ဗမာပြည် ကွန်မြူနစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းနှင့် ငုရင်ပြင် စကားဝိုင်း ၁။ ၂ဝဝ၉ ခုနှစ်အတွင်း ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေအနေအပေါ် ဘယ်လို သုံးသပ် မိပါသလဲ။ ဒီနှစ်ဟာ နအဖ အဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွ က် ဖိလုပ်ရမယ့် နှစ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်း ရမယ်၊ နိုင်ငံရေး ပါတီ အသစ်တွေကို လက်ခံရမယ်။ တပါတည်းမှာ တည်ရှိဆဲ နိုင်ငံရေး ပါတီတွေနဲ့ အပစ်အခတ် ရပ်စထဲားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဘယ်လို သဘော ထားတယ် ဆိုတာ ပြောရပါမယ်။ တဖက်မှာ ကျတော့လည်း (ကြံ့ဖွတ်အဖြစ်နဲ့ ဖြစ်စေ၊ တခြားအဖွဲ့အစည်း အဖြစ်နြဲ့ ဖစ်စေ) သူတို့ အတွင်းက လူတွေထဲမှာ ဘယ်သူ တွေဝင် အရွေးခံရမယ် ဆိုတာအတွက်လည်း စီစဉ်ဆုံးဖြတ်ရ၊ စီမံရတာတွေ ရှိအုန်းမှာပါ။ ဒါဟာ သေးတဲ့ ပြဿနာ မဟုတ်ပါဘူး။ သူတို့တွင်း အခု အခံတွေ၊ မကျေနပ်မှုတွေ၊ ဂိုဏ်းဂနတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မို့ ဒီ ၂ဝဝ၉ ခုနှစ်ထဲမှာ မျှော်လင့်မထားတဲ့၊ အံ့သြစရာကောင်းတဲ့ ဥပဒေ ကျေညာ ချက်တွေ၊ သတင်းတွေ ပေါ်ထွက် လာနိုင်ပါတယ်။ (အခုကိုပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါပြီ) နအဖ အဖို့ ကတော့ သူတို့ အတွင်းပိုင်း ပြေလည် တည်ငြိမ်ရေးကို အဓိကထား ဦးစားပေးလုပ်မှာပါ။ အတွင်းပိုင်း မတည်ငြိမ် ရင် အပြင်ကို ရင်ဆိုင်ရာမှာ ကမောက် ကမ ဖြစ်နိုင်တယ်ဆိုတာ သူတို့ သိပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာ နအဖရဲ့စစ်ဖက် နယ်ဖက် ထိပ်ပိုင်းအရာရှိ တွေလည်း အပြောင်းအလဲ အများကြီး ဖြစ် နိုင်ပါတယ်။ နအဖအတွင်း ပိုင်းမှာ မတည်ငြိ မ်မှု အများဆုံးဖြစ်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။ နအဖ ဟာ သူတို့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူ တွေအပေါ် ဘယ်လိုသဘောထားမလဲ ဆိုတာလည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အ ဖြေပေးရမယ် ထင်ပါတယ်။ နအဖ ဟာ ကြံ့ဖွတ်ကို ရေရှည်မှာ ထိန်းချုပ်နိုင်ပါ့မလား၊ နအဖနဲ့တ စည ဘယ်လို ထိန်းညှိ ကြမလဲဆိုတာတွေလည်း စိတ်ဝင် စားစရာ တွေ့မြင်ကြရပါမယ်။ ဗိုလ်နေဝင်းဂိုဏ်း၊ ဗိုလ်ခင်ညနွ့်ဂိုဏ်းတွေ ဘယ် လို အခန်းက ပါဝင်ကြမလဲဆိုတာလည်း မြင်ရအုန်း မယ် ထင်ပါတယ်။ ဒီနှစ်ဟာ နအဖရဲ့ပြည်တွင်း နိုင်ငံရေးပေါ်လစီတွေ အစမ်းသပ်ခံရမယ့် နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ်အထိ သည်းညည်းခံနိုင်တယ်ဆိုတာကို စောင့်ကြည့်ရ မှာပါ။ ဒီလိုဆိုတဲ့အတွက် သူတို့ကို ဗြောင်ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သည်းခံမယ်လို့ ဆိုလိုတာ မဟုတ်ပါ။ ပိုတောင် ပြတ်ပြတ် သားသား လုပ်မယ်လို့ ထင်ပါတယ်။ ဆရာကြီး ဦးဝင်းတင်၊ ဦးခင်မောင် ဆွေတို့ လို ပုဂ္ဂိုလ်တွေကို ထောင်ထဲပြန်ထ ည့်တာတွေ့ ရရင် မဆန်းဘူးလို့ပဲ ယူဆရ မှာပါ။ ဒါကြောင့် ဒီနှစ်ဟာ နအဖ အဖို့ မလွယ်လှတဲ့ နှစ်ပဲ ဖြစ်မှာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ သူတို့တွင်း စည်းလုံးညီညတွ်ေ ရး၊ အဖက်ဖက်မှာ အကြပ် အတည်းတွေ ရင်ဆိုင်ရမယ့် နှစ်လို့ မြင်ပါတယ်။ အခုကိုပဲ အပစ်အခတ် ရပ်စထဲားတဲ့ အဖွဲ့အစည်းတွေဟာ နအဖ တွက်ထားသလို မဟုတ်ပဲ တင်းခံနေလို့ နအဖဟာ အခြေအနေတွေကိုတောင် မထုတ်ပြန်ရဲပဲ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲအတွက် တခြား အဖွဲ့အစည်းတွေကိုသာ တည်ထောင်ခွင့်ပေးလိုက်ရင် သူတို့ရဲ့လက်ရှိ အက်စ်ဘီ၊ စရဖ စတဲ့ ထောက်လှ မ်းရေး ယန္တရားတွေနဲ့ လုံလောက်ပါ့ မလား၊ ဘယ်လို တိုးချဲ့မလဲ စဉ်းစားစရာ ဖြစ်ပါတယ်။ ၂။ ၂ဝဝ၉ ခုနှစ်အတွင်း လုပ်ဆောင်မ ည်ဟု ပိုင်းဖြတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက်များက ဘာလဲ။ တခြားပုံမှန် လုပ်ငန်း တွေအပြင် ပြည်သူ့အင်အား (People Power) စည်း ရုံးရေးကို အဓိကထားပြီး ဦးတည် ချက်ရှိရှိ လုပ်သွား ပါမယ်။ လုပ်ရာမှာ အဓိကအားဖြင့် ကာလတခုမှာ မြေအောက်သဏ္ဌာန်နဲ့ လုပ်မှာ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ဒီနှစ်မှာ ထူးခြားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နအဖဟာ သူတို့ အသက်ရှင် တည်ရှိရေး လမ်းကြောင်း ပေါ်မှာ ရှိတဲ့ ဆူးညှောင့် ခလုတ်အားလုံးကို ဖယ်ရှားတာ လုပ်ရပါတော့မယ်။ ဒီလို လုပ်ရာမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ပဋိပက္ခတွေဖြစ်တာတွေ မုချကြုံရမှာပါ။ ဒါဆိုရင် ကျနော်တို့ဟာ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ရေးအတွက် ဖြစ်နိုင်တဲ့ သဏ္ဌာန်နဲ့ တိုက်ပွဲဝင်ပါမယ်။ အလားတူပဲ နအဖက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ လုပ်လာကောင်း လုပ်လာနိုင်ပါတယ်။ သူ့မှာ နိုင်ငံရေးအရ အင်အားတောင့်တင်းပြီလို့ ယူဆရင် နအဖဟာ တနည်းနည်းနဲ့ အကောင်အထည် ဖော်ပါလိမ့်မယ်။ ဒီလိုလုပ်လာရင် နအဖနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြားက တိုက်ပွဲဟာ နောက် ဆုံး အဆုံးအဖြတ် တိုက်ပွဲဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခါမှာ ကျနော်တို့ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အသီးအပွင့်ဖြစ်တဲ့၊ ၁၉၉ဝ ခုနှစ် ရွေး ကောက်ပွဲမှာ ပြည်သူတရပ်လုံးက ထောက်ခံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကာကွယ်ဖို့အတွက် ပြည် သူတွေ၊ တခြား အင်အားစုတွေနဲ့ လက်တွဲ ပြီး ကန့်ကွက် တိုက်ပွဲဝင်သွားပါမယ်။ ဒါပေမဲ့ ဒါတွေကို ကျနော်တို့ ဗကပ တဖွဲ့ထဲ လုပ်လို့ မရပါဘူး။ ပြည်တွ င်းပြည် ပရှိ တခြားအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်း တာတွေ လုပ်သွားပါမယ်။ (ဒါလည်း မြေအောက် ပုံသဏ္ဌာန်နဲ့ အဓိက ဖြစ်ပါမယ်)။ ဒီလိုလုပ်ရာမှာ မတူတာတွေကို ခဏ ဘေးဖယ်ထားကြဖို့ အရေးကြီး တယ်လို့ ယူဆပါတယ်။ ဒီလို လုံးပမ်းနေတဲ့ ကာလအတွင်းမှာ နအဖ အစိုးရကို ဆန့်ကျင်သူတွေ အချင်းချင်း တိုက်ခိုက်တာမျိုး ကျနော်တို့က လုံးဝ မလုပ် ပါဘူး။ ဒါတွေက လက်တွေ့လုပ်ငန်းပိုင်းပါ။ အယူအဆပိုင်းကို ပြောရရင်တော့ ဒီကာလမှာ ကျနော်တို့အနေနဲ့ နအဖ အစိုးရကို အလုပ်အကျွေး ပြုလိုတဲ့၊ မူမဲ့ အလျှော့ပေး စေ့စပ်ချင်တဲ့ အရှုံးပေးရေး ဝါဒကို ဖွင့်ချ ဆန့်ကျင်တိုက်ခိုက်သွားပါမယ်။
www.nguyinpyin.net
Page 1
၃။ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ။ တကယ်တော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ သဏ္ဌာန်သဘောလောက်ပဲ ရှိပါတယ်။ တကယ့် အာဏာကို နအဖ က သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေနဲ့ ရယူပြီး ပါပြီ။ ဒီရွေးကောက် ပွဲမှာ ဘယ်သူတွေနိုင်နိုင် အာဏာဟာ စစ်အုပ်စု လက်ထဲမှာပဲ စွဲစွဲမြဲမြဲ တည်ရှိနေမှာ ပါ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ နအဖ စစ်အုပ်စုနဲ့ သဘောထား မတူညီတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ ဝင်ရောက် အရွေးခံတာ ရှိနိုင်ပါတယ်။ ဘယ် သူတွေ ဖြစ်မယ်ဆိုတာတော့ မပြောနိုင် သေးပါ။ တကယ်လို့ အဲဒီလို လူ၊ အဖွဲ့အစည်းတွေ ပေါ်လာပြီး ကြံ့ဖွတ်၊ တစည စတဲ့ စစ်အုပ်စု အင်အားစုတွေနဲ့ ယှဉ်ပြိုင်ရင် သူတို့ကို ကျနော်တို့က အားပေး ထောက်ခံပါမယ်။ နောက်တချက်က ဒီရွေးကောက် ပွဲကနေ ရာထူးနဲ့ အခွင့်အရေး ပြဿနာကြောင့် နအဖ အသိုင်းအဝိုင်းအတွင်းမှာ စိတ်ဝမ်း ကွဲပြားမှုတွေ ပေါ် လာနိုင်ပါတယ်။ အဆင့်အသီးသီး၊ ဒေသအသီး သီး၊ အလွှာအသီးသီးမှာ ပေါ်ပေါက်နိုင်ပါတယ်။ ဒါကို အတိုက်အခံတွေက ကောင်း ကောင်း အသုံးချရ ပါမယ်။ ၄။ ကမ္ဘာ့ စီးပွားရေး ကျဆင်းနေမှုအပေါ် အမြင်နှင့် ဗမာပြည်အ ပေါ် မည်သို့ သက်ရောက်နိုင် ပါသလဲ။ ဒီပြဿနာကြီး ဘာကြောင့် ပေါ်ပေါက်ခဲ့တယ် ဆိုတာကို ကျနော် ဆောင်း ပါး ၃၄ ပုဒ် ရေးဖူးပါတယ်။ ဒီနေရာမှာ ပြန်ပြောမနေတော့ပါဘူး။ ဒီအကြိမ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြီးဟာ အမေရိကန်နိုင်ငံကြောင့် ဖြစ်ရတာလို့ တနေ့ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံ့ ခေါင်းဆောင် တချို့ က ပြောသွားပါတယ်။ ဒါကို အမေရိကန်ဖက်က လုံးဝ မငြင်းပါဘူး။ ဒိအယင် တနှစ်ကပဲ ကွန်ဒိုလီဇာရွိုက် ကိုယ်တိုင် “အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ စိတ်ချရတယ်၊ ပုံမှန်ပဲလို့ ” အလားတူ ထိပ်သီးအစည်းအဝေး တခုမှာ အာမခံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခါလောက် အမေရိကန်နိုင်ငံရဲ့စီးပွားရေး ဂုဏ် သိက္ခာ ထိခိုက်ကျဆင်းတာ သမိုင်းမှာ အင်မတန်ရှားတယ်လို့ ဆိုရပါမယ်။ ၁၉၂၉ စီးပွားရေးကပ်တုန်းကတော့ အမေရိကန်ဟာ ကမ္ဘာ့ နံပတ်တစ် မဟုတ် ပါဘူး။ ဥရောပရဲ့နောက်မှာပါ။ အခုတော့ ကမ္ဘာ့ နံပတ်တစ်နေရာကနေ မျက်နှာပြလို့ မရအောင် ဖြစ်ရတာဆိုတော့ တော် ရုံပြဿနာကြီး မဟုတ်ပါဘူး။ ကမ္ဘာ့ နံပတ်တစ်နေရာကနေ အမေရိကန် ဖယ်ပေးရဖို့အတွက် အရေးပါတဲ့ သမို င်းတကွေ့ ဖြစ်မယ်လို့တောင် လူတော်တော်များများက တွက်ကြပါတယ်။ နောက်တချက်ကတော့ ဒါဟာ အမေရိကန်နိုင်ငံ အုပ်စိုးသူ လူတန်းစားထဲက နီယိုလစ်ဘရယ်သမားတွေရဲ့ပေါ်လစီတွေ မမှန်ကြောင်း ပွင့်ကျ သွားတာလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ သံကောင်းဟစ်လေ့ရှိတဲ့ "Laissez‐faire" ပေါ်လစီရဲ့ကျဆုံးခန်းပါ။ စီးပွားရေး လည်ပတ် မှုတွေကို အစိုးရက ဝင် ရောက် မစွက်ဖက်ရ ဘူးလို့ မောက်မောက်မာပြောခဲ့ကြတဲ့ နိုင်ငံ အများအပြားက ဧရာ လူချမ်းသာ လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ဘောဂဗေဒ ပညာရှင် တွေဟာ အခုတော့ သူတို့ လုပ်ငန်းကြီးတွေကို ကယ်တင်ပေးပါအုန်းလို့ အစိုးရတွေကို တောင်း ပန်နေကြတာ တွေ့ရတော့ ပြုံးမိရပါတယ်။ ဗမာပြည်ရဲ့စီးပွားရေးဟာ ဒီနှစ်ထဲမှာ ဘယ်လိုမှ ပိုကောင်းလာစရာ မရှိပါဘူး။ ကမ္ဘာ့ စီးပွားရေးစနစ်ရဲ့အစွန်အဖျားလောက် မှာသာရှိတဲ့ ဗမာနိုင်ငံကို ကမ္ဘာ့ စီးပွားရေးကပ်ရဲ့ဒဏ်ဟာ ဒီနှစ်ထဲမှာ ပိုပြီး ရိုက်ခတ်လာမယ်လို့ ယူဆရပါမယ်။ အဲဒီလို ရိုက် ခတ်လာရင် ထုံးစံအတိုင်း လယ်သမား အလုပ်သမားနဲ့ လုပ်ငန်းရှင်လေးတွေကို အထိခိုက်ဆုံး ဖြစ်မှာပါ။ နအဖ အနေနဲ့ ဒီဒဏ်က ကာကွယ်ဖို့၊ စီးပွားရေး လုပ်ငန်းတွေကို ကယ်တင်ဖို့ အစွမ်း လုံးဝ မရှိပါဘူး။ ကျလာ သမျှဒဏ်ကို ငုတ်တုတ်ပေခံရမှာပါ။ ၅။ လတ်တလောဖြစ်နေတဲ့ အစ္စရေးပါလက်စတိုင်း အရေးကိစ္စနှင့် ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ သမိုင်းဆိုင်ရာလေး နည်း နည်း ပြန်ပြောပါရစေ။ ခရစ်တော် မွေးဖွားတဲ့နှစ် မတို င်းမီ ဆယ်စုနှစ် အနည်းငယ် ကတည်းက ဂျူးတွေရဲ့ အစ္စရေး ဟာ ကမ္ဘာ့ မြေပုံပေါ်က ပျောက်သွားခဲ့ပြီး အင်္ဂလိပ် ကိုလိုနီသမားတွေက မူဆ လင် ဘာသာဝင်တွေ လက်ထဲကလု၊ ကမ္ဘာ အနှံ့အပြားမှာ ရှိတဲ့ ဂျူးတွေကို ပြောင်းလာခိုင်းပြီး ၁၉၄၈ ခုနှစ်ကျမှ အခု လက်ရှိ အစ္စရေးနိုင်ငံကို တည်ထောင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ရည်ရယွ် ချက်က အာရပ်တွေ၊ မူဆလင် တွေရဲ့နှလုံးအိမ်ဒေသမှာ ခံတပ်ကြီးတခု ဆောက်ထားခဲ့ဖို့ ဖြစ်ပါတယ်။ ရေနံထွက်တဲ့ ဒေသမှာ နယ်ချဲ့သမားတွေရဲ့ရေနံတွင်းတွေနဲ့ စစ်ရေးအရရော စီး ပွားရေးအရပါ အရေးပါလှတဲ့ စူးအက် တူးမြောင်းအတွက် အစောင့်သဘော မွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ ဒေသက အမျိုးသားတွေဟာ သူတို့ ထင်တာ ထက် စောပြီး နိုးကြား၊ စည်း ရုံး မိလာကြပါတယ်။ စူးအက် တူးမြောင်းနဲ့ ရေနံတွ င်းတွေကို သူတို့က နိုင်ငံပိုင်သိ မ်းတာတွေ ဖြစ်လာတော့ အင်္ဂလိပ်အမေရိ ကန်တို့ဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့ အမေရိကန်ဟာ အဲဒီ ဒေသကို အင်္ဂလိပ် လက်ထဲက လုယူလိုက်ပါတယ်။ စူးအက် တူး မြောင်း အရေးအခင်းဟာ ဒီဖက်ခေတ် ကမ္ဘာ့သမိုင်းမှာ ကမ္ဘာ့ နံပတ်တစ် နေရာကို အင်္ဂလိပ်လက်ကနေ အမေရိကန်က လွှဲယူတဲ့ အခါပဲလို့ ပြောရင် ရမယ် ထင်ပါတယ်။ ဒိနောက်မှာတော့ အမေရိကန်ဟာ အစ္စရေးကို စီးပွားရေးအရ၊ စစ်ရေးအရ အားကြီးအောင် အတင်း လုပ်ပြီး အာရပ်တွေ အကြားမှာ ငပွကြီး တဦးအဖြစ် ဖန်တီးပေးခဲ့၏ပါတယ်။ အခု ဒီဖက်ပိုင်း မှာတော့ အားလုံးသိတဲ့အတိုင်း အမေရိကန်နိုင်ငံရဲ့စီးပွားရေးမှာ ဂျူးသန်းကြွယ်သူဌေးတွေရဲ့အခန်းက သိပ် အရေးပါလာပြီး ဂျူးတွေက အမေရိကန်ရဲ့စကားကို နားထောင်ေ နရတာလား၊ အမေရိကန်က ဂျူးတွေရဲ့စကားကို နားထောင်နေရတာလား၊ ပြောရခက် လောက်အောင် တောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အစ္စရေးလ်ဟာ အဲဒီ ဒေသမှာ အမေရိကန်ရဲ့စီးပွားရေး၊ စစ်ရေး၊ သတင်းနည်းပညာရေး အကူအညီတွေ နဲ့ သူများနယ် တွေကို လုတာ၊ အနိုင်ကျင့်တာတွေ လုပ်ချင်တိုင်း လုပ်တာ ဖြစ်လာပါတယ်။ တလောကမှ အပြောင်းအလဲလို့ ကြွေးကြော်ပြီး တက်လာတဲ့ အိုဘားမားနဲ့ သူ့အစိုးရဟာ အစ္စရေးက ဂါဇာက အရပ်သားတွေကို ဒါလောက် ရက်ရက်စက် စက် သတ်ဖြတ်နေတာတောင် တခွန်း မဟန့်တဲ့အပြင် ပါလက်စတိုင်းတွေ ရဲ့အပြစ်လို့ ပြောတာကို ကြည့်ရင် ထင်ရှားပါတယ်။
www.nguyinpyin.net
Page 2
ဒါကြောင့် ပါလက်စတိုင်းတွေ (မူဆလင်တွေ)ဖက်က ကြည့်ရင် ဒါဟာ သူတို့မြေကို အလုခံရလို့ ပြန်တိုက်နေတာ ဖြစ်ပါတယ်။ ဟာမာ့ဇ်တွေက ဂျူးတွေကို ဒုံးပျံနဲ့ လှမ်းပစ်တယ်ဆိုတာဟာ စစ်တောင်းမြစ် တဖက်ကမ်းက ဂျပန် ဖက်ဆစ်တပ်တွေကို ဗမာ့မျိုးချစ် ပျောက်ကြားတပ်တွေက ဒီဖက်က မ်း ကနေ မော်တာနဲ့ လှမ်းထုတာနဲ့ တူပါတယ်။ ဖြစ်နေတာတွေ အားလုံးဟာ ပါလက်စတိုင်းတွေရဲ့မြေပေါ်မှာပါ။ တကယ်က လူ့ယဉ်ကျေးမှုသမို င်း အင်မတန်ရှည်ကြာခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အင်မတန်ရှုပ်ထွေးတဲ့သမိုင်း နောက် ခံတွေ ရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆို ရင် အင်အားကြီး နိုင်ငံတွေရဲ့စွက်ဖက်မှု မပါပဲ စာပွဲပေါ်မှာ အချိန်ယူပြီး မျက်နှာစုံညီ ဖြေရှင်းမှသာ ပြေလည်မှာ ဖြစ်ပါတယ်။
www.nguyinpyin.net
Page 3