May 25 News

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View May 25 News as PDF for free.

More details

  • Words: 1,722
  • Pages: 10
ပြောက်ကျားလှုပ်ရှားမှု စတင်သင့်ကြောင်း ကွန်မြူနစ်ပါတီပြော ကိုဝိုင်း တနင်္လာနေ့၊ မေလ 25 2009 15:12 ချင်းမိုင် (မဇ္ဈိမ)။

။ ဒေါ်အောင်ဆန်းစုကြည် အမှုအား စစ်ဆေးသည့် အင်းစိန်ထောင်ရှေ့ သာမက

အခြားနေရာများ၌လည်း ပြောက်ကျား လှုပ်ရှားမှုများ ပြုလုပ်ပါရန် ဗကပ ခေါ် ဗမာပြည် ကွန်မြူနစ်ပါတီက ထုတ်ပြန်ပြောဆိုသည်။ ရုံးထုတ်ချိန်တွင် ဒီမိုကရေစီ လိုလားသူနှင့် အန်အယ်ဒီ ပါတီဝင်များ အနေဖြင့် အင်းစိန်ထောင်ရှေ့တွင် စုရုံးနေကြရာမှ ရန်ကုန်မြို့နှင့် အခြားနေရာများသို့ပါ ပြောက်ကျားနည်းဖြင့် ပျံ့နှံ့ လှုပ်ရှားကြသင့်ပြီ ဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။ “အင်းစိန်ထောင်တဝိုက်မှာပဲ လှုပ်ရှားရတာဟာ စစ်သဘောအရပြောရရင် သူ့သတ်ကွင်းထဲမှာ လှုပ်ရှားရတာမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကိုယ့်ဘက်က ပြောက်ကျားတိုက်သလို ရန်သူ မမျှော်လင့်တဲ့ နေရာမှာ အလစ်ထွက်တိုက်တဲ့ နည်းမျိုးတွေကနေ အစချီရပါမယ်” ဟု ထုတ်ပြန်ချက်အတွင်း ထည့်သွင်း ဖော်ပြထားသည်။ တိုက်ပွဲ နည်းနာများ အနေဖြင့် ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ မေတ္တာပို့ခြင်းတို့ သာမက စစ်တပ်၊ ကြံ့ဖွံ့နှင့် အုပ်ချုပ်ရေး ဌာနများသို့ စာပို့ခြင်းတို့ကုလိ ည်း ပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။ အန်အယ်ဒီ အပါအဝင် အတိုက်အခံများ အနေဖြင့် “စနစ်ကျသည့် မြေအောက်လုပ်ငန်းများ” ထူထောင်၍ လုပ်ဆောင်သင့်ပြီး၊ လျှို့ဝှက်မှုကို ပထမအရေးကြီး အဆင့်အနေဖြင့် ခံယူ လုပ်ဆောင်သင့်သည်ဟုလည်း ဆိုသည်။ ဦးဝင်းတင်က့သဲို့သော တိုင်းပြည်အတွက် အရေးကြီးသည့် ပုဂ္ဂိုလ်မျိုးသည် အခြားအရေးကြီးသည့် ကိစ္စရပ်များ ဆောင်ရွက်ရန် ရှိသောကြောင့် ထောင်ရှေ့သို့ နေ့စဉ် ကိုယ်တိုင် သွားရောက်နေခြင်းသည် မလုပ်သင့်သည့် ကိစ္စမျိုးဖြစ်ပြီး၊ အခြား ခေါင်းဆောင်များ အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ နိုင်သလောက် ဝန်းရံလှုပ်ရှားကြရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက မဇ္ဈိမကို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင် တရားစီရင်နေမှုသည် သံသယဖြစ်ဖွယ်များ ရှိသဖြင့် မျှတသည့် တရားစီရင်ရေးအား မလိုလားသူ အဖျက်သမားများမှလ၍ွဲ နိုင်ငံခြားသားများ၊ သတင်းဌာနများ အပါအဝင် မည်သူမဆို နားထောင်ခွင့်ရရှိနိုင်မည့် Open court ဖြင့်သာ ကြားနာသင့်ကြောင်း သူက ဆိုသည်။ ထို့ကြောင့် လှုပ်ရှားမှု အစ၌ အများပြည်သူရှေ့တွင် စစ်ဆေးရေး Open court နှင့် စတင်သင့်ကြောင်း ဗကပ က အကြံပြုထားသည်။ ယခုအခါ နအဖ စစ်ခေါင်းဆောင်များသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် အရေးပေါ် ပြင်ဆင်သည့်အနေဖြင့် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးရုံးထုတ်ခြင်း၊ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို

နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေခြင်းတို့ကို အချိန်ကိုက် လုပ်ဆောင်လျက်ရှိသည်။ --------------------------------------------------------------------------------------------------ကော့သောင်းတွင် ဒေသခံ မဟုတ်သူများ ပြန်လွှတ် မေကျော် တနင်္လာနေ့၊ မေလ 25 2009 18:14 - မြန်မာစံတော်ချိန် ချင်းမိုင် (မဇ္ဈိမ)။

။ ကော့သောင်းမြို့ခံ မဟုတ်သူများကို စိစစ်မှု တင်းကြပ်စွာ ပြုလုပ်ကာ နေရပ်ရင်းပြန်ပု့မှိုများ

ပြုလုပ်လျှက် ရှိသည်။ လေဆိပ်၊ သဘောင်္ဆိပ်၊ ကားဂိတ်တို့မှ ရောက်ရှိလာသူများကို မှတ်ပုံတင် စိစစ်ကာ ဒေသခံ မဟုတ်သူများကို ခေတ္တ ထိန်းသိမ်းထားပြီး နေရပ်သို့ ပြန်ပို့မှု မေလ ၂၂ ရက်နေ့ကတည်းက စတင်လာခဲ့သည်။ “အခု ကော့သောင်းက ဆေးရုံဟောင်းထဲမှာ ထိန်းထားတယ် အပြင်ထွက်ခွင့် မပေးဘူး။ နောက်တော့ ရပ်ကွက် ရယကတွေကို လူခွဲပေးလိုက်တယ်။ ပြီးတော့မှ တသုတ်ပြီး တသုတ် ပြန်လွှတ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမ သို့ ပြောသည်။ “ကော့သောင်းမှာ ဘယ်ကို သွားမယ်ဆိုပြီး အတိအကျ ပြောနိုင်ရင်တော့ လွှတ်တယ်။ ဘယ်ကိုသွားမယ်။ နယ်ခံမရှိတဲ့ သူတွေကို ထိန်းတာ” ဟု သူက ဆက်ပြောသည်။ အာဏာပိုင်များက လူသိရှင်ကြား ထုတ်ပြန်ချက်မပြုသော လူစိမ်း လက်မခံသည့် အကြောင်းရင်းကို မသိနိုင်သော်လည်း ထိုင်းနိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများ စီးနင်းလာသော လှေတစီး သူဌေးကျွန်းအနီးတွင် မှောက်ခ့မှဲုနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ဒေသခံများက ပြောကြသည်။ သို့သော်လည်း ယခု အချိန်ထိ အနယ်နယ် အရပ်ရပ်မှ ကော့သောင်းသို့ လာရောက်နေကြဆဲ ဖြစ်သည်။ --------------------------------------------------------------------------------------------------အာဆီယံ၏ ထုတ်ပြန် ကြေညာချက် မြန်မာစစ်အစိုးရ ကန့်ကကွ် NEJ / ၂၅ မေ ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည်အမှုနှင့်စပ်လျဉ်းသော အာဆီယံ၏ ထုတ်ပြန်ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည် ဟု ယနေ့ထုတ်စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါကြေညာချက်မှာ အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်းမရှိ၊ အကြောင်းအရာအားဖြင့်လည်း မှန်ကန်မှုမရှိသည့်အပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟု နအဖစစ်အစိုးရက စွပ်စွဲလိုက်သည်။

အာဆီယံအဖွဲ့အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ၏ မေ (၁၈) ရက်ထုတ် ကြေညာချက်ကို ကန့်ကွက်ကြောင်း အချက် (၆)ချက်ပါ ကြေညာချက်တစောင်ကို နေပြည်တော်က မေ (၂၄) ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အာဆီယံအဖွဲ့က မေ (၁၈) ရက်၌ ထုတ်ပြန်ခ့ေဲ သာ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် လူသားချင်းစာနာစွာ ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန် တို့ ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုရသည်မှာ ဥပဒေနှင့်အညီဟုဆိုကာ ပြည်တွင်းရေးသက်သက် ဖြစ်သည်ဟု လည်း နအဖစစ်အစိုးရ၏ ကန့်ကွက်ကြေညာချက်တွင် ပါရှိသည်။ ယခုထိုင်းနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်သည် အာဆီယံအဆင့်မြင့်အရာရှိကြီးများကို ဆွေးနွေးပြင်ဆင်ခွင့် မပေးခဲ့သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးများထံသို့လည်း ထုတ်ပြန်ပြီးမှ နောက်ကျအသိပေးမှုများ ပြုလုပ်ခြင်းသည် လုပ်ထုံးလုပ်နည်းကို သွေဖည်ကာ ၎င်း၏ သဘောဆန္ဒတခုတည်းဖြင့် သဘောရိုးမဟုတ်ဘဲ ထုတ်ပြန်ခြဲ့ ခင်း ဖြစ်ကြောင်း စွပ်စွဲထားသည်။ --------------------------------------------------------------------------------------------------ဒီကေဘီအေ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံများ နယ်စပ်သို့ ထွက်ပြေး NEJ / ၂၅ မေ ၂၀၀၉ တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းရန် လိုအပ်သည့် စစ်သည်များအတွက် အဓမ္မစစ်သား လိုက်လံစုဆောင်းနေ သဖြင့် ရာနှင့်ချီသည့် ဒေသခံများ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။ လှိုင်းဘွဲမြို့ ကွမ်ဘီကျေးရွာ အခြေစိုက် ဒီကေဘီအေ (၉၉၉) တပ်မဟာသည် နအဖ၏ အမိန့်ဖြင့် ဒီကေဘီအေ အဖွဲ့အား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ညွှန်ကြားခဲ့ရာတွင် လိုအပ်သည့် စစ်သည်အရေအတွက် ရရှိရန် တအိမ်တယောက်နှုန်းဖြင့် အဓမ္မ လိုက်လံ စုဆောင်းမှုကြောင့် ယခုလ (၂၂) ရက်မှ စတင်ကာ ဒေသခံ အိမ်ထောင်စု (၁၇) စုမှ ရွာသား (၁၀၉) ဦး အိုးအိမ်ပစ္စည်းများ စွန့်ခွာ၍ ထိုင်း -မြန်မာနယ်စပ်ရှိ ပြည်တွင်းဒုက္ခသည် စခန်းတခုသို့ ရောက်ရှိလာကြသည်။ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ (၇) ဒေသ ဖာအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် စခန်းကော်မတီမှ တာဝန်ယူ ကြည့်ရှု စောင့်ရှောက်ထားသည်ဟု စခန်းဥက္ကဋ္ဌ စောတဆူးညားက ခေတ်ပြိုင်သို့ ပြောသည်။ ၎င်းက “အခုရောက်ရှိလာတဲ့လူတွေဟာ လှိုင်းဘြွဲ့ မို့နယ် ဖောသူးခီးရွာနဲ့ ပိုင်ကြုံမြို့နယ်က ထီးပယ်ဝရွာက ဖြစ်တယ်။ ဒီကေဘီအေ ၉၉၉ တပ်က တပ်မှူး ဖားနွီးရဲ့အမိန့်နဲ့ အသက် (၁၂) နှစ်၊ (၁၃)နှစ် အရွယ်တွေပါမကျန် လိုက်ဖမ်းခိုင်းတယ်၊ ထွက်ပြေးတဲ့လူဆိုရင် တအိမ်ကို ကျပ်ငွေ (၁၀) သိန်းပေးရတယ်။ ဒါကြောင့် ဒီလူတွေ ထွက်ပြေးလာကြတာ” ဟု ပြောသည်။

ထွက်ပြေးလာသူများထဲမှ ဦးကျော်ပစ်က “ဘယ်လိုမှ နေလို့မရတော့ဘူး။ လုပ်အားပေး ခဏခဏ ခေါ်တယ်။ (၁၃) နှစ် ကလေးကအစ အကုန် စစ်သားလုပ်ဖို့ လိုက်စုတယ်။ သူတို့ပြောတာက သင်တန်းပေးမယ်၊ လစာပေးမယ်၊ စာသင်ပေးမယ်၊ (၃) လ သင်တန်းတက်ရမယ်၊ နေစရာပေးမယ်၊ တလ လစာ (၂,၅၀၀၀) ရမယ်လို့ပြောတယ်။ ဘယ်သူမှ မလုပ်ချင်ကြလို့ အိမ်ယာလယ်မြေနဲ့ ကျွဲနွားတွေကို ထားခဲ့ပြီး အခုလို ထွက်ပြေးလာရတာ ဖြစ်တယ်။ နောက်ထပ်လည်း လာမယ့်လူတွေ အများကြီးရှိသေးတယ်” ဟု ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၂) မှ ဒု-ရင်းမှူး ဗိုလ်မှူးဒီးကွယ်ကလည်း “ဒီနေ့လည်း ကျနော်တို့စခန်းဆီကို ထပ်ရောက်လာတဲ့လူ (၁၀) ဦးရှိတယ်။ သူတို့ကို လယ်ပေါ်ဟဲ စခန်းကို ပို့ဖို့စီစဉ်နေတယ်” ဟု ပြောသည်။ လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းတွင် ခိုလုံနေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ၏ စောထွန်းထွန်းကလည်း ၎င်းတို့စခန်းသို့ လူသစ်များရောက်လာမည်ဆိုပါက လက်ခံရန် အခက်အခဲများ ရှိသဖြင့် စခန်းကော်မတီအနေဖြင့် အစည်းဝေးထိုင်ရမည်ဟု ပြောသည်။ နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။ နအဖက ငြိမ်းအဖွ့မျဲားအား နယ်ခြားစောင့်တပ်အဖြစ် ပြုပြင်ပြောင်းလဲဖွ့စဲ ည်းမည့် အစီအမံကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ (ဒီကေဘီအေ) အဖွ့ကဲ ဦးဆုံးကြိုဆိုလက်ခံခြဲ့ ပီး သတ်မှတ်ထားသည့် စစ်သည်အရေအတွက် ရရှိရေးအတွက် ယခုက့သဲို့ အရွယ်မရောက်သေးသည့် ကလေးငယ်များကို အဓမ္မလိုက်လံစုဆောင်းခြင်း ဖြစ်သည်ဟု သိရသည်။ --------------------------------------------------------------------------------------------------နေပြည်တော်ဘူတာတွင် ချိန်ကိုက်မိုင်းတလုံးတွေ့ မင်းနိုင်သူ / ၂၅ မေ ၂၀၀၉ ပြီးခဲ့သည့် မေ (၂၄) ရက် နံနက် (၄) နာရီခန့်တွင် နေပြည်တော်ဘူတာစင်္ကြံ (၁) ၌ ရပ်ထားသော နေပြည်တော်ရန်ကုန် အမှတ် (၃၂) အစုန်ရထား အထက်တန်းတွဲအမှတ် (၅) အိမ်သာခေါင်မိုးပေါ်တွင် ချိန်ကိုက်မိုင်းတလုံး တွေ့ရှိခ့ေဲ ကြာင်း နအဖစစ်အစိုးရထုတ် သတင်းစာများတွင် ယနေ့ဖော်ပြသည်။ နအဖစစ်အစိုးရက အကြမ်းဖက်သောင်းကျန်းသူများက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်သွားမည်ဟု သတင်းများရရှိထားသည်ဟု ဆိုသည်။ ထိုက့သဲို့ အကြမ်းဖက်လုပ်ရပ်များကို ABSDF က ပြည်သူ့တိုက်ပွဲမြှင့်တင်ရေး ကော်မတီဖ့စွဲ ည်း၍ လုပ်ဆောင် သွားလိမ့်မည်ဟုလည်း သတင်းတွင် စွပ်စွဲထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ကိုသံခဲက “ဒီနအဖသတင်းစာမှာပါတဲ့ စွပ်စွဲချက်တွေကို ABSDF အနေနဲ့ လုံးဝကန့်ကွက်ပါတယ်။ ဒါဟာ နအဖရဲ့ တဖက်သတ်စွပ်စွဲချက်တွေပဲ ဖြစ်ပါတယ်။ အခုလို အများပြည်သူ ထိခိုက်အောင် ကြံစည်လုပ်ဆောင်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။ နအဖ သတင်းပါ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မည့်နေရာများကို ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အမှုကို အင်းစိန်ထောင်အနီးအနားမှ လာရောက်စောင့်ဆိုင်း ဆန္ဒဖော်ထုတ်ရာ အင်းစိန်ဈေးတ၀ိုက်နှင့်အခြားလူစည်ကားရာ နေရာများဟု ပါရှိသည်။ ယင်းလုပ်ရပ်များ လုပ်ဆောင်ရန် ABSDF မှ လူနှစ်ဦးလွှတ်ထားသည်ဟုလည်း နအဖက စွပ်စွဲထားသည်။ “ခုချိန်ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျောင်းသားပြည်သူအကြားမှာ လှုပ်ရှားမှုတွေ အရှိန်မြင့်တက်နေချိန်ဖြစ်တယ်။ အထူးသဖြင့် အင်းစိန်ပတ်ဝန်းကျင်ဖြစ်သလို မြို့ကြီးတော်တော်များများမှာလည်း လှုပ်ရှားမှုတွေဟာ တနေ့တခြား များပြားလာနေပါတယ်။ အဲလိုအခြေအနေတွေ ရှိနေတော့ လှုပ်ရှားမှုတွေ လုပ်နေတဲ့ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် နအဖက ကြံစည်ဖန်တီးနေတာပါ” ဟု ကိုသခဲံက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်စွဲဆိုနေမှုကို မရပ်ဆိုင်းဘဲ ယခုထက်ပို၍ ဥပဒေမဲ့ မတရားပြုကျင့် လာပါက ပြည်သူလူထု၏ လှုပ်ရှားမှုများသည် ယခုထက်ပို၍ အရှိန်မြင့်တက်လာမည်ဟုလည်း ABSDF ဥက္ကဋ္ဌ ကိုသံခဲက သုံးသပ်ပြောဆိုသည်။ --------------------------------------------------------------------------------------------------မိုးလေ၀သ သတင်း ဖြေကြားသော တယ်လီဖုန်း ၂၄ နာရီ ခေါ်ဆို၍မရ NEJ / ၂၅ မေ ၂၀၀၉ မိုးလေ၀သ သတင်းကို အလိုအလျောက် ဖြေကြားပေးသည်ဆိုသော တယ်လီဖုန်းအား (၂၄) နာရီလုံး ခေါ်ဆို၍ မရသည့်အတွက် ရန်ကုန်မြို့ခံများ ဒေါသဖြစ်နေကြောင်း သိရသည်။ “မိုးတွေက မည်းမှောင်နေတာ၊ တချက်တချက် လေကတိုက်လိုက်သေးတယ်။ ကျမတို့အိမ်မှာ ဖုန်းရော၊ တီဗီရော ရှိတယ်။ မီးမလာလို့ တီဗီမကြည့်ရတဲ့အခါ မိုးလေ၀သ သတင်းကို အလိုအလျောက် ဖြေကြားစက်ကို အားကိုးမယ်လို့ ဆက်နေတာ မနေ့က ညနေ (၈) နာရီလောက်ကပဲ ခုထိ ခေါ်မရသေးဘူး။ ဒီနေ့ နေ့လယ် (၁) နာရီခွဲထိ မရသေးတာ၊ စဉ်းစားကြည့်၊ သတင်းစာလည်း ယူပါတယ်။ ဒါပေမယ့် တခါ တခါ ညနေမှ ရောက်တယ်။ အခု မရောက်သေးဘူး” ဟု ဒဂုံမြို့သစ် မြောက်ပိုင်း (၁၃) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။ မုန်တိုင်းဖြစ်ပေါ်နေသည်ကို ရန်ကုန်မြို့ခံများ အားလုံးက ဂရုစိုက်နေကြသည့်အတွက် အဆိုပါ အလိုအလျောက် ဖြေကြားသော ဖုန်းကို လူတိုင်းက ဆက်သွယ်မေးမြန်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုလ (၂၃) တွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသို့ ဦးတည်ခြင်း မရှိသေးကြောင်း ထုတ်ပြန်ထားသည်။ နာဂစ်မုန်တိုင်းတိုက်ပြီးနောက် မိုးလေ၀သ သတင်းများကို လူတိုင်းက စိတ်ဝင်တစား ဖြစ်ကြသည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယင်းအလိုအလျောက် ဖြေကြားသော တယ်လီဖုန်း (667766) ကို ဆက်သွယ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ယင်းဌာနမှ ၀န်ထမ်းတဦးက ပြောသည်။ “သူတို့ကတော့ မ၀င်နိုင်ဘူးလို့ ပြောပေမယ့် လူတွေက နာဂစ်ကို နမူနာယူပြီးတော့ လန့်နေတာပေါ့။ ဒါကြောင့် မိုးလေ၀သကို မေးမလို့။ ဖုန်းကလည်း ခေါ်မရ” ဟု ဗဟန်းမြို့နယ်အတွင်း နေထိုင်သော အငြိမ်းစားကုန်သွယ်ရေး ၀န်ထမ်းတဦးက ပြောသည်။ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်သော သတင်းများအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသသို့ ရွေ့လျားမှု မရှိဟု သိရသည်။ ယခုဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း ဒုတိယအကြိမ်ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။ --------------------------------------------------------------------------------------------------စွမ်းအားရှင်များ စရိတ်ငြိမ်းတနေ့ ၂ ထောင်ရ Monday, 25 May 2009 17:59 ကြည်ဝေ အင်းစိန်ထောင်နှင့် အနီးတ၀ိုက်တွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်း ကတည်းက ယနေ့ထိ စွမ်းအားရှင်နှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင် ၅၀၀ ကျော်ခန့်ကို တရက် ကျပ် ၂ ထောင်နှုန်းနှင့် အခကြေးငွေပေးကာ ငှားရမ်းထားကြောင်း သိရသည်။ ထိုစွမ်းအားရှင်နှင့် ကြံ့ဖံွ့ အဖွဲ့ဝင်များမှာ ဒေါပုံ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။ “ဒေါပုံက ပါတယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာက ပါတယ်၊ နောက် အင်းစိန်ထဲက တချို့ပါတယ်။ သူတို့ကို မနက် ၈ နာရီဆိုရင် စုရပ်တွေမှာ သွားကြိုပေးရတယ်၊ နေ့လယ်စာကျွေးရတယ်၊ တနေ့ ၂ ထောင်ပေးရတယ်၊ တကယ်လို့ ပြဿနာဖြစ်တယ် ဖမ်းရမယ်၊ ရိုက်ရမယ် ဆိုရင် တယောက်ကို ၂ သောင်းပေးမယ်လို့ ပြောထား တယ်” ဟု အင်းစိန် အနောက် ရွာမ မှ ရယက အဖွဲ့ဝင်တဦးက ပြောပြသည်။ အဆိုပါအဖွဲ့တွင် အမျိုးသမီးများလည်း ပါရှိပြီး လူ ၄၀၀ ကျော်ကို အင်းစိန်ဈေးအရှေ့တွင် နေရာ ချထားကာ ကျန် ၅၀ ကျော်ကို အင်းစိန်အကျဉ်းထောင် ဘူးဝ၊ ဘုရင့်နောင်လမ်းမ များတွင် နေရာယူထားကြောင်း သိရသည်။

“အမျိုးသမီးတွေကတော့ ထိပ်တန်းအပေါင်ဆိုင်ရှေ့က NLD အဖွဲ့ဝင်တွေနားမှာ ကပ်ပြီး နေရာယူတယ်။ သူတို့က နည်းနည်းထူးခြားရင် လာပြောပေးတယ်” ဟု အဆိုပါ အဖွဲ့အတွင်းမှ ကြီးကြပ်ရေးမှူးတာဝန်ယူထားသူ တဦးက ပြောဆိုသည်။ ၎င်းတို့၏ အဓိက တာဝန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကို စောင့်ကြည့်ရန်ဖြစ်ပြီး NLD ဘက်မှ လှုပ်ရှားမှု တစုံတရာ ပြုခဲ့ပါက ထိုအနီးတ၀ိုက်တွင် ၀ှက်ထားသော လက်ကိုင်တုတ်များနှင့် ရိုက်နှက်ရန်၊ ဖမ်းဆီး ချုပ်နှောင်ရန် တာဝန်ပေးထားကြောင်း သိရှိရသည်။ “တနေ့ ၂ ထောင်နဲ့ နေ့လယ်စာ ကျွေးမယ်ဆိုလို့ လိုက်လာတာ၊ ထိုင်စောင့်ကြည့်ရမယ်လို့ ပြောတယ်” ဟု အဆိုပါ စွမ်းအားရှင်အဖွဲ့တွင် ပါဝင်သော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။ ၎င်းသည် လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ဖြစ်ပြီး ကျဘန်းအလုပ်သမတဦးဖြစ်သည်။ သူနှင့်အတူ အမျိုးသမီး ၃၀ ကျော်ခန့်ပါဝင်ကြောင်း သိရပြီး ထိုအမျိုးသမီးများမှာ အင်းစိန်ဈေးရှေ့ တွင်လည်းကောင်း၊ ထိပ်တန်းအပေါင်ဆိုင်အနီးတွင်လည်းကောင်း နေရာယူထားကြသည်။ “သူတို့က အမြဲတမ်း NLD က လူတွေထက် ၁ ဆလောက်ပိုများအောင် ခေါ်ထားတယ်။ အဖွဲ့ချုပ်က လူ ၂၀၀ ဆိုရင် သူတို့က ၄၀၀ ကျော်လောက် ထားတယ်။ ဒါမှ လူအင်အားသုံးပြီး အနိုင်ယူနိုင်မှာ” ဟု အင်းစိန်၊ ပိန္နဲကုန်း ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။ NLD ရုံးရှေ့နှင့် အနီးတ၀ိုက်တင်ွလည်း တခြားသော စွမ်းအားရှင်အဖွဲ့ တဖွဲ့ ရှိသေးကြောင်း သိရိရှ သည်။ ထိုစွမ်းအားရှင်အဖွဲ့မှာ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံထဲတွင် လည်းကောင်း၊ ရေတာရှည်လမ်းတို ထိပ်ရှိ လက်ဖက်ရည်ဆိုင်ထဲတွင် လည်းကောင်း အုပ်စု ၂ စုခွဲကာ နေရာယူထားကြောင်း သိရပြီး စုစုပေါင်း လူ ၅၀ ၀န်းကျင်ခန့်ရှိကြောင်း ရွှေဂုံတိုင်၊ ရေတာရှည်လမ်းတို့တွင် နေထိုင်သူ တဦးက ပြောဆို သည်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းဖြစ်ပွားခဲ့သော လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ လမ်းလျှောက်ပွဲတွင်လည်း အေးချမ်းစွာ လမ်းလျှောက်လာကြသော NLD အဖွဲ့ဝင်များအား ၀င်ရောက် ရိုက်နှက်၍ ဖမ်းဆီးကာ ဒိုင်နာ ကားပေါ်သို့ ဆွဲတင်ခြင်းများကို ပြုလုပ်ခြဲ့ ကသူများမှာလည်း နေ့လယ်စာကျွေး၊ နေ့စားခပေးကာ ငှားရမ်းထားသော ကြေးစားများဖြစ်ကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုင်ငံခြားသားလက်ခံမှုဖြင့် တရားစွဲဆိုနေသည့် အချိန်တွင် NLD အဖွဲ့ဝင်ပေါင်း ၁၀၀ ၀န်းကျင်ခန့်နှင့် တခြား လာရောက် အားပေးသူများ အင်းစိန်ထောင်အနီးတွင် နေ့စဉ် ရှိနေကြသည်။ --------------------------------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရခြင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်များ၏ အမြင် Monday, 25 May 2009 18:52 ဧရာဝတီ

အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ဆိုသူ နေအိမ်သို့ ရေကူးဝင်ရောက် ခဲ့မှုနှင့် ပတ်သက်၍ စစ်အစိုးရ က ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုခြင်း အပေါ် တိုင်းရင်းသား ခေါင်းဆောင်များ၏ အမြင်သဘောထားကို ဧရာဝတီက မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

ဦးအေးသာအောင် အတွင်းရေးမှူး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အဓိကကတော့ လက်ရှိအာဏာကိုရယူထားတဲ့ စစ်အစိုးရဟာ တနည်းအာဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ သွားဖို့ ၊ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို လုံးဝ လျစ်လျူရှု ပြီးတော့ သူသွားလိုတ့လဲ မ်းပေါ့ Road Map လို့ခေါ်တဲ့ လမ်းကြောင်းအတိုင်းပဲ တဖက်သတ် သွားတော့မယ်၊ အဲဒီလို သွားတဲ့ နေရာမှာလည်း ပဲ သူတို့အမြင်မှာ ဒီလမ်းမှာအနှောင့်အယှက်ပေးမယ့် မင်းကိုနိုင၊် ကိုကိုကြီး အစရှိတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို တနည်းအားဖြင့်တော့ မလွှတ်ချင်ဘဲနဲ့ ထောင်ထဲမှာ သူတို့လိုချင်တဲ့ အတိုင်းအတာအထိ ထားဖို့ ရည်ရွယ် ချက်နဲ့ အခုလို စွပ်စွဲပြီးတော့ ရုံးတင်စစ်ဆေးနေတယ် လို့မြင်ပါတယ်။ ထောင်ချမယ်ဆိုတာ မြင်နေရပါတယ်၊ သက်သေထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ အရင် ကျောင်း သား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ဒီအတိုင်း ထောင်ချခဲ့တာပဲလေ။ အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြင်မှာ မထားချင်ဘူးလေ။ မလွှတ်ချင်ဘူးလေ။ ဒါကြောင့်မို့ ပုဒ်မ တပ်ပြီး ဆက်ပြီးတော့ ထောင်ချမယ့် သဘောရှိပါတယ်။ ဒါကတော့ တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စပါ။ နိုင်ငံတော်မှာ ယာယီပဲ ဖြစ်ဖြစ် တနည်းနည်းနဲ့ပဲ ဖြစ်ဖြစ် အာဏာရယူထားတဲ့ အစိုးရတရပ်က မတော်မတရားရား စွပ်စွဲပြီးတော့ အရေးယူဖို့ ပြင်ဆင်တယ် ဆိုတာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တခုလို့ မြင်ပါတယ်။

ဦးဂေါ်ရီ ဇော်ဆိုင်း ဒု ဥက္ကဌ ( ၁ ) ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကျနော်တို့ အနေနဲ့ အကြောင်းအရာ တိုက်ရိုက် မသိရသေးတော့ မပြောနိုင်သေးပါဘူး ခင်ဗျ။ ကျနော်တို့ ကတော့ အခြေအနေ စုံစုံလင်လင် ဘာမှမသိရတဲ့အတွက် ဘာမှပြောဖို့မရှိဘူး။ သူတို့က ဥပဒေနဲ့ဘာနဲ့ ပြောနေတယ်။ ကျနော်တို့က အတိအကျ မသိရတဲ့အတွက် ကျနော်တို့ ပြောဖို့မရှိဘူး ခင်ဗျ။ ဒါပေမယ့် ဖြစ်ပျက်ခ့တဲ့ ဟဲာတွေကို ကျနော်တို့ကလည်း သတင်းကြားရတော့က စိတ်တော့ မကောင်းဘူး၊ ဒီလောက်ပဲ ကျနော်တို့က ပြောနိုင်တယ်ဗျ။ ကြားရတဲ့ သတင်းဆိုရင်တော့ အားလုံးနဲ့ အတူတူပဲ၊ ကျနော် တို့လည်း စိတ်မကောင်းဘူးလေ။

နိုင်ငွေသိမ်း ဒု ဥက္ကဌ ( ၁ )

မွန်ပြည်သစ်ပါတီ(NMSP) အခုလုပ်တဲ့ ကိစ္စတွေက ကျနော်တို့ မြန်မာပြည်မှာက တရားဥပဒေမရှိဘူးလို့ ပြောလို့ရတယ်၊ နဝတ လက် ထက်ကတည်းက ကျနော်တို့ ရင်ဆိုင်ခ့ရဲ ပါတယ်။ အကြံပြုချင်တာက ကျနော်တို့ ဒီမိုကရေစီ အင်အားစု အားလုံးက ညီညွတ်ဖို့လိုပါတယ်။ ဒီမိုကရေစီ ပန်းတိုင် ကို ငြိမ်းချမ်းစွာ သွားနိုင်ဖို့ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးက ညီညွတမှ်ုရှိဖို့လိုပါတယ်။ တိုင်းရင်းသားအားလုံးက တာဝန်ကြီးပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ လက်နက်ကိုင်တဲ့ လူတွေလည်း ရှိပါ တယ်။ ကျနော်တို့က လက်နက်မရှိတဲ့ လူတွေပေါ့နော်။ အဲဒီလူတွေ အားလုံးက ညီညွတ်မှု ရှိဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။

နော်စီဖိုးရာစိန် အထွေထွေ အတွင်းရေးမှူး ကရင် အမျိုးသား အစည်းအရုံး(KNU) ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိပါဘူး။ နအဖ စစ်အစိုးရက အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ၁၃ နှစ် ကျော် ကြာအောင် ဖမ်းဆီးထိန်းသိမ်းထားတာဟာ နအဖကသာ ပြစ်မှု တခု ကျုးလွန်နေတာလို့ မြင်ပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရကို သုံးပွင့်ဆိုင် စကားပြောဖို့ရန် ဖိအားပေး တိုက်တွန်းဖို့လိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့လည်း ဒီထက် ပိုအရေးယူဖို့ တောင်းဆိုပါတယ်။

ဦးမဟော် ခွန်ဆာ အထွေထွေအတွင်းရေးမှူး တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ကျနော့်အမြင်ကတော့ ဒေါ်စုကို ပြန်မလွှတ်ပေးချင်လို့ အခုလို အကြောင်းမရှိ အကြောင်းရှာပြီးတော့ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆိုထားတယ်လို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာမိတ် အင်အားစု ၇ ဖွဲ့ ပေါင်းပြီး ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခြဲ့ ပီးဖြစ်ပါတယ်။ အခုတော့ တရားစွဲဆိုတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်စောင့်ကြည့်နေပါတယ်။ ဧရာဝတီ သတင်းထောက် အေးလဲ့ စုစည်းသည်။ ---------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ ပြန်လှန်စစ်မေးခွင့်ရ Monday, 25 May 2009 19:58 ကိုစိုး

အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ဆိုသူ နေအိမ်သို့ ရေကူး ဝင်ရောက်မှုနှင့် တရားစွဲဆို ခံထားရသော ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများက ယနေ့တွင် အစိုးရ တရားလိုပြ သက်သေများကို ပြန်လှန်မေးခွန်းများဖြင့် မေးမြန်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။ ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဒု ရဲမှူးကြီး ဇော်မင်းအောင် ၊ ဒု ရဲမှူး စကျော်ဝင်း ၊ ဗဟန်းမြို့ နယ်မှူးနှင့် တခြားတဦးကို ပြန်လှန်မေးခွန်း မေးမြန်း စစ်ဆေးခြင်းပြုလုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောသည်။ “ဒီနေ့ ကျနော်တို့ အဓိက ပြန်လှန်မေးခွန်းလုပ်တာက အခု စွပ်စွဲထားတဲ့ ပုဒ်မ အရ စည်းကမ်းချက်တွေထဲမှာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြုလုပ်ဆောင်ရွက်မှုက အကြုံး မဝင်ကြောင်းကို ကျနော်တို့ ပြန်လှန်မေးခွန်း Cross လုပ်တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။ အစိုးရတရားလိုပြ သက်သေ ၅ ဦးကို ပြန်လှန်မေးခွန်း စစ်မေးရန် ခေါ်ထားသော်လည်း တဦးကိုပယ်လိုက်ပြီး ၄ ဦးကိုသာ စစ်မေးခဲ့ကြောင်းနှင့် မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် မစ္စတာ ယက်ထောတို့ကို စစ်မေးမည်ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။ အစိုးရဘက်က တရားလိုပြသက်သေ စာရင်း စတင်ရာတွင်၂၂ ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အမှုကို စွဲချက် တင်ရန် တရားရုံးက ဆုံးဖြတ်ချက်ချမည့် နေ့တွင် နောက်တိုး ဒု ရဲမှူးကြီး ဝင်းနိုင်ထွန်း အပါအဝင် ၂၃ ဦး ဖြစ်ခဲ့ သည်။ ၎င်းတို့အထဲမှ ပြီးခဲ့သည့်အပတ်အတွင်း ၁၃ ဦးကို စစ်ခ့သဲ ည်ဟု ဦးဉာဏ်ဝင်း က ဆိုသည်။ လက်ရှိအခြေအနေအရ တရားခွင်သည် အများပြည်သူ ကြားနာခွင့်မရှိသော တရားခွင် ဖြစ်နေသည့်အတွက် ကျေနပ်မရှိကြောင်းလည်း ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။ အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခြဲ့ ပီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။ ---------------------------------------------------------------------------------------------------

Related Documents