New Blood School Opening Ceremony

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View New Blood School Opening Ceremony as PDF for free.

More details

  • Words: 220
  • Pages: 7
ဒေါ်အောင်ဆန်းစုကြည် ၆၄နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ကျောင်းဆောင်သစ် လှူဒါန်းပွအဲ ခမ်းအနား (၁၁. ၀၈. ၂၀၀၉) ယနေ့(၁၁.၀၈.၂၀၀၉) မနက် ၁၀ နာရီက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ကလေးငယ်များပညာသင်ကြား နေသည့် “သွေးသစ်ကျောင်း”၌ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများမှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်း ဆောင်သစ်တဆောင် ဆောက်လုပ်လှူဒါန်းသည့်အခမ်းအနား ကျင်းပခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ဇွန်လအတွင်းက ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက်မွေးနေ့ကိုကျင်းပခဲ့ပြီး ထိုနေ့တွင် ကောက်ခံရရှိသောအလှူငွေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကလေးငယ်များ၏ပညာရေးအတွက်အမှတ်တရလှူဒါန်းရန်ဆုံးဖြတ်ခဲ့ပါသည်။ ၎င်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဌာနချုပ်မှတဆင့် တာဝန်ယူ၍ သွေးသစ်ကျောင်းတာဝန်ခံနှင့်ညှိနှိုင်းကာ “ဒေါ်အောင်ဆန်းစုကြည်

ကျောင်းဆောင်သစ်” ဆောက်လုပ်ရန် သဘောတူညီချက်ရရှိခဲ့ပါသည်။ ဇူလိုင်လ ၃ ရက်နေ့တငွ် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပထမကောက်ခံရရှိသည့် အလှူငွေ ဘတ် နှစ်သောင်းတစ်ထောင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဌာနချုပ်မှ ကျောင်းတာဝန်ခံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ွ် ကျောင်းဆောင်ဆောက်လုပ်မည့်နေရာတွင် တိုင်ထူခြင်းကို ဆရာ/ဆရာမများ၊ကျောင်းသား/သူများပူးပေါင်းဆောင် ဇူလိုင်လ ၇ ရက်နေ့တင ရွက်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်တင်ွပြီးစီးသွားခဲ့ပါသည်။ သြဂုတ်လ ၁၀ ရက်နေ့တငွ် နောက်ထပ်ကောက်ခံရရှိသည့် အလှူငွေ ဘတ်ကိုးထောင်ကို ထပ်မံပေး အပ်ခဲ့ကာ ကျောင်းဆောင်သစ်ဖငွ့်ပွဲအခမ်းအနားကို ယနေ့တင်ွကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ သွေးသစ်ကျောင်းမှ တာဝန်ခံ၊ ဆရာ/မများ၊ ကျောင်းသူကျောင်းသားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက် နယ်မြေ) ဌာနချုပ်မှ ဥက္ကဌ ဦးတင်အောင်၊ အတွင်းရေးမှူး ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းအောင်ကျော်နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါ သည်။ အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသူ ကျောင်းသားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ဒေါ်အောင်ဆန်း စုကြည် ဓါတ်ပုံများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် သွေးသစ်ကျောင်းတာဝန်ခံ ဦးဇော်လွင်ဦးမှတာဝန်ယူကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ ၎င်းနောက် ဖွင့်ပွဲအမှာစကား အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးမှပြောကြားကာ၊ သွေးသစ်ကျောင်းမှ ဆရာတဦးက ကျောင်းဆောင် သစ်အလှူရှင်များဖြစ်သော ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်စကားပြောကြားပါသည်။ အလှူရငှ်များအတွက်ဂုဏ်ပြုမှတ်တမ်းလွှာကို ကျောင်းတာဝန်ခံမှပေးအပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဌ ဦးတင်အောင်က လက်ခံရယူပြီးနောက် ဦးဇော်လငွ်ဦးက ကျောင်းဆောင်ဆောက်လုပ်ရာတွင် အလှူငွေများကိုသုံးစွခဲ့မှုအပေါ်ရှင်းလင်းတင်ပြပြီး အခမ်းအနားကို နံနက် ၁၀ နာရီခွဲတငွ် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားပြီးနောက် ဧည့်သည်များ၊ ဆရာ/မများ၊ ကျောင်းသားကျောင်းသူများ အတူတကွစုပေါင်း၍ အမှတ်တရ ဓါတ်ပုံရိုက်ပါသည်။ ကျောင်းဖွင့်ပွဲအတွက်ဧည့်ခံရန် ကြာဇံချက်စီစဉ်ထားပြီး ကျောင်းသား ကျောင်သူများ၊ ဆရာ/မများနှင့် ဧည့်သည်များ အတူတကွစားသောက်ခြဲ့ ကပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဌာနချုပ်

1   

ဓါတ်ပုံမှတ်တမ်းများ အလှူငွေပေးအပ်

တိုင်ထူ

ကိုယ်ထူကိုယ်ထ လုပ်အားပေး

ဘိလပ်မြေလောင်း

ပြီးစီးသွားသည့် “ဒေါ်အောင်ဆန်းစုကြည်”ကျောင်းဆောင်သစ်

2   

ဖွင့်ပအွဲ ခမ်းအနား (၁၁.၀၈.၀၉) ဖွင့်ပွဲအတွက် ပြင်ဆင်နေကြစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဌ ဦးတင်အောင်၊ အတွင်းရေးမှူး ဦးမြင့်စိုး

သွေးသစ်ကျောင်းတာဝန်ခံ ဦးဇော်လွင်ဦးနှင့် ကျောင်းသူ ကျောင်းသားများ

3   

အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်

ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများဝေပေး

စုပေါင်းဓါတ်ပုံရိုက်

စုပေါင်းကာ ကြာဇံချက်စားကြ လက်ဆေး

4   

တန်းစီ

အတူတူစားသောက်ကြ

5   

6   

အလှူရှင်များအား သွေးသစ်ကျောင်းမှပေးအပ်သည့် ဂုဏ်ပြုကျေးဇူးတင်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဌာနချုပ်

7   

Related Documents