Calling Of Abfsu

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA

Overview

Download & View Calling Of Abfsu as PDF for free.

More details

  • Words: 414
  • Pages: 1
ကျောင်းသူ ကျောင်းသားများသို့ လှုံ့ဆော် ပန်ကြားချက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်

ကျောင်းသူ ကျောင်းသားအပေါင်းတို့

၂၅.၅.၂၀၀၉

ကျောင်းသူ ကျောင်းသားအပေါင်းတို့

၂၅.၅.၂၀၀၉

ကမ္ဘာ့ပြည်သူတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ နဲ့ ဗမာပြည် ပြည်သူတွေက ကန့်ကွက်တား

မြစ်နေကြပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အခုလို မတရား

အမှုဆင် ထောင်ချဖို့ ကြိုးပမ်းအားထုတ်နေတာဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ ပြောနေတာ

ဖြစ်တယ်။ သေနတ်အားကိုးနဲ့ ထင်ရာစိုင်းလို့ရတယ် ထင်နေတဲ့ စစ်အုပ်စုရဲ့ ဥာဉ်အတိုင်း ပြည်သူ

လူထုရဲ့ အားကိုးအားထားရာခေါင်းဆောင်ဖြစ်တဲ့၊ ကမ္ဘာက ဆုပေါင်းများစွာပေးပြီး အသိအမှတ်ပြု

ထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကိုတောင် အကျဉ်းထောင်ထဲ ထည့်ရဲနေတာဖြစ်တယ်။

ဒါဟာ ကမ္ဘာ့ပြည်သူများကိုသာမက၊ ဗမာပြည်သူများ နဲ့ ကျောင်းသူ၊ ကျောင်းသားတွေ

ကိုပါ စိန်ခေါ် အကဲစမ်းလိုက်တာဖြစ်တယ်။ နိုင်ငံရေးအရပြောရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုး

သားဒီ မို က ရေစီ အ ဖွဲ့  ချုပ် တို့  ရဲ့  ရွှေ ဂုံ တို င်ေ ကြညာချက် အ တို င်း သွားမယ့်  အမျိုးသားပြန် လ ည်

ရင်ကြားစေ့ရေးလမ်းကြောင်းကိုလည်း ချေမွ ဖျက်ဆီး ပစ်လိုက်တာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီးထောင်ချဘို့ စီစဉ်တာဟာ တိုင်းပြည် ပြိုကွဲ ပျက်စီးရေးလမ်းကြောင်းကို စစ်အုပ်စုက ရွေးချယ်လိုက်တာဖြစ်တယ်။

ဒါကြောင့်  ငါတို့  ကျောင်း သူ ၊ ကျောင်း သားတွေ ဟာ ရှ စ်ေ လးလုံး အရေးတော် ပုံ အ စ

ကျောင်းသားကဆိုတဲ့အစဉ်အလာအတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြွင်းမဲ့

လွတ်မြောက်ရေးအတွက် မိမိတို့ ကျောင်းများ၊ ရပ်ကွက်များမှာ နည်းမျိုးစုံနဲ့ မိခင် ဒေါ်အောင်ဆန်း

စုကြည် လွတ်မြောက်ရေးအတွက် မတရားတဲ့အမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစုအဖွဲ့လိုက်

ပုံ စံမျိုးစြုံ ဖင့် ဆင် နွှဲ ကြဖို့ ဗမာနိုင် ငံလုံး ဆို င်ရာကျောင်း သားသမဂ္ဂများအဖွဲ့  ချုပ် က တို က်တွ န်း

နှိုးဆော်လိုက်ပါတယ်။

နှိုးဆော်လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”

“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”

“ရွှေဂုံတိုင်ကြေညာချက် ချက်ချင်းလုပ်”

“ရွှေဂုံတိုင်ကြေညာချက် ချက်ချင်းလုပ်”

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Related Documents

Calling Of Abfsu
May 2020 5
Calling
November 2019 37
Abfsu-fac
April 2020 13
Formosa Calling
August 2019 36