Give Me The Truth For My Hurts.

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Give Me The Truth For My Hurts. as PDF for free.

More details

  • Words: 406
  • Pages: 2
နာကျင်မူများအတွက် အမှန်တရားပေးကြပါ ရန်ုကုန်တိုင်း အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် တရားရုံးတွင် (၂၈.၉.၀၉) ရက်နေ့က မြို့နယ်တရား သူကြီး ဦးဝင်းဆွေ မှ ပုဒ်မ(၃၂၅) နှင့် ပတ်သက်ပြီး အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ပါသည်။ ၎င်းအမူ သည် လွန်ခဲ့သော ( ၇-လပိုင်း၊၂၀၀၈ ခုနှစ)် တွင် စတင်ဖြစ်ပွားခဲ့သည်။ အမူစစ်ဆေးချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး ယခုမှ စီရင်ချက် ချမှတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အမှုဖြစ်စဉ်မှာ အစိုးရဘဏ် ၀န်ထမ်းတစ်ဦး ဖြစ်သူ မောင်နေမျိုးထွန်းဆိုသူကို ကတုံးဖြူနှင့် ကတုံးမဲ ဆိုသူနှစ်ဦးမှ နှစ်ဦးပေါင်း ၀ိုင်းဝန်းရိုက်နှက်ခဲ့ သောအမှုဖြစ်သည်။ ၎င်းအမှုကိုကိုင်တွယ်ခဲ့သောသူမှာ လှိုင်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တင်မျိုးထွန်းဖြစ်ပြီး ပုဒ်မ (၃၂၅) ဖြင့် အမှုဖွင့်လှစ်ပေးခဲ့သည်။ အရိုက်ခံရသူ ရန်ကုန်ဆေးရုံကြီးမှအတွင်းလူနာအဖြစ်ကုသပြီး အရိုးဆေးရုံတငွ် ထပ်မံခွဲစိတ်ရန် အတွက်အိမ်ခဏရောက်နေစဉ် ဒုရဲအုပ်တင်မျိုးထွန်းမှ အိမ်သို့လာ၍ စစ်ချက်ယူသောအခါ ၎င်းအား တရားခံနှစ်ယောက်စလုံးမှ မဲမဲပြောင်ပြောင် သံတုတ်ဖြင့်ဝိုင်းရိုက်သည်ဟု တိုင်ကြားခဲ့ပါသည်။ တရားခံ ကတုံးဖြူမှ စတင်ရိုက်နှက်ပြီးလက်ဖျံရိုးကျိုးသွားစဉ်ကတုံးမဲပါရောက်လာပြီး နှစ်ဦးပေါင်း ၀ိုင်းဝန်းရိုက်နှက်ခဲ့သည်ဟုပြောကြားခဲ့ပါသည်။ တရားခံများမှသံတုတ်ဖြင့် ရိုက်ခဲ့သည်ဟု သာပြောကြားခဲ့ပြီး လက်သီးဖြင့် ထိုးသည်ဟု တစ်ခွန်းမှ မပြောခဲ့ပါ။ အရိုက်ခံရသူ (တရားလို)ကို လာရောက် စစ်မေးသောအခါတွင်လည်း ဒုရဲအုပ်တင်မျိုးထွန်းသည် ၎င်းရေးသားချက်များကို ပြန်လည် ဖတ်ပြခြင်း၊ လက်မှတ်ထိုးခိုင်းခြင်းမျိုးကို လုံးဝ မပြုလုပ်ခဲ့ပါ။ တရားလိုများကို တရားခံနှစ်ဦးစလုံးက သံတုတ်ဖြင့်ရိုက်နှက်သဖြင့် ပုဒ်မ(၃၂၅)ဖြင့် အမှုဖွင့်ထားသည်ဟု ပြောကြားပြီး ၎င်း၏ရဲစစ်ချက်တွင်မူ တစ်ယောက်ကသစ်သားချောင်းဖြင့်ရိုက်ပြီး ကျန်တစ်ယောက်က လက်သီးနှင့်ထိုးသည်ဟု အမူတွဲ ရေး တင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ ကတုံးမဲကုရိုက်မူပုဒ်မ(၃၂၅) ၊ ကတုံးဖြူကိုလက်သီးထိုးမူပုဒ်မ(၃၂၃)နှင့် အမှုစွဲချက်တင်ခဲ့သည်။ နောက်ဆုံးအယူခံအဆင့်ဆင့်ဖြင့် တိုင်းတရားရုံးသို့ရောက်ရှိပြီး တိုင်းတရားရုံးက နှစ်ဦးစလုံးအားပုဒ်မ(၃၂၅) ဖြင့်သာစီရင်ရန် ပြစ်ဒဏ်ပြင်ဆင်ချက် ချမှတ်ခဲ့သည်။ ရုံးတွင်စစ်ဆေးသောအ ခါတွင်လည်း အရိုက်ခံရသူနှင့် လိုပြသက်သေမှ တရားခံ ကတုံးဖြူမှ စတင်ရိုက်နှက်ပြီး လက်ဖျံထိသွား စဉ် ကတုံးမဲပါ ရောက်လာပြီးနှစ်ဦးပေါင်း ၀ိုင်းဝန်းရိုက်နှက်ခဲ့သည်ကို ထင်ရှားစွာ ထွက်ဆိုခဲ့သည်။ မှုခင်း ဆရာဝန်မှလည်း တုံးသောလက်နက်ပြင်းထန်သောဒဏ်ရာဟုဆေးစာ ရေးသားခဲ့ပါသည်။ အရိုက်ခံရသူ (တရားလို)မှာအစိုးရ ၀န်ထမ်းတစ်ဦးဟုသိရှိရပြီးအော်ပရေးရှင်းလေးခါဝင်ရသည်ဟုလည်းသိရှိရပါသည်။ အရိုက်ခံရသူ မှာ ဘယ်သန်တစ်ယောက်ဟု သိရပြီး အရိုက်ခံရသောနေရာမှာ ဘက်ဘက်လက်ဖျံရိုးဖြစ်ပြီး ဦးခေါင်းကို ဆင့်ကာ ဆင့်ကာ ရိုက်သဖြင့် ရှောင်ပြေးချိန် မရတော့ပဲ ဦးခေါင်းကို မထိရန် လက်ဖြင့် တောက်လျှောက်ကာရသဖြင့် လက်ဖျံတွင်ရှိသော အရိုးများ ကြွေမွ ထွက်သွားပြီး အရိုးများ ကျိုးကြေပြီး စတီးချောင်း နှစ်ချောင်း အစားထိုး တပ်ဆင်ထားရသည် ဟုလည်း သိရှိရပါသည်။ ဆေးကုသချိန် ကြာမြင့် ပြီး၊ ရုံးချိန်းရက် ရှည်ကြာသောကြောင့် အရိုက်ခံရသူ (အစိုးရ၀န်ထမ်း၊ အငယ်တန်းစာရေး မြန်မာ့စီးပွား ရေးဘဏ်) မှာနေပြည်တော်ပြောင်းမိန့်ကျလာသောအခါ မလိုက်ပါနိုင်တော့ပဲ မိမိမြတ်နိုးတန်ဖိုး ထားလွန်းသော အစိုးရ၀န်ထမ်းဘ၀မှနုတ်ထက်ွလိုက်ရတော့သည် အထိနစ်နာခဲ့ရပါသည်။ အမှုသွား အမှုလာမှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်ပါသည်။ တရားရေးဝန်ထမ်းများနှင့် ဥပဒေ အကြောင်းကို သိနားလည်သော လူတိုင်းက တိုင်းတရားရုံးက ပြင်ဆင်ချမှတ်ပေးထားသော ယခုအမှု ပုဒ်မ (၃၂၅)နှင့် ပတ်သက်ပြီး အနည်းဆုံးတော့ ထောင်တစ်နှစ်ချရမည်။ ဆေးစာအရလည်း ပြင်းထန်

ဆိုတာပါသည်။ တစ်ကယ်လည်း စတီးချောင်း နှစ်ချောင်း လက်ဖျံတွင် အစားထိုး ထည့်လိုက်ရသည်။ အမှန်တကယ်လည်းအများကြီးနစ်နာခဲ့ရသည်။တရားလို၏ အကျိုးဆောင်ရှေ့နေ ကိုယ်တိုင်ကလည်း အမှုမှာ ပေါ်လွင်ထင်ရှားသဖြင့် ဥပဒေ အရ ထိရောက်စွာ ပြစ်ဒဏ်ချရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ဟုတ်ကဲ့ခင်ဗျာ အဲဒီမှာစတွေ့တော့တာပါပဲ။ အရပ်စကားပေါ့ခင်ဗျာ။အမှုစီရင်ချက် မချခင်မှာ တရားခံတွေ တရားသူကြီးဆီ ချောင်းပေါက်အောင် ၀င်ထွက်နေတယ်လို့ တွေ့တဲ့လူတွေက ပြောလိုပြော။ အဆိုးဆုံးက တရားခံဖခင် ကိုယ်တိုင်က အရပ်ထဲက လူတစ်ချို့ကို စီရင်ချက် မချခင်မှာပင် တစ်လနှင့် သုံးလတစ်ခုခု ပဲလို့ ပြောကြားခဲ့တာကို သိရှိခဲ့ရပါသေးတယ်။ တရားလိုရှေ့နေကိုယ်တိုင်က မိမိဘက်မှ အမှုကို ခိုင်မာစွာ တည်ဆောက်ပြီးကြောင်းနဲ့ အမွှေးတိုင်တွေ ဖယောင်းတိုင်တွေနဲ့နောက်ဖေးပေါက် က လှညှ့်ဝင်သွားရင် သူလည်းမတတ်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့တာတွေကြောင့် တရားလို မိသားစု တွေမှာ နေမထိ ထိုင်မသာ ဖြစ်ရတာပေါ့ဗျာ။ ဒါပေမယ့်လည်း တရားလို မိသားစုကတော့ အဲဒီ အရပ် စကားတွေကို ခိုင်မာတဲ့ ရပ်တည်ချက် တစ်ခုတည်းနဲ့ ပယ်ချခဲ့ပါတယ်။ (မိမိတို့မိသားစုဟာ နိုင်ငံတော် အစိုးရ၀န်ထမ်းများဖြစ်ပြီး နိုင်ငံတော် ဥပဒေများအတိုင်းနေထိုင်ကြသူများဖြစ်ကြောင်း၊ တရားသူကြီး၏ ကိုယ်ကျင့်သီလကိယုံကြည်ပါတယ်) လို့ပြောကြားခဲ့ကြောင်း သိရှိခဲ့ရပါသေးတယ်။ ဟုတ်ကဲ့ခင်ဗျာ အရပ်ရပ်နေပြည်တော် ကြားလို့မှ မကောင်းတဲ့ စီရင်ချက်တစ်ရပ် ကို (၂၈.၉.၀၉) နေ့လည်(၁း၀၀) ၀န်းကျင်ခန့်မှာ ကြားလိုက်ရပါတယ်။ မြို့နယ်တရားသူကြီး ဦးဝင်းဆွေ စီရင်လိုက်တဲ့ အမိန့်က (အလုပ်နှင့်ထောင်ဒဏ် သုံးလ) ပါတဲ့ခင်ဗျာ။ မြို့နယ်တရားသူကြီးတစ်ယောက် မစီရင်ရတဲ့ ပုဒ်မနဲ့ပြစ်ဒဏ်ပေါ့ခင်ဗျာ။ တရားရုံးဝန်းကျင်မှာရှိနေတဲ့ တရားရေးဝန်ထမ်းအားလုံး ပါးစပ်အဟောင်းသား ဖြစ်ရတဲ့ ပြောင်မြောက်တဲ့ စီရင်ချက်ကြီးကို အသံတိုးတိုးနဲ့ စီရင်ခဲ့ပါတယ်။ ယခုအမှုနှင့်ပတ်သက်ပြီး တရားလိုများ၏ နာကျင်ခံခက်စွာ ပြောကြားခဲ့သည်များကိုလည်း ယခုလိုကြားသိခဲ့ရပါသေးတယ်။ (ကျွန်တော်တို့က အစိုးရ၀န်ထမ်းတွေပါ။တသက်လုံး တရားဥပဒေအတိုင်း နေထိုင်ခဲ့တဲ့လူတွေပါ၊ အခုအမှုက နိုင်ငံရေးအမှုလည်းမဟုတ်ဘူး၊တစ်ဘက်ကအာဏာပိုင်အဖွဲ့လည်းမဟုတ်ဘူး။ ရပ်ကွက်ထဲမှာ သောက်စားနေတဲ့ ဝေလေလေတွေပါ။ သူတို့က ငွေနဲ့ အနိုင်ယူသွားတယ်။ ကျွန်တော်တို့က အစိုးရ၀န်ထမ်း တွေလေ။ ဘယ်ပေးနိုင်မလဲ။ အခုတောင် တရားရုံးစရိတ်ရယ်ဆေးကုသစရိတ်ရယ် (၁၅)သိန်းလောက်ကုန် သွားပြီ။ အကုန်လုံးက ချေးဌား၊ ရှိတာလေး ရောင်းချပြီး ကုသထားရတာ။ လူတစ်ယောက်လက်ဖျံရိုး နှစ်ချောင်းလုံး ကြွေမထွ က်ွသွားပြီး တစ်သက်လုံး ကိုယ်အင်္ဂါချို့ယွင်းပြီးနေရတော့မယ်။ ကျောကုံးက ယား ရင်တောင် လှမ်းမကုပ်နိုင်ဘူး။ အလေးအပင်လည်း မမနိုင်၊ မလုပ်နိုင်တော့ဘူး။ အဲဒါကိုထောင်သုံးလပဲ ချတယ်ဆိုတာ တရားဥပဒေ ကို မထေမဲ့မြင် ပြုတာပဲ။ နိုင်ငံတော်နဲ့ တရားဥပဒေမျက်နှာကို မကြည့်တဲ့ တရားရေး ၀န်ထမ်းတွေရှိနေရင် နိုင်ငံတော် အရှက်ရစေမယ်။တရားသူကြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ် မပြောလိုပါဘူး။ ဒါပေမယ် သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ မမျှတဘူး။ အရမ်းဝမ်းနည်းရသလို ဒေါသလည်း ထွက်ရပါတယ်။ လူတစ်ယောက်ကို လက်ဖျံရိုး နှစ်ချောင်းလုံး ကြွေမွထွက်သွားပြီး တစ်သက်လုံး မသန် မစွမ်းဖြစ်အောင် ရိုက်နှက်ခဲ့တာတောင် ထောင်သုံးလပဲချတယ်ဆိုရင် ကျွန်တောတို့လည်း ပြန်ရိုက်ချင်တာ ပေါ့ဗျာ။ ဒါပေမယ် ကျွန်တော်တို့ တရားဥပဒေ အတိုင်းဆက်သွားမယ်။ အမှန်တရားအတိုင်း ပြန်ဖြစ်ရမယ် လို့လည်း ယုံကြည်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ခရိုင်ကိုအယူခံဝင်မယ်။ အထက်လူကြီးတွေဆီကိုလည်း ဒီအမှုနဲ့ပတ်သက်ပြီး သိရှိရအောင် စာပို့ပါမယ်) ဟုပြောကြားခဲ့ကြောင်းသိရှိရသည်။

Related Documents