ရေကြည်နောက်သတဲ့…. မေစုရေ ၀ံပုလွေက အပြစ်မဲ့သူ သိုးငယ်ကို ရေကြည်နှောက်သည်ဟု အပြစ်ရှာသည်။ သိုး ငယ် ကပြန်၍ ပြောသည်။ ‘ ရေကြည်နှောက်ဖို့နေနေသာသာ- ရေထဲသို့ပင်မဆင်းရသေး‘ ၀ံပုလွေကအပြစ် ရှာကြံ ညစ်တွန်း တွန်းပြီးသားပေမို့ ‘ မင်းမနှောက်လည်း မင်းအမေကနှောက်မှဘ‘ဲ ဟု မရှိသောအပြစ် အတည်သဘောဖြစ်အောင် ရှာကြံလီစယ်သည်။ ၀ံပုလွေ၏ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက် ( psychological propensity ) မှ ပြဌာန်းချက်အရ သိုးငယ်မှာ အပြစ်ရှိလေပြီ။ မောဟအမှောင်ကို အားကိုးလို့ ဥပဒေပြုစီရင်သည်ကား ‘ လှုပ်လှုပ် - မလှုပ်လှုပ် မင်းမှာအပြစ်ရှိသည်။‘ ဗိုလ်ချုပ်အောင်ဆန်း သက် စွန့်ကြိုးပမ်း ခဲ့သည်ကိုမှမထောက်၊ ၀ံပုလွေတို့ အခုလို လွတ်လွတ်လပ်လပ် ရမ်းကားရိုင်းစိုင်း ထင် တိုင်းကြဲ နေရတာလို့ သူတို့နားမလည်ပါ။ မောဟ၏အမှန်ကိုမမြင်နိုင်ခြင်းကြောင့် ဥာဏ်အမြော်အမြင် ကွယ်ပျောက်ရသည်။ ဒေါသ၏ လောင်ကျွမ်းခြင်ကြောင့် အကျိုးအမြတ်မဲ့ ကုန်ဆုံးရသည်။ ဘယာ၏ ထိတ်လန့်ခြင်းကြောင့် အခါခါသေရသည်။ဆန္ဒ ၏တောင်းတမဆုံးနိုင်ခြင်ကြောင့် ဖြည်ဆည်ရာ ရှာမရ ဖြစ်ရသည်။ အမှန်ကိုမမြင်နိုင်ဘဲ ဆုံးဖြတ်ရဲသောမောဟဂတိ၊ အကျိုးမရှိ ပျက်စီးခြင်းအဆုံးရှိသော ဒေါသဂတိ၊ မလွတ်မလပ် အခါခါသေရသော ဘယာဂတိနှင့် ထင်တိုင်းကြဲ ပြုတိုင်းလွဲသော ဆန္ဒာဂတိ စသည့် အဂတိလေးပါးကို တမျိုးပြီးတမျိုး မရိုးရလေအောင် ကျင့်ဆောင်သည်။ အမှားပြီးတော့ အမှန် မတွေ့၊ အမှန်မတွေ့လို့ အမှားထပ်ရှာ ကျောက်ဆည်က မျက်ကန်းကျွဲ ဘယ်သူဆဲဆဲ ဂျိုတွဲတွဲနှင့် လည်ပို့ခဲအောင် ပေဆောင်ပြီ။ ဘယ်တင်းကုတ်ကလွှတ်သနည်း။ ငယ်နားရင်းမအုပ်လို့ဖြစ်ချေမည်။ ရှိစေဦးတော့ ဇာတ်ရည်မလည်တဲ့ ဦးနှောက်တွေ။ အခုလည်း အပြစ်မရှိသူ၊ တို့ရန်သူ။ တိုင်းပြည်တိုး တက်တို့ဖေါက်ဖျက်။ တိုင်းပြည်တိုးတက်ရင် ငကျွဲတို့ကျန်နေခဲ့မယ်၊ အပြစ်မရှိရင် ငကျွဲတို့အုပ်ချုပ် ရခက်နေမယ်။ သည်တော့ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်ခေါင်းဆောင်တွေကို အပြစ်ရှာ အနာဖို့၊ ဆံပင်နီကြောင်ကြောင်နှင့် နောက်မျိုးဆက်တွေကို မဟုတ်တာတွေ လုပ်ကြံပေး။ ဒို့ပြည်ကြီးကို မြင့်မြတ်တဲ့ တနေရာက စိတ်ကူးနှင့် ပြန်ကြည့်မိစမ်းပါ။ ထမင်းဆာလို့ ဆန်မရှိ ငိုကျွေး ဟစ်အော်နေတဲ့နှပ်ချေးတွဲလောင်းတွေ၊ ခြံတိုင်ကိုချွတ် မြင်းလုပ်စီးနေတဲ့ တကိုယ်ရည် တကာရတွေ၊ အိမ်အပေါ်ထပ်က ခေါင်မိုးခွါ အိမ်တိုင်ချွတ် ဘယ်သူ့ကိုအပြစ်ဖို့ဘို့ ဘယ်သူ့ကိုနှိပ်ကွပ်ဘို့ ဆင်ကြံ ကြံရင်း သေနတ်ပေါ်နဖူးတင်လိုက် အကြံအိုက်ရင် နဖူးပေါ်သေနတ်ပြန်တင် အံမ၀င် ဂွင်မကျ- ဖြစ်သ မျှ အဓိက လိုနေတဲ့ အိမ်ရဲ့စည်းကမ်းကို ဖြီးဖြန်းနေတဲ့ ဂျောင်ထဲကသူခိုး ဟဲ့ အောင်တိုးဆို ဗျာထူး၊ အခါခါသေဘူးတယ် ( ဘယာဂတိစါးလို့) မော်မကြည့်ဘဲ ခင်ဗျာ ခင်ဗျာ ထူးတတ်တယ်။ ( သူ့အမျိုး
လည်း သူ့လိုဘဲ အဂတိလေးပါးကို ကိုးကွယ်စါးသောက်ခ့သဲ ည်ချည်း။) အခုလည်း ပြဿနာ အသစ် ကြံစည် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှာသည်။ မဟုတ်မမှန် လုပ်ကြံနေတာ ဒင်းအသိ၊ ကြောက် သလိုလို ချောက်သလိုလို နောက်ကွယ်မှ ကိုယ်ကျိုးရှာသည်။ ဘုရားမကိုးကွယ်၊ တရားမကိုးကွယ်၊ သံဃာ ဆိုလက်သိပ်ထိုး နတ်ကိုကိုး ဗေဒင်ဆရာကိုး အိမ်မှာတရားဥပဒေအမိုးတော့မရှိပြီ။ နိုင်ငံတော် ဆိုတဲ့စကားလုံးစု တော်ဖို့တော့မမှီ နိုင်ဘို့တော့ဝေးလို့ ချေငံသည်တော့ မရှိတော့ပြီ။ ဘယ်မှာလည်း ကွဲ့ အနာဂါတ်ဆိုတ့ခဲ ရီး၊ ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင် ကြည့်ပေါ့၊ အပြစ်လျှော့ခြင်း။ တစ် အချစ်မေတ္တာ၊ နှစ် အကျင့်သိက္ခာ၊ သုံး လေး ငါး စည်းစိမ် ဥစ္စါတွေ နဲ့ ရိက္ခာ၊ ခြောက် အတတ်ပညာ၊ ခုနစ် စိတ်ဓါတ်နဲ့ ဒါတွေအားလုံးနားလည်ပြီးရင် အောက်ဆင်းခဲ့…။ လိုအပ်နေတာစွမ်းအင်၊ ကြံစည်လိုက်တာ နြူးကလီးယား၊ ဆန်ဝယ်ခ့ပဲါဆို ဆီဝယ်ခ့တဲ ယ် ( ခေါင်း တော့အခေါက်ခံရတော့မယ်)။ အမေစုအတွက်ကတော့လေ မှန်ကန်ခြင်းသည် ရဲရင့်ခြင်းအတွက်ခွန် အား၊ ယုံကြည်တယ်အမေ။ ခံနိုင်ရည်ဟာ ဗျတ္တိ ဇွဲနှင့်ယှဉ်ထား၊ စံနမူနာတင် ယုံကြည်တယ်အမေ။ ကဲ…..ထမင်းအိုးလေးတည် ပါရစေဦး။
မိုးသော်သိန်း