Message For Karen Revolution Anniversary By Free Burma Federation

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Message For Karen Revolution Anniversary By Free Burma Federation as PDF for free.

More details

  • Words: 124
  • Pages: 1
၂၀၀၉ ခုနစှ ၊် ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် ကျရောက်သော နှစ် (၆၀)ပြည့် ကရင်ေ့  တ်ာလနှေ် ရးအခမ်းအနားသို့ မြန်မာပြည်လတွေ် မြာက်ရေးအဖွဲ့ ချုပ်မှ ပေးပို့သော သ၀ဏ်လွှာ ကရင်အမျိုးသားများသည် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စု စနစ်အပေါ်တွင် အခြေခံသည့် နိုင်ငံတော်သစ်တည်ဆောက်ရေးစသော နိုင်ငံရေးဦးတည်ချက်များဖြင့်သမိုင်းဝင် ကရင့်တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့သည်မှာ ယခု (၂၀၀၉) ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ဆိုလျှင် နှစ် (၆၀) တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အဆိုပါ နှစ် (၆၀) တော်လှန်ရေးကာလတလျှောက် ရန်သူစစ်အုပ်စု၏ ဖိနှိပ်ချေမှုန်းမှု၊ သပ်လျှိုဖြိုခွဲမှုများစသည့် နည်းပရိယာယ်အမျိုးမျိုးကို အသက်၊ သွေးချွေးများစတေး၍ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ရုံသာမကတိုင်းရင်းသားပြည်သူ တရပ်လုံး၊ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးကို ရှေးရှု၍ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကျောင်း သား လူငယ်များကိုပါ ကူညီစောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည့် ပြတ်သားသော စိတ်ဓာတ်နှင့် ဖြူစင်သောစိတ် နှလုံးသားတို့အား ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်မှ အထူးပင် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါ သည်။ ယခုကဲ့သို့ စစ်အာဏာရှင်စနစ်ကို ခြွင်းချက်မရှိ တော်လှန် နိဂုးံ ချုပ်ရန် သမိုင်းက တောင်းဆိုလာသော အချိန် ကာလတွင် မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်အနေဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး၊ စစ်မှန် သော ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွန်းရေး၊ အမျိုးသား တန်းတူညီမျှရေး၊ သွေးစည်းညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးတို့အတွက် ကရင်အမျိုးသားများနှင့် အတူ လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ကရင့် တော်လှန် ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယတွင် ခိုင်မာစွာ သနိဌ္နာန်ချ၍ ဤသ၀ဏ်လွှာအား ပေးပို့အပ်ပါသည်။ ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် ရက်စွဲ။

။ ဇန်န၀ါရီလ (၃၁) ရက်၊ ၂၀၀၉ ခုနှစ်

Related Documents