10-d

  • July 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 10-d as PDF for free.

More details

  • Words: 387
  • Pages: 3
'ကျောင်းတံခါးတွေ ပိတ်ပြီးကျောင်းသားတွေကိုထောင်တံခါးဝဆီကို ပို့ လိုက်ပါတော့တယ်'' လူ့အခွင့်အရေးနေ့ လို့ ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကိုနိုဘယ်(လ်)ငြိမ်းချမ်းရေးဆုပေးခဲ့တဲ့ နေ့ ၁၉၉၁ နိုဘယ်(လ်) ဆုထောက်ခံပွဲနဲ့ အတူ ၈၈၈၈ လူထုလှုပ်ရှားမှုကိုဆက်လက်သယ်ဆောင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ပင်မ နဲ့ စက်မှု တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တန်းဒီ ကိုကျမတို့ မေ့နိုင်မှာမဟုတ်ပါဘူး ။ နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုကို ဒီဇင်ဘာလ(၁၀)ရက်နေ့ တိုင်း နော်ဝေနိုင်ငံအော်စလိုမြို့ မှာပေးနေကျဖြစ်ပေမဲ့ဆုပေးရက်မတိုင်ခင်ကတစ်လ အလို လောက်ကတည်းက နိုဘယ်(လ်)ဆုရှင်ဘယ်သူလဲ ဆိုတာကြေညာပြီး သားမို့ ၁၉၉၁ရဲ့ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုကိုကျမ တို့ ရဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရတယ်ဆိုကတည်းက မြန်မာပြည်သူလူထု အင်မတန်မှ ၀မ်းသာဂုဏ်ယူနေကြသလို အဲဒီ့ဆေု ပးတဲ့နေ့ မှာ ထောက်ခံပွဲတွေလုပ်ဖို့  ဆန္ဒရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၀ရက် မတိုင်ခင် ဒီဇင်ဘာ ၈ရက် နဲ့ ဒီဇင်ဘာ ၉ရက်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ က တက္ကသိုလ် ၀င်းထဲမှာကျောင်းသားတွေစုရပ်လုပ်ပြီး နိုဘယ်(လ်)ဆုထောက်ခံပွဲနဲ့ အတူ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့  ဆန္ဒပြပွဲ တွ အတွက် ကျောင်းဝင်းထဲမှာလက်ကမ်းစာရွက်တွေဝေခဲ့ကြတယ်။ ဒီဇင်ဘာလ(၉)ရက်နေ့  မှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ လက်ကမ်းစာရွက်ဝေတဲ့ ရူပဗေဒဂုဏ်ထူးတန်းမှ ကိုဘိုဘိုဟန် (အင်းစိန်)ကို စစ်ထောက်လှန်းရေးတွေက တက္ကသိုလ်ဝင်းထဲကိုဝင်ပြီး ခါးပိုက်နှိုက် ခါးပိုက်နှိုက်လို့  အော်ဟစ်ပြီး အဓမ္မ ဖမ်းဆီးတာကို ခံလိုက်ရပါတယ် ဒီအပေါ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေပြင်းပြင်းထန်ထန် ခံစားကြရပြီး တန်းဒီ လှုပ်ရှားမှု လို့ ခေါ်တဲ့ ဒီဇင်ဘာ(၁၀)ရက် လူ့ အခွင့်အရေးနေ့ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်(လ်)ဆုရတဲ့နေ့ မှာ ရန်ကုန်တက္ကသိုလ်နှင့်စက်မှုတက္ကသိုလ်စုရုံးမှုဟာကြီးမားတဲ့အင်အားတစ်ရပ်အဖြစ် စစ်အုပ်စု ကိုတုန်လှုပ်စေခဲ့ပါတယ်။ ဒီဇင်ဘာ(၁၀)ရက် နေ့  နံက်(၁၀)နာရီလောက်မှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးဘေးတက္ကသိုလ် စာကြည့် တိုက်နှင့် RCခန်းမရှေ့ကနေ ကျောင်းသားထုဟာစုရပ်လုပ်ပြီး ကြွေးကျော်သံတွေတိုင်ခဲ့ကြတယ် ကြွေးကြော်သံတွေ ကတော့ -- ဖမ်းဆီးကျောင်သားပြန်လွှတ်ရေး --- (ဒို့ အရေး)၂ ---ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ရေး------(ဒို့ အရေး)၂ ---စစ်အစိုရပြုတ်ကျရေး----(ဒို့ အရေး)၂ ---ဒီမိုကရေစီအရေးတော်ပုံ -----(အောင်ရမည်)၂ ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူအားလုံးနီးပါး ပါဝင်တဲ့ လှုပ်၇ှားမှုကြီးဟာ အဓိပတိပတိလမ်းမပေါ်မှာ ၁၉၈၈ လူထုလှုပ်ရှားမှု နဲ့ မခြားတဲ့ကျောင်းသားထုလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပါတယ် ။။ စစ်အုပ်စုဟာ မခံမရပ်နိုင်ဖြစ်ပေမဲ့ ခိုးကြောင်ခိုးဝှက် နှိမ်နှင်းချင်တာကြောင့်အဲဒီ့အချိန်မှာ လုံးဝဖမ်းဆီးခြင်း မရှိခဲ့ပဲ ကျောင်းရဲ့ ပြင်ပမှထောက်လှန်းရေးကားများနဲ

့ဝန်းရံပြီး မှတ်တမ်းယူနေကြပါတယ်။ နေ့ ခင်း ၂း၀၀လောက်မှာကျောင်းသားထုက လူစုခွဲပြီး ဒီဇင်ဘာ၁၁ ရက် နံက် ၉း၃၀ ခန့် မှာပြန်လည်စုရုံးကာ ကျောင်းသားလှုပ်ရှားမှု ကိုဆက်လက်၍ 10-D နေ့ ရဲ့ကြွေးကြော်သံများကိုဆက်လက်တိုင်ခဲ့ကြပါတယ်။ ဒီမှာပဲစစ်အုပ်စုဟာ ဘွဲ့ နှင်းသဘင်ခမ်းမ မှနေ၍ လူစုခွဲရန်လူစုမခွဲလျှင်ဖမ်းဆီးနှိမ်နှင်းမည်ဟု အမိန့် ပေးနေသံကို လည်းကျောင်းသားထုကကြားနေကြပါတယ်။။ကျောင်းသားဆိုတာ မတရားတာကိုငုံ့ မခံတက်ပဲအသက်ပေးပြီးဆန့် ကျင် ခဲ့တာ မြန်မာသမိုင်းမှာဗိုလ်အောင်ကျော်တို့ အစဉ်အလာ ၇ှိပြီးသားမို့  လွယ်လွယ်နဲ့ လူစုမခွဲ အလျော့မပေးခဲ့တဲ့ ကျောင်းသားတွေကို နေ့ ခင်း ၁၂ နာ၇ီအကျော်လောက်မှာလုံထိန်းများစစ်သားများဝင်ရောက်ဖြိုခွဲဖမ်းဆီးခဲ့ပါတယ်။ အဲဒီ့ နေ့ ကအဖမ်းဆီးခံ ကျောင်းသား ၄၀၀ ကျော် ရှိခဲ့ပါတယ် ။ ထိုနည်းတူရန်ကုန်စက်မှုတက္ကသိုလ်မှာလည်း နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုကိုထောက်ခံပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ လှုပ်ရှားမှုမှာပါဝင်ခဲ့ တဲ့ ရန်ကုန်စက်မှု ကျောင်းသားတွေရဲ့ နေအိမ်ဆီကို ၁၁ ရက်နေ့ ညမှာ လိုက်လံဖမ်းဆီးခဲ့ပါတယ် ။ ၁၉၉၁ ဒီဇင်ဘာလ ၁၁ ရက် ည (၈)နာရီမှာ စစ်အုပ်စုအသံလွှင့်ဌါန မှ တစ်နိုင်ငံလုံးမှာ၇ှိတဲ့တက္ကသိုလ်ကျောင်း အားလုံးကို ပိတ်ကြောင်းကြေညာလိုက်ပါတယ် ။ကျောင်းတံခါးတွေ ပိတ်ပြီးကျောင်းသားတွေကိုထောင်တံခါးဝဆီကို ပို့ လိုက်ပါတော့တယ်။။ဖမ်းဆီးခံကျောင်းသား ၄၀၀ကျော်မှ ထောင်တွင်း မှစစ်ကြောရေးလုပ်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးတင်ဦးလှိုင် ရဲ့ တာဝန်ယူဝန်ခံမှု နဲ့  တစ်ချို့ ကို လွှတ်ပေးပြီး ခေါင်းဆောင်ဟုယူဆသူများ ဖြစ်သည့် ကိုမြတ်စံ (NLD လူငယ်) ၊ ကိုကိုကြီး(၈၈)၊ ကိုခင်မောင်ဇော် (၈၈)(သာယာဝတီထောင်ထဲတွင် စစ်အုပ်စုသတ်၍ ကျဆုံးသွားသော် ကိုစည်သူ ၏ အကိုရင်းဖြစ်သူ) နှင့် အမည်မမှတ်မိ သူနောက်တစ်ဦးအား ထောင် နှစ် ၂၀ ချမှတ်၍ ကိုသန်းထိုက်ဝင်း(NLD) ၊ ကိုကျော်ကျော်ဦး၊ ကိုယဉ်ထွေး၊ကိုမြင့်ဆွေ၊ကိုဆန်နီ၊ ကိုသက်ထွန်း(လူ့ ဘောင်သစ်) ၊ ကိုဇေယျ(လူ့ ဘောင်သစ်)၊ကိုဗထူးမောင်(၈၈)၊ ကိုအံ့ဘွယ်ကျော်(၈၈)၊ကိုသက်နိုင်(NLD) ၊ကိုဘိုဘိုဟန်(၈၈) ၊ ကိုမောင်မှိုင်း(ခ) ကိုမင်းလှိုင်(၈၈)၊ ကိုကြည်မိုးနိုင်(RIT) ၊ကိုထွန်းမြင့်ထွန်း(RIT)၊ကိုဇော်မင်းခိုင်(၈၈) ၊ကိုမျိုးမြင့် (လူ့ ဘောင်သစ်) ၊ကိုညီညီထွန်း(ဗကသ)၊ ကိုဥာဏ်ဥာဏ်ထွန်း(ဗကသ)နှင့် ၈၈ ကိုဦးဆောင်ခဲ့သော ကျောင်းသား အများစု(စုစုပေါင်း အယောက် ၃၀ကျော်) အားထောင် ၁၅ နှစ် ချမှတ်လိုက်ပြီး မခင်မိုးမိုးအေး ၊မစုစုဝင်း ၊မတိုးတိုးမြင့်၊မကေသီအေး၊မခက်မာ၊ ကိုဇော်အောင်(NLD)၊ ကိုကျော်စွာမိုး( အ -က-သ) ၊ကိုသောင်းထိုက်၊ကိုစိုးမိုးလှိုင်၊ ကိုသိန်းနိုင်(ခ)ကိုဘိုဘို(ကိုမင်းကိုနိုင်၏ညီဝမ်းကွဲ)၊ကိုစိန်ကျော်ဦး(၈၈)၊မကြူကြူ(၈၈)အပါအ၀င်(အယောက် ၆၀ကျော်) အား (၁၀)နှစ်ထောင်ဒဏ်ချမှတ်လိုက်သည်။ ထိုသို့ ရက်ရက်စက်စက် ထောင်ဒဏ်နှစ်ကြီး ချမှတ်လိုက်သည့်အပြင် သတ်မှတ်နှစ်စေ့၍ထောင်ကလွှတ်ပေး ရမည့် အချိန်တွင်(၁၀-က) ပုဒ်မတပ်၍ ကိုမြတ်စံ ၊ ကိုဗထူးမောင် ၊ ကိုယဉ်ထွေး ၊ကိုစိုး မိုးလှိုင်၊ကိုသောင်းထိုက် ၊ကိုဇေယျ၊ ကိုဇော်အောင်၊ကိုဘိုဘိုဟန် အပါအ၀င် အယောက် (၂၀)ကျော်အား နှစ်တိုးခဲ့တယ်။ ဒါ့ြေ့ကာင့်စစ်အုပ်စုဟာလူ့ အခွင့်အရေး

ဆိုတာကိုဘယ်လိုမှလက်ခံနားလည်နိုင်မှာမဟုတ်သလိုလူသားတိုင်းရဲ့မွေးရာပါ အခွင့်အရေးတွေကိုလိုက်လံတားဆီးနေမှု ချိုးဖောက်မှုတွေ ၁၉၉၁ မှာတင်မက ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှာ ကျောင်းသားများစွာကို ထပ်မံဖမ်းဆီး ထောင်ချမှု၂၀၀၃ ဒီပဲယင်း လူသတ်မှု ၂၀၀၇ စက်တင်ဘာသံဃာသတ်မှုစတဲ့ ကြီးမားတဲ့ လူ့ အခွင့်အရေးချိုးဖောက် ခဲ့မှုတွေကိုပြုလုပ်ခဲ့ပြုလုပ်နေဆဲပါပဲ။ ဒီလိုစစ်အုပ်စုရဲ့နှစ် နှစ်ဆယ်ကျော် လက်နက်အားကိုး နဲ့ ပြည်သူအပေါ်ညှင်းပမ်းနှိပ်စက်မှုတွေအတွက် ၁၉၈၈ ကစ တဲ့  လူထုလှုပ်ရှားမှုကြီး ကို ဒီကျောင်းသားတွေထဲက ပဲ ဦးဆောင် အရှိန်မြှင့်ပြီးမျိုးဆက်သစ်တွေကို မဟုတ်မခံတော်လှန်ရဲ တဲ့ အမွေတွေ လက်ဆင့်ကမ်းနေဆဲ ဆို တာယုံကြည်စွာနဲ့  ၁၉၉၁ နိုဘယ်(လ်)ထောက်ခံပွဲ ရဲ့ ဖြစ်စဉ်တစ်ချို့ ကို တင်ပြ လိုက်ပါတယ် ။။ မှတ်ချက်။။ ။။Ten-Dကျောင်းသားလှုပ်ရှားမှုနဲ့ထောင်၁၅နှစ်ကျခံရတဲ့အပြင် ၁၀(က)ထောင်ထဲနှစ်တိုးနေထိုင်ခဲ့ရတဲ့ ကိုယဉ်ထွေး ရဲ့ ကျော်ဖြတ်ခဲ့ရမှု အတွေ့ အကြုံဖြစ်ပါတယ် ။ အမည်များကျန် ခဲ့ရင်ခွင့်လွှတ်ပါလို့ တောင်းပါအပ်ပါတယ် ။ကာယကံရှင်၏သေချာသောမှတ်မိမှု များကိုသာ မျိုးဆက်သစ်များသိစေရန် လက်ဆင့်ကမ်းဖေါ်ပြပေးခြင်းဖြစ်ကြောင်း တည်ကြည်လေးစားစွာ မေအိခင်(လယ်ဝေး)

Related Documents

Reportajes 10d
November 2019 5
Raluca 10d
June 2020 4
10d Statement
November 2019 8
10d Action - News-2
November 2019 8
10d Action - News (2)
November 2019 13