တို့လုပ် ကြသင့်ပါတယ်။ တခုရှိတာက လှုပ်ရှားမှုတိုင်း၊ လုပ်ရပ်အားလုံးတိုင်းဟာ နည်းဗျူဟာရှိရှိ၊ အ စီအစဉ်ရှိရှိနဲ့ အချိန်ကိုက်ကိုက်စည်းစံနစ်တကျလုပ်ကြမှသာ ရန်သူ့နောက်မြီးဆွဲလိုက်နေရ တဲ့ဘ၀က ကျွတ်လွတ်ကြပြီး အောင်မြင်မှုကိုဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီးရှေ့မှာ မှားခဲ့ကြသလို စာတတ်တာနဲ့ စစ်ရေးဆိုလဲ သေနတ်တောင်မောင်းဘယ်လိုတင်ရမှန်းမသိပဲ စစ်သေနာပတိချုပ်လုပ်ချင်၊ လူကိုယ်တိုင်က အနီးအနားပတ်ဝန်းကျင်ကော-လုပ်ဖေါ်ကိုင်ဘက် တွေကော တယောက်နဲ့မှသင့်မြတ်အောင်မနေတတ်ပဲနဲ့စည်းရုံးရေးမှူးတာဝန်ကိုင်ထားချင် တာ၊ နည်းဗျူဟာနဲ့စစ်ဆင်ရေးတွေဘာမှနားမလည်ပဲနဲ့ယောင်တော်ချီးနည်းဗျူဟာရေးဆွဲသူ တွေဖြစ်ချင်တာ စတဲ့ မကိုက်ညီတ့လဲုပ်ငန်းတွေ၊ ကိုယ်မကျွမ်းကျင်တ့လဲုပ်ငန်းတွေမှာအတင်း ၀င်ချုပ်ကိုင်တာတွေမလုပ်ပဲ ကိုယ့်ကိုကိုယ်မညာပဲ ကိုယ်ကျွမ်းကျင်ရာကနေ ထိထိရောက် ရောက်လုပ်ကိုင်ကြလိုတ့စဲိတ်ထားတာမျိုးတွေကိုယ်လဲ ကျွန်တော်တို့လုပ်ဘို့သင့်ကြပါပြီ။ ကြေးရွာပြည်သူ့စစ်လုပ်ဘူးရုံလောက်နဲ့ စစ်ရေးချုပ်တာဝန်ဝင်ယူပြီးဘာမှမလုပ်တတ်တာ ကြောင့်ပျက်စီးခဲ့ရတာတွေလဲ အားလုံးမြင်တွေ့ခဲ့ဘူးကြပြီဆိုတော့ ဒါတွေကိုသင်ခန်းစာယဲူ ရာတခုဟာ ဘို့သင့်ကြပါပြီ။ နောက်ပြီး ကိုယ်မတတ်မကျွမ်းကျင်ပဲ အတင်းလုပ်လိုက်တ့အ လူများစွာရဲ့အသက်တွေ၊ သွေးတွေရင်းနှီးပျက်သုံးရမှာမျိုးလဲရှိတာမို့ အဲ့ဒီလိုမဖြစ်အောင်၊ မ လိုအပ်ပဲ မိမိအားတွေမိမိဘာသာဖျက်ဆီးခြင်းမဖြစ်အောင်လဲ အပေါ်ကပြောသလို တတ်ယောင်ကားလုပ်တာမျိုးရှောင်ပြီး ကိုယ်တကယ်တတ်နိုင်ရာ၊ ကိုယ်တကယ်ကျွမ်းကျင်ရာ ကနေ တိတိကျကျအလုပ်စုပေါင်းလုပ်ကြဘို့လိုပါပြီ။ မှန်မှန်ကန်ကန်တည်ဆောက်ရပ်တည်ပြီးလုပ်ကြရင် ဒီအင်အားစုဟာ မြန်မာနိုင်ငံပြောင်းလဲစေ ရေးလှုပ်ရှားမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေမှာဖြစ်သလို၊ အနာဂတ်နိုင်ငံထူထောင်ရေး နဲ့ ရေရှည်အကျိုးတွေအတွက်မှာလဲ တဘက်တလမ်းကဆက်ပြီးပံ့ပိုးနေနိုင်တ့အဲ င်အားဖြစ်နေ မှာပါ။ ကျွန်တော်တို့တွေအားလုံးစုစုစည်းစည်းနဲ့စိတ်ရှည်ရှည်ထားပြီး မိမိကိုယ်ကိုကော၊

12 အားလုံးကိုကော ၀ိုင်းဝန်းတည်ဆောက်ကြရင် မဖြစ်နိုင်တာမရှိပါဘူး။ ကျွန်တော်တို့မညံ့ကြ တော့ဘို့ပဲလိုတာပါ။ ပြောင်းလဲသင့်တာကို ကျွန်တော်တို့အားလုံးပြောင်းလဲကြရင် မလုပ်နိုင် စရာမရှိတာအမှန်ဖြစ်တာကြောင့် ပြည်တွင်းကဖိနှိပ်ခံနေရတဲ့ပြည်သူတွေအတွက်ကော၊ အများအမြင်မှာအမြဲကွဲနေတတ်တယ်ဆိုတဲ့လူမျိုးဂုဏ်ကိုပြန်ဆယ်ဘို့ကော၊ လှုပ်ရှားမှုအ တွက်ထိထိရောက်ရောက်ဖြစ်ဘို့ကော၊ မျိုးဆက်သစ်တွေအတွက်ကော စုပေါင်း ၀ိုင်းလုပ်ကြ သင့်ပြီဖြစ်တယ်လို့ထင်ပါတယ်။ ဒီအချိန်အထိမှ ကျွန်တော်တို့ယောင်တောင်တောင်လုပ်နေ ကြသေးရင် ကျွန်တော်တို့လောက် ညံ့ကြတဲ့သူတွေသမိုင်းမှာရှိတော့မှာမဟုတ်ပါဘူး။ အားလုံးအနေနဲ့ ၀ိုင်းဝန်းတွေးတောပြီး တကယ်အနှစ်သာရရှိ၊ စံနစ်ကျတဲ့၊ မှန်ကန်သောအင် အားတခုတည်ဆောက်ပြီး မြန်မာနိုင်ငံပြောင်းလဲရေးမှာ ထိထိရောက်ရောက်ပါဝင်အလုပ်လုပ် နိုင်ကြလိမ့်မယ်လို့မျှော်လင့်လျှက်။

ငြိမ်းချမ်း

Related Documents

Moving Forward
May 2020 26
Moving Forward
June 2020 19
Moving Forward
May 2020 24
Moving Forward
June 2020 22
Moving Forward
June 2020 24
Moving Forward
June 2020 15