Burmese New Year Statement- Fbf

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Burmese New Year Statement- Fbf as PDF for free.

More details

  • Words: 158
  • Pages: 1
ရက်စွဲ။ ။ ဧပြီလ (၁၂)ရက်၊ ၂၀၀၉ ခုနှစ်

မြန်မာ့ရိးု ရာနှစသ် စ်ကူး ကာလတွင်း ပြည်သလူ ထူ သို့  မေတ္တာရပ်ခပံ န်ကြားချက် လေးစားအပ်ပါသော ပြည်သူလူထုကြီး ခင်ဗျား။ မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ အတာသင်္ကြန်ချိန်ခါဟာ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ရောက်ရှိတော့မယ့် အချိန်အခါ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး၊ ဘေးရန် အန္တရာယ်ကင်းပြီး၊ ဆင်းရဲအကြပ်အတည်း ဒုက္ခအပေါင်း နဲ့  မင်းဆိုးမင်းညစ် တို့ရဲ့ရန်မှ လွတ်မြောက်နှိုင်ကြပါစေဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေကို - နေ့တဓူဝ စားဝတ်နေရေးနဲ့ အထွေထွေအကြပ်အတည်းတွေကြားမှာ နင်းပြားဘဝကနေ မတက်နှိင်အောင် အနှစ်နှစ်ဆယ်ကျော် စနစ်တကျဖိနှိပ်ထားတဲ့ နအဖအာဏာရှင်ရဲ့  အသိုင်းအဝိုင်း တခုလုံးကတော့လူထု ထံက စုပ်ထားတဲ့ ဂုတ်သွေးတွေနဲ့ အောင်သေအောင်သားစားပြီး အောင်ပွဲသဘင်ဆင်ရင်ဖို့ အကြီးအကျယ် ပြင်ဆင် နေကြတယ်ဆိုတာ ပြည်သူအများ အသိဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့ ပြည်သူတွေမှာတော့ နေစရာမပြောနဲ့၊ သောက်ရေတောင် လုံလုံလောက်လောက် မရှိတဲ့အချိန်မှာ အာဏာရှင် သန်းရွှေရဲ့  မြေး ဖိုးလပြည့်နဲ့ အပေါင်းအပါ သွေးစုပ်ဖုတ်ကောင် ဝိသမလောဘသားတွေကတော့ မြန်မာ့ရိုးရာ

သင်္ကြန်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက် ဦးတည်ပြီး သင်္ကြန်ဆောက်လုပ်ခွင့်တွေနဲ့  မဏ္ဌပ်တွေရောင်းစားပြီးကြပါတယ်။

အဲ့ဒီလိုရောင်းစားနေကြတဲ့ သင်္ကြန် မဏ္ဌပ်တွေနဲ့  ပျော်ရွှင်မြူးတူးမှုတွေကို ဘန်းပြပြီး မူးရူးသောင်းကြမ်းကြဖို့ ၊ သူများသားပျို သမီးပျိုတွေကို ဖျက်ဆီးကြဖို့  အားပေးနေကြပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကြီးကို အထူးမေတ္တာရပ်ခံချင်တာကတော့ ဒီလိုကိုယ်ကျိုးရှာ ရောင်းစားခဲ့ကြတဲ့ သန်းရွှေရဲ့ မြေး

ဖိုးလပြည့်နဲ့  အပေါင်းအပါစီပွားရေားသမားတွေရဲ့  ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး၊ ဖြူစင်သန် ရ့ှင်းတဲ့ မြန်မာ့ ရိုးရာအတာသင်္ကြန်ကို ညစ်နွမ်းမှောင်မိုက်အောင် ဖန်တီးပြုလုပ်တဲ့ လုပ်ရပ်ကို အထူးသတိထား ဆင်ခြင်မြင်တွေ့ ကြဖို့  လိုပါတယ်။

ဒီ့အတွက် ယခု မြန်မာ့ရိုးရာမင်္ဂလာနှစ်သစ်ကူးမှာ ကောင်းကျိုးအစစ်အမှန်ဖြစ်တဲ့ ကုသိုလ်ရေးသက်သက်အလုပ်များကိုသာ လုပ်ဆောင်ကြဖို့ နဲ့ ဘုရားသွားကျောင်းတက် စသည့် ဘာသာရေး၊ သာသနာရေးဆောင်ရွက်ရာ နေရာဌာနများမှလွဲ၍

သန်းရွှေ ရဲ့ မြေး မျောက်မူးလဲ ဖိုး လပြည့်နဲ့ သွေးစုပ်ဖုတ်ကောင် ဝိသမလောဘသားများ ရူးမူးပျော်ပါးရာနေရာ ဌာနများကို သွားရောက်အားပေးခြင်းမပြုကြဘဲ အထူးရှောင်ရှားကြရန် အထူးပန်ကြားလိုပါတယ်။ ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

Related Documents