ရန်ကုန် မတ်လ ၅ ရက်
စစ်အစိုးရလုပ်ပေးမည့်ရွေးကောက်ပွဲ ဖျာခင်းသူတို့ အလုပ်များစပြု မြန်မာပြည်တွင်လာမည့် ၂၀၁၀ တွင်စစ်အစိုးရကလုပ်ပေးမည့်အထွေထွေရွေး ကောက်ပွဲတွင်ဝင်ရောက်လှူပ်ရှား ရန်ကနေဒါနိုင်ငံလိပ်စာဖြင့်မကြာမီကဖွဲ့ စည်း လိုက်သည်ဟုသိရသော ယူနိုက်တက် ဒီမိုကရက်တစ်ပါတီအမည်ရှိနိုင်ငံရေးအဖွဲ့  ၏အမှူဆောင်များစာရင်းတွင်သူမ မသိရဘဲသူမ၏အမည်ကိုထည့်သွင်းထား ရာမှ ယခုအထိထုတ်မပစ်သေးဟုဦးကျော်ငြိမ်း၏သမီးဒေါ်ချိုချိုကျော်ငြိမ်းကမြန်မာသံ တော်ဆင့်သို့ မနေ့ ကပြောသည်။ “ သူတို့ အနေနဲ့ ကျမတို့ သဘောထားကိုမမေးဘဲကိုယ့်သဘောနဲ့ ကိုယ်ထည့် ပီးကြေငြာထားတာ အခု ပြန်ဖျက်ပေးရမယ်ဆိုရင်ပိုပြီး ရှက်စရာဖြစ်မှာမို့ ဒီ အတိုင်းဆက်ထားတာလို့ ထင်တယ်” ဟုသူမကပြောသည်။ သူမကဆက်လက်၍ပြောဆိုရာတွင် ” ဟိုတနေ့ ကတော့ ဦးရဲထွန်းတို့ တတွေ (ဒေါ်) နေရီ (ဘဆွေ)တို့ အိမ် သွားကြတယ်။ ဦးသုဝေနဲ့ ဒေါ်သန်းသန်းနုတို့ လဲပါတယ်လို့ သိရတယ်။ စကား ပြောကြတာလေးနာရီတောင်ကြာတယ်လို့ ကြားပါတယ်၊ ဦးရဲထွန်းကကျမန့ဲ စကားပြောချင်တယ်လို့ ဆိုတယ်။ ကျမကိုလဲဖိတ်ထားတယ်။ ” ဟုဆိုသည်၊
BURMA HERALD COPYRIGHTED MATERIAL WRITTEN BY MYINT SHWE CANADA 2009
ဆက်လက်၍သူမ၏အစီအစဉ်ကိုသံတော်ဆင့်ကမေးမြန်းရာ “ ကျမအနေနဲ့  လာမဲ့ ရွေးကောက်ပွဲကိုဝင်ဘို့ စိတ်ကူးတော့ရှိပါတယ်၊ ၀င်ဖြစ်ရင် ကျမအဖေရဲ့ဇာတိမြို့ နယ်ကနေတသီးပုဂ္ဂလအဖြစ်နဲ့ ဘဲဝင်မယ်လို့ အောင်းမေ့ ပါတယ် “ ဟုသူမကပြောသည်။ လွန်ခဲ့သောလအတွင်း ” UDP အဖွဲ့ ဟာအင်အားအကြီးဆုံးပါတီဖြစ်လာနေပြီ” ဟူသောကြေငြာချက်တစ်ခုအင်တာနက်အွန်လိုင်းတွင် ဖြန့် ဝေခဲ့ရာထို သတင်း အရအဖွဲ့ ၏ဒုတိယဥက္ကဌဦးရဲထွန်း၏နေအိမ်ကိုအဖွဲ့ ၏စည်းရုံးဆက်သွယ်ရေးဌာန အဖြစ်အသုံးပြု၍စုစည်းဆွေးနွေးမှုတွေလုပ်ဆောင်နေသည်ဟုဆိုသည်၊ UDP၏ ဒုတိယဥက္ကဌဦးရဲထွန်းသည်ဘန်ကောက်နှင့်စင်္ကာပူတို့ သို့ မကြာခဏ ဆေးကု ၊ ဈေးဝယ်ထွက်နိုင်သော်လည်းအမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခြင်းခံထားရသူဖြစ်သည်။ ထိုအချက်နှင့်ပါတ်သက်၍ သူ၏ (အမေရိကန်ပြည်ထောင်စုအစိုးရ၏ဖိအားပေး မှုအရစစ်အစိုးရက ငွေခ၀ါချ မှုဖြင့်အရေးယူခြင်းခံရသော) ဘဏ်လုပ်ငန်းရှင်ဦး အိုက်ထွန်း နှင့် လူချင်းရင်းနှီးမှု ကိုအမေရိကန်သံရုံးက သင်္ကာမကင်းဖြစ်နေပုံ ရသည်ဟုဦးရဲထွန်းကသံတော်ဆင့်သို့ ရှင်းပြခဲ့ဘူးသည်၊။ [နာဂစ်ဆိုက်ကလုံးနောက်ပိုင်းစစ်အစိုးရကပြည်တွင်း၌ NGO များဖွဲ့ ၍ပြည်ပမှလာ သောအကူအညီများကိုလက်ခံဖြန့် ဝေခွင့်ပြုလိုက်ရာဦးရဲထွန်းမိသားစုဦးစီးသော မင်္ဂလာဖေါင်းဒေးရှင်းသည်အစိုးရကအထူးဦးစားပေးခြင်းခံရသောNGO တစ်ခုဖြစ် လာသည်။ မင်္ဂလာဖေါင်ဒေးရှင်းအတွက်စစ်အစိုးရက တစ်လုံးလျှင်ကျပ်၂၅သိန်း ပေါက်ဈေးရှိ ကမ်းရိုးတန်းသုံး CDMA တယ်လီဖုံးဆယ်လုံးချပေးခဲ့သည်။ မင်္ဂလာ ဖေါင်းဒေးရှင်းသည်ဦးရဲထွန်း၏ဇာတိဖျာပုံခရိုင်တွင်လှုပ်ရှားပြီးကယ်ဆယ်ရေးအ ကြောင်းပြချက်ဖြင့်နောင်အခါလိုရာသုံးရန်ရပ်ကွက်ခြေစိုက်အဖွဲ့ အစည်းများ (Community Based Organizations, CBOs) ဖွဲ့ ထားပြီးဖြစ်သည်ဟုလည်းသိရှိရ သည်။] ဆက်လက်၍ အဆိုပါ UDP ၏ကြေငြာချက်တွင် -
BURMA HERALD COPYRIGHTED MATERIAL WRITTEN BY MYINT SHWE CANADA 2009
”UDP အဖွဲ့ဟာနေပြည်တော်ကတိုက်ရိုက်တုန့် ပြန်ချက်တွေရရှိထားပြီးဗိုလ်ချုပ် မှုးကြီးသန်းရွှေကိုယ်တိုင်နောက်ကွယ်ကနေထောက်ခံမှုတွေပေးနေတယ်လို့ စုံ စမ်းသိရှိရပါတယ်” ဟုဆိုသည်။ ”ယဉ်ယဉ်နေပြည်တော်” ဟူသောနာမည်ဝှက်ဖြင့်ဖြန့် ဝေခဲ့သောထိုကြေငြာချက် ကြောင့် စစ်အစိုးရအာဏာပိုင်တချို့ ကသိကအောက်ဖြစ်နေသည်ဟုသိရှိရသည်၊ နာမည်အရ အနီးစပ်ဆုံးဖြစ်နိုင်ချေရှိသည်ဟုထင်ရသောစစ်အစိုးရနိုင်ငံခြားရေးဝန် ကြီးဌာန၊ အမေရိကတိုက်များဌာနကြီးမှုး ဒေါ်ယဉ်ယဉ်ဦးအား သံတော်ဆင့်ကဆက် သွယ်မေးမြန်းရာ ”ကျမရေးတာလုံးဝမဟုတ်ပါ၊ ဒီစာကြောင့်ကျမ အလွန်စိတ်မသက် မသာဖြစ်နေပါသည်၊ ဒါပေမဲ့ ဘာလုပ်လို့ ရနိုင်သလဲ” ဟုအီးမေးဖြင့်ပြန်မေးသည်။ သူမသည်အလုပ်သဘောအရမြောက်အမေရိကတိုက်နိုင်ငံအများနေလူပေါင်းစုံဖြင့် ဆက်သွယ်လုပ်ကိုင်ရရာကနေဒါမှလည်းအများအပြားပါဝင်သည်။ ထိုကြေငြာချက်မတိုင်မီကလည်း UDP၏ပြည်ပအခြေစိုက် အခြားဒုတိယဥက္ကဌ တစ်ဦးဖြစ်သူဟူဟွာကျော်မြင့်အား နောက်ကွယ်ကလုပ်ဆောင်နေသောငြိမ်းချမ်း ရေးဗိသုကာအဖြစ်တင်ပြထားသောအတ္ထုပတ္တိတစ်ခုအင်္ဂလိပ်ဘာသာဖြင့်အင် တာနက်ဖြန့် ဝေချက်တစ်စောင်ရေးသူ သမိုင်းသုတေသီဦးအောင်ခင်အမည် ဖြင့်ပေါ်ထွက်လာသေးသည်။ ထိုစာနှင့်ပါတ်သက်၍လည်း နာမည်ဆင်ဆင်တူကာ မြန်မာ့နိုင်ငံရေး သုသေသနစာ တမ်းများရေဒီယိုမှတင်ပြပေးလေ့ရှိသော ယူကေ အခြေစိုက်သမိုင်းပညာရှင်ဒေါက် တာအောင်ခင်အားမြန်မာသံတော်ဆင့်ကဆက်သွယ်မေးမြန်းစုံစမ်းရာ သူက ”ငါ မဟုတ်ပါဘူးကွာ၊ ငါကဘာလို့ ရေးရမှာလဲ - ဒါပေမဲ့ (မင်းကို ) စိတ်တော့မဆိုး ပါဘူး ဒီအကြောင်းမေးတာမင်းအရင်လူတော်တော်များပီ။ ငါမဟုတ်တဲ့အကြောင်း ဦးကျော်ဇံသာတို့ လှမ်းမေးလို့ ရေဒီယုကိ နေဖြေပြီးပြီလေ။” ဆက်ရန်ရှိသေးသည်ဟုဆိုသောထို ဟူဟွာကျော်မြင့်၏အတ္တုပတ္တိ သည်ဆက်ထွက် မလာတော့ချေ။ ထိုအတောအတွင်းဗင်ကူဗာတွင်ထုတ်ဝေသော Vancouver Sun သတင်းစာတွင် ဖေဖေါ်ဝါရီလလေးရက်နှင့်ငါးရက် နှစ်ရက်ဆက်၍ ဆောင်ပါးရှင် David Banes ရေးသောကျော်မြင့်နှင့်ပါတ်သက်၍ဆောင်းပါးနှစ်ပုဒ် (SEC halts suspicious billion-dollar B.C. stock ,
BURMA HERALD COPYRIGHTED MATERIAL WRITTEN BY MYINT SHWE CANADA 2009
Lights out for moonlighting president) ဆက်တိုက်ပါရှိလာသည်။
“ ဦးသုဝေကိုတော့ကျမလေးစားပါတယ်။ သူလဲ ကျမလိုပါဘဲ - ပြည်ပထွက် မကြည့်နိုင်တော့”
– ဟုဒေါ်ချိုချိုကျော်ငြိမ်းကပြောသည်။
BURMA HERALD COPYRIGHTED MATERIAL WRITTEN BY MYINT SHWE CANADA 2009