Constructive Engagement

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Constructive Engagement as PDF for free.

More details

  • Words: 1,615
  • Pages: 9
Human Resource Development Program

1

ပြောင်းလဲလာနေသော နိုင်ငံတကာ မူဝါဒများ၏ါဒများ၏ အကျိုးသက်ရောက်မှု နှင့် ပြန် ပြန်လည်သုံးသပ်သင့်သော မူဝါဒများ



ခုအခါ မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ မူဝါဒများသည် စတင်ပြောင်းလဲ ကျင့်သုံး လာနေပြီ ဖြစ်ပါသည်။ တနည်းအားဖြင့် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ အပေါ်ထားရှိသော

မူဝါဒသဘောထားများသည်

ချဉ်းကပ်မှုပုံစံအသစ်ဖြင့်

စတင်ပြောင်းလဲကျင့်

သုံးနေပြီဖြစ်ပါသည်။

မည်သို့ပင်

ပြောင်းပြောင်း အမေရိကန်ပြည်ထောင်စု၏ မြန်မာ့ဒီမိုကရေစီအရေးအပေါ် အားပေးဆောင်ရွက်ခဲ့မှုများ အားလုံးအတွက် မြန်မာ့အရေးလေ့လာသူတယောက်အနေဖြင့်

အထူးပင်ကျေးဇူးလည်းတင်ရှိပါသည်။

အသိအမှတ်လည်းပြုပါသည်။

သို့သော် “ စူးစမ်းလေ့လာပါရစေ” ဟုတော့ ဆိုချင်ပါသည်။ ဤသို့ပြောင်းလဲကျင့်သုံးလာသော မူဝါဒသဘောထားအခြေအနေများ နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က “စေ့စပ်ဆွေးနွေးရေးလုပ်ပြီး ပိတ်ဆို့ဒဏ်ခတ်တာကို မလုပ်ဘူးဆိုရင်တာ့ မှားမှာပဲလို့ ယူဆပါတယ်၊ ဒါကြောင့် ရှေ့ကို ဆက်သွားတ့အဲ ခါ ဒီနည်းလမ်း(၂)ခုစလုံးကို ကိုင်စသွဲားမှာ ဖြစ်ပါတယ်” ဟု မကြာ သေးမီက ပြောကြားခဲ့ပါသည်။ ဆိုလိုသည့်သဘောမှာ အနောက်နိုင်ငံများကပြောလေ့ရှိသော “ Stick and Carrot ” ဆိုသည့် နည်းဗျူဟာဟု ယေဘူယျအားဖြင့် ဆိုရပါမည်။ မည်သို့ပင်ဖြစ်စေ မျက်မှောက်မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော ပြဿနာများသည် တိုင်းပြည်တငွ်း၌ စည်းလုံးမှု ပြိုကွ၍ဲ ဖြစ်ပေါ်လာသောအကျိုးဆက် ပြဿနာများပင်ဖြစ်ပါသည်။ ကိုယ့်လူမျိုးအချင်းချင်းအကြား အကြောင်း မတိုက်ဆိုင် ကြ၍ အမျိုးမျိုးသော ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးမှုသည်လည်း များစွာနောက်ကျကျန်ခဲ့ပေပြီ၊ ထို့ကြောင့် မြန်မာ လူမျိုးများကပင် ဖန်တီးခဲ့သော ပြဿနာများကို မြန်မာလူမျိုးများကပင် ပြန်လည်ဖြေရှင်းနိုင်ရန်ကြိုးစားရမည် ဟု ယုံကြည်ယူဆပါသည်။ မိမိကံကြမ္မာအား မိမိဘာသာ ဖန်တီးနိုင်ရပါမည်။ ကိုယ့်လမ်းကြောင်းကို ကိုယ့်စိတ်ကြိုက်ပြဋ္ဌာန်းနိုင်ရပါမည်။ မိမိတို့ အားလုံးသည် နှစ်ဘက် သူသေ ကိုယ်သေတိုက်ရမည့်သူများ မဟုတ်သလို အမြဲတမ်းလည်းရန်သူများမဟုတ်ကြပါ။ အကြောင်းမတိုက်ဆိုင်လို့သာ သဘောထားတွေ ကွဲလွေဲ နရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အကြောင်းတိုက်ဆိုင်အောင် နည်းလမ်းများကို မိမိတို့အားလုံး အပေးအယူ မျှမျှတတဖြင့် ဆောင်ရွက်နိုင်လျှင် အနာဂတ်အတွက်ကောင်း လိမ့်မည်ဟု ထင်ပါသည်။ ကိုယ့်လူမျိုး ထီးရိတ်အောက်မှ မလှ ၍ွဲ မည်သည့်ထီးရိတ်အောက်မှာမျှ မနေချင် အိမ်တငွ်းရေးပြဿနာတခုကို အပြင်က မိတ်ဆွေပင်ဖြစ်ဖြစ်၊ သူစိမ်းဘဲဖြစ်ဖြစ် ၀င်ရောက်ဖြေရှင်းရသည်ဆိုလျှင် ကိုယ်တွေ၌ အမြော်အမြင်အားနည်းခဲ့သောကြောင့်ဟုသာ ဆိုရပါမည်။ တနည်းအားဖြင့် ကိုယ့်အထုတ် ကိုယ်ဖြေတဲ့ သဘော၊ ကိုယ့်အချင်းချင်း နားလည်မှုမရှိသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကိုယ့် အိမ်တငွ်းပြဿနာကို ဘေးလူ

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -1-

Human Resource Development Program

2

က ခဏခဏ ၀င်ဖြေရှင်းနေရသော မိသားစုတခုကို မည်သူကအထင်ကြီးပါမည်နည်း၊ အလွန် ရှက်စရာကောင်းသော ကိစ္စပင် ဖြစ်ပါသည်။ နိုင်ငံသည်လည်း ဒေသတွင်း

နိုင်ငံများနှင့်

ဤသို့သဘောပင်ဖြစ်ပါသည်။

မြန်မာ့

ပြဿနာသည်

နိုင်ငံတကာဆက်ဆံရေးသဘောတရားအရ

မြန်မာ့အရေးကိစ္စပင်ဖြစ်သည်။

သက်ဆိုင်ပါသည်။

သို့တိုင်

တနိုင်ငံ၏

ပြည်တငွ်းရေးကို အခြားသော နိုင်ငံက ၀င်ရောက်မစွတ်ဖက်ရမူတွေချမှတ်ထားပါသည်။ ဒီပလိုမေစီသည် အတိုင်းအတာ တခုထိဘဲ သက်ရောက် နိုင်ပါသည်။ ဆိုလိုသည့်သဘောမှာ အကောင်းဘက်သို့ရောက်အောင် အပြုသဘောဆောင်သည် ထားအုံး အကွအဲ ကွဲ အပြဲပြဲ အကြား၌၎င်း၊ အမျိုးမျိုးကွဲပြားနေသော အယူအဆရေးရာပိုင်း၌၎င်း ကြားဝင်ရသည့်ကိစ္စမှာ “ နှစ်ဘက် ဆွေးနွေးကြပါ ”ဟူသော မေတ္တာရပ်ခံသည့်သဘော ၎င်းနှင့်ညီမျှသည်အ့  တိုင်းအတာ တခုထိဘဲ ဖြစ်နိုင်ပါသည်။ သမိုင်း၌ မြန်မာ့ နိုင်ငံရေးသမားတွေ

အမြော်အမြင်အားနည်းခဲ့လို့ ကျွန်ဖြစ်ခဲ့ဘူးပါသည်။ မြန်မာ့အရေးကို ပြည်ပက

တင်းပြည့် ကျပ်ပြည့် ကူညီမှ ရမည်၊ လိုအပ်သည်ဟု ယူဆပါက မိမိအဆင့်အတန်း မိမိကိုယ် ကို မိမိ သဘော ပေါက်ဖို့ လိုအပ်ပါ လိမ့်မည်။ “ ကျွန်ဖြစ်ချင်တာလား သခင်ဖြစ်ချင်တာလား ” ၀ိုင်းဝန်းစဉ်းစားကြရအောင်ပါ။ ယူပါ ကယ်ပါ ကိစ္စများကို အနှစ(် ၂၀)နီးပါးဆောင်ရွက်ခဲ့ကြပြီးဖြစ်သောကြောင့် မျက်မှောက်ကာလ၌ ၎င်းကိစ္စများ ကို အဓိကထားရှေ့တန်းတင်ဆောင်ရွက်နေမှုများအား ရပ်တန်းကရပ်ဖို့အချိန်တန်ပါပြီ။ ကမာ့အနောက်ခြမ်းကဖြစ်ဖြစ် အရှေ့ခြမ်းကဘဲလာလာ သည်ပုဂ္ဂိုလ်တွေ ၀င်လာပြီဆိုလျှင် ပြန်ပြီး မောင်းထုတ်ရခက်သည်ဆိုသည်မှာ သမိုင်းမှာလည်း ကြုံခဲ့ကြရဘူးပါပြီ၊ မျက်မှောက် နိုင်ငံတကာအခင်းအကျင်းတွေမှာလည်း တွေ့မြင်နေရမည်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော စကားရှိပါ သည်…… လွတ်လပ်ရေးအကြိုကာလ ၁၉၄၅ ခုနှစ် မေလ (၁၀) ရက်နေ့ သရက်ခရိုင်၊ ကမ္မမြို့အပိုင် သရက်ချောင်းရွာတွင် တပ်စခန်းချနေသော ဗိုလ်ချုပ်အောင်ဆန်းသည် စခန်းရှိ အရာရှိ၊ အကြပ်တပ်သားများကို ညနေ (၅) နာရီ၌ တန်းစီစေ၍ တော်လှန်ရေးကာလအတွင်း အပြတ်သားဆုံးသော မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ၎င်းသရက်ချောင်းရွာ မိန့်ခွန်းအား ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ စာအုပ် စာမျက်နှာ (၁၄၊ ၁၅) ၌ ဖေါ်ပြထား ပါသည်။ မျက်မှာက်မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါ အခြေခံ အယူအဆများသည် အလွန်ရှင်းပါသည်…. 1. မြန်မာနိုင်ငံအနာဂတ်သည် အခြားသောမည်သည့်နိုင်ငံမဆို ၎င်းတို့၏ အယူအဆ မူဝါဒများအပေါ်၌ လုံးဝ မတည်ပါ။ 2. မြန်မာနိုင်ငံအနာဂတ်ကို အခြားသော မည်သည့်နိုင်ငံကမျှ ပြဋ္ဌာန်းပေး၍မရပါ။ 3. အမျိုးသားရေးအမြင် မရှိဘဲ နိုင်ငံရေးလုပ်၍မရပါ။ 4. မြန်မာနိုငင်ံကို မြန်မာလူမျိုးတွေက ထူထောင်အုပ်ချုပ်ရမည်သာဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသမားတွေသည် မိမိလူမျိုးကို မိမိက ဦးဆောင်နိုင်သော စွမ်းအင်၊ စွမ်းအား၊ အုပ်ချုပ်နိုင်သည့် ယဉ်ကျေးမှုမျိုးရှိရမည်။ 5. မရှိလျှင် ရှိအောင်ကြိုးစားရမည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -2-

Human Resource Development Program

3

အမေရိကန်နိုင်ငံခြားရေး မူဝါပြောင်ါပြောင်းလဲလာပုံ ဖြစ် ဖြစ်စဉ်အားပြန်လည် သုံးသပ်ခြင်း

အစောပိုင်းကာလ အခြေအနေများ 1. ပထမ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန်က အင်ဒိုနီးရှားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ (Policy) ပြောင်းမယ့် အရိပ်အရောင်တွေပြသပြောဆိုသွားခဲ့ပါသည်။ 2. အဲဒီ့နောက်၌ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနီးရှားသို့သွားရောက်ခဲ့ပါသည်။ 3. အဲဒီ့နောက်၌ အမေရိကန် (Diplomats) တွေနဲ့ စစ်တပ်အာဏာပိုင်တွေနဲ့ ဆွေးနွေးလက်စတွေရှိနေခဲ့ပါသည်။ 4. ယင်းအချိန်ကာလများအတွင်း ရွှေဂုံတိုင်အဖွဲ့ ချုပ်ရုံးမှာ အစည်းအဝေး လွတ်လွတ်လပ်လပ်ပေးလုပ်ထားပါသည်။ 5. ထို့နောက် ဒီ/ချုပ်မှ ရွှေဂုံတိုင် Statement ထွကေ် ပ်ါလာပါသည်။ ဒီငါးချက်သည် အမေရိကန်သမ္မတကြီး မစ္စတာ ဘာရက် အိုဘားမား တတ်လာပြီးနောက်မှာ ဖြစ်ပေါ်လာသော အကြောင်းအရာများဖြစ်ကြပါသည်။ တနည်းအားဖြင့် ယခုဖြစ်စဉ်မတိုင်ခင်အချိန်ထိ ဖြစ်စဉ်တခုပါ။ ၎င်းဖြစ်စဉ်များအား ပြန်လည်လေ့လာသော အခါ၌ ဖြစ်စဉ် (1) မှနေ (5) အထိ ထူးခြားသောတစုံတရာ ပြဿနာဘာမျှ မရှိခဲ့ပါဟု ဆိရု မှာ ဖြစ်ပါသည်။ တနည်းအားဖြင့် ဒီပလိုမေစီ ချဉ်းကပ်မအှု သစ်တခုအဖြင့် ရှုမြင်သုံးသပ်ပါသည်။ ရွှေဂုံတိုင် Statement ထွက်ပေါ် လာပြီးနောက်မှ နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်လာသည် (သို့) အသွင်သဏ္ဍာန် တမျိုးသို့ ရုပ်ချည်းပြောင်း သွားခဲ့ပြီဟု ဆိုနိုင်ပါသည်။ ပြန်လည်စူးစမ်းလေ့လာချက်(၁) ၎င်းအခြေအနေများကို

ပြန်လည်သုံးသပ်သောအခါ

အမေရိကန်(ပေါ်လစီ)

ပြောင်းမည်အ့  ရိပ်အရောင်တွေ၊

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အင်ဒိုနီးရှားသမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့မှ ဖိတ်ကြားလို့ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတွေဆီကို ရုတ်တရက် ခရီးထွက်သွားခဲ့ရောက်ခဲ့တာတွေ၊ ထို့နောက် ပြန်လာပြီးသိပ်မကြာဘူး အမေရိကန် (Diplomats) တွေ နေပြည်တော် ရောက်လာခဲ့တာတွေ ထို့နောက် မစ္စတာ ရက်တော ဇာတ်လမ်းအပါအ၀င် ၎င်းကာလ၌ ဖြစ်ပေါ်ခဲ့သော အခြေအနေတွေသည် အမေရိကန် ပေါ်လစီ ပြောင်းမဲ့ အစီအစဉ်၏ ပထမ စနည်းနာသောကာလပင်ဖြစ်ပါ လိမ့်မည်။ သို့သော် အမေရိကန်အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးခေါင်းဆောင်များ၊

ကျောင်းသားခေါင်းဆောင်များ၊

ပြည်သူများနှင့်

မြန်မာနိုင်ငံအနာဂတ်

ကိုထည့်မတွက်ဘဲ

တနည်းအားဖြင့် တစုံတရာညှိနှိုင်းမှု မလုပ်ဘဲ မူလချမှတ်ထားသော မူဝါဒများကို ရုပ်ချည်းပြောင်းလဲမည် မဟုတ်ကြောင်း ယူဆပါသည်။ နှစ်ဘက်အပေးအယူသည် မည်သည့်အတိုင်းအတာထိ ဆက်လက်ဖြစ်ပေါ်လာမည်ကိုအား ဆက်လက်၍ လေ့လာသွားရမည်သာဖြစ်ပါသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -3-

Human Resource Development Program

4

နှိုင်းယှဉ်ချက် (၁) မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုသည် စိတ်ဓါတ်စစ်ဆင်ရေး အတိုင်းအတာတခုထိသာ သက်ရောက် ခဲ့ပြီး မြန်မာစစ်အစိုးရကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်လာအောင် ဖိအားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံသည် ပင်လယ်များဝိုင်းရံနေသော ကျွန်းနိုင်ငံမဟုတ်ပါဘူး၊ အသွငသ် ဏ္ဍာန်မတူသော နိုင်ငံ (၅)နိုငင်ံနှင့် နယ်နမိတခ်ျင်း ဆက်စပ် လျှက်ရှိသောကြောင့်ပင်ဖြစ်ပါသည်။ ကျူးဘားနိုင်ငံကဲ့သို့ ပြည်ပပို့ကုန်အမျိုးအစား အလွန်နည်းသော (သကြား၊ နီကယ်၊ ဆေးရွက်ကြီး၊ ပင်လယ်အစားအစားနှင့် ဆေးဝါးပစ္စည်း) သကြားကိသုာ အဓိကထား တင်ပို့နေရသောနိုင်ငံမျိုးကိုပင် ပြုပြင်ပြောင်းလဲအောင် ကုန်သွယ်ရေး ပိတ်ဆို့မှုက ဖိအားမပေးနိုင်ခဲ့ပါဘူး၊ တဖန် ဗီယက်နမ်ကိုလည်း အမေရိကန် က ရန်သူနိုင်ငံ အဖြစ် သတ်မှတ်ထားရာကနေ ကုန်သွယ်မှုပိတ်ဆို့ရေးမူဝါဒအား သမ္မတ ဘီလ်ကလင်တန် လက်ထက်၌ ပြန်ရုပ်

သိမ်းလိုက်သောကြောင့်

အမေရိကန်

ဏုမ္မဏီများ ဗီယက်နမ်သို့

အပြေးအလွှားသွားရောက်

ရင်းနှီးမြုပ်နှံ

ခဲ့ကြပါသည်။ ဒီမိုကရက်သမ္မတလောင်းများ ဖလော်ရီဒါပြည်နယ်၌ မဲဆွယ်တိုင်း ကျူးဘားအပေါ် မူဝါဒများပြောင်းလဲမည့် အရိပ် အရောင်များအားပြသ၍ ကျူးဘားလူငယ်တွေ၏ ထောက်ခံမဲကို ရယူခြဲ့ ကပါသည်။ ယေဘူယျအားဖြင့် အောက်ပါ Lobby Team များသည် အမေရိကန်အစိုးရ၏ ပေါ်လစီအပေါ် များစွာ အကျိုးသက်ရောက်မှုရှိခဲ့သည်ဟု ယူဆရပါသည်။ ၁.အမေရိကန်ကန်ွဂရက်အတွင်း၌ ကျူးဘားအပေါ် ကုန်သွယ်ရေး ဆက်လက်ပို့ဆို့ရန်ကိစ္စ Lobby လုပ်နေသော (Cuban American National Foundation –CANF) အဖွဲ့ အစည်းရှိနေပါသည်။ ၂.အမေရိကန် အစိုးရနှင့် ကွန်ဂရက်အတွင်း ဗီယက်နမ်ကုန်သွယ်မှုပိတ်ဆိုကရေးအား ပြန်လည်ရုပ်သိမ်းပေးရန် ( အမေရိကန် စီပွါးရေးလုပ်ငန်းရှင်များက Lobby လုပ်နေသော အဖွဲ့ အစည်းရှခိဲ့ပါသည်။ ၃.အမေရိကန် ဆီးနိတ်၌ တရုတ်စစ်အင်အား ကြီးထွားလာမှုအား ဆန့်ကျင်သော (Blue Team) (the American anti-China political lobby)

ထို့ ကြောင့်ပင် မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် အခြေအနေအရပ်ရပ်တွေကို စဉ်းစားဆင်ခြင်ပြီး လုပ်ကိုင် ရန် လိအု ပ်လိမ့်မည်ဟု ယူဆမိပါသည်။ (၂၀၀၄) ခုလောက်ကလည်း လူကြီးတွေထံ ဤသို့သော ကိစ္စတရပ်အား တင်ပြခဲ့ဘူးပါသည်။ သိုပေမယ့် မြန်မာ အချင်းချင်း တန်ဖိုး မထားတတ်၍ အလျှောက်ကောင်းပေလို့သာ အသက်မြဲ ရပါသည်။ အချို့ လူတော်လူကောင်းများ စိတ်ပျက်ကုန်တာတွေလည်း အများကြီး တွေ့မြင်ခဲ့ရပါသည်။ ကိုယ့်အချင်းချင်း အကြား ကုန်သွယ်ရေး ပိတ်ဆို့မှုဟာ အတိုင်းအတာ တခုထိဘဲ သက်ရောက်ပါတယ်လို့ရင် ပြောတဲ့သူက နအဖ လူဖြစ်သွားရော၊ အမေရိကန်ပြောရင် အဟုတ် လို့ယူဆ လုပ်ကိုင် နေရင်တော့ဖြင့် အချို့မြန်မာလူကြီးတွေမှာ ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်နိုင်တဲ့ ယဉ်ကျေးမှုတွေ အားနည်းနေသေး တယ်လို့ဘဲ ယူဆမိပါသည်။ ပြန်လည်စူးစမ်းလေ့လာသောအချက်(၂) အမေရိကန် (Diplomats) တွေ အနေဖြင့် မစ္စတာ ရက်တောဇာတ်လမ်း အစား အခြားသော သံတမန်နည်းဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီ/ချုပ် အဘယ့်ကြောင့် ၎င်းအချိန်ကာလအတွင်း မတွေ့ခဲ့ပါသနည်း၊ အဘယ့်ကြောင့် ရက်တော့ ဇာတ်လမ်းဖန်တီးခဲ့ပါသနည်း စဉ်းစားစရာ ဖြစ်လာပြန်ပါသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -4-

Human Resource Development Program

5

အကယ်၍ တွေ့ဆံခဲု့ရင်ဖြင့် အမေရိကန်ပြည်ထောင်စု၏ အစီအစဉ်သည် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုဘဲ ဖြစ်အောင် ကြားဝင် ညှိနှိုင်းပေးနိုင်မည့် အစီအစဉ်ဖြစ်သွားနိုင်ပါလိမ့်မည်။ သို့ဆိုလျှင် အခြေအနေကောင်းတွေ ဖြစ်လာ နိုင်မယ်လို့လည်း မျော်လင့် ယူဆ လို့ရနိုင်ပါသည်။ အမေရိကန် (Diplomats) တွေ ဒီ/ချုပ်နဲ့ မတွေတာ အကြောင်း(၂)ချက်ဖြစ်နိုင်ပါသည်…. 1. ဒီ/ ချုပ်အနေနဲ့ အခြေအနေကို ရိပ်စားမိလိမ့်မည်ဟု အမေရိကန် (Diplomats) တွေ ယူဆထား နိုင်ပါသည်။ 2. မလိုအပ်သေးလို့လည်းလဲဖြစ်နိုင်ပါသည်။ ဒီအခြေအနေအတွင်းမှာဘဲ ဒီ/ချုပ်က ရွှေဂုံတိုင် Statement ကြီးထွကေ် ပ်ါလာခဲ့ပါသည်။ ဒီ/ချုပ်အနေနဲ့ အခြေအနေ အရပ်ရပ်အားရိပ်စားမိခဲ့ပါက အောက်ပါအချက်တွေကို စဉ်းစားပြီး Statement ကိုထုတ်သင့်သည်ဟု ယူဆခဲ့မိပါသည်။ 1. အမေရိကန်ပေါ်လစီ ပြောင်းချင်နေတဲ့သဘောက ဘာကိုကိုဆိုလိုတာလဲ။ 2. ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်နီးလာနေပြီဖြစ်တဲ့အတွက် Statement ကို နောက်ဆုတ်ထားလို့ မရဘူးလား။ 3. ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးမှ Statement ထုတ်လျှင်ကော မဖြစ်ဘူးလား။ 4. ဘာ့ကြောင့် ဒီအစည်းအဝေးကို စစ်တပ်က အသာတကြည် လွှတ်ပေးခဲ့တာလဲ။ 5. စစ်တပ်က ကိုယ်ထုတ်ပြန်လိုက်မယ့် Statement အပေါ်လက်ခံမယ် မဟုတ်ဘူးဆိုတာ မသိလို့လား။ 6. သိရင် အဘယ့်ကြောင့် ဒီလို Statement မျိုး ထုတ်ခဲ့သလဲ။ 7. သိသိနဲ့ ထုတ်လိုက်တအဲ့ ကျိုးရလဒ်က တင်းမာမှုဆက်ဖြစ်ပွါးမယ်ဆိုရင် နောက်အဆင့်က ဘာလဲ။ စတဲ့အချက်တွေကို စဉ်းစားပြီးမှ ဆောင်ရွက်သင့်တယ်လို့ ယူဆမိပါသည်။ (စဉ်လည်း စဉ်းစားခဲ့လိမ့်မည်ဟု ယူဆပါသည်) သို့သော် ဖြစ်ပေါ်နေသော အခြေအနေသည် နောက်အဆင့် မဆိုထားနှင့် ကိုယ့်အချင်းချင်းပင် ညီညွတ်မှု မရှိသေးတဲ့ အချိန်၌ မြန်မာ့ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသော အချိန်ထိ စောင်ဆ့ိုင်းရင်း ဖြစ်ပေါ်နေတဲ့ ပါတီတငွ်း အခြေ အနေတွေကို ဆက်လက်ထိန်းသိမ်းသွားခြင်းက ပိ၍ု မသင့်တော်ပေဘူး လား ဟူ၍လည်း စဉ်းစားစရာစရာရှိပြန်ပါသည်။ နှိုင်းယှဉ်ချက် (၂ (၂) ထိုကာလအတွင်း မြန်မာနိုင်ငံ၌ သံတမန်လှုပ်ရှားမှုများ ရှိနေချိန်လည်းဖြစ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ အရိပ်အရောင်လည်း ရှိနေသော အချိန်ကာလအတွင်း၌ အကယ်၍ ဖြစ်ပေါ်လာသော အခြေအနေများမှာ…. 1. လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်လာမည့် အချိန်အား စောင့်ဆိုင်းခြင်း 2. သံတမန်လမ်းကြောင်း ပိုမို၍ ပွင့်သွားအောင် ပြုလုပ်ခြင်း တို့သာဖြစ်ခဲ့လျှင် …..

အကျိုးအားဖြင့် နှစ်ဦးနှစ်ဘက်အကြား ၌…… 1. တစုံတရာ တင်းမာမှုများအား လျော့ချနိုင်ပါမည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -5-

Human Resource Development Program

6

2. စစ်အစိုးရအနေဖြင့် ပျော့ပြောင်းမည့် အသွင်သဏ္ဍာန်တရပ် ဖေါ်ဆောင်လာနိုင်မည်။ 3. မပျော့ပြောင်းသည့်တိုင်

မိမိတို့အဖွဲ့ အတွင်း

ပြန်လည်တည်ဆောက်နိုင်သော

အခွင့်အရေးတွေကတော့ဖြင့်

ရလာမည်။ 4. ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်အောင် ပံ့ပိုးပေးနိုင်မည်ဟု ယူဆမိပါသည်။ စစ်အစိုးရ၏ခြေလှမ်း ဒီ/ချုပ်မှ Statement ထွက်ပေါ်လာသောအခါ စစ်တပ်မှ မည်သို့ တုန့်ပြန်နိုင်မည်နည်း.. 1. မည်သို့မျှ တုန်ပြန်မှု မလုပ်ခြင်း။ 2. ဆက်လက်တင်းမာခြင်း။ စသည့် မူလအခြေအနေသို့ ပြန်ရောက်သွားနိုင်ပါသည်။ သို့ဆိုလျှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခဲ့ပါက ၎င်းတို့ရင်ဆိုင် ရမည့် အခြေအနေနှင့် အကျယ်ချုပ်ဖမ်းဆီးထားသော အခြေအနေအား နှိုင်းယှဉ်သုံး သပ်တော့မည်ဖြစ်ပါသည်။ အကယ်၍ စစ်တပ်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထား လိုသော ဆန္ဒရှိမည်ဆိုလျှင် ဥပဒေကြောင်းအရ ဘောင်မ၀င် ၀င်အောင် နည်းလမ်းများရှာဖွေတော့မည်ဖြစ်ပါသည်။ ဤအတောအတွင်း Mr. Yettaw ကိစ္စပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းကိုအကြောင်းပြု၍ စစ်အစိုးရမှ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ယူဆပါသည်။ သို့သော် အခြားသောနည်းလမ်းများလည်း ရှိပါသေးလျှက် အဘယ့်ကြောင့်

ဤသို့ကျင့်ပါသနည်းဟူသော

ဖြစ်စဉ်အားပြန်လည်လေ့လာဖို့လိုအပ်သည်ဟု

ယူဆပါသောကြောင့်

မစ္စတာ ရက်တော ဇာတ်လမ်း၏ နောက်ကွယ်အား ပို၍သတိထားခြင်းဖြစ်ပါသည်။ ဤနေရာ၌ Mr. Yettaw ၏အခန်းကဏ္ဍသည် အထူးဂရုပြု စဉ်းစားစရာရှိပါသည် 1. ပညာတတ်ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေ၏ အတိမ်အနက် မသိ၍လော။ 2. အလွန်အရေးပါနေသော ပုဂ္ဂိုလ်တယောက်လော။ 3. ရေကဘဲလာလာ ကုန်းကဘဲလာလာ လာသင်/့ မလာသင့် “ အချိန် ”အား စဉ်းစားရန်လိုပေမည်။ 4. မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ထိ အဘယ့်ကြောင့် မစောင့် နိုင်ရပါသလဲ။ အကယ်၍ ဤကိစ္စအား ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုပါက... 1. ပြစ်ဒဏ်နည်းမည်။ 2. အချိန်တိုတိုဖြင့် လွတ်မည်။ 3. ငွေကြေးများစွာရမည်။ 4. ၎င်း၏ သတင်းအစအန ဖျောက်သွားပေလိမ့်မည်။ 5. အမေရိကန် ဒီပလိုမတ်တွေနှင့် စစ်အစိုးရအကြား အပေးအယူ တစုံတရာရှိနေပေမည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -6-

Human Resource Development Program

7

သို့ဆိုပါလျှင် (မစ္စတာ ရက်တော) ၏ အခြေအနေသည် ဖြစ်စဉ်တခုလုံး၌ နိုင်ငံရေးအရ အခန်းကဏ္ဍအားဖြင့် မယ်မယ်ရရ ထူးခြားသည့် အသွင်မတွေ့ရပါ။ စစ်အစိုးရဘက်မှ ပူးပေါင်းကြံစည်သူ ဟုတ်သည်ဖြစ်စေ/ မဟုတ်သည် ဖြစ်စေ စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းနိုင်အောင် ဖြစ်လာသော အကြောင်းပြချက် တခု အတွင်း၌သာ အကျုံးဝင်ပါသည်။ တနည်းအားဖြင့် မစ္စတာ ရက်တော ဇာတ်လမ်းသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ဖြစ်လာသော ပူးပေါင်းကြံစည်မှု တခုသာ ဖြစ်ပါသည်ဟု ယူဆရပါသည်။ ဤယူဆချက်သည် သည့်အခါမှာ

အထူးသတိထားပြီးပြောခြင်းဖြစ်ပါသည်။

အလွန်သိမ်မွေ့နက်နဲလာပြီး

ပိုမိုရှုပ်ထွေးလာနိုင်သော

မြန်မာ့အရေးကိစ္စတွေကို အခြေအနေများလည်း

စဉ်းစားဆောင်ရွက်

ဖြစ်ပေါ်လာနိုင်ပါသည်။

မြင်လည်းမြင်တွေ့နေရပါသည်။ မည်သူ့ကိုမျှလည်း မယိုးစွပ်လိုပါ။ ထို့ကြောင့်ပင် အထက်၌ စူးစမ်းလေ့လာပါရစေဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ ကိုးကားချက် (အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဇင်ဂျား လက်ထက် လက်တင်အမေရိက၌ အာဏာရှင်တွေ ပေါ်လာအောင် ဆောင်ရွက်ခဲ့သော ပုံပြင်မဟုတ်သည့် ဇာတ်လမ်းများရှိခဲ့ဘူးပါသည်။)

မြန်မာ့အရေးလေ့လာသူတယောက်အနေဖြင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖမ်းဆီးခံထားရသော နိုင်ငံရေးခေါင်ဆောင်များအရေးစသည့် ကိစ္စတွေ၏ဖြစ်စဉ်အပေါ် အမေရိကန်ပြည်ထောင်စု၏ မူဝါဒ ဆိုင်ရာ ကောက်ကြောင်းများဖြင့် စဉ်းစားရေးဆွဲလုပ်ဆောင်မှုများကို ဘယ်တုန်းကမျှ မလုပ်ခဲ့ဘူးပါ။ ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် ကိုယ့် ပြဿနာ ကိုယ်ဘာသာဖြေရှင်းနိုင်အောင် ကြိုးစားခဲ့ပါသည်၊ ဤသို့သောစိတ်ဆန္ဒဘရှဲိပါသည်။ မြန်မာနိုင်ငံ သည် ကမာ့မိသားစုနိုင်ငံတခု ဖြစ်သည့် အလျှောက် လူသားချင်းစာနာမှု အကူအညီ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေး ထောက်ခံမှု၊ မတရားမှုများရပ်တန့်သွားအောင်၊ နိုင်ငံရေးပြဿနာမှ တဆင့် စစ်မက်မဖြစ်ပွါးရအောင် နိုင်ငံတကာ ဆက်ဆံ ရေးနှင့် နိုင်ငံရေးနည်းဗျူဟာများအရ ၀ိုင်းဝန်း၍ ဖေးဖေးမမဖြင့်ထိန်းသိမ်းပေးသော အကူအညီမျိုးကိုသာ လိုလားပါသည်။ မည်သို့ပင်ဆိုစေ

မြန်မာနိုငင်ံပြဿနာသည်

ယခုအခါ

ပထ၀ီဝင်နိုင်ငံရေးသဘောဆောင်လာပြီဖြစ်ပါသည်။

တနည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံသည် စည်းလုံမှုလုံးဝမရှိသေးသည်လည်းဖြစ်ခြင်းကြောင့်

တိုင်းပြည်၏ လူ့အရင်း

အမြစ်မှအစ သဘာဝအရင်းအမြစ်တွေထိတိုင်အောင် အသုံးချခံရမည့်ဘေးနှင့် ရင်ဆိုင်ရဖို့ ရှိနေပါသည်။ ဤကောက်ချက် ဆန်းစစ်ပြီး

အယူအဆနှင့်ပတ်သက်၍

အမျိုးသားစည်းလုံးညီညွှတ်မှု

ဤသုံးသပ်မှု၌ဖေါ်ပြခဲ့ပါ

အချက်များအပေါ်

ပြန်လည်လေ့လာ

အသွင်သန္တာန်တရပ်အား ပြည်ပနိုင်ငံရေးအင်အားစုအတွင်း၌သော်

လည်း

ကောင်း၊ ပြည်တငွ်း စစ်အစိုးရ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ နိုင်ငံရေးအဖွဲ့ အစည်းများ၊ တိုင်းရင်းသားအဖွဲ့ အစည်း များ၊ လူငယ်/ လူလတ်/လူကြီး အစရှိသော နိုင်ငံရေး ခေါင်းဆောင်များ အစရှိသည်အားဖြင့် ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ် အသီးသီး တို့သည် တွေ့ဆုံဆွေးနွေး၍ ယခုအချိန်၌ အပေး အယူမျှမျှ တတဖြင့် အနာဂတ်ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်သော အခွင့်အလမ်းတရပ် ဖြစ်သည်ဟုယူဆ တင်ပြခြင်းလည်းဖြစ်ပါသည်။ ပထမဦးစွာ

ပေါ်လစီများပြောင်းလဲ

ကျင့်သုံးလာမှုအခြေအနေအရပ်ရပ်တို့အပေါ်

ထင်သာမြင်သာရှိအောင်

လေ့လာဖို့လိုအပ်ပါလိမသ့် ည်။ အမေရိကန်မူဝါဒ ပြောင်းသည်ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ သူအလုပ် သူလုပ်ခြင်းသာ

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -7-

Human Resource Development Program ဖြစ်ပါသည်။

အထက်၌ဆိုခဲ့သလို

8

မြန်မာနိုင်ငံအနာဂတ်သည်

မည်သည့်နိုင်ငံတို့၏

မူဝါဒများအပေါ်၌

မတည်ရှိဘဲ

မိမိတို့အပေါ်၌သာတည်ရှိပါသည်ဟု ဆိုခဲ့ပါပြီ။ သူ့အလုပ်သူလုပ်သည် ဖြစ်ခြင်းကြောင့်လည်း တရုတ်ကချိုည်း အားကိုး၍ မရသလို အမေရိကန်ကချိုည်း အားကိုး၍ လည်းမရပါ။ လိုအပ်သည်ထက်ပို၍ အားလည်း မကိုးသင့်ပါ၊ မိမိတို့မှ လုပ်သင့် လုပ်ထိုက် သည်များကို စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်ရန်သာလိုပေသည်။ ကမာမှာ မြန်မာတွေတန်းတူရည်တူ ရပ်တည်နိုင်ဖို့ မိမိကိုယ် ကို အားကိုးမှရမည်ဖြစ်ပါသည်။ မိမိတို့အချင်းချင်းအကြား အလုပ် ဖြစ်အောင် မလုပ်နိုင်လျှင် သူများလာလုပ်သွားမည်သာ။ ထို့ကြောင့် မိမိတို့၏ မူဝါဒများကိုသာ ပြန်လည်သုံးသပ်ရန် အလွန်အရေးကြီးကြောင်း တွေ့ရမည်ဖြစ်ပါသည်။ အမေရိကန်- တရုတ် ဆက်ဆံရေး၌ ဖြစ် ဖြစ်ပေါ်နေသော အဓိကပြဿနာများ 1. အာရှ၌ တရုတ်ပြည် စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေးသြဇာပါဝါ အင်အားကြီးမားလာခြင်း။ 2. တရုတ် - တိုင၀် မ်အပေါ် စစ်ရေးဆိုင်ရာအရေးယူမှု/ မယူမှုနှင့်ပတ်သက်သော(Four Noes One Without Policy) နှင့် အနာဂတ် တိုင၀် မ်လုံခြုံရေးဆိုင်ရာ ပြဿနာ။ 3. တရုတ် - တိုင၀် မ် တပြည်ထောင်တည်းဖြစ်သည်ဟူသော မူဝါဒ။ (One China Policy) 4. တရုတ် - အမေရိကန် ကုန်သွယ်ရေးနှင့် ငွေဖလှယ်နှုံးဆိုင်ရာ ပြဿနာ။ 5. တရုတ်ပြည်၏ လူ့အခွင့်အရေးဆိုင်ရာ စံချိန် စံညွှန်းများ။ အမေရိကန်ပြည်ထောင်စအု နေဖြင့် အတွင်းသို့ပါ

ချဲ့ထွင်လာမှုနှင့်

အခြေအနေများကြောင့်လည်း

အဆင့်မြင့်

တောင်တရုတ်ပင်လယ်၌ စက်မှုနည်းပညာများ

အထူးသတိထား

စောင့်ကြည့်

တရုတ၏် ရေတပ်လွှမ်းမိုးလာမှု၊

တဖြည်းဖြည်း

အိန္ဒိသမုဒ္ဒရာ

ဖွံ့ဖြိုးတိုးတက်ထုတ်လုပ်လာသော

နေရသောအခြေအနေများဖြစ်ပါသည်။

ထို့ကြောင့်ပင်

အမေရိကန်သမ္မတကြီး ဂျော့ဘုရှ်အစိုးရအဖွဲ့ အိန္ဒိယအား ချဉ်းကပ်၍ အမေရိကန် - အိန္ဒိယ ဆက်ဆံရေး အခြေအနေ များကို တိုးမြင့်ဆောင်ရွက်ခဲ့ပုံရပါသည်။ မည်သို့ပင်ဆိုစေ တရုတ်ပြည် အင်အားကြီးမားလာခြင်းအပေါ် ထိန်းချုပ်ရန် အမေရိကန်အစိုးရမှ ကြိုးပမ်းမည်ဟု ယူဆပါက မြန်မာနိုင်ငံသည်လည်း အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီပွါး ကာကွယ် ရေး ပေါ်လစီများအတွက် ပထ၀ီနိုင်ငံရေး သဘောသဘာဝအရ အရေးပါလာမည် ဖြစ်ပါသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြင့်ရန် (သို့) အပြုသဘောဆောင်မည့် နည်းလမ်း ပထမခြေလှမ်းအဖြင့် လိုရမယ်ရစတင် နည်းလမ်း ရှာဖွေရမည်ဖြစ်ပါသည်။ သို့သော်လည်း ဤအချက်သည် အမေရိကန်အစိုးရအတွက် ယခုချိန်ခါ၌ အတော်ခက်ခေဲ နပါလိမ့်မည်ဟု ယူဆ မိပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲသွားခြင်း၊ လူ့အခွင့်အရေးများ ပြန်လည်ရရှိပြီး တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန်ပြည်ထောင်စအု နေဖြင့် လိုလားသည်က မှန်ပါ၏။ သို့သော် အနှစ(် ၂၀) လုံးလုံး ပြည်တငွ်း/ ပြည်ပ နိုင်ငံရေး အင်အားစုများ၏ အခြေအနေသည် မည်သို့မျှ တိုးတက်မလာခဲ့သောကြောင့် တကြောင်း၊ အထက်၌ တင်ပြခဲ့သလို တရုတ် ၏ တဟုန်ထိုးတိုးတက်လာနေသော စစ်ရေးအင်အား၊ စီးပွါးရေးအင်အားနှင့် အဆင့်မြင် နည်းပညာ များ၏ အရှိန်အဟုန်ကို ထိန်းညှိရန် လိုအပ်လာသောအခါ၌ မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ အဓိကနေရာ ဖြစ်နေသည်က တကြောင်း မြန်မာနိုင်ငံ၏ အခြေအနေအပေါ် ပြန်လည်သုံးသပ်လာရမည်သာဖြစ်ပါသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -8-

Human Resource Development Program

9

မြန်မာနိုင်ငံ၏ အောက်ပါအချက်များက အမေရိကန်ပေါ်လစီ အပြောင်းအလဲကို အထောက်အပံ့ဖြစ်စေခဲ့ပါသည်။ 1. စစ်အစိုးရအုပ်ချုပ်နေခြင်း။ 2. ပြည်တငွ်း/ပြည်ပအတိုက်အခံ နိုင်ငံရေးအင်အားစုများ၏ (စည်းလုံးမှု၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးသုံးစွဲမှု၊ အဂတိ လိုက်စားမှု) စသည်အ့  ခြေအနေများ။ 3. ဒီမိုကရေစီစနစ်သို့ လက်တလောပြောင်းလဲနိုင်လောက်သော အခြေအနေမရှိသေးခြင်း။ အကယ်၍များ တရုတ်သည် မြန်မာပြည်အား စည်းရုံးထားနိုင်လျှင် အာရှတိုက်ရေကြောင်းလမ်း တခုလုံးကို ထိန်းချုပ် သွားနိုင်မည်ဖြစ်ပါသည်။ ထိုပြင်အိနသ္ဒိ မုဒ္ဒရာ တိုက်ငယ်တခုလုံးကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ သော အခြေအနေမျိုးကို အမေရိကန်အနေဖြင့် လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံသည် အမေရိကန် - တရုတ် တို့၏ စစ်ရေး၊ စီးပွါးရေးအားပြိုင်မှုအကြား၌ သက်ရောက်နေ မည်ဖြစ်ပါသည်။ ဤသို့သော အခြေအနေမျိုးအား အထူးသတိထားရန်လိုအပ်ပါသည်။ ထို့ပြင် ဤကဲ့သို့သော အခြေ အနေမျိုး၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အားလည်း နှောင့်နှေးကြန့်ကြာစေတတ်ပါသည်။ မျက်မှောက်အခြေ အနေများ၌ပင် တရုတ်ပြည်က စစ်အစိုးရနောက်မှ ရပ်တည်ပေးနေသောကြောင့်

မြန်မာပြည်သူတွေ ဒီမိုကရေစီနှင့်

လူ့အခွင့်ရေးတွေ ပြန်လည်ရရှိဖို့ နှောင့်နှေးကြန့်ကြာနေရပါသည်။ မြန်မာ့နိုင်ငံရေး လေ့လာနေသူတယောက်အနေဖြင့် အမေရိကန်၊ ဥရောပ၊ စသည့်အနောက်နိုင်ငံများ၏ ကြားဝင် စေ့စပ်မှုများအတွက် လည်းကောင်း၊ အာရှမှ ဂျပန်၊ တရုတ်၊ အာစီယံစသည့်နိုင်ံအသီးသီးတို့၏ အပြုသဘော ဆောင်မှု အားလုံးကို

လည်းကောင်း

ပြုပြင်ပြောင်းလဲရေး

(လူသားချင်းစာနာ

ဖြစ်စဉ်တလျောက်

ထောက်ထားမှု

စိတ်အား၊

ရှုထောင့်မ)ှ

ကိုယ်အားတို့ဖြင့်

နေ၍

လိုလားပါသည်။

ကူညီခဲ့ကြသည်ကိုလည်း

မြန်မာနိုင်ငံ

ကျေးဇူးလည်းတင်

အသိအမှတ်လည်းပြုပါသည်။ သို့သော်

ကမာ့နိုင်ငံရေး၊

သိမ်မွေ့ခက်ခဲလှသည်မို့

စီးပွါးရေး၊

စစ်ရေး

ပါဝင်ဆောင်ရွက်မှုအတိုင်းအတာ

စသည့်

အခြေအနေများသည်

အားလုံးအတွက်

လွန်စွာ မှပင်

နိုင်ငံသားတယောက်အနေဖြင့်

စူးစမ်းဆင်ခြင်လေ့လာပြီးမှ လက်ခံ ပါရစေ။ ဒီအတွက် မည်သူ့အပေါ်၊ မည်သည့်နိုင်ငံအပေါ်မှာမှ သံသယရှိ၍၊ မုန်း၍၊ ဆန့်ကျင်လိုသောစိတ်များ

စိုးစဉ်းမျှ

ထမ်းဆောင်ခြင်းသာဖြစ်ပါကြောင်း

မရှိပေ။ ပြောင်းလဲလာသော

ရိုးရိုးသားသား

အမျိုးသားရေး

မူဝါဒများဆိုင်ရာ

ပြန်လည်သုံးသပ်သင့်သော မိမိတို့၏မူဝါဒများအကြောင်း လေ့လာတင်ပြလိုက် ရပါသည်။

ကျွန်တော်တို့အားလုံးဟာ မိသားစုတွေပါခင်ဗျား ။

အားလုံးသော ပုဂ္ဂိုလ်များတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ လေးစားစွာဖြင့် မောင်စည်သူ (၁.၉.၂၀၀၉)

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် -9-

တာဝန်တရပ်ကို

အကျိုးသက်ရောက်မှုနှင့်

Related Documents