Hag

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Hag as PDF for free.

More details

  • Words: 786
  • Pages: 5
၂၀၀၈ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မှ ရယူသင့်သောသင်ခန်းစာများ ၂၀၀၈ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့တင်ွပြုလုပ်ခဲ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် အမေရိကန် ပြည်သူ လူဖြူ၊ လူမည်း၊ လူညို၊ လူဝါ တို့သာမက ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများကပါ အထူးစိတ်ဝင်စား အာရုံစိုက်ခြင်း ခံခဲ့ရသည့် သမိုင်းဝင် ရွေးကောက်ပွဲဖြစ်ပေသည်။ အမေရိကန်နိုင်ငံတွင် အသားအရောင်ခွဲခြားမှု၊ လူဖြူလူမဲပြဿနာသည် နှစ်ပေါင်း(၂၀၀)ကျော် သည်အထိ ကြာမြင့်ခဲ့သည့်ကြီးမား

သည့်ပြဿနာကြီးဖြစ်သည်။

လူမဲများအား

ပင်လယ်ကူးသင်္ဘောကြီးများဖြင့် သွားရောက်အဓမ္မဖမ်းဆီး၍

ကျွန်ကုန်သည်များက

လူလူချင်း

ကျွန်ပြုပြီး

အာဖရိကတိုက်တွင်

မြောက်အမေရိကတိုက်တွင်

ရောင်းချ၍ စီးပွားရှာ ကြသည်။ အမေရိကန်များက ၎င်းတို့၏ ခြံမြေများတွင် လယ်ယာ၊ ကိုင်း၊ ကျွန်းများကို စိုက်ပျိုးရန် အတွက် လူမည်းများအား ကျွန်ကုန်သည်ကြီးများထံမှ ၀ယ်ယူ၍ကျွန်များအဖြစ် ခိုင်းစေခဲ့ကြသည်။ ကျွန်ပိုင်ရှင်များက မိမိတို့ပိုင် ကျွန်များကို ရိုက်နှက်၊ သတ်ဖြတ်ပိုင်ခွင့်ရှိကြသည်။ ကျွန်များကိုသတ်ဖြတ်မှုကို လူသတ်မှုအဖြစ် မမှတ်ယူ ကြ။ အီဗရာဟင်လင်ကနွ်းသမ္မတ ဖြစ်လာပြီး ကျွန်စနစ်ကိုဖျက်လိုက်ပြီးနောက်ပိုင်း လူမဲတို့ကျွန်သဘောက်ဘ၀မှ လွတ်မြောက်လာကြ သော်လည်း လူဖြူတို့နှင့် တန်းတူအခွင့်အရေးမရကြပေ။ လူဖြူ၊ လူမဲခွဲခြားမှုက ရှိနေပြန်သည်။ လူဖြူတို့စားသောက်ဆိုင်တွင် လူမဲတို့စားသောက်ခွင့်မရ၊ ဘတ်(စ်)ကား တွင်လူဖြူတို့က ရှေတန်းတွင် ထိုင်ကြရပြီး လူမဲတို့က နောက်တန်းတွင် ထိုင်ကြရသည်။ လူဖြူတို့ တက်လာလျှင် ထိုင်စရာနေရာမရှိလျှင် လူမဲတို့ကထပေးကြရ သည်။ အစိုးရဌာနများတွင်၎င်း၊ အားကစားနေရာတို့တွင်၎င်း၊ လူဖြူတို့လွှမ်းမိုးနေရာယူထားကြပြီး လူမဲတို့အားနှိမ် ထားကြသည်။ လူမအဲ မျိုးသ္မီးများကို လူဖြူတို့ကမုဒိမ်းကျင့်လျှင် လူဖြူပုလိပ်တို့က အရေးမယူ မျက်ကွယ်ပြုကြသည်။ မာတင်လူသားကင်းတယောက် လူမေဲ ခါင်းဆောင် အဖြစ်ပေါ်ထွက်လာခဲ့ပြီးနောက် တန်းတူအရေး၊ အခွင့်အ ရေးညီမျှရေး၊ အသားအရောင်ခွဲခြားမှုပပျောက်ရေးတို့ကို ဟောပြောလာခဲ့ပြီးနောက် ဩဂုတ်လ(၂၈)ရက်နေ့ (၁၉၆၃) ခုနှစ်မှာ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ သမ္မတလင်ကွန်း အထိမ်းအမှတ်ရုပ်ထုရှေ့ရှိလှေကားထစ်ပေါ်တွင် စင်မြင့် ထိုးပြီး ဒေါက်တာကင်းက သူရဲ့ သမိုင်းဝင်”ငါ့အိမ်မက်” ဆိုတဲ့ မိန့်ခွန်းကြီးကို လူပေါင်းနှစ်သိန်းခွဲရှေ့မှာပြောကြား ခဲ့သည်။ မာတင်လူသာကင်းက အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းထဲတွင် မည်သည့်လူသားမဆို ကွဲးပြားခြား နားမှုမရှိပဲ အသက်ရှင်ရပ်တည်နိုင်မှု၊ လွတ်လပ်မှုနဲ့ ပျော်ရင်ွချမ်းမြေ့မှုကို ခံစားခွင့်ရှိစေရမည်ဟု ကတိပြုထားခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ မာတင်လူသာကင်း၏”ငါ့အိမ်မက်” ဆိုသည့် သမိုင်းဝင်မိန့်ခနွ်းတွင် တနေ့တွင်လူဖြူ၊ လူမဲမခွဲခြားဘဲ အမေရိ ကန်နိုင်ငံသားအဖြစ် တန်းတူအခွင့်အရေးရရှိရေးကို ဦးတည်ပြီး ပြောကြားသွားခဲ့ပေသည်။ သူ၏မိန်းခွန်းတွင် ယ္ခင်က ကျွန်ဖြစ်ခဲ့သူ၏ သားသ္မီးတို့နှင့် ကျွန်ပိုင်ရှင်တို့၏သားသ္မီးတို့ တစ်စားပွတဲ ည်းတွင် အတူတကွထိုင်နိုင်ရေး၊ တဦးနှင့်တ ဦး ချစ်ကြည်စွာလက်တွလဲ မ်းလျှောက်နိုင်ရေး၊ တနေ့တွင် အမေရိကန်ပြည်ထောင်စုသည် လူတစ်ဦး၏ တန်ဖိုးကို

ဆုံးဖြတ်သည့်အခါ ထိုသူ၏အသားအရောင်ပေါ်တွင် မဆုံးဖြတ်ဘဲ ထိုသူ၏အရည်အချင်းနှင့် လုပ်ရပ်ပေါ် တွင်သာဆုံး ဖြတ်ရန် ဖြစ်လာလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ ထိုအချိန်ကလူမဲ၊ လူညို၊ လူဝါတို့အတွက် အမေရိကန်သမ္မတဖြစ်ဘို့ အိမ်မက်ပင်မမက်ရဲသော ကာလဖြစ် သည်။ ဒေါက်တာမာတင်လူသာကင်းက ရဲဝင့်စွာအနာဂါတ် အမေရိကန်ပြည်၏ လူမှုဆက်ဆံရေးအခြေ အနေကို တင်ပြခဲ့သည့်အချိန် (၁၉၆၃)ခုနှစ်မှ (၄၅)နှစ်ကြာ (၂၀၀၈)ခုနှစ်တွင် လူမဲခေါင်းဆောင် ဘားရက်အိုဘားမား ကို အမေရိကန်ပြည်သူများက ၎င်းတို့၏သမ္မတအဖြစ် တခဲနက်မဲပေးရွေးချယ်ခဲ့ကြလေသည်။ လူမဲတို့မမျှော်မှန်းရဲသော၊ မဖြစ်နိုင်ဟုထင်သော အရာသည် ဖြစ်လာခဲ့ပေသည်။ ဘားရက် အိုဘားမား နှင့် ဂျွန်မက်ကိန်း ဒီမိုကရက်ပါတီ သမ္မတလောင်း ဘားရက်အိုဘားမာားနှင့် ရီပတ်ပလီကင်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်းတို့ အမေရိကန်ပြည်နယ် (၅၂) ပြည်နယ်တွင် သူတပြန်ကိုယ်တပြန် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး အိုဘားမားမှ ၅၃%၊ ဂျွန်မက်ကိန်းက (၄၆%)ရရှိခဲ့ပြီး အိုဘားမားကို သမ္မတအဖြစ် နိုဝင်(၄)ရက်နေ့တွင် အမေရိကန်ပြည်သူများက မဲပေး ရွေးချယ်ခဲ့ကြသည်။ မဲယှဉ်ပြိုင်ရွေးခဲ့စဉ်ကာလ၌ ပြိုင်ဘက်များ တဦးကိုတဦး ဝေဖန်တိုက်ခိုက်ခြင်း၊ တဦးအမှားကို တဦး ထောက်ပြခြင်းတို့ကို ပြင်းပြင်းထန်ထန် ပြုလုပ်ကြပြီး၊ တယ်လီဗေးရှင်း၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များမှာလည်း သူ့ဘက်ကိုယ်ဘက်အားနည်းချက် အားသာချက်များကို ထောက်ပြခဲ့ကြသည်။ သို့ရာတွင် ရွေးကောက်ပွဲပြီးသွားသည့်အခါ အနိုင်ရသူက ရှုံးသွားသူအား ဆက်ဆံမှုနှင့် ရှုံးနိမ့်သွားသူကလည်း အနိုင်ရသူအား

ဆက်ဆံမှုတို့မှာ

ကျွန်ုပ်တို့မြန်မာပြည်သားများအတွက်

အတုယူစရာပင်ဖြစ်သည်။

အထူးသဖြင့်

မြန်မာပြည်ကို သေနတ်မိုး၍ အုပ်ချုပ်နေသည့် စစ်ခေါင်းဆောင်တို့ အတုယူသင့်လှပေသည်။ ဂျွန်မက်ကိန်း၏ သမ္မတ လောင်းရွေးပွဲတွင် ရှုံးနိမ့်ကြောင်း ၎င်းကိုထောက်ခံသူများအား ပြောကြားရာတွင်၎င်းက “မကြာသေးတဲ့ အချိန်က ကျွန်တော် ဆီနိတ်တာဘာရက်အိုဘားမားကို ကျွန်တော်တို့နှစ်ယောက်စလုံး ချစ်မြတ်နိုးတဲ့ အမေရိကန်နိုင်ငံတော် ကြီးရဲ့ သမ္မတအဖြစ် ရွေးချယ်ခြင်းခံရတဲ့ အတွက်ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ ပရိတ်သတ်များကလည်း ကျေးဇူးပြုပြီး အိုဘားမားကို ဂုဏ်ပြုကြပါ။ ဒီရွေးကောက်ပွအဲ တွက် ပြိုင်ပွဟဲာရှည်လျားသလို၊ အလွန်ပဲခက်ခဲလှပါ တယ်။ သူ့ရဲ့အောင်မြင်မ၊ှု သူ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ သူ့ရဲ့ဇွသဲ တ္တိတို့အတွက် ကျွန်တော်သူ့ကို လေးစားမိပါတယ်။” “သူဟာအမေရိကန်ရဲ့ သန်းပေါင်း များစွာသော ပြည်သူလူထုရဲ့ စိတ်ဓါတ်ကို တက်ကြွစေရန် လှူံ့ဆော်ပေးနိုင် ခဲ့တယ်၊ မျှော်လင့်ချက် တွေရှိလာအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ တချိန်က သူတို့ဟာအမေရိကန် ရွေးကောက်ပွဲမှာ သူတို့ရဲ့ မဲဟာ ထိရောက်မှုရှိနိုင်မယ်မထင်ဘူးဟု မှားယွင်း စွာယူဆခဲ့ကြတယ်။ ဒီယူဆချက်ကို အိုဘားမားက ပြောင်း လဲနိုင်ခဲ့တဲ့ အတွက် ကျွန်တော်ဟာသူ့ကို လေးနက်စွာ ဂုဏ်ပြုချီးကြူးလိုက်ပါတယ်။ အိုဘားမားနဲ့ကျနော်တို့ဟာ အမြင်မတူညီမှုတွေအပေါ်မှာ ငြင်းခုန်ခဲ့ကြပါတယ်။ ဒါပေမယ့်သူဟာကျွန်တော့်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ကြားမှာ အမြင်မတူညီမှုတွေကတော့ရှိမြဲရှိနေမှာ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ အခုအ ချိန်ဟာ ကျနော်တို့နိုင်ငံအတွက် အခက်အခဲများနဲ့ ရင်ဆိုင်နေကြရတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာကျွန်တော်

အနေနဲ့သူ့ကို ဂတိပေးလိုက်ပါတယ်။ ကျွန်တော့်မှာရှိသမျှစွမ်းအားတွေကို အသုံးချပြီး ရှေ့အနာဂါတ်မှာရင်ဆိုင်ရမဲ့ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် သူ့ရဲ့ ဦးဆောင်မှုနောက်က လိုက်မယ်ဆိုတာပါဘဲ။ အိုဘားမားဟာ သူ့အနေနဲ့ရော၊ သူ့နိုင်ငံအတွက်ပါ အလွန်ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ကျွန် တော် သူ့ရဲ့အောင်မြင်မှုအတွက် သူ့ကို ဩဘာပေးလိုက်ပါတယ်။ ထို့အပြင် ကျွန်တော်အနေနဲ့ ရိုးသားစွာသူ့အဖွားဖြစ် သူဟာ သူမရဲ့မြေး အနိုင်ရတာကို မြင်မသွားတာ အထူးပဲ စိတ်မကောင်းဖြစ်မိကြောင်းပြော ကြားလိုပါတယ်။ ကျွန် တော်တို့ရဲ့ ဘာသာရေး ယုံကြည်ချက်အရ သူမဟာသူမရဲ့ဖန်ဆင်းရှင်ထံမှနေပြီး သူမပြုစု ပျိုးထောင်ပေးလိုက်တဲ့ လူတော်လူကောင်း မြေးလေးအတွက် ဂုဏ်ယူနေပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ရွေးချယ်ခံရတဲ့သူ့ကို

ကျွန်တော်ကိုထောက်ခံအားပေးခဲ့တဲ့

ချီးကြူးဂုဏ်ပြုမှုတင်မက

အမေရိကန်နိုင်ငံသား

လာမည့်သမ္မတအသစ်နဲ့

အားလုံးကိုပြောချင်ပါတယ်။

ဘယ်လိုပူးပေါင်းဆောင်ရက်ွကြမယ်၊

ဘယ်လိုအလျှော့အတင်းပြုလုပ်ပြီး ဘယ်လိုသဘောတူညီချက်တွေယူကြမယ်၊ မတူညီမှုတွေကို ဘယ်လို တံတားခင်းပြီး တိုင်းပြည်စည်ပင်သာယာဝပြောရေးအတွက် ပူးပေါင်းဆောင်ရက်ွကြမယ်ဆိုတာ အပြင်၊ ကျွန်တော်တို့ သားစဉ်မြေး ဆက်တွေကို

ကျွန်တော်တို့ခေတ်ထက်

ပိုမိုတောင့်တင်းခိုင်မာတဲ့နိုင်ငံဖြစ်လာအောင်

တည်ဆောက်ကြမယ်။

အန္တရယ်ကြီးလှတဲ့ ဒီကမ္ဘာကြီးထဲမှာ တိုင်းပြည်လုံခြုံရေးအတွက် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာတွေကိုပါ ပူးပေါင်း လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီညဟာရှုံးနိမ့်ရမှုအတွက် စိတ်ထဲမှာ အနှောက်အယှက်ဖြစ်ကြမှာ ဓမ္မတာပါဘဲ ဒါပေမယ့် မနက်ဖြန်မှာ ကျွန်တော်တို့ဟာ(ရှုံးနိမ့်မှု)

ကိုကျော်လွန်ပြီး

ကျွန်တော်တို့ချစ်မြတ်နိုးတဲ့

နိုင်ငံတော်ကြီးကို

ရှေ့သို့ဆက်လက်ချီ

တက်သွားနိုင်ဘို့အတွက် အတူတကွလက်တွလဲိုက်ကြပါ စို့” ဂျွန်မက်ကိန်းရဲ့ မိန့်ခွန်းဟာ အင်မတန်မှလေးစားထိုက်တဲ့ အမျှာ်အမြင်ကြီးမားတဲ့ နိုင်ငံရေးသမား တစ် ယောက်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြခဲ့ပါတယ်။ ထို့အပြင် ဒီမိုကရေစီစနစ်မှာ အင်မတန်အရေးကြီးပြီး ထားသင့် ထားအပ်တဲ့ စိတ်ထားဖြစ်ပါတယ်။ ရှုံးနိမ့်သွားသော်လည်း သဘောထားကြီးစွာသူတို့ကို ထောက်ခံအားပေးသူတွေကို ဒီမိုကရေစီနည်းကျစွာ ရွေးချယ်လိုက်တဲ့သမ္မတကို အတ္တစွဲတွေ၊ မာန်မာနတွေ၊ အာဃာတတွေကို ဘေးဖယ်ပြီး တိုင်း ပြည်မျက်နှာကိုကြည့်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် ညီညွတ်ကြပါစို့လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တဖန်အနိုင်ရသူ အိုဘားမားရဲ့ မိန့်ခွန်းကိုလေ့လာကြည့်ရအောင် ဘားရက်အိုဘားမားရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ချီကာဂိုမြို့တွင် ပရိတ်သတ်များအားပြောကြားခဲ့ သော မိန့်ခွန်းမှ တချို့ကိုကောက်နတှု ဖော်ပြလိုက်ပါတယ်။ “အခုကြွရောက်လာကြတဲ့ ပရိတ်သတ်တွေထဲမှာ အမေရိကန်နိုင်ငံဟာ ဘယ်အရာမျိုးကိုမဆို ဖြစ်နိုင်စမွ်း ရှိ တယ်ဆိုတာကို မယုံမကြည်ဖြစ်နေသူများ၊ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးများရဲ့ မျှော်မှန်းချက်များဟာ ယနေ့အချိန်မှာရှိမှရှိကြသေးရဲ့လားလို့ သံသယရှိနေသူများ၊ ကျွန်တော်တို့ဒီမိုကရေစီစနစ်ဟာ

ပြည်သူတွေရဲ့ ဆန္ဒအမှန်အတိုင်း (ပြုပြင်ပြောင်းလဲမှု) လုပ်နိုင်စွမ်းအားရှိမှရှိနိုင်ပါ့မလား… လို့ မေးခွန်းထုတ်နေတဲ့ သူတွေကို ယနေ့ညရွေးကောက်ပွဲကအဖြေပေးခဲ့ပါပြီ” ဟု ပဏာမမိန့်ခွန်းပြောကြားခဲ့ပါတယ်။ “ယနေ့ရွေးကောက်ပွအဲ ဖြေဟာ လူငယ်၊ လူကြီး၊ ဆင်းရဲချမ်းသာ၊ ဒီမိုကရက်တစ်၊ ရီပက်ဘလီကင်၊ လူဖြူ၊ လူမဲ၊ လက်တီနို၊ မူရင်းအမေရိကန်၊ ဂေး (ယောင်္ကျားလျှာ၊ မိန်းမလျှာ)၊ သာမန်ပုဂ္ဂိုလ်၊ ဒုက္ခိတ၊ လူကောင်း များအား လုံးက ပေးလိုက်တဲ့ အဖြေဖြစ်ပါတယ်။” သူနဲ့ပြိုင်ဘက်ရှုံးနိမ့်သွားသူ ဂျွန်မက်ကိန်း အကြောင်းကိုလဲ သူကအောက်ပါအတိုင်းပြောခဲ့ပါတယ်။ “ကျွန်တော်အခုနကဘဲ ဂျွန်မက်ကိန်းရဲ့ မေတ္တာနဲ့တယ်လီဖုန်းဆက် ဂုဏ်ပြုမှုကိုလက်ခံရရှိခဲ့ပါတယ်။ သူဟဲာ တွင်း အလွန်ကြာမြင့်စွာ တိုက်ပွဲဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သူချစ်မြတ်နိုးတဲ့ ဒီသမ္မတရွေးကောက်ပွအ နိုင်ငံအတွက် ဒီထက်ပိုပြီးတိုက်ပွဝဲ င်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အမိနိုင်ငံအတွက် အနစ်နာခံ၊ စတေးခံမှုဟာ အများ စုဖြစ်တဲ့ ကျွန်တော်တို့တတွေအတွက် တွေးတောင်မတွေးဝံ့လောက်အောင်ပါဘဲ၊ ကျွန်တော်တို့ဟာ ဒီလိုကောင်းမွန်တဲ့ အခြေအနေနဲ့ နေနိုင်တာဟာလဲ ဒီလိုသတ္တိရှိရှိနဲ့ ကိုယ်ကျိုးစွန့်ခဲ့တဲ့ ခေါင်းဆောင်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော့် အ နေနဲ့ သူနဲ့ သူရဲ့တွဖဲ က် အုပ်ချုပ်ရေးမှူး ပေလင် တို့ရဲ့လုပ်ဆောင်နိုင်မှုတွေ အားလုံးကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်ဟာ သူတို့တတွေနဲ့တွဲပြီး ရှေ့မှာ ကျွန်တော်တို့နိုင်ငံကို ပေးအပ်ထားတဲ့ကတိ အတိုင်းပြန်လည်ဆန်းသစ် နိုင်ဖို့ကို ရှေ့လာမဲ့လများမှာ တွလဲုပ်ကြဖို့ မျှော်လင့်ထားပါတယ်။” သူ့တို့ရဲ့ ပြိုင်ဘက်အပေါ်

အလေးထားပြောကြားမှုဟာ

အမေရိကန်ခေါင်းဆောင်တွေရဲ့

အမြင်ကျယ်မှု၊

ပြိုင်ဘက်အပေါ်အာဃာတမထားမှု၊ အပြန်အလှန်လေးစားမှု တို့ကိုပြသလိုက်တာဖြစ်ပါတယ်။ ထို့အတူ ဂျွန်မက်ကိန်း ရဲ့မိန့်ခနွ်းမှာလဲ ရှုံးနိမ့်သွားသူဖြစ်သော်လည်း အနိုင်ရသွားသူအပေါ် သူ့ရဲ့ထောက်ခံအားပေးသူများကို အများသ ဘောနဲ့ရွေးချယ်ခံခဲရ့  တဲ့ ဒီမိုကရေစီနည်းကျ ရွေချယ်ခံရသူကို ဝိုင်းဝန်းထောက်ခံအားပေးပြီး အသိအမှတ်ပြုဖို့ကို ပြောကြားခဲ့ခြင်းဟာ အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ ငြင်းပယ်လို့မရတဲ့ မြတ်နိုးစရာကောင်းတဲ့ အင်္ဂါရပ်ဖြစ်ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲမလုပ်ခင် (၁၉၉၀)မှာ ဗိုလ်ချုပ်စောမောင်က ဘယ်သူနိုင်နိုင် ကျုပ်တို့နဲ့မ ဆိုင်ဘူး နိုင်တဲ့ပါတီက တိုင်းပြည်ကိုအုပ်ချုပ်၊ ကျုပ်တို့ကစစ်တန်းလျားကိုပြန်မယ်လို တရားဝင် ရေဒီယို၊ ရုပ်မြင်သံ ကြား၊ သတင်းစာတို့အပြင် စာအုပ်ပါထုတ်လိုက် ပါသေးသည်။ ဗိုလ်သန်းရွှေက

ဒုချုပ်အဖြစ်အိမ်ထောင်သည်များကို

ရွေးကောက်ပွဲမတိုင်ခင်

“မင်းတို့ဘယ်သူ့ကိုမဲပေး

ရမယ်ဆိုတာကို ငါမပြောလိုဘူး ကြိုက်တဲ့သူကိုမေဲ ပးကြ၊ အေး… မဲမပေးခင်သေသေချာချာစဉ်းစား၊ သခင်အဖြစ်နဲ့နေ မလား၊ ကျွန်အဖြစ်နဲ့နေမလား၊ စဉ်းစားပြီးတော့မဲပေးကြ” လို့ သမိုင်းဝင် မိန့်ခွန်းတွေချွေသွားခဲ့ပြီး ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်တော့ အနိုင်ရနိုင်ငံရေး ပါတီကို အုပ်ချုပ်သူတွေက ဝမ်းသာကြောင်းလဲမပြော၊ ဘာမှတုံ့ပြန်မှုလဲမလုပ်ဘဲ ရေငုံနှုတ်ပိတ်(၃)ပတ်လောက် လုပ်နေတယ်။ ပြီးမှ ငါတို့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ လုပ်ပေးခဲ့တာတွေ့ပြီ မဟုတ်လားဆိုတာပဲပြောနိုင်ခဲ့တယ်။ ရွေးကောက်ပွကဲ လဲ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့

ချုပ် နိုင်သာနိုင်တယ် တကယ်တန်းတော့ လွတ်လပ်တရားမျှတဲ့ရွေကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွကဲာလမှာ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအစည်းအဝေးတွေ မှာလည်း လူ(၅၀) ထက်မကျော်ရဥပဒေကို ထုတ်ထား ပြီး ဖမ်းဆီးမှုတွေကိုပြုလုပ်၊ ချိမ်းခြောက်မှုတွေပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို ဖယ်၊ နည်းမျိုးစုံနဲ့ ကောက်ကျစ်ညစ်ပတ်ခဲတ့ာပဲ ဒါပေမဲ့ပြည်သူက (NLD) အမျိုးသားဒီမိုကရေစီအဖွဲချုပ် ကို တခဲနက်မဲပေးပြီးရွေးချယ် ခဲ့တာကြောင့် ဂန္ဒီညီလာခံအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပဲ၊ အခြေခံဥပဒေရေးရမယ်လို့ အကြောင်းပြခဲ့ ကြပြန်တယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဘားရက်အိုဘားမားကို လက်ရှိသမ္မတဂျော့ဘတ်ွရှ်က ချက် ချင်းဘဲ ဖုံးဆက်ပြီး ဂုဏ်ပြုစကားပြောခဲ့သလို၊ သူ့သမ္မတသက်တမ်းပြည့်တဲ့ (၂၀၀၉) ခုနှစ် ဇန်နဝါရီလမှာ သမ္မတရာ ထူးအပြောင်းအလဲကို အဆင်ပြေချောမွေ့စွာ ပြုလုပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။ အရွေးခံသမ္မတလောင်းကို အိမ် ဖြူတော်မှာ မိသားစုနဲ့တကွတွေ့ဆုံပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့စေရန် စတင်ပြီး တိုင်တိုင်ပင်ပင်ဆောင်ရွက် တာကို နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေမှာ ယဉ်ကျေး သိမ်မွေ့မှု၊ သဘောထား ပြည့်ဝမှု၊ တိုင်းပြည်နှင့် ပြည်သူအပေါ်မှာ စာနာထောက်ထားမှု လုံးဝမရှိကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အုပ်ချုပ်နေသူလူတန်းစားများရဲ့ စိတ်ပိုင်းဆိုင်ရာမြင့်မြတ်မှုဟာ မိုးနဲ့မြေလို ကွာခြားလှပါတယ် မြန်မာ့တပ်မတော်ထဲမှာလဲ ဒီလိုမြင့်မြတ်တဲ့စိတ်ထားရှိတဲ့ တပ်မတော်သားကောင်းတွေပေါ်ပေါက် လာတဲ့တစ်နေ့မှာ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ ၀ံ့ကြွားနိုင်တဲ့ နိုင်ငံအဖြစ်သို့ရောက်လာပါလိမ့်မည်။

လေးစားလျှက် ထွန်းအောင်ကျော် ၁ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၈ခုနှစ်

Related Documents

Hag
May 2020 9
Hag
November 2019 20
Night Hag
December 2019 13
Hag Gar
June 2020 6
Hag Prisliste2009
June 2020 10
Tuzba Hag
December 2019 14