Article in Burmese
မြန်မာဘာသာနဲ့ တင်ပြထားပါတယ်။
Photo Credit: http://ramonnya.co.cc/
သံလေးသံပေါ့ နဲ့ မွန်စာလုံးပေါင်းသတ်ပုံ ဆက်စပ်မှု
Creaky and Breathy Sounds: What Influence on Mon Spelling
This is brought to you by www.dhoongjhaan.blogspot.com .
နိဒါန်း မွန်စာပေအရေးအသားမှာ ဗျည်းတွေကို သံလေးဗျည်း၊ သံပေါ့ဗျည်း (ဗျဉ်ရမ်သာင်ဇြိုင်၊ ဗျဉ်ရမ်သာင်သာ) ခွဲခြားမှုဟာ လိုအပ် ချက် တစ်ခု ဖြစ်တယ်။ ဒီခွဲခြားမှုက လိုအပ်တဲ့ အသံမှန်ကို ရရှိဖို့ 'သံလေးဗျည်း ၊ သံပေါ့ဗျည်းတွေကို ဘယ်သရ ဒါမှမဟုတ် ဘယ်အသတ်သင်္ကေတတွေနဲ့ ပေါင်းစပ်ရမယ်' ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ရာမှာ အများကြီး အသုံးဝင်လှပါတယ်။ ဥပမာ - ''အာ''
သရ (သင်္ကေတအားဖြင့် --ာ၊ --ါ) က သံပေါ့ဗျည်းတွေ ဖြစ်တဲ့ က၊ ခ၊ စ၊ ဆ အစရှိတဲ့ ဗျည်း တွေနဲ့ တွဲစပ်ရာမှာ ကာ၊ ခါ၊ စာ၊ ဆာ (အသံထွက် - ကား၊ ခါး၊ ကျား၊ ချား [Gkaa, Kaa, Jaa, Chaa]) ဆိုတဲ့ မွန်စကားအတွက် လိုအပ်တဲ့ အသံတွေ ဖြစ်ပေါ်စေသလို သံလေးဗျည်း တွေ ဖြစ်တဲ့ ဂ၊ ဇ၊ ဒ စတဲ့ ဗျည်းတွေနဲ့ တွဲစပ်ရင် ဂါ၊ ဇာ၊ ဒါ (အသံထွက် - ဂါအယ်၊ ဂျာအယ်၊ ဒါအယ် [Gaae, Jaae, Daae]) ဆိုတဲ့ အသံတွေကို ဖြစ်ပေါ်စေပါတယ်။ သံပေါ့ဗျည်းမှာ ထွက်သလို ဂါး၊ ဂျား၊ ဒါး [Gaa, Jaa, Daa] လို့ အသံမထွက်ရပါဘူး။
ခုအချိန်အခါဟာဆိုရင် မြန်မာ တိုင်းရင်းသား လူမျိုးစု အများစုဟာ သူတို့ရဲ့ သက်ဆိုင်ရာ အမျိုးသားစာပေကို ရှင်သန်ကြီးထွား
ဖွံ့ဖြိုးဖို့ ဘယ်အချိန်ကာလနဲ့မှ မတူအောင် ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ အလားတူ မွန်ပြည်နယ်မှာ ရှိတဲ့ မွန်တိုင်းရင်းသား၊ ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ မွန်တိုင်းရင်းသားတွေတင်မက ပြည်ပရောက် မွန်အဖွဲ့အစည်း အချို့ကလည်း မိမိတို့ အမျိုးသားစာပေကို
ကမ္ဘာ့တန်းဝင် စာပေ တစ်ခု ဖြစ်အောင် အယင်ကထက် ပိုမို ကြိုးပမ်းလာနေကြပါပြီ။ နိုင်ငံရေး၊ လူမှုရေး၊ စီး ပွားရေး အစရှိတဲ့ အရေးကိစ္စတွေမှာ မွန်အမျိုး သား အချင်း ချင်း မွန်ဘာသာစကား၊ မွန်စာပေသင်္ကေတနဲ့ ပိုပြီးတော့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့
ကြိုးပမ်း လာကြပါတယ်။ သမိုင်း၊ ပထဝီ၊ သင်္ချာ၊ သတင်း နဲ့ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ နည်းပညာ အစရှိတဲ့ ဝိဇ္ဇာသိပ္ပံဘာသာရပ် တွေကိုလည်း မွန်ဘာသာစာပေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့ အားထုတ်လာနေကြပြီ ဖြစ်ပါတယ်။
စသဖြင့်)
ဒါကြောင့် သက်ဆိုင်ရာအရေးကိစ္စတွေ နဲ့ ဘာသာရပ်တွေမှာ မွန်မဟုတ်တဲ့ ဘာသာစကား တစ်ခုခု (ဥပမာ - အင်္ဂလိပ်၊ ဗမာ အနေနဲ့
ရှိပြီး သားဖြစ်တဲ့
ဝေါဟာရစကားလုံးတွေကို
မွန်ဘာသာနဲ့
ဖော်ပြနိုင်ရေး၊
ဖော်ပြထားတဲ့
စကားလုံးတွေကို
မွန်လူမျိုး တွေ အလွယ်တကူ နားလည်နိုင်ရေး ဆိုတာတွေဟာ မရှိမဖြစ် အရေးကြီး တဲ့ ကြားဖြစ်စဉ် တစ်ခု ဖြစ်လာပါပြီ။ ဒီနေရာမှာ တခြား ဘာသာစကား တစ်ခုခုအနေနဲ့ ရှိပြီး သား စကား တစ်ခုကို မွန်မှုပြုဖို့ တစ်နည်း မွန်ဘာသာစကားနဲ့ ဖော်ပြဖို့ဆိုရင် အကြမ်းအားဖြင့် နည်းလမ်း ၃ သွယ် ရှိပါတယ်။ 1. "ဘာသာခြားစကားလုံးကို တိုက်ရိုက်မွေးစားဖို့ (အသံကို အက္ခရာဖလှယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ စာအရေးသားကို အက္ခရာဖလှယ် ပြီးတော့ပဲ ဖြစ်ဖြစ်)"
2. "ဘာသာခြားစကားလုံးကို တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် မွန်ဘာသာကို ပြန်ဆိုဖို့"
3. "ဘာသာခြား စကားလုံးနဲ့ အဓိပ္ပာယ် တူနိုင်မဲ့ မွန်စကားလုံးတွေကို မူရင်း အဓိပ္ပာယ်နဲ့ နီးစပ်တဲ့အထိ ပေါင်းစပ် တီထွင်ဖို့" ဆိုတာတွေပဲ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်း ၃ ခုကို ပထမ၊ ဒုတိယ၊ တတိယလို့ အဆင့်ဆင့် ဖော်ပြထားတာက ပထမနည်းလမ်းက ဒုတိယနည်း
လမ်းထက် ပိုကောင်းတယ်၊ တတိယ နည်းလမ်းက ဒုတိယ နည်းလမ်း လောက် မကောင်းပါလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မွန်လူမျိုး
တွေရဲ့ နှုတ်နားနဲ့ အဆီလျော်ဆုံး ဖြစ်မဲ့ စကားလုံးဖြစ်ဖို့ သင့်လျော်မဲ့ နည်းလမ်းနဲ့ မွေးစားသင့်ရင် မွေးစား၊ ဘာသာပြန်သင့်ရင် ပြန်၊ စကားလုံးအသစ် ထွင်သင့်ရင် ထွင်ဖို့ပဲ ဖြစ်ပါတယ်။ (ဖွံ့ဖြိုးဆဲ မွန်စာနယ်ဇင်း လုပ်ငန်းတွေမှာ မွန်မှုပြုပြီးသား စကားလုံး တချို့ကို ပို့စ် တင်နိုင်ဖို့ ဆက်လက် ကြိုးစားပါဦးမယ်။)
ဒီဆောင်းပါးမှာ မွန်အက္ခရာတွေရဲ့ ထင်ရှားတဲ့ ဝိသေသ တစ်ခု ဖြစ်တဲ့ အသံအလေးအပေါ့တွေအကြောင်းကို အထူးဦးစားပေး
ဖော်ပြသွားမှာမို့ ဒီအကြောင်းတွေနဲ့ ဆက်စပ်မှု ရှိနေတဲ့ ဘာသာခြားစကားလုံးတွေကို မွန်မှုပြုနိုင်မဲ့ နည်းလမ်း ၃ သွယ်ထဲက ပထမ နည်းလမ်းအကြောင်းကိုလည်း အလျဉ်း သင့်ရင် သင့်သလို ကြားညှပ်ပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Dho-ong Jhaan, Nai
Mon Blogger from Thailand (do blogging about languages, especially Mon and Burmese and much more.) Contact me electronically if you need to: Email:
[email protected] ,
Site: www.dhoongjhaan.blogspot.com
မွန်ဗျည်းတွေကို ဘယ်လိုခွဲခြားထားသလဲ? အစဉ်အလာအရ အောက်ပါအတိုင်း အုပ်စု ၃ ခု ခွဲခြားထားပါတယ်။ 1. သံပေါ့ဗျည်းအုပ်စု (ဂကောံဗျဉ်ရမ်သာင်သာ)
2. သံလေးဗျည်း အုပ်စု (ဂကောံဗျဉ်ရမ်သာင်ဇြိုင်)
3. ဒွိဂုဏ်ရှိ ဗျည်းအုပ်စု (ဂကောံဗျဉ် ရမ်သာင်သီုသာသီုဇြိုင်)
အုပ်စု ၁ - သံပေါ့ဗျည်း အုပ်စု “က၊ ခ၊ စ၊ ဆ၊ ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ ပ၊ ဖ၊ သ၊ ဟ၊ ဠ၊ ၐ၊ အ” ဆြို ပီး တော့ ဗျည်းစုစုပေါင်း ၁၇ လုံး ရှိပါတယ်။
အသံဖလှယ်တဲ့အခါ သက်ဆိုင်ရာ ဗျည်းသံအပြင် ‘အ’ သရ (a.) ကိုပါ တစ်ပါတည်း ပူးတွဲဖော်ပြသွားပါ့ မယ်။
သံပေါ့ဗျည်းအုပ်စု အသံဖလှယ်ပုံပြဇယား သက်ဆိုင်ရာဗျည်း
အသံဖလှယ်ပုံ
က
Gka.
ခ
Ka.
စ
Jca.
ဆ
Cha.
ဋ
Dta.
ဌ
Ta.
ဍ
Da.
ဏ
Na.
တ
Dta.
ထ
Ta.
ပ
Bpa.
ဖ
Pa.
သ
Sa.
ဟ
Ha.
ဠ
La.
ၐ
Ba.
အ
A. ဇယား ၁
မှတ်ချက်။
။ သံပေါ့ဗျည်းအုပ်စုဝင် ‘စ’ ကို Jca. လို့ အသံထွက်သလို ဗမာလို ‘စားတယ်’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ Jcia./Shia. လို့လည်း အသံးထွကြ် ကပါတယ်။ တချို့ Jci. လို့လည်း ထွက်တတ်ကြပါတယ်။
အုပ်စု ၂ - သံလေးဗျည်းအုပ်စု “ဂ၊ ဃ၊ ဇ၊ ဇ်၊ ဎ၊ ဒ၊ ဓ၊ ဗ၊ ဘ၊ ဢ” ဆိုပြီးတော့ ဗျည်း ပေါင်း ၁၀ လုံး ရှိပါတယ်။ အသံဖလှယ်တဲ့အခါ သက်ဆိုင်ရာ ဗျည်းသံအပြင်
‘အ/အေဝ်အ’် သရ ( ’e.) ကိုလည်း တစ်ပါတည်း ပူးတွဲဖော်ပြသွားပါ့မယ်။
သံလေးဗျည်းအုပ်စု အသံဖလှယ်ပုံပြဇယား သက်ဆိုင်ရာဗျည်း
အသံဖလှယ်ပုံ
ဂ
G’e.
ဃ
K’e.
ဇ
J’e.
ဇ်
Ch’e.
ဎ
T’e.
ဒ
D’e.
ဓ
T’e.
ဗ
B’e.
ဘ
P’e.
ဢ
B’e. ဇယား ၂
မှတ်ချက်။
။ သံလေးဗျည်းအုပ်စုဝင် ‘ဢ’ ကို တစ်ခါတလေ B’e. အစား Bea. လို့လည်း ထွက်တတ်ကြပါတယ်။
အုပ်စု ၃ - ဒွိဂုဏ်ရှိ ဗျည်းအုပ်စု “ငၛ၊ ည၊ န၊ မ၊ ယ၊ ရ၊ လ၊ ဝ” ဆိုတဲ့ ဗျည်းပေါင်း ၈ လုံး ရှိပါတယ်။ အသံဖလှယ်တဲ့အခါ သက်ဆိုင်ရာ ဗျည်းသံအပြင် သံပေါ့
ဗျည်းကို ကိုယ်စားပြုတဲ့ ‘အ’ သရ (a.) နဲ့ကော၊ သံလေးဗျည်းကို ကိုယ်စားပြုတဲ့ ‘အ/အေဝ်အ’် သရ ( ’e.) နဲ့ကော ပူး တွဲဖော်ပြသွားပါ့ မယ်။
ဒွိဂုဏ်ရှိဗျည်းအုပစ်ု အသံဖလှယ်ပုံပြဇယား သက်ဆိုင်ရာဗျည်း
အသံဖလှယ်ပုံ
ငၛ
Nga./Ng’e.
ည
Nya./Ny’e.
န
Na./N’e.
မ
Ma/M’e.
ယ
Ya./Y’e.
ရ
Ra./R’e.
လ
La./L’e.
ဝ
Wa./W’e. ဇယား ၃ အစဉ်အလာအရ “ဟ” ဗျည်းဟာ သံပေါ့ဗျည်းအုပ်စုထဲပါနေပေမဲ့ သဒ္ဒဗေဒသဘောအရ ဒွိဂုဏ်ရှိတဲ့ ဗျည်းတစ်လုံး ဖြစ်ပါတယ်။
ဥပမာ “ဟေအ်… ကေတ်၊ ဏာညအ်!” (မြန်မာပြန် : အင့်ရော့… ဒီမှာ ယူ) မှာ ပါတဲ့ ‘ဟေအ် - ဟ’ ဟာ သံပေါ့ဗျည်းသံ ဖြစ်ပြီး “ဟအေဟ်! ဟွံကေတ် (ကွေတ်) ပုဟ်!” (မြန်မာပြန် : ဟင့်အင်း မယူဘူး) မှာ ပါတဲ့ ‘ဟွံ - ဟ’ ဟာ သံလေးဗျည်း သံ ဖြစ်ပါတယ်။ သ နဲ့ ၐ ဗျည်း ၂
လုံးဟာလည်း သံပေါ့ဗျည်းဆိုပေမဲ့ လူအများစု အသုံးပြုတဲ့ မျက်မှောက်ခေတ် မွန်စာအရေးအသားမှာတော့ သံလေးဗျည်း တာဝန်ကိုပါ ထမ်းဆောင်ရတာမျိုး
ရှိပါတယ်။
ဥပမာ
ထိုင်းစကား
Baht
ကို
မွန်တွေက
သံလေးဗျည်းနဲ့
‘ဢာတ်’
လို့
ထွက်ကြပေမဲ့
တကယ့်အရေးမှာတော့ ‘ၐါတ်’ က အသုံးတွင်ကျယ်နေပါတယ်။ ‘ဢာတ်’ ရေးတာမျိုးလည်း တွေ့ဖူးတယ်။ ဒါပေမဲ့ အလွန့်အလွန် နဲပါ တယ်။ နောက်တစ်ခုက အင်္ဂလိပ်စကား Democracy ကို ဗမာတွေက ‘ဒီမိုကရေစီ’ လို့ ထွက်ကြပေမဲ့ မွန်တွေက ‘ဒီမိုကရေဇီ’ လို့
အသံထွက် ဖတ်ကြ၊ ပြောကြပါတယ်။ အသံအတိုင်းရေးတော့ ‘ဒ႘မဝ္ကေရၿဇ႘’ လို့ ရပါတယ်။ ဒါပေမဲ့ ‘ဒီမဝ်ကရေသ႘’ ဆိုတဲ့ အရေးအသား မျိုးလည်း ရှိပါ တယ်။ ကျနော်ထင်တာ မမှားဘူးဆိုရင် ‘ဒီမဝ်ကရေသ႘’ ဆိုတဲ့ အရေးအသားက ပိုလို့တောင် အသုံးများပါတယ်။
နောက်တစ်ခုက ဆန့်ကျင်ဘက်ပါ။ အစဉ်အလာအရ ဒ နဲ့ ဗ ဗျည်း ၂ လုံးဟာ သံလေးဗျည်းတွေ ဖြစ်ကြပါတယ်။ မွန်စာမှာ
ဒီဗျည်း ၂ လုံး ကို အခြေခံသရတွေ (ဥပမာ - အာ၊ အိ၊ အု အစရှိတဲ့ သရတွေ) နဲ့ ပေါင်းစပ် အသုံးပြုတဲ့ အခါ ဘယ်တော့မှ သံ ပေါ့ဗျည်း အဖြစ် ပြောင်းလဲသွားလေ့ မရှိပါဘူး။ ဥပမာအနေနဲ့ ‘ဒါ’ ဆိုတာကို မွန်စာတတ်ပုဂ္ဂိုလ် တစ်ယောက်က Daa လို့ ဖတ်မှာ
မဟုတ်ပါ ဘူး။ သံလေးဗျည်း ဖြစ်တဲ့အတွက် Daae လို့ပဲ ဖတ်မှာပါ။ ဒါပေမဲ့ မွေးစားစကားအချို့မှာတော့ ဒီဗျည်း ၂ လုံးဟာ သံပေါ့ဗျည်းနေရာကို ဝင်ယူရတာမျိုး တွေ့ရပါတယ်။ ဥပမာ - (ကျနော် ခဏခဏ ခလုတ်တိုက်လေ့ရှိတဲ့) ခါဏာဒါ (for Canada)၊ အဝ်ဗာမာ (for Obama) စတာတွေပါ။ ကျနော် လက်လှမ်းမမှီတဲ့ စကားလုံးတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီအသုံး ၂ ခု ဟာ ပြိုင်ဘက်ကင်း ပြီရယ်လို့တော့ မဟုတ်ပါဘူး။ ခါဏာဒါ နဲ့ အပြိုင် ကနေတာ ဆိုတာ ရှိပါတယ်။ အဝ်ဗာမာ နဲ့ အပြိုင် အဝ်ၐါမာ ဆိုတာ ရှိပါတယ်။
အခြားဗျည်း များ အစဉ်အလာအရ သင်ပုန်း ကြီးဖတ်စာမှာ ဗျည်းတွေကို အထက်ပါအတိုင်း ခွဲခြားထားတယ်ဆိုပေမဲ့ ဗျည်းတစ်လုံး လို တာဝန်
ထမ်းဆောင် တဲ့ အခြားဗျည်းတွေ၊ ဗျည်းတွဲတွေလည်း ရှိပါတယ်။ ‘ဉ’ ဟာ ဗျည်း ၃၅ လုံးမှာ မပါပေမဲ့ မွန်စာပေအရေးအသားမှာ
မကြာမကြာ တွေ့ရတဲ့ ဗျည်း တစ်လုံး ဖြစ်ပါတယ်။ နောက်“သၛ၊ ကျ၊ ချ၊ ဂျ၊ ဇြ၊ သြ၊ ဂွ၊ စွ၊ နွ၊ မွ၊ ယွ၊ ဝွ၊ သွ၊ ဟွ” အစရှိတဲ့ ဗျည်း တွဲ၊ ဗျည်းပေါင်း တွေဟာလည်း စာပေရဲ့ သက်တမ်း ကြာမြင့်လာတာနဲ့အမျှ အသံပြောင်းလဲလာတာမျိုး၊ အရေးပုံစံပြောင်းလဲလာတာမျိုး၊
ယှဉ်ဗျည်းရဲ့အသံ ပျောက်သွားတာမျိုးတွေကြောင့် ဗျည်းတွဲဆိုပေမဲ့ ဗျည်းတစ်လုံးစာပဲ အသံထွက်ပါတော့တယ်။ “ယ်၊ သ်၊ ယွ၊ သွ်” စတဲ့ ဗျည်းတွဲတွေကလည်း အရေးပုံစံအရသာ ဗျည်းတွဲတွေ ဖြစ်နေကြပေမဲ့ သဒ္ဒဗေဒအရ ဗျည်းတစ်လုံးစာပဲ အသံထွက်ရပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အသံ ပြောင်းလဲပုံ ဇယားကို ကြည့်ပါ။
ဗျည်း တွဲများ အသံပြောင်းလဲပုံပြဇယား သက်ဆိုင်ရာဗျည်း ဖွဲ့စည်း ပုံ အသံထွက်ပုံ
မူရင်းဖွဲ့စည်းပုံ
မူရင်းအသံထွက်ပ*ုံ ဥပမာစကားလုံး (အသံထွက်)
သၛ
Snga
ဟ (Ha./H’e.)
-
Sa-nga
က်
Kya
စ်/စယ (Jcya.)
-
Gka-ya
ခ်
Khya
ဆ (Cha.)
-
Ka-ya
ၾသ
Sra
သ (Sa.)
Shra (ဥပမာ ၿဂ႘) Sa-ra
ဂ်
Gya
ဇယ (J’e.)
-
Ga-ya
ဇြ
Jra
??? (Z’e.)
-
Ja-r’e
ဂွ
Gwa
ဂ (G’e.)
ဂေါ
Go
စွ
Cwa
စ (Jca.)
စော
Co
နွ
Nwa
န (Na./N’e.)
နော
No
မွ
Mwa
မ (Ma./M’e.)
မော
Mo
ယွ
Ywa
ယ (Ya./Y’e.)
?
Yo
ဝွ
Wwa
ဝ (Wa./W’e.)
ဝေါ
Wo
သွ
Swa
သ (Sa.)
?
So
ဟွ
Hwa
ဟ (Ha./H’e.)
?
Ho
ယ်
Yya
ယ (Ya.)
-
Yya
သ်
Sya
ယွ (Sha.)
သွ်
Sha
ယွ
Yha
ယွ (Sha.)
-
-
သွ်
Syha
ယွ (Sha.)
သွ်
Sha ဇယား ၄
သၛဳ (How.)
တက် ကျာ (Dteag Jcyaa)
ချိုတ် (Chawd) သြ႘ (S’oa)
ဂျ ပါန် (Jya-paan)
ဇြ ဟာန် (Za-haan) ဂွံ (Gay.)
စွံ (Jcaw. )
နွံ (Naym) မွဲ (Moa)
ယွံ (Yay.) ဝွံ (Wu.)
သွံ ရာန် (Saw. Raan) ဟွံ မွဲ (Hu. Moaa)
တုဲ ယ် (Dt’oa Ya.) အာ သ် (Aa Sha.) အာ ယွ (Aa Sha.)
အာ သွ် (Aa Sha.)
သင်္ကေတ * က ကြံဆချက် ဖြစ်ကြောင်းကို ပြတယ်။ သင်္ကေတ ? က စာရေးသူ မသိကြောင်းကို ပြတယ်။
သင်္ကေတ - က မူလဖွဲ့စည်းပုံ နဲ့ မူလအသံထွက်ပဟုာံ လက်ရှိဖွဲ့စည်းပုနဲံ့ အသံထွက်ပုံအတိုင်း မပြောင်း လဲဘဲ ရှိနိုင်ကြောင်းကိုပြတယ်။ အနီရောင် သုတ်ထားတဲ့ ဗျည်းအုပ်စုဝင်တွေက သံပေါ့ဗျည်းတွေ ဖြစ်ကြပါတယ်။
အစိမ်းရောင် သုတ်ထားတဲ့ ဗျည်းအုပ်စုဝင်တွေက သံလေးဗျည်းတွေ ဖြစ်ကြပါတ ယ်။
အပြာရောင် သုတ်ထားတဲ့ ဗျည်းအုပ်စုဝင်တွေက ဒွိဂုဏ်ရှိတဲ့ ဗျည်းတွေ ဖြစ်ကြပါတယ်။ မှတ်ချက်။
။ ကျ နဲ့ ချ ကို ဒီစာတမ်းမှာ Jcya. နဲ့ Cha. လို့ အသီးသီး အသံ ဖလှယ်ထားပေမဲ့ တစ်ချို့နယ်တွေမှာ အရေးပုံစံ အတိုင်း အသံထွကတ်ာမျိုးတွေ ရှိပါတယ်။ ဥပမာ ‘ချိုတ်’ ဆိုတာကို မွန်အများစုက Chawd လို့အသံထွက်ကြပေမဲ့
Kyawd လို့ ခ-သံ ပီပီ သသ၊ ယဆွဲသံ ပီပီသသ ထွက်ကြတဲ့ မွန်တွေလည်း ရှိပါတယ်။ နယ်အလိုက် တခြားကွဲပြား မှုတွေလည်း ရှိနိုင်ပါသေးတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
သံပေါ့ဗျည်း နဲ့ သံလေးဗျည်း ကွဲပြားမှုက သရတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလ?ဲ မွန်မှာ သင်ရိုးသရ ၁၂ လုံးရယ်နဲ့ တိတိ ရှိပါတယ်။ (အခြေခံသရတွေကတော့ အခြားဘာသာစကားတွေလိုပဲ ၈ လုံးရယ်နဲ့ တိတိ ရှိပါတယ်။)
သင်ရိုးသရ ၁၂ လုံး (သွုႝမန် ၁၂ မ) “အ၊ အာ၊ အိ၊ အ႘၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အဵ၊ အံ၊ အး” ဆိုတာတွေပါ။ သင်ပုန်းကြီးအရ မူလအသံထွက်ဟာ အောက်ပါအတိုင်း
ဖြစ်ပါ တယ်။ a for အ, aa for အာ, i for အိ, ee for အ႘, u for အု, oo for အူ, ay for အေ, oaa for အဲ, ow for အော, ow for အဵ, awm for အံ, aah for အး။
သင်ရိုးသရ နဲ့ သံပေါ့ဗျည်း သံပေါ့ဗျည်း ၁၇ လုံးကို သင်ရိုးသရတွေနဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ အောက်ပါအတိုင်း ရပါတယ်။
သင်ရိုးသရ နဲ့ သံပေါ့ဗျည်း ပေါင်းစပ်ပုံပြဇယား သက်ဆိုင်ရာစကားလုံး
အသံထွက်ပုံ
က
Gka.
ကာ
Gkaa
ကိ
Gki./Gkoa.
က႘*
Gkee/Gk’oa
ကု
ဥပမာပြစကားလုံး
က ခတေတ် (Gka. Ha-dtid)
ကာ ၃ မ ( Gkaa Bpoa. M’e.) မူစိ ရော (Moo Jci. Raw)
ဣသိ (Isoa.)
Gku./Gkow.
ဆု သ (Chu. Sa.)
က ပုပု (Gka. Bpow. Bpow.)
ကူ
Gkoo/Gkow
ကူ ချပ် (Gkoo Chawb)
ကေ
Gkay
ကဲ
Gkoaa/Gk’oa
ကော
Gkow
ကဵ
Gkow
ကံ
Gkawm
ကး
Gkaah
လၸက႘ ဒဿံင္ (Pa. Gkee Mong)
စေ တနာ (Jcay Dta-naa) အဲ (Oaa)
ကျာက် ႀသ႘ (Jcyaig S’oa)
ဂ ကူ ဗဿာ (Ha-gkow Ha-m’e)
တဲ (Dt’oa)
က လောကော ဒေံ (Gka-lao Gkow Da’ii.) ပ ကဵ မောဝ်ဝ် (Gkow M’o M’o)
ကံ ကုသႝု (Gkawm Gkow. Saw) အ တး (A-taah)
ဇယား ၅
* သံပေါ့ဗျည်းအတွက် ‘အ႘’ သရ အသံထွက်ပုံဟာ ၃ မျိုးထိ ရှိနိုင်ပါတယ်။ ထင်သာမြင်သာ မဟုတ်ပေမဲ့ “သ႘လ” ဆိုတဲ့ ပါဠိက မွေးစား ထားတဲ့ စကားလုံးကို
အသံထွက်တဲ့အခါ ee OR ’oa ဆိုတာတွေနဲ့ မကိုက်ညီဘဲ အင်္ဂလိပ်စကားလုံး Swear ဆိတုာနဲ့
အသံထွက်နီး စပ်တဲ့ “So-e La.” OR “Swe La.” ဆိုပြီးတော့ အသံထွက်ပြောကြပါတယ်။ တစ်နယ်နဲ့ တစ်နယ်ကွဲပြားနိုင်ပါတယ်။
သင်ရိုးသရ နဲ့ သံလေးဗျည်း သံလေးဗျည်း ၁၀ လုံး ကို သင်ရိုး သရတွေနဲ့ ပေါင်းစပ်အသုံး ပြုတဲ့အခါ အောက်ပါအတိုင်း ရပါတယ်။
သင်ရိုးသရ နဲ့ သံလေးဗျည်း ပေါင်းစပ်ပုံပြဇယား သက်ဆိုင်ရာစကားလုံး
အသံထွက်ပုံ
ဥပမာပြစကားလုံး ဝါ ဗၛ (Waae Ng’e)
ဂ
G’e.
ဂါ
Gaae
ဂိ
Gi.
ဂ႘
Gee
ဂု
Gu.
ဂူ
Goo
ဂေ
Gay
ဂဲ
Goa/G’oa
ဂေါ
Go
ဂဵ
Gea
လဵ ထၞး (Lea Ha-baah)
ဂံ
Gawm
-
ဂး
G’eh
ဘာ (Paae) ဂ်ိ (Jyi.)
မ ဂ႘ (Ma-gee)
ယာတ် ဗုဗု (Yaad Bu. Bu.)
ဂူ ၐဵ (Goo Bow)
ဝေ ဒနာ (Way Ha-naae) လေဲာ (Loa)
ဗ္ဂဲ (Ha-g’oa)
အ ဃော (A-ko)
ဒးဒးရးရး (D’eh D’eh R’eh R’eh) ဇယား ၆
မှတ်ချက်။
။ ဒီသံလေးဗျည်း နဲ့ သံပေါ့ဗျည်းတွေအတွက် စည်း မျဉ်းစည်းကမ်းတွေဟာ ဒွိဂုဏ်ရှိတဲ့ ဗျည်းတွေအတွက်လည်း အ ကျုံး ဝင်ပါတယ်။
အခြားသရများ (ပေါင်း စပ်သရများ) “အခြားသရများ” ဆိုရာမှာ အခြေခံသင်ရိုးသရတွေ မဟုတ်ကြတဲ့ “အီ၊ အဲာ၊ အာံ၊ အုႝ၊ အု၊ဲ အု၊ံ အီု၊ အေဲ၊ အေံ၊ အေဲာ၊ အောံ၊ အု႙”
ဆိုတဲ့ သရတွေ ပါပါတယ်။
ပေါင်းစပ်သရများ နဲ့ သံပေါ့ဗျည်း ၊ သံလေးဗျည်းတို့ ပေါင်းစပ်ပုံပြဇယား သက်ဆိုင်ရာစကားလုံး
အသံထွက်ပုံ
ကီ၊ ဂီ
Gkem/Gkaym, Gaym
ကဲာ၊ ဂဲါ
Gkaai, Gai
ကာံ၊ ဂါံ
Gkaam, Gem
ကုႝ၊ ဂုႝ
Gkaw/Gk’ay, G’ay
ကုဲ၊ ဂုဲ
Gkuui, Gui
ကုံ၊ ဂုံ
Gkohm, Gaym
ဥပမာစကားလုံး
တီ (Dtem)/ဆီ (Chaym), လီ (Laym) တာဲ (Dtaai), လာဲ (Lai)
ဍာံ ပြ (Daam Bpra.), အလာံ (A-lem) *
တကၠ သုႝ (Dteagsaw)/ဆုႝ (Ch’ay), ဒုႝ (D’ay) *
ဆုဲ (Chuui), လၨဳဲ (A-jui)
ဒ တုံ စေဟ် (Ha-dtohm Jca’iih), အ လုံ (A-laym) *
ဂုက ီ ၜဳီ (Gawm Gklawm)
ကုီ၊ ဂုီ
Gkawm, Gawm
ကေဲ၊ ဂေဲ
Gkiia, Gia
ကေံ
Gkim
ကေဲာ၊ ဂေဲါ
Gkoaa, Goa
စေဲာ (Jcoaa), သေၛဲာ (Hoa)
ကောံ
Gkohm
ဆောံ (Chohm)
ကု႙
Gkoay
ထေဲ (Tiia), လေဲ (Lia) ဂ စေံ (Ha-jcim)
ပု႙ (Bpoay) ဇယား ၇
* ပြထားတဲ့ ပေါင်းစပ်သရတွေလောက်ပဲ သံပေါ့ဗျည်း၊ သံလေးဗျည်းတွေနဲ့ တွဲတဲ့အခါ တစ်ခုနဲ့ တစ်ခု သိသိသာသာ အသံကွဲပြား သွားကြတာပါ။
‘အု’ဲ ကို အများအားဖြင့် (uui) လို့ ထွက်ကြပေမဲ့ ‘တု’ဲ ဆိုတာကိုတော့ ခေတ်မွန်စကားမှာ Dt’oa လို့ပဲ (တဲ ဆိုတာနဲ့ အတူ) အသံ ထွက်ကြပါတယ်။
အနီရောင်နဲ့ ပြထားတဲ့ ဗျည်းအုပ်စုက အသံပေါ့ဗျည်းတွေ ဖြစ်ကြပါတယ်။ အစိမ်းရောင်နဲ့က သံလေးဗျည်းအုပ်စုက ဗျည်းတွေပါ။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
သံပေါ့ဗျည်း၊ သံလေးဗျည်း နဲ့ အသတ် မူလသရ၊ အခြေခံသင်ရိုး သရတွေကို အသတ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပေါင်းစပ်တဲ့ အသတ်အပေါ် မူတည်ပြီး သရတွေရဲ့ မူလ
အသံပြောင်းလဲ သွားတာမျိုး ရှိသလို၊ အသံပြောင်းလဲမှု မဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ သံပေါ့ဗျည်းဆိုပေမဲ့ အသတ်တစ်ခုခုနဲ့ ပေါင်း လိုက်တဲ့အခါ သံလေးဗျည်း အဖြစ်ကို ပြောင်းသွားတာမျိုး ရှိနိုင်ပါတယ်။ သံလေးဗျည်းဆိုပေမဲ့လည်း သတ်လိုက်တဲ့အခါ သံပေါ့ဗျည်းသံ
ပြောင်း သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်မှာ ဖော်ပြမဲ့ ဥပမာတွေနဲ့ ရှင်းလင်းချက်အချို့ကို လေ့လာမယ်ဆိုရင် ရှင်း လင်း သွားပါ လိမ့်မယ်။
‘အ’ သရကို အသုံး များတဲ့ အသတ်တွေနဲ့ ပေါင်း စပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ ‘အေဝ်အ’ (ea) လို့ အသံပြောင်းသွားပါတယ်။ သံလေးဗျည်း၊ သံပေါ့ဗျည်း ၂ လုံးအတွက် ကွဲပြားမှု မရှိပါဘူး ။
ဥပမာ :-
ကက် (သံပေါ့ဗျည်း) (Gkeag) ဂက် (သံလေးဗျည်း) (Geag)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်း ကလိုပဲ ‘အ’ သရဟာ ‘အေဝ်အ’ (ea) လို့ အသံပြောင်း သွားပါတယ်။ သံလေး သံပေါ့ ကွဲပြားမှု မရှိပါဘူး။
ဥပမာ :-
ကင် (Gkeang) ဂင် (Geang)
မှတ်ချက်။
။ ချွင်းချက်အနေနဲ့ တစ်ခါတစ်ခါ ‘အ႘အ’ (ia) လို့လည်း အသံထွက်ပါတယ်။ အောက်က ဥပမာတွေကို ကြည့်ပါ။ တစ် နယ် နဲ့ တစ်နယ် ကွဲပြားနိုင်ပါတယ်။
အင်္ဂလိက် (Iang Gkalo-ig) သဇင် (Sa-Jiang)
ကောန်ဍုင်အရင် (Gkohn Dayng A-riang)
ဒါကြောင့် တချို့တွေက English ကို အေင်္ဂလိက် လို့ ရေးကြတယ်။ ပြောသံကို လိုက်ပြီးရေးတာပါ။ ဆောင်းပါး ရှင်အနေနဲ့ မှန်တယ်မှားတယ် မဆုံးဖြတ်လိုပါ။
‘တသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ ‘အအုႝ’ (’aw) လို့ အသံပြောင်းသွားပါတယ်။ သံလေးသံပေါ့ မကွဲတော့ပါဘူး။
ဥပမာ :-
ကတ် (Gk’awd) ဂတ် (G’awd)
မှတ်ချက်။
။ ‘အဝ်’ (o OR oh) လို့ အသံပြောင်းသွားတာမျိုး လည်း ရှိပါတယ်။
မတ် (Mohd) ပဿတ် (A-mohd)
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ ‘တသတ်’ တုန်းကလိုပဲ ‘အအုႝ’ (’aw) လို့ပဲ အသံပြောင်းသွားပါတယ်။ သံလေးသံပေါ့ မကွဲပါဘူး။
ဥပမာ :-
ကန် (Gk’awn) ဂန် (G’awn)
မှတ်ချက်။
။ ‘အဝ်’ (o OR oh) လို့ ထွက်တာမျိုး လည်း ရှိတယ်။
မန် (Mon OR Mohn) နန် (Non OR Nohn)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ ‘အုႝ’ (aw) လို့ အသံပြောင်းသွားပါတယ်။ အလေးအပေါ့ ခွဲမထားပါ။
ဥပမာ :-
ကပ် (Gkawb) ဂပ် (Gawb)
‘မသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ ‘ပသတ်’ တုန်းကလိုပဲ ‘အုႝ’ (aw) သရအဖြစ်ကို ပြောင်း လဲသွားပါတယ်။ အလေးအပေါ့ ခွဲမထားပါ။
ဥပမာ :-
ကမ် (Gkawm) ဂမ် (Gawm)
‘ဝသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ အင်္ဂလိပ်စကားလုံး ‘Go’ လိုပဲ (a’o) လို့ အသံပြောင်းသွားပါတယ်။ သူလည်း အသံလေး၊ အသံပေါ့တွေအတွက် ခွဲမထားပါဘူး။
ဥပမာ :-
ကဝ် (Gka’o) ဂဝ် (Ga’o)
‘ဟသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အ’ သရဟာ ‘အော’ (ow OR au) သရသံအဖြစ်ကို ပြောင်းလဲသွားပါတယ်။ အသံလေး၊ အသံပေါ့ ခွမဲ ထားပါဘူး ။
ဥပမာ :-
ကဟ် (Gkauh) ဂဟ် (Gauh)
‘အသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာလည်း ‘ဟသတ်’ လိုပဲ ‘အ’ သရဟာ ‘အော’ (ow OR au) သရသံအဖြစ်ကို ပြောင်းလဲသွားပါတယ်။ အသံအပေါ့အလေး ခွဲမထားပါဘူး ။
ဥပမာ :-
ကအ် (Gkow.) ဂအ် (Gow.)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အာ’ သရကို အသုံးများတဲအ့  သတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အာ’ သရဟာ ‘အဲာ’ (aai) လို့ အသံပြောင်းသွားပါတယ်။ သံလေးသံပေါ့ ကွဲပြားမှုက သိပ်မထင်ရှား ပါဘူး။ အသံအတိုအရှည်လောက်ပဲ ကွာပါတယ်။
ဥပမာ :-
ကျာက်/ကျာ် (Jcyaaig) နာဂ်/နာ် (Naig)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်းကလိုပဲ ‘အာ’ သရဟာ ‘အဲာ’ (aai) လို့ အသံပြောင်းသွားပါတယ်။ အသံအလေးအပေါ့ က ကွဲပြားမှု သိပ်မရှိပါဘူး ။
ဥပမာ :-
သွာင် (Kwaaing)
ဂျူလာင် (Jyoo Laing)
‘တသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အာ’ သရဟာ အသံပြောင်း လဲမှု မရှိဘဲ နဂိုအတိုင်းပဲ ထွက်ပါတယ်။ ဒါပေမဲ့ ဒါဟာ
သံလေးဗျည်း အတွက် မမှန်ပါဘူး။ အောက်က ဥပမာကို ကြည့်ပါခင်ဗျာ။ ‘အာ’ သရရဲ့ နဂိုအသံက သံပေါ့ဗျည်း နဲ့ သံလေးဗျည်း မတူပါ။
ဥပမာ :-
ကဿာတ် (Maad)
ဇာတ် (Jaad) - သံလေး၊ သံပေါ့ မကွဲပြားလို့လည်း ပြောလို့ရတယ်။
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အာ’ သရဟာ ‘တသတ်’ တုန်း ကလိုပဲ ‘အသံပြောင်းလဲမှု မရှိဘဲ နဂိုအတိုင်း ပဲ ထွက်ပါတယ်။ သံလေး၊ သံပေါ့ ကွဲပြားမှု မရှိပါဘူး။ သံလေးဗျည်း ဟာ သံပေါ့ဗျည်း အတိုင်း အသံထွက်လို့ပါ။
ဥပမာ :-
ကာန် (Gkaan) ဂါန် (Gaan)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အာ’ သရဟာ ‘တသတ်၊ နသတ်တွေ’ တုန်းကလိုပဲ ‘အသံပြောင်းလဲမှု မရှိဘဲ နဂိုအတိုင်းပဲ ထွက်ပါ တယ်။
ဥပမာ :-
သာပ် (Saab)
လာဘ် (Leb) - သံပေါ့ နဲ့ သံလေး ကွဲပြားတယ်လို့လည်း ပြောနိုင်ပါတယ်။ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အိ’ သရကို အသုံး များတဲ့ အသတ်တွေနဲ့ ပေါင်း စပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ သရဟာ ‘အဝ်အ႘’ (o-i) လို့ အသံပြောင်းသွားပါတယ်။ သံလေးဗျည်း၊ သံပေါ့ဗျည်း ၂ မျိုးလုံး အတွက် ကွဲပြားမှု မရှိပါဘူး။
ဥပမာ :-
အင်္ဂလိက်/အေင်္ဂလိက် (Iang Gkalo-ig) ဇိက် (Jo-ig)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်းကလိုပဲ ‘အိ’ သရဟာ ‘အဝ်အ႘’ (o-i) လို့ အသံပြောင်းသွားပါတယ်။ သံလေး သံပေါ့ ကွဲပြားမှု မရှိပါဘူး။
ဥပမာ :-
စိင် (Jco-ing)
ဂွိင် (Gwo-ing)
‘တသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ သရဟာ နဂိုအသံ မပြောင်း လဲဘဲ ‘အိ’ (ee) အတိုင်း ပဲ ရှိပါတယ်။ တစ်ခုပဲ သံပေါ့ဗျည်း အတွက် ပြောင်းလဲတဲ့ အသံ တစ်မျိုးရှိတယ်။ ‘အေဝ်’ (e) အသံပါ။
ဥပမာ :-
ကိတ် (Gkeed) တိတ် (Dted) ဂိတ် (Geed)
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ သရရဲ့ ဂုဏ်သတ္တိဟာ ‘တသတ်’ တုန်းကနဲ့ အတူတူပါပဲ။
ဥပမာ :-
စိန် (Jceen) ကောန်မိန် (Gkohn Men) ဗိန် (Been)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ သရဟာ ‘အေ’ သရ (ay) သံကို ပြောင်း လဲသွားပါတယ်။ သံလေးသံပေါ့ ကွဲပြားမှု မရှိပါ။
ဥပမာ :-
တဆိပ် (A-chayb)
သိပ်ဂၜိပ် (Sayb Glayb)
‘ဟသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ သရဟာ နဂိုအသံ မပြောင်းလဲဘဲ ‘အိ’ (ee) အတိုင်းပဲ ရှိပါတယ်။
ဥပမာ :-
အိဟ် (Eeh)
ဟွိဟ် (Hweeh) ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အု’ သရကို အသုံး များတဲ့ အသတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အု’ သရဟာ ‘အုႝအ႘’ (aw-i) လို့ အသံပြောင်းသွားပါတယ်။ သံလေးဗျည်း၊ သံပေါ့ဗျည်း ၂ မျိုးလုံး အတွက် ကွဲပြားမှု မရှိပါဘူး။
ဥပမာ :-
လုက်စုက် (Law-ig Jcaw-ig)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်းကလိုပဲ ‘အု’ သရဟာ ‘အုႝအ႘’ (aw-i) လို့ အသံပြောင်းသွားပါတယ်။ သံလေး သံပေါ့ ကွဲပြားမှု မရှိပါဘူး။
ဥပမာ :-
စုင် (Jcaw-ing) ဂၜုင် (Glaw-ing)
‘တသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အု’ သရဟာ နဂိုအသံ မပြောင်းလဲဘဲ ‘အု’ (u OR oo) အတိုင်း ပဲ ရှိပါတယ်။
ဥပမာ :-
တုတ် (Dtood)
ဂဗုတ် (Ha-bood)
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တအဲ့ ခါ ‘အု’ သရရဲ့ ဂုဏ်သတ္တိဟာ ‘တသတ်’ တုန်းကနဲ့ အတူတူပါပဲ။
ဥပမာ :-
ကုန် (Gkoon)
တင်ဂုဏ်/တင်ဂုန် (Dteang Goon)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အု’ သရဟာ ‘အေ’ သရ (ay) သံကို ပြောင်း လဲသွားပါတယ်။ သံလေးသံပေါ့ ကွဲပြားမှု မရှိပါ။
ဥပမာ :-
လိခ်အုပ် (Lo-ig Ayb) ရုပ် (Rayb)
‘ဟသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အု’ သရဟာ နဂိုအသံ မပြောင်းလဲဘဲ ‘အု’ (u OR oo) အတိုင်း ပဲ ရှိပါတယ်။
ဥပမာ :-
သေင်ပုဟ် (Siang Bpooh) ဒုဟ် (Dooh)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အေ’ သရကို အသုံးများတဲ့ အသတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်း စပ်လိုက်တဲ့အခါ ‘အေ’ သရဟာ ‘အေဲ’ (ia) နဲ့ (’o-i) အသံတွေကို ပြောင်းလဲသွားပါတယ်။ သံပေါ့ဗျည်း၊ သံလေးဗျည်း အတူတူပါပဲ။
ဥပမာ :-
ကဝေက် (Gkwiag) ကဝေက် (Gkw’o-ig)
ငေၛက် (Ngiag) ယုတ်ဒေက် (Yood D’o-ig)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်းကလိုပဲ ‘အေ’ သရဟာ (ia) နဲ့ (’o-i) အသံတွေကို ပြောင်း လဲသွားပါတယ်။ သံပေါ့ဗျည်း ၊ သံလေးဗျည်း အတူတူပါပဲ။
ဥပမာ :-
ကေင် (Gkiang) အေင် (’O-ing)
ဂေင်စ (Giang Shia) ဒေင် (D’o-ing)
‘တသတ်’ နဲ့ ပေါင်း စပ်လိုက်တဲ့အခါ ‘အေ’ သရဟာ အင်္ဂလိပ်စကား Kid မှာလို (i) သံကို ပြောင်းလဲသွားပါတယ်။ သံပေါ့၊ သံလေး ခွဲမထား ပါ။
ဥပမာ :-
ကေတ် (Gkid) ဂေတ် (Gid)
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အေ’ သရရဲ့ ဂုဏ်သတ္တိဟာ ‘တသတ်’ တုန်းကနဲ့ အတူတူပါပဲ။
ဥပမာ :-
ဍေန် (Din)
ယေန်သှာင် (Yin Sa-naing)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အေ’ သရရဲ့ ဂုဏ်သတ္တိဟာ ‘တသတ်၊ နသတ်’ တုန်းကနဲ့ အတူတူပါပဲ။
ဥပမာ :-
ခေပ် (Kib) လေပ် (Lib)
‘ဝသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အေ’ သရဟာ ‘အာအ႘’ (a’ii) လို့ အသံပြောင်းသွားပါတယ်။ သံပေါ့၊ သံလေး အတူတူပါပဲ။ တစ်ခုပဲ သံပေါ့ဗျည်းအတွက် ‘အာအေဝ်’ (aae) လို့လည်း အသံထွက်လေ့ရှိတယ်။
ဥပမာ :-
ကေဝ် (Gka’ii) ကေဝ် (Gkaae) ဗေဝ် (Ba’ii)
မှတ်ချက်။
။ တစ်ခါတစ်ခါ သံလေးဗျည်းအတွက် ‘အေ’ (ay)၊ ‘အ႘’ (ee) လို့လည်း ထွက်တယ်။ ဒါပေမဲ့ တစ်လုံးစီပဲ ရှိပါတယ်။
လေဝ် (Lay) ရေဝ် (Ree) အရေဝ် (A-ree)။ သီအိုရီအရ သံလေးဗျည်း + ‘အေ’ သရကို ဝသတ်နဲ့ ပေါင်းပြီး ထွက် လာတဲ့ အသံဟာ ဘယ် တော့မှ (~aae) သံ မဟုတ်ပါဘူး။ အဲဒီအသံထွက်စေ့ချင်ရင် သံလေးဗျည်း (ဥပမာ - ဂ) ကို
ကှာတဲ (--ာ၊ --ါ) ပေါင်းရုံပါပဲ (ဥပမာ - ဂါ)။ ဒါပေမဲ့ မွေးစားစကားလုံး တစ်လုံးမှာတော့ (~aae) အသံအတွက် သံ
လေးဗျည်း ကိုေ--ဝ် နဲ့ ပေါင်းထားတာကို တွေ့ရပါတယ်။ ‘ဂျာနေဝ်’ (for English origin ‘Journal’) ဆိုတဲ့ စကား
လုံးပါ။ အသံသဘောအရ ‘ဂျာနေဝ်’ မှာ ပါတဲ့ ‘န’ ဟာ သံလေးဗျည်း ဖြစ်ပါတယ်။ ‘န’ ဟာ ဒွိဂုဏ်ရှိတဲ့ ဗျည်း ဆိုတာကို
သတိထားပါ။ ဒီ ‘ဂျာနေဝ်’ ဆိုတဲ့ စကားလုံးကို ဗမာလို ‘နယ်’ လို့ အဓိပ္ပာယ်ရတဲ့ မွန်စကား ‘နေဝ်’ နဲ့ နှိုင်းယှဉ် ကြည့်
သင့်ပါတယ်။ ‘နေဝ်’ ကို မွန် တွေက သံပေါ့ဗျည်း အနေနဲ့ ဖတ်ကြတာပါ။ ‘ဂျာနေဝ်’ မှာ ပါတဲ့ ‘န’ ကိုတော့ ‘နေဝ်’ လို့
ရေးထားပေမဲ့ သံလေးဗျည်းအနေနဲ့ပဲ ဖတ်ကြတာကို တွေ့ရပါတယ်။ ဒီစကားလုံးကို ပထမဦး ဆုံး သုံးစွဲခဲ့သူ၊ တီထွင်ခဲ့ သူဟာ ဒီအချက်ကို စဉ်းစားမိပုံ မပေါ် ပါဘူး။ ‘ဂျာနာ’ လို့ ရေးရင် လူတွေက ‘Jar Nar’ လို့ ဖတ်မိမှာ ကြောက်လို့နဲ့ တူတယ်။ :D
ဒါပေမဲ့ စကားလုံးအသစ်ထွင်တိုင်း သံလေး၊ သံပေါ့တွေအကြောင်း ထည့်မစဉ်းစားဘူးဆိုရင် မွန်စာကို ကလေးတွေ ကို သင်ပေးတဲ့အခါမှာလည်း သံလေး၊ သံပေါ့တွေ ခွဲခြားပြီး သင်မနေပါနဲ့တော့။ ဘာထူး မှာလဲ? သံလေးဗျည်း ‘ဒ’ က
‘အဒါ’ (A-daae) မှာဆို Daae လို့ အသံထွက်ရပြီးတော့ ‘ခါဏာဒါ’ (ခလုတ်တိုက်ပြန်ပြီ ;D) (Canada) မှာတော့ Daa လို့ ထွက်ရတယ်။ ကလေးတွေက ‘နိုင်’ တို့လို ပျင်ညာယှိတွေ မဖြစ်သေးဘူးဗျ။ ကျောင်းမှာ သင်တော့ တစ်မျိုး ။ ‘ဂျာ
နေဝ်’ မှာ ရေးတော့ တစ်မျိုးနဲ့ ဘယ်ဟာ အတည် ယူရမှန်း မသိဘူး။
‘ဟသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အေ’ သရရဲ့ ဂုဏ်သတ္တိဟာ ‘ဝသတ်’ တုန်းကအတိုင်းပဲ ဖြစ်ပါတယ်။
ဥပမာ :-
ဟအေဟ် (Ha-a’iih) ကေဟ်…စဏောင် (Gk’eh… Jca Nohng) ချေဟ်/ချေံ (Ch’eh) ဗေဟ်/ဗှေ် (Ba’iih)
မှတ်ချက်။
။ သံလေးဗျည်း တွေကို ‘ကေဟ်…စဏောင်’ မှာပါတဲ့ ‘ကေဟ်’ လို (’eh) သံထွက်စေချင်ရင်ေ--ဟ် လို့ စလုံးပေါင်းစရာ မလိုပါဘူး။ ခရးဍိုပ် (သင်္ကေတအားဖြင့် ‘း ’) ကို သက်ဆိုင်ရာ သံလေးဗျည်း နောက်က ကပ်ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ - ဒးဒးရးရး (D’eh D’eh R’eh R’eh)။ ‘e က သံတိုသရ ဖြစ်ပြီးတော့ aae ကတော့ သံရှည်သရ ဖြစ်ပါတယ်။
ဒီသရ ၂ ခုလုံးရဲ့ အခြေခံသရကတော့ အင်္ဂလိပ်စကားလုံး Café မှာပါတဲ့ é သရသံပါ။ ဒီမှာတော့ (e) ကိုပဲ သုံး သွားပါ မယ်။ ဗမာလိုအသံထွက်က ‘အယ်’ ပါ။
‘အ,သတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အေ’ သရရဲ့ ဂုဏ်သတ္တိဟာ ‘ဝသတ်၊ ဟသတ်’ တွေ အတိုင်းပဲ ဖြစ်ပါတယ်။ တစ်ခုပဲ သံပေါ့ဗျည်း တွေ နဲ့ ပေါင်းစပ်တဲ့အခါ မူလအတိုင်း ‘အေ’ (ay) လို့လည်း မပြောင်းလဲဘဲ အသံထွက်လေ့ ရှတိ ယ်။
ဥပမာ :-
အေအ်…ကေတ် ဏာညအ် (A’ii. Gkid Naa Nyow.) ဇိုင်ခေအ် (Jaing K’e.) ပရေအ်/ပရေံ (Bpa-r’e.)
တေတေအ်/တေတေံ (Dtay Dtay.) ဒီ ၃ ခုက သံပေါ့ဗျည်းတွေအတွက် ဥပမာပါ။ ဒေအ်/ဒေံ (Da’ii.) ဒါက သံလေးဗျည်းအတွက် ဥပမာပါ။
မှတ်ချက်။
။ သံလေးဗျည်းတွေကို သံပေါ့ဗျည်းမှာလို ‘အေအ်’ (’e.) သံထွက်စေချင်ရင်ေ--အ် လို့ ပေါင်းစရာ မလိုဘဲ သူချည်း
သက်သက် အသုံးပြုရုံပါပဲ။ ဒီလိုလေးပါ။ မသ (M’e. Sa.) ဝါဗၛ (Waae Ng’e.) နက (N’e. Gka.)။ ထူခြားချက် တစ်ခု က ဒီအသံတွေအပြင်ေ--အ် ဟာ ‘အိအ’ (ia) ဆိုတဲ့ အသံလည်းထွက်တယ် ဆိုတာပါပဲ။ ဥပမာ - ညေအ်ရဟာ? (Nyia. Ra. Haa) (မြန်မာပြန် - နဲနဲပဲလား?)။ ဒီ (ia) သံကို အောက်ပါစကားလုံးတွေမှာလည်း တွေ့နိုင်ပါတယ်။
စ (Shia. OR Jcia)
နူဂယး (Noo Ha-yiah)
လျး ရတ် ( Lyiah R’awd)
ကေက်သကာ (Gkiag Sa-Kaa) သေင်ဟာ? (Siang Haa)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အော’ သရကို အသုံးများတဲ့ အသတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အော’ သရဟာ ‘အဝ်’ (o OR oh) လို့ အသံပြောင်း သွားပါတယ်။ သံလေးဗျည်း၊ သံပေါ့ဗျည်း ၂ မျိုးလုံး အတွက် ကွဲပြားမှု မရှိပါဘူး။ ဒါဟာ ဘာကို ဆိုလိုသလဲဆိုတော့ သံလေးဗျည်းဟာ အသံပြောင်းလဲမှု မရှိဘဲ သံပေါ့ဗျည်းကပဲ
သံလေးဗျည်း အဖြစ်ကို ပြောင်းလဲသွားတယ် ဆိုတဲ့ သဘောပါ။ ဘာကြောင့်လည်းဆိုတော့ ‘အော’ သရက သံလေးဗျည်းအတွက် ‘အဝ်’ (o) လို့ပဲ အသံထွက်လို့ပါ။
ဥပမာ :-
သောက်/သော် (Sohg) ဗောက်/ဗော် (Bohg)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်း ကလိုပဲ ‘အော’ သရဟာ ‘အဝ်’ (o OR oh) လို့ အသံပြောင်းသွားပါတယ်။ သံလေး သံပေါ့ ကွဲပြားမှု မရှိပါဘူး ။ ‘ကသတ်’ တုန်းကအတိုင်းပါပဲ။
ဥပမာ :-
သောင်ကၜး (Sohng Gklaah) ယောင်မှာ (Yohng Hmaa)
‘တသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါလည်း ‘အော’ သရရဲ့ ဂုဏ်သတ္တိဟာ ‘ကသတ်၊ ငၛသတ်’ တုန်းကအတိုင်းပါပဲ။
ဥပမာ :-
ကပေါတ် (Gka-bpohd OR A-bpohd) လောတ်စေဟ် (Lohd Jca’iih)
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာလည်း ‘အော’ သရရဲ့ ဂုဏ်သတ္တိဟာ ‘ကသတ်၊ ငၛသတ်၊ တသတ်’ တုန်းကနဲ့ အတူတူပါပဲ။
ဥပမာ :-
ကောန်စဵ (Gkohn Jcow)
လောန်အာညေအ် (Lohn Aa Nyia.)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အော’ သရရဲ့ ဂုဏ်သတ္တိဟာ ‘ကသတ်၊ ငၛသတ်၊ တသတ်၊ နသတ်’ တို့နဲ့ အတူတူပါပဲ။
ဥပမာ :-
ကောပ်ကဲာ (Gkohb Gkaai) ယောပ် (Yohb)
‘မသတ်’ နဲ့ ပေါင်း စပ်လိုက်တဲ့အခါလည်း ‘အော’ သရရဲ့ ဂုဏ်သတ္တိဟာ အထက်က အသတ်တွေ အတိုင်းဘဲ ‘အဝ်’ (o OR oh) သရသံကို ပြောင်း လဲလို့ သွားပါတယ်။
ဥပမာ :-
ခေဿါမ်ပကဵ (Ka-mohm Bpa-gkow) ဒေါမ် (Dohm)
‘ဝသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ‘အော’ သရဟာ ‘အအဝ်’ (’o) သရသံ အဖြစ်ကို ပြောင်း လဲသွားပါတယ်။ သံလေး၊ သံပေါ့ ကွဲ ပြားမှု မရှိပါ။
ဥပမာ :-
ကတောဝ် (Gka-dt’o OR A-dt’o)
မောဝ်မောဝ်ဇောဝ်ဇောဝ်/မောဝ်ဝ်ဇောဝ်ဝ် (M’o M’o J’o J’o)
‘ဟသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အော’ သရဟာ ‘အအဝ်’ (’o Or ’oh) လို့ အသံပြောင်းသွားပါတယ်။ ဝသတ်အတိုင်းပါ။
ဥပမာ :-
အောဟ်/အှော် (’Ohh) ဇောဟ်/ဇှော် (J’ohh)
‘အော’ သရကို ‘အ,သတ်’ နဲ့ ပေါင်းစပ်တာမျိုးကို ခေတ်မွန်စာမှာ အတွေ့ရ နဲသွားပါပြီ။ အဲဒီလို ပေါင်းစပ်ပုံမျိုး ဥပမာ တစ်ခု နဲ့ ရှင်းပြရ ခက်တဲ့ အရေးပုံစံ မျိုးတွေကို ဥပမာပြသွားပါ့မယ်။
ဥပမာ :-
ဖောအ်ဗြေဝ် (Po. Bree) ဒေါံ (D’ay.)
ပလောံ (Bpa-law.) ဢောံကိုဋ် (Bay. Gkawd)
ပတောံဗက် (Bpa-dtaw. Beag) သြောံ (Saw.)
ဇွောံမ (Kway. M’e.)
မှတ်ချက်။
။ ဥပမာအသီးသီး မှာ ပါတဲ့ --ံ သင်္ကေတဟာ ခှံဍိုပ် (သေးသေးတင်) ကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒီလိုပုံစံ အရေးအသား မျိုးကို မွန်စာမှာ ဆက်လက် ထိန်း သိမ်း ထားချင်ရင် ခှံဍိုပ် ရဲ့ အဓိပ္ပာယ်ကို ‘သရ’ တစ်ခုအနေနဲ့တင် ဖွင့်ဆိုမှု မပြုဘဲ ‘သံရပ်ပြသင်္ကေတ’ တစ်နည်း ‘ရပ်သံပြသင်္ကေတ’ တစ်ခုအနေနဲ့ကော၊ ‘တြုံ’ မှာလို ‘အသံထွက်တဲ့အခါ
အားစိုက်
ထုတ်မှုပြုရတဲ့ သင်္ကေတ’ တစ်ခုအနေနဲ့ပါ အဓိပ္ပာယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ ရှေးမွန်တွေရဲ့ တီထွင်မှုတွေဟာ အရာ ခပ်သိမ်း မကောင်းနိုင်ဘူး (အထူးသဖြင့် မျက်မှောက်ခေတ်မွန်တွေအတွက်၊ နောင်လာမဲ့ မျိုးဆက်သစ်တွေအတွက)်
ဆိုတာ ဒီ --ံ သင်္ကေတက သက်သေ တစ်ခုပါ။ ဒီ့ပြင် မေးခွန်းထုတ်စရာ သင်္ကေတတွေ မွန်စာအရေးအသားမှာ အ
များအပြား ရှိပါတယ်။ အားလုံးနဲ့ ကိုက်ညီမဲ့ စည်းမျဉ်းစည်းကမ်းတွေ မချမှတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ် ရေးနေ ကြ
မယ်ဆိုရင် နောင်လာမဲ့ မျိုးဆက်သစ်တွေကို မွန်စာပေအရေးအသားကို လက်ဆင့်ကမ်းပေးရမှာတောင် အားနာ လှပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အံ’ သရကို အသုံး များတဲ့ အသတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ…
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အံ’ (awm) သရဟာ ‘မ’ သံ ပျောက်ပြီး ‘အုႝ’ (aw) ပဲ ကျန်ပါတော့တယ်။ သံလေးဗျည်း၊ သံပေါ့ဗျည်း ကွဲပြားမှု မရှိပါဘူး ။
ဥပမာ :-
ဗစံက် (Bpa-jcawg) ယံက် (Yawg)
မှတ်ချက်။
။ ‘အဝ်’ (o OR oh) လို့ အသံထွက်တာမျိုး လည်း ရှိပါတယ်။ ဥပမာ - တၛဲမံက္ယ် (Ngoaa Mohg Ya.)။ ဒေသအလိုက် အသံကွဲပြားမှု ရှိနိုင်ပါတယ်။
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုကတ်ဲ့အခါ ‘အံ’ သရရဲ့ ဂုဏ်သတ္တိဟာ ‘ကသတ်’ တုန်းကအတိုင်းပါပဲ။
ဥပမာ :-
အံင်လိခ် (Awng Lo’ig)
ဂံင်သကာ (Gawng Sa-kaa)
ကျန်တဲ့အသတ်တွေနဲ့ ပေါင်းစပ်ပြီး မသုံးကြ၊ မရေးကြပါဘူး။ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
‘အိ’ု သရကို အသုံး များတဲ့ အသတ်တွေနဲ့ ပေါင်း စပ်လိုက်တဲ့အခါ… မွန်စာအရေးအသားမှာ ‘အိ’ု သရက ထူးခြားပါတယ်။ သူ့ချည်း သက်သက် ဘယ်တော့မှ မရပ်တည်နိုင်ပါဘူး။ အသတ်တစ်ခုခုနဲ့ ပေါင်း စပ် အသုံးပြုမှပဲ ရပ်တည်နိုင်ပါတယ်။ သူ့ချည်းသက်သက် မရပ်တည်နိုင်တာဟာ သူ့ချည်းသက်သက် ဘယ်မွန်စကားသံကိုမှ
ကိုယ်စားမပြုနိုင်တာကို ဆိုလိုတာပါ။ ဒါကြောင့် အသတ်တွေနဲ့ ပေါင်းစပ်သမှု ပြုတဲ့အခါ သူ့ရဲ့ မူလအသံ ပြောင်းလဲသွားတယ်၊ မပြောင်းလဲသွားဘူး ဆိုပြီးတော့ ကောက်ချက်ချနိုင်မှာ မဟုတ်ပါဘူး။
‘ကသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အို’ သရဟာ ‘အဲာ’ (aai OR ai) လို့ အသံထွက်ပါတယ်။ သံလေးသံပေါ့ကွဲပြားမှုက ထင်သာမြင်သာ မရှိပါဘူး။
ဥပမာ :-
ဗတိုက် (Ha-dtaaig) ဒဒိုက် (Ha-daig)
‘ငၛသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘ကသတ်’ တုန်းကလိုပဲ ‘အိ’ု သရဟာ ‘အဲာ’ လို့ပဲ အသံထွက်ပါတယ်။ သံလေးသံပေါ့ ကွဲပြားမှု သိပ် မရှိပါဘူး ။ ‘ကသတ်’ တုန်းကအတိုင်းပါပဲ။
ဥပမာ :-
သိုင္သၛိ (Saaing Hoa.) ဇိုင္တဲ (Jaing Dt’oa)
‘တသတ်’ နဲ့ ပေါင်းစပ်လုကိတဲ့အခါ ‘အို’ သရဟာ ‘အုႝ’ (aw) လို့ အသံထွက်ပါတယ်။ သံလေးသံပေါ့ ကွဲပြားမှု မရှိပါ။
ဥပမာ :-
ပိုတ်သကုတ် (Bpawd Ha-gkood) ဗိုတ် (Bawd)
‘နသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ု သရရဲ့ ဂုဏ်သတ္တိဟာ ‘တသတ်’ တုန်းကနဲ့ အတူတူပါပဲ။
ဥပမာ :-
ကထိုန် (Gka-tawn OR A-tawn) ဗိုန်ခိုင် (Bawn Kaaing)
‘ပသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ု သရရဲ့ ဂုဏ်သတ္တိဟာ ‘တသတ်၊ နသတ်’ တို့နဲ့ အတူတူပါပဲ။
ဥပမာ :-
သကိုပ်ဗိုလ် (Sa-gkawb Bo)
‘ဟသတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ု သရဟာ သံပေါ့ဗျည်းအတွက် ‘အုႝ’ (aw) လို့လည်း အသံထွက်တယ်။ ‘အေ’ (ay) လို့လည်း အသံထွက်ပါတယ်။ သံလေးဗျည်းအတွက်တော့ ‘အေ’ (ay) လို့ပဲ အသံထွက်ပါတယ်။
ဥပမာ :-
ဒဿံင်ခိုဟ်ဟ်ဏာ (Mawng Kawh Kawh Naa) သြိုဟ် (Sawh)
သေဟ်(/သှေ)် ဒဿံင်ဖိုဟ် (Sa’iih Mawng Payh) ဗုကိုဟ် (Bu. Gkayh) ယိုဟ်ဗဒဝ် (Yayh Ba-da’o) ဒိုဟ်ဗဿံက် (Dayh Ha-mohg)
မှတ်ချက်။
။ ‘အဝ်’ (o OR oh) လို့လည်း ထွက်နိုင်မယ်လို့ ယူဆပါတယ်။ ယူဆတယ်လို့ ပြောတာကို သတိထားပါ။ ဥပမာ :-
အိုဟ်… ဂွိုအ်ဒးသေင်ဒဿံင်! (Ohh Gway. D’eh Siang Mawng)။ ယူဆချက်ဖြစ်ပါတယ်။ သင့်မသင့် ဆုံးဖြတ်ကြပါကုန်။
‘အ,သတ်’ နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ‘အိ’ု သရဟာ သံပေါ့ဗျည်းတွေအတွက် ‘အုႝ’ (aw) လို့လည်း အသံထွက်ပါတယ်။ ‘အဝ်’ (o)
လို့လည်း အသံထွက်ပါတယ်။ သံလေးဗျည်းအတွက်တော့ ‘အေ’ (ay) လို့ အသံထွက်ပါတယ်။ ‘အဝ်’ (o) လို့လည်း အသံထွက်ပါ တယ်။
ဥပမာ :-
ပလိုအ် (Bpa-law.)
စိုအ် (Jco.) ယိုအ် (Yo.)
ဟွံဂွိုအ်ပုဟ် [same as ဟွံဂွံပုဟ]် (Hu. Gway. Bpooh) လရိုအ်ယာံ (A-ray. Yem) ဘိုအ်ဂွံကေၜာန် (Po. Gay. Gklohn)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
အသံဖလှယ်ပုံရှင်းလင်းချက်အချို့ ဒီစာတမ်းမှာ မွန်စကားသံတွေကို ရောမအက္ခရာဖလှယ် (Transcribe လုပ်) တဲ့အခါ အနီးစပ်ဆုံး ဖြစ်အောင် ဖလှယ်ထားပါ
တယ်။ စကားသံကို အက္ခရာဖလှယ်ရာမှာ အသုံးပြုတဲ့ ( ’ ) သင်္ကေတကို အလွယ်အားဖြင့် ‘a’ သံလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန် ‘a’
သံထက် အသံပိုတတို ယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် စေဒနာ (Jcay Ha-naae) မှာ ပါတဲ့ Jcay ဟာ ဆုႝ (Ch’ay) ထက် အသံထွက်ချိန် ပိုတို တောင်း ပါတယ်။ တခြားဥပမာတွေ - လေဲာ (Loa) နဲ့ တဲ (Dt’oa)၊ သီ (Sem) နဲ့ ဇြ (Z’e.)၊ လောဘ (Lo P’e.) နဲ့ မောဝ် (’o)။
(-) ကို အသံ ၂ ခုကို တစ်ဆက်တစ်စပ်တည်း ထွက်ရတဲ့အခါ၊ ဒါပေမဲ့ ကြားမှာ မဖြစ်စလောက် အချိန်လေးခြား ပြီး ထွက်ရတဲ့
အခါမှာ သုံးပါတယ်။ ဥပမာ - ဂျပါန် (Jya-bpaan) ကို အက္ခရာဖလှယ်ရာမှာ၊ စိင် (Jco-ing) ကို အက္ခရာဖလှယ်ရာမှာ၊ စုင် (Jcaw-ing) ကို အက္ခရာဖလှယ်ရာမှာ၊ ယုတ်ဒေက် (Yood D’o-ig) ကို အက္ခရာဖလှယ်ရာမှာ သုံးထားတာကို တွေ့ရမှာပါ။
(.) ကို ရပ်သံပြသင်္ကေတ တစ်ခုအနေနဲ့ သုံးပါမယ်။ ဥပမာ - ဆုနာဍူ (Chu. Naae Doo) ။ (a) တစ်လုံး တည်း ဆိုရင် အပါ (A-
bpaa) မှာ ပါတဲ့ ‘အ’ လို အသံတစ်ဝက်ပဲ ထွက်ရပါမယ်။ သံပေါ့ဗျည်းနဲ့ တွဲတဲ့ ကှာတဲ (Gka-naa Dt’oa) အတွက် Double a (aa) ကို
သုံးပါတယ်။ တခြား နှစ်လုံးထပ်သရတွေကိုလည်း သုံး ထားပါတယ်။ ဥပမာ - စေဟ်/စှေ် (Jca’ii)၊ အဲ (Oaa)၊ အဒါ (A-daae)၊ ဆဲု (Chuui)၊ တဲာ (Dtaai)၊ ထေဲ (Tiia) အစရှိတာတွေပါ။ နှစ်ကြိမ်ထပ်သုံး တဲ့ဗျည်းတွေလည်း ရှိပါတယ်။ အဆုံးသတ်ဗျည်းသံ ‘ဟ’ (H) ပါ။ ဥပမာ - အောဟ်/အှော် (’Ohh)၊ ဇောဟ်/ဇှော် (J’ohh)။
ရှုပ်ထွေးနိုင်တဲ့ အသံ ၆ မျိုး 1. သံပေါ့ ‘အော’ ကို Ow လို့ အက္ခရာဖလှယ်ပါမယ်၊ ဒါပေမဲ့ ကလောကောဒေံ မှာ ပါတဲ့ ‘လော’ ကိုတော့ Low လို့ မရေးသင့်လို့ Lao လို့ အက္ခရာဖလှယ်ပါမယ်၊ ဒါမျိုးပုံစံတွေကလွဲလို့ ကျန်တဲ့ ‘အော’ သံအားလုံးအတွက် Ow ကိုပဲ သုံးသွားပါမယ်။
2. ‘အအ်’ ကို Ow. လို့ အက္ခရာဖလှယ်ပါမယ်၊ အထက်က ဥပမာအတိုင်းပါပဲ ‘လအ်’ ကိုတော့ Lao. လို့ ဖံ လှယ်ပါ့မယ်၊၊ 3. ‘အဟ်’ ကို Auh လို့ အက္ခရာဖလှယ်ပါမယ်။ ဥပမာ - ဒဒဟ်(/ဒှ)် ဍာံ (Ha-dauh Daam)။ 4. သံလေး ‘အော’ ကို O လို့ အက္ခရာဖလှယ်ပါမယ်၊ ဥပမာ - ဗဂေါ (Ba-go OR Ha-go)။
5. ‘အောဝ်’ ကို ’O လို့ အက္ခရာဖလှယ်ပါမယ်။ ဥပမာ - သှောဝ်ဒတောဝ် (Ha-n’o Ha-dt’o)။
6. ‘အဝ်’ ကို A’o လို့ အက္ခရာဖလှယ်ပါမယ်။ ဥပမာ - ထဝ်သြန် (Ta’o S’awn)။ ဒီလို အက္ခရာဖလှယ်တာဟာ ဗျည်း+ဝသတ် ပေါင်း စပ်မှုပုံစံအတွက်ပဲ အကျုံး ဝင်တာပါ။ ဒါကို အသံအနေနဲ့ဖော်ပြပါဆိုရင် ‘အာအဝ်’ လို့ ရေးရပါလိမ့်မယ်။ အသံသဘော အရ ‘အဝ်’ က (o OR oh) ကိုပဲ ကိုယ်စားပြုတယ်လို့ သတ်မှတ်ထားလို့ပါ။
အထွေထွေ အဆုံးသတ်ဗျည်းသံတွေကို အက္ခရာဖလှယ်ရာမှာ ‘က၊ တ၊ ပ’ တို့အတွက် ‘k, t, p’ အစား ‘g, d, b’ တို့ကို သုံးထားပါတယ်။
အဆုံးသတ် ဗျည်း သံအနေနဲ့ မဟုတ်ဘူး ဆိုရင် က အတွက် (gk)၊ တ အတွက် (dt)၊ ပ အတွက် (bp) အသီး သီးကို သုံးထားပါတယ်။ နောက်ပြီး ၐ နဲ့ ဢ ၂ လုံး အတွက် တန်ဖိုးတူညီတဲ့ ဗျည်းတွေ မရှိလို့ ‘B’ ကိုပဲ သုံး ထားပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
References: ကိုးကားထားချက်များ 1. http://dhoongjhaan.blogspot.com/
2. ဝေါဟာရအချို့ရဲ့ သတ်ပုံတွေအတွက် Sa-nong Taaing (Guiding Star Independent Mon Newspaper) သတင်းစာ
အယ်ဒီတာ နိုင်အာကာရဲ့ အတည်ပြုချက်ကို ရယူထားပါတယ်။ ဒီ့အတွက် Sa-nong Taaing အယ်ဒီတာကို ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း…။
Photo Credit: http://www.worldisround.com/articles/333659/photo16.html