Kokang 1

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Kokang 1 as PDF for free.

More details

  • Words: 332
  • Pages: 2
ကိုးကန့် အမျိုးသားနယ်မြေအတွင်း နအဖ တပ်များ ကျူးကျော်ဝင်ရောက်လာသည့် လုပ်ရပ်ကို ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအင်အားစုများတို့ မှ ရှုတ်ချကန့် ကွက်သည့် ထုတ်ပြန်ကြေငြာချက် ကိုးကန့်အမျိုးသားများပိုင်နက် ကိုးကန့်အမျိုးသား ထိန်းချုပ်ရာနယ်မြေ လောက်ကိုင်ဒေသ

အတွင်းသို့ နအဖ၏တပ်များ မတရားကျူးကျော်ဝင်ရောက်တပ်စွဲခြင်း ကိုးကန့်ခေါင်းဆောင် နေအိမ် အတွင်းသို့ ဥပဒေ မဲ့ဝင်ရောက်ရှာဖွေခြင်းများ ကိုးကန့်တပ်ဖွဲ့၏ တပ်တွင်းကိစ္စများကို ၀င်ရောက် သပ်လျိုဖြိုခွဲသည့် ကိစ္စများနှင့် မကြာခင်က ကရင်ဒေသတွင် သပ်လျှို ဖြိုခွဲမှု အမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး လူမျိုးတူ အချင်းချင်း ပြန်လည်သတ်ဖြတ်ခိုင်းသည့် ကိစ္စများသည် နအဖစစ်အုပ်စု၏ ကောက်ကျစ်သော လုပ်ရပ်များဖြစ်သည့်အတွက် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအင်အားစုများတို့မှ ပြင်းပြင်းထန်ထ န် ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

နအဖ စစ်အုပ်စုသည် လွန်ခဲ့သည့် နှစေ် ပါင်း ၂၀ အတွင်း စတင်အပစ်အခတ်ရပ်ဆိုင်းရေး ပြုလုပ်စဉ်ကာလတွင်

နှစ်ဦးနှစ်ဖက်

ပေးထားသည့်

ငြိမ်းချမ်းရေး

သဘောတူညီချက်များထဲတွင်

ပြည်သူလူထုတရပ်လုံးတို့ မှ လွတ်လပ်စွာ ရွေးချယ်တင်မြောက်သည့် အစိုးရတရပ် ပေါ်ပေါက်မှသာလျှင် နိုင်ငံရေး၊ တိုင်းရင်းသားများအရေး နှင့် လက်နက်ကိုင် တပ်ဖွဲ့ ကိစ္စများကို ဖြေရှင်းပေးရန် သဘောတူ

ထားခဲ့ပြီးဖြစ်သည်။ နအဖ စစ်အုပ်စုသည် မိမိပေးထားသည့် ကတိများကို မိမိကိုယ်တိုင် စတင်ချိုးဖေါက် လိုက်ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးကိစ္စ

စွပ်စွဲချက်သည်လည်း

နအဖစစ်အုပ်စု၏

နိုင်ငံရေး

နည်းလမ်းဖြင့် မဖြေရှင်းလိုသည့် အကြောင်းပြချက်တစ်ရပ်သာဖြစ်သည် ။ နအဖ စစ်အုပ်စုမှ ကိုးကန့် အမျိုးသားပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက် ရန်စလိုက်ခြင်း

သည် ကိုးကန့် အမျိုးသား တခုတည်းကို ကျုးကျော်တိုက်ခိုက် ရန်စခြင်းမဟုတ်တော့ပဲ အပစ်အခတ်ရပ် စဲထားကြသော တိုင်းရင်းသားအဖွဲ့ အစည်းများအားလုံးကိုပါ စိနေ် ခ်ါလိုက်ခြင်းဖြစ်သည်။ ယနေ့ နအဖ စစ်အုပ်စု၏ လုပ်ရပ်သည် ပြည်တွင်းငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား များ၏ဒေသတွင်း

လုံခြုံရေးများကိုပါ

ထပ်မံထိပါးလာသည့်အတွက်

ကုလသမဂ္ဂအပါအ၀င်

နိုင်ငံတကာအသီးသီးမှ ၀ိုင်းဝန်းဖိအားပေးကြပါရန် နှင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်

တပြည်လုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ပေးပါရန် နအဖ စစ်အုပ်စုအား တိုက်တွန်း တောင်းဆိုလိုက်ပါသည်။ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအင်အားစုများ (1) National Democratic Front (Burma) Representative for Japan, ( NDF(Burma)Rep;Jp ) (2) Karen National Union ( Representative for Japan ), ( KNU-Rep;Jp) (3) Kachin National Organization-Japan, ( KNO-Japan ) (4) Karen National League,( KNL-Japan) (5) Chin National Community-Japan,(CNC-Japan ) (6) Naga National Society-Japan, ( NNS-Japan )

(7) Palaung National Society-Japan, ( PNS-Japan )

(8) Punnyagari Mon National Society-Japan, ( PMNS-Japan ) (9) Arakan League for Democracy(Exile)Japan, ALD(Exile)Japan (10) Shan Nationalities for Democracy-Japan, ( SND-Japan ) (11) Pa-O Nationalities Liberation Society-Japan, ( PNLS-Japan ) (12) Karenni ( Kayah ) National Society, ( Japan )

(13) Kachin State National Congress for Democracy, ( Liberated Area-Japan ), (KNCD-LAJP) (14) Kachin National Uplift Society, ( KNUS ) (15) Overseas Karen Organization-Japan, ( OKOJ )

(16) Shan State Nationalities for Democracy-Japan, ( SSND-Japan )

ပူးပေါင်းပါဝင်သည့်အဖွဲ့ အစည်းများ (1) Joint Action Committee of Burmese Community in Japan (JAC) (2) NCUB- Representative for Japan

(3) National League for Democracy (Liberated Area) Japan Branch (NLD-LA-JB) (4) League for Democracy in Burma (LDB)

၂၀၀၉ ခုနှစ် သြဂုတ်လ (၃၀)ရက် Media Contact ၀၉၀ ၉၈၃၁ ၇၁၉၂၊ ၀၉၀ ၆၀၂၅ ၄၆၂၉၊ ၀၈၀ ၅၃၇၆ ၇၄၀၁၊ ၀၈၀ ၅၅၃၀ ၇၉၈၇ ၀၉၀ ၃၀၄၈ ၈၆၈၀၊ ၀၈၀ ၂၀၄၈ ၅၈၃၄၊ ၀၉၀ ၄၂၄၆ ၃၃၇၉၊ ၀၈၀ ၃၆၀၆ ၅၉၅၆

Related Documents