Ecology And Economy

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Ecology And Economy as PDF for free.

More details

  • Words: 151
  • Pages: 2
သဘာဝပတ်ဝန်းကျင် နှင့် စီးပွားရေး နေအိမ်ဟုအဓိပ္ပါယ်ရသော ဂရိဝေါဟာရ (OIKOS) ကိုအခြေခံ၍ဘာသာဗေဒအရစီးပွား ရေး (economy) နှင့် သဘာဝပတ်ဝန်းကျင် (ecology) တို့တွင်တူညီသောအရင်း အမြစ်ရှိသည် ဟုဆိုနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်သည်ကျွန်ုပ်တို့ဧ။်နေအိမ်ဖြစ်၍စီးပွားရေးသည် ထိုနေအိမ် အားစီမံခန့်ခွဲသောအရာဖြစ်သည်။ သို့ရာတွင်ယနေ့အချိန်၌ လူအများစုမှာ စီးပွားရေးနှင့်သဘာဝ ပတ်ဝန်းကျင်ကွဲပြားသောအကြောင်းအရာနှစ်ခုဟုလက်ခံထားကြပါသည်။ လုံးဝပတ်သတ်ခြင်းမရှိ ဟုသီးခြားခွဲမြင်ကြသည်။ အဆိုးရွားဆံအု ငြင်းပွားဖွယ်ရာကတော့ သဘာဝပါတ်ဝန်းကျင်ကိုထိမ်းသိမ်း ရန်ကုန်ကျ စရိတ်များပြားလွန်းသောကြောင့်ထိုကုန်ကျစရိတ်များသည်စီးပွားရေးအား ထိခိုက်လာနိုင်သည် ဟူသောအချက်ပင်ဖြစ်ပါသည်။သို့ရာတွင်မိမိနေထိုင်ရာအိမ်ကိုပြုပြင်ပြင်ဆင်ခြင်းမရှိပါဘဲနောက် ဆုံး နေထိုင်မရတော့သည့်အခြေအနေရောက်လာပါကမည်သို့သောစီးပွားရေးလုပ်ငန်း များဆက် လက်လည်ပတ်နိုင်ပါဦးမည်နည်း။ အခြားအငြင်းပွားဖွယ်ရာအချက်တစ်ခုမှာ အချို့စီးပွားရေးလုပ်ငန်းများမှရရှိသော အကျိုးအမြတ်များသည် ထိုလုပ်ငန်းစဉ်များကြောင့်ဖြစ်ပေါ်လာသောသဘာဝပတ်ဝန်းကျင် ထိခိုက်မှုထက်စာလျှင်မပြောပလောက်ဆိုသောအချက်ပင်ဖြစ်သည်။ သို့ရာတွင်လေ့လာ သုံးသပ်ချက်များအရ ထိုအချက်သည်လည်းမှန်ကန်မှုမရှိကြောင်းတွေရရှိရသည်။ ဥပမာဆို သော် အမေရိက၏နာမည်ကြီးမော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီကြီး ၃ ခုအတွက် အကျိုးအမြတ်ရရှိရန်နှင့် ဂျပန်ကုမ္ပဏီများနှငယ့ှ်ဉ်ပြိုင်နိုင်ရန်အကောင်းဆုံးနည်းလမ်းမှာအစိုးရမှ အသစ်ချမှတ်လိုက်သော လောင်စာဆီချွေတာရေးစည်းကမ်းများနှင့်အညီကားများထုတ်လုပ် ခြင်းဖြစ်သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သဘာဝပါတ်ဝန်းကျင်အားထိမ်းသိမ်းရန် ကြိုးစားခြင်းဖြင့် စီးပွားရေးအရလည်းအကျိုးရှိကြောင်းထင်ရှားစေသည်။ ပြသနာဧ။်အဓိကအရင်းအမြစ်မှာသဘာဝတွင်းထွက်ပစ္စည်းများရှာဖွေခြင်းမဟုတ်ဘဲ၊ ရှာဖွေသောနည်းလမ်းနှင့်ရှာဖွေရခြင်းအကြောင်းအရာပင်ဖြစ်သည်။ ကုမ္ပဏြီ ကီးများဧ။် ဥက္ကဌ များသုံးလပတ်အစီအရင်ခံစားများအရ၊နိုင်ငံရေးသမားများနှင့် အစိုးရများဧ။်သုံးလေးနှစ်တာ ရုံးထိုင်ခွင့်များအရ ချသောဆုံးဖြတ်ချက်များမှာ တိုးတောင်းသောကာလအတွက်သာဖြစ် ၍ ရေရှည်အတွက်မူကားေ၀၀ါးလျှက်ရှိသည်။ အဆိုးဆုံးဥပမာပေးရသော် ကနေဒါနိုင်ငံဧ။် Tar Sand ထုတ်လုပ်သောလုပ်ငန်းစဉ်ကိုကြည့်ကြပါစို့။ အန်ဒရူးနီကီဖရု(Andrew Nikiforuk) ရေးသားသောစာပေဆုရစာအုပ်ဖြစ်သည့် “Tar sand: Dirty oil and the future of a continat” တွင်ဖော်ပြထားသည့်အတိုင်း ထိုထုတ်လုပ်မှုသည်ရေရှည်အတွက်လောင်စာမှ ကာဗွန်ထုတ် လွှတ်မှုနည်းပါးစေရန်အကျိုးရှိစွာအသုံးချနိုင်သော်လည်းစက်မှုလုပ်ငန်းရှင်များ၊ This Document has been digitally signed.

Alberta အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ ကအမြစ်ပြတ်တူးဖော်ရေးလုပ်ငန်းကိုကြံစည် လုပ်ကိုင်ခဲ့ကြသည်။ အကျိုးဆက်မှာကားရေတိုတွင်အကျိုးအမြတ်များစွာရရှိ၍တောင့်တင်းသောစီးပွားရေး ဖြစ်လာခဲ့ သော်လည်းရှေ့အနာဂတ်တွင်လိုအပ်သောသဘာဝသယံဇာတများအလျှင်အမြန်ပြုန်းတီးခြင်း နှင့်သဘာဝပါတ်ဝန်းကျင်အားအကြီးကျယ်ထိခိုက်ပျက်စီးမှုများဖြစ်လာခဲ့သည်။ ရေရှည်စီးပွားရေး တွင်လည်းဆိုးကျိုးများဖြစ်လာသည်။ သဘာဝသယံဇာတပစ္စည်းများကိုလိုအပ်မှုကြောင့်မဟုတ်ဘဲ လက်တဆုပ်စာအရင်းရှင် များဧ။်အကျိုးစီးပွားအတွက်တူးဖော်ခြင်း၊နိုင်ငံအတွက်ငွေကြေးများဝင်လာအောင်၊လုပ်ငန်းများဖန် တီးနိုင်အောင်လုပ်ဆောင်ပေးနိုင်သည်ဟုဂုဏ်ယူချင်သောနိုင်ငံရေးသမားများသဘောကျတူးဖော် ခြင်းစသည့်အကြောင်းအရာများသည်သဘာဝပတ်ဝန်းကျင်ထိခိုက်ရသည့်အကြောင်းရင်းများ၏ အစိတ်ပိုင်းများဖြစ်သည်။ လောင်စာဆီလိုအပ်နေသည်မှန်သော်လည်းငွေကြေးချမ်းသာသောလူနည်းစုအတွက် တန်ပေါင်းများစွာသောသတ္တုများဖြင့်ပြုလုပ်ထားသည့်ဇိမ်ခံကားကြီးများဖြင့်ဈေးဝယ်ထွက်နိုင်ရန် အတွက်အမြစ်ပြတ်တူးဖော်ရန်လောက်အထိလိုအပ်ခြင်းမရှိသေးသည်မှာအသေချာပင်ဖြစ် သည်။နည်းပညာအရ၊လေ့လာသုံးသပ်ချက်များအရ၊ကမ္ဘာကြီးပူနွေးလာမှုသည်လူသားများ ကြောင့် အများဆုံးဖြစ်သည်ကိုငြင်းပယ်မရသော်လည်း သတ္တုတွင်းလုပ်ငန်းရှင်များ၊ ရေနံတွင်း လုပ်ငန်းရှင်များဧ။် ထောက်ပံ့အားပေးမှုဖြင့်ပြုလုပ်သောလှုပ်ရှားမှုများက ထိုအချက်များကိသုံသ ဖြစ်အောင်ပြုလုပ်နေရုံမကပဲ၊ နိုင်ငံရေးသများများကလည်းသိပ္ပပံ ညာရှင်များအားလူများထင် ယောင်ထင်မှားဖြစ်အောင်ဝါဒဖြန့်ချီနေသည်ဟုစွပ်စွဲကြသေးသည်။အနီးဆုံးဥပမာပေးရသော်ယ ခုအမေရိကန်နိုင်ငံတွင်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်တက်ကြွစွာဆောင်ရွက်နေ သူများမှာစီးပွားရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍အဓိကမထားသူများသာအများစုဖြစ်သည် ကို တွေ့နိုင်ပါသည်။ Protect Ecology to Protect Economy!

This Document has been digitally signed.

Related Documents

Ecology And Economy
May 2020 2
Ecology
November 2019 38
Ecology
November 2019 39