Other Face Of Human Right

  • Uploaded by: Bay of Arakan
  • 0
  • 0
  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Other Face Of Human Right as PDF for free.

More details

  • Words: 628
  • Pages: 3
လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ ဂါမဏိ

၂ဝဝ၈ ခု ဒီဇင်ဘာ ၁ဝ ရက်မှာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆ဝ ပြည့် အခမ်းအနားတွေ တကမ္ဘာလုံးမှာ ကျင်းပခဲ့ပါတယ်။ လူ့သမိုင်းမှာ

ပထမဆုံးအဖြစ် လူ့အခွင့်အရေးတွေကို အပြည့်အစုံ

စနစ်တကျ ဖော်ထုတ်လိုက်နိုင်တာ ကုလသမဂ္ဂရဲ့ ဧရာမအောင်မြင်မှုကြီး တခု ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် လိုက်နိုင်တဲ့ ၁၉၄၈ ခုကစပြီး ကမ္ဘာ့ပြည်သူတွေ အဖို့ အာဏာရှင်စနစ်တွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေကို ရင်ဆိုင် ရာမှာ အရေးပါ အစွမ်းထက်တဲ့ လက်နက်တခု ရလာခဲ့ပါတယ်။ အာဏာရှင်စနစ်

အမျိုးမျိုးအောက်

ပြားပြားမှောက်နေရတဲ့

ကမ္ဘာ့ပြည်သူတွေဟာ

ကုလသမဂ္ဂက

ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အချက် ၃ဝ ကို အသုံးချပြီး အခွင့်အရေး တောင်းဆိုဖို့ အင်မတန် အသုံးတည့် အကျိုးရှိခဲ့ ပါတယ်။ ၇၅ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြင့်အေးနဲ့ တကွ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လှုပ်ရှား တက်ကြွသူတွေရဲ့ တပင်တပန်း အနစ်နာခံ စည်းရုံး ပညာပေး မှုတွေကြောင့် မြန်မာနိုင်ငံမှာလည်း ၁၉၆၂ ခု၊ ၁၉၇၄ ခုတွေထက်စာရင် ဒီလို လူ့အခွင့်အရေးတွေကို နားလည် သိမြင်မှုတွေဟာ အတိုင်း အတာ တခုထိ

မြင့်တက်လာခဲ့ပါတယ်။

ပြည်သူလူထုတွေ

အနေနဲ့

လူ့အခွင့်အရေးတွေ

နားလည်လာ၊

တောင်းရကောင်းမှန်း သိလာလို့ နအဖ စစ်အာဏာရှင်တွေ မခံ မရပ်နိုင်ဖြစ်ပြီး ကိုမြင့်အေးတို့ကို မဆီမဆိုင် ဗုံးခွဲမှုပုဒ်မတပ် အမှုဆင်ထောင်ချရတဲ့ အဆင့်ထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာ ဒင်္ဂါးပြားတပြားရဲ့ ဘက်တဘက်သာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူ့ အခွင့်အရေးအကြောင်း ပြောရုံနဲ့ မလုံလောက်သေးပါဘူး။ လူ့အခွင့်အရေးကို သိဖို့ မလွဲမသွေ လိုအပ်တဲ့ အပြင် လူ့တာဝန်ဝတ္တရားကိုပါသိမှ အပြောင်းအလဲ ဖြစ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တာဝန်ဟာ ခွဲလို့မရပါဘူး။ ဒီတော့ လူ့တာဝန် ဝတ္တရားတွေက ဘာတွေလဲ။ ဘာသာရေး နယ်ပယ်မှာ လူ့တာဝန် ဝတ္တရားတွေကို သက်ဆိုင်ရာ ဘာသာတွေအလိုက် ဖော်ထုတ်ထားတာတွေ ရှိပါတယ်။ ဥပမာ— ဗုဒ္ဓဘာသာမှာ ငါးပါးသီလ၊ ဗြဟ္မစိုရ် တရားလေးပါး၊ ခရစ်ယာန်ဘာသာမှာ ပညတ်တော် ဆယ်ပါးတို့ဟာ လူ့တာဝန်တွေကို လောကုတ္တရာ နည်းအရ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ လောကီရေး အတွက်လည်း မင်္ဂလာတရား ၃၈ ပါး၊ မင်းကျင့်တရား ၁ဝ ပါးဆိုတာ ရှိပါသေးတယ်။ ခေတ်သစ်နိုင်ငံရေးနယ်ပယ်မှာတော့

လူ့တာဝန်ဝတ္တရားဆိုတာ

မတရားတဲ့

လုပ်ရပ်တွေ၊

ဖောက်ပြန်

ဆိုးယုတ်တဲ့ အုပ်စိုးသူတွေ၊ မှားယွင်းတဲ့ စနစ်တွေ၊ မတရားတဲ့ အမိန့်အာဏာနဲ့ ဥပဒေတွေကို ဖီဆန် တိုက်ဖျက် ချေမှုန်းဖို့ဖြစ်ပါတယ်။ တခုပြောစရာရှိတာက နိုင်ငံရေးအရောင် အသွေးမတူရင် မတူသလို မတရားမှု၊ ဖောက်ပြန်ဆိုးယုတ်မှု၊ မှားယွင်းမှုကို သတ်မှတ်ပြဋ္ဌာန်းချက် ကွဲလွဲနိုင်တာ ရှိပါတယ်။ ဒါပေမဲ့ လူသား တိုင်းရဲ့ မွေးရာပါ ဆင်ခြင်ဉာဏ်နဲ့ မတရားမှု၊ ယုတ်မာမှု အနိမ့်ဆုံး စံတွေကို သတ်မှတ်လို့ ရပါတယ်၊ မခဲယဉ်းပါဘူး။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း စကားချီး ပိုင်းမှာတော့ လူ့အခွင့်အရေး တွေကို ထိန်းသိမ်း ကာကွယ်မပေးရင် တရား လက်လွတ် နှိပ်စက်ကလူပြု အုပ်စိုးမှုနဲ့ ဖိနှိပ် ညာဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲမရှောင်သာ လက်နက်စွဲကိုင် တော်လှန် ပုန်ကန်ရမယ်ဆိုတဲ့ လူ့တာဝန် ဝတ္တရားကို

ယေဘုယျကျကျ ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် တို့ကလည်း “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး လူ့တာဝန်ကို မီးမောင်း ထိုးပြဖူးပါတယ်။ ကုလသမဂ္ဂဟာ လူ့အခွင့်အရေးတွေကိုဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အဖြစ် စာနဲ့ပေနဲ့ ဖော်ထုတ်ခဲ့ပြီး လူ့တာဝန် ဝတ္တရားတွေကိုတော့ အပြည်ပြည်ဆိုင်ရာ လူ့တာဝန် ဝတ္တရား ကြေညာစာတမ်း အဖြစ် တိတိကျကျ အသေးစိတ် ဖော်ထုတ်မပေးခဲ့ပါဘူး။ ပညာရှင် တချို့ပြောတာက အဲဒီ ၁၉၄၈ ခု ကာလတုံးက ကွန်မြူနစ် နိုင်ငံတွေကို ထိုးနှက် အပုပ်ချဖို့ဘဲ ရည်ရယ်ွခဲ့တာဖြစ်လို့ လူ့အခွင့်အရေး သက်သက်ကိုဘဲ ဖော်ထုတ် သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ လူ့တာဝန် ဝတ္တရားတွေကိုပါ ဖော်ထုတ် လိုက်ရင် ကွန်မြူနစ် နိုင်ငံတွေတင် မကဘဲ ဒီမိုကရေစီ နိုင်ငံအစိုးရများ မဟုတ်တာ လုပ်တာတွေ၊ အထူးသဖြင့် အဲဒီကာလက နယ်ချဲ့ ကိုလိုနီစနစ် ကျင့်သုံးနေတာ တွေကိုပါ သက်ဆိုင်ရာ ပြည်သူလူထု တွေက ပြည်သူ့စွမ်းအားနည်းနဲ့ တိုက်ပွဲဝင် တွန်းလှန်ပစ်တာတွေ ဖြစ်လာမှာစိုးလို့ မဖော်ထုတ်ခဲ့တာလို့ ဆိုကြ ပါတယ်။ လူ့အခွင့်အရေးတဖက်တည်းကိုပြောရင် ရသင့်ရထိုက်တာကို ပြောတာဘဲ ဖြစ်နေပြီး ရဖို့နည်းလမ်း မပါ ဖြစ်နေပါတယ်။ အောက်ကနေ လက် ဖြန့် တောင်းတာ၊ ငိုပြတာ အဓိက ဖြစ်နေပါတယ်။ သူများပေးသနားမှ ရမယ့်သဘော

ရောက်နေပါတယ်။

ဒါကြောင့်

မြန်မာပြည်သူတွေ

အတွက်

လူ့အခွင့်အရေးတွေကို

ကုလသမဂ္ဂက လုပ်ပေးမှ ရမလိုလို၊ ဂမ်ဘာရီ လုပ်ပေးမှ ရမလိုလို၊ ဒါမှမဟုတ်လည်း ဒေါ်အောင်ဆန်း စုကြည် လုပ်ပေးမှဘဲ ရမလိုလို တွေးမြင်ကုန်ကြပါတယ်။ တကယ်တော့ လူတိငုးမှာ လူ့အခွင့်အရေးတွေ ခံစား ရရှိနိုင်ခွင့် ရှိသလို၊ ဒီလူ့ အခွင့်အရေးတွေ ပိတ်ပင် ချိုးဖောက်နေသူ ဘယ်သူကိုမဆို ဖယ်ရှား ရှင်းလင်းပစ်ဖို့ လူ့တာဝန်လည်း လူတိုင်းလူတိုင်းမှာ သေချာပေါက် ရှိနေပါတယ်။ အနိမ့်ဆုံးဥပမာပြရရင် ကိုယ့်မျက်စိရှေ့မှာ အမျိုးသမီးတယောက်ကို လူဆိုး တယောက်က မုဒိမ်းကျင့်နေတာ တွေ့ရင် “ဟေ့လူ၊ ခင်ဗျား လူ့အခွင့်အရေးကို မဖောက်ဖျက်ပါနဲ့” လို့ဘဲ ဝိုင်းအော်နေမှာလား။ တရားဟော ဖြောင်းဖြ

နားချနေမလား။

“ခင်ဗျား

အမျိုးသမီးအခွင့်အရေး

ဖောက်ဖျက်တာကို

ပြင်းပြင်းထန်ထန်

ကန့်ကွက်ရှုတ်ချတယ်” လို့ဘဲ ထိုင်ကြေညာနေမှာလား။ (ဒီထက်ပိုဆိုးတာကတော့ “ခင်ဗျား အခုလို လုပ်တဲ့အခါမှာ ကွန်ဒွမ်သုံးသင့်တယ်”လို့ ပြောတာပါဘဲ။) အဲဒါတွေထက်စာရင် ရဲစခန်းကို ဖုံးဆက်တိုင်တာ တစုံတရာတော့ အဓိပ္ပာယ် ရှိပါသေးတယ်။ ဒါပေမဲ့ ရဲတွေရောက်လာတဲ့ အချိန်မှာတော့ မုဒိမ်းကောင်ဟာ ရည်မှန်းချက် ပြီးမြောက်သွားလို့ အေးအေးဆေးဆေး စီးကရက် ထိုင်သောက်နေတာဘဲ တွေ့ရမှာဖြစ်ပြီး မိန်းကလေး

ခမြာမှာတော့

အပျိုရည်

ပျက်ပြီးသွားတာ

သို့မဟုတ်

ကိုယ်ဝန်ရသွားတာ

သို့မဟုတ်

အနိမ့်ဆုံးအားဖြင့် ခန္ဓာကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာ ရသွားတာဘဲ အဖတ်တင်သွားတော့မှာ ဖြစ်ပါတယ်။ မုဒိမ်းကောင်ကို အရေးယူနိုင်ဖို့ အတွက်လည်း လုံချည်တွေ ထမိန်တွေ ဓာတ်ခွဲခန်း ပို့ရပါအုံးမယ်။ (ရွေးကောက်ပွဲ ရှုံးသွားတဲ့ အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ ဒုသမတလောင်း မဆာရာပါလင်းဟာ မုဒိမ်းကျင့် ခံရတဲ့ မိန်းကလေးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ရုံမက မုဒိမ်းမှုအတွက် ဓာတ်ခွဲ စစ်ဆေးခကို ဒါကြောင့်

မုဒိမ်းကျင့်ခံရတဲ့

ဒီလိုနေရာမှာ

အမျိုးသမီးက

လူ့အခွင့်အရေးကို

ကျခံရမယ်လို့တောင် အသိအမှတ်ပြုဖို့

ပေါ်လစီ

ချခဲ့ဖူးသေးတယ်။)

ဟောပြောဆော်သြမနေဘဲ

တွေ့မြင်

သိရှိသူတွေက လူ့တာဝန်ဝတ္တရားနဲ့အညီ မုဒိမ်းသမားကို ဝိုင်းသမရမှာဖြစ်ပါတယ်။ အနည်းဆုံး ၄-၅ ချက်လောက် ဝိုင်းဗြင်းပြီးမှ ရဲစခန်း ပို့သင့်ပါတယ်။ ဒါမှသာ လူ့တာဝန် ကျေမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးကိုဘဲ တဖက်စောင်းနင်းအမွှန်းတင်နေတဲ့ အနောက်နိုင်ငံတချို့မှာ လမ်းကြားထဲ ပန်းခြံထဲ မုဒိမ်းကျင့်နေ၊ ကိုယ်နဲ့

အကျင့်ခံရတဲ့

မဆိုင်သလိုဘဲ

မိန်းကလေးက

မျက်နှာလွှဲ

ရုန်းကန်အော်ဟစ်နေတာကို

သွားကြတဲ့အကြောင်း

အဲဒီနိုင်ငံတွေ

ဖြတ်သွားဖြတ်လာတွေက ရောက်သွားသူတွေဆီက

ပြန်ကြားရပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ လူ့တာဝန် မျှမျှတတ အားပေးတဲ့ တခြားအနောက်နိုင်ငံ တွေမှာတော့ ခုနလိုသတင်းမျိုး သိတ်မကြားရပါဘူး။ ၁၉၆၄ ခု မတ်လတုံးက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကစ်တီဂျီနိုဗိစ် ဆိုတဲ့ (၂၉) နှစ်အရွယ် အမျိုးသမီး တယောက်ကို မုဒိမ်းကျင့် လူသတ်သွားတာ အိမ်နီးနားချင်း (၃၈) ယောက်က တွေ့မြင် (သို့မဟုတ်) အော်ဟစ်အကူအညီ တောင်းသံ ကြားခဲ့ပေမဲ့ ရဲတောင် ဖုံးဆက်မတိုင်ဘဲ ကိုယ်နဲ့ မဆိုင်သလို နေခဲ့လို့

နယူးယောက်တိုင်းမ်

သတင်းစာကြီးမှာ

ဟိုးလေးတကျော်

သတင်းပါလာခဲ့ပါတယ်။

၁၉၈၃

မတ်လက မက်ဆာချူးဆက်ပြည်နယ် ဘက်ဒ်ဖို့ဒ်မြို့မှာလည်း (၂၁)နှစ်အရွယ် မိန်းကလေးတယောက်ကို အရက်ဆိုင် ဘိလိယက်ခုံပေါ် အမျိုးသား(၆)ယောက် မုဒိမ်းကျင့်နေတာ ဆိုင်မှာ အရက်သောက်နေသူ (၁၅)ယောက်လောက်က ဝိုင်းကြည့်နေခဲ့ပုံကို နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ်တောင် ပြန်ရိုက်ခဲ့ရပါတယ်။ ၂ဝဝ၇ သြဂုတ်လမှာလည်း မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာ (၂၆)နှစ်အရွယ် အမျိုးသမီး တဦးကို လှေခါးဟောခန်းထဲ ရိုက်နှက်ထိုးကြိတ်ပြီး မုဒိမ်းကျင့်နေတာကို အိမ်နီးနားချင်း (၁ဝ)ယောက်လောက်က ထွက်ကြည့် စူးစမ်း ခဲ့ပေမဲ့ ဘယ်သူကမှ မတားဆီးခဲ့ဘဲ တနာရီကျော်ကြာမှသာ တစုံတယောက်က ရဲကို ခေါ်ခဲ့ပါတယ်။ ၁၉၈ဝ

ခုတုံးက

အိန္ဒိယနိုင်ငံမှာ

ယောက်ျား

(၂၂)ယောက်ကနေ

(၃)ပတ်ကြာအောင်

အုပ်စုလိုက်

မုဒိမ်းကျင့်ခံခဲ့ရ၊ ရွာထဲ ကိုယ်တုံးလုံးချွတ် လမ်းလျှောက် ပြရပြီးနောက် ဖူလန်ဒေဝီ ဟာ ငွေများတရားနိုင် ဘက်လိုက် တရားဥပဒေရဲ့ အကူအညီကို ဘယ်လိုမှ မရနိုင်တာသိလာလို့ ဓားပြဗိုလ်လုပ်ပြီး သူမကို မုဒိမ်းကျင့်တဲ့ ယောက်ျား (၂၂)ယောက်စလုံးကို တယောက်ပြီးတယောက် လိုက်သတ် ပစ်နိုင်ခဲ့ပါတယ်။ ၁၉၆၈-၆၉ ခုနှစ်တွေလောက်ကလည်း ရှမ်းပြည် ပင်းတယ- ရွာငံ- ရပ်စောက်- မိုးလုံးဟိန်း ဒေသမှာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရတဲ့ ပအိုဝ်းအမျိုးသမီး တယောက်က ဓားပြဗိုလ်လုပ်ပြီး သူ့ကို မုဒိမ်းကျင့်ခဲ့တဲ့ ယောက်ျားတွေနဲ့ ဘက်လိုက်တဲ့ ရွာသူကြီးတွေ၊ ရဲတွေကို ပြန်လိုက်သတ်ခဲ့တဲ့ အဖြစ် ရှိခဲ့ဖူးပါတယ်။ လူ့တာဝန်ကိုထည့်မပြောဘဲ လူ့အခွင့်အရေးကိုသာ စောင်းပေးနေသရွေ့ အာဏာရှင်တွေ၊ ကိုယ်ကျိုးရှာ သမားတွေကို ဖယ်ရှားရေးဟာ သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလို၊ ပြည်တွင်းက အဲန်အယ်လ်ဒီ စီအာပီပီ တာဝန်လိုလို ပြည်ပက စင်ပြိုင်အစိုးရ တာဝန်လိုလို၊ ကုလသမဂ္ဂတို့ နိုင်ငံတကာ တရားရုံးတို့ တာဝန်လိုလို၊ တရုတ်တာဝန်လိုလို အမေရိကန် တာဝန်လိုလိုနဲ့ ဇာတ်မျောကြီး ဖြစ်နေမှာပါဘဲ။

ဂါမဏိ

Related Documents

Other Face Of Human Right
December 2019 17
Situation Of Human Right
October 2019 27
Fake Human Right
May 2020 15
Human Right Jurisprudence
November 2019 23
Ethnic Human Right Committee
November 2019 15

More Documents from ""

December 2019 2
December 2019 5
022-questionsanswers
December 2019 9
Dhamacakka
December 2019 12
Forum Journal-10 Dec 2008
December 2019 8