Dassk 31

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Dassk 31 as PDF for free.

More details

  • Words: 1,144
  • Pages: 7
(

)

-

Page 1 of 7

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁ ဆောင်းပါး မင်းဟန် ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 07 ရက် 2009 ခုနှစ် 14 နာရီ 22 မိနစ်

(၁ဝ၉) ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တငွ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ကြေညာချက်အမှတ် ၃၂၆ ထုတ်ပြန်၏။ ကြေညာချက်တငွ် ….. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပြွဲ ကီး ကျင်းပမည့်နေ့ရက် အတိအကျ သတ်မှတ်ဖော်ပြပြီး၊ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သငွ်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းလိုပါက ပြည်လည်ရုပ်သိမ်းနိုင်သည့် နေ့ရက်တို့ ဖော်ပြထား၏။ ကြေညာချက် ၃၂၆ အရ ….. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည့် နေ့ရက်ကား …..၁၃၅၂ ခုနှစ် ၊ နယုန်လဆန်း ၄ ရက်နေ့ ဖြစ်သည်။ ခရစ်သက္ကရာဇ်အရမူ …. ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ ….. တနင်္ဂနွေနေ့ ဖြစ်၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ကော်မရှင်သို့ တင်သငွ်းရမည့် နေ့ရက်က …. ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖြစ်သည်။ ကော်မရှင်မှ ကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်တငွ် ….. စစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ….. စစ်ဦးစီးတက္ကသိုလ် သင်တန်းဆင်းပွတွဲင် မိန့်ခွန်းပေး၏။ စစ်အုပ်စုမှ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြရေးဆွဲထားခြင်း မရှိသည့် အာဏာလွှေဲ ပြာင်းရေး အစီအစဉ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးစောမောင်က နှုတ်ဖြင့် တိုင်းပြည်သို့ ပြော၏။ “….. လာမယ့် ပြည်သူ့လွှတ်တော်က …. ဖဲ့စွ ည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းမယ်။ ရေးဆွဲပြဋ္ဌာန်းပြီး အဲဒီအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းလိုက်တဲ့ အစိုးရကို အာဏာလွှေဲ ပြာင်းပေးသွားမယ် …..” ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းများက အပြောတွင် ….“ရွှေမန်း” ၊ အက … “ချိုမှိုင်မှိုင”် ဆိုသကဲ့သို့ …။ ပြီးလျှင် ……

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

(

)

-

Page 2 of 7

“ဒေါက်တာမောင်မောင် လက်ထက်ကတည်းက ….. တပ်မတော်သားတွေ၊ လက်နက်ကိုင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဘဏ္ဍာက လစာယူစားတဲ့ အရပ်ဘက်ဝန်ထမ်းတွေ အားလုံးဟာ ဘယ်ပါတီဝင်မှ မဖြစ်စေရ …. ဆိုတဲ့ အမိန့်ထုတ်ပြန်လိုက်တဲ့ အချိန်ကစလို့ ကျနော်အပါအဝင် တပ်မတော်သား အားလုံးဟာ ဘယ်ပါတီဝင်မှ မဟုတ်တော့ဘူး …. လာမယ့်ရွေးကောက်ပမွှဲာ လွတ်လွတ်လပ်လပ် ဆန္ဒမေဲ ပးနိုင်ကြတယ် …..” ရွေးကောက်ပွဲ ဘီးကြီးကမူ တပါတ်ချင်း လိမ့်၍နေ၏။ (၁၁ဝ ၁၁ဝ) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ် သို့မဟုတ် …. စတုတ္ထပတ်အတွင်း၌ ဗဟိုဌာနချုပ်တငွ် နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကြီး တရပ်အား ခေါ်ယူကျင်းပမည့် အကြောင်းအား ပြည်နယ်/တိုင်း အသီးသီးသို့ အကြောင်းကြားထား၏။ အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ထု၏ ရွေးကောက်ပွနှဲင့် ပတ်သက်သည့် အမြင်သဘောထားများကို တင်ပြကြရန်လည်း ပြည်နယ်/တိုင်းအသီးသီးသို့ အကြောင်းကြားစာနှင့်အတူ ပေးပို့ထား၏။ မြို့နယ်အလိုက် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ရွေးကောက်ပွနှဲင့် ပတ်သက်၍ ဆွေးနွေးကြ၏။ အမြင်သဘောထားများအား စုစည်းကြ၏။ လိုင်းက ၂ လိုင်းဖြစ်၍ နေသည်။ တလိုင်းက …. ရွေးကောက်ပွဲအား ဝင်မည်။ နောက်တလိုင်းကမူ ….. ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော အဖွ့ချဲုပ်ခေါင်းဆောင်များ မပါဝင်ဘဲ ဝင်ကြရမည့် ရွေးကောက်ပွဲအပေါ် ပြန်လည်၍သုံးသပ်ရန် …. ဟူ၍ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့ချုပ်အတွင်း အမြင်သဘောထားများက ကွလွဲမြဲ ….။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွ့ချဲုပ်ဥက္ကဋ္ဌ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ်နှင့် ၅ လမျှ ထိန်းသိမ်းထားရာမှ အင်းစိန်ထောင်သို့ အာဏာပိုင်များက ခေါ်ယူပြီး အင်းစိန်ထောင်အတွင်း အထူးတရားရုံးတွင် ပုဒ်မတပ်၍ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခ့၏ဲ ။ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးတင်ဦးက ထောင်ဒဏ်ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားတဦးအဖြစ်သို့ ရောက်သွား၏။ စစ်အုပ်စု၏ ရွေးကောက်ပဥွဲ ပဒေ ၁ဝ (ဂ) အရ …. ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားတဦးသည် ရွေးကောက်ပွဲတငွ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ခငွ့်မရှိ …..။

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

(

)

-

Page 3 of 7

စစ်အုပ်စုက ….. ဦးတင်ဦးအား ဝင်ရောက်နိုင်ခြင်း မရှိစေရန် ….. ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သငွ်းရမည့် ရက်မတိုင်မီ ….. ၅ ရက်အလိုတွင် စံနစ်တကျနှင့် ဖယ်ရှားလိုက်ခြင်း ဖြစ်၏။ ထိုနေ့တွင်ပင် …. နေအိမ်၌ အကျယ်ချုပ်နှင့် ထိန်းသိမ်းထားခြင်း ခံနေရသည့် အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွ့ချဲုပ်သို့ လိပ်မူ၍ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သူမ၏ သဘောထားအား စာနှင့်ရေး၍ ပေးပို့ခ့၏ဲ ။ “၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ ပြည်သူလူထု၏ ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကြီးတွင် ပါဝင်ခြဲ့ ပီး ၂၇၊ ၉၊ ၈၈ နေ့တငွ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီအဖွ့ချဲုပ် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံရေးကြိုးပမ်းမှုများကြောင့် ၂၀၊ ၇၊ ၈၉ နေ့မှစ၍ ထိန်းသိမ်းခံခ့ရဲ ပါသည်။ အထိန်းသိမ်းခံနေရလျက်နှင့်ပင် မိမိအဖွဲ့ချုပ်၏ ဒီမိုကရေစီနည်းလမ်းအရ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့်လည်းကောင်း၊ တိုင်းသူပြည်သား တို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စမွ်းသရွှေ့ ကူညီဖြည့်စွက်လိုသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီကိုလိုလားသော ပြည်သူလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွ့၏ဲ ဆုံးဖြတ်ချက်ကို လိုက်နာ၍ ရွေးကောက်ပွဲတငွ် ပါဝင်ယှဉ်ပြိုင်လိုသူတဦးအဖြစ် အမည်စာရင်း တင်သငွ်းလိုက်ပါသည်။ အောင်ဆန်းစုကြည် ၂၂၊ ၁၂၊ ၈၉ ဒေါ်အောင်ဆန်းစုကြည်၏ စာက ….. အမျိုးသား ဒီမိုကရေစီအဖွ့ချဲုပ်အား ရွေးကောက်ပဝွဲ င်ရေး လမ်းစဉ်ပေါ်သို့ အခိုင်အမာ တင်ပေးလိုက်ခြင်း ဖြစ်၏။ အဖွဲ့အတွင်း အမြင် ၂ ရပ် ပြဿနာသည်လည်း ကျေလည်၍ ရှင်းသွား၏။ အဖဲ့ချွုပ် နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးတွင်လည်း ရွေးကောက်ပဝွဲ င်ရေးအပေါ်၌သာ ဆွေးနွေးကြတော့၏။ အားလုံးက ရွေးကောက်ပွဲလမ်းစဉ် အလံအား ဆွဲကိုင်၍ လွှင့်ထူခဲ့ကြ၏။ ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲက …. ရက်ပေါင်း ၁၅၇ ရက်သာ လိုတော့၏။ ရွေးကောက်ပွဲ ခရီးပြင်းသို့ …. အသော့နှင်ရန်သာ ရှိလေ၏။ (၁၁၁) ၁၁၁) ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ….။

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

(

)

-

Page 4 of 7

ရန်ကုန်မြို့ မြို့နယ်စုကော်မရှင် အဖွဲ့ခွဲရုံးတွင် …၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ အမည်စာရင်း တင်သွင်း၏။ ဒေါ်အောင်ဆန်းစုကြည်မှ အမည်စာရင်းတင်သွင်းသည်ဟု ဆိုသော်လည်း …… သူမကိုယ်တိုင် တင်သငွ်းခဲ့ခြင်း မဟုတ် … ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်မှ တင်သငွ်းခဲ့ရခြင်း ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွင် ….. ရွေးကောက်ပွဲဝင်ရခြင်း အကြောင်းအား …… “တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စမွ်းသရွေ့ ဖြည့်စွမ်းလိုသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီး၏ ဇွ၊ဲ သတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ရွေးကောက်ပွတဲ ငွ် ပါဝင်ယှဉ်ပြိုင်လိုသူတဦးအဖြစ် အမည်စာရင်း တင်သငွ်းပါသည်” ဟူ၍ ရေးသားထား၏။ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ တင်သငွ်းလွှာအား တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ မှ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်းတင်သငွ်းထားသည့် (ဦး)လဘန်ဂရောင်နှင့် ဦးမြင့်သန်းတို့ ၂ ဦးမှ မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲရုံး တွင် ကန့်ကက်ွလွှာ တင်သငွ်းကြပြန်၏။ ကန့်ကွက်လွှာတွင် …. ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဥဲ ပဒေ ပုဒ်မ ၈ (ခ) ၊ ပုဒ်မ ၁ဝ (င) ၊ ၁၀ (ဇ) တို့နှင့် ငြိစွန်းနေသည်ဟု စွပ်စြွဲ ပီး ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ပေးပါရန် ကန့်ကွက်ကြ၏။ ရွေးကောက်ပွဲ ဥပဒေ၊ ပုဒ်မ ၈ တွင် … “အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပတွဲ ငွ် ရွေးကောက်တင်မြှောက်ခံပိုင်ခငွ့် ရှိသည်” ဟူ၍ ဖော်ပြပါရှိပြီး …. ပုဒ်မခွဲ ၈ (ခ) တွင်က ….. “ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ” ဟူ၍ ပါရှိ၏။ ပြီးလျှင် ….. ရွေးကောက်ပွဥဲ ပဒေ ပုဒ်မ ၁၀ တွင်က ……. “အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပတွဲင် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရ ….” ဟူ၍ ပြဋ္ဌာန်းပြီး …. ပုဒ်မခွဲ ၁၀ (င) …. နှင့် ၁၀ (ဇ) တို့တင်ွက ….. “နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူများ (သို့မဟုတ)် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူများ (သို့မဟုတ)် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူများ (သို့မဟုတ)် ထိုအစိုးရ၏

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

(

)

-

Page 5 of 7

လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခငွ့် ရှိသူများ” “နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်းဝင်များ၊ တော်လှန်ပုန်ကန်ရန် ယင်းအဖွဲ့အစည်းများ၊ သို့မဟုတ် အဖွ့အဲ စည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည့် ပုဂ္ဂိုလ်များ” ဟု သတ်မှတ်ဖော်ပြထား၏။ ရန်ကုန်တိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက …. (ဦး)လဘန်ဂရောင်နှင့် ဦးမြင့်သန်းတို့၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲကန့်ကက်ွမှုအား ကြားနာပြီး နောက်ဆုံးတွင် ….. ကန့်ကက်ွလွှာအား ပယ်ချခဲ့၏။ (ဦး)လဘန်ဂရောင်က …. မြို့နယ်စုကော်မရှင် အဖွဲ့ခရွဲုံး၏ ပယ်ချခဲ့မှုအား မကျေနပ်၍ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခရွဲုံးသို့ ထပ်မံ၍ လျှောက်ထားပြန်၏။ ကန့်ကွက်လွှာတင်ပြန်၏။ (ဦး)လဘန်ဂရောင်၏ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ပေးရေး ကန့်ကွက်လွှာကိစ္စက …. ကော်မရှင်အတွင်း လှိုက်လှိုက်သည်းသည်း ဂယက်ရိုက်စေ၏။ ထောက်ခံသူ၊ ကန့်ကွက်သူဟူ၍ အမြင်ကြွဲ က၏။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အတွင်း၌ …. ကော်မရှင်ဥက္ကဋ္ဌ - ဦးဘဌေး (အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး) နှင့် (ဦး)စောကြာဒိုး (အဖွ့ဝဲ င်၊ ယခင်ဗိုလ်မှူးချုပ်ဟောင်း) တို့က (ဦး) လဘန်ဂရောင်၏ ကန့်ကွက်လွှာအား ပယ်ချပြီး ….. ကျန်ကော်မရှင် အဖွ့ဝဲ င်များဖြစ်သည့် ဦးကျော်ညနွ့်၊ ဦးစန်းမောင်နှင့် ဆရာချယ်တို့ကမူ ကန့်ကက်ွလွှာအား လက်ခံ၍ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း တင်သငွ်းထားမှုမှ ပယ်ဖျက်ရန် ဆန္ဒပေးကြ၏။ အဆုံးတွင်မူ …. ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခကွဲ …. (ဦး)လဘန်ဂရောင်၏ ကန့်ကွက်လွှာအား လက်ခံခြဲ့ ပီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သငွ်းမှုအား ပယ်ဖျက်ခ့၏ဲ ။ ထိုနေ့က ….. ၁၉၉ဝ ခုနှစ် …. ဇန်နဝါရီလ ၁၅ ရက် …..။ ရွေးကောက်ပွဲခရီးက ၁၃၁ ရက်သာ ကျန်တော့၏။ တရားမျှတမှုဟူသည်ကား ရှာမတွေ့သေး ……။ ကိုးကား ….

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

(

)

-

Page 6 of 7

- နွေဦးအိုးဝေ ဂျာနယ်များ - ရွှေခမောက် ဂျာနယ်များ - ဒေါမာန်ဟုန် - ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည် - ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင် - ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့၊ စစ်ဦးစီးတက္ကသိုလ် သင်တန်းဆင်းပွတွဲ င် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ပြောကြားသည့် မိန့်ခနွ်း - ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း - ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွ့စဲ ည်းတည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် ၃၁ - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်း ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၃ဝ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၂၉ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၂၈ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၂၇ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်န-ီ အပိုင်း - ၂၆ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၂၅ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၂၄ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၂၃ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၂၂) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၂၁) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၂၀) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၉) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၈) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၇) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၆) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၅) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၄)

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

(

)

-

Page 7 of 7

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၃) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၂) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၁) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ - (အပိုင်း ၁၀) ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ (အပိုင်း - ၉) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း (၈) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ …" အပိုင်း (၇) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း (၆) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း (၅) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း (၄) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း (၃) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း (၂) “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ ...” အပိုင်း(၁)

Next >

http://www.mizzimaburmese.com/edop/songpa/3950-2009-10-07-08-12-14.html?tmpl=co...

10/8/2009

Related Documents

Dassk 31
June 2020 15
Dassk
May 2020 14
Dassk-35
June 2020 9
Dassk 30
June 2020 16
Dassk-40
June 2020 4
Dassk 29
June 2020 10