Karen

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Karen as PDF for free.

More details

  • Words: 224
  • Pages: 2
FORUM FOR KAREN NATIOANAL SOLIDARITY ကရင်အမျိုးသားသွေးစည်းညီညွတ်ရေးအင်အားစု [email protected]

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်တော်လက်အောက်ခံ (၉၉၉)အထူးတပ်ရင်း၊အမှတ်(၉၀၁)၊(၉၀၆)။(၉၀၇)ဗဟိုလုံခြုံရေးတပ်ရင်းများနှင့် ဟောင်သရောငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ ပန်ကြားလွှာ နိုဝင်ဘာ ၁၃ ၊ ၂၀၀၈ ၊ ကရင့်တော်လှန်ရေးနယ်မြေ

နအဖစစ်အာဏာရှင်ကြီးမိသားစုက လက်သပ်မွေးထားသော ခေတ်ပျက်သန်းကြွယ်သူဌေး တေဇပိုင် ထူး ကုမ္ပဏီက

ကရင်ပြည်နယ်တွင်းရှိ

ကရင်အမျိုးသားအစည်းအရုံး

ထိန်းချူပ်ရာနယ်မြေတွင်

မကြာသေးခင်က

သစ်ထုတ်လုပ်ငန်းများ စတင်လုပ်ကိုင်နေကြောင်း၊ အဆိုပါ သစ်လုပ်ငန်းနယ်မြေသည် ကေအင်န်ယူ တပ်မဟာ(၆) ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်မြေမှ ၅ မိုင်ကျော် ကော့ကရိတ်ခရိုင်ရှိ မယ့်ကသာ သစ်တောအတွင်းတွင်ဖြစ်ပြီး ကေအင်န်ယူကို အခွန်ပေးဆောင်၍ သစ်ထုတ်လုပ်ငန်းများလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ယင်းသစ်ထုတ်လုပ်ငန်းများအတွက်

နှစ်ဘက်အကျိုးဆောင်ပေးနေသော

ဘုရားသုံးဆူရှိ

ကိုယ်စားလှယ်တစ်ဦး၏

ပြောကြားချက်ကို ကိုးကား၍ မီဒီယာများတွင် ဖော်ပြလာခဲ့သည်။ မီဒီယာများတွင်ဖော်ပြချက်အရ ထူး ကုမ္ပဏီသည် ၎င်းနယ်မြေတွင် သစ်တန်ချိန် ၁၀၀၀ ခန့်ကို ခုတ်လှဲ ခဲ့ပြီးဖြစ်ကြောင်း၊ကေအင်န်ယူ သစ်တောထိန်းသိမ်းရေးဌာန၏ အချက်အလက်များအရ ၎င်းနယ်မြေရှိ ကျွန်းသစ်နှင့် သစ်မာများ ထွက်ရှိရာ ဧက ၅၀၀၀၀ ၀န်းကျင်ရှိ မယ့်ကသာနှင့် ဧက ၂၀၀၀၀ ခန့်ရှိ ကျွန်းချောင်း သစ်တောနှစ်ခုသည် ကေအင်န်ယူ က အဓိက ထိန်းချုပ်ထားသော သစ်တောများဖြစ်သည်ဟုလည်း သိရသည်။ ထူး

ကုမ္ပဏီအနေဖြင့်

အဆိုပါနယ်မြေများအတွင်းမှ

တပ်မဟာ(၆)လက်အောက်ခံတပ်များနှင့်

အခွန်အခငွေကြေးများ

ထွက်ပေါ်နေသော်လည်း ထိုသတင်းကို ဧရာဝတီ က

သစ်များထုတ်ယူခွင့်ရရှိရေးအတွက် အပေးအယူလုပ်ထားသယောင်

နယ်မြေခံ သတင်းများ

တပ်မဟာ(၆)ရှိ ဗိုလ်ကြီး ထက်နေအား ဖုန်းဖြင့်ဆက်သွယ်

မေးမြန်ရာတွင် ၎င်းက ထူး ကုမ္ပဏီ အနေဖြင့် ယခင်တုန်းက သစ်များထုတ်လုပ်ရန် ခွင့်တောင်းခဲ့ဖူးကြောင်း သို့သော် ၄င်းတို့က ခွင့်မပြုခဲ့ကြောင်း၊ ယခုလည်း ခွင့်မပြုကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရသည်။ အထက်ဖော်ပြပါ

အခြေအနေအရပ်ရပ်သည်

ယခုပွင့်လင်းရာသီရောက်သည်နှင့်

အဆိုပါနယ်မြေအတွင်း

တိုက်ပွဲများစဉ်ဆက်မပြတ်ပေါ်ထွက်လာတော့မည်ကို ညွှန်ပြနေပေသည်။ စစ်အာဏာရှင်ကြီး၏ မိသားစုအကျိုးစီးပွား နှင့်တိုက်ရိုက်ပတ်သက်မှုရှိနေသည့်အတွက် တေဇ ပိုင် ထူး ကုမ္ပဏီ၏ သစ်ထုတ်လုပ်ငန်းများ အဟန့်အတား မဖြစ်စေရန်

နအဖ က တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တော့မှာသေချာနေသည်။နယ်မြေကျွမ်းကျင်သော

ဒီကေဘီအေ တပ်များကို စစ်အာဏားရှင်ကြီး၏ ခါးပိုက်ဆောင် ခေတ်ပျက်သူဌေး တေဇ အကျိုးစီးပွားအတွက် မဖြစ်စလောက်မက်လုံးများပေးကာ ကရင်အချင်းချင်းစစ်ခင်းခိုင်းပေလိမ့်မည်။

(၂) နိုင်ငံပိုင်သယံဇာတအမျိုးမျိုးကို ၄င်းတို့ကိုယ်ကျိုးစီးပွားအတွက် ထင်သလိုခြယ်လှယ်နေသော နအဖ အစိုးရ အနေဖြင့် ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဒေသခံလူထု၏လူနေမှုဘ၀ မြင့်မားတိုးတက်ရေးအတွက် စေတနာရှေ့ထားဆောင်ရွက်ခြင်းများမရှိသည့်အပြင်

လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခြင်း၊ တောပျော်ကရင်တို့

ခိုကိုးရာမရှိအောင် တောရှင်းမြေလှန်လုပ်နေခြင်းများကို ကရင်တစ်မျိုးသားလုံးက အမျိုးသားရေးအသိ အမျိုးသားရေး သတိဖြင့်ကာကွယ်သွားရမည်ဖြစ်သည်။ ထို့ကြောင့်

အဆိုပါနယ်မြေများအတွင်း

အခြေပြုလှုပ်ရှားနေသော

ကရင်အမျိုးသားလွတ်မြောက်ရေး

တပ်မတော် တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်တော် လက်အောက်ခံ (၉၉၉)အထူးတပ်ရင်း ၊အမှတ်(၉၀၁) ၊ (၉၀၆) ၊ (၉၀၇) ဗဟိုလုံခြုံရေးတပ်ရင်းများနှင့်

ဟောင်သရော

ငြိမ်းချမ်းရေးတပ်ဖွဲ့တို့အနေဖြင့် အိမ်ကြက်ချင်းအိုးမည်းသုတ် အခွပ်ခိုင်းသည့် နအဖ၏လုပ်ရပ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကရင့်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း၊ ကရင့်မြေပေါ်မှ သဘာဝသယံဇာတ သစ်တောအရင်းအမြစ်များ တိုက်ကာ

မပျက်စီး ၊ မပြုန်းတီးစေရေးအတွက်လည်းကောင်း၊ စစ်တပ်အားကိုးဖြင့် လောဘဇော

ကရင်ပြည်နယ်အားမီးလောင်တိုက်သွင်းရန်ကြံစည်နေသော

တေဇပိုင်

ထူး

ကုမ္ပဏီ၏သစ်ထုတ်ရေး

လုပ်ငန်းများ အထမမြောက်စေရန်အတွက်လည်းကောင်း ကရင်းအချင်းချင်း လက်ချင်းတွဲကျောချင်းကပ်ရတော့မည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းပန်ကြားအပ်ပါသည်။ ကရင်အမျိုးသားအလံတော်အောက်တွင် ကရင်အမျိုးသားထုတစ်ရပ်လုံး သွေးစည်းညီညတ်ွကြပါစို့

FORUM FOR KAREN NATIOANAL SOLIDARITY ကရင်အမျိုးသားသွေးစည်းညီညွတ်ရေးအင်အားစု [email protected]

Related Documents

Karen
May 2020 31
Karen
November 2019 42
Karen
October 2019 55
Karen
June 2020 25
Karen
December 2019 39
Karen
November 2019 30