ကျွန်တော်ပြောချင်နေတာတော့ကြာပါပြီ…. အခြေအနေတွေ အရမ်းမဆိုးသေးလို့မပြောဖြစ်ခဲ့ပါဘူး… အခုတော့ ပြောမှ
ရတော့မယ့် အခြေအနေမို့ ပြောရပါတော့မယ်။ ကျွန်တော်တို့ မလေးရှားမှာ မိန်းကလေး တော်တော် များများ ဒုက္ခရောက် နေကြပါတယ်။ မိန်းကလေး များတင်တော့ မဟုတ်ပါဘူး။
ယောက်ျားလေးတွေလည်း ဒုက္ခရောက် နေသူတွေ တစ်ပုံ တစ်ပင် ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေး တွေက
ဒေါင်ကျကျပြားပြားကျကျနေနိုင်တဲ့အတွက် မိန်းကလေးတွေ ကိုသာဦးစားပေးရေးရခြင်းဖြစ်ပါတယ်။
အခုမလေးရှားနိုင်ငံ ရဲ့ စီးပွားရေးဟာ အောက်ကို ထိုးစိုက်ကျ နေပြီ ဖြစ်ပါသည်။ ကုန်ဈေးနှုန်းတွေတက်ကာ လုပ်ငန်းများ မလည်ပတ် နိုင်တော့သည့်အတွက် ပိတ်လိုက်ရတဲ့ စက်ရုံ
တစ်ရာကျော်သွားပါပြီ။ စက်ရုံတွေပိတ်လိုက်ရသဖြင့် ပြန်ရတဲ့ ညီအကို မောင်နှမတွေ တော်တော်များနေပါသည်။ မြန်မာ
နိုင်ငံက ညီအကိုမောင်နှမတွေကို ဒီကကြောင်းတွေကို သိစေချင် ပါသည်။ ဒါမှနောက်ထပ်လာမည့် အမျိုးကောင်းသမီးလေး များကို တားဆီးနိုင်မှာဖြစ်ပါသည်။ ဒီမှာရောက်နေကြတဲ့ မိန်းကလေး အတော်များများဟာ အလုပ်ကိစ္စရော လစာပါ လုံးဝ( လုံးဝ ) အဆင်
မပြေကြပါဘူး။ မြန်မာနိုင်ငံက စီးပွားရေး အခြေအနေကြောင့် ဒီကို အားကိုးတကြီးလာခဲ့ကြပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆို သလို ဒီရောက်လာမှ ဒုက္ခ အကြီးအကျယ် ရောက်ကြရတော့တာပါပဲ။ မြန်မာပြည်က
အေးဂျင့်တွေက လစာ ဘယ်လောက် ရမယ်၊ overtime ဘယ်နှနာရီရှိတယ်ဆိုပြီး ပြောသမျှကို အဟုတ်ထင်ပြီး အထင်ကြီးလာခဲ့ သမျှဟာ ဒီရောက်မှ အေးဂျင့်တွေရဲ့ အပြော ဟာ လိမ်ညာမှု့တွေပဲလို့သိရပေမယ့် ဘာမှ မတတ်နိုင် တော့ပါဘူး။ ဒီဘက်ကအေးဂျင့်တွေ ပြုသမျှမှာနုရတော့တာပါပဲ…. မြန်မာပြည်ကအေးဂျင့်တွေက ပိုက်ဆံရရင်
ပြီးရောဆိုပြီး လွှတ်တယ်၊ ဒီကအေးဂျင့်တွေကလည်း ပိုက်ဆံရမှာမို့ ခေါ်ပါတယ် သူတို့တွေရဲ့ လောဘကြားမှာ သားကောင်ဖြစ်သွားရတာ ကျွန်တော်တို့ မြန်မာ မိန်းကလေးတွေပါ။
မြန်မာပြည်ကနေ အလုပ်ကောင်းတယ် ဆိုပြီးလာပေမယ့် မလေးရှားကိုရောက်လို့ တစ်လလောက်ကြာပေမယ့် ဘာအလုပ်မှမရသေးတဲ့ အမျိုးသမီးတွေအများကြီးပါ။ Free Calling တွေနဲ့လာကြပေမယ့် ပတ်စပို့ကို အေးဂျင့်တွေ ကပဲ သိမ်းထားကြပါတယ်။ အလုပ်ကိုလည်းရရင်ပြီးရော ဆိုတဲ့ သဘော ထားနဲ့ ရရာအလုပ်မှာ ၀င်လုပ်စေပါတယ်။ ပြီးတော့ရတဲ့လခထဲကနေပြီးတော့ ဖြတ်တောက်ယူငင်သေးပါတယ်။
ကိုယ့်ရဲ့ အခက်အခဲကို ပြန်လည် ပြောဆိုဖို့ ကလည်း ဘာသာစကားအခက်အခဲ၊ မိန်ကလေးဖြစ်၍ အားငယ် တတ်ခြင်း စတာတွေကြောင့် လုပ်သမျှ မတရား ပေမယ့် ငြိမ်ကြည့် နေရပါတယ် မြန်မာပြည်က လာတဲ့ အကြွေး မကြေမှာ စိုးရိမ်တာကတစ်မျိုး၊ ဒီမှာ အလုပ် မကောင်းလို့ စိတ်ပျက် အားငယ်တာက တစ်မျိုးနဲ့ သူတို့တွေရဲ့ ထွက်ပေါက်က ဘာဖြစ်မယ်လို့ထင်ပါသလဲ။ စဉ်းစားကြည့်ပါ။ ပထမစက်ရုံမှာ အလုပ် ကောင်းကြသူတွေရှိပေမယ့် စက်ရုံပိတ်သွားကြတော့ နောက်ဆုံး အေးဂျင့်ဆီမှာပဲ
ပြန်ပြီးသောင်တင်တာပါပဲ။ အေးဂျင့်တွေကလည်း အလုပ် အလွယ်တကူ ရရှိတဲ့ စားသောက်ဆိုင်၊ သန့်ရှင်းရေး အလုပ်တွေမှာ ထည့်ပေးကြပါတယ်။ နောက်ပြီးဒီအလုပ်တွေက အာမခံ ချက်လည်းလုံးဝမရှိဘူး။ဘယ်နေရာမှာ လို့လည်း သေသေချာချာရေရေရာရာမရှိဘူး။ ဒီနေရာပြီးနောက်တစ်နေရာ၊ နောက်တစ်နေရာ ပြီး နောက်ထပ် တစ်နေရာ သူတို့ စိတ်ကြိုက်သာ လျှောက်ပြောင်းတော့တာ။ လစာကလည်းသူတို့ပေးသမျှပဲ ယူကြရပြီး အလုပ်က လည်းပင်ပန်းတော့ over stay ရှောင်သွားတဲ့သူတွေလည်း
အများအပြားပေါ့။ Over stayရှောင်သွားတဲ့ မိန်းကလေးတွေရဲ့ အကြီး မားဆုံးအန္တရာယ်က မလေးရှားကရဲတွေရဲ့ အန္တရာယ်ပဲ။ စနေ တနင်္ဂနွေနေ့တိုင်း ကွာလာလန်ပူမှာ အဖွဲ့အစည်းတွေနဲ့ ရဲနဲ့ ပူးပေါင်း ပြီး over stay တွေကို ဖမ်းပါတယ်။ ဖမ်းမိသမျှတွေကို ထိုင်း သင်္ဘောတွေဆီကို ရောင်းစားပါတယ်။ ထိုင်းနိုင်ငံကို ပို့ပြီး အခိုင်းအစေ အလုပ်တွေကို လုပ်စေပါတယ်။ ဖမ်းမိပြီး နောက်မှာ လုံးဝအစအနပျောက်သွားတဲ့သူတွေ အများအပြားပါ။ မလေးရှားအစိုးရက ဖမ်းမိရင်ပြန်ပို့တယ်လို့ ပြောပေမယ့် တကယ်တော့မဟုတ်ခဲ့ပါဘူး။ နောက်ပြီးအခုနောက်ပိုင်းမှာ စီမံချက်တွေနဲ့ နေရာတိုင်းမှာ over stay သမားများကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒါကြောင့် over stay လုပ်ဖို့ဆိုတာ မိန်းကလေးတွေအတွက် မိုက်မဲတဲ့ရွေး ချယ်မှု့ပဲဖြစ်ပါတယ်။ နောက်အန္တရာယ်တစ်ခုက
မလေးရှားနိုင်ငံထဲမှာနေထိုင်ကြတဲ့ ကုလားတွေရဲ့ အန္တရာယ်ပါပဲ။ မလေးရှားနိုင်ငံ ဟာ စာရိတ္တနဲ့ပါတ်သက်ပြီး လုံးဝ ချို့ ယွင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ကိုယ်ကြိုက်ရင် ကြိုက်သလောက် မိန်းမယူခွင့်ရှိပါတယ်။ ယောကျာ်း တွေကလည်းဖောက်ပြန် မိန်းမတွေကလည်း ဖောက်ပြန် မွေးလာတဲ့သားသမီးတွေကလည်း မိဘကိုမိဘမှန်းမသိနဲ့ ၊၊ တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးတဲ့
မြန်မာနိုင်ငံနဲ့ စာရိတ္တပိုင်းမှာ ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မလေးရှားမှာနေထိုင်တဲ့ ကုလားတွေက ဂိုဏ်းတွေ ဖွဲ့စည်းထားပြီး စိတ်မထင်ရင် မထင်သလို ရန်ရှာလူသတ် တတ်ပါတယ်။ မလေးရှား ရဲအဖွဲ့ကလည်း မသိချင်ယောင် ဆောင်နေရတာပါ။ ဒါကြောင့်ကုလားတွေဟာ လုပ်ချင်တိုင်းလုပ်နေတော့တာပါပဲ။ ပစ္စည်းလုတယ် ရန်ရှာတယ်
ပိုက်ဆံ တောင်းတယ်။ မိန်းကလေးများဆိုရင် ပိုပြီးအန္တရာယ်များပါတယ်။ ချောင်ကျတဲ့ အရပ်တွေမှာဆိုရင် အိမ်ထဲ အထိအောင်ဝင်ပါတယ်။ နောက်ထပ် အကြီးမားဆုံး အန္တရာယ်ကတော့ မြန်မာယောင်္ကျားလေးတွေရဲ့ အန္တရာယ်ပါပဲ။ ရေနစ်သူတွေကို ၀ါးကူထိုးသူများဖြစ်ပါ တယ်။ မြန်မာမိန်းကလေးများ အသစ်ရောက်တယ်ဆိုရင်ကူညီချင်သူတွေက အများကြီးပါ။ ဘာမှအားငယ်စရာမရှိလောက်အောင်ကို talking တွေနဲ့ကူညီကြတာပါ။
ဖုန်းနံပါတ်ကိုသာပေးမိရင်တော့ ဒီမိန်းကလေး သွားပြီပဲ။ ညသန်းခေါင် အထိအိပ်လို့မရဘူးဖြစ်သွားမယ် ဖုန်းက အချိန်ပြည့် တစ်တီတီ မြည်ပြီးတော့ကို ခေါ်နေတော့တာ။ ခေါ်တဲ့သူက အရက်မူးနေရင် ပိုပြီး ဆိုးပြီသာ မှတ်တော့။ ဒီမှာရောက် နေတဲ့မိန်းကလေးတွေက စဉ်းစားရင်စဉ်းစားမိလိမ့်မယ်။မလေးရှားလာမိတာအရမ်းစန်းပွင့်တာပဲလို့။
ဒါဟာစန်းပွင့်တာမဟုတ်ပါဘူး ဘ၀တစ်ခုလုံးပွင့်လန်ထွက်သွားဖို့ အတွက်အစလမ်းပါ။ မလေးရှားမှာရောက်နေကြတဲ့ ယောကျာင်္းလေးတွေမှာ လူပျိုလူလွတ်တွေပါ သလို မြန်မာပြည်မှာ မိန်းမနဲ့ ကလေးတွေ ကျန်ခဲ့သူလည်း
အများအပြားပေါ့။ မိန်းမတွေ အကြောင်းကိုနောကျေတာ အိမ်ထောင်ရှိတဲ့ ယောက်ျားများပဲဖြစ်ပါတယ်။ နောက်ပြီး မိန်းမတွေနဲ့ ခွဲနေရတာ နှစ်ချီနေပြီဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။
နောက်ပြီး စည်းလွတ် ဘောင်လွတ် ပျော်လို့ရတဲ့ နေရာဆိုတော့ စိတ်သွားရင် ကိုယ်ပါတယ်။ အရက်သေစာ လောင်းကစား မိန်းမ ဆေးဝါး လိုချင်တာ အားလုံးရနိုင်တဲ့ နေရာဆိုတော့ စိတ်မနိုင်တဲ့ သူတွေဆိုရင် အရက်ပုလင်း ဘီယာပုလင်းတွေထဲကနေ မတက်နိုင် ကြတော့ဘူး။ မိန်းမလိုက်စားသူ တော်တော်များများ ကလည်း လူအိုတွေပဲ များပါတယ်။ ရောက်လာကြတဲ့ မိန်းကလေးတွေက ကိုယ့်ကိုကိုယ်စန်း ပွင့်လှပြီဆိုပြီး ဘ၀င်မြင့်နေကြ လိမ့်မယ်။ ဖုန်းပေးမယ် အ၀တ်အစားလည်း ၀ယ်ပေးမယ် အိမ်ကိုလည်း ငွေလွှဲပေးမယ် ဆိုရင် နောက်ကြောင်းကို မသိပဲနဲ့ ဘ၀ကိုပုံအပ်လိုက်ကြတာပဲ။ မြန်မာပြည်မှာ ရှိနေတဲ့ မိန်းမဆီမှ စာလာမှ အရှက်တကွဲ အကျိုးတနည်းနဲ့ နောက် ပြန်ဆုတ်လို့လည်း မရတော့ဘူး။ ရပြီးသား လူတွေ ကလည်း လက်လွှတ်မပေးတော့ဘူး။ အစားထိုးတွေလေ သိတယ်မဟုတ်လား။
ကျွန်တော့်မျက်စိရှေ့ မှာပဲ ကလေး နှစ်ယောက် အဖေတွေ ကလေးသုံးယောက် အဖေတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကောင်မလေးတွေကို တွေ့နေရတော့ သူတို့တော့ ဘယ်လိုခံစားရ မလဲတော့မသိဘူး ကျွန်တော်ကတော့ သူတို့တွေအစား သူတို့ မိဘ မောင်ဖွားတွေ အစားရင်နာတယ်။ ဒီမှာရောက်နေကြတဲ့ မိန်းကလေး တော်တော်များများဟာ အရက်သမားတွေနဲ့ ဖြစ်ကြတယ်။ ခြောက်ဆယ်ရာခိုင်
နှုန်းက လူအိုတွေနဲ့ ဖြစ်ကြတယ် နှစ်ဆယ်ရာခိုင်နှုန်းက လူပျိုတွေနဲ့ဖြစ်ပြီး ကျန်တဲ့ နှစ်ဆယ် ရာခိုင်နှုန်းက လူမျိုးခြား အပေအတေ တွေနဲ့ ဖြစ်ကြတယ်။အခုဆိုရင် သွားလေရာ နေရာတိုင်းမှာ မြန်မာ အတွဲတွေ ပလုံစီ နေပြီ။ ဗီဒီယိုတွေ ဗီစီဒီတွေလည်း ထွက်လာကြပြီ။ ဗီစီဒီတွေ ဆိုတာ မြန်မာနော် မြန်မာ ဆိုပြီးတော့ကို အော်ရောင်း နေတာ။ ကောင်းတာတွေတော့မဟုတ်ဘူး။ စက်ရုံမှာ လူမျိုးခြားတွေက မြန်မာမတွေ ဘယ်လောက်နဲ့ ခေါ်လို့ရတယ် ဆိုရင် လက်သီးနဲ့ အချက်ပေါင်းမြားစွာ ထိုးပစ်ချင်လောက်အောင် အသည်းနာတယ်။ ဒီကိုရောက်လာပြီး ကိုယ့်ကိုယကို ထိန်းသိမ်းနိုင်တဲ့သူတွေ
ရှားပါတယ်… ထိန်းသိမ်းနိုင်တဲ့သူ မရှိဘူးမဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမယ့် အယောက်တစ်ရာမှာ တစ်ယောက်ပါ။ အဲသည် တစ်ယောက်ဟာလည်း အရမ်းဝနေ၍ သော်လည်းကောင်း၊ ရုပ်ဆိုးနေ၍ သော်လည်းကောင်း
ယောက်ျားလေး စိတ်ဓါတ်ပေါက်နေ၍ သော်လည်းကောင်း အဲသည် အထဲက တစ်ခုခုဖြစ်နိုင်ပါတယ်။ ကျွန်တော် တို့ဟာ မြန်မာ လူမျိုးတွေပါ… အိနြေ္ဒသိက္ခာနဲ့ စာရိတ္တကို အလေးထားတဲ့လူမျိုးပါ..။
အသက်ထက် အရှက်ကို ဦးစားပေး တယ်ဆိုတာ မြန်မာလူမျိုးတွေ အတွက်ပါ။ တိုင်းတစ်ပါးမှာရောက်နေကြတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ နှမတွေကို စောင့်ရှောင့်မယ့်သူ တွေထက် ချောက်ချဖို့ ချောင်းနေတဲ့သူတွေအမြားအပြားပါ။ ဒါကြောင့် နောက်ထပ်လာမဲ့ မြန်မာ အမျိုးသမီးများ ရှိရင် သေချာစုံစမ်း
လေ့လာပြီးမှ လာပါလို့ပြောချင်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ ထဲမှာ လာမဲ့သူရှိကြရင်လည်း တားဆီးပေးကြပါ။ အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာ အားလုံးဟာ အားလုံး အမှန်တွေချည်းပါ။ ကျွန်တော် ပြောတာတွေ ဟုတ်မဟုတ်ကို မလေး ရှားမှာရောက်နေတဲ့ အချောင်နကှို စားနေတဲသ့ေူ တွက လွရဲ င် ဘယ်သက့ူ မို ဆို မေးမြန်းနိုငပ်ါတယ်။ ညီအကို မောင်နမှ စိတဓ်ါတ် ဖြင့် သတိပေးရေးရခြင်းဖြစ်ပါတယ်၊၊ မူရင်း ဖိုးဖြူ
မောင်ပါလပေးပို့ သည်၊၊ Co2zenith ဘလော့ဂ်မှ ပြန်လည်ကူးယူမျှဝေပါသည်။