March 82009 News

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View March 82009 News as PDF for free.

More details

  • Words: 5,857
  • Pages: 24
www.yeyintnge.blogspot.com

ကာတွန်း ကလျာမိတေ - မြန်မာကျပ်ငွေက မာမာပဲ

NEJ / မတ်လ(၈) ရက်၊ ၂၀၀၉ လျှပ်စစ်မီး လုံးဝ မရသလောက် ဖြစ်နေသည်ကို အကြောင်းပြုပြီး မတ်လ (၆) ရက်နေ့ညက မော်လမြိုင်မြို့မှာ ဆူပူဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ကျောင်းသားတဦးနှင့် မြို့ခံများက ပြောပြသည်။ ကိုယ်တိုင်ပါဝင်ခဲ့သူ ကျောင်းသားတဦးက "ကျနော်တို့ အတန်းတင်စာမေးပွဲဟာ လာမယ့် မတ်လ (၁၁) ရက်နေ့ဆို ဖြေရတော့မယ်။ မီးက လုံးဝ မလာသလောက်ဘ။ဲ ကျနော်တို့ အားလုံး အတော်ဒုက္ခရောက်တယ်။ မိဘတွေလည်း ဒုက္ခရောက်တယ်။ ဒါနဲ့ တောင်ဝိုင်းဘက်မှာ ကျနော်တို့ စုမိကြတယ်၊ တက္ကသိုလ် ကျောင်းသားတွေလည်းပါတယ်။ ဆိုင်ကယ်နဲ့ ညဘက် မီးစက်တွေကို သွားဝိုင်းကြမယ်၊ တမြို့လုံး လှည့်အော်ကြမယ် တိုင်ပင်ပြီးထွက်ကြတာ၊ စစခြင်း ကျနော်တို့ ဆိုင်ကယ် အစီး (၂ဝ) လောက်ပ။ဲ နောက်လှည့်ရင်းနဲ့ အစီး (၇ဝ) ကျော် နောက်ပိုင်း အစီး (၁ဝဝ) လောက်အထိ များလာတယ်။ တချို့ ကျောင်းသားတွေက စိတ်မထိန်းနိုင်ဘဲ မန္တလေးရပ်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး စည်းရိုးတွေကို ချိုးဖျက်ကြတယ်။ အများစုကတော့ ရုံးကို ခဲတွေနဲ့ ပေါက်ကြတယ်။ နောက် ငန်းတေးရပ်က မီးစက်ကြီးကို အော်ဟစ် ခဲနဲ့ပစ်ကြတယ်။ ညဘက်ဆိုတော့ ဘယ်သူတဦးတယောက်မှ ထိခိုက်မှု မရှိပါဘူး" ဟု ပြောသည်။

ပြောသည်။ မြို့ခံများ၏ ပြောပြချက်အရ ကျောင်းသားများသည် ဆိုင်ကယ်ကိုယ်စီ စီးပြီး ညဦးပိုင်းမှ ညနက်သည်အထိ မန္တလေးရပ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးရပ် မီးစက်နှင့် အခြားမြို့တွင်းနေရာ အတော်များများကို လှည့်လည်ဆန္ဒပြခဲ့ကြသည်။ စိတ်ဝင်စားသူ လူအုပ်ကြီးကလည်း ဆိုင်ကယ်တွေနှင့် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်သို့ ဆိုင်ကယ်အုပ်ကြီး ချီတက်သွားသည့်အခါ လျှပ်စစ်မီး ထိန်ထိန်လင်းနေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အဦ ဘားတိုက်တွေကို မြင်ရသည့်အခါ ပိုမို ဒေါသထွက်လာကြကြောင်း၊ သို့သော် စစ်တပ်ပတ်ဝန်းကျင်ဖြစ်သည့်အတွက် အော်ဟစ်တာလောက်ပဲ လုပ်ပြီး ပြန်လှည့်လာကြကြောင်း ပြောပြသည်။ ယခုလို ဆူပူဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် မတ်လ (၇) ရက်နေ့ နံနက်မှ စတင်ကာ ထူးထူးဆန်းဆန်း တမြို့လုံး လျှပ်စစ်မီးရနေတာ ကြုံရကြောင်း မြို့ခံတွေက ပြောပြကြသည်။ မြို့ခံတဦးကတော့ မော်လမြိုင်မြို့ကို လျှပ်စစ်မီးပေးနေတာ သထုံသဘာဝဓာတ်ငွေ့သုံး စက်ရုံနှင့် မော်လမြိုင် ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်ကြောင်း၊ ယခုနောက်ပိုင်း သထုံကလာသည့် လျှပ်စစ်ဓာတ်အားတွေဟာ တိုင်းစစ်ဌာနချုပ်လောက်ကပဲ သုံးရကြောင်း၊ ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဟာလည်း နဂိုက မီးထိုးဆီ အက်ဖ်အိုနဲ့ လည်ပတ်နေရာမှ နောက်ပိုင်း သဘာဝဓာတ်ငွေ့နှင့်လည်ဖို့ ပြောင်းလဲထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် သဘာဝဓာတ်ငွေ့မရသဖြင့် စက်မလည်နိုင် ဖြစ်ခဲ့သည်။ ဆန္ဒပြပွဲဖြစ်ပြီးနောက် မတ်လ (၇) ရက်နေ့ တမြို့လုံး မီးလင်းနေသည့် ဖြစ်စဉ်ကိုကြည့်လျှင် အာဏာပိုင်များသည် လျှပ်စစ်မီးပေးနိုင်ပါလျက် မပေးဘဲ ညစ်ထားတာ သိသာကြောင်း၊ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားရောင်းစားပြီး ဒေါ်လာရှာဖို့သာ သိကြတယ်ဆိုတာ တတိုင်းပြည်လုံး သိကြကြောင်း ကျောင်းသားများက ပြောပြသည်။ အခြားမြို့ခံတဦးကတော့ ယခုလို ဆူဆူပူပူလုပ်မှ လျှပ်စစ်မီးရမယ်ဆိုတာသိလျှင် အလားတူ ဆူပူမှုမျိုး မြန်မာတနိုငင်ံလုံး ပျံ့နှံ့သွားနိုင်ကြောင်း သုံးသပ်သည်။ စစ်အစိုးရသည် လျှပ်စစ်မီး တိုးတက်ရရှိအောင် ရေအားလျှပ်စစ်စီမံကိန်းတွေ ဘယ်လို အကောင်အထည် ဖော်နေပါတယ်ဆိုပြီး သတင်းစာ၊ ရုပ်မြင်သံကြားတွေကနေ နေ့စဉ် ဝါဒဖြန့်နေသော်လည်း ယခုနှစ်သည် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နှစ်တနှစ်အဖြစ် ရန်ကုန်မြို့ခံတွေကရော အခြားနယ်မြို့ခံတွေကပါ ပြောပြကြသည်။        ႛ ႛ   ႓ႛ !  "  2009-03-07 #    ႓ ႛ $   %  ႛ  $  & '(  ! )& ႛ &    ) ** "  "  + "    (     !  )& ႛ        + ႛ   $ ႓ႛ !( '   "  ႓   , ႛ   + +  +   )- ႛ + $ .- /

(Photo: AFP)    !& 9     ႛ &-':"   ; $ <= > ? ႛ  ႚ "  ႛ   , + )A ** "  "  +  '- " B'+  ' $  &  ) & ႚ C  .   & C $  D  !/ (Photo: AFP) & <   ( $ > ( +   ႛ  + ႓    ႓ႛ !  & &  & ,  ) ) $ &    .- / “  ႛ,  " &$ AF -   $ !& ! $    ) ;A*/ & <.  &<  ႓  +  A "    " $ / & <$ . $ ! &$    ) )႓  .)A & & " ( .!<  &   :+>' .)/ &     ) &  !  " (  ! ႓  -  .)/  ႓  FGH & ! ' .)/ & <.,  ) <9&   ,   ႛ & . & .    (  . Aႛ     - )> + -   !! " , . ႛ ႛ ( - ” ႛ !( '  & ($    ႛ +' (  )  !,  )႓  & &- <& ႛ ( $ ႛ      ! ) -)   $  ႓  )   ႓  )  , - AA    , !)   .-  +  )   " ႛ & B  , -  ႛ      .- /

&    ) & <& B ႛ  $   ႛ ႓  &+ H $ * $ &- '-  ႛ &+ ;  " &-    .႓  +'& ႛ  ႛ    + '  &# -  $   )& , !ႛ  ႓!ႛ &  ႛ  A +    ႛ    !  )$ - ႛ  .- /  ( ႓ႛ !-   ** "  "  + "   )&    -'႓   ႒  ) )& . <.+ ) !    .- / “ "  ) &  +  .ႛK" /   , )   .) A &(  " )   (     ! KB& ႛ " ! !႒  Aႛ > $ +>' / <9&   ,   <   $ ( ) ႛ ႛ - )  -  ႖ ႛ (  /  " , >' .)K" / &  !  &( ႒  ႛ   ( - / &   ) '   - /      ) '  - ”   <+ !   ) ./ <& ႛ  +  ႓   $   <+ ! : $ :         -  )+ ,  ) ႓& ႛ $ !ႛ $ !႓ ! "( ႓    $   ! . $ )    - ႛ + .- /

လမ်းဘေး ဒီဗီဒီအခွေ အရောင်းဆိုင်များကို စစ်ဆင်ရေးတစ်ရပ်လုပ်၍ ဖမ်းဆီးနေ သိမ်းဆည်းသွား သည့်အခွေများကို ရဲစခန်းတွင် တစ်ခွေ ၅၀၀ကျပ် ဖြင့်ပြန်လည် ရောင်းချ March 8, 2009 · ၈ မတ် ရန်ကုန် ၊ ညွန့် သက်ထားဦး ရိ န်ကုန်မြို့ ရှိလမ်းဘေးတွင်ရောင်းချသောဒီဗီဒီ အရောင်းဆိုင်များကို မတ်လ၈ရက်နေ့ မှစ၍ရန်ကုန် တိုင်းဗီဒီယို အခြေခံအဖွဲ့ နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍စီမံချက်တစ်ရပ်အနေဖြင့် ဖမ်းဆီးနေကြောင်းသိရသည်။ ကျောင်းသားများစာမေးပွရှဲိ၍ဟူသော အကြောင်းပြချက်ဖြင့်ဖမ်းဆီးသော်လည်း မြန်မာစာတမ်းထိုး နိုင်ငံခြားဗီဒီယိုဇာတ်ကားများကြောင့်မြန်မာဗီဒီယို ဈေးကွက် နစ်နာမှုရှိနေသောကြောင့်ဖမ်း ဆီးရသည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှအမည်မဖေါ်လိုသူတစ်ဦးက Freeodom News Groupသို့ ပြောသည်။

ထိုသို့ ဖမ်းဆီးမှုများသည် မတ်လ ၈ရက်နေ့ မနက်မှစတင်ကာ ကျောက်တံတားမြို့နယ် ၊လသာ၊တာမွေနှင့် ၈မိုင်လမ်းဆုံတို့ တင်ွတစ်ပြိုင်နက်ဖမ်းဆီးနေကြောင်းသိရသည်။ “ပစ္စည်းတင်သိမ်းတာမဟုတ်ဘူးလူကိုပါဖမ်းတာ မိရင်ထောင်ချမှာမို့ ကျွန်တော်တို့ ကိုလွန်ရုံးပြီးထွက်ပြေးရတယ်”လို့ သာကေတတွင်နေထိုင် ပြီး မဟာဗန္ဓုလမ်းတွင် လမ်းဘေးဒီဗီဒီ ဆိုင်ဖငွ့်လှစ်ကာရောင်းချနေသူတစ်ဦးကပြောသည်။ ဖမ်းဆီးရေးအဖွဲ့ မှသိမ်းဆည်းသွားသောဒီဗီဒီ နှင့် ဗီစီဒီအခွေများကို ရဲစခန်းများမှ ပြန်လည်ရောင်းချနေပြီး တာမွေရဲစခန်းတွင်မူ တစ်ချပ်ကို၅၀၀ကျပ်နှုန်းဖြင့်ပြန်လည်ရောင်း ချနေသည်ဟုသိရသည်။ရန်ကုန်မြို့တင်ွလျှပ်စစ်မီးများမလာသော်လည်းမြို့ခံလူထုက ဒီဗီဒီအခွေများကို နှစ်သက်စွာဝယ်ယူကြသည်။“မီးကမလာတော့ တီဗီကလာတဲ့ကိုရီးယားကားလည်း ကြည့်လို့ မရတော့ဘူး လာတဲ့အချိန်မှာ ဒီဗီဒီ လေးကြည့်ပြီးအပန်းဖြေရတာဟု ဆိပ်ကမ်းသာလမ်းတွင် နေထိုင်သော ကျောင်းဆရာတစ်ဦးက ဆိုသည်။ ဖမ်းဆီးရေးအဖွဲ့ မှဒီဗီဒီ အရောင်းဆိုင်များကိုလိုက် ဖမ်းဆီးနေသော်လည်း နယ်မြေရဲစခန်းတွင် လိုင်းဝင်ထားသောဆိုင်များမှာ ကြိုတင်သတင်းရထားသောကြောင့် အခွေများကိုသိမ်းဆည်းထားပြီးဆိုင်ကိုပိတ်ထားသသိရသည်။ မီးမလာ၍ ဆယ်တန်း ပေါ့ ကတ် များအရောင်းသွက် March 7, 2009 · ၈ မတ် ရန်ကုန် ၊ညွန့် သက်ထားဦး ဆယ်တန်း ကျောင်းသားများကပေါ့ ကတ်ဟု လျှို့ ဝှက်ခေါ် ဆိုသည့် စာမေးပွခဲ န်းတွင်းခိုးချရာတွင် သုံးသောအိတ်ဆောင်ပေါ့ကတ်များမှာရန်ကုန်မြို့ တင်ွအရောင်းသွက်နေသည်ဟုသတင်းရရှိသည်။ ရန်ကုန်မြို့ တော်ကြီးမှာ အာဏာရအသိုင်းအ၀ိုင်းများနေထိုင်သည့် ဗိုလ်ချုပ်ရွာ အမည်ရှိ ရွှေတောင်ကြား ၂ရပ်ကွက်တင်ွပင်မီးပုံမှန်မလာသဖြင့် ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများမှာလည်း စာမေးပွအဲ တွက်အခက်တွေ့ နေရသည်ဟု ဆိုသည်။ ထိုသို့ အခက်တွေ့ နေသောကျောင်းသားများကို တစ်ဖက်တစ်လမ်းမှကူညီသောအနေဖြင့် စာမေးပွခဲ န်းတွင်းခိုးချရာတွင်သုံးသည့် အိတ်ဆောင်ပေါ့ကတ်များမှာဘာသာရပ်အလိုက် ရောင်းအားကောင်းနေပြီး အင်္ဂလိပ်နှင့် သိပ္ပံတွဲမှာရောင်းအားအကောင်းဆုံးဖြစ်သည်။ “ပေါ့ ကတ်က အစုံလိုက်ဆို ၅၀၀၀ တစ်ဘာသာချင်းယူရင် ၁၅၀၀ ကျတယ်”လို့ ထိုပေါ့ကတ်ကို သွားရောက် ၀ယ်ယူ ခဲ့သည့် အထက ၂ ဒဂုံကျောင်းသားတစ်ဦးက Freedom News Groupသို့ 

ပြောသည်။ သူကဆက်၍“မီးမှမလာတာဗျာဘယ်လိုလုပ်စာကျက်လို့ ရမလဲ ဓာတ်တိုင်အောက်မှာသွားကျက်ရင်လည်းရဲက ဗုံးလာထောင်တယ် အောက်မေ့ပြီးဖမ်းအုံးမယ် အကောင်းဆုံးကတော့ဒီတနည်းပဲ ရှိတယ် ဆရာမတွေကို တိုင်က နင်တို့ မီးမလာဘူးဆိုပြီး တစ်နှစ်တော့အချိန်မပုပ်စေနဲ့ ပေါ့ ကတ်သာအားကိုးတော့ စာမေးပွခဲ န်းထဲရောက်ရင်ပေါ်တင်ကြီးတော့ မလုပ်နဲ့ ငါတို့ မျက်နှာလွှဲ ပေးထားမယ်ဆိုပြီး အတန်းနောက်ဆုံးနေ့ မှာအဲလိုပြောခဲ့တာဗျု”ဟုပြောသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟုခေါ်သည့်ဆယ်တန်းစာမေးပွအဲား တနိုင်ငံလုံးတွင်မတ်လ ၁၁ ရက်နေ့ မှ ၂၀ရက်နေ့ ထိ စတင်စစ်ဆေးမေးမြန်းတော့မည်ဖြစ်သည်။ သေတွင်းမှပြန်လည်လွတ်မြောက်လာသောဇင်ဘာဘွေသမ္မတ ကသူ့ ကိုရည်ရွယ်ချက်ရှိရှိလုပ်ကြံ ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန် March 7, 2009 · ရ မတ် ဟာရာရေး ၊ဇင်ဘာဘွေ

မော်ဂန်ချန်ဂီရိုင်းစီးလာသောကားကိုတိမ်းမှောက်အပြီးတွင်တွေ့ ရစဉ် ဓာတ်ပုံ -အေအက်(ဖ)ပီ

ရှေ့မှလာမောင်းနှင်လာသောထရပ်ကားကတမင်ဝင် ရောက်တိုက်ခိုက်မှုကြောင့်တိမ်းမှောက်သွားသော မော်ဂန်ချန်ဂီရိုင်း၏ကား မတ်လ၆ရက်နေ့  က ဇင်ဘာဘွေနိုင်ငံမြို့ တော်ဟာရာရေး တောင်ဘက်အဝေးပြေးကားလမ်းမပေါ် တွင်ယာဉ်တိုက်မှုဖြစ်ပြီးနောက် ဇနီးဖြစ်သူသေဆုံးခဲ့ပြီးသေတွင်းမှပြန်လည်လွတ် မြောက်လာသော ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်ချန်ဂီရိုင်းက ထရပ်ကားမောင်းသမားသည် မိမိကားကိုရည်ရွယ်ချက်ရှိရှိတမင်ဝင်တိုက်ခြင်းဖြစ်ကြောင်းမတော်တဆတိုက်မိခြင်းမဟုတ် ကြောင်းထုတ်ဖေါ်ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်၏ပါတီဖြစ်သော MDC ပါတီကလည်းထိုကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သကဲ့သို့ အမေရိကန် အစိုးရကလည်းထိုကိစ္စကို အမှုမှန်ဖေါ်ထုတ်နိုင်ရန်တောင်းဆိုထားသည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်ထိ ဇင်ဘာဘွေနိုင်ငံတငွ် အမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ တွမ် မက်ဒေါ်နယ်က ရောဘတ်မူဂါဘီသည် ၎င်းနှင့် နိုင်ငံရေးပြိုင်ဘက်ဖြစ်သူများကိုကားနှင့်တိုက်၍လုပ်ကြံသည့်အစဉ်အလာရှိကြောင်း ၁၉၉၉ခုနှစ်က အလုပ်သမားရေးရာဝန်ကြီး အဲလိယော့ မာယီကာ နှင့် ၂၀၀၁ခုနှစ်က ကာကွယ်ရေးဝန်ကြီး မူဗန်မာ ဟာချီတို့ သည်ထိုသို့ ကားတိုက်၍မှုဖြစ်၍သေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ဖေါ်ပြောဆိုခဲ့သည်။ ကားတိုက်မှုကြောင့် ဇင်ဘာဘွေ ၀န်ကြီးချူပ်ဒဏ်ရာပြင်းထန်စွာရ ဇနီးဖြစ်သူသေဆုံး March 6, 2009 · ၆ မတ် ဟာရာရေး ၊ဇင်ဘာဘွေ

ဖေဖေါ်ဝါရီလ၃ရက်နေ့ က ချန်ဂီရိုင်းနှင့်ဇနီးဖြစ်သူတို့ ကိုမြို့တော်ဟာရာရေးတရားရုံးတွင်တွေ့ ရစဉ်(AP Photo/file) ဇင်ဘာဘွေနိုင်ငံဟာရာရေးမြို့ တော်တောင်ဘက်အဝေးပြေးကားလမ်းမတစ်နေရာ တွင်သောကြာနေ့ က၀န်ကြီးချုပ် မော်ဂန်ချန်ဂီရိုင်း စီးနင်းလိုက်ပါလာသောယာဉ်နှင့် ကုန်တင်ထရပ်ကာတစ်စီးတို့ သည် ဟာရာရေး-မာဗင်ဂို ကားလမ်းမတွင် တိုက်မိသောကြောင့် မော်ဂန်ချဂီရိုင်းလည်းဆေးရုံတငွ် အတွင်းလူနာအဖြစ် တင်ထားရသည်။သူ၏ဇနီးဖြစ်သူ ဆူဆန်ချန်ဂီရိုင်းမှာမူ နေရာတွင်ပင်ကွယ်လွန်သွားခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့်နှစ်စက်တင်ဘာလက လူ၂၀၀သေဆုံးသောရွေးကောက်ပွဲတငွ် သမ္မတ ရောဘတ်မူဂါဘီနှင့် အကြိတ်အနယ်အငြင်းပွားမှုပြီးနောက် ယခုနှစ်ဖေဖေါ်ဝါရီလတွင်အာဏာခွေဲ ၀ရေးသဘောတူညီချက်ဖြင့် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့်မော်ဂန်ချန်ဂီရိုင်းသည် ဟာရာရေး မြို့ တောင်ဘက်ရှိ၎င်း၏ဇာတိမြေ ဘူဟီးရားသို့ ဇနီးဖြစ်သူနှင့်အသွားတွင်ယခုကဲ့သို့ ကားတိုက်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု MDC ပါတီ၏ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက CNNသတင်းဌာနသို့ ပြောသည်။ မော်ဂန်ချန်ဂီရိုင်းနှင့်ဆူဆန်တို့ နှစ်ဦးမှာ ၁၉၇၈ခုနှစ်ကတည်းကလက်ထပ်ခဲ့ခြင်းဖြစ်ပြီးအိမ် ထောင်သက် နှစ်သုံးဆယ်ရှိကာကလေး၆ယောက်ရှိသည်။ဇနီးဖြစ်သူမှာ နိုင်ငံရေးတွင်တက်ကြွလှုပ်ရှားသူတစ်ယောက်မဟုတ်သော်လည်း ခင်ပနွ်းဖြစ်သူ၏အ ခက်အခဲများကို နှစ်ပေါင်း၃၀ကြံကြံခံရင်ဆိုင်ကာပါရမီဖြည့်ခဲ့သူတစ်ဦးဖြစ်သည်။ BBCသတင်းဌာနနှင့်မော်ဂန်ချန်ဂီရိုင်းဝန်ကြီးချုပ်ဖြစ်ပြီးနောက်အင်တာဗျုးတွင်သူမရင်ဆိုင်ခဲ့ ရသော နှစ်ပေါင်း၃၀ကို“အစမ်းသပ်ခံနှစ်ကာလများကိုကျော်လွှားခြင်း ”ဟူ၍တင်စာခဲ့သည်။ ၀န်ကြီးချုပ်ကားတိုက်ခံရခြင်းနှင့်ပတ်သက်၍ ရောဘတ်မူဂါဘီ၏ လက်ချက်ဖြစ်သည်ဟု ဇင်ဘာဘွေ နိုင်ငံတငွ သ် တင်းအမျိုးမျိုးထွက်နေသည်။ရောဘတ်မူဂါဘီကမူ ချန်ဂီရိုင်းကိုဆေးရုံတင်ွလာရောက်တွေ့ ဆုံမှုပြုခဲ့သည်။

ဒေါ်စုနှင့်တကွ အကျဉ်းကျနိုင်ငံရေးသမားများဂုဏ်ပြု အစီအစဉ် နိုဘယ်ငြိမ်းချမ်းရေးပြခန်းမှာ တင်ဆက်မည်

မိုးမခအထောက်တော် ၀၀၄ မတ် ၈၊ ၂၀၀၉ နော်ဝေနိုင်ငံ၊ အိုစလိုမြို့၊ နိုဘယ်ငြိမ်းချမ်းရေးပြခန်းမှာ မြန်မာပြည်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ဘ၀ကို သရုပ်ဖော်ပြီး တင်ဆက်မယ့် အော်ပရာ(ပြဇာတ်)တခုကို မတ်လ ၁၀ ရက်မှာ ကျင်းပမယ်လို့သိရပါတယ်။ မြန်မာပြည်ရဲ့ မတ်လမှာ တော်လှန်ရေးသမိုင်းမှတ်တိုင်များနဲ့ ပြည့်နှက်နေပြီး၊ မတ်လ ၁၃ ရက်ဟာ မြန်မာပြည်လူ့အခွင့်အရေးနေ့အဖြစ် ၁၉၈၉ ခုနှစ်က စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားနဲ့ လုံခြုံရေးတပ်သားများ အဓိကရုဏ်းမှာ ကျောင်းသား ကိုဖုန်းမော်၊ ကိုမြင့်ဦးနဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ကြတယ်။ နောက်ဆက်တွဲ မတ်လ ၁၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းကို အဆိုပါ လုံထိန်းများက

ဝင်ရောက်စီးနင်းခဲ့လို့ ကျောင်းသား၊ ကျောင်းသူပေါင်းများစွာ အင်ယားကန်ဘောင်မှာ သွေးမြေကျခဲ့ကြပါတယ်။ အဲဒီကစတဲ့ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွေဲ တွ အရှိန်မြှင့်ခဲ့ကြလို့ ၁၉၈၈ သြဂုတ်လ ရှစ်လေးလုံး အရေးတော်ပုံ လူထုအုံကြွမှုကြီးနဲ့ တပါတီအာဏာရှင်စနစ် မြန်မာပြည်မှာ ကျဆုံးခဲ့ရပါတယ်။

ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက် မဇ္ဈိမသတင်းဌာန စနေနေ့၊ မတ်လ 07 2009 16:40 - မြန်မာစံတော်ချိန် ရန်ကုန် (မဇ္ဈိမ)။

။ ရန်ကုန်မြို့နယ် အတွင်းမှာ ရှိသော ကားဘော်ဒီပြင်လုပ်ငန်း၊ ကားဆေးမှုတ် လုပ်ငန်းနှင့် ကားအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ အားလုံး

မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မှာ ဖြစ်သည်။ လုပ်ငန်း လုပ်ကိုင်သူများကို သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက ရုံးသို့ ဆင့်ခါ်၍ ရွှေ့ပြောင်းရေး အကြောင်းစာကို အသိပေးခဲ့ခြင်း ဖြစ်သည်။ ကားဝပ်ရှော့ ပိုင်ရှင်များက ပြောင်းရွှေ့ပါမည်၊ သို့မဟုတ် မပြောင်းပါက မြို့တွင်း လုပ်ကိုင်ခြင်း မပြုပါဟုဝန်ခံ ကတိရေးထိုးခဲ့ရသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမ သို့ ပြောသည်။ ပြောင်းရွှေ့မည့်နေရာများမှာ၊ တောင်ဒဂုံမြို့နယ်နှင့် မှော်ဘီ ၀ါးတရာကျေးရွာတို့ဖြစ်ပြီးပေ ၆၀ ပတ်လည်မြေတကွက်လျှင် ကျပ်သိန်း၆၀ ပေးသွင်းရမည်ဖြစ်သည်။ ”ဘယ်လိုလုပ်ရမှန်း မသိပါဘူးဗျာ၊ ကောင်းရောင်းကောင်းဝယ်ကို လုပ်လို့မရဘူး။ သိန်းခြောက်ဆယ် ဘယ်ကသွားရှာမလဲဗျ။ ရှိတဲ့ အလုပ်သမားတွေတောင် နေ့စဉ်ကြေးပေးဖို့မနည်း ရှာနေရတာ။ ကားတွေပြင်မယ့်သူကလည်း ကားဈေးကျတော့ တော်ရုံမပြင်တော့ဘူး။ ကြီးကြီးမားမား ပျက်မှပြင်တော့တာ။ သိန်း၆၀ ရှိလို့ပြောင်းတယ်ထားဦး၊ အဲနေရာထိ ဘယ်သူလာပြင်မှာလဲ။ လောလောဆယ်ပြောင်းပါမယ်လို့တော့ လက်မှတ်ထိုးခဲ့ရတာပေါ့။ ဒီပြင်ဟာလဲ မလုပ်တတ်ဘူး" ဟု သူကပြောသည်။ ပြောင်းရွှေ့ရန်အတွက် တိုင်းမှူးအမိန့်ဟု ဆိုကာ စည်ပင်က လာပေးသွားတာဖြစ်ကြောင်း၊ မည်သည့်နေ့ ရွှေ့ရမည်ဆိုတာတော့ မပါကြောင်း ရယက ဥက္ကဌတဦးက ပြောသည်။ ရန်ကုန်မြို့တွင်းတွင် ကားဝပ်ရှောပေါင်း အနည်းဆုံး ၃ ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ တပိုင်တနိုင်အဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

လှိုင်မြို့ နယ် ရပ်ကွက် ( ၂ ) မီးလောင်

08 March 2009 မနေ့ စနေနေ့ည ၉ နာရီလောက်က ရန်ကုန်တိုင်း လှိုင်မြို့နယ် (၂) ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ မီးငြိမ်းသွားခဲ့ပြီး လူအသေအပျောက်လည်း မရှိဘူးလို့ မီးလောင်တဲ့နေရာကို သွားကြည့်ခဲ့သူ တဦးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။ “ငြိမ်းသွားပါပြီ။ လှိုင်မြို့နယ် (၂) ရပ်ကွက်မှာပါ။ သိပ်မများပါဘူး။ တိုက်ခန်း ၃ ခန်းလောက်ပဲ ပါသွားတယ်။ ကျနော်တို့လည်း သွားကြည့်ပါတယ်။ ခုနကပဲ ပြန်ရောက်တာ။ သေတယ်ပြုတယ်တော့ မကြားပါဘူး။ ၀ါယာရှော့လို့ပဲ ကြားတယ်။ ဘာမှတော့ သိပ် မဖြစ်ပါဘူး။ မီးသတ်ကားတွေကတော့ အပြည့်ပါပဲ။ လောင်တာကတော့ ကျနော် ထင်ပါတယ်။ ၄၅ မိနစ်လောက် ၁နာရီ လောက် ကြာလိမ့်မယ်တော့ ထင်တယ်။ ကျနော်တို့ သိတဲ့အချိန်က နောက်ကျတာကိုး။” အဲဒါကတော့ မနေ့ညက လောင်ခဲ့တဲ့ လှိုင်မြို့နယ်က မီးအကြောင်း မျက်မြင်သက်သေတယောက်က ရှင်းပြခဲ့တာပါ။ အဖိနှိပ်ခံမြန်မာရှေ့ နေများကိစ္စ ကုလထံတင်ပြမည်

07 March 2009 မြန်မာပြည်တငွ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့် စစ်အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ သူတွေအတွက် ရှေ့နေလိုက်ပေးလို့ အဖမ်းခံထားရတဲ့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ ပြန်လတ်ွလာ ပေမဲ့လည်း အဖမ်းအဆီးခံနေကြရတဲ့ ရှေ့နေတွေနဲ့ ရှေ့နေလိုက်ခငွ့် လိုင်စင် ပိတ်ခံထားရတဲ့ ရှေ့နေတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို အသိဆက်ပေးသွားမယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး AHRC က မြန်မာရှေ့နေ ဦးမင်းလွင်ဦး ကို ကိုကျော်အောင်လငွ် က ဆက်သွယ်မေးမြန်းထားပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ ပြန်လွတ်လာပေမယ့်လည်း သူတို့လိုမျိုးပဲ ဖမ်းဆီးခံနေရတဲ့ ရှေ့နေတွေ လွတ်မြောက်ရေးအတွက် AHRC အဖွ့ကဲ ကုလသမဂ္ဂကို တင်ပြဖို့ရှိတယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျ။ ဒီအကြောင်း ရှင်းပြပေးပါ။ “ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေရယ်၊ နောက်ပြီးတော့ လူ့အခွင့်အရေးကို ကာကွယ်တ့သဲူတွေရယ် အဲဒီလိုမျိုး အမှုတွေမှာ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေ၊ အကျိုးဆောင်တွေ ကန့်သတ်ခံနေရတယ်။ တချို့လည်း တားမြစ်ခံရတယ်။ တချို့လည်း အကျဉ်းထောင်တွေမှာ အခု သွားစစ်တဲ့အခါ တရားခံစစ်သလို အစစ်ခံရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အဲဒီလိုမျိုး အခြေအနေတွေကို နိုင်ငံတကာမှာရှိတဲ့ International

Bar Association ရယ်၊ နောက်ပြီးတော့ တခါ လူ့အခွင့်အရေး ကော်မရှင်အောက်မှာရှိတဲ့ လွတ်လပ်သော တရားစီရင်ရေး တရားသူကြီးများနှင့်ရှေ့နေများ အသင်းအဖွဲ့ရယ် အဲဒါတွေကို ကျနော်တို့ ဒီလာမယ့် မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဂျနီဗာမှာကျင်းပမယ့် အစည်းအဝေးမှာ တင်ပြဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်။”

ဟုတ်ကဲ့ခင်ဗျ။ အခုဆိုလို့ရှိရင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် ရှေ့နေအဖြစ် လိုက်ပေးရင်းနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာပြည်က ရှေ့နေ ဘယ်နှစ်ဦးလောက် ရှိပါသလဲခင်ဗျ။ “အကျဉ်းကျခံထားရတာက ရှေ့နေ ကိုဖိုးဖြူ ခေါ် ရန်နိုင်အောင် ရယ်၊ နောက်ပြီးတော့ ညီညီထွေး ရယ်။ အဲဒီနှစ်ယောက် ဖြစ်ပါတယ်။”

ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပတ်သက်တယ် ဆိုပြီးတော့ ရှေ့နေလုပ်ပိုင်ခငွ့် လိုင်စင်တွေ ရုပ်သိမ်းခံထားရတဲ့ ရှေ့နေ ဘယ်နှစ်ယောက်လောက် ရှိပါသလဲခင်ဗျ။ “ကျနော်တို့ ၁၉၈၈ ခုနှစ်ကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်အထိပေါ့နော်။ အားလုံး ရှေ့နေပေါင်း ၂၀၇ ဦး ရှိပါတယ်။ ၂၀၇ ဦးမှာ တချို့က သတိပေးခံရတာ ရှိတယ်။ တချို့က နှစ်အကန့်အသတ်နဲ့ လိုင်စင်ရပ်ဆိုင်းခံရတာ ဖြစ်တယ်။ တချို့ကျတော့ လည်း လုံးဝကို တရားရုံးချုပ် ရှေ့နေအဖြစ်ကသော်လည်းကောင်း၊ ရှေ့နေလိုက်ခငွ့်လိုင်စင် ကိုသော်လည်းကောင်း ထုတ်ပယ်ခြင်းခံထားရတဲ့သူတွေ ရှိပါတယ်။ အဲတော့ ရှေ့နေလိုက်ပါဆောင်ရွက်ခငွ့် လိုင်စင်ကို ထုတ်ပယ်ခံထားရတဲ့ သူပေါင်းက အားလုံး ၁၁၀ ကျော်လောက်ရှိပါတယ်ခင်ဗျ။ အဲဒီလိုမျိုး ထုတ်ပယ်လိုက်တဲ့အထဲမှာ သူတို့အကြောင်းပြတာ ကတော့ ဒီလို ထုတ်ပယ်ခြင်းခံရတဲ့လူ အများစုက မတရားအသင်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်တယ်။ နောက်ပြီးတော့ ပြင်ပကို သတင်းအချက်အလက် အမှားတွေ ပေးပို့တယ်။ အစိုးရရဲ့ ကန့်သတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ထုတ်ပယ်ခံထားရတာ ဖြစ်ပါတယ်။ အများစုကတော့ ကျနော်တို့ နိုင်ငံရေး အခြေခံကြောင့် ဒီလိုမျိုး ထုတ်ပယ်ခံရတာဖြစ်တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။”

ဟုတ်ကဲ့။ အဲဒီတော့ ရှေ့နေလုပ်ပိုင်ခငွ့်ကို ပယ်ဖျက်ထားတဲ့ ရှေ့နေတွေအတွက် ရှေ့နေလုပ်ပိုင်ခငွ့် ပြန်လျှောက်ခငွ့်ရော ရှိပါသလားခင်ဗျ။ “ဒီလိုပါ။ အဲဒီလိုမျိုး ရှေ့နေလိုက်ပါဆောင်ရွက်ခငွ့်ကို ရုတ်သိမ်းတော့မယ် ဆိုလို့ရှိရင် ဘားကောင်စီ အက်ရှိတယ်။ ပုဒ်မ (၁၀/၁) အရ ဘားကောင်စီကနေပြီးတော့ တရားစွဆဲို တင်ပို့ရမှာဖြစ်တယ်။ ဥပဒေတွေအရ တရားရုံးချုပ်ကို တင်ပို့ပြီးတော့ တရားရုံးချုပ်မှာ ခုခံချေပခွင့် ပေးရမှာဖြစ်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လိုင်စင် ရုတ်သိမ်းခံရတဲ့သူတွေ ထုတ်ပယ်ခံ ရတဲ့ သူတွေက ဒီအခွင့်အရေးကို မရပါဘူး။ အဲတော့ တရားရုံးကနေပြီးတော့ မတရားအသင်း အက်ဥပဒေ နဲ့ပြဲ ဖစ်ဖြစ်၊ ရာဇ၀တ်ပြစ်ဒဏ် တခုခုနဲ့ပဲဖြစ်စေ ပြစ်ဒဏ်ချမှတ်ပြီးပြီ ဆိုလို့ရှိရင် စောစောကပြောတဲ့အဆင့်တွေအတိုင်း မသွားဘဲ တရားရုံးချုပ်ကနေပြီးတော့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခငွ့်ကို ထုတ်ပယ်လိုက်တာ ဖြစ်တယ်။ ဒါက ကျနော်တို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီကို မဟုတ်ဘူး ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။” အာရှလူ့အခွင့်အရေး ကော်မရှင် (AHRC) က ရှေ့နေဦးမင်းလွင်ဦး ဖြစ်ပါတယ်။  &&   &"+ ႛ ႛ & & $   2009-03-07  & & "  : &   &"+ ႛ & &   ! +&       ) ( &  &"S+" & ႛ " (   !) WLB -  $- $ B &    (   -'- ႓ႛ +WX Y  " $ "   ) ?% ႒   &"+ !     .- /

(Photo: AFP)

&Z- !A -'<႓ႚ "  + ႓  "  : $ :   .  [ + ) &"+"  & ႚ " (   !) $ & ႚ C -  $  D  !  .+ / (Photo: AFP) & <  !$     ႛ   +' &"+& 9 &,   !: ႛ  + ႓      ) )- ႛ &"S+" & ႛ " (   !) -  $-  ('  RFA  .- / $    & +    & ,  ႛ & " ): ! 2009-03-07 $  !$ &   ,  )    !+  & + B & $  ႖ ) " A & " ႖ ) "   )  & " ):  !  )&  ႓  ) )  .     ႓  &   & + 

  & +   .  ႓     $       ,  .- / & < $ & ႛ & $  ႛ $ :     !+  & +  !  ) & " $    !+ & "  "  & " ):  <  & $    ) .- /

Photo: Courtesy of BWRC (Burmese Workers Rescue Committee) &     &$  !+ )  ,  $ $  ' :႒ , Y C     !+   & + +!  .+ / Photo: Courtesy of BWRPC (Burmese Workers' Rights Protection Committee)    ႓'  ႛ  +    $ &    )   &"+ : +B '    $ & , &   - ' +'    !+  ႛ ,  "$  ) k ႛ  &   ,   & <&"+  ႛ  $ :  !႓  ႟!  + ! ) .- / : B & , &"+  +' "(  ) ,          -   ႛ  -   &   ),   A < k  :  ႓ ႛ $ &    )   + '  $ ႓      $ & ,    .    $   )& +'  "+ +   ),  A    . +  ),   A +  )& .$  . $  "  ႓  +  "+   +,   :   .- /  m    ) ) & $  ! - ႓  +' ႛ  ! ) )&,  A +' + ႓  )   + ) - ) & & " &$      ) )>'  ႛ    .- / ႟!  >-   ႛ > ,  )     ႛ ႟! + ႛ '  +'  ,  ) )& . +'  "  "႓  +)+   )& ႟!     ႛ  , ,  A ႟!    & <  ႓   $ (႟!    ,  A +'& ႛ  ႛ    & $   "  -) +' & ႛ ' & , ႟!  &  . & ႛ    (  $ $    )&   )>' ႛ  .- / & < & , &   ( $ &   +'    &"+  .B :  & ႛ ' & $  (  )  & ( $

,    - )A &  k  "  )+ ' & ႛ    '  $      , >'ႛ  .- / $(  )
& ,  )  &        )& & ( ႓  &+  - $ + ႓  ( - ႛ  .- /  !  $ '-   +'  ႛ  ႛ -  )    - & < o "  $ .-  ႛ   : RFA   .- / +'& ႛ  ႛ +' " ) )      " ,  A & $ )&  (  ,  )+ ) 2009-03-07 B W" $< o+ & ႛ  + ႛ '"A > + A -  "$ '   ,  )> '+  "    ( (  )> ,  + )  )- ႛ Human Rights Watch '& ႛ   )&  ),  )& ႛ Mr. Sunnai Phasuk ႓ .- /

(Photo: AFP)    !$ $ ) (   + ' < o+ HH  uu; $ v႓  ? ႛ  & <$  &  ) ) ႚ !  .+ /  && " +    !$ &k  > +  "   &  !" +ႛ   "! ) (  , + / (Photo: AFP) +!   -  :  ( $    ႓    2009-03-07  !& " + B    ) +!   - & ႛ  :  ႛ   ;  $ &  ( $    "  ႓ ႛ - & $      9  +  - ႛ + $ .- /

(Photo:RFA/Tyler Chapman)    !A   ႓ႚ&$    ) ႝ  " + &  (   .+ / (Photo:RFA/Tyler Chapman)  :    +   ႛ  + ႛ &႒  + ' &  .- / “  " ( $    |} . .- / ( $  ႛ (  A .-    ႓  )    : )   9+  ” &   :  +  > ,  )   +  +$+>'ႛ  .- /  :  (႒  FF $  > $

 !႟!  (  " !႓   $ $      ) )&  .   $  (  ( $  ) .- / & <   ) &  (   ႛ + - (  $  ) ./ H $   > [.  +!~ ): $ :      && n   +' ႛ    ,  9-'  ) .- / & < & " (    $ $  . "   ) )  &  )- / &   &(   ( - / &  $      +!     + +  - / "   (  - ) > "  " & )    ) > '   .)/  -'+  - A &(      .  ( )႓  ) -'+  - / +႓ A +'ႛ ‘ n’  H $    +   ”  && n     &   !& " + B     ႖   ),  ))$႓ A , n+  9-'  A <.$B   ႓ (  "    )$ .- /   )&     < $ " 

2009-03-07  )  -  &+ & ႛ CSW ႓  &W‚  !  < ႓ ႛ $ < ႛ "  - )   )&     $ ( 
&W‚  !$  + , ႓    )&   O O  : $ +'  .- /

RFA & "  " !+ ) ** "  "  +  .   &C + +' $   )  &W‚  !  < ႓ ႛ   "  +)   )&        ႛ  / (Photo: RFA)  !& " +  ႛ +- & ႛ  & & " (  $ &( +  ! )   &,    &  "   )- )      $

  $  - ႛ $   ) RFA  .- / “+ $ + > ႛ &,   .)/ - -   &  ႛ  )>' )&,  / ႓  ) &  & (  ( $ >- - A    ႛ >-   ) $ ( ႛ -  )&,  / & $! W.$- /  ) )  $    ႓ + ႓ / &  (  ( $   +   >'A &+ $S, - /  -)   ႛ &) ႛ ႛA <. - ) + $>  ႛ ႛ      - )&,  A & <. ႛ  !& " + &,  A & !  & "  !"႓   + $ .”    !$ < $& ႛ  : $  )    +& '  +- & ႛ Wn - ' -  ႛ   $   )  .- / “+- & ႛ  ) +&  &  - / +- -   &B + >A +' ႛ > ႛ u    ႓  )     + '    &    )& &  - /  "='  - / +>$ & ! WX  ) +& . / &+   ) +  ႛ " - / &  (  ;? $  ) + " >' &) ႛ "  & & /ႛ &  !႖  )  ) & ႛ   ႛ  ႛ . ”  < ႓ ႛ -   $ "  - )   )&     $  )  -  &+ & ႛ CSW  ႛ  .     ) Baroness CoxA Ben Rogers &  &W‚  !  -  <- Cindy Kent  ႛ     )& ႛ  + ႓  B  , $  .- /            . &( "  $  ႓    +'   "  $- ႛ   ႛ $ ( ,    )  -  &+ & ႛ CSW  .- /

ကေခိုင် မရှိတဲ့ ကမ္ဘာ

သစ်ကောင်းအိမ် မတ် ၈၊ ၂၀၀၉

ခြေသံပြင်းပြင်းတွေနဲ့ မင်းနင်းထွက်သွားတဲ့ ငါ့ကြမ်းပြင်ပေါ်မှာ တစက္ကန့်ဟာ တကမ္ဘာ ရေပွက်ပမာဟာ သံသရာလို ပွက်လို့ကွာ ရှည်ကြာလွန်းလိုက်တာ။ မင်းမရှိတဲ့ ကမ္ဘာ သစ်တောတွေ ပြုန်းတီးလို့ တောမီးတွေ လောင်လို့ စီးပွားပျက်ကပ်တွေ ဆိုက်လို့ သင်္ကန်းကို စစ်ဖိနပ်နဲ့ နင်းပြီး ဘုရားကို ထီးတော်တွေ တင်လို့ ...။ တတိယကမ္ဘာ ရှိတယ် တတိယနိုင်ငံ ရှိတယ် တတိယအုပ်စုရှိတယ် မင်းကျ ဘာလို့ မရှိတော့တာလဲ။ မင်းမရှိတဲ့ ကမ္ဘာ ကဗျာနဲ့ အသေခံဗုံးဖောက်ခွေဲ ရးသမားဟာ ငါဖြစ်တယ်။ မင်းမရှိတဲ့ ကမ္ဘာ ဖြုန်းစရာ မိဘအမွေကလည်း မရှိတော့ ရှိသမျှအချိန်တွေကို ထိုင်ဖြုန်းရင်း ရောက်လာတဲ့နေ့တွေကို ကျောမှီ ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီပေါ် ထပ်မံတိမ်းစောင်းကာ ...။ အဝေးပြောဖုန်းထဲမှာ ရှိုက်သံသဲ့သဲ့ မင်းရော ငါပါ ငိုနေမိခဲ့သလား။ အသူရကာယ်ဘုံတဲ့ မင်းမရှိတော့မှ ယုံမိတယ်။ (၆၊ မတ်လ၊ ၂၀၀၉) သရုပ်ဖော် အညွှန်း - http://blissfullydomestic.com/photo-bliss/the-other-half-feature-photo/ နေပြည်တော်ရွှေတိဂုံ ထီးတင်ပြီ ဓာတ်ပုံသတင်း မတ် ၈၊ ၂၀၀၉

“မည်သို့ပင်ဖြစ်စေကာမူ” သီးလေးသီးအဖွဲ့ အငြိမ့်ပွဲများ ဆက်ကမည် မိုးမခ အထောက်တော် ၀၀၂ မတ် ၇၊ ၂၀၀၉

၂၀၀၈ ဒီဇင်ဘာလက ရောက်ရှိခဲ့ပြီး ၂၀၀၉ မတ်လကုန်တငွ် ပြီးဆုံးမည်ဖြစ်သော သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့၏ အမေရိကန်ပြည်ထောင်စု အနုပညာခရီးစဉ်တငွ် နောက်ဆုံးပွဲစဉ်များအဖြစ် မတ် ၇ ရက် နယူးယောက်ယူတီကာပွ၊ဲ မတ် ၁၄ ရက် မြောက်ကရိုလိုင်းနားပွဲ နှင့် မတ် ၂၁ ရက် ဖို့ဝိန်းမြို့ ဇေတ၀န်ကျောင်း ပွဲစဉ် ၃ ခု စလုံးကို စီစဉ်ထားသည့်အတိုင်း မပျက်မကွက် ကပြဖျော်ဖြေသွားမည် ဖြစ်သည်ဟု ကြားသိရသည်။ မည်သို့ပင်ဖြစ်စေကာမူ မြန်မာမိသားစုပရိသတ်ကြီးကို

သီးလေးသီးနှင့်

ဆေးရောင်စုံအငြိမ့်အဖွဲ့သည်

ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊

နဂိုရေးဆွထဲားသည့်

ပြီးနောက်

ခရီးစဉ်စတင်ခဲ့ရာ

ပွဲစဉ်ဇယားများအတိုင်း အယ်လ်အေမြို့သို့

သို့

အနုပညာချစ်သူ ပြန်လည်ရောက်ရှိပြီး

အမေရိကခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ နောက်ဆုံးနှုတ်ဆက်ပအွဲ နေနှင့် မြန်မာတိုင်းရင်းသားမိသားစုများ အထူးစုဝေးရာ ဌာနဖြစ်သည့် ဖို့ဝိန်းမြို့တငွ် ကပြကြမည်ဖြစ်ပြီး အနီးတ၀ိုက်က မြန်မာတို့ လာရောက်အားပေးကြမည်ဟု သိရကြောင်း သတင်းရရှိသည်။

ယမန်နေ့က နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ထီးတင်ပွဲတငွ် တွေ့ရသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၊ ဇနီး နှင့် သားသမီး မြေးများ။ အဆိုပါစေတီတော်ကို ရန်ကုန်မှ ရွှေတိဂုံစေတီတော်၏ ပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်သည်။ (photo: MNA) စံနမူနာပြပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း ထိန်လင်း မတ် ၈၊ ၂၀၀၉

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံ ကလေးများနေ့ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေ အတုယူနိုင်ဖို့၊ တိုင်းပြည်မှာ လူချွန်လူကောင်းတွေ အမြဲတမ်း ပေါ်ထွက်နေစေဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် စတင် ထူထောင်သူ၊ လွတ်လပ်ရေးဗိသုကာ၊ မြန်မာ့လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင် စသဖြင့် ဂုဏ်ပုဒ်ပေါင်း များစွာနဲ့ ဂုဏ်ပြုခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်ကျော်သာ ရှိပေမယ့် လေးစားစရာ၊ အတုယူစရာ ဂုဏ်ပုဒ်တွေ များစွာ ရှိပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ စိတ်ဓာတ်ခိုင်မာမှု နဲ့ ဇွရှဲိမှုတွေက နှောင်းလူတွေ အတုယူရမယ့် အရာတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ အခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၄ နှစ်ပြည့်

မွေးနေ့ဖြစ်ပါတယ်။

ပြုလုပ်ခဲ့ကြပေမယ့်

လွတ်လပ်ရေးရပြီးတဲ့

ဗိုလ်ချုပ်အောင်ဆန်းရဲ့

နောက်ပိုင်း

အခန်းကဏ္ဍကို

ဒီနေ့ဒီရက်ကို တဖြည်းဖြည်း

ကလေးများနေ့အဖြစ် မှေးမှိန်အောင်

ကလေးတွေအတွက်

ပြုလုပ်လာတဲ့

ပျော်ပရွှဲင်ပ၊ွဲ

ဟောပြောပွေဲ တွ

အုပ်စိုးသူတွေကြောင့်

ကလေးများနေ့ပါ

ပျောက်ကွယ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ် မှတ်တမ်းစာအုပ်တွေကို ဖတ်ရှုမယ်ဆိုရင် ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသင့်တယ် ဆိုတ့အဲ ချက်ကို တွေ့နိုင်မှာဖြစ်ပါတယ်။

အထူးသဖြင့်

သူ့ရဲ့

ကိုယ်ကျိုးစွန့်

အနစ်နာခံတဲ့စိတ်၊

တိုင်းပြည်အပေါ်ချစ်တဲ့စိတ်၊

မြန်မာပြည်တဝှမ်းလုံး

အင်္ဂလိပ်အောက်က

လွတ်မြောက်စေချင်တဲ့ စိတ်တွေက သူမတူတဲ့ စိတ်ဓာတ်တွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သူကိုယ်တိုင်ရေးသားခဲ့တဲ့

အတ္ထုပ္ပတ္တိ၊

လေ့လာဖို့

ပြောကြားခဲ့တဲ့

သီးခြားဖွဲ့စည်းထားတဲ့ မိန့်ခွန်းတွေ၊

ကော်မတီက

လုပ်ဖော်ကိုင်ဖက်များရဲ့

ပြုစုထားတဲ့

အတ္ထုပ္ပတ္တိစာအုပ်

ဆောင်းပါးတွေကို

ကြီးကြီးမားမား

ဖတ်ရှုနိုင်ပါတယ်။

မရှိပေမယ့်

ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ

ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ရေးသားခဲ့တဲ့ ဆောင်းပါးပေါင်းချုပ် ၃ အုပ်ကို ပေါင်းပြီး ‘ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း’ အမည်နဲ့ စာအုပ် အခုနှစ် ဇန်နဝါရီလမှာ ထုတ်ဝေခဲ့သလို တက္ကသိုလ်စိန်တင်ရဲ့ ‘မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်း’ ဆိုတ့စဲာအုပ်လည်း ပြီးခဲ့တဲ့နှစ်

နိုဝင်ဘာလက

ထွက်ရှိခဲ့တော့

ဗိုလ်ချုပ်အောင်ဆန်းနဲ့

ပတ်သက်တဲ့အကြောင်းအရာတွေကို

လူငယ်တွေ

အလွယ်တကူ

ဖတ်ရှုနိုင်ပါတယ်။

ကျယ်ကျယ်ပြန်ပြန့် ပြုစုထားတဲ့ စာအုပ်တွေ မပေါ်ပေါက်ခင်မှာ အခုလို လိုအပ်တဲ့ထောင့်ကို ဖြည့်ဆည်းပေးခဲ့သူများကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ငယ်ငယ်ကတည်းက ဟုတ်တိုင်းမှန်ရာကို ပြောတတ်သူဖြစ်ပါတယ်။ ငယ်ဘဝမှာ မိခင်ဖြစ်သူက အရောင်းအဝယ်လုပ်ရင်း မုသားစကား

ဆိုမိတာတောင်

ဗိုလ်ချုပ်အောင်ဆန်းက

မှန်ရာကို

ဆိုဖို့

ပြောဆိုခဲ့ဖူးပါတယ်။

ကျောင်းသားဘဝ၊

နိုင်ငံရေးသမားဘဝတွေမှာလည်း

လိမ်လည်ပြောဆိုတာတွေ မရှိခဲ့ပါဘူး။ ပြောတဲ့အတိုင်း လုပ်သလို၊ လုပ်သလိုပဲ ပြောဆိုသူဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုသာမက ပြည်သူလူထုကိုပါ ဘယ်တော့မှ လိမ်လည်လှည့်ဖျား ပြောဆိုတာတွေ မရှိခဲ့ပါဘူး။ ဒီလိုပဲ ကိုယ်တိုင်က အဆောင်အယောင် ပကာသနမရှိဘဲ တိုင်းပြည်လတ်ွလပ်ရေးအတွက် ဆင်းဆင်းရဲရဲ နေထိုင်လုပ်ကိုင်ခဲ့သလို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေ၊ စည်းကမ်းမဲ့ သုံးဖြုန်းသူတွေကိုလည်း ဝေဖန်လေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ချင်းစာစိတ်က အခြေခံလာတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကောင်းတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်တွေထဲမှာ အတုယူသင့်တဲ့ တခြားစိတ်ဓာတ်ကတော့ ပကာသန အဆောင်အယောင်တွေ မမက်ဘဲ နေတတ်တဲ့ ရိုးသားမှုဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ မြန်မာပြည် လွတ်လပ်ရေး ရအောင် ကြိုးစားဖို့ကလွဲပြီး တခြား ဘာမှ မရှိပါဘူး။ မြန်မာပြည်လတ်ွလပ်ရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှ အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ လန်ဒန်ကို သွားတဲ့ခရီးမှာတောင် စစ်ဝတ်စုံ တပတ်နွမ်းကိုပဲ ဝတ်ဆင်သွားခဲ့သူဖြစ်ပါတယ်။ လန်ဒန်မှာ ဗြိတိသျှ အရာရှိတွေနဲ့ တွေ့ဆုံတဲ့ သမိုင်းဝင်ဓာတ်ပုံတွေထဲက ဗိုလ်ချုပ်ရဲ့ သက္ကလပ် စစ်ဝတ်စုံကြီးက အိန္ဒိယခေါင်းဆောင် နေရူး လက်ဆောင်အဖြစ် ဆင်ပေးလိုက်တဲ့ ဝတ်စုံသာဖြစ်ပါတယ်။

နေမဝင်အင်ပါယာကြီးရဲ့

အရှင်သခင်တွေဖြစ်တဲ့

အင်္ဂလိပ်အစိုးရတွေနဲ့

တွေ့ဆုံပြီး

မြန်မာပြည်လွတ်လပ်ရေးကိစ္စ

ဆွေးနွေးရမယ့်

ခရီးစဉ်မှာတောင်

ဘာမှ

အဆောင်အယောင် ခမ်းနားကြီးကျယ်မှုတွေ မလုပ်ဘဲ သာမန်ခရီးစဉ်တစ်ခုလို သွားရောက်ခဲ့တာကိုကြည့်ပြီး ဗိုလ်ချုပ်ရဲ့ ရိုးသားမှုကို ခန့်မှန်းနိုင်ပါတယ်။ သမိုင်းသုတေသီတွေ ကောက်ချက်ချထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းရည်တစ်ခုကတော့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ တိုင်းတပါးအကူအညီ ရှာဖွေတာ၊ ရဲဘော်သုံးကျိပ် ဖွဲ့စည်းတာ၊ ဖဆပလ ဖွ့စဲ ည်းတာ စသဖြင့် သမိုင်းဝင်လုပ်ဆောင်ချက်တွေ ပြုပြင်ပြောင်းလဲရေးတွေ

လုပ်ဆောင်ခဲ့တာဟာ

လုပ်ကိုင်တာ၊

လုပ်ကိုင်တတ်တာတွေကလည်း

ပေါ်လာတဲ့အခွင့်အရေးကို

အလိုရှိတဲ့အရာကို

ဗိုလ်ချုပ်အောင်ဆန်းရဲ့

မဆုတ်မနစ်

စိတ်ဓာတ်ကောင်းတွေပဲ

ထိထိရောက်ရောက် လုပ်ဆောင်တတ်တဲ့ ဖြစ်ပါတယ်။

ဒီလို

အသုံးချနိုင်ခဲ့တဲ့သဘောတွေပါပဲ။ အချိန်ကာလနဲ့အညီ ဇွရှဲိတာ၊ ခိုင်မာတဲ့

ဒီနည်းမရရင်

ဟိုနည်း

စိတ်ဓာတ်တွေကြောင့်

ပြောင်းလဲ

ငယ်ငယ်ရယ်ွရယ်ွနဲ့

အောင်မြင်မှုတွေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီလို အနေအထားတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝမှာ အခါခပ်သိမ်း အောင်ပွေဲ တွနဲ့ချည်း တွေ့ကြုံခဲ့ရတာ မဟုတ်ပါဘူး။ ၁၉၃၄-၃၅ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသီဟန်၊ ကိုသိန်းဖေ (သိန်းဖေမြင့်)တို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့သာ အရွေးခံရပြီး ကိုအောင်ဆန်းနဲ့ ကိုသီဟန်တို့ အရွေးမခံခဲ့ရတဲ့အကြောင်း ဆရာသိန်းဖေမြင့်ရဲ့ ‘ကျော်ငြိမ်း’ စာအုပ်မှာ ရေးသားထားပါတယ်။ ဒီလို အရှုံးနဲ့ရင်ဆိုင်လိုက်ရပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက စိတ်ဓာတ်မကျပါဘူး။ ဒါကြောင့် နောက်နှစ်ရွေးကောက်ပွဲမှာ ထပ်ပြီး ယှဉ်ပြိုင်ပါတယ်။ အဲဒီနှစ်မှာတော့

သူအရွေးခံရပြီး

သမဂ္ဂ

အမှုဆောင်တစ်ဦး

ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့

အဓိက

ဝါသနာက

စာရေးစာဖတ်ဖြစ်ပြီး

စာရေးဆရာဖြစ်ချင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဖြစ်ချင်တဲ့ စာရေးဆရာဘဝ ကို စွန့်လွှတ်ပြီး နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်အဖြစ် ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းသုတေသီတွေပဲဖြစ်ဖြစ်၊

စိတ်ဓာတ်နဲ့

လုပ်ဆောင်မှုတွေက

စာတစ်ပုဒ်တည်း၊

ကိုယ်တွေ့ဆုံခဲ့ဖူးသူတွေကပဲဖြစ်ဖြစ်

ရေးသားပြီး

စာအုပ်တစ်အုပ်တည်းနဲ့

ပြည့်စုံမှာ

မှတ်တမ်းတင်စေချင်ပါတယ်။

ဒါမှသာ

မဟုတ်ပါဘူး။

ဒါကြောင့်

ဗိုလခ်ျုပ်အောင်ဆန်းဟာ

ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာ နောက်မျိုးဆက်သစ်တွေ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပဲ ပျောက်ကွယ်အောင် ပြုလုပ်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ‘မြန်မာနိုင်ငံ ကလေးများနေ့’ကို ပြန်လည်အသက်ဝင်အောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခငွ့် ရရှိပါစေ။ ကျေးဇူးတင်ပါတယ်။ ။

ထိန်လင်း (၉၊ ၂၊ ၂ဝဝ၉) ‘၁၉၅ဝ ခုနှစ်များ ကျောင်းသားလှုပ်ရှားမှု’ အောင်ဝေး မတ် ၇၊ ၂၀၀၉ ‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွတ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူးပါတကား’ ခွပ်ဒေါင်းသွေးနဲ့ ရင်းပြီးယူရတဲ့ မြန်မာ့လတ်ွလပ်ရေးဟာ ရပြီးတာနဲ့ မကြာခင်မှာပဲ ပြည်တငွ်းစစ်မီးကြီး ကူးစက် လောင်မြိုက်ခံရပါတော့တယ်။ ၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှာ ဖဆပလ အဖွဲ့ထဲက

အထုတ်ခံလိုက်ရတဲ့ သခင်သန်းထွန်းရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ လက်နက်

ကိုင်တော်လှန်ဖို့ တောခိုသွားခဲ့ပါတယ်။ ၁၉၄၈ သြဂုတ်လမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့၊ ညီညွတ်ရေးကောင်စီ ဖွဲ့တယ်။ ဒီအထဲမှာ တပ်မတော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ပြည်သူ့ရေဲ ဘ်ာတွေ ပါတယ်။ ညီညွတ်ရေးကောင်စီရဲ့ အတွင်းရေးမှူးက ဦးသိန်းဖေမြင့်၊ ဗိုလ်ချုပ်နေဝင်း ညီးညွတ်ရေးကောင်စီက ဦးနုရဲ့ အိုင်စီအက်စ် ဦးကာဇီ အစရှိတဲ့ ဗျူရိုကရက်တွေ အခြေခံပြီး အစိုးရ ဖွဲ့မယ့် အစီအစဉ်ကို တားဆီးဖို့ပါ။ အကယ်၍ ဦးနုက အသာတကြည် လက်မခံဘူး ဆိုရင် ညီညွတ်ရေးကောင်စီက ပုန်ကန်ပြီး အာဏာသိမ်းဖို့ ကြံစည်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စကို တောထဲရောက် သခင်သန်းထွန်းတို့ ဗကပ က လက်မခံတဲ့အတွက် မြန်မာပြည်မှာ အစောဆုံး စစ်တပ် အာဏာသိမ်းမှု ဖြစ်မယ့်ဘေးက ရှောင်လွှဲ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၄၉ မှာ ဖဆပလ အစိုးရကို ပုန်ကန်တဲ့ ကေအင်ဒီအို ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ ၁၉၅၁ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှာတော့ ABSU ကနဦး ဗကသ ညီလာခံကို ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ All Burma students Union (ABSU) ကို ဖျက်သိမ်းလိုက်ပြီး ABFSU လို့ ခေါ်တဲ့ All Burma federation of Students Union ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (လက်ရှိ ဗကသများ အဖွဲ့ချုပ်) ကို ပြောင်းလဲ ဖွဲ့စည်းလိုက်ကြပါတယ်။ ဒီအချိန်မှာပဲ ရန်ကုန်သက္ကသိုလ် အဝန်းအဝိုင်းမှာ ကျောင်းသားအုပ်စု (၂)ခုကွဲထွက်သွားပါတယ်။ တခုက PSF (Progressive Students Force) တိုးတက်သော ကျောင်းသားများအင်အားစု ဖြစ်ပြီး၊ ကျန်တခုက DSO (Democratic student’s Organization) ဒီမိုကရက်တpfကျောင်းသားများအဖွဲ့ ဆိုပြီး ဖြစ်ကြတယ်။

DSO ကျောင်းသားအဖွဲ့ကို ဖဆပလ ဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဇနီး ဒေါ်နွဲ့နွဲ့ရီတို့က ရပ်ခံပေးထားကြတာဖြစ်လို့ ဒီအဖွဲ့ကို အစိုးရ လက်ကိုင်တုတ်၊ ကျောင်းသား ညီညွတ်ရေး ဖြိုခွသဲူတွေလို့ သတ်မှတ်ကြပါတယ်။ ၁၉၅၃ မှာ အောက်တိုဘာ ကျောင်းတလပိတ်ရေး အရေးတော်ပုံ ပေါ်ပေါက်လာပါတယ်။ လွတ်လပ်ရေးရပြီး၊ ဖဆပလ အစိုးရလက်ထက်၊ တက္ကသိုလ်နယ်မြေမှာ စစ်တပ်ရဲ့ သေနတ်သံ ပထမဆုံး ထွက်ပေါ်လာတဲ့ အရေးအခင်းပါပဲ။ ရန်ကုန်နဲ့ မန္တလေးက တိုးတက်ကျောင်းသား ခေါင်းဆောင်တွေ အများအပြား ဖမ်းဆီး ထောင်ချခံရ၊ ကျောင်းထုတ်ခံကြရပါတယ်။ ဒီသပိတ်တိုက်ပွဲမှာ DSO ကျောင်းသားတွေ မပါဝင်ခဲ့ကြပါဘူး။ အောက်တိုဘာ အရေးတော်ပုံအပြီးမှာ ဦးသာဘန်း၊ မောင်လင်းယုန် (ရှမ်းပြည်) စတဲ့ တိုင်းရင်းသားလူမျိုးစု ကျောင်းသားခေါင်းဆောင်တွေ ပါဝင်လာတဲ့အတွက် တိုးတက်ကျောင်းသားများအင်အားစု (PFS) ကို ဖျက်သိမ်းပြီး၊ ‘တပ်ဦး’ လို့ခေါ်တဲ့ ရန်ကုန်သက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦး (Students United Front) SUF ကို ပြည်မနဲ့ ပြည်နယ် ကိုယ်စားပြုပြီး ဖွဲ့စည်းလိုက်ပါတယ်။ သမဂ္ဂရွေးကောက်ပွေဲ တွ အဆက်ဆက် ဒီတပ်ဦးနဲ့ DSO တို့ဟာ အပြိုင်အဆိုင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၃ နောက်ပိုင်းမှာတော့ ကျောင်းသားထု ထောက်ခံမှု မရတော့လို့ DSO ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့ ရပ်ဆိုင်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ‘စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးကြပါ၊ စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ’ မြတ်လေးတို့၊ စန္ဒာချစ်ဆွေတို့ရဲ့ ပြည်တငွ်းစစ် ဆန့်ကျင်ရေး တေးသံတွေ တက္ကသိုလ်နယ်မြေမှ ပျံ့နှံ့ နေတဲ့အချိန်မှာပဲ တရုတ်ဖြူ ကျူးကျော်မှု အရေးအခင်းကလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ အဲဒီခေတ် ရန်ကုန်၊ မန္တလေး ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေကို ရေးဖွဲ့ခဲ့တဲ့ မောင်သာရရဲ့ ‘ကျဉ်တုပ်ခံဝံ့ မခံဝံ့’ ၊ သိန်းသန်းထွန်းရဲ့ ‘အချစ်ဦးလေးရဲ့ အချစ်ရူး’၊ နတ်နွယ်ရဲ့ ‘အပြာနဲ့ အဝါ’၊ ကျော်အောင်ရဲ့ ‘သမဂ္ဂအလံတော်အောက်ဝယ်’ ၊ မင်းကျော်ရဲ့ ‘ငါတို့ခေတ်နှင့် အပြိုင်’ ဝတ္ထုကြီးတွေကို ကျနော် အမှတ်ရလာပါတယ်။ ၁၉၅၆ မှာ ဖဆပလ ရဲ့ အထွေထွေ ရွေးကောက်ပွဲ လုပ်တယ်။ အဲဒီမှာ ဖဆပလ ကို အတိုက်ခံလုပ်မယ့် ‘ပမညတ’ ဆိုတာ ပေါ်ပေါက်လာပါပြီ။ ဒီအချိန်မှာ ကျောင်းသားတွေကလည်း တကသ (၂၅) နှစ်ပြည့် ငွေရတုသဘင်ကျင်းပပြီး၊ ဗကသများအဖွဲ့ချုပ် ABFSU ရဲ့ စတုတ္ထကွန်ဂရက် ကို ခေါ်ယူကျင်းပခဲ့တယ်။ ၁၉၅၆ မတ်လထဲမှာ သတ္တမတန်း အစိုးရစစ် စာမေးပွဲ မေးခွန်း ပေါက်ကြားမှုဖြစ်ပြီး ဟယ်ရီတန် အရေးအခင်း ပေါ်ပေါက် ပျံ့နှံ့ သွားပါတယ်။ ဖဆပလ စစ်တပ်က ပစ်ခတ် နှိမ်နင်းလို့ စိန့်ပေါကျောင်းသား ဟယ်ရီတန် ကျဆုံးခဲ့ရတယ်။ ဒီတိုက်ပွဲဟာ လွတ်လပ်ပြီးခေတ် ဖဆပလ လက်အောက်မှာ ကျောင်းသားသွေး ပထမဆုံး မြေကျရတဲ့ တိုက်ပွဲပါပဲ။ ၁၉၅၆၊

အောက်တိုဘာ

(၁၆)ရက်နေ့မှာတော့

ဖဆပလ

အစိုးရက

ကျောင်းသားသမဂ္ဂများကို

ရက်ပေါင်း(၃ဝ)အတွင်း

ဖျက်သိမ်းရမယ်လို့

အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကိုလိုနီခေတ်မှာတောင် ဗြိတိသျှအစိုးရက တရားဝင် ရပ်တည်ခငွ့်ပြုခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ဖဆပလ အစိုးရက အခုလို လုပ်တာကို မကျေနပ်တဲ့အတွက် တပြည်လုံးမှာ ကျောင်းသားတွေ ဆန္ဒပြ သပိတ်မှောက်ကြပါတယ်။ ၁၉၅၃ အောက်တိုဘာ သပိတ်ပြီးရင် အခု ၅၆ သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေးသပိတ်ဟာ အစိုးရနဲ့ ကျောင်းသားတွေအကြား ဒုတိယအကြိမ် ထိပ်တိုက် ရင်ဆိုင်မှု ပါပဲ။ ဒီတိုက်ပွဲမှာလည်း တပြည်လုံးက ကျောင်းသားခေါင်းဆောင်တွေ အမြောက်အများ ဖမ်းဆီးထောင်ချခံရ၊ ကျောင်းထုတ်ခံကြရပါတယ်။ ဒီလို ဖိနှိပ်ချုပ်ချယ်မှုကြားကပဲ ကျောင်းသားသမဂ္ဂဟာ ၁၉၅၈- ပြည်တငွ်းစစ် (၁ဝ) နှစ်ပြည့်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဗိုလ်မှူးချုပ်ဟောင်း ကျောဇော တို့ ဦးဆောင်တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်းဂရက် (မြန်မာနိုင်ငံ) နဲ့ အတူ ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး ဆင်နခွှဲ့ကြပါတယ်။ ဒီ ၁၉၅၈ မှာပဲ ဗကသ ပဉ္စမ ကွန်ဂရက်က ထုန်ပြန်လိုက်တဲ့ ပြည်တငွ်းစစ် ရပ်စေဲ ရး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ကြွေးကြော်သံတွေဟာ ခွပ်ဒေါင်းအလံတွေနဲ့ အတူ လူထုထဲမှာ လွှင့်ပျံနေခဲ့ပါတော့တယ်။



[ မူရင်း - လွတ်လပ်သည့်အာရှအသံ ]

၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။ လေးဒေါင့်ကန်ကျေးရွ ကျးရွာတွင် ဓါတ်ငွေ့တူးဖော်ရန်အတွက်ဟုဆိုကာ လယ်မြေများသိမ်းယူ

ဝင်းမြတ် မတ် ၆၊ ၂၀၀၉ လေးဒေါင့်ကန်ကျေးရွာရှိ ဘိုးဘွားပိုင် လယ်မြေ ၁၀ ဧကကို ဓါတ်ငွေ့တူးဖော်စမ်းသပ် ရန်အတွက်ဟုဆိုကာ အစိုးရက သိမ်းယူလိုက်သောကြောင့် လယ်ပိုင်ရှင်မှာ စိတ္တဇ ဝေဒနာ ခံစားနေရပြီး စိတ်ကျန်းမာရေးဆေးရုံသို့ တင်ပို့ခဲ့ရသည်။ လွန်ခဲ့သော တစ်လခန့်က ရန်ကုန်တိုင်း လေးဒေါင့်ကန်ကျေးရွာ ကျူကုန်းကျေးရွာ အုပ်စုအပိုင်ရှိ မြေ ၁၀ ဧကကို သဘာဝဓါတ်ငွေ့တူးဖော်ရန်ဟုဆိုကာ အစိုးရမှ တစ်ဧကလျှင် ငွေ ကျပ် ၂၀,၀၀၀ လျှော်ကျေးပေးကာ လာရောက် သိမ်းယူသွားသည်။ သိမ်းယူသွားသော လယ်ပိုင်ရှင်မှာ မြေဧက ၂၅ ခန့်ပိုင်ဆိုင်ပြီး ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်လုပ်ကိုင် ခ့ေဲ သာလယ်မြေဖြစ်သည်။ နောက်ထပ်မြေကွက်များ ထပ်မံ အသိမ်းခံရမည်ကို အစိုးရိမ်လွန်ပြီး စိတ္တဇဒေနာဖြစ်ကာ ရွာသာကြီးရှိ စိတ်ကျန်းမာရေး ဆေးရုံသို့ လွန်ခဲ့သည့်သီတင်းပတ်က ပို့ဆောင်ခ့ရဲ ကြောင်း ၄င်းနှင့်နီးစပ်သည့် ဆွေမျိုးတစ်ဦး ထံမှသိရသည်။

အဆိုပါ ဆွေမျိုးသားချင်းဖြစ်သူက “စပါးကတော့ ပုံမှန်စိုက်ပါတယ်။ ပဲစိုက်ဖို့ ပြင်ဆင်နေတုန်း အခုလို လာသိမ်သွားတာပါ။ သူ့လယ်တွေမှာစက်အကြီး ကြီးတွေနဲ့တူးဖို့

ပြင်ဆင်နေတာတွေကို

စိုးရိမ်တာပါမယ်ထင်တယ်။

သွားကြည့်တော့

ပြီးခဲ့တဲ့အပတ်ကတော့

လေးငါးရက်

အိပ်ရေးပျက်တာလည်းပါတယ်။

ရွာသာကြီး(စိတ်ကျန်မာရေးဆေးရုံ)

ပို့လိုက်ရပြီ။

နောက်ထပ်လယ်တွေ

ဘာမှလည်း

ရေရေရာရာ

ထပ်သိမ်းမှာကိုလည်း

မေးလို့မရသေးပါဘူး”

ဟု

၎င်းကပြောပါသည်။ အဆိုပါနေရာကို နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်ဟုသိရသည်။ ဓါတ်ငွေ့စမ်းသပ်ဆဲဖြစ်ပြီး မြေ၁ဧကအတွက်

ပေးလျှော်သည့်

ဓါတ်ငွေ့မထွက်ရှိလည်း ငွေပမာဏ

လယ်မြေပိုင်ဆိုင်သူများက ပြောဆိုကြသည်။



မြေကွက်ကို

သောင်းကျပ်မှာ

အလျှော်ပေးပြီး

ဖြစ်

သောကြောင့်

ယခုကာလပေါက်ဈေးများနှင့်

ပြန်လည်ရရှိနိုင်မည်မဟုတ်ဟု

နှိုင်းယှဉ်လျင်

အလွန်နည်းပါးသည့်

ဆိုပါသည်။ ပမာဏဟု

ဗမာ့တပ်မတော်နှင့်အပြိုင် ၀ တပ်ဖွဲ့ အင်အားဖြည့် ကြာသပတေးနေ့၊ 05 မတ်လ 2009 သျှမ်းသံတော်ဆင့် ၂၀၀၈ နှောင်းပိုင်းကတည်းက ဗမာ့တပ်မတော် အင်အားတိုးဖြည့်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် UWSA ၀ တပ်ဖွဲ့ ထိန်း ချုပ်သည့် နယ်ခြားတလျှောက် နအဖတပ်အင်အားတပ်ရင်း ၄ - ၅ ရင်း ထပ်ဖြည့်ကြောင်း တရုပ်နယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။ ပြီးခဲ့သည့်ဖေဖေါ်ဝါရီလယ်က မိုင်းပြင်း တုန်တာဘက်မှ ဗမာစစ်တပ် ၆ ဘီး စစ်ကား ၁၂ စီး လက်နက်ကြီးအချို့ နှင့်အတူ (ကားတစီးလျှင် ပျမ်းမျှ အင်အား ၃၅ ယောက်) ကျိုင်းတုံမြောက်ဘက် မိုင်းခတ်၊ မိုင်းနုန်း၊ မိုင်းကာ ၀ တပ် ထိန်းချုပ်နယ်မြေ နှင့် ထိစပ်သည့်ဒေသ တလျှောက် အင်အားဖြည့်တင်းရာ UWSA ၀ တပ်ဖွဲ့ကလည်း တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက် တောင်ဘက်နှင့် အရှေ့တောင်ဘက် တလျှောက်တငွ် ၀ တပ်ရင်း ၄ -၅ ရင်း အင်အားအပြိုင် ဖြည့်တင်းပြင်ဆင်မှု လုပ်နေ ကြောင်း ဒေသခံများက ဆိုသည်။ ၀ ခေါင်းဆောင် တချို့နှင့် ရင်းနှီးသည့် ကုန်သည်တဦးက - “အခုအင်အားဖြည့်တာ ၀ ဌာနချုပ် ပန်ဆန်းမြို့တော်အရှေ့ တောင်ဘက်တင်မကဘူး၊ မြောက်ဘက်ခြမ်း

ပန်လုန်၊ နမ့်တစ် ဘက်မှာလဲ ပြီးခဲ့တဲ့ ၂၀ ရက် လောက်က ၀ တပ်ဖွဲ့ အင်အား ၁၀၀ ကျော် ဗမာတပ်လှုပ်ရှားတဲ့နယ်မြေထဲ စခန်းသွားချတယ်။ ဗမာ့တပ်က ၀ တွေကို တပ်ဆုတ်ခိုင်းတယ်။ အမှန်ကတော့ နယ်မြေကျူးကျော်တာ ၀ မဟုတ်ဘူးဗျ၊ ဗမာတပ်ကဘဲ ခေတ်အဆက်ဆက် ၀ နယ်ကိုကျူးကျော်တယ်၊ လက်နက်ကြီးတွေ ပြင်ဆင်ထားတယ်။ တခါမှပြန်ရုပ်တယ်ဆိုတာမရှိဘူး။ ၀ တပ်လဲ အခုထိ ပြန်မဆုတ်ပေးဘူးဗျ” ဟု ပြောပြပါသည်။

“စစ်ရေးအရအဓိကကျတဲ့နေရာတွေမှာကျုပ်တို့လူအင်အား၊ လက်နက်အင်အား၊ ကတုတ်ကျင်းတွေပြင်ဆင်မှု အားလုံး လုပ်ထားတယ်၊ ကွပ်ကေဲ ရးအရာရှိတွေနေရာမှာလဲ အတွေ့အကြုံများတဲ့ တပ်မှူးတွေအစားထိုးဖြည့်ထားတယ်” - ဟု တပ်မှူး တယောက်က ပြောပြကြောင်း အဆိုပါကုန်သည်က သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြ၏။ တောင်ပိုင်း SSA နှင့် ၀ တပ်ဖွဲ့ တို့အားထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့်လမှစ၍ နအဖစစ်အစိုးရက ဗမာပြည်မှ တပ်မ ၈၈ နှင့် ၆၆ အင်အား ၁,၅၀၀ - ၂,၀၀၀ ကြား သျှမ်းပြည်သို့ အင်အားဖြည့်ထားသည် ဟု ယုံကြည်ရသည့် တရုပ်နယ်စပ် သတင်း က ဆို၏။ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (အထူးဒေသ ၂ )သည် အထူးဒေသ ၄ မိုင်းလားအဖွဲ့ ၊ အထူးဒေသ ၁ ကိုးကန့် အဖွဲ့ တို့နှင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF ဖွဲ့ စည်းထားသော်လည်း၊ နယ်မြေဒေသအခြေ အနေ မတူကြောင်း၊ သျှမ်းပြည်အရေးလေ့လာသည့်ပုဂ္ဂိုလ်တဦးက- “အထူးဒေသ ၁

ကိုးကန့်နယ်မြေမှာ စစ်အစိုးရ အခြေစိုက် ထားတဲ့ တပ်ရင်း ၇ ရင်းရှိတယ်။ အရေးကြီးတဲ့ နယ်မြေအများစုကိုလည်း စစ်အစိုးရကခြေကုတ်ထားတယ်။ ၀ နဲ့ မိုင်းလား ဘက်တော့ အဲလိုမဟုတ်ဘူး။ နအဖ မချယ်လှယ်နိုင်တဲ့ သီးခြားကိုယ်ပိုင်လွတ်လပ်နယ်မြေတွေဖြစ်တယ်။ ၀ နဲ့ မိုင်းလား အဖွဲ့ အရေးကြုံလာရင် အချင်းချင်းကူညီနိုင်ပေမယ့် ကိုးကန့်ကိုတော့ သွားကူဖို့မလွယ်ဘူး။ ခရီးကအဆန် ခရီးဖြစ်နေလို့ဘဲ ” - ဟုဆို၏။ ထိုင်းနိုင်ငံတငွ် မွန်အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ Sat 07 Mar 2009, လရီမွန်၊ ကျလွန်းထော ယနေ့တွင်ကရောက်သော မွန်အမျိုးသမီးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ ဝင်းကကျေးရွာတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ လူဦးရေ ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။ မွန်တိုင်းပြည်ကို အုပခ်ျုပ်ခဲ့သည့် ဘုရင်မကြီး ရှင်စောပု၏မွေးနေ့ကို အစြွဲ ပုပြီး မွန်အမျိုး သမီးများနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ "လူငယ်တွေအားလုံး ခေတ်နဲ့ အညီ လေ့လာသင်ယူရမယ်၊ ကမ္ဘာ့အဆင့်မှီတဲ့အဆင့်ကို ရောက်နိုင်ဖို့ ကမ္ဘာနဲ့ အဆက်မပြတ် အဆက်အသွယ်ရှိနေအောင် ကြိုးစားကြရမယ်" ဟု မွန်အမျိုးသမီးနေ့ သဘာပတိအဖြစ်ဆောင်ရွက်သည့် နိုင်အောင်မင်းက ပြောကြားခဲ့သည်။ မွန်အမျိုးသမီးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဆက်ဆံရေး၊ စုပေါင်းစည်းလုံးရေးတွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်ရန်အတွက်နှင့် ခေတ်သစ်မှာ ကမ္ဘာ့အမျိုးသားထုနှင့် အတူတကွလက်တ၍ွဲ ချီတက်နငိုရန် စာရိတ္တကောင်းမွန်ပြီး အသိပညာဗဟုသုပြည့်စုံရန် အထူးသဖြင့် လူငယ်များလည်း ကြိုးပမ်းကြရန် ထပ်မံပြောကြားခဲ့သည်။ "မွန်လူမျိုးအနေနဲ့ လူမျိုးရေးဆိုင်ရာ အဖိနှိပ်ခံကြရသလို၊ အဆင့်အတန်းခြွဲ ခားခံရတာရှိ တယ်၊ အဲဒီလို အဖိနှိပ်ခံနေကြတဲ့အထဲမှာ ထပ်ခွဲလိုက်မယ်ဆိုရင် အမျိုးသမီးတွေက ပိုပြီး တော့တောင် အဖိနှိပ်ခံကြရတယ်၊ ကလေးတွေလဲ ပါတာပေါ့။ နိုင်ထက်စီးနင်းခံရတာ၊ ရောင်းစားခံရတာတို့ အမျိုးမျိုး အနှိမ်ခံကြရတာတွေကို သိနားလည်ပြီးတော့ ကျွန်တော်တို့ မွန်အမျိုးသမီးတွေ ကမ္ဘာနဲ့ ဘယ်လိုရင်ဘောင်တန်းပြီး နိုင်ငံလွတ်လပ်ရေးပန်းတိုင်အ တွက်ရော အမျိုးသမီးများဘဝ လွတ်မြောက်ရေးအတွက်ပါ ကြိုးစားသွားကြရမယ်" ဟုလည်း အဖိနှိပ်ခံအမျိုးသမီးများအတွက် သတိပေးပြောကြားသွားသည်။ ယနေ့တွင် ကျရောက်သော မွန်အမျိုးသမီးများနေ့တွင် အမျိုးသမီးများ ခေါင်းဆောင်နိုင်ရန် မြှင့်တင်ပေးရန်၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို ကာကွယ်ပေးရန်၊ အမျိုး သမီးများ တန်းတူအခွင့်အရေး ရရှိစေရန်၊ အမျိုးသားများနှင့် တန်းတူမှုရရှိရန် အမျိုးသမီး များအတွက် အထူးအခွင့်အရေး ဖန်တီးပေးရန်၊ မဟာဗမာဝါဒ၏ သွေးရောမည့် စီမံကိန်း ကို ကာကွယ်တားဆီးရန်နှင့် နိုင်ငံအုပ်ချုပ်ရေးကို ပြောင်းလဲပေးရန်ဟူ၍ မြန်မာစစ် အစိုးထံ မွန်အမျိုးသမီးနေ့ဖြစ်မြောက်ရေးကော်မတီက တောင်းဆိုထားသည်။ "ဒီအချက်အလက် ၆ ချက်ကိုတောင်းဆိုရတာက အစိုးရကနေပြီး အမျိုးသမီးတွေကို နှိပ်ကွပ်နေတာကို တစ်ချို့အမျိုးသမီးတွေ ကိုယ်တိုင်က မသိကြဘူး၊ အဲဒါကြောင့်မို့ အစိုးရ ကနေ အမျိုးသမီးတွေအပေါ် နှိပ်ကွပ်နေတာနဲ့ ပက်သက်ပြီး တောင်းဆိုလိုက်တာပါ" ဟု မွန်အမျိုးသမီးနေ့ ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။ "အခု မွန်အမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်ခငွ့်ရတာအရမ်းကို ဂုဏ်ယူမိပါ တယ်၊ ကိုယ့်လူမျိုးမှာ ရှင်စောပုဆိုတဲ့ ဘုရင်မ ရှိခ့တဲ ယ်ဆိုတော့ မွန်အမျိုးသမီးတွေ မညံ့ ခဲ့ဘူးဆိုတာ အားလုံးသိပါတယ်၊ လူငယ်တစ်ယောက်အနေနဲ့လည်း ကျွန်မပေးအပ်လာ မဲ့တာဝန်တွေကို ထမ်းဆောင်နိုင်အောင် အစဉ်ကြိုးစားနေသလို တစ်ဖက်ကလည်း အမျိုး သမီးတွေ အသိအမြင် ဗဟုသုတတွေ တိုးလာအောင် လက်တွေဲ ပးနေပါတယ်" ဟု တိုးတက်သော မွန်လူငယ်အဖွဲ့ အစည်း (MYPO) မှ မိမရဲ့မိုက ပြောသည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သော မွန်အမျိုးသားလူငယ်တစ်ဦးကို အမျိုးသမီးများနှင့် ပတ်သက်၍ သူ၏အမြင်ကို မေးမြန်းကြည့်ရာ "အရင်တုန်းကနဲ့စာရင် အခုခေတ်အမျိုးသမီး တွေက တော်တော်လေး အမြင်ကျယ်ပြီး ကြိုးစားလာကြတယ်၊ ဒီလိုဆက်ပြီး ကြိုးစားရင် တစ်နေ့မှာ အမျိုးသမီးခေါင်းဆောင်ဆိုတာ ထွက်ပေါ်လာမှာပဲ၊ နိုင်ငံရေးကိစ္စတွေမှာ ကျွန် တော်တို့ ယောက်ျားလေးတွေသက်သက် ဦးဆောင်ပြီး လုပ်ဆောင်နေရတာထက် မိန်းခ လေးတွေပါ ဦးဆောင်လက်တွဲပြီး ပါဝင်လာမယ်ဆိုရင် ပိုပြီးထိရောက်လာမယ်" ဟု သူ၏အမြင်ကို ပြောသည်။ "ကျွန်တော်တို့အနေနဲ့ကတော့ အမျိုးသမီးတွေကို ကျွန်တော်တို့နဲ့အတူ ရင်ဘောင်တန်း လက်တသွဲားနိုင်အောင် အမြဲကြိုဆိုနေပါတယ်၊ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် တောင် များနေပါတယ်၊ အဲဒီတော့ အမျိုးသမီးတွေအချင်းအချင်းကလည်း ထောက်ခံအား ပေးနိုင်ဖို့ လိုအပ်နေပါတယ်၊ ပြည်တငွ်းမှာ ဒီလိုနေ့မျိုးတွေကို ကျင်းပပေးစေချင်ပါတယ်၊ မွန်အမျိုးသမီးများ ကြိုးစားကြပါလို့ အားပေးပါတယ်" ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆို ခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ ကမ္ဘာ့အမျိုးသမီးများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အဖက်ဖက်တငွ် အဖိနှိပ်ခံနေရ သော မွန်အမျိုးသမီးများ ပညာရေးအသိ ဗဟုသုတ ပြည့်စုံနိုင်ရန်ကြိုးပမ်း၍ နိုင်ငံရေး ကြိုးပမ်းမှုနှင့်အတူ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ကြိုးစား အကောင် အထည် ဖော်သွားကြရန် ဤနေ့တငွ် ကျရောက်သော မွန်အမျိုးသမီးများနေ့ အခမ်းအနားတွင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်အောင်မင်းမှ တိုက်တွန်း ပြောကြား ခဲ့သည်။

သမ္မတအိုဘားမား တူရကီသွားမည်

08 March 2009 အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလရီကလင်တန် က သမ္မတ ဘားရက်အိုဘားမား ဟာ တူရကီနိုင်ငံကို နောက်လ အတွင်းမှာ ခရီးထွက်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ အီရတ်စစ်ပအွဲ တွင်း အမေရိကန်နဲ့ တူရကီ နှစ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားခဲ့တာကို ပြန်လည်တိုးတက်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မနေ့က ၀န်ကြီးကလင်တန် ဟာ တူရကီနိုင်ငံ အန်ကာရာ မြို့တော်မှာ တူရကီဝန်ကြီးချုပ် ရီဆပ် တယ်ရစ် အာဒိုဂန် (Recep Tayyip Erdogan) နဲ့ နိုင်ငံခြားရေးဝန်ကြီး အလီ ဘာဘာကန် (Ali Babacan) တို့နဲ့တွေ့ဆုံလို့အပြီး အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ သမ္မတအိုးဘားမားရဲ့ တူရကီ ခရီးစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ တူရကီနိုင်ငံနဲ့ ချစ်ကြည်မှုကို တန်ဖိုးထားတယ် ဆိုတာကို ပြသနေတာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း ဘုရှ် အစိုးရလက်ထက်မှာ အမေရိကန်နဲ့ တူရကီဆက်ဆံရေးမှာ စွန်းထင်းမှုတွေ ရှိခဲ့တာ ဖြစ်ပါ တယ်။ ၂၀၀၃ ခုနှစ် အမေရိကန်တပ်တွေ အီရတ်ကို စတင်စစ်ဆင်ရာမှာ မူဆလင် အများစုနေထိုင်ရာ တူရကီနိုင်ငံက သူ့ ပိုင်နက်မြေ ကို အသုံးပြုခွင့်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ မနေ့က ၀န်ကြီးကလင်တန် ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် တူရကီအစိုးရရဲ့ ကြိုးပမ်းခဲ့မှုတွေအတွက် အသိအမှတ်ပြု ပြောဆိုခ့ပဲါတယ်။ ဒါ့အပြင် အာဖဂန်နစ်စတန် မှာ တူရကီစစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ၀န်ကြီးကလင်တန် က ချီးကျူးပြောဆိုခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ်။ ဆီးရီးယားယား-အမေရိကန် ဆက်ဆံရေး ပြန်ကောင်း

08 March 2009 အမေရိကန်နဲ့ ဆီးရီးယား နှစ်နိုင်ငံအကြား ၂၀၀၅ ခုနှစ်ကနေ စတွက်ရင် အဆင့်အမြင့် ဆုံးဆွေးနွေးပွဲလို့ ဆိုရမယ့် အမေရိကန် ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆီးရီးယား အရာရှိကြီးတွေရဲ့ တွေ့ဆုံမှုဟာ မနေ့တုန်းက ဆီးရီးယားမြို့တော် ဒမားစကပ်စ် မှာ ကျင်းပခဲ့ပါတယ်။ အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီ ဖလက်တမင် နဲ့ သမ္မတ အိမ်ဖြူတော် အရာရှိ ဒယ်နီယယ် ရှပီးရိုး တို့ဟာ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ၀ါလိဒ် အလ် မိုလမ်း နဲ့ နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီပြောဆိုမှုမှာ နှစ်နိုင်ငံအကြား ဘုံရပ်တည်ချက်တွေနဲ့ လုပ်ကိုင်လို့ရတဲ့ အခြေအနေတွေ အများကြီးတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အနေအထားဟာ အရှေ့အလယ်ပိုင်း အရေးကိစ္စတွေမှာ အရေးကြီးတဲ့ နိုင်ငံဖြစ်သလို အပြုသဘောနဲ့ လှုပ်ရှားမယ့် နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီ ဖလက်တမင် က ပြောပါတယ်။ လက်ဘနွမ်ဝန်ကြီးချုပ်ဟောင်း ဟာရီရီ လုပ်ကြံခံခဲ့ရတဲ့ ၂၀၀၅ ခုနှစ်ကစပြီ ဆီးရီးယားနိုင်ငံမှာ အမေရိကန်ဆိုင်ရာ သံအမတ် မထားခဲ့တာပါ။ ဒီလုပ်ကြံမှုမှာ ဆီးရီးယားဘက်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဆီးရီးယားက ငြင်းထားပါတယ်။ ရှန်ဂရိုင်း ယာဉ်တိုက်မှုကို MDC ပါတီ သီးခြားစုံစမ်းမည်

07 March 2009 ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်း စီးနင်းလိုက်ပါလာတဲ့ကား ယာဉ်တိုက်မှု မဖြစ်အောင် ရှေ့ကနေ လုံခြုံရေးသွားတဲ့ ရဲကားက တားဆီးနိုင်ဖို့ ကောင်းတယ်လို့ သူ့ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှုပါတီ MDC က ပြောလိုက်ပါတယ်။ မော်ဂန်ရှန်ဂရိုင်း နဲ့ ဇနီးဖြစ်သူတို့ စီးနင်းလိုက်ပါလာတဲ့ ကားဟာ ဟာရာရီ မြို့တော် တောင်ဘက်မှာ ထရပ်ကားတစီးနဲ့ တိုက်မိပြီးတဲ့နောက် ချန်ဂရိုင်းရဲ့ ဇနီးဖြစ်သူ သေဆုံးသွားပြီး သူကိုယ်တိုင်ကတော့ ဆေးရုံမှာ ကုသနေရပါတယ်။ ယာဉ်တိုက်မှု မဖြစ်အောင် ရှောင်မယ်ဆိုရင် ရှောင်နိုင်ပါတယ်လို့ ဇင်ဘာဘွေ ဘဏ္ဍာရေးဝန်ကြီး MDC အထွေထွေ အတွင်းရေးမှူးချုပ် Tendai Biti က သတင်းထောက်တွေကို ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ လုပ်ကြံတဲ့ဖြစ်ရပ် ဟုတ-် မဟုတ် ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေပါတယ်။ MDC အနေနဲ့လည်း ကိုယ့်ဘာသာ စုံစမ်းစစ်ဆေးမယ်လို့ Biti ကပြောပါတယ်။ ၀န်ကြီးချုပ်ကားနဲ့ တိုက်မိတဲ့ ထရပ်ကားဟာ အမေရိကန်က လှူဒါန်းတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းတွေ သယ်လာတဲ့ကား ဖြစ်တယ်ဆိုတဲ့ ကနဦးအစီရင်ခံချက် ထွက်လာပါတယ်။ ဟာရာရီမြို့ပြင်က ထိန်းသိမ်းစောင့်ရှောက်မှုညံ့ဖျင်းတဲ့ လမ်းမှာ သောကြာနေ့က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုအတွက် စုံစမ်း စစ်ဆေးဖို့ MDC တာဝန်ရှိသူတွေက တောင်းဆိုထားတာပါ။ ၀န်ကြီးချုပ် ရှန်ဂရိုင်းဟာ ဦးခေါင်းမှာဒဏ်ရာရသွားပေမဲ့ ဟာရာရီမြို့တော်က ဆေးရုံတခုမှာ အခြေအနေ ပြန်ကောင်းလာ နေပါပြီ။

ပါလက်စတိုင်းဝန် ၀န်ကြီးချုပ် နုတ်ထွက်

07 March 2009 ပါလက်စတိုင်း ညီညွတ်သော အစိုးရတရပ် ဖွဲ့စည်းရေး လမ်းဖွင့်ပေးတဲ့အနေနဲ့ ပါလက်စတိုင်းဝန်ကြီးချုပ် စလာမ် ဖေယက်ဒ် (Salam Fayyad) ရာထူး က နုတ်ထွက်ပေးလိုက်ပါတယ်။ သူ့ရဲ့ နုတ်ထွက်လွှာကို ပါလက်စတိုင်းသမ္မတ မာ့ခ်မုဒ် အဘာ့စ် (Mahmud Abbas) ထံ တင်သငွ်းလိုက်ပြီလို့ မစ္စတာ ဖေယက်ဒ် က စနေနေ့မှာ ပြောပါတယ်။ ညီညွတ်သော ပါလက်စတိုင်းအစိုးရတရပ်ကို ဒီလကုန်မှာ ဖွဲ့စည်းပြီးတဲ့အခါ သူ့ရဲ့ နှုတ်ထွက်လွှာ အတည်ဖြစ်ပါလိမ့်မယ်။ မစ္စတာအဘာ့စ် နဲ့ သူ့ရဲ့ ပြိုင်ဘက် ဟားမားစ်အဖွဲ့တို့အကြား အာဏာခွေဲ ၀ရေး ဆွေးနွေးပွေဲ တွ ပြန်မစခင် အခုလို နုတ်ထွက် လိုက်တာဖြစ်ပါတယ်။ ဟားမားစ်အဖွဲ့က ၂၀၀၇ ခုနှစ်မှာ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် မစ္စတာဖေယက်ဒ် ကို ၀န်ကြီးချုပ် အဖြစ် မစ္စတာအဘာ့စ်က ခန့်ထားခဲ့တာပါ။ မစ္စတာဖေယက်ဒ် နှုတ်ထွက်ပေးဖို့ ဟားမားစ်အဖွဲ့က ထပ်ခါတလဲလဲ တောင်းဆိုခ့ဖဲူးပြီး သူ့အစိုးရဟာ တရားဝင်မှုမရှိတဲ့အပြင် အခြေခံဥပဒေနဲ့လည်း မညီညတ်ွဘူးလို့ စနေနေ့မှာပြောပါတယ်။ အမေရိကန် အလုပ်လက်မဲ့နှုန်း သိသာစွာတိုး

07 March 2009 အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အလုပ်လက်မဲ့နှုန်း ၈.၁ % အထိ ရှိလာပြီး စီးပွားရေး ကျဆင်းမှု ကြောင့် အလုပ်ပြုတ်သွားသူ ၆၅၁,၀၀၀ ရှိသွားပါပြီ။ သောကြာနေ့ကထုတ်ပြန်တဲ့ အလုပ်သမားဝန်ကြီးဌာန ရဲ့ အစီရင်ခံစာ အရ အလုပ်လက်မဲ့ဦးရေဟာ ၂၅ နှစ်အတွင်း ၀.၅ % နဲ့ အမြင့်ဆုံးကို ရောက်ရှိလာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ လအတွင်း အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်ထွက်ခဲ့ရသူပေါင်း ၄,၄၀၀,၀၀၀ ကျော် ရှိခ့ေဲ ကြာင်း သတင်းရရှိပါ တယ်။ အဲဒီ အလုပ်လက်မဲ့များ အလုပ်ထွက်ရသူများရဲ့ ဦးရေကို ကြည့်လိုက်ရင် အရင်လထဲမှာ မိမိလက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး ဦးမော့ရေး အစီအစဉ် ဘယ်လောက်ထိ အရေးကြီးသေးလဲ ဆိုတာ ပြသတာပဲလို့ သမ္မတ ဘားရက် အိုဘားမား က ပြောပါတယ်။ အလျင်အမြန် ပျက်ယငွ်းနေတဲ့ အမေရိကန်စီးပွားရေးနဲ့ပတ်သက်ပြီး သမ္မတ ဘားရက်အိုဘားမား က -

“အမေရိကန်နိုင်ငံမှာ အခုလို အကျပ်အတည်းနဲ့ ကြုံလာတဲ့အခါ ဘေးမှာ ထိုင်နေပြီး ဒီအတိုင်း မျှော်လင့်နေကြမှာ မဟုတ်ဘူး ဆိုတာ ကျနော်သိပါတယ်။ နိုင်ငံရဲ့ သမိုင်းတလျှောက် ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲဖြစ်စေ အဲဒီလို စိန်ခေါ်မှု ဖြစ်တိုင်း ပြည်သူတွေက အကြံကောင်းဉာဏ်ကောင်းတွေနဲ့ ရဲဝံ့ ပြတ်သားစွာ လုပ်ဆောင်ခြဲ့ ကတာပါ။ ဒီလို အမေရိကန်တို့အဖို့ အလွန်အမင်း အရေးကြီးနေတဲ့ကာလ ကျနော်တို့တတွေ ကိုယ့်အတွက်ကိုယ်ရော၊ နောင်လာ နောက်သား သားသမီးတွေအတွက်ပါ တာဝန်ယူကြရပါလိမ့်မယ်။” - လို့ ပြောကြား ခဲ့ပါတယ်။ အိုဟိုင်းယိုး ပြည်နယ်က ရဲသင်တန်းဆင်းပွဲကို တက်ရောက်နေစဉ် သမ္မတ ဘားရက် အိုဘားမားက အခုလို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အိုဟိုင်းယိုးပြည်နယ် ကိုလံဘက်စ် မြို့ ရဲသင်တန်းဆင်းပွဲတငွ် မိန့်ခွန်းပြောကြား နေသည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား (မတ်လ ၆၊ ၂၀၀၉) ဇင်ဘာဘွေဝန်ကြီးချုပ်ဇနီး ကားတိုက်သေဆုံး

07 March 2009 ဇင်ဘာဘွေနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်ဖြစ်တဲ့ မော်ဂန်ရှန်ဂရိုင်း လိုက်ပါစီးနင်းလာတဲ့ ကားဟာ ဟာရာရီမြို့တော် တောင်ပိုင်းမှာ ထရပ်ကားနဲ့ တိုက်မိပြီး ကားပေါ်မှာ ပါလာတဲ့ ၀န်ကြီးချုပ်ကတော် အသက်ဆုံးပါးခဲ့ ရတဲ့အပြင် ၀န်ကြီးချုပ် မော်ဂန်ရှန် ဂရိုင်း ကို အခု ဆေးရုံမှာ တင်ထားရပါတယ်။ သူ့ရဲ့ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့ ပါတီကတော့ ဘီးထရစ် မြို့နားမှာ ဖြစ်ပွားခဲ့တဲ့ ဒီကားတိုက်မှု ကြောင့် ဆေးရုံရောက်နေတဲ့ ၀န်ကြီးချုပ်ဟာ အခု အခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီလို့ ပြောပါတယ်။ ကားပေါ်မှာပါလာတဲ့ ၀န်ကြီးရဲ့ လက်ထောက်နဲ့ ကားမောင်းသမားရဲ့ အခြေအနေ ကိုတော့ အခုထိ မသိရသေးပါဘူး။ သေဆုံးသူ ၀န်ကြီးချုပ်ကတော် ဆူဇန် ရှန်ဂရိုင်း ဟာ အသက် ၅၀ ရှိပြီဖြစ်ပြီး မစ္စတာ ရှန်ဂရိုင်း ကတော့ ရှေ့သီတင်းပတ် ထဲမှာ အသက် ၅၇ နှစ်ထဲ ၀င်တော့မှာ ဖြစ်ပါတယ်။ ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်း နှင့် ဇနီး ဆဇူ န် ရနှ ဂ် ရငိုး (ဖေဖောဝ်ါရီ ၁၁၊ ၂၀၀၉) ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးရုံးက ဒီဖြစ်ရပ်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတ

ရောဘတ်မူဂါဘီ ဟာ ၀န်ကြီးချုပ်ကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့ပေမယ့် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုတော့ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပါဘူး။

Related Documents

March 82009 News
December 2019 21
March News
December 2019 21
March 242009 News
April 2020 13
Tax News March 2009
December 2019 32
March 182009 News
April 2020 9