HTML For Web Design Suit HTML မိတ်ဆက်
HTML မိတ်ဆက် ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူ ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။ အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။
HTML History 1989 ခုက Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန် မယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခဲ့ပါသည်။ Berners-Lee ရဲ့ နည်းပညာကို Hyber Text Markup Language ဆိုတဲ့ HTML ပါပဲ။
Tag ဆိုတာဘာလဲ Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့
This is bold ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ
နဲ့ တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်။
HTML အတွက် Editor HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Dreamweaver အကြိုက်ဆုံးပါပဲ။ သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့ HTML code တွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ သူများတွေပေးထားတဲ့ website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code တွေကိုသိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာ Notepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web site ဆွဲရတဲ့ အထဲမှာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။ သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web programming တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Rail တို့မှာ အထောက်အကူဖြစ်မှာပါ။
Page 1
HTML For Web Design Suit HTML ကိုလေ့လာမယ်
HTML ကိုလေ့လာမယ် 1.Starting To Creat and Edit Webpage Notepad ဖြင့်စတင်ခြင်း ၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။ ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။ ၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Word Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML စတင်ရေးသားခြင်း ၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
This is title
This is body
HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင် တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ စာများရေးသားနိုင်သည် ။
Page 2
HTML For Web Design Suit HTML ကိုလေ့လာမယ်
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို firstrun.html လို့ပေးလိုက်ပါ။ firstrun သည် မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို .html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။ ၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။
ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။ ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင် တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့ IE7 မှာဆိုရင် Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။ IE 6 မှာဆိရင် View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။ အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save လုပ်လို့မရပါဘူး။
Page 3
HTML For Web Design Suit HTML ကိုလေ့လာမယ်
Header Tag notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
Example Of Header
This is Header
This is normal text
အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။ အခုလိုမြင်ရပါလိမ့်မယ်။ Head Tag က h1 ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင် တွေ့ရပါလိမ့်မယ်။
Example
H1
H2
H3
H4
H5
H6
အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့ မခက်ပါဘူး။ ဒါကအစပဲ ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။ ဒါပေမယ့် လိုအပ်တာတွေ ရှိသေးတာပေါ့။ အခုဆက်ပြီး bold ၊ italic ၊ underline လုပ်ပုံလေးတွေ ဆက်ပြောပါမယ်။ လွယ်ပါတယ်။
Page 4
HTML For Web Design Suit HTML ကိုလေ့လာမယ်
Line Break HTML မှာ စာတစ်ကြောင်းဆင်းချင်ရင်တော့
ကိုသုံးပါတယ်။ သူ့မှာ close tag မပါဘူး။
ပဲရေးရေး
ပဲရေးရေးရပါတယ်။
Example
First Line
Second Line
Third Line
Bold ၊ Italic ၊ Underline Tag bold မို့လို့ ကျွန်တော်တို့တွေ
ကိုသုံးပါမယ်။ နောက်ပြီး italic မို့လို့ ပေါ့။ ဒါဆိုရင် Underline ကဘာလဲဆိုရင် သိပြီးသားလောက်ပါ။ ကျွန်တော်တို့တွေ ကိုသုံးပါမယ်။ အဲဒါကို notepad ထဲမှာ ဒီလိုရေးပြီး run လိုက်ရင်ရပါတယ်။
This is bold
This is italic
This is underline
Bold လုပ်မယ်။ နောက်ပြီး အဲဒါကို underline သားမယ်။ ဒါမှ မဟုတ် italic လုပ်မယ်။ အဲလိုမျိုးလုပ်ချင်တယ်။ ရပါတယ်။ tag တွေထဲမှာ tag တွေထည့်လိုက်ပေါ့။ ဒီလိုထည့်လို့ရပါတယ်။ This is bold italic This is bold italic အဲလိုမျိုးရေးလို့ရပါတယ်။ တချို့လူတွေက မေးတတ်တယ်။
Page 5
HTML For Web Design Suit HTML ကိုလေ့လာမယ်
နဲ့စမှ ရမှာလား။ ဒီလိုတိုင်း အစဉ်တိုင်းရေးမှ ရမှာလား။ နောက်ပြီး အဲလိုမျိုးတွေကော ပိတ်လို့မရဘူးလား။ ဘာနဲ့ စစရပါတယ်။ အစဉ်တိုင်းမဟုတ်ပဲ This is bold italic လို့ရေးလည်းဖြစ်ပါတယ်။ နောက်ပြီး tag အဖွင့်တွေ အပိတ်တွေက ကြိုက်သလိုဖြစ်နေလို့ရပါတယ်။ ဒါပေမယ့် structure ကျကျလေး။ ပုံစံကျကျလေး ဖြစ်နေရင်ကောင်းတာပေါ့။ နောက်မို့ဆို code ကိုပြန်ဖတ်ရခက်တာပေါ့။
Pre Tag ကျွန်တော်တို့တွေ စာတစ်ကြောင်းဆင်းရမှာ မကြိုက်ဘူး။ Enter ခေါက်လိုက်ရုံနဲ့တင် တစ်ကြောင်းဆင်းချင်တယ်။ အလွယ်ဆုံး နည်းလမ်းကတော့ dream weaver သုံးလိုက်ခြင်းပဲ။ အဲဒါဆိုရင်တော့ HTML နားလည်မှာမဟုတ်တော့ဘူး။ နောက်တစ်နည်းကတော့ <pre> ပါ။ ဒါပေမယ့် သူက font ပုံစံပြောင်းသွားတယ်။ အဲဒါက ကိစ္စ မရှိပါဘူး။ နောက်ပိုင်း font တွေဘယ်လိုပြောင်းရလဲ ဆိုတာသိလာရင် လာပြင်လိုက်လို့ရပါတယ်။ နောက်ပြီး <pre> မှာ သူက tab ခေါက်ထားတာတွေ အစသိပါတယ်။
Example
<pre>Pre Tag, Now Enter
Now Tab
Tab
Paragraph Tag ကျွန်တော်တို့တွေ စာတွေကို paragraph ပုံစံရေးချင်တယ်။ စာပိုဒ်တွေနဲ့ ရေးမယ်ပေါ့။ ဒါဆိုရင် ကိုသုံးလို့ရပါတယ်။ သူက အပိတ် tag မပါလည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းတာပေါ့။
Example
About Notepad
Notepad is a basic text editing program and it is most commonly used to view or edit text files. A
Page 6
HTML For Web Design Suit HTML ကိုလေ့လာမယ်
text file is a file type typically identified by the .txt file name extension.
How do I change the font style and size?
Changes to the font style and size affect all the text in the document.
Click the Format menu, and then click Font.
Make your selections in the Font, Font style, and Size boxes.
An example of how your font will look appears under Sample.
When you are finished making font selections, click OK.
Horizonal Line ကျွန်တော်တို့တွေ horizonal မျဉ်းသားချင်တဲ့ အခါမှာ သုံးလို့ရပါတယ်။ သုံးပုံသုံးနည်းကတော့
ပါပဲ။ close tag မပါပါဘူး။
Example
About Notepad
Notepad is a basic text editing program and it is most commonly used to view or edit text files. A
text file is a file type typically identified by the .txt file name extension.
How do I change the font style and size?
Changes to the font style and size affect all the text in the document.
Page 7
HTML For Web Design Suit HTML ကိုလေ့လာမယ်
Click the Format menu, and then click Font.
Make your selections in the Font, Font style, and Size boxes.
An example of how your font will look appears under Sample.
When you are finished making font selections, click OK.
အထက်ပါ code ကို run လိုက်ရင် ဒီလိုမြင်ရမယ်။ အဲမှာ
ထည့်ထားတဲ့နေရာက line လေးတားထားတာကို မြင်ရပါလိမ့်မယ်။
Attribue ကျွန်တော်တို့တွေဟာ tag တွေမှာလည်း attribute တွေထည့်ပြီး သုံးနိုင်ပါတယ်။ attribute ဆိုတာကတော့ အဲဒီ tag ပိုင်ဆိုင်တဲ့ properties ပေါ့။ tag တိုင်းမှာတော့ attribute မရှိပါဘူး။ အခု ဦးစွာ အရင်ဆုံး body မှာပါတဲ့ color attribute အကြောင်းလေးနဲ့ စလိုက်ရအောင်။
Body Color
Example Body BGCOLOR Page 8
HTML For Web Design Suit HTML ကိုလေ့လာမယ်
အဲဒီ code လေးကို run လိုက်ရင်တော့ အရင်ကလို background color က အဖြူရောင်မဟုတ်တော့ပဲ စိမ်းနုရောင်လေးဖြစ်နေတာကို တွေ့ရပါမယ်။ အောက်က Table မှာ အသုံးများတဲ့ color 16 ရောင်နာမည်တွေပါ။
Silver White
Gray Black
Maroon Red
Green Lime
Navy Blue
Purple Magenta
Olive Yellow
Teal Cyan
ကျွန်တော်တို့တွေဟာ color တွေကို code အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သုံးရမှာကတော့ RGB color ပါ။ Hex code number ကိုအသုံးပြုရပါတယ်။ #FF0000 ဆိုရင်တော့အနီရောင်ပါ။ ရှေ့ဆုံး ၂ လုံးက အနီရောင်ဖြစ်ပြီး အလယ် ၂ လုံးက အစိမ်းရောင်ပါ။ နောက်ဆုံး ၂လုံးကတော့ အပြာရောင်ပေါ့။ အဲဒီ အရောင် ၃ရောင်ကို စပ်ပြီး သုံးရပါတယ်။ တကယ်လို့ color တွေကို မသိဘူးဆိုရင် photoshop ကနေလည်း ကြိုက်နှစ်သက်တဲ့ အရောင်ကို ယူပြီးသုံးနိုင်ပါတယ်။ ဘယ်လိုယူရမလဲဆိုရင်တော့ အရင်ဆုံး photoshop ကိုဖွင့်လိုက်။ ဘယ်ဘက် အောက်နားမှာ color ရွေးဖို့လေးပါတယ်။ အဲဒါလေးကို double click လုပ်လိုက်ပါ။ color dialog box တက်လာပါမယ်။ ပြီးရင် နှစ်သက်ရာ အရောင်ရွေးပါ။ color အရောင်ရွေးပြီးရင် အောက်နားမှာ hex code လေးကို copy ကူးလိုက်ရုံပါပဲ။ ကျွန်တော်တို့တွေ color အနေနဲ့သုံးချင်ရင် # လေးကို ရှေ့မှာ ခံပြီးသုံးလိုက်ရုံပါပဲ။
Example Body BGCOLOR Hex code
အခုဆိုရင်တော့ attribute ပိုင်း နဲ့ color ပိုင်းလေးကို နည်းနည်းပါးပါးသိလောက်ပြီလို့ထင်ပါတယ်။ attribute ထည့်လို့ရတဲ့ tag တွေကလည်း အများကြီးရှိပါသေးတယ်။ ဖြည်းဖြည်းခြင်း ပြောပြသွားမယ်။ အခု နောက်ထပ် tag တစ်ခုဖြစ်တဲ့
ရဲ့ Page 9
HTML For Web Design Suit HTML ကိုလေ့လာမယ်
attribute အကြောင်းလေးပြောပါမယ်။ Hr Attribute ကျွန်တော်တို့တွေဟာ tag တစ်ခုရဲ့နောက်မှာ attribute တစ်ခုထက်မက လိုက်လို့ရပါတယ်။ tag တွေနောက်မှာ attribute တစ်ခုထက်မကပါတာတွေကို နောက်ပိုင်းမှာတွေ့ရပါလိမ့်မယ်။ အခုတော့ hr အကြောင်းလေး ဆက်ရအောင်။
Example Default HR
Hr with size=1
Hr with size=5
Hr with size=10
Hr with size=10 and noshade
Hr with size=5 and color
အဲမှာ size ကတော့ အရွယ်အစားပါ။ noshade ဆိုတာကတော့ shade မပါတဲ့ဟာကို ပြောတာပါ။ ဗြောင်ကြီးပေါ့။ color ကတော့ မိမိကြိုက်နှစ်သက်တဲ့အရောင်ထည့်လို့ရပါတယ်။ List List ပိုင်းမှာ order list နဲ့ unorder list ဆိုပြီးရှိပါတယ်။ တနည်းအားဖြင့် နံပါတ်စဉ်နဲ့ list နဲ့ နံပါတ်စဉ်တွေမပါတဲ့ list ပေါ့။ နောက်ပြီး defination list ဆိုတာရှိပါသေးတယ်။ လူသုံးနည်းပါတယ်။ ပထမဆုံး unorder list အကြောင်းလေးသွားရအောင်။ Unorder list
Page 10
HTML For Web Design Suit HTML ကိုလေ့လာမယ်
Example Unorder List
- First Item
- Second Item
- Third Item
က unorder list ပါ။ - ကတော့ list ပေါ့။ list ၁ ခုပဲဆိုရင်
- 1
။ ၂ခုဆိုရင် - 1
- 2
လို့ရေးပါတယ်။ အပေါ်က code ကို run လိုက်ရင် list လေးတွေကို မြင်ရမှာပါ။ အကုန်လုံးက အဝိုင်းလေးတွေနဲ့ List ပါပဲ။ ကဲ အခု attribute လေးထည့်ပြီး ပုံစံပြောင်းကြည့်ရအောင်။ Unorder List
Disc
- First Item
- Second Item
- Third Item
Square
- First Item
- Second Item
- Third Item
Circle
Page 11
HTML For Web Design Suit HTML ကိုလေ့လာမယ်
- First Item
- Second Item
- Third Item
unorder list မှာ disc, square, circle ဆိုပြီး ၃ မျိုးပြောင်းလို့ရပါတယ်။ default ကတော့ disc ပါ။ Ordered List Example Ordered List
- First Item
- Second Item
- Third Item
ကတော့ order list ပါ။ အဲဒီ code လေးကို run လိုက်ရင် နံပါတ် အစဉ်လိုက်ပေါ်လာပါလိမ့်မယ်။ သူ့မှာလည်း attribute တွေရှိပါတယ်။ Example Ordered List
Page 12
- First Item
HTML For Web Design Suit HTML ကိုလေ့လာမယ်
- Second Item
- Third Item
Type A
- First Item
- Second Item
- Third Item
Type a
- First Item
- Second Item
- Third Item
Type a
- First Item
- Second Item
- Third Item
Type i
- First Item
- Second Item
- Third Item
Order List တွင်လည်း Unorder List ကဲ့သို့ပင် type များရှိပါတယ်။ အဲဒါတွေကို အပေါ်က code မှာ ဖော်ပြထားပါတယ်။ order list က unorder list နဲကမတူတဲ့ အချက်ကတော့ နံပါတ်စဉ်လိုက်ဖြစ်ပါတယ်။ မိမိကြိုက်တဲ့ နံပါတ်ကနေ စနိုင်တယ်။ မိမိကြိုက်တဲ့ နံပါတ်ကစနိုင်ဖို့ start ဆိုတဲ့ attribute ကိုသုံးနိုင်ပါတယ်။ မှာဆိုရင်တော့ D ကနေစမှာပါ။ ဒါဆိုရင်တော့ HTML နဲ့ list တွေပါတဲ့ web page လေးရေးလို့ရပြီပေါ့။ နောက်ထပ် list တစ်ခုကျန်ပါသေးတယ်။ definition list ပါ။ Page 13
HTML For Web Design Suit HTML ကိုလေ့လာမယ်
Definition List အများအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ သုံးပါတယ်။ Example Definition List
- HTML
- Language used to develop Web Pages
- Image
- Any graphic such as an icon,bullet, line, photo , or illustration
Defination List က အခြား List တွေနဲ့ မတူပါဘူး။ သူ့မှာက defination term နဲ့ defination ပါ ပါတယ်။ စရင်တော့ dl နဲက စရပါတယ်။ defination term ကိုတော့ - အသုံးပြုပြီး defination ကိုတော့
- သုံးပါတယ်။ သူက အခြား list နဲ့မတူတဲ့ နောက်တစ်ချက်ကတော့ tag အပိတ်မပါတာပဲ။ တစ်ခုပဲပါတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ကဲ... အခုဆိုရင်တော့ HTML ကိုအကြမ်းအားဖြင့်လောက်တော့ သိလောက်ပြီပေါ့။ အခုကျွန်တော်တို့တွေ နောက်ထပ် သေသေချာချာ သိရအောင် နောက်ထပ် တစ်ခန်းသွားရအောင်။
Page 14
HTML For Web Design Suit Creating Web Page With Apperance And Link
Creating Web Page With Apperance And Link ကျွန်တော်တို့တွေ အစပိုင်းမှာ bold,italic,underline တို့ကို သိခဲ့ပြီးပါပြီ။ အခု ဒီအခန်းမှာတော့ အရင်ဆုံး font အကြောင်းလေး စပြောပါမယ်။ ကျွန်တော်တို့တွေ font တွေပြောင်းမယ်။ font size တွေပြောင်းမယ်။ စာလုံးတွေမှာ color တွေထည့်မယ်။ အဲဒါတွေကို အပြင် page တစ်ခုနဲ့ တစ်ခု link ချိတ်တာတွေလည်း ပါဝင်မှာပါ။ အဲဒါတွေကို မပြောခင်မှာ အကြောင်းလေးနဲ့ စလိုက်ရအောင်။
Optional Tag Move To Center သူက စာလုံးတွေကို center ရောက်အောင်လုပ်ပေးပါတယ်။ Example
This is center
This is center ဆိုတာလေးက အလယ်ပိုင်းကိုရောက်နေတာကိုတွေ့ရပါမယ်။ အဲဒါလေးကို သုံးပြီး စာတွေကို အလယ်ပိုင်းကို ရွေ့ထားလို့ရပါတယ်။ Example Test
အဲဒီ code မှာဆိုရင်တော့ header တွေက အလယ်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်။
Marquee marquee ကတော့ စာလုံးတွေကို ရွေ့နေဖို့လုပ်ဆောင်ပေးတာပါ။ Page 15
HTML For Web Design Suit Creating Web Page With Apperance And Link
Example <marquee>I’m moving အဲဒီ code မှာဆိုရင် စာသားလေးက ရွေ့နေတာကိုတွေ့ရပါမယ်။ ဘယ်ဘက်ကနေ ညာဘက်ကိုရွေ့လာတာပါ။ Marquee မှာရှိတဲ့ attribute တွေကတော့ Attribute Name
Properties
Descripton
behavior
alternate
ဘယ်ကနေညာ ၊ ညာကနေ ဘယ်ပြန်သွား ပါတယ်။ <marquee behavior="alternate">I'm moving
scroll
သူက default value ပါ။ ဘယ်ကနေ ညာ ၊ ညာဘက်ရောက်သွားရင် ဝင်သွားပြီး ဘယ်ဘက်နေ ပြန်စတာပါ။ <marquee behavior="scroll">I'm moving
slide
သူကတော့ ဘယ်ကနေညာ ပြီးရင် ညာဘက်လည်းရောက်ရော ရပ်သွားပါတယ်။ <marquee behavior="slide">I'm moving
direction
left
သူကတော့ default value ပါ။ ညာဘက်ကနေ ဘယ်ဘက်ကိုသွားမယ်လို့ ဆိုတာပါ။ <marquee direction="left" >I'm moving
right
သူကတော့ ဘယ်ဘက်ကနေ ညာဘက်ကိုသွားမယ်လို့ဆိုတာပါ။ <marquee direction="right" >I'm moving
up
သူကတော့ အောက်ကနေ အပေါ်လာမယ်လို့ဆိုတာပါ။ <marquee direction="up" >I'm moving
down
သူကတော့ အပေါ်ကနေ အောက်ဆင်းမယ်လို့ဆိုတာပါ။ <marquee direction="down" >I'm moving
loop
[number]
သူကတော့ ကိုယ်ဘယ်နှစ်ကြိမ် marquee ကို လုပ်ခိုင်းမယ်ဆိုပြီး number တစ်လုံးထည့်ပေးရပါတယ်။ ၁ ဆို ၁ ကြိမ်ပဲလုပ်မယ်ပေါ့။ <marquee loop="1" >I'm moving
scrollamount
[number]
တစ်ခါရွေ့ရင် ဘယ်လောက် pixel ရွှေ့မလဲဆိုပြီး ထည့်ပေးရတာပါ။ ထည့်လိုက်တဲ့ နံပါတ်များလေလေ ဝေးဝေးရွေ့ မြန်မြန်သွားလေလေပဲ။ <marquee scrollamount="10">I'm moving
Page 16
HTML For Web Design Suit Creating Web Page With Apperance And Link
scrolldelay
[number]
သူကတော့ ဘယ်လောက်ကြာရင် ရွှေ့မလဲဆိုတာပါ။ သူက millisecond နဲ့ပါ။ 1000 လို့ထည့်လိုက်ရင် 1 second ကြာမှ တစ်ခါရွေ့မှာပါ။ သူကတော့ နံပါတ်များလေလေ ကြာလေလေပါပဲ။ <marquee scrolldelay="1000">I'm moving
bgcolor
[hex code] OR
သူကတော့ marquee ရဲ့ back color အရောင်လေးပါ။ #009933 ဆိုရင်တော့
[Color Name]
အစိမ်းရောင်လေးကို background ထားပြီး ရွှေ့သွားမှာပါ။ color ပိုင်းကို ကျွန်တော် အပေါ်ပိုင်းမှာ ပြောခဲ့ပြီးပါပြီ။ <marquee bgcolor="#009933" >I'm moving
marquee လေးလုပ်ရတာ ပျော်စရာတော့ကောင်းပါတယ်။ စာလုံးလေးတွေက ရွေ့ရွေ့သွားတာလေးကို ကြည့်ပြီး ကျေနပ်မှုလေးရနိုင်ပါစေ။ အခု font ပိုင်းကို ဆက်လက်လေ့လာရအောင်။
Font Font ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက် font tag ကိုသိမှ ဖြစ်မှာပါ။။ Example Zawgyi Font ဖြင့်အသုံးပြုထားသည် အဲဒါဆိုရင် နဲ့ ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font နဲ့ပေါ်နေမှာပါ။ face="font name" ကိုထည့်ရတာပါ။ font tag မှာသုံးလို့ရတဲ့ attribute တွေကတော့ Name
Properties
Description
color
[hex code] OR
color ကတော့ သိပြီးသားပါ။ အပေါ်မှာလည်း ကျွန်တော် ပြောခဲ့ဘူးပါတယ်။
[color name]
ဥပမာအနေနဲ့ ဒီလိုသုံးလို့ရပါတယ် Zawgyi Font ဖြင့်အသုံးပြုထားသည်
Page 17
HTML For Web Design Suit Creating Web Page With Apperance And Link
size
[number]
သူကတော့ font ရဲ့ အရွယ်အစားပြောင်းတာပါ။ ပုံမှန်က size=3 ပါ။ စာလုံး size ကြီးလိုလျှင် size=4 ကနေ 7 ထိထည့်လို့ရပါတယ်။ 1 ကနေ 7 အထိရှိပါတယ်။ 3 ကတော့ ပုံမှန်စာလုံးပါ။ နောက်ပြီး +1 ကနေ +6 ရှိပါတယ်။ ပုံမှန်ကို ဘယ်လောက်တိုးမယ်ဆိုပါ။ +2 ဆိုရင် ပုံမှန်က 3 ဆိုတော့ 5 ဖြစ်သွားမှာပေါ့။ အဲလိုမျိုးပဲ -1 ကနေ -6 ထိရှိပါသေးတယ်။ -1 ဆိုရင် ပုံမှန်က 3 ဆိုတော့ 2 ဖြစ်သွားမှာပေါ့။ ဒီလိုလေး သုံးလို့ရပါတယ်။ Zawgyi Font ဖြင့်အသုံးပြုထားသည် Zawgyi Font ဖြင့်အသုံးပြုထားသည် Zawgyi Font ဖြင့်အသုံးပြုထားသည်
ဒါတွေကတော့ အခြား text formatting tags တွေပါ။ အချို့ကတော့ အပေါ်မှာပြောခဲ့ဘူးပါတယ်။ Tag
Description
ဒါကိုတော့ အပေါ်မှာလည်း ပြောပြီးပါပြီ။ သူက font ကို blod လုပ်တာပါ။
သူကလည်း bold လုပ်တာပါပဲ။
ဒါကတော့ tab ခုန်တာပေါ့။ ကိုယ့်စာပိုဒ်လေးကို တစ်တည်းတစ်သနု့်ထဲ ဖော်ပြချင်တဲ့ အခါမှာ သုံးကြပါတယ်။
italic လုပ်တာကို အပေါ်မှာပြောခဲ့ဘူးပါတယ်။
<pre>
ဒီ code ကိုလည်း သိမှာပါ။ ကျွန်တော်တို့တွေ enter တွေ tab တွေမလိုပဲ သုံးခဲ့တာလေ။
<small>
သူကတော့ စာလုံးကို ပုံမှန်ထက် သေးအောင် လုပ်ပေးတာပါ။
<strike>
အဲဒါလေးကတော့ စာလုံးတွေရဲ့ အလယ်မှာ မျဉ်းသားလိုက်တာပါ။
<sub> <sup>
သူကတော့ စာလုံးကို အောက်နားဆင်းတာလေးပေါ့။ H2 လိုမျိုးလေးအတွက်ပေါ့။ သူကတော့ စာလုံးကို အပေါ်တင်တာပါ။ 22 လိုမျိုးပေါ့။
ဒါက typing font ကိုပြောတာပါ။ typing ရိုက်သလို စာလုံးပေါ်အောင်အတွက်ပါ။
ဒါကိုတော့ သိပြီးလောက်ပြီလို့ထင်ပါတယ်။ underline တားတာပါ။
အခုဆက်ပြီးတော့ Link တွေအကြောင်းပြောပါမယ်။ Link ကတော့ Web Page မှာအဓိက အခန်းက ပါဝင်ပါတယ်။ Page တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားဖို့ အတွက် Link ချိတ်တတ်ဖို့လိုပါတယ်။
Page 18
HTML For Web Design Suit Creating Web Page With Apperance And Link
Page Link And Image Link Page Link လုပ်တယ်ဆိုတာကတော့ page တစ်ခုကနေ နောက် page တစ်ခုကို ချိတ်ဆက်ထားပါတယ်။ အောက်က example ပုံလေးကို ကြည့်လိုက်ရင် နားလည်နိုင်ပါတယ်။ ကျွန်တော်တို့တွေ Home Page ကနေ Gallery Page ကို Go To Home ဆိုတဲ့ စာလုံးလေး နှိပ်လိုက်တာနဲ့ ကူးသွားမယ်။ နောက်ပြီး Gallery ကနေလည်း Home Page ကို Home ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်တာနဲ့ Home page ကို ပြန်ရောက်သွားမယ်။ အဲဒီလိုမျိုးလေး ဖြစ်အောင် ကျွန်တော်တို့ အောက်ကအတိုင်း ရေးလိုက်မယ်။ File ၂ ခုရှိရမယ်ပေါ့။ index.html နဲ့ gallery.html ပေါ့။ နေရာအတူတူပဲ သိမ်းထားနော်။ C:\example\index.html နဲ့ C:\example\gallery.html အဲလိုမျိုးလေး နေရာအတူတူဖြစ်ရမယ်။ Index.html Example Gallery Gallery.html Example Home အပေါ်က code ကိုမရှင်းပြခင် မေးချင်တာလေးတွေ ပါလာမယ်ထင်တယ်။ က ဘာကြီးလဲဆိုပြီးတော့။ နောက်ပြီးတော့ home page ကို home.html နဲ့ သိမ်းလို့ကော မရဘူးလား။ ဘာလို့ index.html နဲ့သိမ်းတာလဲ။ ဘာတွေကွာလဲ။ အဲဒါက comment ရေးထားတာပါ။ ကြားမှာ ရေးထားတဲ့ စာတွေကို အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ home page ကို ဘာလို့ index.html နဲ့ သိမ်းရလဲဆို web page တွေမှာ စတက်တဲ့ page က index.html Page 19
HTML For Web Design Suit Creating Web Page With Apperance And Link
ပါ။ ဒါမှ မဟုတ် default.html ပေါ့။ www.example.com လို့ခေါ်လိုက်ရင် page တစ်ခုတက်လာမယ်။ တကယ်တမ်းတော့ www.example.com/index.html ဆိုတာကို သွားခေါ်ထားတာပါ။ အနောက်က index.html မပါလည်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် Home Page ဆိုရင်တော့ index.html ဆိုပြီးသုံးရပါတယ်။ ဒါမှမဟုတ် default.html ဆိုလည်းရပါတယ်။ ကဲ.. Link အကြောင်းလည်း ဆက်သွားရအောင်။ link ချိတ်ချင်ရင် Name ဆိုတဲ့ပုံစံမျိုးနဲ့ သွားရတာပေါ့။ address ဆိုတာကတော့ ကိုယ်ချိတ်ချင်တဲ့ page ပေါ့။ Name ကတော့ ပေါ်စေချင်တဲ့ နာမည်ပေါ့။ ထပ်မေးစရာလေး တစ်ခုထပ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Link က အစကတော့ အပြာရောင်။ နောက်တော့ နီညိုရောင် ပြောင်းသွားတယ်။ ဘာဖြစ်လို့လည်း ။ အဲဒါကတော့ vistied ဖြစ်ပြီးသွားလို့ပါ။ တစ်ခါ click လုပ်ပြီးရင် အဲလိုအရောင် ပြောင်းသွားပါတယ်။ ကိုယ်နှိပ်ပြီးသားပေါ့။ အရောင်မပြောင်းချင်ရင်တော့ body မှာ vlink ဆိုတဲ့ attribute နဲ့ link ဆိုတဲ့ attribute မှာ အရောင် ပြင်လို့ရပါတယ်။ အဲဒါဆိုရင်တော့ link color က အစိမ်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ link လုပ်ရင် လူတိုင်းမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ file တွေကို download ချစေချင်တယ်။ ဘယ်လိုရေးရမလဲ။ တကယ်တမ်းတော့ လွယ်ပါတယ်။ link address ကို file ကိုပေးလိုက်ရုံပဲပေါ့။ Download အဲလိုမျိုးပုံစံလေးပေါ့။ ကဲ.. Link အကြောင်းရောက်ရင်တော့ path လမ်းကြောင်းလေး ကောင်းကောင်းသိဖို့လိုတယ်။ တော်တော်များများက မသိဘူး။ ရှုပ်တယ်လို့ထင်ကြတယ်။ တကယ်တမ်းအဲလို မရှုပ်ပါဘူး။
Path For Link Path Path
ရှင်းလင်းချက်
./file.html OR file.html
နေရာတစ်ခုထဲမှာ အတူတူ သိမ်းရင် အဲလိုခေါ်လို့ရပါတယ်။ C:\example\index.html ကနေ C:\example\gallery.html ကိုခေါ်ရင်ပေါ့။ ./ ကတော့ directory တူတူပဲလို့ ဆိုတာပါ။
./download/download.html OR download/download.html
ဒါကတော့ ကိုယ့် folder အောက်က folder ကို ထပ်ခေါ်တာပါ။
../file.html
သူကတာ့ မတူတော့ဘူး။ folder ကို up လုပ်ပြီး ခေါ်တာပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့ C:\example\download\index.html ကနေ C:\example\ gallery.html ကိုခေါ်တာပေါ့။ download ဆိုတဲ့ folder အပေါ်တဆင့်က file ကိုခေါ်တာပေါ့။ နှစ်ဆင့် ခေါ်ချင်ရင်တော့ ../../file.html ပေါ့။ ../ ဆိုတာက folder directory ကို up လုပ်လိုက်တာပါ။
http://www.mysteryzillion.com
ဒါကတော့ တခြား website တစ်ခုကို လှမ်းခေါ်တာပါ။
./download/file.zip OR download/file.zip
download ချဖို့အတွက် file တွေ image file တွေကိုလည်း တိုက်ရိုက်ခေါ်လို့ရပါတယ်။ image ပိုင်းတွေကို ကျွန်တော် နောက်ပိုင်း ဆက်လက်ရှင်းပြပါအုံးမယ်။
Page 20
HTML For Web Design Suit Creating Web Page With Apperance And Link
ဒီပတ်လမ်းကြောင်းတွေ အကြောင်းကောင်းကောင်းသိဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ့် site က ကြီးလာတာနဲ့ အမှ site structure က ရှုပ်ထွေးလာမှာပါ။ Link တွေလည်း များလာမှာဖြစ်လို့ပါ။ ဒါကြောင့် သေသေချာချာ သိထားသင့်ပါတယ်။ ကဲ.. အခု ကျွန်တော်တို့တွေ page မှာ ပုံလေးတွေ ထည့်ရအောင်။
Image ပုံတွေကတော့ web page တစ်ခုမှာ မဖြစ်မနေပါဝင်ရပါတယ်။ ကိုယ်တည်ဆောက်တဲ့ page ကို လှပပြီး အဓိပ္ပာယ်ပြည့်စုံဖို့ အတွက်ပါ။ ကဲ... ပုံလေးတွေ ထည့်ကြည့်ရအောင်။
Example
Apple Logo
တကယ်လို့ ပုံမမြင်ရပဲ ကြက်ခြေခတ် (
) ပဲမြင်ရရင်တာ့
ထည့်ထားတဲ့ image ပတ်လမ်းကြောင်းမှားတာဖြစ်နိုင်သလို image extension မှားတာလည်း ဖြစ်နိုင်တယ်။ image ထည့်လို့ရတဲ့ extension တွေကတော့ jpg gif png တွေပဲ။ image က size ကြီးက ကြီးနေတယ်။ သေးချင်တယ်။ ဖြစ်ပါတယ်။
Example
Apple Logo
width နဲ့ height ဆိုတဲ့ attribute က ပုံရဲ့ size ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်ကြိုက်တဲ့ အလျားကို width မှာထည့်ပြီး အမြင့်ကိုတော့ height မှာထည့်ပြီး ပုံရဲ့ size ကိုပြင်လို့ရတယ်။ Apple Logo ဆိုရင်တော့ alt ဆိုတဲ့အထဲမှာရေးထားတဲ့ စာသားကို ပုံပေါ် Mouse လေးသွားတင်လိုက်ပြီး ခဏကြာမှာ ပေါ်လာမှာပါ။ ကျွန်တော်တို့ကတော့ tool tip လို့ခေါ်တာပါ။ Page 21
HTML For Web Design Suit Creating Web Page With Apperance And Link
Image ပိုင်းမှာ ပြောစရာတွေ တော်တော်များပါတယ်။ သူ့မှာ attribute တွေထပ်ရှိသေးတယ်။ ဘာလည်းဆိုတော့ text align ပေါ့။ text align ကို img code ထဲမှာ align ဆိုတဲ့ attribute ကိုသုံးတယ်။ Align
ရှင်းပြချက်
top
စာတစ်ကြောင်းကို ပုံရဲ့ ဘေးနားက align မှာ အပေါ်ဆုံးမှာ ဖော်ပြပေးတာပါ။
bottom
သူကတော့ default ပါ။ စာသားကို ပုံအောက်ဘက်မှာ ဖော်ပြတာကိုတွေ့ရပါမယ်။
middle
စာသားကို ပုံအလယ်မှာ မှာပေးတာပါ။
left
သူကတော့ ပုံကို page ရဲ့ ဘယ်ဘက်ကိုပို့လိုက်ပြီး စာသားအကုန်လုံးကို ပုံဘေးမှာ ဖော်ပြပေးတာပါ။
right
သူကလည်း Left နဲ့ အတူတူပါပဲ။ ညာဘက်ကို ပုံရွေ့သွားပြီ စာသားအားလုံးကို ပုံရဲ့ ဘယ်ဘက်မှာ ဖော်ပြပေးပါမယ်။
ပုံ : img top
ပုံ : img bottom
ပုံ : img middle ပုံ : img left
Page 22
HTML For Web Design Suit Creating Web Page With Apperance And Link
ပုံ : img right အခုဆိုရင် image နဲ့ပတ်သက်ပြီး တော်တော်လေးသိလောက်ပြီ ထင်တယ်။ နောက်ထပ်တစ်ခု ထပ်ပြောအုံးမယ်။ ပုံသေးသေးလေးကို နှိပ်လိုက်မှ ပုံအကြီးကြီးပြောင်းသွားသလိုမျိုးလေးပေါ့။ ပုံ size ကို width နဲ့ height attribute နဲ့ ချုံတာမဟုတ်ဘူးနော်။ ပုံနှစ်ပုံ။ တစ်ပုံက အကြီး ၊ နောက်တစ်ပုံက အသေးပေါ့။ Photo တွေကို size သေးတာကို ပြထားပြီး ပုံကို click လုပ်လိုက်မှ size ကြီးတဲ့ ပုံကို ပြ တဲ့ပုံပါ။ အဲလိုဘာလို့ လုပ်ရလဲဆို ပုံကြီးရင် page တက်တာကြာပါတယ်။ ဒါကြောင့် ပုံသေးကို အရင်ပြတယ်။ click လုပ်လိုက်မှ ပုံကြီးဖြစ်သွားမယ်။
Example
အပေါ်က code ကို ဖတ်လိုက်တာနဲ့ နားလည်မယ်ထင်ပါတယ်။ အဲမှာ မေးစရာတစ်ခုထွက်လာတယ်။ border ဆိုတာဘာလဲပေါ့။ ကျွန်တော်တို့ href ကို သုံးလိုက်တဲ့ အခါ image မှာ အပြာရောင် border ဖြစ်သွားတယ်။ အဓိပ္ပာယ်ကတော့ Link ရှိတယ်ပေါ့။ အဲဒါလေးကို မပေါ်ချင်လို့ ဖျောက်လိုက်တာပါ။
Page 23
HTML For Web Design Suit Creating Web Page With Apperance And Link
ပုံ : border မဖျောက်ထားသော နဲ့ image
ပုံ : border ဖျောက်ထားသော ပုံ
အခုဆိုရင်တော့ ကျွန်တော်တို့တွေ link တွေ လုပ်တတ်သွားပြီ။ page တစ်ခုကနေ တစ်ခုကို ခေါ်တတ်သွားပြီ။ ပုံတွေ ထည့်တတ်သွားပြီ။ အခုအခန်းမှာ ကျွန်တော်က sample သေးသေးလေးတွေပဲ ပြသွားတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ ပျော်ဖို့ တကယ်ကောင်းပါတယ်။ ကိုယ့် ပုံလေးတွေ နဲ့ web page လေး စမ်းဆောက်လို့တော့ရပြီ။ ဒါပေမယ့် ပြည့်ပြည့်စုံစုံဖြစ်အောင် ဆောက်လို့မရသေးတာကို တွေ့မှာပါ။ ကျွန်တော်တို့ table လိုအပ်နေသေးတာပါ။ နောက်တစ်ခန်းမှာ table နဲ့ frame တွေအကြောင်း ပြောပြပါမယ်။
Page 24
HTML For Web Design Suit Table And Frame
Table And Frame Table ဟာ web page တည်ဆောက်ရာမှာ အရေးပါပါတယ်။ စတင်လေ့လာသူတွေအတွက်တော့ table ကသာ web page frame ကို ပုံစံကျအောင် လုပ်ပေးနိုင်တာပါ။ တကယ်လို့ ကိုယ်က professional ဖြစ်သွားပြီ ၊ stylesheet တွေ တတ်သွားပြီဆိုရင်တော့ div နဲ့ CSS ကို တွဲပြီးတော့ ကိုယ့် page ကိုလှပြအောင် လုပ်နိုင်တာပေါ့။ အခုတော့ HTML အကြောင်းပဲ ပြောနေသေးတယ် ၊ နောက်ပြီး CSS အကြောင်းတွေ Advance ဖြစ်တဲ့အကြောင်းတွေ မပါသေးဘူး။ table သုံးပြီးလည်း သူများ web page တွေလို လှမလာပါလားလို့ မေးချင်ရင် မေးလာနိုင်လို့ အခုလိုဖြေထားတာပါ။ ကဲ table အကြောင်းလေးစရအောင်။
Table ဆိုတာ Table
တစ်ခုကိုတည်ဆောက်ရာမှာ အခြေခံအားဖြင့် roll နဲ့ column ပါဝင်ပါတယ်။ နောက်ပြီး cell ကွက်လေးတွေ နဲ့ တည်ဆောက်ထားပါတယ်။ Table တစ်ခုဟာ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို HTML တစ်ခုတည်းနဲ့ web site တစ်ခု တည်ဆောက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ နောက်ပြီး Gallery Page တွေ တည်ဆောက်ရာမှာ အရမ်းအသုံးဝင်တယ်။ Page တစ်ခုလုံး Layout ကို CSS ကိုသာအသုံးပြုတတ်မယ်ဆို Table ထက်စာရင် CSS ကို အသုံးပြုသင့်တယ်။ CSS ဆိုတာ ဘာလဲဆိုတော့ Cascading Style Sheets ပါ။ ဒီစာအုပ်မှာတော့ CSS အကြောင်းပါဝင်မှာ မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ Web Page ကိုစလေ့လာခါစ အခြေခံအကျဆုံးဖြစ်တဲ့ HTML အကြောင်းကိုသာ ပြောသွားတာပါ။ HTML ကိုသေသေချာချာနားလည်သွားရင် CSS နဲ့တွဲသုံတဲ့အခါမှာတော့ ကိုယ့် site လေးဟာ သေသပ်လှပလာမှာပါ။ အခုတော့ HTML အကြောင်းလေးပဲ ဆက်လိုက်ရအောင်။ Page 25
HTML For Web Design Suit Table And Frame
အပေါ်ပုံကို ကြည့်လိုက်ပါ။ အကွက်တစ်ခုလုံးအပြည့်ဟာ table ပါ။ နောက်ပြီး စာရေးထားတဲ့ အကွက်တွေဟာ cell တွေပေါ့။ cell ကွက်တွေထဲမှာပဲ စာရေးတာပါ။ ကဲ.. ပိုပြီး နားလည်သွားအောင် code လေးတွေနဲ့စလိုက်ရအောင်။ Example Table Page 26
HTML For Web Design Suit Table And Frame
Table တစ်ခုစတင်ပြီဆိုရင်တော့ ၁။ နဲ့ပိတ်ရမှာပါ။ ၂။ ကိုယ်ထည့်ချင်တဲ့ Row အရေအတွက် ရှိသလောက်ကို
ကိုသုံးရမှာပါ။ ကိုယ်က row ၂ ခုလိုချင်တယ်ဆိုပါစို့။ဒါဆိုရင် |
ဆိုပြီး နှစ်ခုသုံးရမှာပေါ့။ ၃။ကိုယ်ထည့်ချင်တဲ့ column အရေအတွက် ရှိသလောက်ကို | ကိုသုံးရမှာပါ။ | ကို နဲ့
ကြားမှာ ထည့်ပြီးသုံးရမှာပါ။ ကျွန်တော်တို့ column ၂ ခုဆိုရင် | |
ဒါဆိုရင် column ၂ ခုပေါ့။ ကဲ... ကျွန်တော်တို့တွေ row ၂ ခု column ၃ ခုလုပ်မယ်ပေါ့။ row ၂ ခုဖြစ်တဲ့အတွက်ကြောင့်
၂ ခုသုံးရမယ်။ column ၃ ခုဖြစ်လို့ | ကို ၃ ခုသုံးမယ်။ ပထမ row မှာ ၃ခုဆို အခြား row တွေမှာလည်း ၃ခုဖြစ်မှ table ပေါ်လာမှာပါ။
1
|
2
|
3
|
4
|
5
|
Page 27
HTML For Web Design Suit Table And Frame
6
|
အဲဒီ Example ကို ကြည့်လိုက်ရင် နားလည်နိုင်မလားမသိဘူး။ ကျွန်တော်တို့တွေ row ၂ ခုနဲ့ column ၃ ခု ရှိတဲ့ table တစ်ခုတည်ဆောက်ခဲ့တာပါ။ table ပိုင်းကို ရှုပ်တယ်လို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ရှုပ်ပါတယ်။ ဒါပေမယ့် နားလည်သွားရင် လွယ်ပြီး သုံးလို့ကောင်းပါတယ်။ ကျွန်တော်တို့တွေ table ပိုင်းကို သေသေချာချာလေး လေ့လာဖို့လိုပါလိမ့်မယ်။ ကဲ... နောက်ထပ် example တစ်ခု ထပ်လုပ်ကြည့်ရအောင် ။ အခု ကျွန်တော်တို့တွေ row ၃ ခု column ၃ ခု ရှိတဲ့ table တစ်ခုကို ဆောက်ကြည့်ရအောင်။ row ၃ခု ဖြစ်လို့
၃ခုပါမယ်။ column ၃ ခုဖြစ်လို့ နဲ့
ကြားမှာ | ၃ ခုပါမယ်။ အဲလိုလေး စဉ်းစားလို့ရသွားပြီဆိုရင် စပြီး code ရေးကြည့်ရအောင်။
Example
1 |
2 |
3 |
3 |
4 |
5 |
6 |
7 |
8 |
Page 28
HTML For Web Design Suit Table And Frame
ကဲ... အခုလောက်ဆို နားလည်လောက်ပြီထင်တယ်။ ကျွန်တော်တို့ ရှေ့ဆက်ရအောင်။ ကျွန်တော်တို့တွေဟာ table ရဲ့ width ကို ထိန်းချုပ်နိုင်ပါတယ်။ table ရဲ့ width ကို သတ်မှတ်တဲ့အခါမှာ % နဲ့သတ်မှတ်တာနဲ့ pixel နဲ့ သတ်မှတ်တာရယ်ရှိပါတယ်။ table ရဲ့ width သာမက ရဲ့ width တွေကိုပါသတ်မှတ်နိုင်ပါတယ်။ % နဲ့ သတ်မှတ်တာနဲ့ Pixel နဲ့ သတ်မှတ်တာ ဘာကွာသလဲဆိုရင်တော့ % ကတော့ broswer ရဲ့ အပေါ်မှာ မူတည်ပြီး width ကပြောင်းလဲပါတယ်။ pixel ကတော့ မပြောင်းလဲဘူးပေါ့။ အသေပေါ့။ % နဲ့ဆိုရင် broswer ချဲ့လိုက်တာနဲ့ လိုက်ကျယ်သွားပါတယ်။ pixel နဲ့ဆိုရင်တော့ browser ကျယ်လည်း လိုက်မကျယ်သွားပါဘူး။ ကဲ.. စလိုက်ရအောင်။
Example
1 |
2 |
3 |
3 |
4 |
5 |
6 |
7 |
8 |
Page 29
HTML For Web Design Suit Table And Frame
အဲဒီမှာဆိုရင် width က 100% ဖြစ်တဲ့အတွက်ကြောင့် browser အပြည့် table ကယူပါမယ်။ အဲဒီက အပေါ်ဆုံး first row ကိုဒီလိုပြင်ကြည့်လိုက်ပါ။
1 |
2 |
3 |
ဒါဆိုရင်တော့ ပထမ column ရဲ့ width ကို 30px လို့သတ်မှတ်လိုက်ပါပြီ။ ပထမ row မှာသတ်မှတ်လိုက်ရင် တခြား row တွေရဲ့ ပထမ column ကိုပါသတ်မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေဟာ px သာမက % နဲ့ပါ သတ်မှတ်နိုင်ပါတယ်။ column ၃ ခုလုံးကို သတ်မှတ်ချင်ရင်တော့ ဒီလိုရေးလို့ပါတယ်။
1 |
2 |
3 |
အဲဒီမှာဆိုရင်တော့ column ရဲ့ width ကို % နဲ့သတ်မှတ်ပေးမှာပါ။ အဲဒီမှာ တတိယ colum ကို width မထည့်လည်း သူ့ဘာသာ ချိန်ညှိပေးနိုင်ပါတယ်။ ကဲ... table နဲ့ time table လေးဆွဲကြည့်ရအောင်။
Example
Date |
Time |
Subject |
Oct 07 |
1:00 PM - 3:00 PM |
Hardware |
Page 30
HTML For Web Design Suit Table And Frame
Oct 08 |
1:00 PM - 3:00 PM |
Software Install |
Oct 08 |
1:00 PM - 3:00 PM |
Windows Install |
ကဲ.. အခုဆိုရင် လက်တွေ့ အသုံးပြုတတ်လောက်ပြီ ထင်တယ်။ ကျွန်တော်တို့တွေ table မှာ border တွေကို ပေါ်စေချင်ရင်တော့ border ဆိုတဲ့ attribute ထည့်ရပါမယ်။
Border , Cellpadding, Cellspacing ဆိုရင်တော့ border လည်းပေါ်လာပါလိမ့်မယ်။ အထူအပါးကတော့ ကြီးလေလေ border ထူလေလေပေါ့။ border ကိုအရောင်ထည့်ချင်ရင်တော့ bordercolordark ကတော့ အရိပ်ပေါ့။ bordercolorlight ကတော့ အပေါ်အရောင်ပေါ့။ ဒါမှမဟုတ် bordercolor ဆိုပြီးလည်း အသုံးပြုနိုင်ပါတယ်။
Page 31
HTML For Web Design Suit Table And Frame
border က နှစ်ထပ်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက cell padding ကြောင့်ပါ။ cell padding နဲ့ cell spacing ဆိုပြီး နှစ်မျိုးရှိပါတယ်။
cellpadding ဆိုတာကတော့ table အတွင်း border နဲ့ စာ နေရာအကွာအဝေးပါ။ cellpadding များလာလေလေ စာက အတွင်းကို ဝင်လေလေဖြစ်မှာပါ။ အခု cellpadding ကို 30 ထားလိုက်တဲ့အခါမှာ စာသားတွေနဲ့ border အရမ်းကျဲသွားတာကို တွေ့ရပါလိမ့်မယ်။
Page 32
HTML For Web Design Suit Table And Frame
cellspacing ကတော့ cell တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးပေါ့။ အခု border ဟာ နှစ်ထပ်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒါကို တစ်ထပ်တည်း ဖြစ်ချင်ရင်တော့ cellspacing ကို 0 ပေးလိုက်ရုံပါပဲ။
ကဲ... အခုဆိုရင်တော့ နည်းနည်းလေး သိလာပြီထင်တယ်။ ဒီလောက်ထိ နားလည်ပြီဆိုရင် ကျွန်တော်တို့တွေ cell တွေကို merge လုပ်တာတွေကို စလိုက်ရအောင်။ နားမလည်သေးရင်တော့ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ table ပိုင်းက ထင်သလောက် မရှုပ်ပါဘူး။ လက်တွေ့လုပ်လိုက်ရင် နားလည်သွားမှာပါ။
Cell Merge Cell Merge ပိုင်းကတော့ table ပိုင်းကို သေချာသိထားရင် နားလည်လွယ်မယ်လို့ထင်ပါတယ်။ Cell Merge ကတော့ Cell နှစ်ခု ဒါမှမဟုတ် Cell နှစ်ခုထက် ပေါင်းတာပေါ့။ Cell Merge ကို ဒီလိုပေါင်းရမှာပါ။ table တစ်ခုကို စခဲ့တုန်းက row တွေကို နဲ့ရေးရမှာပါ။ တစ်ခုမှာ ၂ ခုပါရင် နောက်ထပ် | မှာလည်း ၂ ခုပါဝင်ရမှာပါ။ ဒါပေမယ့် cell တွေကို merge လုပ်လိုက်ရင် အနည်းငယ် ပြောင်းလဲကုန်ပါတယ်။ အပေါ်မှာ column သုံးခု ။ ဒါကြောင့် | ၃ ခုပါမယ်။ ဒါပေမယ့် အောက်မှာက column ၃ ခုမှာ နှစ်ခုကို ပေါင်းလိုက်တယ်။ ဒါဆိုရင် cell က ၂ ခုပဲရှိတော့မယ်။ ဒါဆိုရင်တော့ | Page 33
HTML For Web Design Suit Table And Frame
၂ ခုပဲပါတော့မယ်။ အဲဒါကတော့ column merge လုပ်တဲ့အခါမှာပေါ့။ row ကလည်း အဲလိုပါပဲ။ အခုတော့ column merge လုပ်တဲ့ code လေးကို ကြည့်လိုက်ပါအုံး။ Example Cell 1 | Cell 2 | Cell 3 |
Cell 1 | Cell 3 |
အပေါ်က code မှာ | ဆိုတာကို တွေ့နိုင်မယ်ထင်ပါတယ်။ အဲဒါကတော့ Cell ၂ ခုပေါင်းမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်လို့ cell ၃ ခုပေါင်းချင်ရင်တော့ | ပါ။ ကျွန်တော် အဲလိုမျိုး code Page 34
HTML For Web Design Suit Table And Frame
ကိုပြောင်းရေးလိုက်ရင် ဒီလိုတွေ့ရမှာပါ။ Untitled Document Cell 1 | Cell 2 | Cell 3 |
Cell 1 |
ကျွန်တော်တို့တွေ column ကို ၃ ခုစလုံး ပေါင်းလိုက်တဲ့ အတွက် စုစုပေါင်း column ၁ ခုပဲရှိတော့တယ်။ ဒါကြောင့် | တစ်ခုကို ပဲသုံးတာပါ။ ကဲ... ဆက်ပြီးတော့ example တစ်ခုလောက် ဆောက်ကြည့်ရအောင်။ Page 35
HTML For Web Design Suit Table And Frame
Untitled Document List Of Adboe Software |
Adobe Acrobat | Adobe Dreamweaver | Adboe Flash |
Adobe InDesign | Adobe Photoshop | Adboe Bridge |
Page 36
HTML For Web Design Suit Table And Frame
အဲဒီက code မှာဆိုရင်တော့ List Of Adboe Sofware အတွက် Column ၃ ခုလုံးကို merge လုပ်ထားတာကို တွေ့မှာပါ။ Column ၃ ခုကို merge လုပ်လိုက်တဲ့အတွက် column ၁ ခုပဲရှိပါတော့တယ်။ ဒါကြောင့် | တစ်ခုပဲ လိုအပ်ပါတော့တယ်။ အခုလောက်ဆိုရင်တော့ Column Merge ကိုသိလောက်ပြီထင်ပါတယ်။ ဆက်ပြီး Row Merge အကြောင်းလေး လေ့လာရအောင်။ Row တွေ Merge လုပ်တဲ့အခါမှာလည်း column merge လုပ်သလိုပါပဲ။ အရင်ဆုံး code လေးစရေးလိုက်ရအောင်။ Untitled Document ပထမဆုံး Column မှာ | ဆိုတာလေးရှိပါတယ်။ ပထမဆုံး Column မှာ Row ၂ Page 37
HTML For Web Design Suit Table And Frame
ခုကိုပေါင်းမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အပေါ်မှာ column ၂ ခုရှိပေမယ့် နောက်ထပ်တစ်ဆင့်မှာတော့ Column ၁ ခုပဲရှိပါတော့မယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ First Column မှာ သူ့အောက်က First Column နဲ့ ပေါင်းလိုက်တော့ Column တစ်ခုပျောက်သွားတာပေါ့။ ထပ်ပြီးရှင်းအောင် နောက်ထပ် example တစ်ခု ထပ်ပြပါမယ်။
Example
|
|
|
Row1 , Cell1
Row1 , Cell2
Row1 , Cell3
|
Left
Center
|
|
Page 38
|
Right
Cell 1 |
HTML For Web Design Suit Table And Frame
ဒီ example မှာဆိုရင် row span ကိုကောင်းကောင်းနားလည်မယ်ထင်ပါတယ်။ Left နဲ့ Right ဆိုပြီး row နှစ်ခုပေါင်းလိုက်တော့ အောက်ဆုံး row မှာ column တစ်ကွက်ပဲ ကျန်တော့တဲ့အတွက် | တစ်ခုပဲ ရေးရတာပါ။
Appearnce ကျွန်တော်တို့တွေဟာ Table တွေမှာ background color တွေအသုံးပြုနိုင်ပါတယ်။ border အသုံးပြုနည်းကိုတော့ အပေါ်မှာ ဖော်ပြပြီးသွားပါပြီ။ အခု ကိုယ်လိုချင်တဲ့ cell မှာ background အရောင်လေးတွေ ထည့်ရအောင်။ Example Page 39
|
Hex Color
HTML For Web Design Suit Table And Frame
အဲဒီမှာဆိုရင် bgcolor ကိုတွေ့မှာပါ။ အဲဒါကတော့ background အရောင်ထည့်တာပါ။ ကျွန်တော်တို့တွေ background အရောင်ကိုထည့်လို့ရပေမယ့် စာလုံးအရောင်တွေ ထည့်လို့မရပါဘူး။ ကျွန်တော်တို့တွေ စာလုံးအရောင်ထည့်ချင်ရင်တော့ font color နဲ့ထည့်သွင်းရပါတယ်။ တခြားအဆင်ပြေတဲ့နည်းကတော့ CSS အသုံးပြုလိုက်ခြင်းပါပဲ။ ဒီစာအုပ်ထဲမှာတော့ CSS အကြောင်းပါဝင်ခြင်းမရှိသေးဘူး။ အခုဆိုရင်တော့ bg color ကိုနည်းနည်းနားလည်လာပြီထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ row တစ်ခုလုံးကို အရောင်ထည့်ချင်ရင်တော့ မှာ bgcolor ဆိုတဲ့ attribute သုံးရပါမယ်။ Example
BLUE
|
Red
|
Hex Color
|
a | b |
Page 40
HTML For Web Design Suit Table And Frame
c | အဲဒီမှာဆိုရင်တော့ ကြောင့် row တစ်ခုလုံး အရောင်ပြောင်းသွားတယ်ဆိုတာကို တွေ့နိုင်မှာပါ။ အခုလောက်ဆိုရင်တော့ table အကြောင်းသိလောက်ပါပြီ။ table က HTML နဲ့ရေးရတာ တော်တော်လက်ဝင်ပြီး စိတ်ပျက်ဖို့ ကောင်းပါတယ်။ Dreamweaver လိုမျိုး software သုံးလိုက်ရင်တော့ table တစ်ခုဆောက်ရတာ အရမ်းလွယ်ပါတယ်။ table ကို merge လုပ်တာတွေကလည်း dreamweaver မှာ အလွယ်တကူလုပ်နိုင်ပါတယ်။ ဒီစာအုပ်မှာ dreamweaver အကြောင်းပြောတာ မဟုတ်ပဲ HTML ကိုအခြေခံက အစနားလည်အောင် ရေးတတ်အောင် ပြောပြထားတာကြောင့် အခုလိုမျိုး နည်းနည်းလက်ဝင်ပေမယ့် နားလည်အောင် လေ့လာသင့်ပါတယ်။ အခုတော့ frame အကြောင်းလေးပဲ ဆက်ရအောင်။
Page 41
HTML For Web Design Suit Table And Frame
Frame Frame ကတော့ HTML Page နှစ်ခု ထက်မက တာတွေကို စာမျက်နှာ တစ်ခုထဲ မှာ ဖော်ပြခြင်တဲ့ အခါပေါ့။ ဘယ်လိုမျိုးလဲ ဆိုတော့
အဲဒီမှာ ဆိုရင် Frame ၃ ခုနဲ့ Page တစ်ခုကို ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အခုနောက်ပိုင်းမှာ Frame ကိုအသုံးနည်းသွားပါပြီ။ AJAX ဆိုတဲ့ နည်းပညာကို ပြောင်းသုံးကြပါတယ်။ အရင်တုန်းကတော့ Frame ကိုအသုံးများခဲ့ပါတယ်။ ဘာလို့အသုံးပြုရသလဲဆိုရင်တော့ အပေါ်က ပုံမှာကြည့်လိုက်ပါ။ ဘယ်ဘက်က menu ဖြစ်ပြီး ညာဘက်ကတော့ menu က နှိပ်လိုက်ရင် ပေါ်လာမယ့် page ပေါ့။ အပေါ်ဆုံးကတော့ Name ကိုရေးထားတာပါ။ အဲ.. အခု frame အကြောင်း စလိုက်အောင်။ Frame1.html Untitled Document This is frame 1 Frame2.html
Page 42
HTML For Web Design Suit Table And Frame
Untitled Document This is frame 2 index.html
Untitled Document <noframes> frame တစ်ခုကို တည်ဆောက်ပြီရင်တော့ အနည်းဆုံး file ၃ ခုလိုပါတယ်။ index.html ကတော့ Frame1 နဲ့ Frame2 ကိုချိတ်ဆက်ဖော်ပြပေးမှာဖြစ်ပြီး frame1 နဲ့ frame2 ကတော့ အဓိကပေါ့။ index.html ကို ကြည့်လိုက်ပါ။ ထူးခြားတာ တစ်ခုပါ ပါတယ်။ အဲဒါကတော့ မပါခြင်းပဲ။ frame ရဲ့ Main Page ဟာ Body ထည့်စရာမလိုပါဘူး။ frameset ပဲ ထည့်ရမှာပါ။ HTML မှာ frame သုံးရတာ လက်ဝင်လှပါတယ်။ အကောင်းဆုံးကတော့ IDE တွေထဲက Dreamweaver ကိုအသုံးပြုလိုက်ရင်တော့ လွယ်လင့်တကူ frame ကိုရေးသားနိုင်မှာပါ။ အခုတော့ သိအောင် ကိုယ်တိုင်ပဲ ရေးကြည့်ရတာပေါ့။
Page 43
HTML For Web Design Suit Table And Frame
နဲ့ ရေးရပါမယ်။cols ဆိုတာကတော့ column အရေအတွက်ပေါ့။ အခု column ၂ ခုပဲပါတဲ့အတွက် cols="80,*" လို့ရေးလိုက်ပါတယ်။ အဲဒီ အဓိပ္ပာယ်က ရှေ့က column အကျယ်ကို 80 px ယူမယ် နောက်ကတော့ ကျန်တာ အကုန်ယူဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်တို့ percentage နဲ့လည်း အသုံးပြုလို့ရပါတယ်။ cols="50%,*" လို့ပြောင်းရေးလိုက်ရင်တော့ ရှေ့က 50% ဖြစ်ပြီး နောက်က frame ကလည်း ကျန်တဲ့ 50% ပေါ့။ frameborder="no" ဆိုတာကတော့ frame မှာ boder မပါဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ border="0" framespacing="0" အဲဒါကတော့ border အထူက 0 ဖြစ်ပြီး frame တစ်ခုနဲ့ တစ်ခုကြားက spacing က 0 လို့ပြောတာပါ။ အခု column ၂ ခုမဟုတ်လား။ ဒီတော့ ကျွန်တော်တို့တွေ နှစ်ခု ထည့်ရမယ်။ ဒါကြောင့် အဲလိုမျိုးရေးလိုက်တာ။ အဲမှာ src ဆိုတာကတော့ frame ရဲ့ Link ပေါ့။ ကျွန်တော်တို့တွေ file ၃ ခုလုံးကို တစ်နေရာတည်းမှာထည့်ထားတယ်။ ဒါကြောင့် တိုက်ရိုက် လှမ်းခေါ်လိုက်ရုံပဲ။ Name ကတော့ နာမည်ပါ။ မထည့်လည်းရပါတယ်.. scrolling ဆိုတာကတော့ ဘေးနားက scrollbar ပေါ်မပေါ်ပေါ့။ ပေါ်စေချင်ရင် Yes ပေါ့။ noresize ကတော့ frame ကို resize လုပ်လို့မရအောင် လုပ်ထားတာပါ။ ဒါဆို frame ကို resize လုပ်ချင်ရင်တော့ အဲဒါကို မထည့်နဲ့ပေါ့။ အခု column ၃ ခု နဲ့လုပ်ကြည့်ရအောင်။ index.html
Untitled Document <noframes>Your Browser Don’t Support Frame မေးစရာ တစ်ခုပေါ်လာပြီ။ ဘာလဲဆိုရင်တော့ <noframes> ။ အဲဒါက ဘာလဲဆိုရင်တော့ ဟိုးအရင်က browser တွေက frame တွေကို support မလုပ်ပါဘူး။ ဒါကြောင့် frame တွေကို support မလုပ်တဲ့ browser တွေဖြစ်နေရင် Message လေးဖော်ပြပေးပါမယ်။ အခုနောက်ပိုင်း browser တွေက support လုပ်ပါတယ်။ ကဲ.. အခု code လေးကို နည်းနည်းလေး ပြောင်းကြည့်လိုက်ရအောင်။ Untitled Document <noframes> ဘာပြောင်းသွားသလဲဆိုတော့ frameser ပါ။ cols ကနေ rows ဖြစ်သွားပါတယ်။ cols နဲ့ rows လေးပဲ ကွာတာပါ။ ကျန်တာ အတူတူပါပဲ။ frame အထဲမှာလည်း ထပ်ပြီး ထပ်မံခွဲထုတ်လို့ရပါသေးတယ်။ အခု အပေါ်ဆုံးက rows ကို column ထပ်ပြီး ခွဲပါမယ်။ Untitled Document <noframes>
အဲဒီမှာ အောက်မှာ ထပ်ထည့်ထားတာကို တွေ့ရမှာပါ။
noresize>
ကျွန်တော်တို့ အပေါ်ဆုံးက rows ကို ထပ်ပြီး cols ခွဲတာပါ။ ဒါကြောင့် အပေါ်ဆုံး rows မှာ columns နှစ်ခုဖြစ်သွားပါပြီ။ ဒါကြောင့် နှစ်ခု ရေးရတာပါ။ တကယ်လို့ ဒုတိယ rows မှာပဲ colums Page 46
HTML For Web Design Suit Table And Frame
ထပ်ထည့်ချင်ရင်တော့ code က ဒီလိုလေးဖြစ်သွားမှာပါ။ Untitled Document
<noframes>
ရှင်းရှင်းလေးပါ။ ဒုတိယ rows မှာ ဖြစ်စေချင်လို့ ဒုတိယ rows မှာ frameset တစ်ခုထပ်ထည့်ရတာပါ။ အဲလိုမျိုးပဲ columns တွေထဲမှာ rows တွေ ခွဲလို့ရပါတယ်။ အတူတူပါပဲ။ အပေါ်က rows နေရာမှာ cols ပြောင်းပြီးတော့ cols နေရာမှာ rows ပြောင်းလိုက်ရင် သိမှာပါ။ ကျွန်တော် မရေးပြတော့ဘူး။ ကိုယ်တိုင်ပဲ Page 47
HTML For Web Design Suit Table And Frame
ရေးပြီး စမ်းကြည့်လိုက်ပေါ့။
အခု ဒီစာအုပ်ရဲ့ နောက်ဆုံးအခန်းက နောက်ဆုံး အကြောင်းပါပဲ။ ဘာလဲဆိုရင်တော့ Link And Frame ပါ။ Frame တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်းသွားဖို့ပါ။ ကျွန်တော် အကုန်လုံးကို အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ လေ့လာစရာတွေ အများကြီးပါ။ HTML ဆိုတာ လုံးဝ စကာစ အခြေခံအဆင့်လေးပါ။ ကဲ.. နောက်ဆုံး အခန်းလေး ဆက်လိုက်ရအောင်။
Link And Frame
ကျွန်တော်တို့ အပေါ်မှာ ပြောဘူးပါတယ်။ ဘယ်ဘက်က Link ကို နှိပ်လိုက်ရင် ညာဘက်မှာ သက်ဆိုင်ရာ Page ကို ပြောင်းသွားမယ်ဆိုပြီးတော့။ အခုအဲလိုမျိုး ဘယ်ဘက်က frame ကနေ နှိပ်လိုက်ရင် ညာဘက်က frame မှာ သက်ဆိုင်ရာ Page 48
HTML For Web Design Suit Table And Frame
Page ပြောင်းသွား အောင်လုပ်ပါမယ်။ ပထမဆုံး frame ၂ ခုအတွက် index.html ကိုစရေးပါ့မယ်။
Menu <noframes> အဲမှာ.. name="main" လို့ပေးခဲ့တာကို တွေ့မှာပါ။ အဲလိုမျိုးနာမည် ထည့်ခဲ့မှ menu ကနေ အဲဒီ frame မှာ သွားပေါ်ဆိုပြီး ပြောလို့ရမှာ။ ကဲ.. အခု menu.html မှာရေးထားတာကို ကြည့်လိုက်ရအောင်... Menu Home Download Link Page 49
HTML For Web Design Suit Table And Frame
အဲမှာ link တွေအကုန်လုံးမှာ target ဆိုတာလေး ပါတာကိုတွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ index.html မှာ name="main" ဆိုတဲ့ frame မှာ သွားပေါ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ download ဆိုတာကို နှိပ်လိုက်ရင် ညာဘက်က frame မှာ download.html ဆိုတဲ့ page လေးပေါ်သွားပါမယ်။ Home ကိုနှိပ်လိုက်လည်း home.html ဟာ ညာဘက်က frame မှာပဲ သွားပေါ်ပါမယ်။ အဲဒီလောက်ဆိုရင် နားလည် သိရှိပြီလို့ထင်ပါတယ်။
အခုဆက်ပြီး နည်းနည်းအပိုလေး ထည့်ပြောပြရစေ။
menu.html page ထဲမှာပဲ home.html လေးကို လှမ်းပြီး ခေါ်ပြတဲ့နည်းပါ။ အဲဒါလေးကတော့ အသုံးဝင်ပါတယ်။ Home Page Page 50
HTML For Web Design Suit Table And Frame
မှာ news တွေကို ဖော်ပြတဲ့အခါ မှာအသုံးဝင်လှပါတယ်။ Menu <iframe src="home.html" width="500" height="200"> code လေးက ရှင်းပါတယ်။ <iframe> ပါ။ src ကတော့ ဘယ် page ကို ချိတ်မလဲဆိုတာပါ။ width နဲ့ height ကတော့ ကိုယ်ဖော်ပြချင်သလောက်ပေါ့။ အခုဆိုရင်တော့ ကျွန်တော်တို့တွေ HTML အခြေခံလေးကို လေ့လာလို့ပြီးသွားပါပြီ။ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ဘာ code က ဘာကိုပြောတာလဲဆိုတာပဲ သိနိုင်မှာပါ။ ဘာလိုချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မိမိရဲ့ လေ့လာမှုစွမ်းအားပေါ် မူတည်ပါတယ်။ စာအုပ်ဖတ်ရုံနဲ့ မရပါဘူး ။ လိုက်တွေးပါ။ စမ်းကြည့်ပါ။ ဒါမှ တိုးတက်မှုကို ရမှာပါ။ မျက်စိနဲ့ ကြည့်ရုံနဲ့တော့ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ ဒီစာအုပ် ဖတ်ပြီးရင်တော့ "အော်.. ဒီ code က ဒါအတွက်ရေးထားတာ" အဲလောက်ပဲ စွမ်းဆောင် ပေးနိုင်မှာပါ။ ငါဒီလိုဆွဲချင်တယ်။ ဒါကြောင့် ဒါကို သုံးရမယ် ဆိုတာကတော့ မိမိရဲ့ အာရုံ ကွန့်မြူးမှုနဲ့ ဒီစာအုပ်ကို ပေါင်းပြီး အသုံးချရရင် ရနိုင်မှာပါ။
Page 51
Related Documents
|