မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင့်  ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တို၏ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ စာအမှတ်-၈/၂၀၀၉(မဃတ+၈၈+ဗကသ) ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၀၉။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့သည် (၆၁) နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုသည့် နေ့ဖြစ်သည်။ ဤကဲ့သို့ ကြီးကြယ်မြင့်မြတ်သည့် နေ့ထူးနေ့မြတ် အခါသမယတွင် အဆက်ဆက်သော စစ်အာဏာရှင်များ၏ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ၁၉၆၂ ခုနှစ်မှစ၍ ခံစားနေကြရသော မြန်မာနိုင်ငံ ပြည်သူပြည်သားများ ကိုယ်စား ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ဤသဝဏ်လွှာကို နိုင်ငံတကာ ပြည်သူများထံ ပေးပို့လိုက်ပါသည်။ (၁) ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးအား အစောဆုံး ထောက်ခံခ့သဲ ည့် နိုင်ငံတခု ဖြစ် သည့်အတွက် ကျွန်ုပ်တို့များစွာ ဂုဏ်ယူခဲ့မိသည်။ ဗြိတိသျှတို့လက်အောက်မှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးလျှင်ပြီးချင်း ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်လာသည့်အချိန်၌် ဒီမိုကရေစီနည်းလမ်းများအရ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရက ဤ ကြေညာစာတမ်းကြီးကို ထောက်ခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၁၉၆၂ တွင် စစ်အာဏာရှင်များက ဒီမိုကရေစီ နည်းလမ်းများ အရ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရကို အဓမ္မဖယ်ရှား၍ မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ၊ အခြေခံ လူ့ အခွင့်အရေးများကို ဖျက်သိမ်းခဲ့သလို နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကိုလည်း ဥပေက္ခာပြုခဲ့သည်။ ယနေ့ တကမ္ဘာ လုံးမှ ပြည်သူများ ဤအထိမ်းအမှတ်နေ့ကို ဆင်နွှဲကျင်းပနေကြချိန်တွင် ကျွန်ုပ်တို့ မြန်မာပြည်သူများမှာ အမှောင်ထုနက်ထဲ၊ အ ကြောက်တရားများဖြင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့၏ မွေးရာပါ လူ့ခွင့်အရေးများအား စစ်အုပ်စု၏ ကန့်သတ် ဖျက် သိမ်းးခြင်းကို ခံစားနေကြရပါသည်။ (၂) ယခုအချိန်သည် မြန်မာစစ်အာဏာရှင်များက မြန်မာနိုင်ငံအား ထာဝရ စစ်အုပ်ချုပ်ရေးအောက်တွင် ထားရှိရေး ၎င်းတို့၏ စီမံချက် ကို အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ တွင် ကျင်းပရန်စီစဉ်နေသည့် ဟန်ပြ ရွေးကောက်ပမျွဲားဖြင့် အပြီးသတ်ရန် ကြိုး ပမ်းနေသည့် အချိန်ဖြစ်ပါသည်၊ မြန်မာနိုင်ငံအတွက် အန္တရာယ်အကြီးမားဆုံးနေ့များ နီးကပ်၍ လာနေပါပြီ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများကို ပြန်လည်ရယူရန် အမြင့်မားဆုံး ဆန္ဒရှိကြသည့် မြန်မာပြည်သူများနှင့် တိုင်းပြည်ကို ထာဝရအုပ်စိုးနိုင်ရန် ကြိုးစား နေသည့် စစ်အုပ်စုတို့ ထိပ်တိုက်တွေ့ကြပါတော့မည်၊ ငြိမ်းချမ်းသော လှုပ်ရှားမှုများသည် အကြမ်းဖက်ရက်စက်မှုများကို ရင်ဆိုင် ရပါတော့မည်၊ မကြာခင် ပို၍ဆိုးဝါးသည့် သွေးချောင်းစီးမှုများ၊ ပို၍ များပြားသည့် နိုင်ငံရေးအကျဉ်းသားများ၊ ဒုက္ခသည်များ၊ တိုင်းပြည် တွင်း ပိုမိုဆိုးရွားသည့် ခိုလှုံရာမဲ့ ရွှေ့ပြောင်းနေရခြင်းများ၊ အဓမ္မခိုင်းစေခံရခြင်းများ၊ ကလေးစစ်သားပြုခံရခြင်းများ တွေ့ကြုံရပါတော့ မည်။ စစ်အုပ်စု၏ မြန်မာနိုင်ငံ ပြည်သူတရပ်လုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတိုင်းအဆမရှိ များပြားလာပါလိမ့်မည်။ (၃) နိုင်ငံတကာ အစိုးရများက နအဖ စစ်အုပ်စုနှင့် တိုက်ရိုက်ဆက်ဆံရေးလုပ်ရန် ရွေးချယ်လာကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်နေရပါ သည်။ ၎င်းနိုင်ငံများအနေဖြင့် နအဖအား အပြုသဘော ပြောင်းလဲမှုများလုပ်ရန် ဖြောင်းဖျ စည်းရုံးကြမည်ကို ကျွန်ုပ်တို့ ယုံကြည်ပါ သည်။ သို့သော်လည်း နအဖအနေဖြင့် နိုင်ငံတကာ၏ စိတ်ရင်းစေတနာကို အကောင်းမမြင်နိုင်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယနေ့အထိ တုန့်ပြန်ခြင်းမရှိသေးသည်က ဖေါ်ပြနေသည်။ နိုင်ငံ တကာ အစိုးရများ၏ နအဖ အား နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသားသင့်မြတ်ရေး ပြန်လည် တည်ဆောက်
ရန် တောင်းဆိုချက်များကိုလည်း လိုက်နာခြင်းမရှိပါ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ဒီမိုကရေစီ အင်အားစုများအား ဆက်လက် ဖမ်းဆီး နှောက်ယှက်နေဆဲ၊ တိုင်းရင်းသားလူနည်းစုများအားအင်အားသုံး အကြမ်းဖက် အနိုင်ကျင့် နေဆဲ ဖြစ်ပါသည်။ (၄) ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာ အစိုးရများအား မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီထွန်းကားရေး ဦးတည်ချက်ဖြင့် ဖိအားပေးမှုနှင့် တိုက်ရိုက်ဆက်ဆံမှုကို ဟန်ချက်ညီညီကျင့်သုံးရန် အလေးအနက် တိုက်တနွ်းလိုပါသည်၊ အား ကောင်း၍ လေးနက်ခိုင်မာသော ဖိအားပေးမှုများ မရှိလျင် ယင်းနိုင်ငံများ၏ တိုက်ရိုက်ဆက်ဆံမှုကို နအဖက အသုံးချစရာအဖြစ်သာ ရှူမြင်ပြီး အလေးအနက်ထားမည်မဟုတ်ပါ၊ ကျေးဇူးပြုပြီး ကမ္ဘာ့နိုင်ငံများ အားလုံးက တညီတညွတ်ထဲ စစ်အုပ်စုအား "ေ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အရင်လွှတ်မပေးလှ အားစုများ၊ တိုင်းရင်းသား လူနည်းစု ပေးလျှင်၊ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်များနှ လျှ င်၊ နိုင်ငံတကာမှ နအဖျားနှင့် တွေ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင် မတည်ဆောက်လှ ကျင်းပမည့် ရွေ ရွေးကောက်ပွဲအား အသိအမှတ်ပြုမည်မဟုတ်ကြောင်း" ပြတ်ပြတ်သားသား သတိပေးရန် ကျွန်ုပ်တို့မှ အလေးအနက် တောင်းဆိုလိုက်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်။